အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

Galing kay Azure5549

1.1M 130K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... Higit pa

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

152

5.8K 687 15
Galing kay Azure5549

Chapter 152

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု့နေကြသူအများစုက ယွမ်ရှင်းကျဲ၏အဆိုကို ထောက်ခံ့ကြပြီး အယ်လ်ဖာအများစုကမူ ၎င်းအဆိုကို မျက်နှာလွှဲထားသည်ဟု ဆိုနိုင်သည်။

ယွမ်ရှင်းကျဲက ဖန်သားပြင်ကိုကျော်ဖြတ်ပြီး ဘုရင်ကြီးကို စေ့စေ့ကြည့်နေသည်ဟု ထင်ရသည်။

သူက နည်းပညာတစ်ခုကို ထုတ်ဖော်ပြလိုက်ခြင်းမဟုတ်ပဲ နည်းပညာဖြင့် စေ့စပ်ညှိနှိုင်းနေခြင်းဖြစ်သည်။

ဘုရင်ကြီးအတွက် ရွေးချယ်စရာများမှာ...

နည်းပညာကိုရရန်အတွက် ဥပဒေကိုပယ်ဖျက်လိုက်ခြင်း...

သို့မဟုတ် ကလေးမွေးဖွားမှုနှုန်း မြင့်တက်လာရန်အတွက် ရာစုနှစ်တစ်ဝက်ခန့် ခေတ်ရှေ့ပြေးနေသော နည်းပညာကို လက်လျှော့လိုက်ရန်သာ ရှိသည်။

ဖန်သားပြင်ပေါ်မှ ယွမ်ရှင်းကျဲ၏ လေးနက်တည်ကြည်သော မျက်ဝန်းတစ်စုံကိုကြည့်ကာ ဘုရင်ကြီးက အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် သူ့အကြည့်များထဲတွင် ကျဉ်းထဲကြပ်ထဲရောက်‌နေသည့် အရိပ်အမြွက်အချို့ကို မြင်လိုက်ရသည်။

–––

သတင်းစာရှင်းလင်းပွဲ ပြီးဆုံးသွားပြီးနောက် မကြာမီအချိန်တွင်...

ဘုရင်ကြီးက အများပြည်သူများ၏အမြင်ကို သိရှိရန်အတွက် ဝန်ကြီးများကို ချက်ချင်းဆင့်ခေါ်ကာ အ‌ရေးပေါ်အစည်းအဝေး ကျင်းပခဲ့သည်။

အံ့အားသင့်စရာကောင်းသည်မှာ ဥပဒေကိုပယ်ဖျက်ရန် ထောက်ခံသောအရေအတွက်က ငြင်းပယ်သည့် ဝန်ကြီး အရေအတွက်ထက် ပိုများနေသောကြောင့်ဖြစ်သည်။

" အရှင်မင်းကြီး... ယွမ်ရှင်းကျဲရဲ့နည်းပညာက အင်ပါယာအတွက် တော်တော်လေး အရေးပါ ပါတယ်... အဲ့ဒါကြောင့်မို့ ကျွန်တော်မျိုးတို့ရဲ့ မက်ခါတွေအပေါ်မှာ အသုံးပြုလို့ရအောင် တတ်နိုင်သမျှမြန်မြန် ဆောင်ရွက်သင့်ပါတယ်..."

" ကျွန်တော်မျိုးလည်း အရင်ကတော့ မွေးဖွားမှုနှုန်းတိုးလာဖို့ ထောက်ခံခဲ့ပေမယ့် အခုလောလောဆယ်မှာ အရေးကြီးဆုံးကတော့ စိတ်စွမ်းအားတိုးမြှင့်စက် နည်းပညာပါပဲ..."

" ကျေးဇူးပြုပြီး ဥပဒေကို ပယ်ဖျက်ပေးပါ အရှင်မင်းကြီး..."

ဘုရင်ကြီးမှာ အတွေးထဲ နစ်မျောနေတော့သည်။

ဘေးနားတွင်ထိုင်နေသည့် လော့ဝမ်ချွမ်းက မျက်ခုံးပင့်လိုက်ပြီး စိတ်ကြည်လင်နေပုံရသည်။

အနည်းဆုံး ယွမ်ရှင်းကျဲ၏ အားစိုက်ထုတ်မှုများက အောင်မြင်သွားသည်ကို သက်သေပြနေသည်ပင်။

ထိုအချိန်တွင် ဝန်ကြီးတစ်ယောက်က မှတ်ဉာဏ်တုကိုဖွင့်လိုက်ပြီးနောက် ဘုရင်ကြီးကို ပြောလိုက်သည်။

" အရှင်... ဒီကိစ္စက မဟာမိတ်တွေရဲ့ သတင်းစာခေါင်းစီးပိုင်းကိုတောင် ရောက်သွားပါပြီ..."

အားလုံးက မှတ်ဉာဏ်တုကိုဖွင့်ကြည့်ပြီး စစ်ဆေးလိုက်ကြသည်။

ယွမ်ရှင်းကျဲ၏ စိတ်စွမ်းအားတိုးစက်အကြောင်း ‌ကြေညာမှုနှင့် အိုမီဂါများဘက်မှရပ်တည်ကာ ပြောဆိုပေးမှုကြောင့် မဟာမိတ်များဘက်တွင်လည်း ရုတ်ရုတ်သဲသဲဖြစ်နေသည်။

ကွန်မန့်များထဲကို ဖွင့်ကြည့်လိုက်သောအခါတွင်လည်း အင်ပါယာကို ပြစ်တင်ပြောဆိုမှုများနှင့် ယွမ်ရှင်းကျဲနှင့် သူ့နည်းပညာကို လိုချင်တပ်မက်နေသူများဖြင့် ပြည့်နေသည်။

" အင်ပါယာဘက်မှာ ဒီလောက်တော်တဲ့ ပါရမီရှင်တစ်ယောက်ရှိနေတာတောင်မှ သူ့ကို အတင်းဖိအားပေးပြီး လက်ထပ်ခိုင်းတယ်တဲ့လား... တကယ့်ဟာသကြီးလိုပဲ... သူ့ကို မဟာမိတ်တွေဘက်ကို လာခိုင်းလိုက်ရမှာ..."

" ဟုတ်တယ် မဟာမိတ်ဘက်မှာသာဆိုရင် ဒီလိုကိစ္စမျိုး ဖြစ်မှာမဟုတ်ဘူး... ဒီလို အဆင့်မြင့်နည်းပညာမျိုးက ခေတ်နောက်ပြန်ဆွဲနေတဲ့အင်ပါယာဘက်မှာ ရှိနေရတယ်လို့..."

" ညီငယ်လေး ( ယွမ်ရှင်းကျဲကို ရည်ညွှန်းခြင်းဖြစ်သည် ) ... မင်းက အရမ်းခံ့ညားပြီး ဒီလောက်ထူးချွန်တဲ့ စွမ်းရည်တွေရှိတာပဲ မဟာမိတ်ဘက်ကိုလာပါလား... မင်းကို ငါတို့ အင်ပါယာထက် ပိုကောင်းကောင်းဆက်ဆံပါ့မယ်..."

" အင်ပါယာက ယွမ်ရှင်းကျဲရဲ့ အရည်အချင်းတွေနဲ့ မထိုက်တန်ပါဘူး... သူ့ကို မဟာမိတ်ဘက် ရောက်လာအောင် နည်းလမ်းရှာကြပါဦး..."

ထိုမှတ်ချက်များကို ဝန်ကြီးများ မြင်လိုက်ရသည့်အခါ ထိတ်လန့်တကြားဖြစ်ကုန်ကြသည်။

" နောက်ကွယ်ကလူတွေက ယွမ်ရှင်းကျဲကို မဟာမိတ်ဘက်ရောက်အောင် လုပ်ချင်နေကြတာပဲ..."

" ဒီမဟာမိတ်ဘက်ကလူတွေကတော့ အရင်လို အရှက်မဲ့နေတုန်းပဲ... ငါတို့က ယွမ်ရှင်းကျဲကိုဘာလို့ သူတို့ဆီ ပေးရမှာလဲ..."

" ဘယ်လိုဟာသတွေလဲ... ငါတို့သာ ယွမ်ရှင်းကျဲရဲ့စွမ်းရည်အကြောင်းကို စောစောသိခဲ့ရင် ချီယင်ကို အဲ့လိုကိစ္စမျိုး လုပ်ခွင့်ပြုခဲ့မှာမဟုတ်ဘူး..."

ယွမ်ရှင်ကျဲကို မဟာမိတ်ဘက်မှ ပစ်မှတ်ထားနေသည်မှာ ထင်ရှားနေပြီဖြစ်သည်။

သို့ဖြစ်၍ ဝန်ကြီးတစ်ယောက်က ဘုရင်ကို ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ဒီတိုင်းနေလို့တော့ မဖြစ်တော့ပါဘူး... မဟာမိတ်ကလူတွေက ယွမ်ရှင်းကျဲကို ချဉ်းကပ်ဖို့ နည်းလမ်းရှာကြပါလိမ့်မယ်..."

ဘုရင်ကြီးက နှုတ်ခမ်းကို တင်းတင်းစေ့ထားတာ မျက်မှောင်ကြုတ်နေသည်။

မူလက ဤဥပဒေကို သူ မပယ်ဖျက်ချင်ခဲ့ပေ။ သို့ရာတွင် မဟာမိတ်ဘက်မှ ယွမ်ရှင်းကျဲကို အလိုရှိလာကြ၍ စိတ်ပူပန်စရာကိစ္စတစ်ခု ဖြစ်လာသည်။

ဝန်ကြီး၏စကားဆုံးသည်နှင့် မဟာမိတ်ဘက်မှ ဆက်သွယ်လာပြီး ယွမ်ရှင်းကျဲ၏ ကိုယ်ရေးအချက်အလက်မိတ္တူကို လိုချင်ကြောင်းကို ဝန်ကြီးတစ်ယောက်က လာပြောသည်။

" ဖုန်းချလိုက်..."

ဘုရင်ကြီးက ဝန်ကြီးကို စိုက်ကြည့်လိုက်သည်။

" ယွမ်ရှင်းကျဲရဲ့ ကိုယ်ရေးအချက်အလက်က အခုဆိုရင် အင်ပါယာရဲ့ ထိပ်တန်းအဆင့်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်လိုက်ပြီ သူ့အကြောင်းကို ပေါက်ကြားအောင်လုပ်တဲ့သူတိုင်း သေရမယ်..."

ထိုဝန်ကြီးက အလွန်ကြောက်လန့်သွား၍ ချက်ချင်းဖုန်းချလိုက်သည်။

ဘုရင်ကြီး၏မျက်နှာ ပြောင်းလဲသွားသည်ကို လော့ဝမ်ချွမ်းစောင့်ကြည့်နေသည်။ ရုတ်တရက် သူ့စိတ်ထဲတွင် ရယ်ချင်စိတ် ဖြစ်ပေါ်လာသော်လည်း ခေါင်းငုံ့လိုက်ပြီး မျက်ဝန်းထဲမှ လှောင်ပြောင်မှုများကို ဖုံးကွယ်ထားလိုက်သည်။

152.2

ဘုရင်ကြီးက ချောင်းဟန့်ပြီးနောက် ပြောလိုက်သည်။

" ကိုက်ညီမှုဒီဂရီမြင့်တဲ့ အယ်လ်ဖာ အိုမီဂါအချင်းချင်းပဲ လက်ထပ်ရမယ်ဆိုတဲ့ လက်ထပ်ထိမ်းမြားခြင်းဥပဒေကို အခုချိန်ကစ ဖျက်သိမ်းလိုက်ပြီ..."

ထိုဥပဒေကို မဖျက်သိမ်းစေလိုသောဝန်ကြီးများက ထိတ်လန့်သွားပုံရသော်လည်း ဘာမှ ပြန်မပြောရဲကြပေ။

ဘုရင်ကြီး၏ မျက်ဝန်းထဲမှ လေးနက်မှုများက အားလုံးကိုရှင်းပြရန် လုံလောက်နေပြီဖြစ်သည်။

အစည်းအဝေးပြီးသည့်နောက်တွင် ဝန်ကြီးများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ ပင်ပါယာက စတင်ပြောင်းလဲတော့မည်ကို သူတို့ရင်ထဲတွင် သိနေကြသည်။

အခြားစကားဖြင့် ပြောရမည်ဆိုလျှင် ကြယ်အစုအဝေးအင်ပါယာတစ်ခုလုံး စတင်ပြောင်းလဲတော့မည်ဖြစ်သည်။

သမိုင်းတွင် ပထမဦးဆုံးအနေဖြင့် အိုမီဂါတစ်ယောက်က ဥပဒေပြဌာန်းချက်ကို အားစိုက်ထုတ်မှုမရှိလုနီးပါး အခြေအနေဖြင့် ပယ်ဖျက်နိုင်ခဲ့သည်။

ဤခွန်အား၏ ဖိနှိပ်မှုက ဝန်ကြီးများနှင့် ဥပဒေရေးဆွဲသူများကို တုန်လှုပ်သွားစေခဲ့သည်။

အားလုံးထွက်သွားသည့်အခါမှသာ ဘုရင်ကြီးက လော့ဝမ်ချွမ်းကိုကြည့်ကာ မေးလိုက်သည်။

" မင်း ဒီနေ့ တော်တော် စိတ်ရှည်လက်ရှည်ဖြစ်နေပါလား... ဒီနေရာမှာပဲထိုင်ပြီး အစည်းအဝေးတစ်ခုလုံးကို ထိုင်ကြည့်နေတယ်ပေါ့လေ..."

" ကျွန်တော် အရမ်းတော့ စိတ်မရှည်ပါဘူး... ဒါပေမဲ့ ချီယင်နဲ့ ပတ်သက်ပြီး ရှင်းစရာကိစ္စလေးတချို့ ကျန်နေသေးတယ်လေ..."

လော့ဝမ်ချွမ်းက ဘုရင်ကြီးကို မျက်လုံးလှန်ကြည့်ပြီး လေသံပြတ်ပြတ်နှင့် ပြောလိုက်သည်။

သူ့စကားများကြောင့် ဘုရင်ကြီး စိတ်အေးသွားသည်။

သူ့ မှတ်ဉာဏ်တုကို ဖွင့်လိုက်ပြီး သတင်းအချက်အလက်များကို ပြန်လည်စုံစမ်းကာ လော့ဝမ်ချွမ်းကို ပြောလိုက်သည်။

" ချီယင်က သုတေသနဌာနရဲ့လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင် လုပ်နေတယ်ဆိုပြီးတော့ သုနေသနဌာနက သိပ်မကြာခင်‌‌တုန်းက သတင်းပို့ခဲ့ဖူးတယ်... ယွမ်ရှင်းကျဲက လက်စားချေချင်လို့ ချန်းယွမ်ကိုပြောပြပြီး အဲ့ကိစ္စကို ကူလုပ်ခိုင်းတာဖြစ်မယ်... ငါ သူ့ကို ဖြေရှင်းလိုက်မယ်..."

လော့ဝမ်ချွမ်း မျက်ခုံးပင့်ကာ မေးလိုက်သည်။

" ဘယ်လို ဖြေရှင်းမလို့လဲ..."

" သူ့ရာထူးကနေထုတ်လိုက်ပြီး ချီမိသားစု ပိုင်ဆိုင်သမျှ ဖျက်ဆီးပစ်ရမှာပေါ့..."

လော့ဝမ်ချွမ်း မတ်တပ်ရပ်လိုက်ပြီး သူ့မှတ်ဉာဏ်တုထဲမှ သတင်းအချက်အလက်ပေါင်းများစွာကို ဘုရင်ကြီး၏ မှတ်ဉာဏ်တုထဲ ပို့လိုက်သည်။

သူ အေးစက်စွာဖြင့် ပြောလိုက်သည်။

" ချီယင်ရဲ့ စီးပွားရေးလုပ်ငန်းတွေက အဂတိလိုက်စားမှု၊ လက်နက်တွေ သီးသန့်ရောင်းချမှု၊ စစ်ဘက်လျှို့ဝှက်ချက်များကို ပေါက်ကြားစေမှု အဲ့လို အဆင့်မြင့်ရာဇ၀တ်မှုတွေနဲ့ သက်ဆိုင်တဲ့ အထောက်အထားနဲ့ ပစ္စည်းတွေအားလုံး ဒီမှာရှိတယ် မလုံလောက်သေးဘူးဆိုရင် ထပ်ပြီး သက်သေပြပေးလို့လည်းရတယ်..."

ဘုရင်ကြီး အံ့အားသင့်သွားမိသည်။။

" ရာထူးကနေ ထုတ်လိုက်ရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ... ကြယ်ပွင့်သားရဲတွေရှိတဲ့ ခရိ ကြယ်ခါးပတ်ကိုသွားခိုင်းလိုက်လေ... အဲ့သားရဲတွေကို မရှင်းနိုင်သေးသရွေ့ ပြန်မလာခိုင်းပါနဲ့..."

လော့ဝမ်ချွမ်း ဘုရင်ကြီးကိုကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။

ခရိကြယ်တွင် SSSအဆင့် အန္တရာယ်များသော ကြယ်ပွင့်သားရဲများဖြင့် ပြည့်နှက်နေ၍ အင်ပါယာမှ လူအားလုံး ကြောက်လန့်ကြသည့် စွန့်စားရသောနေရာတစ်ခုဖြစ်သည်။

ဘုရင်ကြီး မျက်မှောင်ကြုတ်လိုက်သည်။

" ခရိဂြိုဟ်က တစ်သီးတစ်ခြားစီဖြစ်နေလို့ အန္တရာယ် တော်တော်များတယ်... စောင့်ရှောက်ဖို့အတွက်‌ဆိုရင်တော့ စစ်တပ်ကြီးတစ်ခု ပို့လိုက်ဖို့လိုတယ်..."

" သူ့ကို တစ်ယောက်တည်း သွားခိုင်းလိုက်ပါ... ဗိုလ်ချုပ်ချီယင်က သူ့ပြစ်မှုတွေအတွက် ပြန်ပေးဆပ်ဖို့ အခွင့်အရေးလိုတယ်... အဲ့လိုမဟုတ်ပဲ ဒီသတင်းတွေသာ ပြန့်သွားခဲ့ရင် ပြည်သူတွေ အုံကြွလာကြမှာ စိုးရိမ်ရတယ်..."

လော့ဝမ်ချွမ်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။

သူ၏ တည်ကြည်သောလေသံက အနည်းငယ်ခက်ထန်ကာ အထက်စီးဆန်မှုများပါဝင်နေသည်။

ဘုရင်ကြီးက လော့ဝမ်ချွမ်းကို ခံစားချက်ရောပြွန်းနေသော အကြည့်တစ်မျိုးဖြင့်ကြည့်လိုက်သည်။

အချိန်အတန်ကြာပြီးသည့်နောက်တွင် လော့ဝမ်ချွမ်းကိုပြောလိုက်သည်။

" ယွမ်ရှင်းကျဲက ချီယင်ကို သိက္ခာပဲ ကျစေချင်တာ... မင်းကတော့ ချီယင်ကို အသေပါသတ်နေတာပဲ..."

ချီယင် အစောင့်အရှောက်များမပါဝင်ပဲ ခရိကြယ်ကိုသွားခြင်းက သူ့ကို သတ်သေခိုင်းလိုက်သည်နှင့် မခြားပေ။

လော့ဝမ်ချွမ်းက မယုတ်မလွန်ပုံစံဖြင့် "ဟင်း"ဟုသာ အသံပြုပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ်ရာ ခံစားချက်များ ခဏတာ စုဝေးသွားပြီးသည့်နောက်တွင် ယခင်ကဲ့သို့ တည်ကြည်သွားသည်။

" ရှင်းရှင်းက အရမ်းအလုပ်များနေတော့... တချို့ကိစ္စတွေကို သူ့ကိုယ်စား ကျွန်တော်လုပ်ပေးရမှာပေါ့..."

xxxxxxxx

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

481K 69.2K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...
408K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...