19

6K 825 7
                                    

Chapter 19

"ဆရာကျိုး ဘယ်ကိုတအား ကြည့်​နေတာတုန်း"

​ဘေးမှဆရာတစ်​ယောက်က​နောက်​ပြောင်လာသည်။

"ခင်များ​ကျောင်းသား​တွေက မက်ခါ​ဘယ်လို​မောင်းရမလဲ​တောင်မသိဘူးမလား၊သူတို့အတန်းAကိုမယှဥ်နိုင်တဲ့ဟာ ​နောက်နှစ်မှပြိုင်လည်း​​နောက်မကျ​သေးပါဘူး"

"ဒီသုံး​ယောက်ကမတူဘူး၊ သူတို့ကအတန်းထဲမှာအ​တော်​လေးအရည်အချင်းရှိတဲ့သူ​တွေပါ"

ကျိုး​ဖေးရွယ်၏အတန်းမှတပည့်များမှာ သုံးစားမရသည်က လူတိုင်းလက်ခံထား​သောအချက်ပင်။သို့​သော် ဤတစ်​ခေါက်တွင်​​တော့ သု့တွင် ​ပြောမပြနိုင်​သော ယုံကြည်မှုမျိုးရှိ​နေခဲ့သည်။ 

ပြိုင်ပွဲ၏ပထမ၂မိနစ်တွင် ယွမ်ရှင်းကျဲတို့အဖွဲ့မှာ ပထမဆုံးအတားအဆီးဖြစ်​သော အလတ်စား ကြယ်သားရဲနှင့်ရင်ဆိုင်ရ​တော့သည်။ ကျိုး​ဖေးရွယ်လည်း ထိုသုံး​ယောက်သည် စု​ပေါင်းအင်အားဖြင့် ကြယ်သားရဲ၏​ခေါင်းအားခုတ်ပိုင်းလိုက်မည်ကို ​မျှော်လင့်စွာ ကြည့်​နေလိုက်သည်။

ထို့​နောက်တွင်သူက ထိုသုံး​ယောက်လျင်မြန်စွာလှုပ်ရှားလျက် ထို​နေရာမှ တကွဲတပြားဆီခွဲထွက်သွားသည်ကို​​တွေ့လိုက်ရ​တော့သည်၊ အပြာ​ရောင်အလင်းစက်​​လေးသုံးခုမှာ သရဲ​ခြောက်ခံလိုက်ရသလို မတူညီ​သောဦးတည်ရာကို လျင်မြန်စွာ​ပြေးထွက်သွားကြလသည်။ ကျိုး​ဖေးရွယ်အမူအယာမှာ​အေးခဲသွားခဲ့သည်၊

"ဟားဟားဟား ဒီ​လောက်​တောင်လူမညီတဲ့အသင်းမျိုး ပထမဆုံးမြင်ဖူးတာပဲ"

​ဘေးရှိဆရာမှာ ဗိုက်ကိုနှိပ်လျက် ရယ်လိုက်သည်၊

"မစ်စတာကျိုး​ရေ ဒါကခင်များရဲ့အတန်းကအ​တော်ဆုံး​ကျောင်းသား​တွေလားဗျာ"

ကျိုး​ဖေးရွယ်မှာရှုပ်​​ထွေး​နေပြီး သူ၏အမူအယာကိုပင်မထိန်းချုပ်နိုင်​ချေ။ သို့သော်သူက ​ချောင်းအသာဟန့်လျက် ​ပြောလိုက်သည်။

"အန္တရာယ်ကိုအတတ်နိုင်ဆုံး​ရှောင်ရှားတာ​ကောင်းတဲ့​ရွေးချယ်မှုပဲ"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Där berättelser lever. Upptäck nu