အပိုင်း(27)U/Z

33.3K 1.3K 44
                                    

ညဘက်လည်း ဖြစ်၍ မိုးပေါက်လေးတွေကျနေ၏ ။ မိုးပေါက်တွေက အိမ်ခေါင်မိုးပေါ်သို့ တစ်ပေါက်ပေါက်ကျနေသံတွေကနားငြီးလှသည်။ ဖားအော်သံတွေကလည်း ကျယ်လောင်စွာကြားနေရသည်။ ပွင့်နေတဲ့ပြတင်းပေါက်တွေကိုထ၍ ပိတ်ရန်ပြင်လိုက်သည်။

နှိုင်းတံခါးတွေလိုက်ပိတ်နေတုန်း နောက်ဆုံးတံခါးပေါက်ရောက်တော့ လမ်းပေါ်ကကားမီးအလင်းရောင်ကြောင့် ဘယ်သူလဲဆိုတာစပ်စုလိုက်သည်။ သေချာကြည့်လိုက်တော့ တည်တံ့ဖြစ်နေ၏။

ဆေးရုံမှာဖြစ်တဲ့ကိစ္စအပြီး နှိုင်းရှေ့မှာထပ်၍ပေါ်မလာတာ တစ်ပတ်ကျော်ပြီဖြစ်သည်။ နှိုင်းအတွက် ပေးစရာရှိတယ်ဆို ဇွဲတို့ကိုလာပေးခိုင်းသည်။ မာမီကတော့ဟိုနေ့ကထပ်၍ လာပြောသွားသေးသည်။ပျောက်သွားတဲ့သူကအခုတော့အိမ်ရှေ့ကိုဘယ်လိုရောက်တယ်မသိပါ။ မိုးရွာထဲလဲ ရပ်နေသေးသည်။ မိုးကတော့တအားကြီးမသည်းတာကြောင့် ဒီတိုင်းသာရပ်ကြည့်နေလိုက်သည်။

မိုးကတဖြည်းဖြည်းပို၍ သည်းလာ၏။ဒါကိုမပြန်သေးပဲ အကြာကြီးရပ်နေသေးသည်။ မနေနိုင်ဘဲ စိုးရိမ်ရတာဟာ နှိုင်းသာဖြစ်သည်။ ထီးကိုယူ၍ အိမ်ရှေ့ကိုထွက်လာလိုက်သည်။ နှိုင်းကိုမြင်တော့ ကားကိုမှီနေရာကနေ သေချာရပ်လိုက်၏။

တည်တံ့ဆေးရုံမှာတွေ့ပြီးနောက်ပိုင်း နှိုင်းဆီကိုမသွားဖြစ်ပါ။ ဒီနေ့တော့ နှိုင်းကိုတအားလွမ်းလာတာကြောင့် လာလိုက်တာဖြစ်သည်။ အိမ်ရှေ့မှာအကြာကြီးရပ်နေမိ၏။ မိုးတွေသည်းလာတာကိုမပြန်ချင်သေးတာကြောင့် ရပ်နေသေးသည်။ ထီးလေးဆောင်း၍ ထွက်လာသောသူကြောင့်ပျော်သွားရသည်။ အပျော်နှင့်အတူစိုးရိမ်စိတ်ကလဲ
ကြီးသွားရသည်။

" ဘာလို့ထွက်လာတာလည်းမိုးတွေရွာနေတာကို..."

"မင်းလည်းဘာအရူးထပြီး...မိုးရွာကြီးထဲရပ်နေတာလဲ..."

နှိုင်းကိုအပြင်ထွက်လာလို့လေသံမာမာဖြင့်အော်လာတဲ့ တည်တံ့ကို ပြန်အော်လိုက်သည်။ ထွက်ချင်လို့ထွက်လာတယ်ထင်နေတာလားမသိပါ ဘယ်သူကြောင့်ထွက်လာရတာလဲ။

"ကျွန်တော်ကဘာမှမဖြစ်ဘူးလေ...နှိုင်းကကိုယ်ဝန်ကြီးနဲ့..."

"သွား မင်းပြန်တော့မင်းကြောင့်ငါထွက်လာရတာလေ..."

Doctor  Husband (Complete)Where stories live. Discover now