"တည်တံ့....ထမင်းလေးစားရအောင်..."
"ကျွန်တော်မစားချင်ဘူး...နှိုင်းဘာသာစားလိုက်...."
"မင်းမစားတော့ငါဘယ်လို
စားဝင်မလဲ...အင့်...ကြာရင်မင်းသေသွားလိမ့်မယ် .."
နှိုင်းစိတ်ညစ်ညစ်နှင့်ငိုချမိသည်။ မာမီကလူ့လောကထဲက ထွက်သွားတာ ၁ လကျော်ပြီဖြစ်သည်။ မာမီ့ကိုလွမ်းပြီးပူဆွေးတာ နှိုင်းကိုယ်တိုင်လဲဟုတ်ပါတယ် သို့သော်သူကတော့ ထမင်းလည်းမစား
စားလဲနည်းနည်းသာဟန်ပြစားသည်။ တစ်နေ့တစ်ခြားပိန်လိုက်လာပြီး ဆေးလိပ်တွေသောက်လိုက် ဘီယာတွေသောက်လိုက်နဲ့ကြာရင်သေတော့မဲ့သူနဲ့တူနေပြီးဖြစ်သည်။သူသာတစ်ခုခုဖြစ်သွားတယ်ဆို နှိုင်းကဘယ်လိုဆက်အသက်ရှင်နိုင်ပါမလဲ။
"နှိုင်းရာ...သွားစားလိုက်ပါ..."
တည်တံ့ဘာမှစားချင်စိတ်မရှိပါ။ နှိုင်းကိုတော့သနားပါတယ် ကျွန်တော်ကိုယ်တိုင်က တကယ်ကိုစားချင်စိတ်မရှိတာပါ မာမီ့ကိုလွမ်းလို့ အရူးတစ်ယောက်သာဖြစ်လိုက်ချင်သည်။ မာမီမရှိတော့ဘူး မတွေ့ရတော့ဘူး မမြင်နိုင်တော့ဘူး မထိတွေ့နိုင်တော့ဘူးဆိုတာကို တွေးမိတိုင်းလေဟာနယ်ထဲကိုပြုတ်ကျသွားသလိုခံစားရသည်။ မတွေးဖို့ကြိုးစားသော်လည်းခေါင်းထဲကိုရောက်ရောက်လာသည်။
( ကိုယ်ဒါကိုကိုယ်ချင်းစာတယ် သိလားကိုယ်သိပ်ချစ်တဲ့ ဖေဖေနဲ့ ကိုကို့ ကိုဆုံးရှုံးခဲ့ရတာအရူးလိုပဲ ဖြစ်ခဲ့တာ ထပ်မတွေ့ ရတော့ဘူးတွေးလိုက်မိတယ်ဆိုရူးသွားတာကောင်းမယ် ရင်ထဲမှာနာလွန်းလို့ ကိုယ်ဟာကို ဓားနဲ့ထိုးချင်စိတ်တောင်ပေါက်တယ် )
" တည်တံ့ရယ်...ကျေးဇူးပြုပြီးထမင်းစားရအောင်လေနော်...ငါ့မှာမင်းပဲရှိတာငါဗိုက်ထဲက...မင်းကလေးကလဲ ...ရှိသေးတယ်လေ...အင့်...ငါ့ကိုမသနားဘူးဆိုလဲကလေးလေးရှိသေးတယ်လေ..အင့်..."
နှိုင်း ငို၍ ပြောလာသောစကားတွေကြောင့် တည်တံ့သနားသွားရသည်။ နှိုင်းဗိုက်ထဲက ကလေးငယ်ကို မေ့နေခဲ့တာ တည်တံ့နှိုင်းကိုဖက်ထားလိုက်သည်။ပြန်လည်ဖက်တွယ်လာတဲ့လက်လေးကြောင့် မျက်ရည်တွေက အဆက်မပြတ်ကျလာရသည်။ တည်တံ့ပြိုလဲနေလို့မဖြစ် နှိုင်းနှင့်ကလေးလေးရှိသေးသည်။ မာမီ့သား သားက ကလေးလေးလုပ်လို့မရတော့ဘူး မာမီ့ကိုလွမ်းလို့ရူးတော့မယ် သားဆီကိုပြန်လာပေးလို့ရရင်ပြန်လာပေးပါမာမီရယ် သားရူးလို့မဖြစ်သေးဘူး မာမီ့မြေးလေးနဲ့ နှိုင်းရှိသေးတယ်။
နှိုင်းကိုဖက်တွယ်၍ ငိုနေတဲ့ ကောင်လေးကို ပြန်လည်ဖက်တွယ်ထားလိုက်သည်။ မာမီ့ကိုသိပ်ချစ်တဲ့ ယောက်ျားဖြစ်သူအကြောင်းသိနေတော့ နှိုင်းမှာအပြစ်လဲမဆိုရက်တော့ထမင်းကိုချော့ကျွေးဖို့သာ ဆုံးဖြတ်ထားသည်။
" နှိုင်း...အင့်...မာမီက..ကျွန်တော့်ကို တကယ်ကြီးထားသွားတာ...အင့် ..ဘာလို့အစောကြီးထားသွားရတာလဲ...စိတ်ချသွားပြီထင်ပါတယ်...တကယ်ကြီးထားသွားတာ မယုံနိုင်ဘူး နှိုင်းရယ်....မာမီမရှိပဲနေရမယ်လို့...!
" တည်တံ့...ငါရှိတယ်နော်...ငိုချလိုက်ဘာမှမဖြစ်ဘူး...."
" ကျွန်တော်လေရူးတော့မယ်...မာမီ့ကိုမုန်းလိုက်တာကျွန်တော့်ကိုထားသွားတယ်...အဲ့လိုလုပ်လို့မရဘူးဆိုတာမသိဘူးလား...အီးဟီး....အင့်...မာမီ့ကိုပြန်ခေါ်ပေးပါလား...ကျွန်တော်ငိုနေတာကိုမာမီက ဂရုမစိုက်တော့ဘူး....နှိုင်း..ကျွန်တော့်ကိုမချစ်ဘူးထင်ပါတယ်...အဲ့ဒါဆိုဘာလို့မွေးခဲ့သေးလဲ.."
" မာမီက...ငါ့ယောက်ျားလေးကိုချစ်ပါတယ်...သူလဲဘယ်ထွက်သွားချင်ပါ့မလဲ..."
"ခုတော့ထွက်သွားတာ..တစ်လတောင်ရှိပြီလေ...အင့်...မာမီရေကျွန်တော်စိတ်ဆိုးနေပြီနော်...ငယ်ငယ်ကလိုစိတ်ဆိုးလိုက်ရမလား...အင့်...သားလွမ်းလှပြီ..တောင်းပန်ပါတယ်....အင့်...နှိုင်း..."
တည်တံ့ ဖက်ထားတဲ့လက်တွေက ပြေသွားတာကြောင့် ပြောနေတာကိုရပ်၍ နာမည်ခေါ်လိုက်သည် ။ ပြန်ထူးမလာတာကြောင့် သေချာကြည့်လိုက်တော့ မျက်လုံးတွေကမှိတ်ထားသည်။
"နှိုင်း...နှိုင်း....ဟာကွာ...."
လှုပ်ခေါ်လည်းမရတာကြောင့် တည်တံ့လန့်သွားရ၏။ နှိုင်းကိုမ၍ ဆေးရုံကိုအလျင်အမြန်ပြေးရန်ဆုံးဖြတ်လိုက်သည်။ နှိုင်းကိုပွေ့လာတာကိုမြင်တဲ့ မင်းမင်းက ကားတံခါးကိုဖွင့်ပေးသည်။ဉမ္မာနဲ့ညိုသွယ်ကလည်း အိမ်တံခါးတွေကို ပိတ်နေကြပြီဖြစ်သည်။ အိမ်ကကလေးတွေက တစ်ခုခုဆိုသဘောပေါက်လွယ်တာကြောင့်သာတော်သေးသည်။
" ဉမ္မာ...ညိုသွယ်...လိုအပ်တာတွေယူပြီးကားငှားလိုက်ခဲ့တော့..."
"ဟုတ်..."
"မင်းမင်းသွားတော့မြန်မြန်မောင်း..."
မင်းမင်းကိုပြော၍ ရင်ခွင်ထဲကသူကို တင်းကြပ်စွာဖက်ထားလိုက်သည်။ နှိုင်းကတော့ ကျွန်တော့်ကိုထားမသွားရဘူးနော် မာမီကပါ ထားသွားခဲ့ပြီးပြီ ။ အကောင်းကြီးကနေဘယ်လိုဖြစ်တယ်မသိပါ တည်တံ့စိုးရိမ်တာတစ်ခုပဲသိပါသည်။ နှိုင်းကိုတော့တည်တံ့ဘယ်လိုနည်းနဲ့မှ ထွက်သွားခွင့်မပေးပါ။
ဆေးရုံကိုရောက်တာနဲ့ နှိုင်းကိုပွေ့ချီရင်းပြေးဝင်မိသည်။ ကိုကိုတိမ်ယံက တည်တံ့ကိုမြင်တော့ပြေးလာသည်။ချီထားတဲ့သူက နှိုင်းဆိုတာသိတော့ မျက်နှာပျက်သွား၍ ဉီးဆောင်ပြေးသွားတာကြောင့် တည်တံ့မှာလိုက်ရတော့သည်။
" ဘာဖြစ်တာလဲ...ကိုကိိုတိမ်ယံ.."
"တည်တံ့...ဘာမှမစားဘူးဆို...အဲ့လိုကိုယ့်ဟာကိုနှိပ်စက်မနေနဲ့...မင်းမှာနှိုင်းနဲ့သူ့ဗိုက်ထဲကကလေးရှိသေးတယ်..."
"ကျွန်တော်သိပါတယ်...နှိုင်းကဘာဖြစ်တာလဲ..."
"အားနည်းသွားတာ...ဘာမှမဖြစ်လို့တော်သေးတယ်...သူ့ကိုအစားဂရုစိုက်ကျွေး...သူကတစ်ယောက်ထဲမဟုတ်ဘူး...ငါ့ကိုသေချင်စိတ်ပေါက်အောင်မလုပ်စမ်းနဲ့ ..."
ကိုကိုတိမ်ယံကိုဘာမှပြန်မပြောပဲနှိုင်းဘေးကိုသွားထိုင်လိုက်သည်။ လက်ကိုအသာဆုပ်ကိုင်၍ နမ်းရှိုက်လိုက်သည်။ မောင်တောင်းပန်ပါတယ် နှိုင်းကိုဂရုမစိုက်သလိုဖြစ်သွားတယ် မောင့်ကြောင့်ဖြစ်ရတာပါ။
တိမ်ယံ ညီဖြစ်သူကိုကြည့်၍ မျက်ရည်တွေကျလာရသည်။ မြင်သွားမှာဆိုတာကြောင့် မျက်ရည်ခိုးသုတ်လိုက်ရသည် တီတီ့ကို သတိရလို့ ငိုခဲ့ရတာ တိမ်ယံကိုယ်တိုင်မို့ တည်တံ့ကိုအပြစ်မဆိုးရက်ဖြစ်ရသည်။
" ဖေဖေက လာခဲ့ဦးတဲ့အိမ်ဘက်ကို...နှိုင်းကသူနိုးလာရင်ခေါ်သွားလို့ရပြီ ..ညနေကျအိမ်ဘက်လာခဲ့ ....နှစ်ယောက်လုံးအစားသောက်ဂရုစိုက်ကြ...ငါလည်းအမြဲမလာနိုင်ဘူး...ဇွဲတို့ကလည်းဟိုကိစ္စနဲ့ရူပ်နေတာမလား..."
" အင်းဟုတ်တယ်...သူတို့နှစ်ယောက်လည်းအစားသိပ်မစားကြဘူး...မာမီကိုသတိရလို့ထင်တယ်...ကျွန်တော်အားမတင်းထားနိုင်တော့ဘူး...ဒါပေမဲ့ နှိုင်းရှိသေးတာမို့...အင့်...."
မျက်နှာကိုအုပ်၍ ငိုနေတဲ့တည်တံ့ကြောင့် ကျောကိုပုတ်ပေးလိုက်သည်။ တိမ်ယံကိုဖက်တွယ်၍ ငိုလာတဲ့ ညီဖြစ်သူကြောင့် တိမ်ယံပါငိုမိသည်။ ဒီကောင်လေးကတိမ်ယံရဲ့ တစ်ယောက်သောညီလေးမလားတိမ်ယံအရမ်းချစ်ရတဲ့ညီလေး ခုလိုဖြစ်နေတော့ ရင်တွေနာရပါသည်။
" ဘာဘဲဖြစ်ဖြစ်ကိုကိုရှိတာမို့...ငိုလိုက်နော်...နှိုင်းနိုးလာရင်တော့ပြန်ပြီးသန်မာရမယ် ...နားလည်လား..."
"အွန်း...အင့်...ကိုကိုတိမ်ယံ...မာမီ့ကိုလွမ်းတယ်..."
"ကိုကိုလည်းလွမ်းတာပဲ..လွမ်းတယ်ဆိုပြီးအော်ပြောလဲတီတီကပြန်လာလို့မရတော့ဘူးလေ..."
"ကျွန်တော်သိပေမဲ့ ..မာမီ့ကိုထွက်မသွားစေချင်ဘူး...."
"အွန်းကိုကိုနားလည်တာမို့ ....ငိုလိုက်နော်..."
ရုတ်တရက်ဆန်သော ကံကြမ္မာကြောင့် လူတွေကဘယ်ချိန် ထွက်ခွာသွားရမယ်ဆိုတာမသိကြဘူး။ ထွက်ခွာသွားချိန်တန်တော့ ကျန်ရစ်ခဲ့ရတဲ့သူတွက နာကျင်စရာတွေဖြစ်နေခဲ့သည်။ တီတီလည်း ရုတ်တရက်ဆန်စွာသေဆုံးခဲ့ရတာဖြစ်သည်။တီတီကတည်တံ့ထက် အခြေနေကောင်းခဲ့သော်လဲရုတ်တရက်ကြီး လူ့လောကကထွက်ခွာသွားတာ မယုံနိုင်စရာဖြစ်သည်။
"တည်တံ့...အကိုနှိုင်းဘာဖြစ်တာလဲ...."
"ခန့်ပိုင်...အခြေနေဘယ်လိုရှိလဲ..."
"သိခဲ့ပြီ ရက် ၂၀လောက်စုံစမ်းခဲ့ရတာကွာ.."
ခန့်ပိုင်အပြောကြောင့် တည်တံ့စိတ်ပျက်သွားရသည်။ ဘယ်သူဆိုတာသိချင်လာသည်။မာမီနှင့်တည်တံ့ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူကို ဘယ်သူကသတ်သွားခဲ့တယ်ဆိုတာကိုပါ။ မာမီကို တည်တံ့အနားကထွက်သွားတဲ့ကောင်ကို ကိုယ်တိုင်အပြစ်ပေးချင်သောလည်း ကိုယ်ထက်အရင်ဉီးသွားတဲ့သူကဘယ်သူဆိုတာကိုပေါ့။
" သူနဲ့ရန်ငြိုးရှိတဲ့သူတွေထဲကပဲကွ..အဲ့ကောင်ကအရင်ကတည်းက ရန်များတယ်လေ...ဘာပဲဖြစ်ဖြစ်သူသေသွားပြီပဲ...ငါလည်းငါကိုယ်တိုင်လုပ်ချင်ခဲ့တာမင်းအသိ..."
" သူကအေးဆေး သေသွားလဲ...မာမီကငါတို့ကိုထားသွားတာ...အဲ့ကောင်လွယ်လွယ်သေသွားတာ .."
"အဲ့တာပြောတာပေါ့..."
"ဘာပဲဖြစ်ဖြစ်...ဖြစ်ခဲ့ပြီးပြီပဲ
နောက်တစ်ခါရန်မဖြစ်ကြနဲ့...ဒီလိုထပ်မဖြစ်ပါဘူးဆိုတာ ဘယ်သူမှမပြောန်ိုင်ဘူး...."( တိမ်ယံ)
"ကိုကိုတိမ်ယံပြောတာလဲဟုတ်တာပဲ... "
"အကိုနှိုင်းကဘာဖြစ်တာလဲ..."
"အားနည်းလို့...သူတို့နှစ်ယောက်ကိုအစားအသောက် ဂရုစိုက်ပီး
ကျွေးပေးပါဦး..အတူတူနေတဲ့မင်းတို့က...မင်းနဲ့ဇွဲလဲ ဂရုစိုက်ပြီးစားသောက်နော်..."
"ဟုတ်..."
"ညကြရင် တည်တံ့တို့နဲ့ အိမ်ကိုလိုက်ခဲ့ကြဇွဲပါခေါ်ခဲ့...."
" ဘာရှိလို့လဲ..."
"မရှိပါဘူး...ဒီတိုင်းဖေဖေကခေါ်ခိုင်းလို့..."
"ဟုတ်..."
........................................................................
နှိုင်းနိုးလာတော့ အိမ်ကိုပြန်လာခဲ့ပြီး နားလိုက်ကြသည်။ ညနေကြ ရေချိုးပြင်ဆင်၍ လေးယောက်သားကားတစ်စီးထဲနဲ့ ကိုကိုတိမ်ယံတို့ အိမ်ကိုထွက်လာကြသည်။
" ရောက်လာကြပြီလား....လာလာဝင်ခဲ့..."
"ဟုတ်မေမေ.."
"သားနှိုင်းလေးကပိန်သွားလိုက်တာ..."
နှိုင်း တိမ်ယံမေမေခေါ်ဆောင်ရာနောက်ကိုလိုက်လာသည်။ အထဲမှာ သစ္စာတို့ဖေဖေနဲ့မေမေပါရောက်နေတာဖြစ်သည်။ ဒီနေ့တော့လူစုံတာပေါ့ တစ်ခုပဲ မာမီတော့မပါတော့ဘူး ။ မာမီအကြောင်းတွေးလိုက်တာနဲ့ မျက်ရည်ကဝဲလာရသည်။
" ဒီနေ့ထမင်းလက်စုံစားကြပြီးဖေဖေကပြောစရာရှိလို့ခေါ်လိုက်တာ...ထိုင်ကြ..."
ဖေဖေ့အပြောကြောင့် အကုန်လုံးစုပြုံထိုင်လိုက်ကြသည်။ ဒီနေ့ကလူများတာကြောင့် လူငယ်တွေက အောက်မှာဆင်းထိုင်ကြတာဖြစ်သည်။
" မင်းတို့တိမ်ယံက အသက်ကြီးလာပြီဆိုတာသိတယ်မလား...သူ့ကိုမိန်းမပေးစားတော့မယ်အဲ့တာပြောမလို့..."
"ဖေဖေ..."
တိမ်ယံမှာ ဖေဖေအပြောကြောင့်
လန့်သွားရသည်။ တိမ်ယံအသက်မှာ သုံးဆယ်ထဲဝင်ခါစရှိသေးပါသည်။ ရုပ်ကလည်းချော အသားကလဲဖြူတော့ နုတဲ့ထဲမှာပါ၏။ရည်းစားတောင်မထားဖူးတဲ့တိမ်ယံ့ကို မိန်းမပေးစားမယ်တဲ့ဘယ်လိုတောင်တွေးရဲရတာလဲ ငိုတောင်ငိုချင်လာသည်။တိမ်ယံ့ကိုလဲ ကြိုပြောထားခြင်းမရှိပါ ဘယ်သူနဲ့ပေးစားမှာလဲ ။
"ဖေဖေမလုပ်နဲ့....မင်းအမေစီစဉ်တာ..."
"မေမေက ကိုယ့်သားငယ်ငယ်လေးက်ုလုပ်ရပ်လိုက်တာ...မယူနိုင်ဘူးနော်..."
"ဟုတ်တယ်အန်တီ ကိုကိုတိမ်ယံ့ကိုဘယ်သူမှမပေးနိုင်ဘူး..."
"ဟဲ့စိုင်းတည်တံ့ဉီးမင်းကိုကိုကအသက်ကြီးနေပြီရင့်နေပြီ..ကြာရင်လူပျိုကြီးဖြစ်တော့မယ်..ငါကတခြားသူနဲ့ပေးစားမှာမဟုတ်ဘူး...သစ္စာနဲ့ပဲလူကြီးတွေလဲ
စီစဉ်ထားပြီးပြီ..."
"ရှင်..သမီးနဲ့..."
သစ္စာမှာတိမ်ယံကို မိန်းမပေးစားမယ်ဆိုတော့ ကျိတ်ပြုံးနေတာဖြစ်သည်။တည်တံ့ကပါ သူ့ကိုကိုကိုဘယ်သူမှမပေးနိုင်ဘူးဆိုပြီး ပြောနေသေးတာ တိမ်ယံလိုလူမျိုးကို သစ္စာဆိုသေတောင်မယူပါ။ ထိုအချိန်မှာ တိမ်ယံမေမေပြောလိုက်တဲ့စကားကြောင့်လန့်သွားရသည်။
" မေမေဘယ်လ်ိုပြောလိုက်တာလဲ..သစ္စာကိုမယူနိုင်ဘူး..."
"ငါလည်း နင့်ကိုမယူနိုင်ဘူး..."
"ယူနိူင်တာမယူနိုင်တာနင်တို့ကိစ္စငါကတော့ပေးစားမှာပဲ...ရက်တွေလည်းရွေးပြီးပြီ ဒါငါ့အမိန့်ပဲတိမ်ယံနဲ့သစ္စာ..."
"ကြားတယ်နော်မေကြီးလည်း မင်းတို့မေမေအတိုင်းပဲ..."
"ဟင့်...တိမ်ယံကိုမယူချင်ပါဘူးဆို..."
" ငါလည်းနင့်ကိုမယူချင်ဘူး..."
"မယူချင်လဲယူလိုက်ကြပါတော့..ကိုကိုတိမ်ယံ မမသစ္စာကိုဖက်ထားပေးလိုက်ပါဦး ကိုယ့်မိန်းမပဲကို.."
"တည်တံ့...."
"ဟားဟား..."
တိမ်ယံနှင့်သစ္စာကို အကုန်လုံးကဝိုင်းစနေကြသည်။ဒီလိုမတည့်တဲ့သူနှစ်ယောက်ကိုဘယ်လိုလုပ်ပီးပေးစားဖို့ တွေးလိုက်ကြတယ်မသိပါ။ မဂ်လာဆောင်တဲ့နေမှာပဲရန်ဖြစ်ပြီး စိတ်မဆိုးပါစေနဲ့သာ နှိုင်းကတော့ဆုတောင်းသည်။ တစ်ခုတော့ကောင်းပါတယ် ကိုယ်သူငယ်ချင်းတွေကို တခြားသူတွေမပေးချင်တာ နဲ့အတော်ဖြစ်သွားသည်။
"တိတ်ကြတော့ ကျန်တဲ့သူတွေမီးဖိုချောင်ထဲသွားပြင်ပေးလိုက်...ယူရမဲ့နှစ်ကောင်ကအပြင်ဘက်ထွက်ပြီးစကားပြောလိုက်ကြ..."
" မပြောချင်ဘူး..."
"သမီးလည်းမပြောနိုင်ဘူး..."
" ပါးစပ်နဲ့ပြောတုန်း ရနော်ခုသွားကြ..."
မေကြီးကပိတ်ဆူလိုက်တော့ နှစ်ယောက်သားဆောင့်အောင့်ပြီးထွက်သွားကြသည်။ကျန်တဲ့သူတွေက မီးဖိုခန်းထဲကိုဝင်လိုက်ကြ၍ ကူလုပ်ပေးနေကြသည်။ အပြင်ဘက်ကနှစ်ကောင်ကတော့
" ငါကယူပြီးရင်ငါ့အိမ်ငါနေမှာ..."
"ငါလည်းငါ့အိမ်မှာနေချင်တာ..."
"နေပေါ့..."
"ဟနင်လိုက်နေရမှာလေ...ငါကယောက်ျားလေးပဲ...နင်လိုက်နေရမှာပေါ့..မကြားဖူးဘူးလားယောင်နောက်ဆံထုံးပါတဲ့..."
"မကြားဖူးဘူး..ငါ့အိမ်ငါနေမှာ..."
"အေးပါငါ့မိန်းမလေးရယ်...ငါ့မိန်းမလေးသဘော...ပြွတ်စ့်..."
"တိမ်ယံ..."
"သွားပြီနော်မိန်းမလေး...ယောက်ျားနောက်လိုက်ခဲ့တော့..."
သူ့အိမ်နေမှာ ကိုယ့်အိမ်နေမှာငြင်းနေတုန်း တိမ်ယံကနေ သစ္စာပါးကိုနမ်း၍ ပြေးသွားသည်။တိမ်ယံအစုတ်ပလုပ် ငါ့ကိုလာပြီးနမ်းသွားတာထင်တောင်မထင်ရဘူး ပိုင်စိုးပိုင်နင်းနဲ့ မိန်းမကခေါ်သွားသေးတာ ယူပြီးလို့ကတော့ B ထိုင်ခိုင်းမယ်။
.......................................................................
( အရင်ပိုင်းကမကောင်းခဲ့ဘူးဆိုတာ ကိုယ်သိပါတယ်ခုအပိုင်းကိုအတတ်နိုင်ဆုံးအဆင်ပြေအောင်ရေးထားပါတယ် ဘာလိုလိုနဲ့ တည်တံ့တို့ကိုခွဲဖို့နီးလာပြီနော် မာမီကိုသေစေတဲ့သူကို တိမ်ယံ့ကိုပေးသတ်မလို့ သူ့ညီခံစားရတာဆိုပြီးဒါပေမဲ့ ပြောင်းလိုက်တာ ရှည်သွားမှာဆိုးတာရော ဇာတ်ရှုပ်သွားမှာဆိုတာကြောင့်ပါ အမှားတွေပါသွားရင်တောင်းပန်ပါတယ်
တိမ်ယံနဲ့သစ္စာကိုသဘောတူလား)
......................................................................
"နှိုင်း...နှိုင်း....ဟာကွာ...."
"ဟုတ်..."
" ဘာဖြစ်တာလဲ...ကိုကိုတိမ်ယံ.."
"အဲ့တာပြောတာပေါ့..."
နောက်တစ်ခါရန်မဖြစ်ကြနဲ့...ဒီလိုထပ်မဖြစ်ပါဘူးဆိုတာ ဘယ်သူမှမပြောနိုင်ဘူး...."( တိမ်ယံ)
"ဟုတ်..."
" ဘာရှိလို့လဲ..."
"ဟုတ်..."
........................................................................
"ဟုတ်မေမေ.."
"ဖေဖေ..."
စီစဉ်ထားပြီးပြီ..."
"ရှင်..သမီးနဲ့..."
" မေမေဘယ်လိုပြောလိုက်တာလဲ..သစ္စာကိုမယူနိုင်ဘူး..."
"ယူနိုင်တာမယူနိုင်တာနင်တို့ကိစ္စငါကတော့ပေးစားမှာပဲ...ရက်တွေလည်းရွေးပြီးပြီ ဒါငါ့အမိန့်ပဲတိမ်ယံနဲ့သစ္စာ..."
"တည်တံ့...."
"ဟားဟား..."
" မပြောချင်ဘူး..."
"နေပေါ့..."
"တိမ်ယံ..."
.......................................................................
......................................................................