အပိုင်း( 14 ) U / Z

37.2K 1.6K 55
                                    

ဖက်တွယ်ထားသော လက်ကိုဖြုတ်၍ အိပ်ရာပေါ်ကဆင်းလိုက်သည်။ မျက်နှာသစ်သွားတိုက်၍ အောက်ထပ်ကိုဆင်းလာလိုက်ပီး မိီးဖိုချောင်မီးကိုဖွင့်၍ ဝင်လာလိုက်သည်။

ရေခဲသေတ္တာထဲက ကြက်သားကိုယူ၍ သေချာဆေးကြောလိုက်သည်။ ကြက်သားကို နနွင်း၊ ဆားအနည်းငယ်၊ အရသာမှုန့်ဖြင့် သေချာနယ်၍ နပ်ထားလိုက်သည်။ ဒယ်အိုးတစ်လုံးကိုယူ၍ ရေထည့်ခါ တည်ထားလိုက်၏ ။ ဂျင်း၊ ကြက်သွန်ဖြူကို ခွှာ၍ ထောင်းထားလိုက်သည်။ ရေနွေးအနည်းငယ်ဆူချိန်တွင် ကြက်သားကိုထည့်၍ ပြုတ်လိုက်သည်။

ခေါက်ဆွဲထုတ်ကိုယူဖို့ အရပ်က အနည်းငယ်ပုနေတာကြောင့် ခုံဖြင့် တက်ယူလိုက်၏။ကြက်သားကျက်မကျက် နှိုင်းဖွင့်ကြည့်လိုက်သည်။ အနေတော်ဖြစ်နေပြီဖြစ်သောကြက်သားကိုဆယ်ထား၍ ပန်းကန်ထဲ အအေးခံထားလိုက်သည်။ ကြက်သားအေးလာသည့်အချိန် အနေတော်အတုံးလေးတွေတုံးလိုက်သည်။ တခြားဒယ်အိုးကြီးတာတစ်လုံးယူ၍ ဂျင်း ၊ကြက်သွန်ဖြူနှင့် ကြက်သားလေးကိုဆီသတ်လိုက်သည်။

ကြက်သားဆီထည့်ထားသောအိုးထဲကို အုန်းနို့စိမ်းထည့်၍ သေချာမွှေလိုက်သည်။ အနည်းငယ်ဆူလာသော အိုးထဲသို့ ကြက်သားပြုတ်ရည်ကိုထည့်၍ တည်ထားလိုက်သည်။ဘေးတွင်လဲ ရေနွေးအိုးတစ်အိုးတည်ထားလိုက်သည်။

နှိုင်းဟင်းရည်အိုးနှင့် ရေနွေးအို းပွက်တာကို ထိုင်စောင့်နေသည့်အချိန် ဉမ္မာနှင့်ညိုသွယ်က ဝင်လာကြသည်။

" အကိုနှိုင်းကနိုးနေပြီလား..."

"နိုးကြပြီလား..."

"ဟုတ် နိုးတော့မနိုးဘူး ထတာကြာပြီလားဟင်..."

"မကြာသေးဘူး..."

နှိုင်း ဉမ္မာအမေးကိုဖြေလျှက် ဟင်းအိုးကိုကြည့်လိုက်တော့ ပွက်နေပြီးဖြစ်တာကြောင့် အရသာမှုန့်နှင့် လိုအပ်တာတွေထည့်လိုက်သည်။ ရေနွေးအိုးထဲကိုလဲ ခေါက်ဆွဲထည့်၍ ပြုတ်ထားလိုက်သည်။

" ခေါက်ဆွဲပြုတ်ထားခဲ့တဲ့နော် ...ကြည့်ပြီးတော့ ဆယ်ထားပေး..အကိုရေချိုးလိုက်ဦးမယ်..."

"ဟုတ်..."

နှိုင်းအပေါ်ကိုတက်လာ၍ ရေချိုးလိုက်သည် ။ ရေချိုးပြီး ဂျူတီကုတ်နှင့် တခြားလိုအပ်တာတွေကို အိတ်ထဲ ထည့်ထားလိုက်သည်။ နှိုင်းအဝတ်အစားလဲ၍ ပြင်ဆင်ပြီးတော့ အိပ်နေသူကို သွား၍ နှိုးရသည်။

Doctor  Husband (Complete)Where stories live. Discover now