မြွေ(Complete -U+Z)

By MyaHninn5

1.4M 92.2K 3.2K

မြွေများကိုအလွန်အမင်းကြောက်တတ်သောပြည့်စုံသည်တစ်နေ့တွင်ထူးထူးဆန်းဆန်းအိမ်မက်ကြီးတစ်ခုမက်ခဲ့သည်။ထိုအိမ်မက်ထဲတွင... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
24
25
26
27
28
29
30
31
32(END)
EXTRA
EXTRA
❤️
EXTRA
EXTRA
Book Mark
Book cover🐍details
Preorder time🐍
စားလုံးပေါင်းအမှားများ
ပြင်ဆင်ပြီးစီးခြင်း
သတိပေးချက်
Hello

23

33.2K 2.2K 30
By MyaHninn5

ထိုနေ့မှစ၍ကြင်ယာတော်လေးဟာလိမ်မာပြီးနာခံမှုရှိလာတော့သည်။သူမရှိတဲ့အချိန်တွေဆိုကြင်ယာတော်လေးကအခန်းပတ်ပတ်လည်သန့်ရှင်းရေးလုပ်နေတတ်သည်။လူသားကြင်ယာတော်တွေရဲ့အလုပ်မို့လုပ်နေမှန်းသိပေမယ့်သူကတော့မလုပ်စေချင်ပါ။မြွေတိုင်းပြည်မှာကြင်ယာတော်တွေကိုအများအားဖြင့်အိမ်မှုကိစ္စမခိုင်းတတ်ကြ။သာမာန်ဘဝတွေမှာတောင်,ယောက်ျားတစ်ယောက်ရဲ့ဂုဏ်သိက္ခါအတွက်အသက်ထက်မြတ်နိုးရတဲ့အိမ်သူသက်ထားအတွက်ပင်ပန်းပြီခက်ခဲသောအရာတွေကိုမလုပ်ခိုင်းကြချေ။

သူ့လိုမြင့်မြတ်တဲ့တော်ဝင်မင်းသာဆိုရင်ပိုဆိုးပေါ့။ဖြစ်နိုင်လျှင်နေပူပူထဲပင်မထွက်ခိုင်းရက်ပါ။သူ့မှာရွေရံသင်းပင်းတွေအများကြီးရှိပြီးသားဖြစ်သည်။သို့သော်လည်းယခုချိန်မှာသူကကြင်ယာတော်လေးကိုတရားဝင်မပိုင်ဆိုင်နိုင်သေးပေ။ထို့ကြောင့်အရာအားလုံးကိုသည်းခံထားရသည်။

တခြားကြင်ယာတော်တွေနှင့်မတူသည့်အချက်မှာသူ့ကြင်ယာတော်လေးဟာလွန်စွာမှမြွေများကိုကြောက်ရွံ့တတ်သည်။မြွေများနှင့်ထိတွေ့ခိုင်းလိုက်ပါကတစ်ကိုယ်လုံးမလှုပ်ရှားနိုင်တော့ပဲမျက်လုံးထဲမှမျက်ရည်များစီးကျရင်းနုတ်ခမ်းသေးသေးလေးတွေကတစ်ဆတ်ဆတ်တုန်ယင်နေတတ်သည်။နက္ခထိုပုံစံလေးကိုသဘောကျလွန်းလှ၍ကြင်ယာတော်လေးကိုယ်ပေါ်ခဏခဏမြွေများတင်ပေးထားတတ်သည်။

နည်းနည်းတော့သနားပေမယ့်စနောက်တာကိုလည်းမရပ်တန့်နိုင်ပါ။

"အရှင်..ဘာလို့ကျွန်တော့်ကိုအဲ့လိုမျိုးကြည့်နေတာလဲကျွန်တော်အမှားတစ်ခုခုလုပ်ထားမိလို့လား"

နက္ခမျက်မှောင်ကျုံ့လိုက်ကာ

"ကိုယ့်ကြင်တော်ကိုသဘောကျလို့ကြည့်တာပေါ့ဘာလို့အမှားလုပ်ထားလို့ဖြစ်ရမှာလဲအမှားလုပ်ထားရင်တောင်ကိုယ့်ကြင်ယာတော်လေးပဲဟာဘာလို့အပြစ်တင်ရမှာလဲ"

မိုမိုပြည့်စုံကောင်းကိုသာခပ်ပြင်းပြင်းကုတ်မိတော့သည်။

'သူ့မိဘတွေကသူ့ရဲ့အရှင်သခင်ဖြစ်သူဟာတစ်ခန်းလွှတ်နေမှန်းသိရင်သူ့ကိုပေးခဲ့ပါ့အုန်းမလား..ပေးမှာပေါ့ငါ့ကိုမှမချစ်ကြပဲ'

"ကိုယ်တို့တရားဝင်မိတ်ဆက်ကြရအောင်ကိုယ့်နာမည်ကနက္ခမဟာတဲ့ကိုယ်ကအရှင်မဟုတ်သေးလို့အရှင်လို့မခေါ်ပါနဲ့ဒီတိုင်းမင်းကြိုက်တဲ့နာမည်ကိုသာခေါ်ပါကိုယ်ကမင်းပိုင်တဲ့လူမို့လို့လေးလေးစားစားဆက်ဆံစရာမလိုပါဘူးကိုယ်ပြောတာနားလည်ရဲ့လား"

ပြည့်စုံမျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။သူခေါင်းငြိမ့်လိုက်ပေမယ့်သေချာတော့နားမလည်ပါ။သူ့ကိုအရှင်လို့မခေါ်ခိုင်းတာမှန်းတော့သိလိုက်သည်။

"နက္ခလို့ခေါ်ပါ့မယ်"

နက္ခသွား၃၂ချောင်းပေါ်အောင်ပြုံးပြလိုက်သည်။

"ကိုယ်အရမ်းကြိုက်တာပဲ"

"ကျွန်တော့်နာမည်မိုမိုပြည့်စုံပါ"

"ကိုယ်ကမင်းနာမည်ကိုဉီးတုတ်ကြီးထင်ခဲ့တာ"

ပြည့်စုံခေါင်းခါယမ်းလိုက်ကာ

"အဲ့ဒါကျွန်တော့်နာမည်မဟုတ်ပါဘူးကျွန်တော့်သတိုးသမီးလောင်းရဲ့ဉီးလေးနာမည်ပါဒါပေမယ့်အခုတော့သေသွားပါပြီ"

နက္ခမျက်နှာချက်ချင်းကိုစိမ်းပုတ်သွားတော့သည်။

"မင်းနောက်တစ်ခေါက်ပြန်ပြောလိုက်စမ်း!"

"ဘာ...ဘာကိုပြောတာလဲ"

"မင်းခုနကစကားကိုပြန်ပြောလိုက်စမ်း!"

ပြည့်စုံမှာသူ့ရှေ့ကလူဘာကြောင့်ဒေါသထွက်သွားမှန်းနားမလည်ပေ။သူပြောတဲ့ထဲစိတ်တိုစရာမပါဘူးလားလို့လေ။

"မင့်ရဲ့သတို့သမီးလောင်းကဘယ်သူလဲ"

ပြည့်စုံထိုလူကြီးထပ်စိတ်ဆိုးသွားမှာကြောက်တာကြောင့်သေချာလေးဂရုစိုက်ပြီးဖြေလိုက်သည်။

"နာမည်ကပန်းနီနီတဲ့အသက်ကကျွန်တော်နဲ့အတူတူပါပဲသူလည်းနတ်ဆိုးတွေကိုမမုန်းပါဘူးကျွန်တော်ပြောပြတဲ့နတ်ဆိုးပုံပြင်တွေကိုဆိုသူအရမ်းကြိုက်တာ"

"မင်းအဲ့ဒီမှာသေလိုက်တော့!"

အခုနောက်ပိုင်းသူကြောက်မှန်းသိလို့အပြင်ထုတ်ထားပေးတဲ့မြွေတွေကိုအခန်းထဲပြန်ခေါ်သွင်းလာသည့်အပြင်အခြားမြောက်များစွာသောမြွေများကိုလည်းအခန်းထဲထည့်သွင်းကာဒေါသတကြီးထွက်သွားတော့သည်။မြွေများဟာကြမ်းပြင်မှဒူခေါင်းလောက်ထိများပြားပြီးနေရာအနှံ့သွားလာနေကြသည်။

ပြည့်စုံမှာသူဘာမှားသွားသလဲစဉ်းစားရင်းမျက်ရည်များကလည်းတစ်တောက်တောက်ကျဆင်းနေသည်။သူကရုပ်တုတစ်ခုလိုကုတင်ပေါ်မှာငြိမ်သက်နေရန်သာတတ်နိုင်သည်။သူနည်းနည်းလှုပ်ရှားလိုက်လျှင်ပင်သွားစွယ်ဖွေးဖွေးများကကိုက်လာတော့မလို့ခံစားနေရသည်။

အထောက်တော်မှာလည်းမျက်စိမျက်နှာပျက်နေရှာသည်။

"အရှင့်သားကျွန်တော်မျိုးကိုလည်းငဲ့ညှာပါအုန်းဒီကိစ္စတွေကိုအရှင်နဲ့ကြင်ယာတော်လေးတို့သာသိသွားရင်ကျွန်တော်မျိုးခေါင်းပြတ်ရပါလိမ့်မယ်ဘုရား"

"အိုး..မင်းတစ်ယောက်ထဲခေါင်းပြတ်ရင်ပျင်းစရာကောင်းနေမှာပဲမင်းရဲ့အငယ်ဆုံးသားကိုရောထည့်ပေးလိုက်ရမလား"

အထောက်တော်ဟာလျှင်မြန်စွာဒူးထောက်ချလိုက်ပြီး

"အမှုတော်ကိုကျေအောင်ထမ်းဆောင်ပါ့မယ်ဒီတစ်ခါတော့ခွင့်လွှတ်ပေးပါ"

"အဲ့ပန်းနီနီဆိုတဲ့မိန်းမအကြောင်းသွားစုံစမ်းချေငါ့ကြင်ယာတော်လေးနဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးမျိုးရှိနေရင်အဲ့မိန်းကလေးကိုရောမင့်ကိုရောမင့်ရဲ့အငယ်ဆုံးသားကိုရောငါကိုယ်တိုက်သတ်ပြစ်မယ်မရှိခဲ့ရင်တော့မင်းတို့သုံးယောက်လုံးကံကောင်းတယ်မှတ်ပေါ့"

မြွေတိုင်းပြည်မှာကိုးကွယ်တာဆိုလို့ဘိုးဘေးများနှင့်နတ်ဆိုးများသာရှိသော်လည်းအထောက်တော်မှာဘိုးဘေးနှင်နတ်ဆိုးများသာမကလူသားတွေကိုးကွယ်တတ်ကြသောဘုရားများစွာကိုပါတိုင်တည်ပြီးဆုတောင်းလိုက်သည်။

"ရှိသမျှဘုရားအကုန်မလို့ကြင်ယာတော်လေးနဲ့ထိုမိန်းကလေးကင်းကင်းရှင်းရှင်းရှိပါစေ"

ပြည့်စုံအံတင်းတင်းကြိတ်ရင်းတောင့်ခံထားပါသော်လည်းတစ်ဖြည်းဖြည်းခံနိုင်ရည်စွမ်းအားတွေကုန်ဆုံးလာတော့သည်။

'ငါ၁၀အထိရေမယ်အဲ့ထိမှပေါ်မလာသေးရင်မြွေတွေလာမဖယ်ပေးရင်ငါမင်းကိုဒီနေ့ကစပြီးမုန်းလိုက်တော့မှာ'

'1 2 3 4 5 6 7 8 9 ..'

"ကြင်ယာတော်လေး!"

______________________________________

614❤️
______________________________________

ထိုေန့မွစ၍ၾကင္ယာေတာ္ေလးဟာလိမ္မာၿပီးနာခံမႈရိွလာေတာ့သည္။သူမရိွတဲ့အခ်ိန္ေတြဆိုၾကင္ယာေတာ္ေလးကအခန္းပတ္ပတ္လည္သန္႔ရွင္းေရးလုပ္ေနတတ္သည္။လူသားၾကင္ယာေတာ္ေတြရဲ့အလုပ္မို႔လုပ္ေနမွန္းသိေပမယ့္သူကေတာ့မလုပ္ေစခ်င္ပါ။ေႁမြတိုင္းျပည္မွာၾကင္ယာေတာ္ေတြကိုအမ်ားအားျဖင့္အိမ္မႈကိစၥမခိုင္းတတ္ၾက။သာမာန္ဘဝေတြမွာေတာင္,ေယာက်္ားတစ္ေယာက္ရဲ့ဂုဏ္သိကၡါအတြက္အသက္ထက္ျမတ္ႏိုးရတဲ့အိမ္သူသက္ထားအတြက္ပင္ပန္းၿပီခက္ခဲေသာအရာေတြကိုမလုပ္ခိုင္းၾကေခ်။

သူ႔လိုျမင့္ျမတ္တဲ့ေတာ္ဝင္မင္းသာဆိုရင္ပိုဆိုးေပါ့။ျဖစ္ႏိုင္လ်ွင္ေနပူပူထဲပင္မထြက္ခိုင္းရက္ပါ။သူ႔မွာေရြရံသင္းပင္းေတြအမ်ားႀကီးရိွၿပီးသားျဖစ္သည္။သို႔ေသာ္လည္းယခုခ်ိန္မွာသူကၾကင္ယာေတာ္ေလးကိုတရားဝင္မပိုင္ဆိုင္ႏိုင္ေသးေပ။ထို႔ေၾကာင့္အရာအားလံုးကိုသည္းခံထားရသည္။

တျခားၾကင္ယာေတာ္ေတြႏွင့္မတူသည့္အခ်က္မွာသူ႔ၾကင္ယာေတာ္ေလးဟာလြန္စြာမွေႁမြမ်ားကိုေၾကာက္ရြံ႔တတ္သည္။ေႁမြမ်ားႏွင့္ထိေတြ့ခိုင္းလိုက္ပါကတစ္ကိုယ္လံုးမလႈပ္ရွားႏိုင္ေတာ့ပဲမ်က္လံုးထဲမွမ်က္ရည္မ်ားစီးက်ရင္းႏုတ္ခမ္းေသးေသးေလးေတြကတစ္ဆတ္ဆတ္တုန္ယင္ေနတတ္သည္။နကၡထိုပံုစံေလးကိုသေဘာက်လြန္းလွ၍ၾကင္ယာေတာ္ေလးကိုယ္ေပၚခဏခဏေႁမြမ်ားတင္ေပးထားတတ္သည္။

နည္းနည္းေတာ့သနားေပမယ့္စေနာက္တာကိုလည္းမရပ္တန္႔ႏိုင္ပါ။

"အရွင္..ဘာလို႔ကြၽန္ေတာ့္ကိုအဲ့လိုမ်ိဳးၾကည့္ေနတာလဲကြၽန္ေတာ္အမွားတစ္ခုခုလုပ္ထားမိလို႔လား"

နကၡမ်က္ေမွာင္က်ံဳ႔လိုက္ကာ

"ကိုယ့္ၾကင္ေတာ္ကိုသေဘာက်လို႔ၾကည့္တာေပါ့ဘာလို႔အမွားလုပ္ထားလို႔ျဖစ္ရမွာလဲအမွားလုပ္ထားရင္ေတာင္ကိုယ့္ၾကင္ယာေတာ္ေလးပဲဟာဘာလို႔အျပစ္တင္ရမွာလဲ"

မိုမိုျပည့္စံုေကာင္းကိုသာခပ္ျပင္းျပင္းကုတ္မိေတာ့သည္။

'သူ႔မိဘေတြကသူ႔ရဲ့အရွင္သခင္ျဖစ္သူဟာတစ္ခန္းလႊတ္ေနမွန္းသိရင္သူ႔ကိုေပးခဲ့ပါ့အုန္းမလား..ေပးမွာေပါ့ငါ့ကိုမွမခ်စ္ၾကပဲ'

"ကိုယ္တို႔တရားဝင္မိတ္ဆက္ၾကရေအာင္ကိုယ့္နာမည္ကနကၡမဟာတဲ့ကိုယ္ကအရွင္မဟုတ္ေသးလို႔အရွင္လို႔မေခၚပါနဲ႔ဒီတိုင္းမင္းႀကိဳက္တဲ့နာမည္ကိုသာေခၚပါကိုယ္ကမင္းပိုင္တဲ့လူမို႔လို႔ေလးေလးစားစားဆက္ဆံစရာမလိုပါဘူးကိုယ္ေျပာတာနားလည္ရဲ့လား"

ျပည့္စံုမ်က္ေတာင္ကိုပုတ္ခတ္ပုတ္ခတ္လုပ္လိုက္သည္။သူေခါင္းၿငိမ့္လိုက္ေပမယ့္ေသခ်ာေတာ့နားမလည္ပါ။သူ႔ကိုအရွင္လို႔မေခၚခိုင္းတာမွန္းေတာ့သိလိုက္သည္။

"နကၡလို႔ေခၚပါ့မယ္"

နကၡသြား၃၂ေခ်ာင္းေပၚေအာင္ၿပံဳးျပလိုက္သည္။

"ကိုယ္အရမ္းႀကိဳက္တာပဲ"

"ကြၽန္ေတာ့္နာမည္မိုမိုျပည့္စံုပါ"

"ကိုယ္ကမင္းနာမည္ကိုၪီးတုတ္ႀကီးထင္ခဲ့တာ"

ျပည့္စံုေခါင္းခါယမ္းလိုက္ကာ

"အဲ့ဒါကြၽန္ေတာ့္နာမည္မဟုတ္ပါဘူးကြၽန္ေတာ့္သတိုးသမီးေလာင္းရဲ့ၪီးေလးနာမည္ပါဒါေပမယ့္အခုေတာ့ေသသြားပါၿပီ"

နကၡမ်က္ႏွာခ်က္ခ်င္းကိုစိမ္းပုတ္သြားေတာ့သည္။

"မင္းေနာက္တစ္ေခါက္ျပန္ေျပာလိုက္စမ္း!"

"ဘာ...ဘာကိုေျပာတာလဲ"

"မင္းခုနကစကားကိုျပန္ေျပာလိုက္စမ္း!"

ျပည့္စံုမွာသူ႔ေရ႔ွကလူဘာေၾကာင့္ေဒါသထြက္သြားမွန္းနားမလည္ေပ။သူေျပာတဲ့ထဲစိတ္တိုစရာမပါဘူးလားလို႔ေလ။

"မင့္ရဲ့သတို႔သမီးေလာင္းကဘယ္သူလဲ"

ျပည့္စံုထိုလူႀကီးထပ္စိတ္ဆိုးသြားမွာေၾကာက္တာေၾကာင့္ေသခ်ာေလးဂရုစိုက္ၿပီးေျဖလိုက္သည္။

"နာမည္ကပန္းနီနီတဲ့အသက္ကကြၽန္ေတာ္နဲ႔အတူတူပါပဲသူလည္းနတ္ဆိုးေတြကိုမမုန္းပါဘူးကြၽန္ေတာ္ေျပာျပတဲ့နတ္ဆိုးပံုျပင္ေတြကိုဆိုသူအရမ္းႀကိဳက္တာ"

"မင္းအဲ့ဒီမွာေသလိုက္ေတာ့!"

အခုေနာက္ပိုင္းသူေၾကာက္မွန္းသိလို႔အျပင္ထုတ္ထားေပးတဲ့ေႁမြေတြကိုအခန္းထဲျပန္ေခၚသြင္းလာသည့္အျပင္အျခားေျမာက္မ်ားစြာေသာေႁမြမ်ားကိုလည္းအခန္းထဲထည့္သြင္းကာေဒါသတႀကီးထြက္သြားေတာ့သည္။ေႁမြမ်ားဟာၾကမ္းျပင္မွဒူေခါင္းေလာက္ထိမ်ားျပားၿပီးေနရာအႏွံ႔သြားလာေနၾကသည္။

ျပည့္စံုမွာသူဘာမွားသြားသလဲစဥ္းစားရင္းမ်က္ရည္မ်ားကလည္းတစ္ေတာက္ေတာက္က်ဆင္းေနသည္။သူကရုပ္တုတစ္ခုလိုကုတင္ေပၚမွာၿငိမ္သက္ေနရန္သာတတ္ႏိုင္သည္။သူနည္းနည္းလႈပ္ရွားလိုက္လ်ွင္ပင္သြားစြယ္ေဖြးေဖြးမ်ားကကိုက္လာေတာ့မလို႔ခံစားေနရသည္။

အေထာက္ေတာ္မွာလည္းမ်က္စိမ်က္ႏွာပ်က္ေနရွာသည္။

"အရွင့္သားကြၽန္ေတာ္မ်ိဳးကိုလည္းငဲ့ၫွာပါအုန္းဒီကိစၥေတြကိုအရွင္နဲ႔ၾကင္ယာေတာ္ေလးတို႔သာသိသြားရင္ကြၽန္ေတာ္မ်ိဳးေခါင္းျပတ္ရပါလိမ့္မယ္ဘုရား"

"အိုး..မင္းတစ္ေယာက္ထဲေခါင္းျပတ္ရင္ပ်င္းစရာေကာင္းေနမွာပဲမင္းရဲ့အငယ္ဆံုးသားကိုေရာထည့္ေပးလိုက္ရမလား"

အေထာက္ေတာ္ဟာလ်ွင္ျမန္စြာဒူးေထာက္ခ်လိုက္ၿပီး

"အမႈေတာ္ကိုေက်ေအာင္ထမ္းေဆာင္ပါ့မယ္ဒီတစ္ခါေတာ့ခြင့္လႊတ္ေပးပါ"

"အဲ့ပန္းနီနီဆိုတဲ့မိန္းမအေၾကာင္းသြားစံုစမ္းေခ်ငါ့ၾကင္ယာေတာ္ေလးနဲ႔ရႈပ္ေထြးတဲ့ဆက္ဆံေရးမ်ိဳးရိွေနရင္အဲ့မိန္းကေလးကိုေရာမင့္ကိုေရာမင့္ရဲ့အငယ္ဆံုးသားကိုေရာငါကိုယ္တိုက္သတ္ျပစ္မယ္မရိွခဲ့ရင္ေတာ့မင္းတို႔သံုးေယာက္လံုးကံေကာင္းတယ္မွတ္ေပါ့"

ေႁမြတိုင္းျပည္မွာကိုးကြယ္တာဆိုလို႔ဘိုးေဘးမ်ားႏွင့္နတ္ဆိုးမ်ားသာရိွေသာ္လည္းအေထာက္ေတာ္မွာဘိုးေဘးႏွင္နတ္ဆိုးမ်ားသာမကလူသားေတြကိုးကြယ္တတ္ၾကေသာဘုရားမ်ားစြာကိုပါတိုင္တည္ၿပီးဆုေတာင္းလိုက္သည္။

"ရိွသမ်ွဘုရားအကုန္မလို႔ၾကင္ယာေတာ္ေလးနဲ႔ထိုမိန္းကေလးကင္းကင္းရွင္းရွင္းရိွပါေစ"

ျပည့္စံုအံတင္းတင္းႀကိတ္ရင္းေတာင့္ခံထားပါေသာ္လည္းတစ္ျဖည္းျဖည္းခံႏိုင္ရည္စြမ္းအားေတြကုန္ဆံုးလာေတာ့သည္။

'ငါ၁၀အထိေရမယ္အဲ့ထိမွေပၚမလာေသးရင္ေႁမြေတြလာမဖယ္ေပးရင္ငါမင္းကိုဒီေန့ကစၿပီးမုန္းလိုက္ေတာ့မွာ'

'1 2 3 4 5 6 7 8 9 ..'

"ၾကင္ယာေတာ္ေလး!"

______________________________________

614❤️
______________________________________

Continue Reading