မနက်ခင်းရဲ့နေမင်းပင်ထွက်ပေါ်လာပြီဖြစ်သည်။မနေ့ညက သည်းသည်းထန်ထန်ရွာခဲ့သောမိုးမှာ ယခုမနက်မှာတော့ သူမဟုတ်သည့်နှယ် ။ အရိပ်အယောင်တောင်မမြင်ရ ။ ကောင်းကင်ကြီးမှာကြည်လင်လို့နေသည် ။ မိုးရွာခဲ့ကြောင်း သက်သေပြစရာဆိုလို့ စိုစွတ်နေသည့် ရပ်ကွက်တွင်းက လမ်းတွေသာရှိသည်။
မနက် ကိုးနာရီထိုးသည့်တိုင် မက်သရူးမနိုးသေးသည်ကြောင့် ဟန်ဘင်း မက်သရူးကိုလာနှိုးရတော့သည်။
" မက်သရူးရား မထသေးဘူးလား ကိုးနာရီထိုးနေပြီ ထတော့လေ "
ဆော့မက်သရူးတို့ကတော့ တုတ်တုတ်မျှ မလှုပ်ပေ။စောင်ပုံထဲလုံးထွေး အိပ်နေသည်မှာ ကလေးကို အနှီးဖြင့်ထုပ်ထားသဖွယ် ။
ဟန်ဘင်းစောင်ကို အသာဆွဲမကာ ထပ်ပြီး လှုပ်နှိုးလိုက်သည်။
" မက်သရူးရား ထတော့လေ ကိုးနာရီထိုးနေပြီ "
" အင်း... "
သံရှည်ဆွဲကာ ညည်းသံပေးရင်း တစ်ဖက်လှည့်ပြီး ပြန်အိပ်ပြန်သည် ။ ဟန်ဘင်း သဘောတကျရယ်ကာ စောင်ကိုဆွဲဖယ်ပြီး လက်နှစ်ဖက်ကိုင်ကာ ထစေတော့သည်။
" မက်သရူးရား ထတော့ "
ထိုအခါမှ အိပ်ချင်မူးတူးဖြင့်ထထိုင်နေတော့သည်။မျက်လုံးများကမပွင့် ။ ထိုင်လျက်ငိုက်နေလေသည် ။
" မက်သရူးရား ပြန်မအိပ်နဲ့တော့ ထတော့ ဆေးကြောပြီးရင် အောက်ဆင်းခဲ့နော် မနက်စာ စားဖို့စောင့်နေမယ် "
မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာပြောတော့ မျက်လုံးမပွင့်ပဲ အိပ်ချင်မူးတူးဖြင့် ခေါင်းညိတ်လာသည်။
" အင်း မြန်မြန်လုပ်နော် "
" Nae ! "
ဟန်ဘင်းအခန်းထဲကထွက်ကာ အောက်ဆင်းသွားသည့်အထိ မက်သရူးအိပ်ရာထဲက မထသေးပေ ။ ငါးမိနစ်လောက်ကြာတော့မှ အိပ်ရာထဲမှထကာ ရေချိုးလိုက်တော့သည်။
ရေချိုးပြီးသည့်နောက် ဟန်ဘင်းဘီဒိုထဲက အဝတ်တစ်စုံယူဝတ်ကာ အောက်ဆင်းခဲ့လိုက်တော့သည် ။ ထမင်းစားပွဲရောက်တော့ ထိုင်စောင့်နေသည့် ဟန်ဘင်းနဲ့ မနက်စာပြင်ပေးနေသည့် ဟန်ဘင်းမေမေကိုတွေ့လေသည်။
" မောနီး မား "
" အိုမို ငါတို့မက်သရူးလေးနိုးလာပြီပဲ လာလာ မနက်စာစားကြမယ် "
မက်သရူး ဟန်ဘင်းမေမေကို နှုတ်ဆက်ပြီးဟန်ဘင်းရှေ့ကခုံတွင်ဝင်ထိုင်လိုက်သည် ။
" မက်သရူးလေးစားနော် ဒါမှအားရှိမှာ "
" ဟုတ်ကဲ့ မား ကောင်းကောင်းစားပါ့မယ် "
" အင်း အဲ့တာဆို ဈေးသွားလိုက်ဦးမယ် ဟန်ဘင်းလေး ညီလေးကိုဂရုစိုက်နော် "
" ဟုတ်ကဲ့ မေမေ "
ဟန်ဘင်းမေမေက မနက်စာပြင်ပေးကာ ထွက်သွားတော့သည်။
" ဟျောင်း "
" ဟင် "
" ကျန်တဲ့သူတွေကော "
" ဂျီအွန်းတို့လား ? "
" အင်း "
" ပြန်သွားကြပြီလေ မနက်စာစားသွားဦးဆိုတာ မစားပဲ နှစ်ယောက်လုံးပြန်သွားကြတာ "
" ပြန်တာတောင် နှုတ်မဆက်သွားကြဘူး "
" ဩောဟော သူက အိပ်နေပြီးတော့ "
" ဒါပေမယ့်လည်း နှိုးတဲ့အထိစောင့်ပေါ့ "
ဂျုံဝူးနှင့်ဂျီအွန်းတို့က နှုတ်မဆက်ပဲပြန်သွားသောကြောင့် မက်သရူး မနက်စာစားရင်း နှုတ်ခမ်းစူနေတော့သည်။
" ကိစ္စရှိလို့ အရင်ပြန်သွားကြတာနေမှာပါ မက်သရူးရဲ့ စိတ်မကောင်းမဖြစ်ပါနဲ့ "
" ဒါပေမယ့် နှုတ်တော့ဆက်သွားသင့်တာပေါ့ "
" အိုက်ဂူး ဟျောင်းရဲ့မက်သရူးလေး စိတ်မကောင်းဖြစ်သွားပြီ ဟျောင်းတွေ့တဲ့အခါကြ နှစ်ယောက်လုံးကို ဆူပေးမယ်နော် အခုတော့ မနက်စာစားလိုက်နော် "
" အင်း "
မက်သရူးကို နှုတ်မဆက်ပဲ ပြန်သွားကြသည်ကြောင့် စိတ်မကောင်းဖြစ်ပေမယ့် မနက်စာကိုကုန်အောင်စားလိုက်သည် ။ အမှန်တကယ်တော့ မနေ့က မက်သရူးကိုလာကြိုရင်း ရွှဲရွှဲစိုသွားသည့် ဂျီအွန်းကို စိုးရိမ်ခြင်းပင် ။
" အအေးမိသွားရင် ဘယ်လိုလုပ်မလဲ "
" ဟင် မက်သရူးဘာပြောလိုက်တာလဲ "
စိတ်ထဲကတွေးနေမိသည်က ပါးစပ်ကလွှတ်ခနဲထွက်သွားခြင်းပေ ။
" အာ ဘာမှမဟုတ်ပါဘူး ဂျီဝွန်းဟျောင်းအကြောင်းတွေးနေတာ "
" ဂျီအွန်းက ဘာဖြစ်လို့လဲ "
ပန်းကန်တွေဆေးနေရင်းက ဟန်ဘင်းမေးလိုက်သည်။
" တခြားမဟုတ်ပါဘူးဟျောင်းရဲ့ မနေ့က ကျွန်တော့်ကြောင့်နဲ့ မိုးရေတွေရွှဲစိုသွားတာ အအေးမိမှာစိုးလို့ "
" အင်း ဘာမှမဖြစ်လောက်ပါဘူး မနက်က ပြန်သွားတော့လည်း အဆင်ပြေနေပုံပါပဲ "
" တော်သေးတာပေါ့ ကျွန်တော်က ကျွန်တော့ကြောင့် အအေးမိသွားမှာစိုးရိမ်တာ "
" ဘာမှမဖြစ်လောက်ပါဘူး အရမ်းလည်းစိတ်မပူပါနဲ့ ဒါမှမဟုတ်လည်း နောက်မှ ဟျောင်းနဲ့အတူ ဂျီအွန်းအိမ်သွားကြမယ်လေ "
" အင်း ကောင်းတာပေါ့ "
ပန်းကန်ဆေးပြီးတော့ ဧည့်ခန်းမှာပင်ထိုင်ကာ နှစ်ယောက်သား ရုပ်ရှင်ကြည့်နေကြတော့သည်။ဒီလိုပါပဲ အမြဲဟိုဘက်အိမ်မှာအိပ်လိုက် ဒီဘက်အိမ်မှာနေလိုက် လုပ်နေကြမို့ မက်သရူးအိမ်မပြန်လည်း ပြဿနာမရှိပေ။
.
.
.
.
လျှို့ဝှက်နံပါတ်ကိုရိုက်ထည့်ကာ အခန်းထဲဝင်လာလိုက်သည် ။ အိပ်ခန်းထဲတန်းဝင်လာကာ လွယ်အိပ်ကိုပစ်ချပြီးသည့်နောက် အိပ်ရာပေါ် ခြေပစ်လက်ပစ်လှဲချလိုက်တော့သည်။
ညက ဆေးကြိုမသောက်လိုက်မိတာလည်းပါမည် ။ မအိပ်ခင်ထိ ဘာမှမဖြစ်သော်လည်း မိုးရေစိုထားသည့်အပြင် အဲကွန်းဖွင့်ပြီး အိပ်လိုက်မိသောကြောင့် မနက်လင်းတော့ နှာစေးကာ ဖျားချင်နေပြီဖြစ်သည် ။
ဖျားနေကြောင်း သိမှာစိုးသည်ကြောင့် မနက်စောစောကတည်းက အိမ်ကိုပြန်လာခဲ့လိုက်သည် ။ ဟန်ဘင်းက မနက်စာ စားဖို့ပြောသည်တောင် မစားခဲ့ပေ ။ တော်ကြာ နိုးလာတဲ့အချိန် ဖျားမှန်းသိသွားပါက သူ့ကြောင့်ဆိုကာ ကိုယ့်ကိုယ်ကို အပြစ်တင်ကာ အားနာနေဦးမည် ။
အိမ်ကို ပြန်လာခဲ့လိုက်တာမှန်သွားသည် ။ အခုတော့ ဖျားနေပြီဖြစ်သည် ။ အဖျားတက်လာသည်နှင့်အမျှ ခေါင်းလည်းကိုက်လာလေသည် ။ မနက်စာလည်းမစားရသေးသည်ကြောင့် စိတ်ကိုတင်းကာ ပေါင်မုန့်မီးကင်တစ်ချပ်နှင့် ကြက်ဥကြော်လုပ်ကာ အလျင်အမြန်စားလိုက်ရသည်။
စားပြီးသည့်နောက် အဖျားပျောက်ဆေးသောက်ကာ အိပ်လိုက်တော့သည် ။ နိုးလာရင်တော့ သက်သာသွားလောက်မှာပါ ။
.
.
.
" တောင် "
ယူဂျင်း စာအုပ်ဖတ်နေရင်းမှဝင်လာသောဖုန်းနိုတီသံကြောင့် စာအုပ်ကိုချကာ ဖုန်းကိုကောက်ယူလိုက်သည်။ စာက ဂယူဘင်းဆီမှပို့လာခြင်းပင် ။
" အချစ် "
" ဘာလုပ်နေလဲ "
ယူဂျင်း စာရိုက်ကာပြန်ဖြေလိုက်သည်။
" စာအုပ်ဖတ်နေတယ် "
ထပ်မြည်လာသော နိုတီသံနှင့်စာထပ်ဝင်လာပြန်သည်။
" မပျင်းဘူးလား "
" မပျင်းဘူး "
ယူဂျင်းဆီက ပြန်ပို့လာသောစာကိုဖတ်ကာ
ဂယူဘင်း ရယ်နေလေသည်။
" အိုက်ဂူး စာကိုဖတ်လိုက်တာနဲ့တင် ပြောတဲ့ပုံစံကော အသံကိုပါ ကြားနေမြင်နေရပြီ "
ဂယူဘင်း အလျင်အမြန်ပင် စာတစ်ကြောင်းထပ်ပို့လိုက်သည် ။
" ညနေအားလား မုန့်သွားစားရအောင် "
စာဖတ်ပြီးသော်လည်း ပြန်မပို့လာသည်ကြောင့် ဂယူဘင်း ထပ်ပြီးပို့လိုက်သည်။
"လမ်းထိပ်မှာ ဝက်သားပြားခေါက်ဆွဲဆိုင် အသစ်ဖွင့်ထားတယ် သွားစားရအောင် "
ခဏလောက်နေတော့ ယူဂျင်းဆီက ပြန်ပို့လာသည်။
" အင်း "
တစ်လုံးတည်းသာ ။
ဂယူဘင်း ပြုံးလိုက်သည် ။ ယူဂျင်းက ဝက်သားပြားခေါက်ဆွဲကို ကြိုက်ကြောင်း
ဂယူဘင်း သိသည်လေ။
" အိုကေ ညနေကြရင် အိမ်ကိုလာခေါ်မယ် စောင့်နေနော် "
ယူဂျင်း စာကိုဖတ်လိုက်ကာ ပြန်မပို့တော့ပေ။
စာအုပ်ကို ပြန်ကိုင်ကာ ဆက်ပြီးဖတ်နေလိုက်သည် ။
.
.
.
" မက်သရူးရေ ပြီးပြီလား "
" Nae "
" သွားရအောင် "
" Nae ! "
နှစ်ယောက်သား ဂျီအွန်းဆီသွားဖို့ ပြင်နေကြခြင်းပင် ။
" နူနာ ကျွန်တော် ကားယူသွားပြီနော် "
" အင်း ဟန်ဘင်းနား ဂရုစိုက်မောင်းဦးနော် "
" Nae ~ "
မက်သရူးမမရဲ့ ကားကိုယူကာမောင်းလာခဲ့ကြခြင်းဖြစ်သည် ။ ဒီနေ့က မမရဲ့ပိတ်ရက်လည်းဖြစ်သည်မို့ ကားယူခဲ့လို့ရခြင်းပင်။
" ဟန်ဘင်းဟျောင်း မုန့်ဝယ်သွားကြမလား "
ကားမောင်းနေသည့် ဟန်ဘင်းဘက်လှည့်ကာ မေးလာသည်။
" ဟင် မက်သရူးက ဘာဝယ်ချင်လို့လဲ "
" ပေါင်မုန့်နဲ့ အသီးလေးတွေဖြစ်ဖြစ်ပေါ့ သူများအိမ်ကို လက်ဗလာနဲ့သွားဖို့တော့ မကောင်းဘူးထင်တယ် "
" အင်း ကောင်းပါတယ် အဲ့တာဆို ဟိုးရှေ့နားက ကဖေးဆိုင်မှာ ပေါင်မုန့်ဝယ်ကြမယ်လေ အသီးကတော့ ဂျီအွန်းတို့ကွန်ဒိုနားက ရှောပင်းမော မှာပဲ ဝင်ဝယ်ကြရအောင် "
" အဆင်ပြေတာပေါ့ "
" အိုကေ "
.
.
ကဖေးဆိုင်ရှေ့ကားရပ်ကာ အရသာမတူတဲ့ပေါင်မုန့် သုံးလေးမျိုးလောက် ဝယ်ခဲ့လိုက်သည်။ လိုရမယ်ရ နှာစေးပျောက်ဆေးနှင့် အဖျားပျောက်ဆေးကိုလည်း ဝယ်ဖြစ်ခဲ့ကြသေးသည် ။ အသီးကိုတော့ ရှောပင်းမောပင်ဝင်စရာမလို ဆေးဆိုင်နားရှိ အသီးဆိုင်ကနေ ဝယ်လာဖြစ်သည် ။
" ကဲ ရောက်ပြီ ဆင်းရအောင် မုန့်တွေမေ့မယ်နော် "
" Nae Hyung "
ကားပါကင်မှထွက်ကာ ဓာတ်လှေကားဆီလာခဲ့လိုက်သည်။
" ဂျီဝွန်းဟျောင်းက ဘယ်အထပ်မှာ နေတာလဲ "
" 17 လွှာမှာ "
" အင်း သိပ်တော့မတက်ရဘူးပဲ "
ဓာတ်လှေကားရောက်လာပြီမို့ နှစ်ယောက်သား ဂျီအွန်းအခန်းရှိရာ 17 လွှာကိုတက်လာခဲ့ကြသည်။
" အခန်းနံပါတ်က 304 "
ဓာတ်လှေကားထဲက ထွက်ကာ အခန်းနံပါတ်လိုက်ရှာရသည်။
" ဟိုအခန်းထင်တယ် "
မက်သရူးက ညွှန်ပြကာ ထောင့်စွန်နားရှိအခန်းရှေ့လျှောက်သွားလိုက်သည်။
" အင်း မှန်သားပဲ ဟျောင်း ဒီအခန်းမှန်တယ် "
ဟန်ဘင်းအခန်းရှေ့လာကာ ဘဲလ်နှိပ်လိုက်သည်။ ဘာမသံမှထွက်မလာ ။ နောက်တစ်ချက်ထပ်နှိပ်ကာ စောင့်နေလိုက်သည် ။ တတိယအကြိမ်နှိပ်ပြီးချိန်မှာတော့ တံခါးကပွင့်လာခဲ့သည်။
.
.
ဂျီအွန်း အိပ်ပျော်နေရာမှ အခန်းဘဲလ်နှိပ်သံကြောင့် နိုးလာခဲ့သည် ။ နာရီကြည့်မိတော့ နေ့လည် နှစ်နာရီ ။
" အတော်အိပ်ပျော်သွားတာပဲ "
နောက်ထပ် ဘဲလ်သံထပ်ထွက်လာပြန်သည်။
" ဘယ်သူတွေများလဲ ဧည်သည်လာစရာလည်းမရှိပါဘူး "
ဂျီအွန်း အိပ်ရာထဲမှ ထကာ တံခါးဖွင့်ပေးဖို့ထွက်လာခဲ့သည်။တံခါးဝရှိ screen ပေါ်တွင်မြင်နေရသည်က ဟန်ဘင်းနှင့်မက်သရူး ။
အမြင်မှားသလား တွေးနေတုန်းရှိသေး တတိယမြောက် ဘဲလ်သံထွက်ပေါ်လာပြန်သည်။
.
.
" ဟန်ဘင်းဟျောင်း ရှိကောရှိရဲ့လား "
" ရှိလောက်မှာပါ "
" ဖုန်းဆက်ကြည့်ပါလား "
" အာ ဟုတ်သားပဲ "
ဟန်ဘင်း ဖုန်းထုတ်ကာ ဂျီအွန်းကိုဆက်ဖို့ပြင်နေချိန် တံခါးမှာပွင့်လာလေသည်။
~ ဂျောက် ~
" ဪ ဂျီဝွန်းဟျောင်း "
" တကယ် ဟန်ဘင်းတို့ပဲ ငါကအမြင်မှားတယ်ထင်နေတာ လာ အထဲဝင် "
ဂျီအွန်းတံခါးဖွင့်ကာ ဟန်ဘင်းတို့ကို ဝင်ခိုင်းလိုက်သည် ။
" ဒီမှာ အေးဆေးထိုင်ကြ "
ဂျီအွန်းအိမ်ရှေ့ခန်းရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။
" ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ "
" မက်သရူးပေါ့ မင်းတို့ သူ့ကိုနှုတ်မဆက်ပဲပြန်သွားလို့ဆိုပြီး စိတ်မကောင်းဖြစ်နေတာလေ ပြီးတော့ ငါလည်း မင်းအိမ်ကို လိပ်စာပဲသိပြီးမရောက်ဖူးသေးတာနဲ့ မက်သရူးကိုပါ တစ်ခါတည်း ခေါ်လာလိုက်တာ "
" ဪ အဲ့လိုလား အင်းပါ ဘာပဲဖြစ်ဖြစ်ပေါ့ ငါ့ဆီလာလည်ကြတာ ဝမ်းသာတယ် နောက်လည်း အချိန်မရွေးလာလေ "
" ဂျီဝွန်းဟျောင်း "
အိမ်ထဲရောက်ကတည်းက တိတ်နေသည့် မက်သရူးဆီက အသံထွက်လာသည် ။
" ဟင် "
" အဆင်ပြေရဲ့လား အအေးမိပြီးဖျားသေးလား "
" ဘာမှမဖြစ်ပါဘူး မက်သရူးရဲ့ အဆင်ပြေပါတယ် "
နေမကောင်းတာမသိစေချင်သည်ကြောင့် အဆင်ပြေသည်ဟုသာ ဖြေလိုက်သည်။
" ဟုတ်လို့လား မျက်နှာကဖြူဖျော့နေတာပဲ "
" ဟင် ဟုတ်သားပဲ ဂျီအွန်းရား မျက်နှာကဖြူဖျော့နေတာ "
" အာ ဘာမှမဖြစ်ပါဘူး အရင်ကတည်းက ဒီအတိုင်းပဲလေ "
ဘာမှမဖြစ်ကြောင်း ငြင်းနေတုန်းရှိသေး ဘေးကိုစွေ့ကနဲရောက်လာသည့် မက်သရူးကြောင့် လန့်သွားရသည် ။ ရုတ်တရက်လက်တစ်ဖက်ကို ဆွဲလိုက်ကာ နဖူးကိုလည်းစမ်းလာသည်။
" ဖျားနေတယ်မဟုတ်ဘူးလား လက်တွေလည်းပူပြီး နဖူးလည်းပူနေတာကို "
အဖျားစမ်းပြီး ရုတ်တရက်ထအော်သည့် မက်သရူးကြောင့် ဂျီအွန်းနှင့်ဟန်ဘင်းနှစ်ယောက်လုံး ပါးစပ်အဟောင်းသားဖြစ်သွားရသည် ။
နှုတ်ခမ်းထထော်ထော်နှင့် ဆူပူနေသည့်ကောင်လေးကို ကြည့်ကာ ဟန်ဘင်းထိုင်ရယ်လေသည် ။
" ဖြည်းဖြည်းပြောပါ မက်သရူးရယ် ဂျီအွန်းလန့်ပြီး ပိုဖျားသွားပါဦးမယ် "
" ဟုတ်တယ်လေဟျောင်းရဲ့ ဖျားနေတာကို လာလိမ်နေတာကိုး ပြီးတော့ အဲ့လိုဖျားတာလည်း ကျွန်တော်ကြောင့်ကို "
" အာ ဖျားဝာာက မက်သရူးကြောင့်မဟုတ်ပါဘူး ကိုယ့်ဟာကိုယ် ဆေးကြိုမသောက်ပဲ အဲကွန်းဖွင့်အိပ်လိုက်လို့ပါ "
တွေ့လား ။ သူ့ကြောင့်ဆိုပြီး အပြစ်တင်နေတဲ့ကောင်လေးကို ။ ထိုကောင်လေးဒီလိုစိုးရိမ်တတ်တာကို သိသည်မို့ တမင်ဖုံးကွယ်ထားပေမယ့် ဖျားနေမှန်းသိသွားတော့လည်း မျက်နှာငယ်လေးဖြင့် ထိုင်နေတော့သည်။
" စိတ်မကောင်းမဖြစ်ပါနဲ့မက်သရူးရဲ့ အခုကောင်းနေပါပြီ ဆေးလည်းသောက်ထားပြီးပြီ "
" ထပ်ပြီး လိမ်နေတာမဟုတ်ဘူးလား "
" မဟုတ်ပါဘူး တကယ် တကယ်ပြောတာ မလိမ်ပါဘူး "
နေမကောင်းသည့်သူကိုရစ်နေသည့် မက်သရူးကို ကြည့်ကာ ဟန်ဘင်းရယ်သာ ရယ်နေနိုင်သည်။ ဒီကောင်လေးအကြောင်း ဟန်ဘင်းသိသည်။
တစ်စုံတစ်ယောက်က သူ့ကြောင့်ထိခိုက်မိသည်ဆိုလျှင် မျက်နှာငယ်လေးဖြင့် စိတ်မကောင်းဖြစ်ပြီး လိုက်ဂရုစိုက်ပေးတတ်သည်။
အခုလည်း သူ့ကြောင့်ဖြစ်သည်ဆိုကာ ဂျီအွန်းကို စိုးရိမ်ပြီး ဂရုစိုက်နေပြန်သည်။နားမထောင်ပဲ ဂျီအွန်းကလိမ်တော့ နှုတ်ခမ်းတထော်ထော်ဖြင့် ဆူနေတော့သည်။
" ကဲပါမက်သရူး ဂျီအွန်းလည်းအဖျားရှိန်နဲ့ နားချင်ရှာမှာပေါ့ ပြန်ရအောင်လေ"
" နေပါဦးဟန်ဘင်းရဲ့ အခုမှရောက်တာကို ငါအဆင်ပြေပါတယ် "
မက်သရူး ဝယ်လာသည့်မုန့်များကိုသတိရသွားကာ
" ဂျီအွန်း ဘာစားပြီးပြီလဲ "
" နေ့လည်စာလား မစားရသေးဘူး "
" နေမကောင်းတာကို ဘာလို့ မစားသေးတာလဲ "
ဟန်ဘင်းရဲ့ အမေးကိုပြန်ဖြေတုန်း ဘေးကနေ ထအော်ပြန်သည့်ကောင်လေးကြောင့် အမြန်ရှင်းပြရပြန်သည်။
" အာ မနက်ပြန်ရောက်တုန်းက မနက်စာစား ဆေးသောက်ပြီး အိပ်လိုက်တာ အခု မက်သရူးတို့လာမှနိုးတာလေ အဲ့တာကြောင့် မစားရသေးတာပါ "
" အင်း အဲ့တာဆိုလည်း ဒီမှာ ငါတို့ မုန့်တွေဝယ်လာတယ် အဲ့တာစားလိုက်လေ ပေါင်မုန့်တော့စားလို့ရပါတယ် "
ဟန်ဘင်းက သူ့အတွက် မုန့်တွေဝယ်လာကြောင်းပြောကာ ဘေးနားချထားသည့် အထုတ်တွေကို ခုံပေါ်ယူတင်လာပေးသည်။
" အင်း ဟုတ်တယ် စားပြီး ဆေးသောက်လိုက် ကလိမ်ကကျစ်လုပ်ဖို့တော့မကြံနဲ့နော် ဆေးမသောက်မချင်း ကျွန်တော်မပြန်ဘူး "
" မလုပ်ပါဘူး "
" မက်သရူး ဂျီအွန်းအတွက်ပြင်ပေးပြီး ဆေးပါတစ်ခါတည်းတိုက်လိုက် ရော့ "
" ခဏစောင့် "
ဆိုကာ ဟန်ဘင်းပေးတဲ့အထုတ်တွေယူပြီး ထမင်းစားခန်းဘက်ယူသွားတော့သည်။
ခဏနေတော့ ပေါင်မုန့်ပန်းကန်ရယ် ဆေးတွေရယ် ယူကာ ပြန်ထွက်လာသည်။
ပန်းကန်ကို ဂျီအွန်းရှေ့ ချပေးရင်းပြောလာပြန်သည်။
" စားပြီးရင် ဆေးသောက်မယ်နော်ဟျောင်း!"
" အင်း "
ဂျီအွန်း မုန့်ကိုယူကာ စားနေလိုက်သည်။
" အစက ဆန်ပြုတ်ပြုတ်ဖို့သတိရတယ် ဒါပေမယ့် ကျွန်တော်လည်း မချက်တတ်လို့ ဒါပဲစားတော့ "
" ရပါတယ် နောက်မှ ကိုယ်ဟာကိုယ်ပြုတ်စားလိုက်မယ် "
ဂျီအွန်းဘာမှမပြောတော့ပဲ ပေါင်မုန့်ကိုစားနေလိုက်သည်။စားပြီးသည်နှင့် ဆေးကိုတစ်ခါတည်းသောက်လိုက်သည်။
" အိုကေ ပြီးပြီ "
" ဒီလိုမှပေါ့ "
မက်သရူး စားပွဲကိုရှင်းကာ သန့်ရှင်းရေးလုပ်လိုက်သည် ။ဂျီအွန်းနှင့် ဟန်ဘင်းကတော့ စကားပြောကာ မက်သရူး သန့်ရှင်းရေးလုပ်အပြီးကိုစောင့်နေလိုက်ကြသည်။
" ပြီးပြီလား မက်သရူးလေး "
သန့်ရှင်းလုပ်ပြီးပြန်ထွက်လာသည့် မက်သရူးကို ဟန်ဘင်းလှမ်းမေးလိုက်သည်။မက်သရူးက ဟန်ဘင်းဘေးတွင်ဝင်ထိုင်ရင်း
" ပြီးပြီဟျောင်း "
" အင်း အဲ့တာဆိုပြန်ရအောင် ဂျီအွန်းလည်းထပ်နားလိုက်ဦး ငါတို့ပြန်တော့မယ် "
" အင်းပါကျေးဇူးတင်တယ်နော် ဟန်ဘင်း ပြီးတော့ မက်သရူးကော "
" ရပါတယ် ကျွန်တော့ကြောင့်ဖြစ်သွားတာပဲကို "
" မက်သရူးကြောင့်မဟုတ်ပါဘူး ကိုယ်ပေါ့လျော့လို့ ဖြစ်သွားတာပါ အခုဆေးသောက်ပြီး ထပ်နားလိုက်ရင် ကောင်းသွားမှာပါ "
" အင်း ညကြရင်လည်းဆေးသောက်ဦး ကျွန်တော်ဖုန်းဆက်ပြီး လှမ်းမေးမှာနော် "
မက်သရူးရဲ့မှာတမ်းခြွေပုံကိုကြည့်ကာ ဟန်ဘင်း ခေါင်းသာခါနေမိသည်။
" တော်ပါတော့ မက်သရူးရယ် ဂျီအွန်းက ကလေးမဟုတ်ပါဘူး သူသိပါတယ် "
" ဟျောင်းကလည်း ..."
စိတ်မကောင်းဖြစ်နေသေးသည်ကို သိသည်ကြောင့် စကားလမ်းကြောင်းအမြန်လွှဲလိုက်တော့သည်။
" ကဲပြန်ကြမယ် ဂျီအွန်းငါတို့ပြန်ပြီ အေးဆေးနားလိုက်ဦး မက်သရူးလာ သွားကြမယ် "
" အင်း ဂရုစိုက်ပြန်ကြဦးနော် "
" အင်း "
ဂျီအွန်းတံခါးဝထိနှုတ်ဆက်ကာ ဟန်ဘင်းတို့နှစ်ယောက် ဓာတ်လှေကားထဲဝင်သွားမှ အိမ်ထဲပြန်ဝင်လာခဲ့သည်။
အိပ်ရာပေါ်လှချရင်း ထပ်အိပ်ဖို့ပြင်လိုက်သည်။
" အင်း ညကြ ဆေးသေချာသောက်ဦးမှပါ "
ဂျီအွန်း စောင်ကိုခြုံကာ အိပ်လိုက်တော့သည်။
.
.
.
ကလင် ကလင် ကလင်
အိမ်ရှေ့က ထွက်လာသည့်ဘဲလ်သံကြောင့် ယူဂျင်း အိမ်ထဲကထွက်လာခဲ့သည်။
" ယူဂျင်းနီး ငါရောက်ပြီ "
စက်ဘီးကိုခွရင်း ခြေထောက်တစ်ဖက်ထောက်ကာ ရပ်စောင့်နေသည့် ဂယူဘင်း။
ယူဂျင်း ခြံတံခါးပြန်ပိတ်ကာ ဂယူဘင်းရှေ့ မတ်တပ်ရပ်လိုက်သည်။
" သွားရအောင် တက် "
" စက်ဘီးနဲ့ သွားမှာ ဖြစ်ပါ့မလား "
" ဖြစ်ပါတယ်အချစ်ရဲ့ တက် "
ယူဂျင်း ဂယူဘင်းရဲ့စဘီးအနောက်ခုံတွင်ဝင်ထိုင်လိုက်သည်။
" သေချာဖက်ထားနော်အချစ် ပြုတ်ကျမယ် "
" လူကြားထဲ ရောက်ရင် အဲ့လို အချစ် အချစ်နဲ့ မခေါ်စမ်းနဲ့ ဂယူဘင်း "
" ဘာဖြစ်လို့လဲအချစ်ရဲ့ "
" ဘာမှမဖြစ်ဘူး မခေါ်နဲ့ဆိုမခေါ်နဲ့ "
" အင်းပါ သေချာကိုင်ထားနော် "
ဂယူဘင်းပြောကာ စက်ဘီးကိုနင်းလိုက်သည်။ အင်္ကျီစကို ကျစ်နေအောင် ကိုင်ထားသည့် ကောင်လေးကြောင့်ပြုံးကာ ထိုကောင်လေးလက်ကို ကိုင်ရင်း ခါးတွင် ဖက်စေလိုက်သည်။
" ယူဂျင်းနီး သေချာကိုင်ထားပါဆို မကိုင်ထားဘူးပဲ ပြုတ်ကျမယ် သေချာဖက်ထားနော် "
ဂယူဘင်း ပြောကာ စက်ဘီးကို အရှိန်ပိုမြှင့်ကာနင်းလိုက်သည်။ ဖက်ထားသည့်လက်ကို ဖယ်ဖို့လုပ်နေသည့် ကောင်လေးမှာ မဖယ်တော့ပဲ ခါးကို သေချာဖက်ထားတော့သည် ။
.
.
" ကဲရောက်ပြီ "
ခေါက်ဆွဲဆိုင်ရှေ့စက်ဘီးရပ်ကာ ဆိုင်ထဲဝင်လာခဲ့ကြသည်။
" အန်တီ ဝက်သားပြားခေါက်ဆွဲ နှစ်ပွဲ ၊ ဆိုဒါနှစ်ဘူး နဲ့ ရေလည်း ပေးပါ "
" အင်း ခဏစောင့်နော် "
" Nae ~ "
ဂယူဘင်းခေါက်ဆွဲမှာပြီး ယူဂျင်းရှေ့တွင်ဝင်ထိုင်လိုက်သည်။
" ဒီဆိုင်က အသစ်ပေမယ့် တော်တော်ရောင်းရတယ် ဒါတောင် ညနေစောင်းမို့ လူနည်းနည်းပါးတာ မနက်နဲ့ညဆို ဆိုင်အပြည့်ပဲ "
ဂယူဘင်း အပြောကိုနားထောင်ရင်း ယူဂျင်း ဆိုင်အတွင်း ပတ်လည်ကို လိုက်ကြည့်နေလိုက်သည်။ အရမ်းကြီးပြင်ဆင်မထားသော်လည်း သူ့ဟာနှင့်သူတော့ ဆိုင်လေးက ရိုးရိုးရှင်းရှင်းဖြင့် ကြည့်ကောင်းနေသည်ပင်။
ခဏအကြာတွင်တော့ မှာထားသည်များ လာချလေသည်။ဂယူဘင်းက တူကိုယူကာ ယူဂျင်းအရှေ့ချပေးလာသည်။
" လာ မြည်းကြည့်ကြည့် စားလို့ကောင်းတယ်ဆိုတာ လုံးဝအာမခံတယ် "
" မင်းကစားဖူးလို့လား "
တူကို ကိုင်ကာစားဖို့ပြင်ရင်း ယူဂျင်းကာမေးလာသည်။
" အင်း ဗုဒ္ဓဟူးနေ့က ကြိုပြီးလာစားကြည့်ထားတာ "
ယူဂျင်း တူကိုကိုင်ကာ ခေါက်ဆွဲကိုမွှေလိုက်သည်။ မွှေးပျံ့တဲ့အနှံနှင့် ခေါက်ဆွဲပန်းကန်းထဲက ဝက်သားပြားကြော် လေးတွေက ဆွဲဆောင်နေသည်ပင် ။ယူဂျင်း တူဖြင့်ယူကာ စားလိုက်တော့သည်။
" ဘယ်လိုလဲ ကောင်းတယ်မလား "
ဂယူဘင်းက မစားသေးပဲ ယူဂျင်းစားသည်အထိစောင့်ကာ မေးလာသည်။
" အင်း ကောင်းတယ် "
" ပြောပါတယ်ဆို စား ငါတို့ယူဂျင်းလေး အားရှိအောင်စားရမယ် စား "
" စကားများမနေနဲ့ မင်းလည်းစားတော့ "
ဂယူဘင်းလည်း ထပ်မပြောပဲ စားလိုက်တော့သည်။ နှစ်ယောက်သား စကားမပြောပဲ စားလိုက်ကြသည်မှာ ခေါက်ဆွဲပန်းကန်ပြောင်သည်အထိပင် ။
" ဘယ်လိုလဲ ဝလား ထပ်စားဦးမလား "
" တော်ပြီလေ အဲ့လောက်စားရအောင် ငါ့ကိုမကောင်းဆိုးဝါးထင်နေတာလား "
" အင်းပါ ဝရင်လည်းပြီးရော ပြန်မလား ဘယ်သွားချင်သေးလဲ "
ယူဂျင်း ခဏစဉ်းစားလိုက်သည်။
" မသွားတော့ဘူး အိမ်ပြန်မယ် စားပြီးပြီဆိုတော့ အိပ်ချင်လာပြီ "
" အင်း အဲ့တာဆိုပြန်ကြမယ် "
ပိုက်ဆံရှင်းကာ ဆိုင်ထဲက ထွက်လာခဲ့ကြသည်။
" တက် သေချာကိုင်ထားနော်"
ယူဂျင်း စက်ဘီးပေါ်ထိုင်ပြီးသည်နှင့် ဂယူဘင်း စပြီးနင်းလိုက်တော့သည်။အပြန်တွင်လည်း နှစ်ယောက်သား စကားမပြောဖြစ်ကြပေ ။
သို့သော် အိမ်ပြန်လမ်းတစ်လျှောက် အရှေ့ကနင်းနေသည့် ကောင်လေးရဲ့မျက်နှာမှာ ပြုံးနေကာ စက်ဘီးနောက်က ကောင်လေးကတော့ ထိုကောင်လေးကျောကိုမှီရင်း မျက်နှာလေးနီကာ လိုက်စီးနေတော့သည်။
.
.
.
.
မက်သရူးပြန်လာပြီးနောက် ဟန်ဘင်းအိမ်လိုက်မသွားပဲ နှုတ်ဆက်ကာ အိမ်တွင်သာ နေခဲ့လိုက်တော့သည်။ညစာစားပြီးသည်နှင့်
အခန်းထဲဝင်ကာ ဖုန်းကိုကောက်ကိုင်ရင်း နံပါန်တစ်ခုကို ခေါ်လိုက်သည်။
" ဂျီဝွန်းဟျောင်း "
ဖုန်းဝင်ပြီးမကြာ တစ်ဖက်ကပြန်ဖြေလာသည်။
.
ဂျီအွန်း ဝင်လာသည့်ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ Contact Name တွင် မက်သရူးဆိုပြီး ပေါ်နေလေသည်။ ချက်ချင်းပင် ဖုန်းကို ကိုင်လိုက်တော့ တစ်ဖက်ကထွက်လာသည့်အသံလေး ။
" ဂျီဝွန်းဟျောင်း "
" အင်း မက်သရူးရား "
" ဆေးသောက်ပြီးပြီလား "
" အင်း သောက်ပြီးပြီ "
" သေချာလို့လား မလိမ်ဘူးမလား "
မနက်တုန်းက ကိစ္စကိုမမေ့သေးပဲ အလိမ်ခံရမှာစိုးသည့်ကောင်လေးကြောင့် ဂျီအွန်းပြုံးလိုက်သည်။
" မလိမ်ပါဘူး အတည်ပြောတာပါ "
" အဲ့တာဆိုပြီးရော နားလိုက်ဦး အိပ်တော့မယ် "
အနားယူရန်ပြောပြီး ဖုန်းချဖို့ပြင်နေသည့်ကောင်လေးကြောင့် ဂျီအွန်း သူ့နာမည်ကိုခေါ်လိုက်မိသည်။
" မက်သရူရား "
" ဟင် "
ခေါ်ပြီးတော့လည်း ဂျီအွန်းဘာပြောရမှန်းမသိပေ ။
" ဂျီဝွန်းဟျောင်း ပြောစရာရှိသေးလို့လား "
တစ်ဖက်က အသံထွက်မလာ ။
" ဟျောင်းနားထောင်နေသေးလား ဂျီအူးဟျောင်း "
" အင်း ဘာမှမဟုတ်ပါဘူး ဒီအတိုင်း GoodNight လို့ပြောမလို့ပါ "
" အာ ဘာများလဲလို့ Nae ဂျီဝွန်းဟျောင်းလည်း ကောင်းကောင်းအိပ်ပါ "
" အင်း ကောင်းသောညလေးဖြစ်ပါစေ မက်ချူးရား GoodNight "
" Nae ~ "
ဖြေပြီးသည်နှင့်ဖုန်းချသွားတော့သည်။ နေ့ခင်းက သူ့ကို စိုးရိမ်ကာ ဂရုစိုက်ပေးသည့်ကောင်လေးကြောင့် ဝမ်းသာကာ ပျော်ရသည်ပင် ။ ဒီညတော့ ကောင်းကောင်းအိပ်ပျော်ပြီး အိမ်မက်လှလှမက်တော့မယ် ထင်ပါရဲ့ ။
" Goodnight ကိုယ့်ရဲ့ကလေးလေး အိမ်မက်လှလှမက်ပါစေ "
.
.
.
.
10:39PM
30.7.2023(Sun)
Talay
_Zawgyi_
မနက္ခင္းရဲ႕ေနမင္းပင္ထြက္ေပၚလာၿပီျဖစ္သည္။မေန႔ညက သည္းသည္းထန္ထန္႐ြာခဲ့ေသာမိုးမွာ ယခုမနက္မွာေတာ့ သူမဟုတ္သည့္ႏွယ္ ။ အရိပ္အေယာင္ေတာင္မျမင္ရ ။ ေကာင္းကင္ႀကီးမွာၾကည္လင္လို႔ေနသည္ ။ မိုး႐ြာခဲ့ေၾကာင္း သက္ေသျပစရာဆိုလို႔ စိုစြတ္ေနသည့္ ရပ္ကြက္တြင္းက လမ္းေတြသာရွိသည္။
မနက္ ကိုးနာရီထိုးသည့္တိုင္ မက္သ႐ူးမႏိုးေသးသည္ေၾကာင့္ ဟန္ဘင္း မက္သ႐ူးကိုလာႏႈိးရေတာ့သည္။
" မက္သ႐ူးရား မထေသးဘူးလား ကိုးနာရီထိုးေနၿပီ ထေတာ့ေလ "
ေဆာ့မက္သ႐ူးတို႔ကေတာ့ တုတ္တုတ္မွ် မလႈပ္ေပ။ေစာင္ပုံထဲလုံးေထြး အိပ္ေနသည္မွာ ကေလးကို အႏွီးျဖင့္ထုပ္ထားသဖြယ္ ။
ဟန္ဘင္းေစာင္ကို အသာဆြဲမကာ ထပ္ၿပီး လႈပ္ႏႈိးလိုက္သည္။
" မက္သ႐ူးရား ထေတာ့ေလ ကိုးနာရီထိုးေနၿပီ "
" အင္း... "
သံရွည္ဆြဲကာ ညည္းသံေပးရင္း တစ္ဖက္လွည့္ၿပီး ျပန္အိပ္ျပန္သည္ ။ ဟန္ဘင္း သေဘာတက်ရယ္ကာ ေစာင္ကိုဆြဲဖယ္ၿပီး လက္ႏွစ္ဖက္ကိုင္ကာ ထေစေတာ့သည္။
" မက္သ႐ူးရား ထေတာ့ "
ထိုအခါမွ အိပ္ခ်င္မူးတူးျဖင့္ထထိုင္ေနေတာ့သည္။မ်က္လုံးမ်ားကမပြင့္ ။ ထိုင္လ်က္ငိုက္ေနေလသည္ ။
" မက္သ႐ူးရား ျပန္မအိပ္နဲ႔ေတာ့ ထေတာ့ ေဆးေၾကာၿပီးရင္ ေအာက္ဆင္းခဲ့ေနာ္ မနက္စာ စားဖို႔ေစာင့္ေနမယ္ "
မ်က္ႏွာကိုလက္ႏွစ္ဖက္ျဖင့္အုပ္ကိုင္ကာေျပာေတာ့ မ်က္လုံးမပြင့္ပဲ အိပ္ခ်င္မူးတူးျဖင့္ ေခါင္းညိတ္လာသည္။
" အင္း ျမန္ျမန္လုပ္ေနာ္ "
" Nae ! "
ဟန္ဘင္းအခန္းထဲကထြက္ကာ ေအာက္ဆင္းသြားသည့္အထိ မက္သ႐ူးအိပ္ရာထဲက မထေသးေပ ။ ငါးမိနစ္ေလာက္ၾကာေတာ့မွ အိပ္ရာထဲမွထကာ ေရခ်ိဳးလိုက္ေတာ့သည္။
ေရခ်ိဳးၿပီးသည့္ေနာက္ ဟန္ဘင္းဘီဒိုထဲက အဝတ္တစ္စုံယူဝတ္ကာ ေအာက္ဆင္းခဲ့လိုက္ေတာ့သည္ ။ ထမင္းစားပြဲေရာက္ေတာ့ ထိုင္ေစာင့္ေနသည့္ ဟန္ဘင္းနဲ႔ မနက္စာျပင္ေပးေနသည့္ ဟန္ဘင္းေမေမကိုေတြ႕ေလသည္။
" ေမာနီး မား "
" အိုမို ငါတို႔မက္သ႐ူးေလးႏိုးလာၿပီပဲ လာလာ မနက္စာစားၾကမယ္ "
မက္သ႐ူး ဟန္ဘင္းေမေမကို ႏႈတ္ဆက္ၿပီးဟန္ဘင္းေရွ႕ကခုံတြင္ဝင္ထိုင္လိုက္သည္ ။
" မက္သ႐ူးေလးစားေနာ္ ဒါမွအားရွိမွာ "
" ဟုတ္ကဲ့ မား ေကာင္းေကာင္းစားပါ့မယ္ "
" အင္း အဲ့တာဆို ေဈးသြားလိုက္ဦးမယ္ ဟန္ဘင္းေလး ညီေလးကိုဂ႐ုစိုက္ေနာ္ "
" ဟုတ္ကဲ့ ေမေမ "
ဟန္ဘင္းေမေမက မနက္စာျပင္ေပးကာ ထြက္သြားေတာ့သည္။
" ေဟ်ာင္း "
" ဟင္ "
" က်န္တဲ့သူေတြေကာ "
" ဂ်ီအြန္းတို႔လား ? "
" အင္း "
" ျပန္သြားၾကၿပီေလ မနက္စာစားသြားဦးဆိုတာ မစားပဲ ႏွစ္ေယာက္လုံးျပန္သြားၾကတာ "
" ျပန္တာေတာင္ ႏႈတ္မဆက္သြားၾကဘူး "
" ေဩာေဟာ သူက အိပ္ေနၿပီးေတာ့ "
" ဒါေပမယ့္လည္း ႏႈိးတဲ့အထိေစာင့္ေပါ့ "
ဂ်ဳံဝူးႏွင့္ဂ်ီအြန္းတို႔က ႏႈတ္မဆက္ပဲျပန္သြားေသာေၾကာင့္ မက္သ႐ူး မနက္စာစားရင္း ႏႈတ္ခမ္းစူေနေတာ့သည္။
" ကိစၥရွိလို႔ အရင္ျပန္သြားၾကတာေနမွာပါ မက္သ႐ူးရဲ႕ စိတ္မေကာင္းမျဖစ္ပါနဲ႔ "
" ဒါေပမယ့္ ႏႈတ္ေတာ့ဆက္သြားသင့္တာေပါ့ "
" အိုက္ဂူး ေဟ်ာင္းရဲ႕မက္သ႐ူးေလး စိတ္မေကာင္းျဖစ္သြားၿပီ ေဟ်ာင္းေတြ႕တဲ့အခါၾက ႏွစ္ေယာက္လုံးကို ဆူေပးမယ္ေနာ္ အခုေတာ့ မနက္စာစားလိုက္ေနာ္ "
" အင္း "
မက္သ႐ူးကို ႏႈတ္မဆက္ပဲ ျပန္သြားၾကသည္ေၾကာင့္ စိတ္မေကာင္းျဖစ္ေပမယ့္ မနက္စာကိုကုန္ေအာင္စားလိုက္သည္ ။ အမွန္တကယ္ေတာ့ မေန႔က မက္သ႐ူးကိုလာႀကိဳရင္း ႐ႊဲ႐ႊဲစိုသြားသည့္ ဂ်ီအြန္းကို စိုးရိမ္ျခင္းပင္ ။
" အေအးမိသြားရင္ ဘယ္လိုလုပ္မလဲ "
" ဟင္ မက္သ႐ူးဘာေျပာလိုက္တာလဲ "
စိတ္ထဲကေတြးေနမိသည္က ပါးစပ္ကလႊတ္ခနဲထြက္သြားျခင္းေပ ။
" အာ ဘာမွမဟုတ္ပါဘူး ဂ်ီအြန္းေဟ်ာင္းအေၾကာင္းေတြးေနတာ "
" ဂ်ီအြန္းက ဘာျဖစ္လို႔လဲ "
ပန္းကန္ေတြေဆးေနရင္းက ဟန္ဘင္းေမးလိုက္သည္။
" တျခားမဟုတ္ပါဘူးေဟ်ာင္းရဲ႕ မေန႔က ကြၽန္ေတာ့္ေၾကာင့္နဲ႔ မိုးေရေတြ႐ႊဲစိုသြားတာ အေအးမိမွာစိုးလို႔ "
" အင္း ဘာမွမျဖစ္ေလာက္ပါဘူး မနက္က ျပန္သြားေတာ့လည္း အဆင္ေျပေနပုံပါပဲ "
" ေတာ္ေသးတာေပါ့ ကြၽန္ေတာ္က ကြၽန္ေတာ့ေၾကာင့္ အေအးမိသြားမွာစိုးရိမ္တာ "
" ဘာမွမျဖစ္ေလာက္ပါဘူး အရမ္းလည္းစိတ္မပူပါနဲ႔ ဒါမွမဟုတ္လည္း ေနာက္မွ ေဟ်ာင္းနဲ႔အတူ ဂ်ီအြန္းအိမ္သြားၾကမယ္ေလ "
" အင္း ေကာင္းတာေပါ့ "
ပန္းကန္ေဆးၿပီးေတာ့ ဧည့္ခန္းမွာပင္ထိုင္ကာ ႏွစ္ေယာက္သား ႐ုပ္ရွင္ၾကည့္ေနၾကေတာ့သည္။ဒီလိုပါပဲ အၿမဲဟိုဘက္အိမ္မွာအိပ္လိုက္ ဒီဘက္အိမ္မွာေနလိုက္ လုပ္ေနၾကမို႔ မက္သ႐ူးအိမ္မျပန္လည္း ျပႆနာမရွိေပ။
.
.
.
.
လွ်ိဳ႕ဝွက္နံပါတ္ကို႐ိုက္ထည့္ကာ အခန္းထဲဝင္လာလိုက္သည္ ။ အိပ္ခန္းထဲတန္းဝင္လာကာ လြယ္အိပ္ကိုပစ္ခ်ၿပီးသည့္ေနာက္ အိပ္ရာေပၚ ေျခပစ္လက္ပစ္လွဲခ်လိုက္ေတာ့သည္။
ညက ေဆးႀကိဳမေသာက္လိုက္မိတာလည္းပါမည္ ။ မအိပ္ခင္ထိ ဘာမွမျဖစ္ေသာ္လည္း မိုးေရစိုထားသည့္အျပင္ အဲကြန္းဖြင့္ၿပီး အိပ္လိုက္မိေသာေၾကာင့္ မနက္လင္းေတာ့ ႏွာေစးကာ ဖ်ားခ်င္ေနၿပီျဖစ္သည္ ။
ဖ်ားေနေၾကာင္း သိမွာစိုးသည္ေၾကာင့္ မနက္ေစာေစာကတည္းက အိမ္ကိုျပန္လာခဲ့လိုက္သည္ ။ ဟန္ဘင္းက မနက္စာ စားဖို႔ေျပာသည္ေတာင္ မစားခဲ့ေပ ။ ေတာ္ၾကာ ႏိုးလာတဲ့အခ်ိန္ ဖ်ားမွန္းသိသြားပါက သူ႔ေၾကာင့္ဆိုကာ ကိုယ့္ကိုယ္ကို အျပစ္တင္ကာ အားနာေနဦးမည္ ။
အိမ္ကို ျပန္လာခဲ့လိုက္တာမွန္သြားသည္ ။ အခုေတာ့ ဖ်ားေနၿပီျဖစ္သည္ ။ အဖ်ားတက္လာသည္ႏွင့္အမွ် ေခါင္းလည္းကိုက္လာေလသည္ ။ မနက္စာလည္းမစားရေသးသည္ေၾကာင့္ စိတ္ကိုတင္းကာ ေပါင္မုန႔္မီးကင္တစ္ခ်ပ္ႏွင့္ ၾကက္ဥေၾကာ္လုပ္ကာ အလ်င္အျမန္စားလိုက္ရသည္။
စားၿပီးသည့္ေနာက္ အဖ်ားေပ်ာက္ေဆးေသာက္ကာ အိပ္လိုက္ေတာ့သည္ ။ ႏိုးလာရင္ေတာ့ သက္သာသြားေလာက္မွာပါ ။
.
.
.
" ေတာင္ "
ယူဂ်င္း စာအုပ္ဖတ္ေနရင္းမွဝင္လာေသာဖုန္းႏိုတီသံေၾကာင့္ စာအုပ္ကိုခ်ကာ ဖုန္းကိုေကာက္ယူလိုက္သည္။ စာက ဂယူဘင္းဆီမွပို႔လာျခင္းပင္ ။
" အခ်စ္ "
" ဘာလုပ္ေနလဲ "
ယူဂ်င္း စာ႐ိုက္ကာျပန္ေျဖလိုက္သည္။
" စာအုပ္ဖတ္ေနတယ္ "
ထပ္ျမည္လာေသာ ႏိုတီသံႏွင့္စာထပ္ဝင္လာျပန္သည္။
" မပ်င္းဘူးလား "
" မပ်င္းဘူး "
ယူဂ်င္းဆီက ျပန္ပို႔လာေသာစာကိုဖတ္ကာ
ဂယူဘင္း ရယ္ေနေလသည္။
" အိုက္ဂူး စာကိုဖတ္လိုက္တာနဲ႔တင္ ေျပာတဲ့ပုံစံေကာ အသံကိုပါ ၾကားေနျမင္ေနရၿပီ "
ဂယူဘင္း အလ်င္အျမန္ပင္ စာတစ္ေၾကာင္းထပ္ပို႔လိုက္သည္ ။
" ညေနအားလား မုန႔္သြားစားရေအာင္ "
စာဖတ္ၿပီးေသာ္လည္း ျပန္မပို႔လာသည္ေၾကာင့္ ဂယူဘင္း ထပ္ၿပီးပို႔လိုက္သည္။
"လမ္းထိပ္မွာ ဝက္သားျပားေခါက္ဆြဲဆိုင္ အသစ္ဖြင့္ထားတယ္ သြားစားရေအာင္ "
ခဏေလာက္ေနေတာ့ ယူဂ်င္းဆီက ျပန္ပို႔လာသည္။
" အင္း "
တစ္လုံးတည္းသာ ။
ဂယူဘင္း ၿပဳံးလိုက္သည္ ။ ယူဂ်င္းက ဝက္သားျပားေခါက္ဆြဲကို ႀကိဳက္ေၾကာင္း
ဂယူဘင္း သိသည္ေလ။
" အိုေက ညေနၾကရင္ အိမ္ကိုလာေခၚမယ္ ေစာင့္ေနေနာ္ "
ယူဂ်င္း စာကိုဖတ္လိုက္ကာ ျပန္မပို႔ေတာ့ေပ။
စာအုပ္ကို ျပန္ကိုင္ကာ ဆက္ၿပီးဖတ္ေနလိုက္သည္ ။
.
.
.
" မက္သ႐ူးေရ ၿပီးၿပီလား "
" Nae "
" သြားရေအာင္ "
" Nae ! "
ႏွစ္ေယာက္သား ဂ်ီအြန္းဆီသြားဖို႔ ျပင္ေနၾကျခင္းပင္ ။
" ႏူနာ ကြၽန္ေတာ္ ကားယူသြားၿပီေနာ္ "
" အင္း ဟန္ဘင္းနား ဂ႐ုစိုက္ေမာင္းဦးေနာ္ "
" Nae ~ "
မက္သ႐ူးမမရဲ႕ ကားကိုယူကာေမာင္းလာခဲ့ၾကျခင္းျဖစ္သည္ ။ ဒီေန႔က မမရဲ႕ပိတ္ရက္လည္းျဖစ္သည္မို႔ ကားယူခဲ့လို႔ရျခင္းပင္။
" ဟန္ဘင္းေဟ်ာင္း မုန႔္ဝယ္သြားၾကမလား "
ကားေမာင္းေနသည့္ ဟန္ဘင္းဘက္လွည့္ကာ ေမးလာသည္။
" ဟင္ မက္သ႐ူးက ဘာဝယ္ခ်င္လို႔လဲ "
" ေပါင္မုန႔္နဲ႔ အသီးေလးေတြျဖစ္ျဖစ္ေပါ့ သူမ်ားအိမ္ကို လက္ဗလာနဲ႔သြားဖို႔ေတာ့ မေကာင္းဘူးထင္တယ္ "
" အင္း ေကာင္းပါတယ္ အဲ့တာဆို ဟိုးေရွ႕နားက ကေဖးဆိုင္မွာ ေပါင္မုန႔္ဝယ္ၾကမယ္ေလ အသီးကေတာ့ ဂ်ီအြန္းတို႔ကြန္ဒိုနားက ေရွာပင္းေမာ မွာပဲ ဝင္ဝယ္ၾကရေအာင္ "
" အဆင္ေျပတာေပါ့ "
" အိုေက "
.
.
ကေဖးဆိုင္ေရွ႕ကားရပ္ကာ အရသာမတူတဲ့ေပါင္မုန႔္ သုံးေလးမ်ိဳးေလာက္ ဝယ္ခဲ့လိုက္သည္။ လိုရမယ္ရ ႏွာေစးေပ်ာက္ေဆးႏွင့္ အဖ်ားေပ်ာက္ေဆးကိုလည္း ဝယ္ျဖစ္ခဲ့ၾကေသးသည္ ။ အသီးကိုေတာ့ ေရွာပင္းေမာပင္ဝင္စရာမလို ေဆးဆိုင္နားရွိ အသီးဆိုင္ကေန ဝယ္လာျဖစ္သည္ ။
" ကဲ ေရာက္ၿပီ ဆင္းရေအာင္ မုန႔္ေတြေမ့မယ္ေနာ္ "
" Nae Hyung "
ကားပါကင္မွထြက္ကာ ဓာတ္ေလွကားဆီလာခဲ့လိုက္သည္။
" ဂ်ီအူးေဟ်ာင္းက ဘယ္အထပ္မွာ ေနတာလဲ "
" 17 လႊာမွာ "
" အင္း သိပ္ေတာ့မတက္ရဘူးပဲ "
ဓာတ္ေလွကားေရာက္လာၿပီမို႔ ႏွစ္ေယာက္သား ဂ်ီအြန္းအခန္းရွိရာ 17 လႊာကိုတက္လာခဲ့ၾကသည္။
" အခန္းနံပါတ္က 304 "
ဓာတ္ေလွကားထဲက ထြက္ကာ အခန္းနံပါတ္လိုက္ရွာရသည္။
" ဟိုအခန္းထင္တယ္ "
မက္သ႐ူးက ၫႊန္ျပကာ ေထာင့္စြန္နားရွိအခန္းေရွ႕ေလွ်ာက္သြားလိုက္သည္။
" အင္း မွန္သားပဲ ေဟ်ာင္း ဒီအခန္းမွန္တယ္ "
ဟန္ဘင္းအခန္းေရွ႕လာကာ ဘဲလ္ႏွိပ္လိုက္သည္။ ဘာမသံမွထြက္မလာ ။ ေနာက္တစ္ခ်က္ထပ္ႏွိပ္ကာ ေစာင့္ေနလိုက္သည္ ။ တတိယအႀကိမ္ႏွိပ္ၿပီးခ်ိန္မွာေတာ့ တံခါးကပြင့္လာခဲ့သည္။
.
.
ဂ်ီအြန္း အိပ္ေပ်ာ္ေနရာမွ အခန္းဘဲလ္ႏွိပ္သံေၾကာင့္ ႏိုးလာခဲ့သည္ ။ နာရီၾကည့္မိေတာ့ ေန႔လည္ ႏွစ္နာရီ ။
" အေတာ္အိပ္ေပ်ာ္သြားတာပဲ "
ေနာက္ထပ္ ဘဲလ္သံထပ္ထြက္လာျပန္သည္။
" ဘယ္သူေတြမ်ားလဲ ဧည္သည္လာစရာလည္းမရွိပါဘူး "
ဂ်ီအြန္း အိပ္ရာထဲမွ ထကာ တံခါးဖြင့္ေပးဖို႔ထြက္လာခဲ့သည္။တံခါးဝရွိ screen ေပၚတြင္ျမင္ေနရသည္က ဟန္ဘင္းႏွင့္မက္သ႐ူး ။
အျမင္မွားသလား ေတြးေနတုန္းရွိေသး တတိယေျမာက္ ဘဲလ္သံထြက္ေပၚလာျပန္သည္။
.
.
" ဟန္ဘင္းေဟ်ာင္း ရွိေကာရွိရဲ႕လား "
" ရွိေလာက္မွာပါ "
" ဖုန္းဆက္ၾကည့္ပါလား "
" အာ ဟုတ္သားပဲ "
ဟန္ဘင္း ဖုန္းထုတ္ကာ ဂ်ီအြန္းကိုဆက္ဖို႔ျပင္ေနခ်ိန္ တံခါးမွာပြင့္လာေလသည္။
~ ေဂ်ာက္ ~
" ဪ ဂ်ီအူးေဟ်ာင္း "
" တကယ္ ဟန္ဘင္းတို႔ပဲ ငါကအျမင္မွားတယ္ထင္ေနတာ လာ အထဲဝင္ "
ဂ်ီအြန္းတံခါးဖြင့္ကာ ဟန္ဘင္းတို႔ကို ဝင္ခိုင္းလိုက္သည္ ။
" ဒီမွာ ေအးေဆးထိုင္ၾက "
ဂ်ီအြန္းအိမ္ေရွ႕ခန္းရွိ ဆိုဖာေပၚတြင္ ဝင္ထိုင္လိုက္ၾကသည္။
" ဘယ္လိုျဖစ္ၿပီး ေရာက္လာၾကတာလဲ "
" မက္သ႐ူးေပါ့ မင္းတို႔ သူ႔ကိုႏႈတ္မဆက္ပဲျပန္သြားလို႔ဆိုၿပီး စိတ္မေကာင္းျဖစ္ေနတာေလ ၿပီးေတာ့ ငါလည္း မင္းအိမ္ကို လိပ္စာပဲသိၿပီးမေရာက္ဖူးေသးတာနဲ႔ မက္သ႐ူးကိုပါ တစ္ခါတည္း ေခၚလာလိုက္တာ "
" ဪ အဲ့လိုလား အင္းပါ ဘာပဲျဖစ္ျဖစ္ေပါ့ ငါ့ဆီလာလည္ၾကတာ ဝမ္းသာတယ္ ေနာက္လည္း အခ်ိန္မေ႐ြးလာေလ "
" ဂ်ီအူးေဟ်ာင္း "
အိမ္ထဲေရာက္ကတည္းက တိတ္ေနသည့္ မက္သ႐ူးဆီက အသံထြက္လာသည္ ။
" ဟင္ "
" အဆင္ေျပရဲ႕လား အေအးမိၿပီးဖ်ားေသးလား "
" ဘာမွမျဖစ္ပါဘူး မက္သ႐ူးရဲ႕ အဆင္ေျပပါတယ္ "
ေနမေကာင္းတာမသိေစခ်င္သည္ေၾကာင့္ အဆင္ေျပသည္ဟုသာ ေျဖလိုက္သည္။
" ဟုတ္လို႔လား မ်က္ႏွာကျဖဴေဖ်ာ့ေနတာပဲ "
" ဟင္ ဟုတ္သားပဲ ဂ်ီအြန္းရား မ်က္ႏွာကျဖဴေဖ်ာ့ေနတာ "
" အာ ဘာမွမျဖစ္ပါဘူး အရင္ကတည္းက ဒီအတိုင္းပဲေလ "
ဘာမွမျဖစ္ေၾကာင္း ျငင္းေနတုန္းရွိေသး ေဘးကိုေစြ႕ကနဲေရာက္လာသည့္ မက္သ႐ူးေၾကာင့္ လန႔္သြားရသည္ ။ ႐ုတ္တရက္လက္တစ္ဖက္ကို ဆြဲလိုက္ကာ နဖူးကိုလည္းစမ္းလာသည္။
" ဖ်ားေနတယ္မဟုတ္ဘူးလား လက္ေတြလည္းပူၿပီး နဖူးလည္းပူေနတာကို "
အဖ်ားစမ္းၿပီး ႐ုတ္တရက္ထေအာ္သည့္ မက္သ႐ူးေၾကာင့္ ဂ်ီအြန္းႏွင့္ဟန္ဘင္းႏွစ္ေယာက္လုံး ပါးစပ္အေဟာင္းသားျဖစ္သြားရသည္ ။
ႏႈတ္ခမ္းထေထာ္ေထာ္ႏွင့္ ဆူပူေနသည့္ေကာင္ေလးကို ၾကည့္ကာ ဟန္ဘင္းထိုင္ရယ္ေလသည္ ။
" ျဖည္းျဖည္းေျပာပါ မက္သ႐ူးရယ္ ဂ်ီအြန္းလန႔္ၿပီး ပိုဖ်ားသြားပါဦးမယ္ "
" ဟုတ္တယ္ေလေဟ်ာင္းရဲ႕ ဖ်ားေနတာကို လာလိမ္ေနတာကိုး ၿပီးေတာ့ အဲ့လိုဖ်ားတာလည္း ကြၽန္ေတာ္ေၾကာင့္ကို "
" အာ ဖ်ားဝာာက မက္သ႐ူးေၾကာင့္မဟုတ္ပါဘူး ကိုယ့္ဟာကိုယ္ ေဆးႀကိဳမေသာက္ပဲ အဲကြန္းဖြင့္အိပ္လိုက္လို႔ပါ "
ေတြ႕လား ။ သူ႔ေၾကာင့္ဆိုၿပီး အျပစ္တင္ေနတဲ့ေကာင္ေလးကို ။ ထိုေကာင္ေလးဒီလိုစိုးရိမ္တတ္တာကို သိသည္မို႔ တမင္ဖုံးကြယ္ထားေပမယ့္ ဖ်ားေနမွန္းသိသြားေတာ့လည္း မ်က္ႏွာငယ္ေလးျဖင့္ ထိုင္ေနေတာ့သည္။
" စိတ္မေကာင္းမျဖစ္ပါနဲ႔မက္သ႐ူးရဲ႕ အခုေကာင္းေနပါၿပီ ေဆးလည္းေသာက္ထားၿပီးၿပီ "
" ထပ္ၿပီး လိမ္ေနတာမဟုတ္ဘူးလား "
" မဟုတ္ပါဘူး တကယ္ တကယ္ေျပာတာ မလိမ္ပါဘူး "
ေနမေကာင္းသည့္သူကိုရစ္ေနသည့္ မက္သ႐ူးကို ၾကည့္ကာ ဟန္ဘင္းရယ္သာ ရယ္ေနႏိုင္သည္။ ဒီေကာင္ေလးအေၾကာင္း ဟန္ဘင္းသိသည္။
တစ္စုံတစ္ေယာက္က သူ႔ေၾကာင့္ထိခိုက္မိသည္ဆိုလွ်င္ မ်က္ႏွာငယ္ေလးျဖင့္ စိတ္မေကာင္းျဖစ္ၿပီး လိုက္ဂ႐ုစိုက္ေပးတတ္သည္။
အခုလည္း သူ႔ေၾကာင့္ျဖစ္သည္ဆိုကာ ဂ်ီအြန္းကို စိုးရိမ္ၿပီး ဂ႐ုစိုက္ေနျပန္သည္။နားမေထာင္ပဲ ဂ်ီအြန္းကလိမ္ေတာ့ ႏႈတ္ခမ္းတေထာ္ေထာ္ျဖင့္ ဆူေနေတာ့သည္။
" ကဲပါမက္သ႐ူး ဂ်ီအြန္းလည္းအဖ်ားရွိန္နဲ႔ နားခ်င္ရွာမွာေပါ့ ျပန္ရေအာင္ေလ"
" ေနပါဦးဟန္ဘင္းရဲ႕ အခုမွေရာက္တာကို ငါအဆင္ေျပပါတယ္ "
မက္သ႐ူး ဝယ္လာသည့္မုန႔္မ်ားကိုသတိရသြားကာ
" ဂ်ီအြန္း ဘာစားၿပီးၿပီလဲ "
" ေန႔လည္စာလား မစားရေသးဘူး "
" ေနမေကာင္းတာကို ဘာလို႔ မစားေသးတာလဲ "
ဟန္ဘင္းရဲ႕ အေမးကိုျပန္ေျဖတုန္း ေဘးကေန ထေအာ္ျပန္သည့္ေကာင္ေလးေၾကာင့္ အျမန္ရွင္းျပရျပန္သည္။
" အာ မနက္ျပန္ေရာက္တုန္းက မနက္စာစား ေဆးေသာက္ၿပီး အိပ္လိုက္တာ အခု မက္သ႐ူးတို႔လာမွႏိုးတာေလ အဲ့တာေၾကာင့္ မစားရေသးတာပါ "
" အင္း အဲ့တာဆိုလည္း ဒီမွာ ငါတို႔ မုန႔္ေတြဝယ္လာတယ္ အဲ့တာစားလိုက္ေလ ေပါင္မုန႔္ေတာ့စားလို႔ရပါတယ္ "
ဟန္ဘင္းက သူ႔အတြက္ မုန႔္ေတြဝယ္လာေၾကာင္းေျပာကာ ေဘးနားခ်ထားသည့္ အထုတ္ေတြကို ခုံေပၚယူတင္လာေပးသည္။
" အင္း ဟုတ္တယ္ စားၿပီး ေဆးေသာက္လိုက္ ကလိမ္ကက်စ္လုပ္ဖို႔ေတာ့မႀကံနဲ႔ေနာ္ ေဆးမေသာက္မခ်င္း ကြၽန္ေတာ္မျပန္ဘူး "
" မလုပ္ပါဘူး "
" မက္သ႐ူး ဂ်ီအြန္းအတြက္ျပင္ေပးၿပီး ေဆးပါတစ္ခါတည္းတိုက္လိုက္ ေရာ့ "
" ခဏေစာင့္ "
ဆိုကာ ဟန္ဘင္းေပးတဲ့အထုတ္ေတြယူၿပီး ထမင္းစားခန္းဘက္ယူသြားေတာ့သည္။
ခဏေနေတာ့ ေပါင္မုန႔္ပန္းကန္ရယ္ ေဆးေတြရယ္ ယူကာ ျပန္ထြက္လာသည္။
ပန္းကန္ကို ဂ်ီအြန္းေရွ႕ ခ်ေပးရင္းေျပာလာျပန္သည္။
" စားၿပီးရင္ ေဆးေသာက္မယ္ေနာ္ေဟ်ာင္း!"
" အင္း "
ဂ်ီအြန္း မုန႔္ကိုယူကာ စားေနလိုက္သည္။
" အစက ဆန္ျပဳတ္ျပဳတ္ဖို႔သတိရတယ္ ဒါေပမယ့္ ကြၽန္ေတာ္လည္း မခ်က္တတ္လို႔ ဒါပဲစားေတာ့ "
" ရပါတယ္ ေနာက္မွ ကိုယ္ဟာကိုယ္ျပဳတ္စားလိုက္မယ္ "
ဂ်ီအြန္းဘာမွမေျပာေတာ့ပဲ ေပါင္မုန႔္ကိုစားေနလိုက္သည္။စားၿပီးသည္ႏွင့္ ေဆးကိုတစ္ခါတည္းေသာက္လိုက္သည္။
" အိုေက ၿပီးၿပီ "
" ဒီလိုမွေပါ့ "
မက္သ႐ူး စားပြဲကိုရွင္းကာ သန႔္ရွင္းေရးလုပ္လိုက္သည္ ။ဂ်ီအြန္းႏွင့္ ဟန္ဘင္းကေတာ့ စကားေျပာကာ မက္သ႐ူး သန႔္ရွင္းေရးလုပ္အၿပီးကိုေစာင့္ေနလိုက္ၾကသည္။
" ၿပီးၿပီလား မက္သ႐ူးေလး "
သန႔္ရွင္းလုပ္ၿပီးျပန္ထြက္လာသည့္ မက္သ႐ူးကို ဟန္ဘင္းလွမ္းေမးလိုက္သည္။မက္သ႐ူးက ဟန္ဘင္းေဘးတြင္ဝင္ထိုင္ရင္း
" ၿပီးၿပီေဟ်ာင္း "
" အင္း အဲ့တာဆိုျပန္ရေအာင္ ဂ်ီအြန္းလည္းထပ္နားလိုက္ဦး ငါတို႔ျပန္ေတာ့မယ္ "
" အင္းပါေက်းဇူးတင္တယ္ေနာ္ ဟန္ဘင္း ၿပီးေတာ့ မက္သ႐ူးေကာ "
" ရပါတယ္ ကြၽန္ေတာ့ေၾကာင့္ျဖစ္သြားတာပဲကို "
" မက္သ႐ူးေၾကာင့္မဟုတ္ပါဘူး ကိုယ္ေပါ့ေလ်ာ့လို႔ ျဖစ္သြားတာပါ အခုေဆးေသာက္ၿပီး ထပ္နားလိုက္ရင္ ေကာင္းသြားမွာပါ "
" အင္း ညၾကရင္လည္းေဆးေသာက္ဦး ကြၽန္ေတာ္ဖုန္းဆက္ၿပီး လွမ္းေမးမွာေနာ္ "
မက္သ႐ူးရဲ႕မွာတမ္းေႁခြပုံကိုၾကည့္ကာ ဟန္ဘင္း ေခါင္းသာခါေနမိသည္။
" ေတာ္ပါေတာ့ မက္သ႐ူးရယ္ ဂ်ီအြန္းက ကေလးမဟုတ္ပါဘူး သူသိပါတယ္ "
" ေဟ်ာင္းကလည္း ..."
စိတ္မေကာင္းျဖစ္ေနေသးသည္ကို သိသည္ေၾကာင့္ စကားလမ္းေၾကာင္းအျမန္လႊဲလိုက္ေတာ့သည္။
" ကဲျပန္ၾကမယ္ ဂ်ီအြန္းငါတို႔ျပန္ၿပီ ေအးေဆးနားလိုက္ဦး မက္သ႐ူးလာ သြားၾကမယ္ "
" အင္း ဂ႐ုစိုက္ျပန္ၾကဦးေနာ္ "
" အင္း "
ဂ်ီအြန္းတံခါးဝထိႏႈတ္ဆက္ကာ ဟန္ဘင္းတို႔ႏွစ္ေယာက္ ဓာတ္ေလွကားထဲဝင္သြားမွ အိမ္ထဲျပန္ဝင္လာခဲ့သည္။
အိပ္ရာေပၚလွခ်ရင္း ထပ္အိပ္ဖို႔ျပင္လိုက္သည္။
" အင္း ညၾက ေဆးေသခ်ာေသာက္ဦးမွပါ "
ဂ်ီအြန္း ေစာင္ကိုၿခဳံကာ အိပ္လိုက္ေတာ့သည္။
.
.
.
ကလင္ ကလင္ ကလင္
အိမ္ေရွ႕က ထြက္လာသည့္ဘဲလ္သံေၾကာင့္ ယူဂ်င္း အိမ္ထဲကထြက္လာခဲ့သည္။
" ယူဂ်င္းနီး ငါေရာက္ၿပီ "
စက္ဘီးကိုခြရင္း ေျခေထာက္တစ္ဖက္ေထာက္ကာ ရပ္ေစာင့္ေနသည့္ ဂယူဘင္း။
ယူဂ်င္း ၿခံတံခါးျပန္ပိတ္ကာ ဂယူဘင္းေရွ႕ မတ္တပ္ရပ္လိုက္သည္။
" သြားရေအာင္ တက္ "
" စက္ဘီးနဲ႔ သြားမွာ ျဖစ္ပါ့မလား "
" ျဖစ္ပါတယ္အခ်စ္ရဲ႕ တက္ "
ယူဂ်င္း ဂယူဘင္းရဲ႕စဘီးအေနာက္ခုံတြင္ဝင္ထိုင္လိုက္သည္။
" ေသခ်ာဖက္ထားေနာ္အခ်စ္ ျပဳတ္က်မယ္ "
" လူၾကားထဲ ေရာက္ရင္ အဲ့လို အခ်စ္ အခ်စ္နဲ႔ မေခၚစမ္းနဲ႔ ဂယူဘင္း "
" ဘာျဖစ္လို႔လဲအခ်စ္ရဲ႕ "
" ဘာမွမျဖစ္ဘူး မေခၚနဲ႔ဆိုမေခၚနဲ႔ "
" အင္းပါ ေသခ်ာကိုင္ထားေနာ္ "
ဂယူဘင္းေျပာကာ စက္ဘီးကိုနင္းလိုက္သည္။ အက်ႌစကို က်စ္ေနေအာင္ ကိုင္ထားသည့္ ေကာင္ေလးေၾကာင့္ၿပဳံးကာ ထိုေကာင္ေလးလက္ကို ကိုင္ရင္း ခါးတြင္ ဖက္ေစလိုက္သည္။
" ယူဂ်င္းနီး ေသခ်ာကိုင္ထားပါဆို မကိုင္ထားဘူးပဲ ျပဳတ္က်မယ္ ေသခ်ာဖက္ထားေနာ္ "
ဂယူဘင္း ေျပာကာ စက္ဘီးကို အရွိန္ပိုျမႇင့္ကာနင္းလိုက္သည္။ ဖက္ထားသည့္လက္ကို ဖယ္ဖို႔လုပ္ေနသည့္ ေကာင္ေလးမွာ မဖယ္ေတာ့ပဲ ခါးကို ေသခ်ာဖက္ထားေတာ့သည္ ။
.
.
" ကဲေရာက္ၿပီ "
ေခါက္ဆြဲဆိုင္ေရွ႕စက္ဘီးရပ္ကာ ဆိုင္ထဲဝင္လာခဲ့ၾကသည္။
" အန္တီ ဝက္သားျပားေခါက္ဆြဲ ႏွစ္ပြဲ ၊ ဆိုဒါႏွစ္ဘူး နဲ႔ ေရလည္း ေပးပါ "
" အင္း ခဏေစာင့္ေနာ္ "
" Nae ~ "
ဂယူဘင္းေခါက္ဆြဲမွာၿပီး ယူဂ်င္းေရွ႕တြင္ဝင္ထိုင္လိုက္သည္။
" ဒီဆိုင္က အသစ္ေပမယ့္ ေတာ္ေတာ္ေရာင္းရတယ္ ဒါေတာင္ ညေနေစာင္းမို႔ လူနည္းနည္းပါးတာ မနက္နဲ႔ညဆို ဆိုင္အျပည့္ပဲ "
ဂယူဘင္း အေျပာကိုနားေထာင္ရင္း ယူဂ်င္း ဆိုင္အတြင္း ပတ္လည္ကို လိုက္ၾကည့္ေနလိုက္သည္။ အရမ္းႀကီးျပင္ဆင္မထားေသာ္လည္း သူ႔ဟာႏွင့္သူေတာ့ ဆိုင္ေလးက ႐ိုး႐ိုးရွင္းရွင္းျဖင့္ ၾကည့္ေကာင္းေနသည္ပင္။
ခဏအၾကာတြင္ေတာ့ မွာထားသည္မ်ား လာခ်ေလသည္။ဂယူဘင္းက တူကိုယူကာ ယူဂ်င္းအေရွ႕ခ်ေပးလာသည္။
" လာ ျမည္းၾကည့္ၾကည့္ စားလို႔ေကာင္းတယ္ဆိုတာ လုံးဝအာမခံတယ္ "
" မင္းကစားဖူးလို႔လား "
တူကို ကိုင္ကာစားဖို႔ျပင္ရင္း ယူဂ်င္းကာေမးလာသည္။
" အင္း ဗုဒၶဟူးေန႔က ႀကိဳၿပီးလာစားၾကည့္ထားတာ "
ယူဂ်င္း တူကိုကိုင္ကာ ေခါက္ဆြဲကိုေမႊလိုက္သည္။ ေမႊးပ်ံ႕တဲ့အႏွံႏွင့္ ေခါက္ဆြဲပန္းကန္းထဲက ဝက္သားျပားေၾကာ္ ေလးေတြက ဆြဲေဆာင္ေနသည္ပင္ ။ယူဂ်င္း တူျဖင့္ယူကာ စားလိုက္ေတာ့သည္။
" ဘယ္လိုလဲ ေကာင္းတယ္မလား "
ဂယူဘင္းက မစားေသးပဲ ယူဂ်င္းစားသည္အထိေစာင့္ကာ ေမးလာသည္။
" အင္း ေကာင္းတယ္ "
" ေျပာပါတယ္ဆို စား ငါတို႔ယူဂ်င္းေလး အားရွိေအာင္စားရမယ္ စား "
" စကားမ်ားမေနနဲ႔ မင္းလည္းစားေတာ့ "
ဂယူဘင္းလည္း ထပ္မေျပာပဲ စားလိုက္ေတာ့သည္။ ႏွစ္ေယာက္သား စကားမေျပာပဲ စားလိုက္ၾကသည္မွာ ေခါက္ဆြဲပန္းကန္ေျပာင္သည္အထိပင္ ။
" ဘယ္လိုလဲ ဝလား ထပ္စားဦးမလား "
" ေတာ္ၿပီေလ အဲ့ေလာက္စားရေအာင္ ငါ့ကိုမေကာင္းဆိုးဝါးထင္ေနတာလား "
" အင္းပါ ဝရင္လည္းၿပီးေရာ ျပန္မလား ဘယ္သြားခ်င္ေသးလဲ "
ယူဂ်င္း ခဏစဥ္းစားလိုက္သည္။
" မသြားေတာ့ဘူး အိမ္ျပန္မယ္ စားၿပီးၿပီဆိုေတာ့ အိပ္ခ်င္လာၿပီ "
" အင္း အဲ့တာဆိုျပန္ၾကမယ္ "
ပိုက္ဆံရွင္းကာ ဆိုင္ထဲက ထြက္လာခဲ့ၾကသည္။
" တက္ ေသခ်ာကိုင္ထားေနာ္"
ယူဂ်င္း စက္ဘီးေပၚထိုင္ၿပီးသည္ႏွင့္ ဂယူဘင္း စၿပီးနင္းလိုက္ေတာ့သည္။အျပန္တြင္လည္း ႏွစ္ေယာက္သား စကားမေျပာျဖစ္ၾကေပ ။
သို႔ေသာ္ အိမ္ျပန္လမ္းတစ္ေလွ်ာက္ အေရွ႕ကနင္းေနသည့္ ေကာင္ေလးရဲ႕မ်က္ႏွာမွာ ၿပဳံးေနကာ စက္ဘီးေနာက္က ေကာင္ေလးကေတာ့ ထိုေကာင္ေလးေက်ာကိုမွီရင္း မ်က္ႏွာေလးနီကာ လိုက္စီးေနေတာ့သည္။
.
.
.
.
မက္သ႐ူးျပန္လာၿပီးေနာက္ ဟန္ဘင္းအိမ္လိုက္မသြားပဲ ႏႈတ္ဆက္ကာ အိမ္တြင္သာ ေနခဲ့လိုက္ေတာ့သည္။ညစာစားၿပီးသည္ႏွင့္
အခန္းထဲဝင္ကာ ဖုန္းကိုေကာက္ကိုင္ရင္း နံပါန္တစ္ခုကို ေခၚလိုက္သည္။
" ဂ်ီအူးေဟ်ာင္း "
ဖုန္းဝင္ၿပီးမၾကာ တစ္ဖက္ကျပန္ေျဖလာသည္။
.
ဂ်ီအြန္း ဝင္လာသည့္ဖုန္းနံပါတ္ကို ၾကည့္လိုက္ေတာ့ Contact Name တြင္ မက္သ႐ူးဆိုၿပီး ေပၚေနေလသည္။ ခ်က္ခ်င္းပင္ ဖုန္းကို ကိုင္လိုက္ေတာ့ တစ္ဖက္ကထြက္လာသည့္အသံေလး ။
" ဂ်ီအူးေဟ်ာင္း "
" အင္း မက္သ႐ူးရား "
" ေဆးေသာက္ၿပီးၿပီလား "
" အင္း ေသာက္ၿပီးၿပီ "
" ေသခ်ာလို႔လား မလိမ္ဘူးမလား "
မနက္တုန္းက ကိစၥကိုမေမ့ေသးပဲ အလိမ္ခံရမွာစိုးသည့္ေကာင္ေလးေၾကာင့္ ဂ်ီအြန္းၿပဳံးလိုက္သည္။
" မလိမ္ပါဘူး အတည္ေျပာတာပါ "
" အဲ့တာဆိုၿပီးေရာ နားလိုက္ဦး အိပ္ေတာ့မယ္ "
အနားယူရန္ေျပာၿပီး ဖုန္းခ်ဖို႔ျပင္ေနသည့္ေကာင္ေလးေၾကာင့္ ဂ်ီအြန္း သူ႔နာမည္ကိုေခၚလိုက္မိသည္။
" မက္သ႐ူရား "
" ဟင္ "
ေခၚၿပီးေတာ့လည္း ဂ်ီအြန္းဘာေျပာရမွန္းမသိေပ ။
" ဂ်ီအူးေဟ်ာင္း ေျပာစရာရွိေသးလို႔လား "
တစ္ဖက္က အသံထြက္မလာ ။
" ေဟ်ာင္းနားေထာင္ေနေသးလား ဂ်ီအူးေဟ်ာင္း "
" အင္း ဘာမွမဟုတ္ပါဘူး ဒီအတိုင္း GoodNight လို႔ေျပာမလို႔ပါ "
" အာ ဘာမ်ားလဲလို႔ Nae ဂ်ီအူးေဟ်ာင္းလည္း ေကာင္းေကာင္းအိပ္ပါ "
" အင္း ေကာင္းေသာညေလးျဖစ္ပါေစ မက္ခ်ဴးရား GoodNight "
" Nae ~ "
ေျဖၿပီးသည္ႏွင့္ဖုန္းခ်သြားေတာ့သည္။ ေန႔ခင္းက သူ႔ကို စိုးရိမ္ကာ ဂ႐ုစိုက္ေပးသည့္ေကာင္ေလးေၾကာင့္ ဝမ္းသာကာ ေပ်ာ္ရသည္ပင္ ။ ဒီညေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္ၿပီး အိမ္မက္လွလွမက္ေတာ့မယ္ ထင္ပါရဲ႕ ။
" Goodnight ကိုယ့္ရဲ႕ကေလးေလး အိမ္မက္လွလွမက္ပါေစ "
.
.
.
.
10:39PM
30.7.2023(Sun)
Talay