အပိုင်း( 15)U/Z

35.2K 1.6K 77
                                    

" ဒါကိုအခုရှင်းစမ်းပါ ...ခင်ဗျား..."

"ဘာကိုရှင်းရမှာလဲ တည်တံ့ရယ်..."

"ဘာ... ဘာကိုရှင်းရမှာလဲဟုတ်လား..."

"ငါမသိဘူး .."

" ဘာလဲ...ကျုပ်ဖြစ်နေလို့လား..."

"ဘာကိုလဲတည်တံ့ရယ်..."

"ကျုပ်ခင်ဗျားကို သတ်မိလိမ့်မယ်နော် ကောင်းကောင်းမေးတုန်းဖြေလိုက် ဒီဆေးတွေကဘာဆေးတွေလဲလို့..."

"မင်းကိုအစောကြီးထဲကပြောထားတယ်လေ ...မျက်လုံးအားဆေးလို့..."

"ဘာ...မျက်လုံးအားဆေးဟုတ်လား...ဟားဟား..."

မျက်လုံးအားဆေးဟု လိမ်နေသောသူကိုကြည့်၍ တည်တံ့ ဟားတိုက်ရယ်လိုက်သည်။ ဒီနေ့တည်တံ့ ခေါင်းတွေကိုက်တာကြောင့် ဆိုင်ကနေ စောစောပြန်လာတာဖြစ်သည်။ တည်တံ့ကားကလဲ ဒီနေ့မှပျက်နေတာကြောင့် ပြင်တဲ့ဆိုင်ပို့ထားရသည်။ ထို့ကြောင့် ဆိုင်က ကလေးတစ်ယောက်ကို အိမ်ရှေ့ထိပဲလိုက်ပို့ခိုင်းခဲ့တာဖြစ်သည်။ တည်တံ့ပြန်လာတော့ မာမီက မီးဖိုချောင်ထဲတွင် ဖုန်း​ပြောနေတာဖြစ်၏။ ကားမပါတာကြောင့် မာမီက တည်တံ့ဝင်လာတာကို သတိမထားမိပဲ ဖုန်းသာ မဲပြောနေသည်။

" နေကောင်းတယ် ...စိမ်းရဲ့...စိမ်းရောနေကောင်းလား..."

"ကောင်းတယ် ...နှိုင်းရောရှိလား..."

မာမီတို့က vc ပြောနေတာဖြစ်တာကြောင့် တစ်ဖက်က အသံကိုပါကြားနေရသည်။ နှိုင်း ဆိုသည့်အသံကြားတာကြောင့် အပေါ်ကိုမတက်ပဲ ရပ်၍ နားထောင်နေလိုက်သည်။ မာမီနှင့် ဖုန်းပြောနေသူမှာ နှိုင်း၏ မိခင်ဆိုတာ တည်တံ့သိလိုက်သည်။

" မရှိဘူး...သားနှိုင်းက ဆေးရုံသွားတယ်..."

"ဪ...တို့ကတော့မြေးချီချင်လှပြီ...မြတ်ရယ် ..."

"အမယ်လေး... မြတ်ရောပါဘဲ...သားနှိုင်းလေးက ကိုယ်ဝန်ဆောင်နိုင်တာကိုသိထားတော့ ပိုဆိုးတယ် မြေးလိုချင်တာ..."

မာမီပြောသောစကားကို တည်တံ့နားမလည်တာကြောင့်မျက်ခုံးကိုကြှုံ့ ၍ ခေါင်းကို ကုတ်လိုက်သည်။ နှိုင်းက ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုသော စကားက တည်တံ့ရဲ့သွေးသားကိုမွေးနိုင်တာက်ိုဆိုလိုတာလား။

Doctor  Husband (Complete)Where stories live. Discover now