161

5.4K 573 18
                                    

Chapter 161

လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို စကားမပြောဘဲ ကြည့်ပဲကြည့်လိုက်၏။

စက္ကန့်အနည်းအကြာ၌ သူက ရုတ်တရက် လက်သီးဆုပ်ကာ ယွမ်ရှင်းကျဲဆီသို့ ကမ်းပေးရင်း နူးညံ့စွာ ဆိုလေသည်။

"မင်းကိုယ့်ကို ယုံလား"

ခဏမျှကြောင်အနေပြီးနောက် ယွမ်ရှင်းကျဲ တွေဝေခြင်းမရှိပါဘဲ လက်ဆန့်ကာ သူ၏လက်သီးကို လော့ဝမ်ချွမ်း၏လက်သီးနှင့်ညင်ညင်သာသာ တိုက်ပြီး ပြန်ဖြေလိုက်၏။

"ဒါပေါ့...ကျွန်တော်စီနီယာ့ကိုယုံတာပေါ့..."

"အဲ့ဒါဆိုရပြီ"

လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲ၏မျက်လုံးများထဲသို့ကြည့်ကာ ဖြည်းညင်းစွာ ဆိုလေသည်။

"ကိုယ်တို့က တစ်ယောက်ခွန်အားကိုတစ်ယောက်

အသိကြဆုံးလူတွေလေ...တမင်တကာ ပူးပေါင်းနေစရာမလိုသလို ပြိုင်ပွဲကိုလည်းအနိုင်ရနိုင်တယ်..."

သူ့စကားများကို ကြားရသောအခါ ယွမ်ရှင်းကျဲ၏ ပူပန်မှုများက လွင့်ပျံသွားပြီး မနေနိုင်ဘဲ တခစ်ခစ်ရယ်မိတော့သည်။

"တစ်ဖက်က ဒီစကားကိုကြားရင်ရူးသွားလိမ့်မယ်"

ဘေးရှိ သူတို့အသင်းဖော်များ၏နှလုံးသားများ:

ငါတို့လည်း မင်းစကားကိုကြားရတာ စိတ်နည်းနည်းကုန်တယ်ကွာ...

ပြိုင်ပွဲမစခင်မှာ ဘယ်လိုများ မင်းရဲ့အချစ်တွေကိုပြနိုင်ရတာလဲ...

သို့ရာတွင် အသင်းထဲရှိ အသန်မာဆုံးနှစ်ယောက်၏ စိတ်အေးလက်အေးနှင့် ပျော်ရွှင်နေသော အသွင်အပြင်ကိုကြည့်ပြီး ရှင်းဟိုင်တက္ကသိုလ်အသင်း၏အဖွဲ့ဝင်များလည်း စိုးရိမ်ပူပန်မှုများ လျော့ပါးသွားခဲ့ကြ၏။

ပြိုင်ပွဲကွင်းပြင်ထဲကို လူတိုင်းဝင်သွားကြပြီးနောက် ရစ်ချက် တစ်စုံတစ်ခုကို ရုတ်ချည်း အမှတ်ရသွားပြီး ကိုယ့်ခေါင်းကိုယ်ပုတ်ကာ နောင်တအပြည့်နှင့်ပြောလိုက်သည်။

"အာ...ငါမေးဖို့မေ့သွားတယ်...ရှင်းကျဲမက်ခါရဲ့အဆင့်ကဘယ်လောက်လဲ"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now