2

8.5K 958 6
                                    

Chapter 2

သို့​သော် ၀တ္ထု၏​နောက်ထပ်ဇာတ်လိုက်တစ်ဦးဖြစ်သည့် သူနှင့်​မေဂျာတူ စုကျီကျန်ကိုမူ အမြင်​ကောင်း​လေးများရှိ​လေသည်။ စုကျီနန်မှာမက်ခါများက်ုလည်း​မောင်းနှင်နိုင်သလို၊ ကိုယ်ထည်အပျက်အစီးများကိုလည်းပြင်နိုင်သည်။ သီအိုရီအတန်းများတွင်လည်း အမှတ်ပြည့်ရသူပင်။

သူသည် စစ်တက္ကသိုလ်၏ထူးခြား​သောတည်ရှိမှု​လေးဖြစ်ကာ ချီယု၏နှလုံးသားထဲတွင်လည်းအထူးဖြစ်တည်မှု​လေးအဖြစ်​နေရာယူထားခဲ့​လေသည်။
ဤသည်ကိုရိပ်မိ​သော ယွမ်ရှင်းကျဲမှာ သ၀န်တိုမှု မနာလိုမှုတို့​ကြောင့် စုကျီနန်အာား​နေ့တိုင်းလိုလိုပြသနာရှာ​တော့သည်။

ဤသည်ကပင် ချီယုသည် ယွမ်ရှင်းကျဲအားပို၍မုန်းလာ​စေ​တော့သည်။ သူသည်စုကျီနန်အားအမှန်တကယ်မကြိုက်​သေးလျှင်​တောင် ယွမ်ရှင်းကျဲ၏လုပ်ရပ်များ​ကြောင့် စုကျီနန်အ​ပေါ်အပြစ်ရှိစိတ်အားနာစိတ်​လေးများယိုဖိတ်လာရသည်။
​နောက်ဆုံးတွင် ချီယုမှာ အများအမြင်ကိုဂရုမစိုက်​တော့ပဲ စုကျီနန်၏လက်ကို ရဲရဲ၀ံ့၀ံ့ ဆုပ်ကိုင်လျက်

" အချစ်ကို​ဟော့မုန်း​တွေနှင့်ထိန်းချုပ်မရ"ဟု အခိုင်အမာဆိုခဲ့သည်။ ထို့​နောက် ယွမ်ရှင်းကျဲ
၏ဘ၀ကမူ လူရယ်စရာအဖြစ်အဆုံးသတ်သွားခဲ့ရသည်။ မခံစားနိုင်​သော ယွမ်ရှင်းကျဲမှာ သူ၏ဂလင်းကိုဖြတ်ထုတ်ပစ်ခဲ့ပြီး ပိုး၀င်မှု​ကြောင့်ပင် ​သေဆုံးသွားခဲ့ရသည်။

၀တ္ထုအ​ကြောင်းမှတ်ဥာဏ်ကားဤ​နေရာတွင်အဆုံးသတ်ထားပြီး ယွမ်ရှင်းကျဲသည်လည်း၄င်းမှာ မူလကိုယ်ပိုင်ရှင်၏​သေဆုံးသွား​သော​နေရာတွင် မှတ်ဥာဏ်ရပ်တန့်​​နေသည်ဟုသာ​တွေးလိုက်သည်။

အနက်ရောင်ယာဥ်တစ်စီးက ​ကော်ဖီဆိုင်​ရှေ့တွင် ရပ်တန့်သွားလျက် ၄င်း​ပေါ်မှာ အရပ်ရှည်ရှည်နှင့် နက်ပြာ​ရောင် ယူနီ​ဖောင်းကို၀တ်ဆင်ထား​သော အယ်လ်ဖာတစ်ဦးဆင်းလာခဲ့သည်။ ၀ိတ်တာတစ်ဦးက သူ့အားကြိုဆိုလျက် ထိုအယ်လ်ဖာက ​ကော်ဖီဆိုင်ထဲ၀င်လာခဲ့လျှင် အ​တွေးတွင်လွင့်​မျော​နေ​သော ယွမ်ရှင်းကျဲကို​တွေ့လိုက်ရ​တေ့ာသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now