အပိုင်း(8)U/Z

38.3K 1.7K 43
                                    

နှိုင်း ကားပေါ်ကဆင်းလိုက်သည့်နှင့် ယံ ဆေးရုံကြီးထဲကို ဝင်လိုက်လာလိုက်သည်။ လမ်းတစ်လျှောက် တွေ့သမျှ သူနာပြုနှင့်ဆရာဝန်တွေအားလုံးက နှုတ်ဆက်လာတာကြောင့်ပြန်လည်နှုတ်ဆက်လိုက်သည်။ ဟိုကပြန်လာပြီး သုံးရက်နားခွင့်ပေးတာကြောင့် နှိုင်းဒီနေ့မှ ဆေးရုံကိုလာရတာဖြစ်သည်။

တည်တံ့ကတော့ နှိုင်းကိုစိတ်ဆိုးတာကြောင့်ဖုန်းလည်းမခေါ်ပါ ကျန်တဲ့ဆက်သွယ်လို့ရတဲ့နေရာတွေနှင့်လည်း နှိုင်းကို bl ထားသည့်အတွက် နှိုင်းမှာစိတ်မကောင်းဖြစ်ရသည်။ မာမီကတော့ ဘာမှစိတ်မပူနဲ့တဲ့ သူစိတ်ဆိုးပြေရင် ဆက်သွယ်လာလိမ့်မယ်တဲ့ နှိုင်းကသာစိတ်အေးအေးမထားနိုင်ဖြစ်ရသည်။

အခန်းထဲကိုမျက်နှာမသာမယာနှင့်ဝင်လာ၍ ခုံပေါ်ကိုတန်းထိုင်ခါ တိမ်ယံတို့ကိုတောင် မနှုတ်ဆက်ပဲ နေသည့်နှ်ိုင်းကြောင့်စိတ်တိုတိုဖြစ်ပြောလိုက်သည်။

" လင်သေထားတဲ့မျက်နှာနဲ့ ..ဘာဖြစ်နေတာလဲ.."

"ဘာကိုလင်သေတာလည်း...ငါ့လင်ကမင်းညီနော် .."

" ဒါဆိုမင်းမျက်နှာကဘာဖြစ်တာလည်း...မသိရင် လင်သေခါစမျက်နှာထားကြီးနဲ့ အိုပုတ်နေတာပဲ..."

"လင်သေတယ်...သေတယ်မပြောစမ်းပါနဲ့ .."

" ပြောမှာပဲ..."

"မပြောနဲ့လို့...ငါ့လင်က ဒီမှာရှိနေတာမဟုတ်ဘူးနော်....အဝေးမှာ.."

"အဲ့တော့...."

"မင်းပါးစပ်ကလျှောက်မပြောနဲ့လေ..."

"အေး အဲ့တာဆို ဘာဖြစ်လာတာလဲပြော..."

"တည်တံ့ငါကိုမဆက်သွယ်ဘူး...!

"ကောင်းတာပေ့ါ...$

တိမ်ယံကိုကတ်ကတ်လန်အောင်ရန်လုပ်နေတဲ့သူက မျက်နှာငယ်နှင့်ပြောလာသော စကားကို အမြင်ကပ်စွာပြန်ပြောလိုက်တော့ မျက်စောင်းထိုး၍ တိမ်ယံကိုပြန်အော်လာ၏ နှိုင်းမြတ်ဘုန်းတို့ ရုပ်ရှင်မင်းသားလုပ်သင့်သည် ။

"ဘာ ...အဲ့တာမင်းကြောင့်လေ..."

တိမ်ယံပြန်ပြောလာတဲ့ စကားကြောင့် နှိုင်းစိတ်တ်ိုသွားရသည် ခုလိုတည်တံ့စိတ်ဆိုးတာ တိမ်ယံကြောင့်ပင် အဲ့နေ့က တခါထဲ ပြန်မယ်ဆိုတာကို အရစ်ရှည်၍ နောက်နေ့မနက်မှ စောစောထပြန်မယ်လို့ပြောလာတဲ့စကားကြောင့်ခုလိုတွေဖြစ်ရတာပင်ဖြစ်သည်။

Doctor  Husband (Complete)Where stories live. Discover now