"မယ်တော်ကလက်ဆတ်ဖို့ခွင့်ပြုလိုက်ပြီဒီတစ်ခါလပြည့်ရင်ကိုယ်တို့လက်ထပ်ကြမယ်"
ပြည့်စုံမျက်လုံးတွေကဒေါသကြောင့်နီရဲနေသော်လည်းဘာတစ်ခွန်းမှဟမလာချေ။
"ပြည့်စုံလေးမငြင်းမှန်းကိုယ်သိပြီးသားပါကိုယ့်တို့လက်ထပ်ပွဲနေ့ကြရင်ပြည့်စုံလေးရဲ့မိဘတွေကိုလည်းအသိပေးဖိတ်ကြားမယ်အဲ့နေကြရင်လည်းပြည့်စုံလေးကလိမ်မာရမယ်နော်ကိုယ်ကလူဆိုးကြီးမဖြစ်ချင်ဘူး"
ပြည့်စုံကိုယ်ကဆတ်ခနဲတုန်ယင်သွားသည်။
ယခုတော့ပြည့်စုံကြီးမားပြီးခမ်းနားလှတဲ့တော်ဝင်အိပ်ခန်းဆောင်ထဲပြောင်းရွေ့နေရပြီဖြစ်သည်။
မယ်တော်ကြီးမျက်နှာကဒေါသကြောင့်နီရဲနေသည်။
"သားတော်ကဘာလို့ကြင်ယာတော်အခန်းဆီသွား,သွားနေရတာလဲကြင်ယာတော်လေးဆယ်ရှစ်နှစ်ပြည့်တဲ့အထိအတူတူမနေရဘူးလို့မယ်တော်သေချာမှာကြားထားတယ်မလားမင့်ခမည်းတော်ရဲ့စားပွဲကိုကြည့်လိုက်စမ်းအဲ့စာရွက်အပုံကြီးကသားတော်ကြင်ယာတော်အခန်းဆီသွားတဲ့အကြောင်းတိုင်ကြားစာတွေပဲဘာလို့ဒီလောက်တောင်စကားနားမထောင်ရတာလဲ"
ဇနီးဘက်မှအမြဲတမ်းရပ်တည်တတ်တဲ့မင်းကြီးကဒီတစ်ခါတော့သားတော်ကိုစာနာသလိုကြည့်လာသည်။အသက်စေ့တာမစေ့တာနောက်ထားကိုယ့်ချစ်သူနဲ့ပတ်သက်ရင်လူတိုင်းကထိန်းချုပ်နိုင်စွမ်းမဲ့ကြတာချည်းသာ။
"သားတော်ရဲ့ကြင်ယာတော်ပဲဟာ"
ဖိဖုရားကြီးမှာမျက်ဖြူလှန်မိမတတ်ပင်။
"ဘာအကြောင်းပြချက်မှထပ်မကြားချင်ဘူးနောက်တစ်ခါကြင်ယာတော်လေးအခန်းထဲထပ်ဝင်ရင်.."
"လက်တောင်ထပ်တော့မှာကို"
နက္ခမှာကြင်ယာတော်လေးနှင့်အတူအိပ်စက်နိုင်ရန်နုတ်ခမ်းတစ်ထော်ထော်နှင့်အယူခံဝင်နေရသည်။
"ဟဲ့..ကောင်စုတ်ရဲ့လက်ထပ်ပေးတယ်ဆိုတာကသားတော်ရဲ့အမြုတေကသူ့ဆီထည့်သွင်းပြီးသားဖြစ်နေလို့လေဝေးဝေးနေကြရင်သားတော်တို့နှစ်ယောက်လုံးနာကျင်ကြရမှာမို့.."
မိခင်ဖြစ်သူရဲ့စကားမဆုံးမီနက္ခမအောင့်နိုင်တော့ပဲဖြတ်ပြောလိုက်သည်။
"သားတော်တို့ပေါင်းစည်းပြီးကြပြီ"
"ဘာ..ဘာရယ်!"
ကြင်ယာတော်မိဖုရားဟာပါးစပ်ပင်ပြန်မပိတ်နိုင်အောင်အံ့သြနေသလိုဘုရင်ကြီးကလည်းသူ့ရဲ့သားတော်ကိုအားကျမနာလိုစွာကြည့်နေသည်။
'သူ့တုန်းကကျလပြည့်နေပွဲအထိစောင့်ခဲ့ရတာကို'
ပြည့်စုံနေရသည့်အိပ်ခန်းဆောင်ကအဆောက်အဉီးရဲ့အမြင့်ဆုံးနေရာမှာတည်ရှိတာကြောင့်မြို့တစ်ခုလုံးကိုမြင်နေရသည်။ပန်းဉီးယဉ်မှလာသည့်မွေ့ပျံ့ပျံ့ရနံ့လေးများကိုလဲတစ်ချက်,တစ်ချက်ရတတ်သည်။
'သူ့မိဘတွေသူ့ကိုစွန့်ပြစ်ခဲ့တာမျိုးဆိုရင်သူဝမ်းနည်းပေမယ့်လဲနည်းနည်းတော့ပျော်ရွှင်နိုင်လိမ့်မည်ယခုတော့ထိုသို့မဟုတ်ပဲအတင်းအဓမ္မခေါ်ခံခဲ့ရသည်တဲ့'
"ဘာတွေတွေးနေတာလဲကြင်ယာတော်လေးထွက်ပြေးဖို့တွေးနေတာဆိုရင်ချက်ချင်းရပ်လိုက်နော်မဟုတ်ရင်ကိုယ်ကမင့်ကိုမြွေတွေပြည့်နေတဲ့အခန်းထဲထည့်ပိတ်ထားလိုက်မှာ"
"ပြီးရင်ငါ့မိဘတွေကိုသတ်မှာမလား"
"အင်း!"
"မင်း!"
"ကိုယ့်ကိုချစ်လားဟင်"
"ငါကဘာလို့မင့်ကိုချစ်ရမှာလဲလူယုတ်မာကောင်ရဲ့မင်းသာငါ့ကိုခေါ်မလာရင်ငါကငါ့ဘဝနဲ့ငါပျော်စရာကောင်းနေမှာကိုမင်းကဘာလို့လာဝင်ရှုပ်ရတာလဲ"
နက္ခမှာအပြုံးပင်မပျက်
"မသိဘူးကိုယ်ဒီတိုင်းမင့်ကိုစမြင်,မြင်ချင်းမှာပဲရူးနေအောင်သဘောကျသွားခဲ့တာအဲ့တုန်းကကိုယ်တွေးမိတာတစ်ခုပဲရှိတယ်မင်းကကိုယ့်ကြင်ယာတော်လေးပဲအဲ့တာကြောင့်ခေါ်သွားပြီးလက်ထပ်ရမယ်လို့လေ"
"ငါကရောငါ့ဆန္ဒကရောငါလိုက်ချင်ရဲ့လားဆိုတာဘာလို့နည်းနည်းလေးတောင်မမေးရတာလဲလူယုတ်မာကောင်ရဲ့"
နက္ခမျက်နှာကမတရားခံရသလို့ရှုံ့တွသွားသည်။
"ကိုယ်သေချာပေါက်ကိုယ့်နောက်လိုက်ချင်လားလို့မေးခဲ့တာပေါ့အဲ့တုန်းကပြည့်စုံလေးကကိုယ့်ရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီးဘာမှပြန်ဖြေမလာခဲ့ဘူးလေကိုယ်လဲသဘောတူတယ်မှတ်လိုက်တာပေါ့"
"အော်!"
အော်တစ်လုံးကလွှဲပြီးပြည့်စုံမှာဘာထပ်ပြောရမှန်းမသိတော့ပေ။
လပြည့်နေပွဲတော်ရောက်ဖို့ရက်အနည်းသာလိုတော့သည့်အချိန်တွင်နက္ခသာမကပြည့်စုံပါစိတ်လှုပ်ရှားနေမိသည်။ဘာပဲဖြစ်ဖြစ်နက္ခကသူ့ရဲ့ချစ်ရသူပဲမလား။ယခုဆိုသူ့မိဘတွေနှင့်လည်းအဆက်အသွယ်ရနေပြီဖြစ်ပြီးအရာအားလုံးအဆင်ပြေနေပြီဖြစ်သည်။
"မေမေ..ခုနှစ်ရက်ပဲလိုတော့တယ်နော်လာမယ်မဟုတ်လားဟင်"
ပြည့်စုံမြွေသေးသေးရဲ့ခေါင်းကိုနှိပ်လိုက်တော့ထိုမြွေကပါးစပ်အကျယ်ကြီးဟပေးလာသည်။
"လာမှာပေါ့သားရဲ့သားဖေဖေကနည်းနည်းစိတ်ဆိုးနေသေးပေမယ့်မေမေတို့အားလုံးလာကြမှာအဲ့တာကြောင့်စိတ်မပူနဲ့နော်မိုမိုလေ"
"ဖေဖေကသားနဲ့ဖုန်းမပြောချင်ဘူးတဲ့လားဟင်"
"သားဖေဖေကဘာလို့မပြောချင်ရမှာတုန်းသူကနည်းနည်းလေးရှက်နေတာပါအခုသားလက်ထပ်ပွဲမှာဝတ်ဖို့ဝတ်စုံကိုတောင်သူကိုယ်တိုင်သေချာရွေးနေတာ"
"ဟင့်..တော်သေးတာပေါ့သားကဟင့်..သားကဖေဖေစိတ်ဆိုးပြီးမလာတော့မှာကြောက်နေတာ"
ဖုန်းချပြီးသွားသော်လည်းပြည့်စုံမှာအငိုမရပ်နိုင်သေး။နက္ခရင်ခွင်တိုးဝင်ကာတစ်အီအီငိုရှုက်နေသည်။
"မျက်လုံးတွေနာမယ်လေပြည့်စုံရယ်"
"အဲ့တာဘယ်သူကြောင့်ဖြစ်တာလဲ..ငါကဘယ်သူ့ကြောင့်ငိုနေရတာမို့လဲ"
"ပြည့်စုံလေးဖေဖေကြောင့်မလားပြောကိုယ့်သူ့ကိုဘာသွားလုပ်ပေးရမလဲ"
"အီး..လူယုတ်မာကောင်ကြီးမင့်ကိုလက်မထပ်ဘူးသွားမင့်ကိုမမြင်ချင်တော့ဘူးထွက်သွား"
"သိပြီ..သိပြီအဲ့တာကိုယ်ကြောင့်မလားတိတ်,တိတ်မငိုနဲ့တော့မျက်လုံးတွေနာကုန်တော့မယ်ကိုယ့်ကိုပဲကြိုက်တာလုပ်လိုက်နော်"
ထို့နောက်နက္ခတစ်ကိုယ်လုံးကိုက်ရာတွေနှင့်ပြည့်နှက်သွားတော့သည်။
ထိုအနေအခြေအနေကိုကျေနပ်ပျော်ရွှင်နေကြတဲ့လူတစ်ခုလည်းရှိကြသည်။ထိုလူများမှာအရှင့်သားနန်းဆောင်မှအစေခံများဖြစ်လေသည်။
'နောက်ဆုံးတော့အရှင့်သားဝဋ်ဆိုတာဘာမှန်းသိသွားလောက်ပြီ'
______________________________________
614❤️
______________________________________
"မယ္ေတာ္ကလက္ဆတ္ဖို႔ခြင့္ျပဳလိုက္ၿပီဒီတစ္ခါလျပည့္ရင္ကိုယ္တို႔လက္ထပ္ၾကမယ္"
ျပည့္စံုမ်က္လံုးေတြကေဒါသေၾကာင့္နီရဲေနေသာ္လည္းဘာတစ္ခြန္းမွဟမလာေခ်။
"ျပည့္စံုေလးမျငင္းမွန္းကိုယ္သိၿပီးသားပါကိုယ့္တို႔လက္ထပ္ပြဲေန့ၾကရင္ျပည့္စံုေလးရဲ့မိဘေတြကိုလည္းအသိေပးဖိတ္ၾကားမယ္အဲ့ေနၾကရင္လည္းျပည့္စံုေလးကလိမ္မာရမယ္ေနာ္ကိုယ္ကလူဆိုးႀကီးမျဖစ္ခ်င္ဘူး"
ျပည့္စံုကိုယ္ကဆတ္ခနဲတုန္ယင္သြားသည္။
ယခုေတာ့ျပည့္စံုႀကီးမားၿပီးခမ္းနားလွတဲ့ေတာ္ဝင္အိပ္ခန္းေဆာင္ထဲေျပာင္းေရြ့ေနရၿပီျဖစ္သည္။
မယ္ေတာ္ႀကီးမ်က္ႏွာကေဒါသေၾကာင့္နီရဲေနသည္။
"သားေတာ္ကဘာလို႔ၾကင္ယာေတာ္အခန္းဆီသြား,သြားေနရတာလဲၾကင္ယာေတာ္ေလးဆယ္ရွစ္ႏွစ္ျပည့္တဲ့အထိအတူတူမေနရဘူးလို႔မယ္ေတာ္ေသခ်ာမွာၾကားထားတယ္မလားမင့္ခမည္းေတာ္ရဲ့စားပြဲကိုၾကည့္လိုက္စမ္းအဲ့စာရြက္အပံုႀကီးကသားေတာ္ၾကင္ယာေတာ္အခန္းဆီသြားတဲ့အေၾကာင္းတိုင္ၾကားစာေတြပဲဘာလို႔ဒီေလာက္ေတာင္စကားနားမေထာင္ရတာလဲ"
ဇနီးဘက္မွအၿမဲတမ္းရပ္တည္တတ္တဲ့မင္းႀကီးကဒီတစ္ခါေတာ့သားေတာ္ကိုစာနာသလိုၾကည့္လာသည္။အသက္ေစ့တာမေစ့တာေနာက္ထားကိုယ့္ခ်စ္သူနဲ႔ပတ္သက္ရင္လူတိုင္းကထိန္းခ်ဳပ္ႏိုင္စြမ္းမဲ့ၾကတာခ်ည္းသာ။
"သားေတာ္ရဲ့ၾကင္ယာေတာ္ပဲဟာ"
ဖိဖုရားႀကီးမွာမ်က္ျဖဴလွန္မိမတတ္ပင္။
"ဘာအေၾကာင္းျပခ်က္မွထပ္မၾကားခ်င္ဘူးေနာက္တစ္ခါၾကင္ယာေတာ္ေလးအခန္းထဲထပ္ဝင္ရင္.."
"လက္ေတာင္ထပ္ေတာ့မွာကို"
နကၡမွာၾကင္ယာေတာ္ေလးႏွင့္အတူအိပ္စက္ႏိုင္ရန္ႏုတ္ခမ္းတစ္ေထာ္ေထာ္ႏွင့္အယူခံဝင္ေနရသည္။
"ဟဲ့..ေကာင္စုတ္ရဲ့လက္ထပ္ေပးတယ္ဆိုတာကသားေတာ္ရဲ့အျမဳေတကသူ႔ဆီထည့္သြင္းၿပီးသားျဖစ္ေနလို႔ေလေဝးေဝးေနၾကရင္သားေတာ္တို႔ႏွစ္ေယာက္လံုးနာက်င္ၾကရမွာမို႔.."
မိခင္ျဖစ္သူရဲ့စကားမဆံုးမီနကၡမေအာင့္ႏိုင္ေတာ့ပဲျဖတ္ေျပာလိုက္သည္။
"သားေတာ္တို႔ေပါင္းစည္းၿပီးၾကၿပီ"
"ဘာ..ဘာရယ္!"
ၾကင္ယာေတာ္မိဖုရားဟာပါးစပ္ပင္ျပန္မပိတ္ႏိုင္ေအာင္အံ့ၾသေနသလိုဘုရင္ႀကီးကလည္းသူ႔ရဲ့သားေတာ္ကိုအားက်မနာလိုစြာၾကည့္ေနသည္။
'သူ႔တုန္းကက်လျပည့္ေနပြဲအထိေစာင့္ခဲ့ရတာကို'
ျပည့္စံုေနရသည့္အိပ္ခန္းေဆာင္ကအေဆာက္အၪီးရဲ့အျမင့္ဆံုးေနရာမွာတည္ရိွတာေၾကာင့္ၿမိဳ႔တစ္ခုလံုးကိုျမင္ေနရသည္။ပန္းၪီးယဥ္မွလာသည့္ေမြ့ပ်ံ့ပ်ံ့ရနံ႔ေလးမ်ားကိုလဲတစ္ခ်က္,တစ္ခ်က္ရတတ္သည္။
'သူ႔မိဘေတြသူ႔ကိုစြန္႔ျပစ္ခဲ့တာမ်ိဳးဆိုရင္သူဝမ္းနည္းေပမယ့္လဲနည္းနည္းေတာ့ေပ်ာ္ရႊင္ႏိုင္လိမ့္မည္ယခုေတာ့ထိုသို႔မဟုတ္ပဲအတင္းအဓမၼေခၚခံခဲ့ရသည္တဲ့'
"ဘာေတြေတြးေနတာလဲၾကင္ယာေတာ္ေလးထြက္ေျပးဖို႔ေတြးေနတာဆိုရင္ခ်က္ခ်င္းရပ္လိုက္ေနာ္မဟုတ္ရင္ကိုယ္ကမင့္ကိုေႁမြေတျြပည့္ေနတဲ့အခန္းထဲထည့္ပိတ္ထားလိုက္မွာ"
"ၿပီးရင္ငါ့မိဘေတြကိုသတ္မွာမလား"
"အင္း!"
"မင္း!"
"ကိုယ့္ကိုခ်စ္လားဟင္"
"ငါကဘာလို႔မင့္ကိုခ်စ္ရမွာလဲလူယုတ္မာေကာင္ရဲ့မင္းသာငါ့ကိုေခၚမလာရင္ငါကငါ့ဘဝနဲ႔ငါေပ်ာ္စရာေကာင္းေနမွာကိုမင္းကဘာလို႔လာဝင္ရႈပ္ရတာလဲ"
နကၡမွာအၿပံဳးပင္မပ်က္
"မသိဘူးကိုယ္ဒီတိုင္းမင့္ကိုစျမင္,ျမင္ခ်င္းမွာပဲရူးေနေအာင္သေဘာက်သြားခဲ့တာအဲ့တုန္းကကိုယ္ေတြးမိတာတစ္ခုပဲရိွတယ္မင္းကကိုယ့္ၾကင္ယာေတာ္ေလးပဲအဲ့တာေၾကာင့္ေခၚသြားၿပီးလက္ထပ္ရမယ္လို႔ေလ"
"ငါကေရာငါ့ဆႏၵကေရာငါလိုက္ခ်င္ရဲ့လားဆိုတာဘာလို႔နည္းနည္းေလးေတာင္မေမးရတာလဲလူယုတ္မာေကာင္ရဲ့"
နကၡမ်က္ႏွာကမတရားခံရသလို႔ရႈံ႔တြသြားသည္။
"ကိုယ္ေသခ်ာေပါက္ကိုယ့္ေနာက္လိုက္ခ်င္လားလို႔ေမးခဲ့တာေပါ့အဲ့တုန္းကျပည့္စံုေလးကကိုယ့္ရင္ခြင္ထဲမွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနၿပီးဘာမျွပန္ေျဖမလာခဲ့ဘူးေလကိုယ္လဲသေဘာတူတယ္မွတ္လိုက္တာေပါ့"
"ေအာ္!"
ေအာ္တစ္လံုးကလႊဲၿပီးျပည့္စံုမွာဘာထပ္ေျပာရမွန္းမသိေတာ့ေပ။
လျပည့္ေနပြဲေတာ္ေရာက္ဖို႔ရက္အနည္းသာလိုေတာ့သည့္အခ်ိန္တြင္နကၡသာမကျပည့္စံုပါစိတ္လႈပ္ရွားေနမိသည္။ဘာပဲျဖစ္ျဖစ္နကၡကသူ႔ရဲ့ခ်စ္ရသူပဲမလား။ယခုဆိုသူ႔မိဘေတြႏွင့္လည္းအဆက္အသြယ္ရေနၿပီျဖစ္ၿပီးအရာအားလံုးအဆင္ေျပေနၿပီျဖစ္သည္။
"ေမေမ..ခုႏွစ္ရက္ပဲလိုေတာ့တယ္ေနာ္လာမယ္မဟုတ္လားဟင္"
ျပည့္စံုေႁမြေသးေသးရဲ့ေခါင္းကိုႏိွပ္လိုက္ေတာ့ထိုေႁမြကပါးစပ္အက်ယ္ႀကီးဟေပးလာသည္။
"လာမွာေပါ့သားရဲ့သားေဖေဖကနည္းနည္းစိတ္ဆိုးေနေသးေပမယ့္ေမေမတို႔အားလံုးလာၾကမွာအဲ့တာေၾကာင့္စိတ္မပူနဲ႔ေနာ္မိုမိုေလ"
"ေဖေဖကသားနဲ႔ဖုန္းမေျပာခ်င္ဘူးတဲ့လားဟင္"
"သားေဖေဖကဘာလို႔မေျပာခ်င္ရမွာတုန္းသူကနည္းနည္းေလးရွက္ေနတာပါအခုသားလက္ထပ္ပြဲမွာဝတ္ဖို႔ဝတ္စံုကိုေတာင္သူကိုယ္တိုင္ေသခ်ာေရြးေနတာ"
"ဟင့္..ေတာ္ေသးတာေပါ့သားကဟင့္..သားကေဖေဖစိတ္ဆိုးၿပီးမလာေတာ့မွာေၾကာက္ေနတာ"
ဖုန္းခ်ၿပီးသြားေသာ္လည္းျပည့္စံုမွာအငိုမရပ္ႏိုင္ေသး။နကၡရင္ခြင္တိုးဝင္ကာတစ္အီအီငိုရႈက္ေနသည္။
"မ်က္လံုးေတြနာမယ္ေလျပည့္စံုရယ္"
"အဲ့တာဘယ္သူေၾကာင့္ျဖစ္တာလဲ..ငါကဘယ္သူ႔ေၾကာင့္ငိုေနရတာမို႔လဲ"
"ျပည့္စံုေလးေဖေဖေၾကာင့္မလားေျပာကိုယ့္သူ႔ကိုဘာသြားလုပ္ေပးရမလဲ"
"အီး..လူယုတ္မာေကာင္ႀကီးမင့္ကိုလက္မထပ္ဘူးသြားမင့္ကိုမျမင္ခ်င္ေတာ့ဘူးထြက္သြား"
"သိၿပီ..သိၿပီအဲ့တာကိုယ္ေၾကာင့္မလားတိတ္,တိတ္မငိုနဲ႔ေတာ့မ်က္လံုးေတြနာကုန္ေတာ့မယ္ကိုယ့္ကိုပဲႀကိဳက္တာလုပ္လိုက္ေနာ္"
ထို႔ေနာက္နကၡတစ္ကိုယ္လံုးကိုက္ရာေတြႏွင့္ျပည့္ႏွက္သြားေတာ့သည္။
ထိုအေနအေျခအေနကိုေက်နပ္ေပ်ာ္ရႊင္ေနၾကတဲ့လူတစ္ခုလည္းရိွၾကသည္။ထိုလူမ်ားမွာအရွင့္သားနန္းေဆာင္မွအေစခံမ်ားျဖစ္ေလသည္။
'ေနာက္ဆံုးေတာ့အရွင့္သားဝဋ္ဆိုတာဘာမွန္းသိသြားေလာက္ၿပီ'
______________________________________
614❤️
______________________________________