အပိုင်း(6)U/Z

40.8K 1.8K 68
                                    

ညနေစောင်း နေဝင်ချိန်ဖြစ်၍ နေမင်းကြီး ဝင်ရောက်နေပုံမှာ နှိုင်း၏ စိတ်ကိုဆွဲဆောင်ထားသည် ။ သဘာဝတရားထက်လှပတာ ဘယ်အရာမှမရှိဘူးဆိုတာ နှိုင်းနားလည်လိုက်သည် ။ တောင်တန်းတွေပေါ်မှာ သဘာဝ ပေါက်ပင်တွေ ကြောင့် အေးမြကြည်လင်၍ လေကောင်းလေသန့်ရသည်ဟုလည်းထင်မိသည် ။

နှိုင်းတို့ တည်းနေသည့်ရွာ၏ တစ်ရွာကျော်ကို ဆေးသွားကုပေးပြီးအပြန် နှိုင်းအပေါ်ကိုတက်မနားတော့ပဲ လေကောင်းလေသန့်ရှူနေတာဖြစ်သည် ။ စိတ်ကိုလန်းဆန်းစေတာကြောင့် နှိုင်း၏ ပါးလေးမို့တက်သွားသည် အထိပြုံးလိုက်မိတော့သည်။

"အ...ဟင်..."

နှိုင်း၏ ခေါင်းကိုတစ်ခုခုနှင့်ပစ်ပေါက်လိုက်တာကြောင့် နာကျင်သွားသည်ခေါင်းကို လက်နဲ့ပွတ်၍ ခဲလာရာကို လှည့်ကြည့်လိုက်တော့ ကလေးငယ်တစ်ယောက်က နှိုင်းကို စိုက်ကြည့်နေတာဖြစ်သည်။

" ဟေ့ ..ကလေးလေး...ကိုကို့ကိုဘာလို့ထုတာလဲ..."

" မြင်ကပ်လို့..."

စကားဝဲဝဲနှင့်ထွက်ပေါ်လာတဲ့အသံကို သေချာနားစိုက်ထားတာကြောင့်ပြောလာသော စကားကြောင့် နှိုင်းမှာ အံ့သြရသည် အမြင်ကပ်လို့တဲ့

" ကိုကိုက ...ခင်ဗျားလေးအမြင်ကပ်အောင်ဘာလုပ်မိလို့လဲဗျာ..."

"လုပ်တယ်..."

နှိုင်းဒီကလေးလေးကိုမြင်လည်းမမြင်ဖူးသေးပါ သူပြောလာသည့်စကားကြောင့်နှိုင်းစဉ်းစားကြည့်တော့လည်း သူကိုဘာမှလည်းမလုပ်ထားတာကြောင့်

" ကိုကိုဘာမှမလုပ်ဘူးနော်...ကလေးလေး..."

"ခုလည်းလုပ်ပြန်ပီ..."

"ဟမ် ...ဘာမှလုပ်ဘူးလေကွာ ..."

" လုပ်တယ်လို့ ..."

" ကဲဟုတ်ပြီ ..ကိုကိုက သားကိုဘာလုပ်မိတာလဲ .."

"ရင်ခုန်အောင်လုပ်လို့..."

"ဟမ်..."

"ဟုတ်တယ် ... မိုင်းမိုင်းဆီလာတာကို ... ကိုကိုက ဒီမှာရပ်နေတော့ ကြည့်လိုက်မိတာ တအားလှနေတော့ ရင်ခုန်သွားလို့လေ...အဲ့ကြောင့်မြင်ကပ်လို့ထုလိုက်တာ..."

Doctor  Husband (Complete)Where stories live. Discover now