110

5.3K 634 4
                                    

Chapter 110

ယွမ်ရှင်းကျဲ အတွေးလွန်နေချိန်တွင် လော့ဝမ်ချွမ်းက သူ့ရှေ့သို့လျှောက်လာခဲ့သည်။ သူတို့ရှေ့တွင် ဂိမ်းဆော့နေတဲ့ လူတစ်စုရှိပုံရသည်။ အနီးနားရှိလူအုပ်က ပိုမိုများပြားလာပြီး သူတို့ပင်လွင့်စင်လုနီးပါး ဖြစ်သွားသည်။

ထိုစဥ် ကျယ်ပြန့်သောလက်ဖဝါးက သူ့ခါးကိုလာရောက်ဆုပ်ကိုင်ခဲ့သည်။

ယွမ်ရှင်းကျဲ အနည်းငယ်ထိတ်လန့်သွားပြီး ခေါင်းကိုမြှောက်လိုက်သည့်အခါ လော့ဝမ်ချွမ်း၏ အရပ်မြင့်မြင့်နောက်ကျောကို ထိလုနီးပါးဖြစ်သွားသည်။

လော့ဝမ်ချွမ်းက နောက်ပြန်မလှည့်ချေ။ သို့သော် ယွမ်ရှင်းကျဲ၏လက်ကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။

လော့ဝမ်ချွမ်းလှည့်ကြည့်လာသည့်အခါ သူ့မျက်တောင်များ၏အရိပ်က ယွမ်ရှင်းကျဲနှာခေါင်းပေါ်သို့ကျရောက်လာသည်။

“လမ်းမပျောက်စေနဲ့...” သူ့နှုတ်ခမ်းတွေက အနည်းငယ် ကွေးညွှတ်သွားပြီး

"အရွယ်မရောက်သေးတဲ့ ကောင်လေး..”

ယွမ်ရှင်းကျဲနှလုံးသားက လည်ချောင်းထဲမှခုန်ထွက်လာတော့မလိုပင်။

အရွယ်မရောက်သေးသောကလေးအဖြစ် ဆက်ဆံခြင်းကိုမနှစ်မြို့သော်လည်း လော့ဝမ်ချွမ်းအသံရှိ အလိုလိုက်ဟန်အရိပ်အယောင်များက သူ့ကိုစိတ်လှုပ်ရှားစေသည်။

တစ်ဖက်လူ၏ နွေးထွေးကာအားပါသောလက်ဖဝါး၏အထိအတွေ့ကြောင့် ယွမ်ရှင်းကျဲအနည်းငယ်ရှက်ရွံလာခဲ့၏။

လော့ဝမ်ချွမ်းက လုစုလူဝေးကိုဖြတ်သန်းပြီးသွားသည်နှင့် ဖက်ထားတာကိုလွှတ်ပေးလိုက်သည်။

ယွမ်ရှင်းကျဲ သူ့ကိုတိတ်တခိုးငေးကြည့်လိုက်သည်။ လော့ဝမ်ချွမ်းကိုကြည့်ရသည်မှာ ဘာမှထွေထွေထူးထူးမဟုတ်သည့်အတိုင်း တည်တည်ငြိမ်ငြိမ်ရှိနေလေသည်။

ထို့နောက် သူတို့နှစ်ဦးက မက်ခါအပိုပစ္စည်းများရောင်းသည့်နေရာကို အတူတကွလိုက်ရှာကြသည်။

ယွမ်ရှင်းကျဲလိုက်ရှာနေသော မက်ခါမှုတ်ဆေးက အရိပ်မက်ခါ၏မှုတ်ဆေးနှင့် ခပ်ဆင်ဆင်ရှိသည်။ သို့သော် သူရှာနေသည့်တစ်ခုက အလိုက်သင့်ပြောင်းလဲနိုင်ပြီး တုံပြန်မှုမြန်ဆန်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)حيث تعيش القصص. اكتشف الآن