အချစ်ထက်သာလွန်သော[Completed]

By Ta_yaw2006

905K 50.3K 3.2K

"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
memo
ART
Book!!

ဇာတ်သိမ်းပိုင်း

38.4K 1.5K 308
By Ta_yaw2006

Unicode

ဂျူတီကုတ် ကိုခေါက်ကာသိမ်းလို့ တာဝန်ချိန် ပြီးသွားပြီမို့ စဥ်ဝင်အောက်က ဆိုင်ကယ်ကိုထုတ်၊စက်သံနှိုးကာ ထွက်ဖို့အပြင်  ခပ်လှမ်းလှမ်းမှာ ဆရာမတစ်ယောက်က ကျွန်တော့်ကို လှမ်းခေါ်ဟန်ပြနေတာမို့ ဆိုင်ကယ် စက်သတ်လိုက်၏။

"ဆရာရေ နေဦးနေဦး"

"ဖြေးဖြေးလာပါ ဆရာမရယ် ကျွန်တော်ထွက်မပြေးပါဘူး"

"ကျွန်မပေးစရာရှိလို့ ဒီနေ့တစ်နေကုန်အလုပ်ရှုတ်နေတာနဲ့ မပေးဖြစ်ဘူး အခုမှသတိရလို့ တော်သေးတယ်"

" ဘာများလဲ ဆရာမ"

ကျွန်တော့်အမေး၌ ဆရာမကမဖြေအားပဲ သူ့ဘေးလွယ်အိတ်ထဲနှိုက်ကာ ဖိတ်စာတစ်စောင်ကမ်းပေးလာ၏။ ဖိတ်စာယူကာ ဘာဖိတ်စာမှန်း မဖတ်ရသေးတဲ့ကျွန်တော်က ရှိရင်းစွဲအပြုံးနဲ့ ဝမ်းသာစွာဖြင့်

"ဆရာမတောင်မင်္ဂလာဆောင်တော့မှာလား "

ထိုအခါ ဆရာမက ရှက်သွားသလို မျက်လွှာချရင်း ပြာသလဲလဲရှင်းပြလာသည်။

"ဟယ် ဆရာကလည်း မဟုတ်ပါဘူး ကျွန်မဖြင့်ယူစရာ လူတောင်မရှိဘူး ဖိတ်စာလည်းဖတ်ကြည့်ဦး မွေးနေ့ဖိတ်စာ ဆရာ့လူနာတစ်ယောက်ကဖိတ်ခိုင်းလိုက်တာ အစက အဲ့ကောင်မလေးက သူကိုယ်တိုင်ဖိတ်မယ်ဆိုပြီး ဆရာ့ကိုထိုင်စောင့်နေသေးတယ် ဒီနေ့ကဆရာလည်း လူနာများနေတာနဲ့မအား အဲ့တာနဲ့ ကျွန်မကိုတစ်ဆင့်ဖိတ်ခိုင်းလိုက်တာ"

"ဪ ဟုတ်ပြီ ဟုတ်ပြီ ကျေးဇူးပဲဗျ ဆရာမ"

"ရတယ်ရတယ် ဒါနဲ့ ဆရာ့သူငယ်ချင်းလား ခါတိုင်းသူလာကြိုနေကျပါ အခုရက်ပိုင်းမတွေ့လို့"

"ဟုတ်တယ် သူ ရန်ကုန်ကို အလုပ်ကိစ္စနဲ့ ခဏ သွားနေတာ အဲ့တာနဲ့ ကျွန်တော်လည်း ကိုယ့်ဘာသာ လာခဲ့လိုက်ရတော့တာ"

ကျွန်တော့်အသံက ပင်ပန်းအားလျော့ခြင်းများအပြည့်။အလုပ်လုပ်ရတာ ပုံမှန်ထက် ၂ဆပင်ပန်းနေသလို။သေချာတာက လူပင်ပန်းတာထက် စိတ်ပင်ပန်းတာလို့ပြောရင် ပိုမှန်မည်။ အကြောင်းအရင်းကိုပြောရရင် လွမ်းစေသော်ကလွဲ ဘယ်သူရှိဦးမှာလဲ။၃ရက်တောင်ရှိနေပြီ ဒီချိန်ဆို လွမ်းစေသော် ပြန်လာသင့်ပြီလို့ ကျွန်တော်တွေးမိသည်။သို့သော် အလုပ်ကိစ္စနဲ့ သွားတာမို့ ပြန်လာတော့လို့လည်း ခေါ်လို့မရ ကျွန်တော့်အဖြစ်က နည်းနည်းတော့ ခံရခက်သည်။

"ဆရာတို့နှစ်ယောက်ကတော်တော်ရင်းနှီးတယ်ထင်တယ်နော်"

"ဟုတ်တယ်ဗျ ငယ်ပေါင်းလည်းဖြစ်တာရော ပြီးတော့..."

အတွေးထဲဝင်ရောက်လာတဲ့ စကားတစ်ခွန်း "မင်းက ငါ့အတွက် အနှိုင်းအဆမဲ့တယ် ချစ်ငယ်  ချစ်တယ်ဆိုတာထက် အများကြီးသာတယ်" ။ဟုတ်တာပေါ့ လွမ်းစေသော်က ကျွန်တော် ချစ်ရတဲ့လူ။

"လွမ်းစေသော်က ကျွန်တော့် ချစ်သူလည်း ဖြစ်ဆိုတော့ တော်တော်ရင်းနှီးတယ်"

"ရှင်"

ကျွန်တော့်စကားအဆုံး ကြောင်အသွားတဲ့ ဆရာမဖြစ်သူကို ခေါင်းတစ်ချက်ငြိမ့်ပြကာ ခပ်အေးအေးလေးပြုံးပြရင်း နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်တော့သည်။ လွမ်းစေသော်ဟာ ကျွန်တော့်ချစ်သူဖြစ်ကြောင်း ဖုံးကွယ်စရာမှမလိုပဲလေ။ ကျွန်တော်ဟာ ပတ်ဝန်းကျင်အတွက် အသက်ရှင်နေတာမှမဟုတ်ပဲ။လွမ်းစေသော်အတွက် အသက်ရှင်နေတာ။ဒီတော့ ပတ်ဝန်းကျင်အမြင်က အရေးကြီးမတဲ့လား။

"အာ...အေးတယ်ကွာ"

အိမ်ရောက်ကာ ရေမိုးချိုးရင်း ချမ်းစိမ့်စိမ့်ရာသီဥတုနဲ့ ကုတင်ပေါ်က စောင်ပါးပါးလေးက ဥတုဒဏ်မခံနိုင်တော့ ကုတင်အောက်က သံသေတ္တာစိမ်းကြီးကိုဆွဲထုတ်ကာ အထူးအပါးမျိုးစုံထည့်ထားတဲ့ စောင်တွေကြား နွေးနိုင်မဲ့ စောင်တစ်ထည်ကို မွှေထုတ်ယူရင်း သံသေတ္တာ က ဖုန်အနည်းငယ် ပေနေတော့ အဝတ်စုတ်နဲ့ သန့်ရှင်းကာ တံမြတ်စည်းတစ်ချောင်းကိုယူရင်း ကုတင်အောက်ကို လှည်းကျင်းလိုက်လျှင်
အရာဝတ္ထုတစ်ခုကို တွေ့ရလိမ့်မည်။ယွန်းသေတ္တာအသေးစားလေးတစ်ခု။ဘာရယ်မဟုတ် တံမြတ်စည်းကို လွှတ်ချကာ ယွန်းသေတ္တာလေးကို ဖွင့်ကြည့်မိတော့ ကျွန်တော့် ပါးစပ်ပင် အနည်းငယ်ပွင့်ဟသွားတော့သည်။ဒါတွေက...။

ကျွန်တော့်လက်မှတ်ပါတဲ့ စာရွက်​လေးတစ်ရွက်ရယ်  ကျွန်တော့်လက်ရေးပေါင်းမျိုးစုံပါတဲ့ စာရွက်လေးတွေရယ်။နွမ်းပါးနေတဲ့ ၁ထောင်တန်နဲ့၅၀၀တန်အရွက်ရယ် ဒါ့အပြင် memorie card တွေရယ်။ ကျွန်တော် တစ်ခုချင်းဆီကို အသာအယာထိတွေ့မိရင်း တုန်ရီလာတဲ့ ကျွန်တော့်လက်တွေ။ဒါတွေကိုမှတ်မိတာပေါ့။ အတင်းကာရော နာမည်တပ်ခိုင်းခဲ့တာတွေ လက်မှတ်ထိုးခိုင်းခဲ့တာတွေ။ဘောလုံးပွဲလောင်းတုန်းက ကျွန်တော်ရှုံးလို့ပေးခဲ့တဲ့ ပိုက်ဆံ ၁၅၀၀။ဒါတွေကိုလွမ်းစေသော် သိမ်းထားခဲ့တာလား။

ကျေနပ်စွာပြုံးမိရင်း မသိလိုက်ပါပဲ ကျမိတဲ့ မျက်ရည်တွေ။memories cardတွေကိုယူကာ ဖုန်းနဲ့ဖွင့်ကြည့်လိုက်လျှင် ကျွန်တော်တောင်မသိတဲ့ ဓါတ်ပုံပေါင်းများစွာ ပုံပျက်ပန်းပျက်အိပ်နေတဲ့ ကျွန်တော်ပုံတွေ။ဒါအပြင် ဘယ်တုန်းကရိုက်ထားမှန်းမသိတဲ့လျှပ်တပြက်ပုံတွေ။ ပြီးတော့ vdလေးတစ်ခု။ ကျွန်တော်စိတ်ဝင်တစားနဲ့ဖွင့်ကြည့်မိတော့ ထွက်ပေါ်လာတဲ့ အသံတိုးတိုး။

"ကိုကို...ချစ်တယ်"

ကိုင်ထားတဲ့ ကျွန်တော့်ဖုန်းမှာ လွတ်ကျသွားတော့၏။ဒါ ဒါဆို...ကျွန်တော် အဲ့တုန်းကတည်းက လွမ်းစေသော်ကို ဖွင့်ပြောခဲ့တာလား။လွမ်းစေသော်  သိနေခဲ့သည်လား။ဘုရားရေ

သိမ့်ကနဲ့ ဖြစ်လာတဲ့ရင်နဲ့ သိသိသာသာ ဝေဝါးလာတဲ့ မြင်ကွင်းတွေ။ ကြမ်းပြင်ထက် ခစားသွားတဲ့ကျွန်တော့်မျက်ရည်စက်တွေက မနည်းမနော။ဒီအရူးကောင်ကို ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့်ကို ရူးအောင်လုပ်နေတာ။ချစ်လွန်းလို့ ရူးအောင်လုပ်နေတာ။

"အရူးကောင်....သေမလိုပဲကွာ"

မျက်ရည်တွေကို အင်္ကျီစနဲ့သုတ်ဖယ်ရင်း ယွန်းသေတ္တာကိုနေရာတကျ ပြန်လည်သိမ်းဆည်းလိုက်တော့၏။ဘယ်သူသိမှာလဲ။ယွန်းသေတ္တာထဲ အမှတ်တရအချို့ထပ်ရှိနေသေးတယ်ဆိုတာ။ကျွန်တော် ထပ်ထည့်ထားတဲ့ နှင်းဆီပွင့်ခြောက်လေးရယ် ကံ့ကော့်ပွင့်ခြောက်လေးရယ် ပြီးတော့ လွမ်းစေသော်ချော့ခဲ့တဲ့ စာရွက်ဟောင်းလေးရယ်။

......

"ချစ်ငယ် ညစာစားပြီးပြီလား"

"အေး ပြီးပြီ မင်းရော"

"ကိုကိုလား ဟင်း...မစားရသေးပါဘူးကွာ အလွမ်းဓါတ်ခံနဲ့ဆိုတော့ ဘာမှကိုစားမဝင်ဘူး"

ဖုန်းမျက်နှာပြင်ထက်က မြင်နေရတဲ့မျက်နှာက အရင်ကထက် အနည်းငယ်ချောင်ကျသွားတာမို့ လွမ်းစေသော်အပိုတွေ ပြောနေတာမဟုတ်မှန်း အသိအသာ။ထို့နောက် ကျွန်တော်စိုးရိမ်စွာဖြင့် ပြောလိုက်မိတာက

"ထမင်းလေး ဘာလေးလည်းစားဦး ရန်ကုန်မှာတင်လျောသွားမယ်"

"ဟာ...ချစ်ငယ်ကွာ ကိုကို့ကို မလွမ်းဘူးထင်တယ် အင်းလေ အဲ့လိုဆိုတော့လည်း ဒီကလူ အသည်းနာရုံပေါ့ကွာ"

"ဒီအရူးကောင်ကတော့..."

တိုင်ကပ်နာရီစက္ကန့်လက်တံ တဂျက်ဂျက်က ကျွန်တော့်နှစ်ယောက်ရဲ့ တိတ်ဆိတ်သွားတဲ့ အခြေအနေကြား ကြီးစိုးသွားတော့သည်။ပြောရမှာအနည်းငယ်တုန့်ဆိုင်းနေတဲ့ ကျွန်တော် လွမ်းစေသော်ရဲ့မျက်နှာကိုတစ်ချက်ကြည့်ရင်း မဝင့်မရဲပြောထွက်မိတဲ့စကား

"လွမ်းတယ်"

"ဘာကြီး"

"..."

"ဘာပြောလိုက်တာလဲ ကိုကိုသေချာ မကြားရဘူးကွာ"

လွမ်းစေသော်ရဲ့ စပ်ဖြီးဖြီးမျက်နှာထားက ကျေနပ်နေမှန်း သိသာစွာ။ကျွန်တော်ရှက်နေမှန်းသိလို့ လိုက်စနေတဲ့သူအား အလျော့ပေးလိုက်သလို အနည်းငယ် ကျယ်တဲ့လေသံနဲ့

"လွမ်းတယ်"

"ဟမ် ဟမ်"

ထပ်မံ၍ ဖုန်းနား နားကပ်ကာ တဟမ်ဟမ်လုပ်နေတဲ့သူကို ကျွန်တော်စိတ်မရှည်တော့။

"လွမ်းပါတယ်ဆိုကွာ ဒီသောက်ရူးကောင်ကလည်း"

ထိုအခါ ကျယ်လောင်စွာထွက်ပေါ်လာတဲ့ လွမ်းစေသော်ရဲ့ရယ်သံ။ကျွန်တော်ပင် ရှက်စိတ်ပြယ်ကာ ယောင်ရမ်းရီမိတော့သည်။

"မနက်ဖြန် ဒင်နာပွဲသွားစရာရှိတယ်"

"ဘယ်လဲ"

"ငါ့အရင်လူနာလေ မင်းသိပါတယ် ဖူးဖူးဆိုတဲ့တစ်ယောက် သူ့မွေးနေ့"

"..."

ဖုန်းမျက်နှာပြင်ကို ကျွန်တော်ကြည့်လိုက်လျှင် မျက်မှောင်ကြုတ်ကာ နှာမှုတ်နေတဲ့ လွမ်းစေသော်ကိုတွေ့ရလိမ့်မည်။ သိတယ် ဒီပွဲကို လွမ်းစေသော် မသွားစေချင်တာ။

အရင်က ထိုကလေးမလေး တုတ်ကွေးနဲ့ဆေးရုံတက်လိုက်ရပြီး ကျွန်တော်တာဝန်ယူကုသပေးခဲ့ရတဲ့ လူနာမလေး။ ဆယ်ကျော်သက်အရွယ် ကလေးမလေး ဖူးဖူးက ကျွန်တော်နဲ့ အနေမနီးဘူးဆိုရင်တောင်အမြဲတမ်းတွေ့နေမြင်နေရတာမို့  စိတ်ကစားတဲ့အရွယ်ပေမို့ စိတ်ရှိတာမျိုးဖြစ်လာတော့ ကျွန်တော့်ဘက်က ဖူးဖူးကိုငြင်းဆိုခဲ့ပေမဲ့ လွမ်းစေ​သော်ကတော့စိတ်ချပုံမပေါ်။ လွမ်းစေသော် စိတ်ဆန္ဒကိုသိချင်လို့ ကျွန်တော်ကိုယ်တိုင် ဒီလိုပြောပြချင်းပင်။ဒါကိုလွမ်းစေသော် နားမလည်စွာဖြင့် တစ်ယောက်ထဲကြိတ်သဝန်တိုနေ၏။

"မသွားလို့ မရဘူးလား"

"ဘာလို့မသွားရမှာလဲ ငါ့လူနာလေ"

မသွားနဲ့ဆို မသွားရုံပေါ့။သို့သော် ကျွန်တော်ရုပ်တည်ဖြင့်စနေတာကို လွမ်းစေသော် သိဖို့ကောင်းသည်။

"မသွားရဘူး"

"သွားရမှာပေါ့ မသွားရင်အားနာစရာကြီးလေကွာ"

"မသွားရဘူးလို့ ကိုကို ပြောနေတယ်လေကွာ"

"အေးကွာ သွားမယ်ကွာ"

"ချစ်ငယ်"

"ဘာလဲ"

"မင်းကိုအငယ်မို့လို့ ငါအလျော့ပေးထားတာ အဲ့တာကိုရောင့်တက်မလာနဲ့"

"အေး အဲ့တော့ မင်းကဘာဖြစ်ချင်.."

"ချော့ချင်"

ကျွန်တော်သဘောကျကာ ဟပ်ဟပ်ပက်ပက်ရယ်မိတော့လွမ်းစေသော်ကပါ ထပ်မံရယ်လာတော့သည်။ ထို့နော် လွမ်းစေသော်ကချောင်းတစ်ချက်ဟန့်ရင်း

"မသွားပါနဲ့  နော်"

"မသွားပါဘူးကွာ ငါစနေတာ မင်းထမင်းလေးဘာလေးလည်းစားဦး ကြားလား ငါပြောတာ"

"ဟုတ်ပြီ အခုပဲ စားလိုက်မယ်"

"အဲ့တာဆို ဒါပဲ"

"အင်း စောစောအိပ် ဒါပဲနော် ချစ်တယ် ကိုကို့ကလေးလေး "

ဖုန်းမချသေးပါဘဲ ကျွန်တော့်အပြောကို စောင့်နေသူကို တစ်ချက်ကြည့်ရင်း ရှက်ရှက်ဖြင့်မျက်နှာလွဲမိတာက ကျွန်တော်။ကျွန်တော် မရိုးသွားတဲ့ အခြေအနေထဲ  ဒီအခြေလည်းပါတယ်။ လွမ်းစေသော်ဘက်က ချစ်တယ်ပြောတိုင်း ကျွန်တော့်ဘက်က အခုချိန်ထိ ရှက်ရစမြဲ။ ချောင်းတစ်ချက်ဟန့်ရင်း ပြောပြီးတာနဲ့ ချက်ချင်းဖုန်းတန်းချဖို့ပါ လက်ကနေရာယူပြီးသား

"အင်း ချစ်တယ်"
....

နားထဲတကျွိကျွိဝင်လာတဲ့ စာကလေးသံ။ကျွန်တော့် လက်ဖျံထံ နေရောင်ကျရောက်လို့ ထင်သည် အနည်းငယ်ပူနေသလို ခံရစားရ၏။ဒါအပြင် ကျွန်တော့်ကျောပြင်ပါ ပူနေသလိုခံစားရသည်။ တကိုယ်လုံး ချုပ်နှောင်ထားသလို အသက်ရှူမဝကာ အိပ်နေရာက ဟိုလှုပ်ဒီလှုပ်ဖြင့်  ကျွန်တော်နှိုးလာတော့သည်။ မျက်လုံးဖွင့်ဖွင်ချင်း မြင်လိုက်ရတာက  ကျွန်တော့်ခါးပေါ်တင်းကျပ်စွာဖက်ထားတဲ့ လက်တစ်ဖက်။တပြိုင်နက် သတိထားလိုက်မိတဲ့ ရင်းနှီးနေကျ ကိုယ်သင်းနံ့။အယောင်ယောင်အမှားမှားနဲ့  ခေါင်းကိုနောက်ပြန်ကြည့်မိတော့ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့ လွမ်းစေသော်ကို တွေ့လိုက်ရ၏။ ကျွန်တော်ကြောင်အစွာ ငေးကြည့်နေတုန်း လွမ်းစေသော်က  တစ်ချက်သမ်းဝေကာ နှိုးလာ၏

"ဘယ်အချိန်ကတည်းက ပြန်ရောက်နေတာလဲ"

"အင်း မနေနိုင်လို့ ပြန်လာခဲ့လိုက်တာ မနေ့ညကတည်းက ရန်ကုန်ကနေချက်ချင်းထွက်လာခဲ့တာ"

"အဲ့တော့ မင်းဘယ်ချိန်လောက်က ထွက်လာပြီး  ဘယ်ချိန်ပြန်ရောက်လာတာလဲ"

"Video call ပြောပြီး ညစာစားပြီးတော့ လုံးဝမနေနိုင်တာနဲ့ ထွက်လာခဲ့တာ ဒီရောက်တော့ ၅နာရီလား ၆နာရီလား မမှတ်မိတော့ဘူး"

"မပြောမဆိုတွေလုပ်လာပြန်ပြီ မင်းအလုပ်ကိစ္စတွေကရော ပြီးခဲ့ရဲ့လား"

"မသိတော့ဘူး ထားလိုက်တော့ကွာ အဝယ်တော်ကို လွဲထားခဲ့လိုက်တယ် ခရီးပန်းလာလို့ အိပ်ဦးမယ်"

"အင်း အိပ်အိပ် "

စောင်ပုံထဲကနေထကာ တိုင်ကပ်နာရီကြည့်မိတော့ မနက်၈နာရီ။ဒီနေ့ Night Duty မို့တော်သေးသည်။
ခါတိုင်း မနက်စာဆိုလျှင် လွမ်းစေသော် ပြင်ပေးသော်ငှား ဒီနေ့တော့ ကိုယ်တိုင်လုပ်ရတော့မှာမို့ မနက်စာပြင်ဖို့ အရေးသာလုပ်ရတော့မည်။

"ဘယ်လဲ"

"ထတော့မယ်လေ"

"မထနဲ့ လာ ပြန်အိပ် "

လွမ်းစေသော်ရဲ့ ဆွဲချမှုအားနဲ့အတူ ရင်ခွင်ထဲပစ်ဝင်သွားကာ စောင်ပုံထဲ ပြန်လည်ရောထွေးသွားတော့၏။ကျွန်တော်ဘာမှမပြောတော့ပဲ နေမြဲအတိုင်းသာနေရင်း တဖန်အိပ်ပျော်သွားတော့သည်။

....

3ကျောင်းရဲ့ အဓိက ကျောင်းဆောင်ကြီးဆီက စိတ်ဓါတ်၊စည်းကမ်း၊ပညာဆိုတဲ့ ခေါင်းစဥ်နဲ့အတူ"Building a Modern_developed Nation through Education "ဆိုတဲ့စာသားကြီးပါ ထီးထီးကြီးတွေ့မြင်ရ၏။ကျောင်းဝင်းအတွင်း ပြေးလွှားဆော့ကစားနေကြတဲ့ ကလေးကများများစားစားသိပ်မရှိ။အများစုက လူကြီး လူလတ်ပိုင်းများသာ။ ကျောင်းတော်ကြီးဆီပြန်ရောက်တော့ ငယ်ငယ်ကအတိတ်ကို ပြန်လွမ်းသွားသယောင်။ကျွန်တော်တို့တက်ခဲ့တဲ့စာသင်ဆောင်တွေ။ကျွန်တော်တို့ ဆော့ခဲ့တဲ့ဘောလုံးကွင်း။ ကျွန်တော်တို့တွေ မမောမပန်းပဲ တိုးဝေ့ကာဝယ်ခဲ့ရတဲ့ မုန့်စျေးတန်း။မြင်မြင်သမျှအရာအားလုံးဟာ အမှတ်တရမျိုးစုံနဲ့ ကျွန်တော့်စိတ်ထဲ လွမ်းသလိုဆွေးသလို အမျိုးအမည်တပ်မရဘဲ ဝမ်းနည်းလာတော့သည်။

အာစရိယပူဇော်ပွဲ။ဟောခန်းထဲ၌ လူ့အပြည့်ဖြစ်ကာ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲသွားကြတဲ့ ဘဝတွေနဲ့အတူ ကျွန်တော့်တို့ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ။ တစ်ချို့ဆို အိမ်ထောင်ကျသူကကျ သားသမီးတွေပါခေါ်လာသူကခေါ်လာ ထိုထဲဘုန်းမြတ်ပိုင်ပါပါ၏။ အိမ်ထောင်ကျ၍ သားတစ်ယောက်ဖြစ်ထွန်းကာ  အပျင်းပြေသားကိုပါ ခေါ်လာသည်တဲ့လေ။ လွမ်းစေသော်နဲ့ ကိုထိုက်စံတို့အဖွဲ့က အရင်ကတည်းက အပေါင်းအသင်းပေါတဲ့သူတွေမို့ လာနှုတ်ဆက်တဲ့သူတွေက အစဥ်မပြတ်။သင်ဆရာမြင်ဆရာကြားဆရာ ကျေးဇူးများစွာရှိတဲ့ ဆရာဆရာမများအား ပူဇော်ကန်တော့လို့ အပြီး လွမ်းစေသော်နဲ့ကျွန်တော် ကျောင်းဝန်းအတွင်း ပတ်ကြည့်ဖြစ်သေး၏။

ယခုခါ လဝန်းသာ စာသင်ဆောင်အသစ် ဆောက်လုပ်ပြီးသွားတာမို့ ကျွန်တော်တို့သင်ခဲ့တဲ့ ၉တန်း စာသင်ဆောင် ၃ အပြင် စာသင်ဆောင် ၄ပါ အဆောင်ဟောင်းအဖြစ်သတ်မှတ်၍ တစ်ချို့အခန်းတွေက ပိတ်ထားလေ၏။အခန်းရှေ့ ဒီတိုင်းထားထားတဲ့ စာရေးခုံအဟောင်းတွေကလည်း အထပ်လိုက်။

"အမလေး မြတ်စွာဘုရား ချစ်ငယ်လေးနဲ့ငါနဲ့ညား"

"ဘာဖြစ်တာလဲ"

"အိုက်ယား ခုံနဲ့တိုက်မိသွားတာ"

"ရလား"

တိုက်မိတဲ့အရှိန်နဲ့ လွမ်းစေသော်မျက်နှာက တစ်ချက်ရှုံ့သွားကာ တိုက်မိသွားတဲ့ခုံကို ကြည့်နေပြန်၏။ထို့နောက် မကြာပါ ကျွန်တော့်ကို မျက်လုံးပြူး မျက်စံပြူးဖြင့် ကြည့်လာကာ

"ချစ်ငယ် ဒီမယ် လာ ကြည့်ကြည့် ဒါ ငါ ၉တန်းတုန်းကထိုင်ခဲ့တဲ့ ခုံ "

ကျွန်တော်လည်း ကြောင်အမ်းအမ်းဖြင့် လွမ်းစေသော် လက်ညှိုးညွှန်ရာကြည့်မိတော့ ခုံပေါ်က အနည်းပျက်ပြယ်နေပေမဲ့ ဖတ်လို့ရသေးတဲ့ စာလေးတစ်ကြောင်း။ဒါ့အပြင်အသည်းပုံပါ ပါသေး၏။ ကျွန်တော်အသံထွက်ဖတ်ကြည့်တော့

"I Nge Chit Oo love"

"ဟားဟား တွေ့လား အဲ့တာ မင်း ကိုကိုရေးခဲ့တာ"

ထိုအခါ ကျွန်တော်လည်း အံ့သြသွားရ၏။

"အဲ့တုန်းကစာသာသင်နေရတာ စိတ်က အချစ်ဆီမှာ"

ကျွန်တော် ပြုံးစိစိဖြင့် နှာတစ်ချက်ကစ်ရင်း

"မင်းအချစ်ကဘယ်သူ"

လွမ်းစေသော်က ကိုင်ဆွဲထားတဲ့ ကျွန်တော့်လက်ကိုမြောက်ယူရင်း နှုတ်ခမ်းနဲ့ ခပ်ဖွဖွလေးနမ်းပြီး

"ဒီက ကိုကို့ကလေးလေး ငယ်ချစ်ဦးတဲ့ဗျာ"

သဘောတကျပြုံးရင်း ၉တန်း စာသင်ဆောင် ရှေ့က ကျွန်တော်တို့ထိုင်ခဲ့ဖူးတဲ့ ဧကရာဇ်ပင်အောက်က ခုံတန်းလေးထံ ကျွန်တော်တို့နှစ်ယောက်ဝင်ထိုင်ပြီး အကြောင့်မဲ့စွာ သက်ပြင်းအတူတူချကာ အပြုံးတစ်ခုတပ်ဆင်ရင်း စိုက်ကြည့်နေမိ၏။

"ချစ်ငယ်"

"..."

"ဟို...ငါ"

"အင်း"

"အင်းးးး ဟိုကွာ ကိုကို မင်းကို ပေးစရာရှိတယ်"

"..."

လွမ်းစေသော်က ကျွန်တော့်ကို နူးညံ့စွာ ကြည့်ရင်း သူ့အင်္ကျီအိတ်ထောင်ထဲက အရာတစ်ခုကိုထုတ်ပြလာလေ၏။ကျွန်တော်ကြည့်မိတော့ ပလက်စတစ်အိတ်နဲ့ သေချာထုတ်ပိုးထားတဲ့ ရွှေလက်စွပ်
၂ကွင်း။ဒါကဘာကိုဆိုလိုချင်တာလဲ။

"ဒီလိုလုပ်လိုက်လို့ ငါတို့၂ယောက်ရဲ့ ဆက်ဆံရေး ပြောင်းလဲမသွားပေမဲ့ကွာ  ကိုကို မင်းကိုတန်ဖိုးထားတယ် ချစ်ငယ် ဘဝတစ်လျှောက်လုံးမင်းနဲ့အတူတူဖြတ်သန်းချင်တယ် လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကလို မင်းရဲ့လစ်ဟာနေတဲ့ ပိုင်ရှင်မဲ့ ခြေဖဝါးလေးကို ငါ့ဖိနပ်လေးနဲ့အစားထိုးခဲ့တယ် မင်းရဲ့လစ်ဟာနေတဲ့ လည်တိုင်ကျော့ကျော့မှာ ငါပေးတဲ့ဆွဲကြိုးလေးနဲ့ အပိုင်သိမ်းခဲ့တယ် အခုတော့ မင်းရဲ့လစ်ဟာနေတဲ့ လက်သန်းကြွယ်မှာ ငါပေးတဲ့လက်စွပ်လေးနဲ့ နေရာယူပြီး ငါ့အပိုင်ဖြစ်ခွင့်ပေးပါ ချစ်ငယ်"

လေတစ်ချက် အားအနည်းငယ်ပါကာ တိုက်ခတ်လာတော့ ကျွန်တော်ရဲ့ဆံနွယ်ကောက်ကောက်တွေက ယိမ်းလို့ယိုင်လို့။သစ်ရွက်တွေရဲ့သံစဥ်။ငှက်လေးတွေရဲ့ ဂီတသံ။လွမ်းစေသော်နှုတ်ဖျားက ထွက်လာတဲ့ ချစ်တေးသံသာက ကျွန်တော်အကြိုက်ဆုံးတေးသီချင်းဖြစ်နေမလား။ ကျွန်တော့်ဘဝမှာ အပျော်ဆုံးလို့ ဆိုရမလား အကြည်နူးဆုံးလို့ဆိုရမလား။ဝေ့ကတည်းဝဲတက်လာတဲ့ မျက်ရည်တွေကိုပုတ်ခတ်လိုက်ရင်း လွမ်းစေသော်ရဲ့နှုတ်ခမ်းပေါ် လက်ညှိုးနဲ့ဖွဖွလေးတင်ရင်း

"ငါ့ရဲ့လစ်ဟာနေတဲ့ နှလုံးသားထဲ မင်းပျိုးထားတဲ့ မျိုးစေ့က အောင်နေတာ ကြာပါပြီ"

လွမ်းစေသော် ကျွန့်တော့်လက်ကို ဆွဲယူရင်းဖွဖွလေးနမ်းသည်။ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်သန်းကြွယ်၌ ရွှေလက်စွပ်နှစ်ကွင်းက ဝင့်ဝင့်ကြွားကြွား။
ပြောင်းလဲသွားတဲ့အရာထဲမှာ အတိတ်မှာနစ်မြှုပ်နေတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ နှလုံးသားမှာ ယခုထိတိုင် မပြောင်းလဲခဲ့။

"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ"

"အင်း ဘယ်လိုထင်လဲ"

"ငါနာမည်ကို ပြောင်းပြန်လှန်လိုက်သလိုပဲ"

လွမ်းစေသော်က ကျွန်တော့်အဖြေကို သဘောတကျရယ်ရင်း ပွယောင်းနေတဲ့ ကျွန်တော့်ဆံပင်ကိုအသာသပ်ပေးကာ

"ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ"

"..."

"ကိုကို မင်းကို ချစ်လို့ပေါ့ ကောင်လေးရယ်"

"အင်း ငါလည်း မင်းကိုချစ်တယ်"

ကျွန်တော်တို့တွေဟာ အချစ်ဆိုတဲ့အရာနဲ့ ချည်နှောင်မိရင် အရာအားလုံးပျော့ညံ့သွားတက်ကြတယ် သို့သော် မခိုင်မြဲကြ။ သံယောဇဥ်ဆိုတဲ့အရာနဲ့ချည်နှောင်မိပြီဆိုလျှင်တော့ ရာသက်ပန်တိုင်အောင် ခိုင်မြဲကြလေ၏။

အချစ်ထက်သာလွန်သော

တွေ့ဆုံမှုရဲ့ ဥတုနွေ
နှင်းဆီဝါတို့ ပွင့်လန်းခဲ့လေ
ချစ်ငှက်နှစ်ကောင် ကူးလူးဖြတ်သန်း
နှလုံးသားတို့ သံစုံမြည်၍
ပိတ်စဖြူတို့ အရောင်ဆိုးစေ
ရာသီသုံးခွင် ကျော်ခဲ့ဖြတ်ခဲ့
အတိတ်ခြေရာ ဆယ်စုနှစ်ချီ
ဖြတ်တောက်ခက်သော သံယောဇဥ်ဖြင့်
ရွှေနန်းထိုက်တဲ့ပန်းတစ်ပွင့်လို
သူမှသာလျှင် နှလုံးသားကိုအပ်နှံမည်။

ချစ်ခြင်းမေတ္တာဖြင့်ရေးသောစာအား သက်ဆိုင်သူသာမူပိုင်၏...

ပြီးပါပြီ

....
Ta_yaw
Words _3268
အခုချိန်ထိongoing လိုက်ပေးတဲ့သူလေးတွေကိုအရမ်းချစ်ပါတယ်ရှင့်extraကတော့ အဟိ အဟိ
[4:11pm] 26.7.2023

Zawgyi

ဂ်ဴတီကုတ္ ကိုေခါက္ကာသိမ္းလို႔ တာဝန္ခ်ိန္ ၿပီးသြားၿပီမို႔ စဥ္ဝင္ေအာက္က ဆိုင္ကယ္ကိုထုတ္၊စက္သံႏွိုးကာ ထြက္ဖို႔အျပင္ ခပ္လွမ္းလွမ္းမွာ ဆရာမတစ္ေယာက္က ကြၽန္ေတာ့္ကို လွမ္းေခၚဟန္ျပေနတာမို႔ ဆိုင္ကယ္ စက္သတ္လိုက္၏။

"ဆရာေရ ေနဦးေနဦး"

"ေျဖးေျဖးလာပါ ဆရာမရယ္ ကြၽန္ေတာ္ထြက္မေျပးပါဘူး"

"ကြၽန္မေပးစရာရွိလို႔ ဒီေန႕တစ္ေနကုန္အလုပ္ရႈတ္ေနတာနဲ႕ မေပးျဖစ္ဘူး အခုမွသတိရလို႔ ေတာ္ေသးတယ္"

" ဘာမ်ားလဲ ဆရာမ"

ကြၽန္ေတာ့္အေမး၌ ဆရာမကမေျဖအားပဲ သူ႕ေဘးလြယ္အိတ္ထဲႏွိုက္ကာ ဖိတ္စာတစ္ေစာင္ကမ္းေပးလာ၏။ ဖိတ္စာယူကာ ဘာဖိတ္စာမွန္း မဖတ္ရေသးတဲ့ကြၽန္ေတာ္က ရွိရင္းစြဲအၿပဳံးနဲ႕ ဝမ္းသာစြာျဖင့္

"ဆရာမေတာင္မဂၤလာေဆာင္ေတာ့မွာလား "

ထိုအခါ ဆရာမက ရွက္သြားသလို မ်က္လႊာခ်ရင္း ျပာသလဲလဲရွင္းျပလာသည္။

"ဟယ္ ဆရာကလည္း မဟုတ္ပါဘူး ကြၽန္မျဖင့္ယူစရာ လူေတာင္မရွိဘူး ဖိတ္စာလည္းဖတ္ၾကည့္ဦး ေမြးေန႕ဖိတ္စာ ဆရာ့လူနာတစ္ေယာက္ကဖိတ္ခိုင္းလိုက္တာ အစက အဲ့ေကာင္မေလးက သူကိုယ္တိုင္ဖိတ္မယ္ဆိုၿပီး ဆရာ့ကိုထိုင္ေစာင့္ေနေသးတယ္ ဒီေန႕ကဆရာလည္း လူနာမ်ားေနတာနဲ႕မအား အဲ့တာနဲ႕ ကြၽန္မကိုတစ္ဆင့္ဖိတ္ခိုင္းလိုက္တာ"

"ဪ ဟုတ္ၿပီ ဟုတ္ၿပီ ေက်းဇူးပဲဗ် ဆရာမ"

"ရတယ္ရတယ္ ဒါနဲ႕ ဆရာ့သူငယ္ခ်င္းလား ခါတိုင္းသူလာႀကိဳေနက်ပါ အခုရက္ပိုင္းမေတြ႕လို႔"

"ဟုတ္တယ္ သူ ရန္ကုန္ကို အလုပ္ကိစၥနဲ႕ ခဏ သြားေနတာ အဲ့တာနဲ႕ ကြၽန္ေတာ္လည္း ကိုယ့္ဘာသာ လာခဲ့လိုက္ရေတာ့တာ"

ကြၽန္ေတာ့္အသံက ပင္ပန္းအားေလ်ာ့ျခင္းမ်ားအျပည့္။အလုပ္လုပ္ရတာ ပုံမွန္ထက္ ၂ဆပင္ပန္းေနသလို။ေသခ်ာတာက လူပင္ပန္းတာထက္ စိတ္ပင္ပန္းတာလို႔ေျပာရင္ ပိုမွန္မည္။ အေၾကာင္းအရင္းကိုေျပာရရင္ လြမ္းေစေသာ္ကလြဲ ဘယ္သူရွိဦးမွာလဲ။၃ရက္ေတာင္ရွိေနၿပီ ဒီခ်ိန္ဆို လြမ္းေစေသာ္ ျပန္လာသင့္ၿပီလို႔ ကြၽန္ေတာ္ေတြးမိသည္။သို႔ေသာ္ အလုပ္ကိစၥနဲ႕ သြားတာမို႔ ျပန္လာေတာ့လို႔လည္း ေခၚလို႔မရ ကြၽန္ေတာ့္အျဖစ္က နည္းနည္းေတာ့ ခံရခက္သည္။

"ဆရာတို႔ႏွစ္ေယာက္ကေတာ္ေတာ္ရင္းႏွီးတယ္ထင္တယ္ေနာ္"

"ဟုတ္တယ္ဗ် ငယ္ေပါင္းလည္းျဖစ္တာေရာ ၿပီးေတာ့..."

အေတြးထဲဝင္ေရာက္လာတဲ့ စကားတစ္ခြန္း "မင္းက ငါ့အတြက္ အႏွိုင္းအဆမဲ့တယ္ ခ်စ္ငယ္ ခ်စ္တယ္ဆိုတာထက္ အမ်ားႀကီးသာတယ္" ။ဟုတ္တာေပါ့ လြမ္းေစေသာ္က ကြၽန္ေတာ္ ခ်စ္ရတဲ့လူ။

"လြမ္းေစေသာ္က ကြၽန္ေတာ့္ ခ်စ္သူလည္း ျဖစ္ဆိုေတာ့ ေတာ္ေတာ္ရင္းႏွီးတယ္"

"ရွင္"

ကြၽန္ေတာ့္စကားအဆုံး ေၾကာင္အသြားတဲ့ ဆရာမျဖစ္သူကို ေခါင္းတစ္ခ်က္ၿငိမ့္ျပကာ ခပ္ေအးေအးေလးၿပဳံးျပရင္း ႏႈတ္ဆက္ကာ ထြက္လာခဲ့လိုက္ေတာ့သည္။ လြမ္းေစေသာ္ဟာ ကြၽန္ေတာ့္ခ်စ္သူျဖစ္ေၾကာင္း ဖုံးကြယ္စရာမွမလိုပဲေလ။ ကြၽန္ေတာ္ဟာ ပတ္ဝန္းက်င္အတြက္ အသက္ရွင္ေနတာမွမဟုတ္ပဲ။လြမ္းေစေသာ္အတြက္ အသက္ရွင္ေနတာ။ဒီေတာ့ ပတ္ဝန္းက်င္အျမင္က အေရးႀကီးမတဲ့လား။

"အာ...ေအးတယ္ကြာ"

အိမ္ေရာက္ကာ ေရမိုးခ်ိဳးရင္း ခ်မ္းစိမ့္စိမ့္ရာသီဥတုနဲ႕ ကုတင္ေပၚက ေစာင္ပါးပါးေလးက ဥတုဒဏ္မခံနိုင္ေတာ့ ကုတင္ေအာက္က သံေသတၱာစိမ္းႀကီးကိုဆြဲထုတ္ကာ အထူးအပါးမ်ိဳးစုံထည့္ထားတဲ့ ေစာင္ေတြၾကား ႏြေးနိုင္မဲ့ ေစာင္တစ္ထည္ကို ေမႊထုတ္ယူရင္း သံေသတၱာ က ဖုန္အနည္းငယ္ ေပေနေတာ့ အဝတ္စုတ္နဲ႕ သန့္ရွင္းကာ တံျမတ္စည္းတစ္ေခ်ာင္းကိုယူရင္း ကုတင္ေအာက္ကို လွည္းက်င္းလိုက္လွ်င္
အရာဝတၳဳတစ္ခုကို ေတြ႕ရလိမ့္မည္။ယြန္းေသတၱာအေသးစားေလးတစ္ခု။ဘာရယ္မဟုတ္ တံျမတ္စည္းကို လႊတ္ခ်ကာ ယြန္းေသတၱာေလးကို ဖြင့္ၾကည့္မိေတာ့ ကြၽန္ေတာ့္ ပါးစပ္ပင္ အနည္းငယ္ပြင့္ဟသြားေတာ့သည္။ဒါေတြက...။

ကြၽန္ေတာ့္လက္မွတ္ပါတဲ့ စာ႐ြက္ေလးတစ္႐ြက္ရယ္  ကြၽန္ေတာ့္လက္ေရးေပါင္းမ်ိဳးစုံပါတဲ့ စာ႐ြက္ေလးေတြရယ္။ႏြမ္းပါးေနတဲ့ ၁ေထာင္တန္နဲ႕၅၀၀တန္အ႐ြက္ရယ္ ဒါ့အျပင္ memorie card ေတြရယ္။ ကြၽန္ေတာ္ တစ္ခုခ်င္းဆီကို အသာအယာထိေတြ႕မိရင္း တုန္ရီလာတဲ့ ကြၽန္ေတာ့္လက္ေတြ။ဒါေတြကိုမွတ္မိတာေပါ့။ အတင္းကာေရာ နာမည္တပ္ခိုင္းခဲ့တာေတြ လက္မွတ္ထိုးခိုင္းခဲ့တာေတြ။ေဘာလုံးပြဲေလာင္းတုန္းက ကြၽန္ေတာ္ရႈံးလို႔ေပးခဲ့တဲ့ ပိုက္ဆံ ၁၅၀၀။ဒါေတြကိုလြမ္းေစေသာ္ သိမ္းထားခဲ့တာလား။

ေက်နပ္စြာၿပဳံးမိရင္း မသိလိုက္ပါပဲ က်မိတဲ့ မ်က္ရည္ေတြ။memories cardေတြကိုယူကာ ဖုန္းနဲ႕ဖြင့္ၾကည့္လိုက္လွ်င္ ကြၽန္ေတာ္ေတာင္မသိတဲ့ ဓါတ္ပုံေပါင္းမ်ားစြာ ပုံပ်က္ပန္းပ်က္အိပ္ေနတဲ့ ကြၽန္ေတာ္ပုံေတြ။ဒါအျပင္ ဘယ္တုန္းကရိုက္ထားမွန္းမသိတဲ့လွ်ပ္တျပက္ပုံေတြ။ ၿပီးေတာ့ vdေလးတစ္ခု။ ကြၽန္ေတာ္စိတ္ဝင္တစားနဲ႕ဖြင့္ၾကည့္မိေတာ့ ထြက္ေပၚလာတဲ့ အသံတိုးတိုး။

"ကိုကို...ခ်စ္တယ္"

ကိုင္ထားတဲ့ ကြၽန္ေတာ့္ဖုန္းမွာ လြတ္က်သြားေတာ့၏။ဒါ ဒါဆို...ကြၽန္ေတာ္ အဲ့တုန္းကတည္းက လြမ္းေစေသာ္ကို ဖြင့္ေျပာခဲ့တာလား။လြမ္းေစေသာ္  သိေနခဲ့သည္လား။ဘုရားေရ

သိမ့္ကနဲ႕ ျဖစ္လာတဲ့ရင္နဲ႕ သိသိသာသာ ေဝဝါးလာတဲ့ ျမင္ကြင္းေတြ။ ၾကမ္းျပင္ထက္ ခစားသြားတဲ့ကြၽန္ေတာ့္မ်က္ရည္စက္ေတြက မနည္းမေနာ။ဒီအ႐ူးေကာင္ကို ကြၽန္ေတာ္ဘယ္လိုလုပ္ရမလဲ။ ကြၽန္ေတာ့္ကို ႐ူးေအာင္လုပ္ေနတာ။ခ်စ္လြန္းလို႔ ႐ူးေအာင္လုပ္ေနတာ။

"အ႐ူးေကာင္....ေသမလိုပဲကြာ"

မ်က္ရည္ေတြကို အကၤ်ီစနဲ႕သုတ္ဖယ္ရင္း ယြန္းေသတၱာကိုေနရာတက် ျပန္လည္သိမ္းဆည္းလိုက္ေတာ့၏။ဘယ္သူသိမွာလဲ။ယြန္းေသတၱာထဲ အမွတ္တရအခ်ိဳ႕ထပ္ရွိေနေသးတယ္ဆိုတာ။ကြၽန္ေတာ္ ထပ္ထည့္ထားတဲ့ ႏွင္းဆီပြင့္ေျခာက္ေလးရယ္ ကံ့ေကာ့္ပြင့္ေျခာက္ေလးရယ္ ၿပီးေတာ့ လြမ္းေစေသာ္ေခ်ာ့ခဲ့တဲ့ စာ႐ြက္ေဟာင္းေလးရယ္။

......

"ခ်စ္ငယ္ ညစာစားၿပီးၿပီလား"

"ေအး ၿပီးၿပီ မင္းေရာ"

"ကိုကိုလား ဟင္း...မစားရေသးပါဘူးကြာ အလြမ္းဓါတ္ခံနဲ႕ဆိုေတာ့ ဘာမွကိုစားမဝင္ဘူး"

ဖုန္းမ်က္ႏွာျပင္ထက္က ျမင္ေနရတဲ့မ်က္ႏွာက အရင္ကထက္ အနည္းငယ္ေခ်ာင္က်သြားတာမို႔ လြမ္းေစေသာ္အပိုေတြ ေျပာေနတာမဟုတ္မွန္း အသိအသာ။ထို႔ေနာက္ ကြၽန္ေတာ္စိုးရိမ္စြာျဖင့္ ေျပာလိုက္မိတာက

"ထမင္းေလး ဘာေလးလည္းစားဦး ရန္ကုန္မွာတင္ေလ်ာသြားမယ္"

"ဟာ...ခ်စ္ငယ္ကြာ ကိုကို႔ကို မလြမ္းဘူးထင္တယ္ အင္းေလ အဲ့လိုဆိုေတာ့လည္း ဒီကလူ အသည္းနာ႐ုံေပါ့ကြာ"

"ဒီအ႐ူးေကာင္ကေတာ့..."

တိုင္ကပ္နာရီစကၠန့္လက္တံ တဂ်က္ဂ်က္က ကြၽန္ေတာ့္ႏွစ္ေယာက္ရဲ႕ တိတ္ဆိတ္သြားတဲ့ အေျခအေနၾကား ႀကီးစိုးသြားေတာ့သည္။ေျပာရမွာအနည္းငယ္တုန့္ဆိုင္းေနတဲ့ ကြၽန္ေတာ္ လြမ္းေစေသာ္ရဲ႕မ်က္ႏွာကိုတစ္ခ်က္ၾကည့္ရင္း မဝင့္မရဲေျပာထြက္မိတဲ့စကား

"လြမ္းတယ္"

"ဘာႀကီး"

"..."

"ဘာေျပာလိုက္တာလဲ ကိုကိုေသခ်ာ မၾကားရဘူးကြာ"

လြမ္းေစေသာ္ရဲ႕ စပ္ၿဖီးၿဖီးမ်က္ႏွာထားက ေက်နပ္ေနမွန္း သိသာစြာ။ကြၽန္ေတာ္ရွက္ေနမွန္းသိလို႔ လိုက္စေနတဲ့သူအား အေလ်ာ့ေပးလိုက္သလို အနည္းငယ္ က်ယ္တဲ့ေလသံနဲ႕

"လြမ္းတယ္"

"ဟမ္ ဟမ္"

ထပ္မံ၍ ဖုန္းနား နားကပ္ကာ တဟမ္ဟမ္လုပ္ေနတဲ့သူကို ကြၽန္ေတာ္စိတ္မရွည္ေတာ့။

"လြမ္းပါတယ္ဆိုကြာ ဒီေသာက္႐ူးေကာင္ကလည္း"

ထိုအခါ က်ယ္ေလာင္စြာထြက္ေပၚလာတဲ့ လြမ္းေစေသာ္ရဲ႕ရယ္သံ။ကြၽန္ေတာ္ပင္ ရွက္စိတ္ျပယ္ကာ ေယာင္ရမ္းရီမိေတာ့သည္။

"မနက္ျဖန္ ဒင္နာပြဲသြားစရာရွိတယ္"

"ဘယ္လဲ"

"ငါ့အရင္လူနာေလ မင္းသိပါတယ္ ဖူးဖူးဆိုတဲ့တစ္ေယာက္ သူ႕ေမြးေန႕"

"..."

ဖုန္းမ်က္ႏွာျပင္ကို ကြၽန္ေတာ္ၾကည့္လိုက္လွ်င္ မ်က္ေမွာင္ၾကဳတ္ကာ ႏွာမႈတ္ေနတဲ့ လြမ္းေစေသာ္ကိုေတြ႕ရလိမ့္မည္။ သိတယ္ ဒီပြဲကို လြမ္းေစေသာ္ မသြားေစခ်င္တာ။

အရင္က ထိုကေလးမေလး တုတ္ေကြးနဲ႕ေဆး႐ုံတက္လိုက္ရၿပီး ကြၽန္ေတာ္တာဝန္ယူကုသေပးခဲ့ရတဲ့ လူနာမေလး။ ဆယ္ေက်ာ္သက္အ႐ြယ္ ကေလးမေလး ဖူးဖူးက ကြၽန္ေတာ္နဲ႕ အေနမနီးဘူးဆိုရင္ေတာင္အၿမဲတမ္းေတြ႕ေနျမင္ေနရတာမို႔ စိတ္ကစားတဲ့အ႐ြယ္ေပမို႔ စိတ္ရွိတာမ်ိဳးျဖစ္လာေတာ့ ကြၽန္ေတာ့္ဘက္က ဖူးဖူးကိုျငင္းဆိုခဲ့ေပမဲ့ လြမ္းေစေသာ္ကေတာ့စိတ္ခ်ပဳံမေပၚ။ လြမ္းေစေသာ္ စိတ္ဆႏၵကိုသိခ်င္လို႔ ကြၽန္ေတာ္ကိုယ္တိုင္ ဒီလိုေျပာျပခ်င္းပင္။ဒါကိုလြမ္းေစေသာ္ နားမလည္စြာျဖင့္ တစ္ေယာက္ထဲႀကိတ္သဝန္တိုေန၏။

"မသြားလို႔ မရဘူးလား"

"ဘာလို႔မသြားရမွာလဲ ငါ့လူနာေလ"

မသြားနဲ႕ဆို မသြား႐ုံေပါ့။သို႔ေသာ္ ကြၽန္ေတာ္႐ုပ္တည္ျဖင့္စေနတာကို လြမ္းေစေသာ္ သိဖို႔ေကာင္းသည္။

"မသြားရဘူး"

"သြားရမွာေပါ့ မသြားရင္အားနာစရာႀကီးေလကြာ"

"မသြားရဘူးလို႔ ကိုကို ေျပာေနတယ္ေလကြာ"

"ေအးကြာ သြားမယ္ကြာ"

"ခ်စ္ငယ္"

"ဘာလဲ"

"မင္းကိုအငယ္မို႔လို႔ ငါအေလ်ာ့ေပးထားတာ အဲ့တာကိုေရာင့္တက္မလာနဲ႕"

"ေအး အဲ့ေတာ့ မင္းကဘာျဖစ္ခ်င္.."

"ေခ်ာ့ခ်င္"

ကြၽန္ေတာ္သေဘာက်ကာ ဟပ္ဟပ္ပက္ပက္ရယ္မိေတာ့လြမ္းေစေသာ္ကပါ ထပ္မံရယ္လာေတာ့သည္။ ထို႔ေနာ္ လြမ္းေစေသာ္ကေခ်ာင္းတစ္ခ်က္ဟန့္ရင္း

"မသြားပါနဲ႕  ေနာ္"

"မသြားပါဘူးကြာ ငါစေနတာ မင္းထမင္းေလးဘာေလးလည္းစားဦး ၾကားလား ငါေျပာတာ"

"ဟုတ္ၿပီ အခုပဲ စားလိုက္မယ္"

"အဲ့တာဆို ဒါပဲ"

"အင္း ေစာေစာအိပ္ ဒါပဲေနာ္ ခ်စ္တယ္ ကိုကို႔ကေလးေလး "

ဖုန္းမခ်ေသးပါဘဲ ကြၽန္ေတာ့္အေျပာကို ေစာင့္ေနသူကို တစ္ခ်က္ၾကည့္ရင္း ရွက္ရွက္ျဖင့္မ်က္ႏွာလြဲမိတာက ကြၽန္ေတာ္။ကြၽန္ေတာ္ မရိုးသြားတဲ့ အေျခအေနထဲ  ဒီအေျခလည္းပါတယ္။ လြမ္းေစေသာ္ဘက္က ခ်စ္တယ္ေျပာတိုင္း ကြၽန္ေတာ့္ဘက္က အခုခ်ိန္ထိ ရွက္ရစၿမဲ။ ေခ်ာင္းတစ္ခ်က္ဟန့္ရင္း ေျပာၿပီးတာနဲ႕ ခ်က္ခ်င္းဖုန္းတန္းခ်ဖိဳ႕ပါ လက္ကေနရာယူၿပီးသား

"အင္း ခ်စ္တယ္"
....

နားထဲတကြၽိကြၽိဝင္လာတဲ့ စာကေလးသံ။ကြၽန္ေတာ့္ လက္ဖ်ံထံ ေနေရာင္က်ေရာက္လို႔ ထင္သည္ အနည္းငယ္ပူေနသလို ခံရစားရ၏။ဒါအျပင္ ကြၽန္ေတာ့္ေက်ာျပင္ပါ ပူေနသလိုခံစားရသည္။ တကိုယ္လုံး ခ်ဳပ္ႏွောင္ထားသလို အသက္ရႉမဝကာ အိပ္ေနရာက ဟိုလႈပ္ဒီလႈပ္ျဖင့္ ကြၽန္ေတာ္ႏွိုးလာေတာ့သည္။ မ်က္လုံးဖြင့္ဖြင္ခ်င္း ျမင္လိုက္ရတာက  ကြၽန္ေတာ့္ခါးေပၚတင္းက်ပ္စြာဖက္ထားတဲ့ လက္တစ္ဖက္။တၿပိဳင္နက္ သတိထားလိုက္မိတဲ့ ရင္းႏွီးေနက် ကိုယ္သင္းနံ႕။အေယာင္ေယာင္အမွားမွားနဲ႕  ေခါင္းကိုေနာက္ျပန္ၾကည့္မိေတာ့ ႏွစ္ႏွစ္ခ်ိဳက္ခ်ိဳက္အိပ္ေပ်ာ္ေနတဲ့ လြမ္းေစေသာ္ကို ေတြ႕လိုက္ရ၏။ ကြၽန္ေတာ္ေၾကာင္အစြာ ေငးၾကည့္ေနတုန္း လြမ္းေစေသာ္က တစ္ခ်က္သမ္းေဝကာ ႏွိုးလာ၏

"ဘယ္အခ်ိန္ကတည္းက ျပန္ေရာက္ေနတာလဲ"

"အင္း မေနနိုင္လို႔ ျပန္လာခဲ့လိုက္တာ မေန႕ညကတည္းက ရန္ကုန္ကေနခ်က္ခ်င္းထြက္လာခဲ့တာ"

"အဲ့ေတာ့ မင္းဘယ္ခ်ိန္ေလာက္က ထြက္လာၿပီး  ဘယ္ခ်ိန္ျပန္ေရာက္လာတာလဲ"

"Video call ေျပာၿပီး ညစာစားၿပီးေတာ့ လုံးဝမေနနိုင္တာနဲ႕ ထြက္လာခဲ့တာ ဒီေရာက္ေတာ့ ၅နာရီလား ၆နာရီလား မမွတ္မိေတာ့ဘူး"

"မေျပာမဆိုေတြလုပ္လာျပန္ၿပီ မင္းအလုပ္ကိစၥေတြကေရာ ၿပီးခဲ့ရဲ႕လား"

"မသိေတာ့ဘူး ထားလိုက္ေတာ့ကြာ အဝယ္ေတာ္ကို လြဲထားခဲ့လိုက္တယ္ ခရီးပန္းလာလို႔ အိပ္ဦးမယ္"

"အင္း အိပ္အိပ္ "

ေစာင္ပုံထဲကေနထကာ တိုင္ကပ္နာရီၾကည့္မိေတာ့ မနက္၈နာရီ။ဒီေန႕ Night Duty မို႔ေတာ္ေသးသည္။
ခါတိုင္း မနက္စာဆိုလွ်င္ လြမ္းေစေသာ္ ျပင္ေပးေသာ္ငွား ဒီေန႕ေတာ့ ကိုယ္တိုင္လုပ္ရေတာ့မွာမို႔ မနက္စာျပင္ဖို႔ အေရးသာလုပ္ရေတာ့မည္။

"ဘယ္လဲ"

"ထေတာ့မယ္ေလ"

"မထနဲ႕ လာ ျပန္အိပ္ "

လြမ္းေစေသာ္ရဲ႕ ဆြဲခ်မႈအားနဲ႕အတူ ရင္ခြင္ထဲပစ္ဝင္သြားကာ ေစာင္ပုံထဲ ျပန္လည္ေရာေထြးသြားေတာ့၏။ကြၽန္ေတာ္ဘာမွမေျပာေတာ့ပဲ ေနၿမဲအတိုင္းသာေနရင္း တဖန္အိပ္ေပ်ာ္သြားေတာ့သည္။

....

3ေက်ာင္းရဲ႕ အဓိက ေက်ာင္းေဆာင္ႀကီးဆီက စိတ္ဓါတ္၊စည္းကမ္း၊ပညာဆိုတဲ့ ေခါင္းစဥ္နဲ႕အတူ"Building a Modern_developed Nation through Education "ဆိုတဲ့စာသားႀကီးပါ ထီးထီးႀကီးေတြ႕ျမင္ရ၏။ေက်ာင္းဝင္းအတြင္း ေျပးလႊားေဆာ့ကစားေနၾကတဲ့ ကေလးကမ်ားမ်ားစားစားသိပ္မရွိ။အမ်ားစုက လူႀကီး လူလတ္ပိုင္းမ်ားသာ။ ေက်ာင္းေတာ္ႀကီးဆီျပန္ေရာက္ေတာ့ ငယ္ငယ္ကအတိတ္ကို ျပန္လြမ္းသြားသေယာင္။ကြၽန္ေတာ္တို႔တက္ခဲ့တဲ့စာသင္ေဆာင္ေတြ။ကြၽန္ေတာ္တို႔ ေဆာ့ခဲ့တဲ့ေဘာလုံးကြင္း။ ကြၽန္ေတာ္တို႔ေတြ မေမာမပန္းပဲ တိုးေဝ့ကာဝယ္ခဲ့ရတဲ့ မုန့္ေစ်းတန္း။ျမင္ျမင္သမွ်အရာအားလုံးဟာ အမွတ္တရမ်ိဳးစုံနဲ႕ ကြၽန္ေတာ့္စိတ္ထဲ လြမ္းသလိုေဆြးသလို အမ်ိဳးအမည္တပ္မရဘဲ ဝမ္းနည္းလာေတာ့သည္။

အာစရိယပူေဇာ္ပြဲ။ေဟာခန္းထဲ၌ လူ႕အျပည့္ျဖစ္ကာ အမ်ိဳးမ်ိဳးအဖုံဖုံ ေျပာင္းလဲသြားၾကတဲ့ ဘဝေတြနဲ႕အတူ ကြၽန္ေတာ့္တို႔ရင္းႏွီးခဲ့တဲ့ သူငယ္ခ်င္းေတြ။ တစ္ခ်ိဳ႕ဆို အိမ္ေထာင္က်သဴကက် သားသမီးေတြပါေခၚလာသူကေခၚလာ ထိုထဲဘုန္းျမတ္ပိုင္ပါပါ၏။ အိမ္ေထာင္က်၍ သားတစ္ေယာက္ျဖစ္ထြန္းကာ  အပ်င္းေျပသားကိုပါ ေခၚလာသည္တဲ့ေလ။ လြမ္းေစေသာ္နဲ႕ ကိုထိုက္စံတို႔အဖြဲ႕က အရင္ကတည္းက အေပါင္းအသင္းေပါတဲ့သူေတြမို႔ လာႏႈတ္ဆက္တဲ့သူေတြက အစဥ္မျပတ္။သင္ဆရာျမင္ဆရာၾကားဆရာ ေက်းဇူးမ်ားစြာရွိတဲ့ ဆရာဆရာမမ်ားအား ပူေဇာ္ကန္ေတာ့လို႔ အၿပီး လြမ္းေစေသာ္နဲ႕ကြၽန္ေတာ္ ေက်ာင္းဝန္းအတြင္း ပတ္ၾကည့္ျဖစ္ေသး၏။

ယခုခါ လဝန္းသာ စာသင္ေဆာင္အသစ္ ေဆာက္လုပ္ၿပီးသြားတာမို႔ ကြၽန္ေတာ္တို႔သင္ခဲ့တဲ့ ၉တန္း စာသင္ေဆာင္ ၃ အျပင္ စာသင္ေဆာင္ ၄ပါ အေဆာင္ေဟာင္းအျဖစ္သတ္မွတ္၍ တစ္ခ်ိဳ႕အခန္းေတြက ပိတ္ထားေလ၏။အခန္းေရွ႕ ဒီတိုင္းထားထားတဲ့ စာေရးခုံအေဟာင္းေတြကလည္း အထပ္လိုက္။

"အမေလး ျမတ္စြာဘုရား ခ်စ္ငယ္ေလးနဲ႕ငါနဲ႕ညား"

"ဘာျဖစ္တာလဲ"

"အိုက္ယား ခုံနဲ႕တိုက္မိသြားတာ"

"ရလား"

တိုက္မိတဲ့အရွိန္နဲ႕ လြမ္းေစေသာ္မ်က္ႏွာက တစ္ခ်က္ရႈံ႕သြားကာ တိုက္မိသြားတဲ့ခုံကို ၾကည့္ေနျပန္၏။ထို႔ေနာက္ မၾကာပါ ကြၽန္ေတာ့္ကို မ်က္လုံးျပဴး မ်က္စံျပဴးျဖင့္ ၾကည့္လာကာ

"ခ်စ္ငယ္ ဒီမယ္ လာ ၾကည့္ၾကည့္ ဒါ ငါ ၉တန္းတုန္းကထိုင္ခဲ့တဲ့ ခုံ "

ကြၽန္ေတာ္လည္း ေၾကာင္အမ္းအမ္းျဖင့္ လြမ္းေစေသာ္ လက္ညွိုးၫႊန္ရာၾကည့္မိေတာ့ ခုံေပၚက အနည္းပ်က္ျပယ္ေနေပမဲ့ ဖတ္လို႔ရေသးတဲ့ စာေလးတစ္ေၾကာင္း။ဒါ့အျပင္အသည္းပုံပါ ပါေသး၏။ ကြၽန္ေတာ္အသံထြက္ဖတ္ၾကည့္ေတာ့

"I Nge Chit Oo love"

"ဟားဟား ေတြ႕လား အဲ့တာ မင္း ကိုကိုေရးခဲ့တာ"

ထိုအခါ ကြ်န္ေတာ္လည္း အံ့ၾသသြားရ၏။

"အဲ့တုန္းကစာသာသင္ေနရတာ စိတ္က အခ်စ္ဆီမွာ"

ကြၽန္ေတာ္ ၿပဳံးစိစိျဖင့္ ႏွာတစ္ခ်က္ကစ္ရင္း

"မင္းအခ်စ္ကဘယ္သူ"

လြမ္းေစေသာ္က ကိုင္ဆြဲထားတဲ့ ကြၽန္ေတာ့္လက္ကိုေျမာက္ယူရင္း ႏႈတ္ခမ္းနဲ႕ ခပ္ဖြဖြေလးနမ္းၿပီး

"ဒီက ကိုကို႔ကေလးေလး ငယ္ခ်စ္ဦးတဲ့ဗ်ာ"

သေဘာတက်ၿပဳံးရင္း ၉တန္း စာသင္ေဆာင္ ေရွ႕က ကြၽန္ေတာ္တို႔ထိုင္ခဲ့ဖူးတဲ့ ဧကရာဇ္ပင္ေအာက္က ခုံတန္းေလးထံ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဝင္ထိုင္ၿပီး အေၾကာင့္မဲ့စြာ သက္ျပင္းအတူတူခ်ကာ အၿပဳံးတစ္ခုတပ္ဆင္ရင္း စိုက္ၾကည့္ေနမိ၏။

"ခ်စ္ငယ္"

"..."

"ဟို...ငါ"

"အင္း"

"အင္းးးး ဟိုကြာ ကိုကို မင္းကို ေပးစရာရွိတယ္"

"..."

လြမ္းေစေသာ္က ကြၽန္ေတာ့္ကို ႏူးညံ့စြာ ၾကည့္ရင္း သူ႕အကၤ်ီအိတ္ေထာင္ထဲက အရာတစ္ခုကိုထုတ္ျပလာေလ၏။ကြၽန္ေတာ္ၾကည့္မိေတာ့ ပလက္စတစ္အိတ္နဲ႕ ေသခ်ာထုတ္ပိုးထားတဲ့ ေ႐ႊလက္စြပ္
၂ကြင္း။ဒါကဘာကိုဆိုလိုခ်င္တာလဲ။

"ဒီလိုလုပ္လိုက္လို႔ ငါတို႔၂ေယာက္ရဲ႕ ဆက္ဆံေရး ေျပာင္းလဲမသြားေပမဲ့ကြာ ကိုကို မင္းကိုတန္ဖိုးထားတယ္ ခ်စ္ငယ္ ဘဝတစ္ေလွ်ာက္လုံးမင္းနဲ႕အတူတူျဖတ္သန္းခ်င္တယ္ လြန္ခဲ့တဲ့ ၁၀ႏွစ္တုန္းကလို မင္းရဲ႕လစ္ဟာေနတဲ့ ပိုင္ရွင္မဲ့ ေျခဖဝါးေလးကို ငါ့ဖိနပ္ေလးနဲ႕အစားထိုးခဲ့တယ္ မင္းရဲ႕လစ္ဟာေနတဲ့ လည္တိုင္ေက်ာ့ေက်ာ့မွာ ငါေပးတဲ့ဆြဲႀကိဳးေလးနဲ႕ အပိုင္သိမ္းခဲ့တယ္ အခုေတာ့ မင္းရဲ႕လစ္ဟာေနတဲ့ လက္သန္းႂကြယ္မွာ ငါေပးတဲ့လက္စြပ္ေလးနဲ႕ ေနရာယူၿပီး ငါ့အပိုင္ျဖစ္ခြင့္ေပးပါ ခ်စ္ငယ္"

ေလတစ္ခ်က္ အားအနည္းငယ္ပါကာ တိုက္ခတ္လာေတာ့ ကြၽန္ေတာ္ရဲ႕ဆံႏြယ္ေကာက္ေကာက္ေတြက ယိမ္းလို႔ယိုင္လို႔။သစ္႐ြက္ေတြရဲ႕သံစဥ္။ငွက္ေလးေတြရဲ႕ ဂီတသံ။လြမ္းေစေသာ္ႏႈတ္ဖ်ားက ထြက္လာတဲ့ ခ်စ္ေတးသံသာက ကြၽန္ေတာ္အႀကိဳက္ဆုံးေတးသီခ်င္းျဖစ္ေနမလား။ ကြၽန္ေတာ့္ဘဝမွာ အေပ်ာ္ဆုံးလို႔ ဆိုရမလား အၾကည္ႏူးဆုံးလို႔ဆိုရမလား။ေဝ့ကတည္းဝဲတက္လာတဲ့ မ်က္ရည္ေတြကိုပုတ္ခတ္လိုက္ရင္း လြမ္းေစေသာ္ရဲ႕ႏႈတ္ခမ္းေပၚ လက္ညွိုးနဲ႕ဖြဖြေလးတင္ရင္း

"ငါ့ရဲ႕လစ္ဟာေနတဲ့ ႏွလုံးသားထဲ မင္းပ်ိဳးထားတဲ့ မ်ိဳးေစ့က ေအာင္ေနတာ ၾကာပါၿပီ"

လြမ္းေစေသာ္ ကြၽန့္ေတာ့္လက္ကို ဆြဲယူရင္းဖြဖြေလးနမ္းသည္။ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ လက္သန္းႂကြယ္၌ ေ႐ႊလက္စြပ္ႏွစ္ကြင္းက ဝင့္ဝင့္ႂကြားႂကြား။
ေျပာင္းလဲသြားတဲ့အရာထဲမွာ အတိတ္မွာနစ္ျမႇုပ္ေနတဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ ႏွလုံးသားမွာ ယခုထိတိုင္ မေျပာင္းလဲခဲ့။

"လြမ္းေစေသာ္ မင္းငါ့ကိုဘာလို႔ ခ်စ္ငယ္လို႔ေခၚတာလဲ"

"အင္း ဘယ္လိုထင္လဲ"

"ငါနာမည္ကို ေျပာင္းျပန္လွန္လိုက္သလိုပဲ"

လြမ္းေစေသာ္က ကြၽန္ေတာ့္အေျဖကို သေဘာတက်ရယ္ရင္း ပြေယာင္းေနတဲ့ ကြၽန္ေတာ့္ဆံပင္ကိုအသာသပ္ေပးကာ

"ခ်စ္ငယ္က ငါ့ထက္ငယ္ေတာ့ အငယ္ေပါ့ ခ်စ္ငယ္လို႔ေခၚမွေတာ့ အျခားဘာရွိေသးလို႔လဲ"

"..."

"ကိုကို မင္းကို ခ်စ္လို႔ေပါ့ ေကာင္ေလးရယ္"

"အင္း ငါလည္း မင္းကိုခ်စ္တယ္"

ကြၽန္ေတာ္တို႔ေတြဟာ အခ်စ္ဆိုတဲ့အရာနဲ႕ ခ်ည္ႏွောင္မိရင္ အရာအားလုံးေပ်ာ့ညံ့သြားတက္ၾကတယ္ သို႔ေသာ္ မခိုင္ၿမဲၾက။ သံေယာဇဥ္ဆိုတဲ့အရာနဲ႕ခ်ည္ႏွောင္မိၿပီဆိုလွ်င္ေတာ့ ရာသက္ပန္တိုင္ေအာင္ ခိုင္ၿမဲၾကေလ၏။

အခ်စ္ထက္သာလြန္ေသာ

ေတြ႕ဆုံမႈရဲ႕ ဥတုႏြေ
ႏွင္းဆီဝါတို႔ ပြင့္လန္းခဲ့ေလ
ခ်စ္ငွက္ႏွစ္ေကာင္ ကူးလူးျဖတ္သန္း
ႏွလုံးသားတို႔ သံစုံျမည္၍
ပိတ္စျဖဴတို႔ အေရာင္ဆိုးေစ
ရာသီသုံးခြင္ ေက်ာ္ခဲ့ျဖတ္ခဲ့
အတိတ္ေျခရာ ဆယ္စုႏွစ္ခ်ီ
ျဖတ္ေတာက္ခက္ေသာ သံေယာဇဥ္ျဖင့္
ေ႐ႊနန္းထိုက္တဲ့ပန္းတစ္ပြင့္လို
သူမွသာလွ်င္ ႏွလုံးသားကိုအပ္ႏွံမည္။

ခ်စ္ျခင္းေမတၱာျဖင့္ေရးေသာစာအား သက္ဆိုင္သူသာမူပိုင္၏...

ၿပီးပါၿပီ

....
Ta_yaw
Words _3268
အခုခ်ိန္ထိongoing လိုက္ေပးတဲ့သူေလးေတြကိုအရမ္းခ်စ္ပါတယ္ရွင့္extraကေတာ့ အဟိ အဟိ
[4:11pm] 26.7.2023

Continue Reading

You'll Also Like

1.4M 235K 123
Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသားဆိုး အေယာင္ေဆာင္) / (ကျောင်းသားဆိုး အယေ...
997K 63.1K 32
[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအႀကိဳက္ Sugar Daddyလိုပုံစံမ်ိဳးဇာတ္လမ္းေလး ......
14.2K 688 22
"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာ...
3M 264K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...