အပိုင်း(32) U/Z (End )

47.9K 1.3K 37
                                    

" စိုင်းမြတ်ယံဉီး .."(နာမည်လှရဲ့လား )

" ဝူး...ဝူး..."

"ပါးပါးခေါ်တာကြားလား..."

"ဟုတ်...."

"လာခဲ့တော့....အိပ်ရအောင်..."

"ဒယ်..ဒီ..လာမှ..."

သားက နှိုင်းခေါ်နေတာကို ဂရုမစိုက်ပဲ  တဝူးဝူးလုပ်၍  ပတ်ပြေးနေတာဖြစ်သည်။ သူဒယ်ဒီလာမှ လို့ပြန်ပြောမှာသိနေတဲ့ နှိုင်းလည်း  အမြင်ကပ်လာရသည် ။ သူ့ဒယ်ဒီက အလုပ်လုပ်နေတာကိုသိရဲ့နဲ့ ။

" ဒယ်ဒီလာမှလဲ မရဘူး...ခုလာခဲ့...အိပ်ရအောင်...သားဒယ်ဒီက...အလုပ်လုပ်နေတာ..."

"စောင့်...."

"မစောင့်ရဘူး....အိပ်ရအောင်...
ဒယ်ဒီကနောက်ကျမှာ...."

သူ့ဒယ်ဒီနဲ့အတူအိပ်ချင်နေတဲ့သားအနားကို လျှောက်သွားလိုက်သည်။ အနားရောက်တော့ ပွေ့ချီလိုက်၏။ လည်ပင်းကိုဖက်တွယ်လာတဲ့
လက်သေးသေးလေးတွေက အူယားစရာလေးပင်ဖြစ်သည်။ နှိုင်းသားက ငယ်သေးသော်လည်းအလည်လေးဖြစ်သည်။စကားကလည်းတတ်သေးသည်။

သားကိုကုတင်ပေါ်ချပေးပြီး နှိုင်းပါ ဘေးကဝင်လှဲလိုက်သည်။ နှိုင်းဝင်လှဲလိုက်တာနဲ့  သားက အက်ျီကိုလှန်လာတာကြောင့် ဆွဲတင်ပေးရသည်။ နှိုင်းကနို့ဖြတ်ချင်သော်လည်း  သူ့ဒယ်ဒီက မဖြတ်ပါနဲ့ဦးဆိုလို့ ခုထိ နို့တိုက်နေရသေးသည်။

" သားအကြာကြီးမရဘူးနော်..."

"အွန့်...ပါးပါး..."

နို့ကိုငုံထား၍  ခေါင်းလေးညိတ်ပီး တုန့်ပြန်လာတဲ့သားကြောင့် နှိုင်းမှာပြုံးမိသည်။ သားက တပြွတ်ပြွတ်နဲ့စုတ်နေတဲ့ အချိန် ရုတ်တရက်ကြီး နို့ကို ကိုက်လိုက်တာကြောင့်နာကျင်သွားရသည်။ နာကျင်သွားတာကြောင့် မျက်ရည်ပါဝဲလာရသည်။

"အ...စိုင်းမြတ်ယံဉီး...."

" အင့်...ပါးပါး..."

"ပါးပါးမလုပ်နဲ့...မင်းတော်တော်ဆိုးနေတာလား..."

"ဒယ်..ဒီ...အင့်..."

"မင်းဒယ်ဒီဆီပြေးမယ်မကြံနဲ့နော်...ငါ့ကိုစိတ်တိုအောင်လာစပြီးတော့..."

Doctor  Husband (Complete)Where stories live. Discover now