ကျောင်းယူနီဖောင်း အပြည့်အစုံနဲ့ ဗျူဟာ အိမ်အပေါ်ထပ်သူ့အခန်းထဲကနေ
ထွက်လာပြီး လှေကားကနေဆင်းလာခဲ့သည်။ အိမ်အောက်ထပ်ကို ရောက်တော့ ထမင်းစားခန်းထဲကိုဝင်လာလျက်။
ထမင်းဝိုင်းမှာ ဗျူဟာအဖေနဲ့ အမေက ရောက်နေကြပြီ။
"သား လာထိုင် ကျောင်းမသွားခင်
မနက်စာစားသွားမယ်မလား"
" စားသွားမယ် အမေ"
" ဘာစားမလဲ ထမင်းစားမလား
ကော်ဖီနဲ့မုန့်သောက်မလား"
" ကော်ဖီပဲ သောက်သွားတော့မယ်'"
"ဟုတ်ပြီ မနွယ်ရေ သားအတွက်
ကော်ဖီဖျော်ခဲ့ အပူချိန်ခပ်နွေးနွေးလေးပဲ"
" ဟုတ်ကဲ့ အန်တီ"
" ဒီကျောင်းယူနီဖောင်းလေးနဲ့လိုက်
နေရော ။အမေ့သားက တနေ့တခြား
ပိုပိုပြီးချောတလာတယ်လို့တောင်
ထင်ရတယ် "
ဗျူဟာ သူအမေ့ကိုပြုံးပြလျက်
ထမင်းဝိုင်းထိပ်မှာထိုင်နေတဲ့သူ့
အဖေကိုကြည့်ရင်း
" အဖေတူလို့ ဖြစ်မှာပေါ့ ဟုတ်တယ်
ဟုတ် အဖေ"
" အမေကလည်း မြှောက် သားလုပ်တဲ့
သူကလည်း အမြှောက်ကြိုက်"
"ကိုယ့်သားကချောလို့ မှန်တာပြောတာပဲလေ အစ်ကိုကလည်း"
"ဟုတ်ပါပြီခိုင်ရယ် အကိုမငြင်းပါဘူး "
ဦးထင်ပိုင်စကားကို ဒေါ်ခိုင်နီလာက
သူ့ဘေးမှာ ထိုင်နေတဲ့ဗျူဟာကိုကြည့်ပြီး
သဘောတကျ ပြုံးလျက်။
" ဗျူဟာ"
"ဗျာ အဖေ"
" ကျောင်းမှာ ဆန်းဆက်နဲ့ အဆင်
ပြေကြတယ်မလား။ မင်းတို့နှစ်ယောက်
ကို ကြီးလာမှအဖေကြည့်ရတာ အခေါ်အပြောတောင် သိပ်မရှိတော့
သလိုပဲ။ငယ်ငယ်တုန်းကတောင်မှ
အဘိုးအိမ်မှာတွေ့ရင်အတူဆော့ကြ
သေးတယ်"
ထမင်းဝိုင်းမှာ ဆန်းဆက်အကြောင်း
ပါလာသဖြင့် ဒေါ်ခိုင်နီလာရော
ဗျူဟာပါအပြုံးတွေပြယ်သွားရသည်။
ဆန်းဆက်ကို တူအရင်းတယောက်လို
ချစ်တဲ့ ဦးထင်ပိုင်။
"ငယ်ငယ်တုန်းကတော့ကလေးသဘာဝ
အဖော်မက်တာပေါ့ ကျွန်တော် မ
မှတ်မိတော့ဘူးအဖေ။
ကြီးလာတော့ ဒီလိုပါပဲ သိတတ်လာ
တော့ သူ့အခြေအနေနဲ့သူ စိမ်းသွားတာပေါ့"
" မင်းအဲ့လို့ပြောလို့မရဘူးလေသား
တစ်ကယ်ဆိုမင်းကသူ့ထက်အကြီး
ဆန်းဆက်ကမင်းညီပဲ။လူငယ်တွေ
ဖြစ်လာတော့မင်းတို့က ပိုပြီးတောင်မှ
ညီအစ်ကိုတွေ တိုင်တိုင်ပင်ပင်နဲ့တစ်
ရင်းတစ်နှီးရှိသင့်တယ်။
ကိုယ့်မိသားစုအချင်းချင်းမှ မစည်း
လုံးရင်ဘယ်လိုလုပ်မှာလဲ"
"သားကအနေတည်တော့ဆန်းဆက်နဲ့
သိပ်မကိုက်ဘူးဖြစ်မှာပါ အခေါ်အပြော
တော့ ရှိကြတာပဲလေ အစ်ကို"
" အဲဒါကိုပဲပြောချင်တာလေ ညီအကို
တွေက ခေါ်ပြောတဲ့ ဆက်ဆံရေးပဲ
ဖြစ်သင့်လား ဒီထက်ပိုပြီး တရင်းတနှီး
ရှိရမှာဟုတ်ဘူးလား။မြင့်သူတို့ လင်
မယား မျက်နှာလည်းရှိသေးတယ်။
မသိတဲ့သူတွေကသားက ဆန်းဆက်ကို ဖယ်ထားတယ်လို့ ထင်နေလိမ့်မယ်
သားသူငယ်ချင်း ဘုန်းပြည့်နဲ့ကျတော့
သားကတစ်တွဲတွဲလေ အဖေပြောချင်
တာသိလားသား"
" ဘုန်းပြည့်နဲ့ကျ ငယ်ငယ်ထဲက
ကျောင်းအတူတူတက်လာတဲ့သားရဲ့သူငယ်ချင်းလေ တူမလားအစ်ကို"
"ခိုင် သားကိုအစ်ကိုပြောနေရင်ကြားကနေဝင်မပါလို့ရမလား အစ်ကိုက သားအတွက်ပဲပြောနေတာ "
ဒေါ်ခိုင်နီလာအပေါ် ဦးထင်ပိုင်အသံ
မာသွားသဖြင့် ဗျူဟာချက်ချင်းပင်။
"ကျွန်တော် နားလည်ပြီအဖေ"
"တခန်းထဲမလား တွေ့ရင်ခေါ်
ဘုန်းပြည့်လိုမျိုးပဲ ဘော်ဒါလိုသ
ဘောထားပြီးညီအစ်ကိုဆိုပေမဲ့
သူငယ်ချင်းတွေလိုပဲပေါင်းကြ အဖေ
ရောမင်းအဘိုးရောကမင်းတို့တွေ ရင်းရင်းနှီးနှီးရှိတာကိုမြင်ချင်နေတာ"
ဗျူဟာ သူ့အဖေ့ကိုဘာမှ ပြန်မပြော
တော့ဘဲ ထမင်းဝိုင်းကတိတ်ဆိတ်သွားသည်။
" မနက်ပိုင်း ထမင်းများများစားလေ
ခိုင် မင်း သားကိုပဲ ကြည့်မနေနဲ့"
ဒေါ်ခိုင်နီလာမျက်နာမှာ အပြုံးတို့ပြန်
ဆင်လိုက်လျက်
"နောက်အပတ် ဆယ့်နှစ်ရက်နေ့
အဂါနေ့ ကျရင် အစ်ကိုညနေပိုင်းအိမ်
စောစောပြန်လာပြီး အချိန်ရအောင်
လုပ်ထားပေးလို့ရမလား သားနဲ့အတူတူ အပြင်မှာညစာ ထွက်စားချင်လို့ "
"ရတယ်လေ မင်း သားကိုသာအဲ့နေ့
အားအောင်လုပ်ထားဖို့မှာထားလိုက်
ဒါနဲ့ ဘာနေ့မို့လို့"
" အမေ ကြိုတင်ပြီးပြောလိုက်ရင်
ဘယ်လိုလုပ်ပြီးsurprise ဖြစ်တော့
မှာလဲ အဖေက အမေ့မွေးနေ့မှာမှsurpriseလုပ်ဖို့စီစဥ်ထားတာ"
အလျင်မြန်
ကြားဖြတ်ဝင်ပြောလိုက်တဲ့ ဗျူဟာ
ကို ဦးထင်ပိုင်မျက်နှာပျက်လျက်
တစ်ချက်ကြည့်ရင်း။
"ဟုတ်တယ် ခိုင်ရဲ့ အစ်ကိုလက်ဆောင်တောင်ပြင်ထားပြီးပြီ"
"အသက်တွေကြီးနေပြီsurprise
ဖြစ်စရာတွေလက်ဆောင်တွေမလိုပါဘူး မိသားစုသုံးယောက် ညစာအတူတူ
ထွက်စားရရင်ကျေနပ်ပြီ"
"အစ်ကို အလုပ်သွားတော့မယ်
အဖေ့ဆီလည်း ဝင်ရဦးမယ် ကျောင်းသွား
ရင်ကားကို ဖြေးဖြေးမောင်း ဗျူဟာ"
"ဟုတ်ကဲ့ အဖေ"
ဦးထင်ပိုင်ကားကခြံထဲကထွက်သွား
မှသူ့အမေ မျက်နှာအရိပ်အခြေကို
ကြည့်ရင်း အဖေအမေ့မွေးနေ့ကို
မမှတ်မိတာအမေမကြားလိုက် မျက်နှာ
မပျက်တာ သေချာမှ သူစိတ်အေးသွားရသည်။
အဖေ့ရဲ့အမေအဖွားနှစ်ပတ်လည်နဲ့
ကပ်နေလို့အမေက သူ့မွေးနေ့တိုင်းအလှူအတန်းကလွဲပြီး ဘာမှမလုပ်ခဲ့။
" ဝတ်ရည် လေးနဲ့ အဆင်ပြေတယ်
မလားသား။သက်သက်နဲ့အမေကတော့စကားတွေစထားနေပြီနော်"
"ပြေတာပေါ့"
"အဲ့ကလေးမလေးကိုသားသဘော
ကျသလို အမေလည်းအရမ်းချစ်တာပဲ ချွေးမတော်ရဖို့ မစောင့်နိုင်တော့ဘူး
အမေ့သားကကြိုးစားပေးမယ်မလား"
"အမေ ကလည်းဗျာ"
သူ့အမေနဲ့စကားပြောရင်း ကော်ဖီ
သောက်လို့အပြီး ဗျူဟာပြုံးလျက်
ထိုင်ခုံပေါ်ကနေ ထလိုက်သည်
"လာမဲ့ အမေ့ မွေးနေ့အတွက်
လက်ဆောင်ဖြစ်လာမှာမို့ခဏပဲစောင့်"
"ဟုတ်ပါပြီ အမေစောင့်နေမယ်
အမေ့သားလေးတောင်
လူကြီးဖြစ်လာပြီပဲ"
ဒေါ်ခိုင်နီလာ မျက်နှာမှာ အပြုံးတွေ
ဖြစ်နေတာကိုဗျူဟာကျေနပ်နေရင်း
ဗျူဟာပိုင် အတွက်တော့
သူ့အမေကသူ့အတွက်အရာရာပဲ။
"သွားတော့ သား အတန်းနောက်ကျနေမယ်"
"အမေ့ကို ကျွန်တော်အရမ်းချစ်တယ်"
သူ့အမေပါးတစ်ဖက်ကို နမ်းခဲ့ကာ
နှုတ်ဆက်ပြီး အိမ်အပြင်သို့ထွက်လာခဲ့သည်။ ကားပေါ်တက်လျက်ကျောင်း
သွားရာမနက်ခင်းက စိတ်တွေပေါ့ပါး
လျက် သူ့အမေအပြုံးတွေကသူ့အတွက်
ခွန်အားပဲလေ။
---------------------------
" အဲဒီနေ့က အကိုတစ်ကယ် အားနာ
ပါတယ်ညီရယ် ညီ့ကို အခန်းရှေ့ထိ
လာပို့ခိုင်း လိုက်ရတယ်"
"ရပါတယ် အထပ်တူနေတာပဲ"
ဟိုတနေ့ကbusinessအတန်းက
သူ့စော်အတွက်cakeမှာပေးတဲ့သူပင်။
နေနဲ့ တတိယအထပ်ရဲ့
လှေကားထိပ်ကော်ရစ်တာနားမှာ တွေ့
တော့ရပ်ပြီးတော့ စကားပြောဖြစ်ခြင်း၊။
" အဲလိုလည်းမဟုတ်သေးဘူးလေ
ညီရယ် အစ်ကိုက တကယ်အားနာနေ
တာ တကယ်ဆို အကိုကအပြင်ထွက်
ယူသင့်တာ"
"ရပါတယ်ဆိုဗျာ ကျွန်တော် အတန်း
သွားတော့မယ်ဗျ"
"ခဏနေပါအုံးညီ စကား ခဏလောက်
ပြောရအောင် မိတ်ဖြစ်ဆွေဖြစ်ပေါ့
အတန်းကစောပါသေးတယ်"
စကားစဖြတ်ပြီး သွားမလို့အလုပ်
ဘေးကသူကတားနေသဖြင့် နေလည်း
မကောင်းတတ်တာမို့
" ဒါနဲ့ ညီ့နာမည်က"
"နေစင်ဟန်ပါ ကျွန်တော်တို့ကရွယ်
တူတွေပဲထင်တယ်နော်"
တညီညီနဲ့ ခေါ်နေ့လို့ ပြောပစ်လိုက်တော့
ရယ်လျက်
" အစ်ကိုက သူငယ်တန်းကို ခြောက်
နှစ်ပြည့်ခါနီးမှတက်တာ ရွယ်တူတွေ
ဆိုရင်လည်းညီလေး ညီမလေးလို့ခေါ်
တာ အကျင့်ဖြစ်နေပြီ အစ်ကို့နာမည်က
ထွန်းမြတ် တဲ့ မှတ်ထားအုံး"
မျက်နှာပျက်ခြင်းမရှိပဲ ရှင်းပြတာကပင်
ဒီလူ ပေါင်းသင်းတတ်ကြောင်း
ကိုပြနေသလို
နေလည်း ယောက်ျားလေးသူငယ်ချင်း
ဆိုရင် ခင်တတ်တဲ့သူ မလို့။
"အိုကေ "
"အစ်ကိုကခင်တတ်တယ်
ဘော်ဒါသိပ်မရှိသေးတော့ညီ့လိုမျိုး
သွားတတ်လာတတ်နေရာနှံ့စပ်တဲ့သူနဲ့
ပေါင်းထားရမယ်"
"အဲ့လိုလည်းမဟုတ်ပါဘူး"
"ဒီကျောင်းကို ဘာ စိတ်ကူးနဲ့တက်တာလဲညီ"
"ဒီလိုပါပဲ "
"အစ်ကိုလည်း ကျောင်းမတက်ခင်
မိဘတွေနဲ့ရင်းနှီးတဲ့ဟိုတယ်မှာစားပွဲ
ထိုးဝင်လုပ်ဖူးတယ် တခြားအောက်ခြေအလုပ်တွေလဲလုပ်ဖူးတယ် ညီသိလား"
သူ့ပုံစံက နေစိတ်လွပ်လပ်အောင်
ပိုပြီးရင်းနှီးရအောင် လုပ်ကြံပြောနေ
တာနဲ့တော့မတူ။
" အစ်ကို့ကောင်မလေးကလေ တစ်အား
ရစ်တာ အဲဒီနေ့ကလေ
အကိုတို့anniနေ့လည်း မရောက်
သေးဘူး စိတ်ကောက်ပြီးတော့ ပြတ်မယ်လုပ်နေတာ ညီကယ်လိုက်လို့တော်သေးတယ် သိလား အကို့မှာ သူ့ကိုပဲချော့
နေရတာ "
"ရပါတယ်ဗျ"
"ညီ့ကို အရမ်းကျေးဇူးတင်တယ် သိလားညီ"
သူပြုံးပြလိုက်တော့ ထွန်းမြတ်ဆိုတဲ့
သူက။
"နောက်မှထပ်တွေ့မယ်ညီ အော် ဒါနဲ့
အစ်ကိုတို့ ဘော်ဒါတွေဖြစ်ပြီနော်"
"အိုကေ"
စကားပြောပြီးနောက်
နေရဲ့ ပခုံးကိုပုတ်သွားလျက် နှုတ်
ဆက်ပြီး ထွန်းမြတ်ဆိုတဲ့သူက
business အတန်းတွေဘက်ကို
ထွက်သွားသည်။
လူပုံကြည့်ရတာ
နည်းနည်းတော့တမျိုးပေမဲ့ သူက အပေါင်းအသင်းခင်မင်တတ်သူပဲမို့
စိတ်ထဲတော့သိပ်မထား။
ကိစ္စပြီသွားပြီးမို့ ကိုယ်အတန်းကိုယ်
သွားဖို့ ဆန့်ကျင့်ဘက်ကိုအလှည့်
လှေကားထိပ်မှာ ရပ်နေတဲ့ ဗျူဟာပိုင်
နဲ့တည့်တည့် တိုးသည်။
လှေကားက အဆောက်ဦးအလယ်မှာ
ဆိုလျှင်businessအတန်းနဲ့နေတို့
engineering အတန်းတွေက ဘယ်
နဲ့ညာလို တဖက်ဆီပင်။
ဗျူဟာပိုင်က လှေကားထိပ်ကနေ
သွားလိုက်သည်မို့
နေလည်း အကြည့်လွှဲလိုက်လျက်သာ
ကျောပေးပြီး ကိုယ့်အတန်းဘက်ကို
ခြေလှမ်းအသွား။
"နေစင်ဟန်"
ဒီကောင် သူ့နာမည်ကိုဘယ်လိုသိ
တာလဲ။ ကိုယ့်ကိုခေါ်နေတာမို့လို့ ပြန်
လှည့်ကြည့်လိုက်တော့ ဗျူဟာပိုင်ကလည်း နေကိုပြန်လှည့်ကြည့်လာလျက်။
သူ့ပုံစံကြည့်ရတာ တခုခုကိုပြော
ချင်နေသလိုပင်။
"ဘုန်းပြည့်နဲ့သိတယ်မလား ငါနဲ့တော့
မဆိုင်ပေမဲ့ အမြင်မတော်လို့"
"ဘာကိုလဲ"
"ခုနက ငါတို့အတန်းထဲက ကောင်က နှစ်ဖက်ချွန်"
နေ တခဏအံ့ဩစိတ်ဖြစ်မိသွားပေမဲ့
လည်း အဲဒါသူ့အကြောင်းလေ
ကိုယ်နဲ့မှမဆိုင်တာ။
ပြောပြနေတယ့်သူကလည်း ဗျူဟာပိုင်
မို့လို့မခံချင်တဲ့စိတ်နဲ့ ။
" အဲတာ ဘာဖြစ်လဲ"
ပြောမိတာ သူ့အမှားပဲဆိုတဲ့ မျက်နှာနဲ့ ဗျူဟာပိုင်က ဘာမှဆက်မပြောတော့ပဲ
ပြန်လှည့်ပြီး သူ့အတန်းဘက်ကို
လျှောက်သွားသည်။
ဒီကောင် ဘာစိတ်ကူးထပေါက်တာလဲ။
နေကအနောက်အရပ်က ထွက်တော့
မှာလား စတွေ့ထဲက ချေနေပြီးတော့
များ ။သူက ခင်တတ်တဲ့အထဲမှာ
ပါတယ်ဆိုရင်တောင် ဗျူဟာပိုင်လို
ကောင်မျိုးနဲ့တော့ အဆင်ပြေချင်တဲ့
စိတ်လုံးဝမရှိပေ။
---------
အဖွဲ့ခေါင်းဆောင်နဲ့သူ့ကြင်သူရဲ့
ပါတီဒင်နာက
ဟိုတယ်ခန်းမကို ငှားထားသည်အထိ
တော်တော်လေး ခမ်းနားလှသည်။
ဒီကိုရောက်မှ နေစင် သိလိုက်တာ
အဖွဲ့ခေါင်းဆောင်ကိုကျော်မင်းခန့်က
ITနောက်ဆုံးနှစ်ဖြစ်သည့်တတိယ
နှစ်ကဖြစ်ပြီးသူ့ဇနီးရောသူရောက
ပွဲရုံပိုင်ရှင်သားသမီးတွေ သုံးနိုင်တဲ့
သူတွေပါပဲ။ မင်္ဂလာနှစ်ပတ်လည်
တနှစ်ပြည့်နဲ့အစ်မကြီးရဲ့ မွေးနေ့ပွဲ
ကို ပေါင်းလုပ်တဲ့ ဒင်နာလေးမှာ
ကျောင်းကသူတွေ တော်တော်များ
များကိုဖိတ်ထားပြီး ခေါင်းဆောင်တို့ အသိုင်းအဝိုင်းကသူတွေနဲ့ပါစည်ကားနေသည်။
ကိုကျော်မင်းခန့်ကလည်း အမကြီးကို
အရမ်းချစ်ပုံရပြီး ခေါင်းဆောင်တို့
အတွဲက အခုလေးတင်ပဲနေတို့
ထိုင်နေသည့်ဝိုင်းကိုလာ ဧည့်ခံသွားသည်။
" နင့်ရဲ့ဘုန်း က ဘယ်မှာလဲ အင်ကြင်း"
"အေ မလာသေးဘူးလားမသိဘူးဟယ် cbမာပြောတာတော့ လမ်းမှာ
ထွက်လာနေပြီတဲ့"
ကေခိုင်နဲ့
အင်ကြင်းက ဘုန်းပြည့်သော်ကို
တမျှော်မျှော်။
နေကတော့ နှစ်ပွဲပေါင်းပြီးလုပ်
ထားသည့်ပွဲကို လက်ဆောင်ပေးရ
တာနဲ့တန်အောင်လို့ ခပ်တည်
တည်နဲ့ပဲစကြိတ်နေပါပြီ။
မသွားဘူးဆိုတာကို အင်ကြင်းတို့
ညနေထဲက အိမ်ကိုကားနဲ့ရောက်လာပြီး အတင်းဆွဲခေါ်လာတော့လည်းသူပါလာရသည်။
ကိုယ့်မှာရှိတဲ့ သစ်တယ်လို့ထင်ရတဲ့
အဝတ်တွေသာဝတ်လာသော်လည်း
ဒီပွဲထဲမှာရှိတဲ့ ရွယ်တူယောက်ျားလေးတွေ
ဝတ်ထားတာနဲ့ ဘယ်လိုယှဉ်နိုင်ပါ
မလဲ။ ဒါပေမယ့်လည်း အေးဆေးပါ။
ရှိတာနဲ့ ရောင့်ရဲတတ်လို့ သိမ်ငယ်တာ စိတ်ဓာတ်ကျတာမျိုးဆိုတာ သူ့ဘဝ
မှာဘယ်တုန်းကမှမရှိခဲ့။
ကေခိုင်နဲ့ အင်ကြင်းကလည်း
မိန်းကလေးတွေပွဲတတ်တဲ့dress
ကိုယ်စီနဲ့ အလှပြင်ဆိုင်မှာ အလှ
ပြင်လာပြီးတော့ကို ကိုယ်စီလှနေကြသည်။
အင်ကြင်းမျော်နေတုန်းပင် ခန်းမထဲကို
ဘုန်းပြည့်သော်နဲ့ အတူဝင်လာတဲ့ ရှင်းသန့်သူ။ အင်ကြင်း မျက်နှာမှာအပြုံးတွေ
ဖြစ်သွားပြီးပျော်နေချိန်
နေ စဉ်းစားရခက်နေတုန်း
ဘုန်းပြည့်သော်တို့ အနောက်ကနေ
ဝင်လာတဲ့ ဗျူဟာပိုင်နဲ့ သူ့ဘေးနား
မှာတော့တစ်လက်လက်ဖြစ်နေတဲ့
အဖြူရောင်dresss အရှည်နဲ့
ရိုးရှင်းစွာလှနေတဲ့ ဝတ်ရည်ဦး။
ဝိုင်းမှာထိုင်နေသူ အများစု
ကလည်း သိသိသာသာကိုထင်း
ထွက်နေတဲ့ ဗျူဟာပိုင်နဲ့ ဝတ်ရည်ဦး
ဆီမှာ အကြည့်တွေကျရောက်သွားလျက်
မိန်းကလေးတွေရဲ့စူးစမ်းတဲ့အကြည့်
တွေနဲ့ခေါင်းဆောင်တို့ လင်မယားက
ဘုန်းပြည့်သော်တို့ လေးယောက်
ထိုင်နေတဲ့ဝိုင်းဆီသွားလျက် ဧည်ခံနေရင်း
" နင်ပြောတော့ ဘုန်းပြည့်က နင်နဲ့
အတူတူထိုင်မှာဆို"
" သူ့သူငယ်ချင်းတွေပါလို့ ဖြစ်မှာပေါ့
ငါတို့ဝိုင်းမှာလည်း နေရာ မလွတ်တော့ဘူး လေ"
" ရှင်းသန့်သူက ဘုန်းပြည့်နဲ့ ခင်တာလား အတန်းထဲက သူတွေကိုကျတော့
အဖက်မလုပ်ပဲနဲ့"
"အေး ခင်တယ်ဖြစ်မှာပေါ့ အမျိုးတွေ
လားမသိဘူး အားး ငါ့ဘုန်းလေး
ချောလိုက်တာ"
အင်ကြင်း ကေခိုင်ကိုတီးတိုးပြောရင်း
နေတို့ မျက်စောင်းထိုးဝိုင်းက
ဘုန်းပြည့်သော်ကိုပဲငေးနေတုန်း
သူလည်း ဘာရယ်မဟုတ် ဗျူဟာပိုင်နဲ့ ဝတ်ရည်ဦးကို တစ်ချက်ကြည့်မိသွားသည်။
" ဗျူဟာပိုင်နဲ့ ဝတ်ရည်ဦးက
တွဲနေကြပြီလားမသိဘူးနော် အတူတူ
ပွဲတက်လာတာ"
"အေး အတိအလင်းတော့သတင်းမထွက်
လာသေးဘူး သူငယ်ချင်းတွေပဲလို့
ဝတ်ရည်ဦးကပြောထားတာပဲ ဗျူဟာ
ကိုနှမြောပေမယ့် လိုက်ဖက်ပါတယ်
နှစ်ယောက်လုံးကထင်းနေရော"
နေတို့ အနောက်ဝိုင်းက ကောင်မလေး
တွေရဲ့ တီးတိုးပြောသံ။
အင်ကြင်းနဲ့ ကေခိုင်ကလည်း
အတူတူပင်။ အကြောင်းအရာက
ဘုန်းပြည့်သော်ဆီ ရောက်သွားလိုက် ဗျူဟာပိုင်ကိုကြွေနေတဲ့ကေခိုင်က
လည်း ငါ့အသည်းကွဲတော့မှာလား
ဆိုတာကိုရောက်သွားလိုက်နဲ့။
"ဆန်းဆက်ရော မတွေ့ဘူးရော
မလာသေးဘူးလား"
"ဟုတ်တယ် ဆန်းဆက် ကျန်သေးတယ်"
အခုလေးတင်ပဲ ဗျူဟာပိုင်ကြောင့် အသည်းကွဲပါပြီဆိုတဲ့ကေခိုင်က
ဆန်းဆက်မှူးကိုပဲချိန်တော့မယ်ဆိုပြီး
ဖြစ်သွားပြန်သည်။
ခန်းမမှာ မီးအလင်းကိုမှိတ်လိုက်ပြီး
ပါတီစကာdjစဖွင့်လေပြီ။
ဒီနေ့ညရဲ့ခေါင်းဆောင်နဲ့သူ့ကြင်သူ
မမီးကလည်း အားလုံးရဲ့အလယ်မှာ
ရပ်ရင်း ကိတ်ခွဲဖို့ ပြင်နေပြီ။ လူရှုပ်
တာကို မကြိုက်တာတော့မဟုတ်ပေမယ့် စိတ်သိပ်မကြည်တာမို့။
" ငါအရင်ထွက်တော့မယ် အင်ကြင်း
အပြင်မှာ သွားစောင့်နေမယ်"
"ဟဲ့ ဘာလို့လဲနေစင် နေပါအုံး
ပွဲတောင်စနေတုန်းပဲ ရှိသေးတယ်"
" မနေချင်တော့လို့ ငါသွားပြီ"
နေ အင်ကြင်းတို့ကိုပြောခဲ့ကာ
ခန်းမထဲကနေ ထွက်လာခဲ့လိုက်သည်
။
receptionကိုဖြတ်ပြီး ဟိုတယ်အပြင်ရောက်တော့ ဧည့်သည်တွေထိုင်ဖို့ စားပွဲဝိုင်းထားထားပေးတဲ့နေရာမှာ ထောင့်
နေရာကခုံမှာ ထိုင်နေဖြစ်သည်။
အပြင်ထွက်လာမှပဲ နားအေးပါးအေး
နဲ့ စိတ်အေးချမ်းသွားတော့တယ်။
အပြင်မှာညကလည်း အလင်းပျောက်ကာ မှောင်ရီနေလေပြီ။
တစ်ယောက်တည်းဖြစ်နေတာမို့ဖုန်း
ကြည့်မလို့ ဘောင်းဘီအိတ်ကပ်ထဲကနေ ထုတ်လိုက်တုန်း ဟိုတယ်အဝင်ကကား
တွေရပ်ထားသည့်နေရာမှာ သူ့ကားကို
မှီပြီး ရပ်နေသည့် သူတစ်ယောက်ကို
တွေ့လိုက်ရသည်။ နဲနဲလှမ်းနေလို့ မ
သေချာပေမယ့် ဆန်းဆက်မှူးနဲ့ တော်
တော်တူတာပဲ။ ဆန်းဆက်မှူးဆိုရင်
သူဘာလို့ ခန်းမထဲမဝင်ပဲ ဒီမှာပဲရပ်
နေရတာလဲ။
နေစင်သေချာအောင် ကြည့်နေတုန်း
အဲဒီသူကသူ့ကားကိုမှီရင်းနေစင် ထိုင်နေသည့်နေရာကို လှည့်ကြည့်လာသည်။
မျက်နှာကိုမြင်လိုက်ရပြီး
အကြည့်ချင်းဆုံသွားတော့ နေ သေချာ
သိလိုက်ပြီး မျက်နာလွှဲလိုက်သည်။
ဆန်းဆက်မှူးပဲ။
သူတို့ညီအကိုနာမည်တွေကလည်း
တယောက်တမျိုးစီပဲ။ ဆန်းဆက်ဆိုတာ နေဝင်ဆည်းဆာ ဆန်းဆက်လား။
သူကလည်း စတွေ့ထဲက တစ်မျိုးပဲ။
ဗျူဟာပိုင်လို မျက်နှာမမာပေမယ့်
သူ့ကြည့်ရတာလိုက်လျောညီထွေ
ရှိပေမဲ့သူ့အပြုံးကလျို့ဝှက်ပြီး
နားလည်ရခက်တဲ့ပုံစံလိုမျိုး။
-------------------------------
ဟိုတယ်က အလှဆင်ထားသည့်ည မီးအလင်းရောင်က မြက်ခင်းပြင်ဘေးကရေကူးကန်ဘက်ကိုကျရောက်နေပြီး
ညအလှကိုပို၍ကျဗျာဆန်စွာ တောက်ပစေသည်။
သူ့ဘေးနားက ကောင်မလေးရဲ့အလှကလည်း ထိုနည်းလည်းကောင်းပေါ့။
" ဗျူဟာ နင်အထဲမှာနေရင်နေလေ
ကိုကျော်တို့အတွဲနဲ့ သေချာစကား
မပြောရသေးဘူး မဟုတ်လား "
" ငါတို့လာတာကိုသိရင် ရပြီပေါ့
လူကများတာနဲ့ သူတို့လည်း ဧည့်ခံနေရမှာ"
"အော် အင်း"
ဝတ်ရည်က သူဝတ်ထားတဲ့ အဖြူရောင် ဂါဝန်ရှည်နဲ့ လိုက်ဖက်လွန်းစွာ
တောက်ပနေသည်။တကယ်ကို
ဖြူစင်ပြီး တော်ဝင်ဆန်တဲ့ကျော့
ရှင်းနေတဲ့အလှ။
ကျောထိချထားတဲ့ဆိုးဆေးမထိထားတဲ့အနက်ရောင် ဆံနွယ်ရှည် တည်ငြိမ်
ပြီး ဆွဲဆောင်မှုရှိရှိအေးချမ်းတဲ့ဘက်
ကိုသွားတဲ့ မျက်နှာပိုင်ရှင်လေး ။
ဝတ်ရည် ဝတ်ထားတဲ့ dressက
အပေါ်ပိုင်းမှာကြိုးနှစ်ချောင်းသာ
ရှိတဲ့ရင်ပြတ်မလို့ ဗျူဟာ ခဏခဏ
သူ့မျက်လုံးတွေကို ဝတ်ရည်မျက်နှာ
ဆီကနေပဲမလွှဲမိအောင် ထိန်းနေရသည်။
ဝတ်ရည်ဦးရဲ့ ဆွဲဆောင်မှုကတော့
သူ့ရဲ့ပင်ကို လုပ်ယူထားခြင်းမရှိသည့်
အလှတရား လို့ပဲပြောရမှာပဲ။
" အဆင်ပြေရဲ့လားဝတ်ရည် ပြန်တော့မလား"
" မပြန်သေးဘူး ငါ့သူငယ်ချင်းတွေ
ထွက်လာရင် ဓာတ်ပုံအတူတူရိုက်
ချင်သေးတယ်"
"အင်း"
"နင်စောင့်နိုင်ပါ့မလား"
"အင်း ရတယ်"
နဂို နှလုံးအားနည်းသည့် ရောဂါအ
ခံရှိသည့် ကောင်မလေးမို့ စိတ်
ကျဉ်းကြပ်လို့မရ ဆူညံတဲ့နေရာတွေ ဝတ်ရည်ကသဘောမကျ ။အထဲမှာ
သီချင်းဖွင့်ပြီးပါတီ ကျင်းပနေကြပြီ။
ဝတ်ရည်က အထဲမှာမနေချင်ပဲ
လေညင်းခံချင်သည် ဆိုသောကြောင့်
နှစ်ယောက်သား အပြင်ထွက်လာပြီး
ဟိုတယ်ဘေးက ရေကူးကန်အနားဆီ လမ်းလျှောက်ထွက်လာခြင်း။
" နင့်ကို အားနာလို့ နင်စိတ်ရှည်ပါ့
မလား ငါ့ သူငယ်ချင်းတွေက ဓာတ်ပုံရိုက်တာကြာတယ်"
"ရတယ် ကားထဲမှာစောင့်နေလို့ရတယ်"
"ပြီးရောလေ အဲဒါဆိုရင်လည်း"
"ဝတ်ရည်"
"အင်း"
ဝတ်ရည်ကိုငေးရင်း
ဗျူဟာ သူ့စိတ်တွေ မလှုပ်ရှားစဖူး
လုပ်ရှားနေပါသည်။
" ကိုကျော်တို့အတွဲက လိုက်ဖက်
တယ်မလား "
" လိုက်ဖက်တာပေါ့ မင်္ဂလာနှစ်ပတ်လည်တောင်လုပ်နေပြီ မမီးက မိဘတွေ
ပေးစားလို့သာကိုကျော်နဲ့လက်ထပ်လိုက်တယ်လို့သာ ပြောတယ် အခုတော့နှစ်ယောက်က အရမ်းချစ်နေကျတဲ့ပုံပဲ"
"ဝတ်ရည်"
"ပြောလေ ဗျူဟာ နင်ဘာပြောမလို့လဲ"
" နင်ဒီနေ့အရမ်းလှနေတယ်"
မျက်လွှာကိုအောက်ချပြီး အသာအ
ယာလေး ပြုံးလိုက်တာကပင် သူ့ ရင်ခုန်သံတွေကိုမြန်စေသည့်အလား။
"နင်မြင်တတ်သားပဲ ကျေးဇူး.....အမေ့"
နှစ်ယောက်
ရပ်နေတာက ရေကူးကန်ဘေးနားမှာ။
ဂါဝန်စ အောက်ခြေကို တက်နင်းမိ
မလိုဖြစ်ပြီး ယိုင်သွားတဲ့ဝတ်ရည်ရဲ့
လက်တစ်ဖက်ကို ဗျူဟာအလျင်
အမြန်ပြန်ဆွဲရင်း ခါးသိမ်သိမ်လေး
ထက်မှာလည်းသူ့လက်တွေနဲ့ကိုင်
ထားမိသလိုဖြစ်သွားသည်။
နီးကပ်နေတဲ့ အနေထားမှာ
ဗျူဟာကို မော်ကြည့်လာတဲ့
ကောင်မလေးက တခဏအကြာသူ့
လက်ထဲကနေ ရုန်းထွက်လိုက်လျက်။ ဗျူဟာကတော့တခဏနီးကပ်သွားတဲ့
အခြေအနေမှာ ဝတ်ရည် မျက်နှာ
လေးကနေ အကြည့်မလွှဲနိုင်တော့။
" ဂါဝန် အောက်ခြေနဲ့ဒေါက်ကငြိပြီး
လဲမလိုဖြစ်သွားတာ နင်ဆွဲထားလိုက်
လို့တော်ပါသေးတယ်"
"ရရဲ့လား"
"အင်းရတယ် နင်ခုနကဘာပြောဖို့လဲ ဗျူဟာ ပြောလေ"
ကောင်မလေး မျက်နှာကို ရင်ခုန်စွာနဲ့
ဗျူဟာငေးလျက်။
လှတာမြင်တိုင်း ကြိုက်တတ်တဲ့အ
ထဲငေးတတ်တဲ့အထဲမှာတောင် ဗျူဟာ
ပိုင်မပါ။ အမေစပြီး မိတ်ဆက်ပေးထဲ
က သူဌေးသမီးဆိုတော့သူမြင်ဖူးတဲ့
သူတွေအတိုင်းပဲ ထင်ခဲ့တာ။
ဝတ်ရည်ကတော့ ထူးထူးခြားခြားကို
သူ့စိတ်ကို ဘာလုပ်ယူခြင်းမှမရှိပဲအ
ရိုးရှင်းဆုံးဆွဲယူလိုက်နိုင်တဲ့ ပထမဆုံး
မိန်းကလေးပဲ။
"ဝတ်ရည် ငါမင်းကို"
"ဝင့်"
ဗျူဟာစကားမဆုံးခင် သူတို့နှစ်ယောက်အနားကို အမှောင်ကျနေတဲ့မြက်ခင်း
ပြင်ဆီကနေတလှမ်းချင်းလျှောက်
လာနေတဲ့ဆန်းဆက်။
ဗျူဟာမျက်နှာကတည်တင်းသွားသော်လည်းဝတ်ရည်ကတော့ အပြုံးတွေဖြစ်လာပြီး ကိုယ်တိုင်မသိလိုက်ခင်မှာပဲ
"ဆန်း"
တိုးဖွဖွဝတ်ရည်ရဲ့ခေါ်သံ။သူတို့
အနားကိုရောက်လာတဲ့ ဆန်းဆက်က
ယှဉ်တွဲ ကာဝတ်ရည်ဘေးမှာရပ်လျက်။
" ဒီမှာဘာလုပ်နေတာလဲ"
"ခန်းမထဲမှာ စိတ်အိုက်လို့ နင်ပြော
တော့မလာတော့ဘူးဆို"
" ကိုယ်စလိုက်တာ ယုံတာပဲလား ဒီလို
နေ့မျိုးကို မလာစရာလားအတူတူပြန်
ဖို့စောင့်နေတာ ဝင့်ကိုအံ့သြသွားစေ
ချင်လို့။ ဓါတ်ပုံမြင်လိုက်ထဲက
တွေ့ချင်နေတာ အပြင်မှာပိုလှနေတယ်"
စကားအသွားအလာက ဘာတွေလဲ။
ဗျူဟာတစ်ယောက်လုံး ဘေးမှာရှိ
နေတာ ဒီကောင်ဘာအချိုးလဲ။
ဝတ်ရည်ကလည်း ဆန်းဆက်ချီးကျူး
တာကိုကျေနပ်နေဟန်နှင့်
သူတယောက်တည်းက ဘေးထွက်
နေသလိုပင်။
ဆန်းဆက်ကို တွေ့လိုက်ရတာ အရမ်း
ပျော်နေပုံရတဲ့ဝတ်ရည်ကို ဗျူဟာ
လက်မခံနိုင်စွာနဲ့ပဲ သူ့အနားကိုခေါ်ဖို့
အလုပ် ဝတ်ရည်ရဲ့ ပုခုံးကိုသူ့လက်နဲ့အနောက်ကနေဖက်ကာ ကိုင်လိုက်တဲ့ဆန်းဆက်။
"ဝင့်ကို ခေါ်လာပေးတာ ကျေးဇူးပဲ
သူ့အိမ်ကို ငါပဲပြန်ပို့လိုက်မယ်"
ဝတ်ရည်ရဲ့ ပခုံးကိုသိုင်းဖက်လျက်
သူ့အနားကိုပြန်ဆွဲလိုက်သည့် ဆန်းဆက်ကြောင့် ဗျူဟာ အံ့သြမှင်သက်လျက် ဒေါသစိတ်ကထောင်းခနဲ။
"ဆန်း ခဏလေး"
ဝတ်ရည် သူ့ပုခုံးပေါ်က ဆန်းဆက်ရဲ့
လက်ကိုဖယ်ဖို့လုပ်ပေမဲ့ ဆန်းဆက်
က မလွှတ်ပေး။
" မင်းဘာလုပ်တာလဲ ဆန်းဆက်မှူး"
" မြင်တဲ့အတိုင်းပဲလေ"
ဆန်းဆက် ဝတ်ရည်ကို စောင်းငဲ့ကြည့်လျက်။
" ငါ့ကောင်မလေးဆီကိုလာတာ"
ဝတ်ရည်ကိုငေးကြည့်ပြီး ဆန်းဆက်ပြောချိန် ဗျူဟာ ရင်ထဲဗလောင်ဆူသွားလျက် ဦးနှောက်က ဗလာဖြစ်သွားသလိုပင်။
ဒီကောင် အခု ဘာမျိုးမစစ်စကားတွေ
ပြောနေတာလဲ။
"ဆန်း နင်ခဏလေးနေအုံးငါပြောမယ် ဗျူဟာ ငါပြောပြမယ် "
" ဝတ်ရည်နဲ့ငါတွဲနေပြီ။ မင်းကို
ပြောပြမယ့်နေ့ကိုစောင့်နေတာ
တိုက်တိုက်ဆိုင်ဆိုင် ငါနဲ့ဝတ်ရည်နဲ့
တွဲနေတာဒီနေ့က သုံးလပြည့်
တဲ့နေ့ပဲ"
"ဆန်း"
" သူငယ်ချင်းတွေရော မိဘတွေရော
က ငါတို့ ချစ်သူတွေဖြစ်နေတာ
ဘယ်သူမှမသိသေးဘူး မင်းကိုအ
ရင်အသိပေး ပြောပြသင့်တယ်ထင်လို့"
"ဗျူဟာ နင်မလုပ်နဲ့"
ဆန်းဆက်ကို တင်းမာစွာကြည့်လျက်
ရှေ့ကို ခြေတစ်လှမ်းပဲတိုးရသေးသည်
ဆန်းဆက်အရှေ့မှာပိတ်ရပ်ပြီးကာ
လိုက်တဲ့ ဝတ်ရည်။
ဟား။ဒီကောင်ကဘာလဲ။အခု
ဘာတွေဖြစ်ကုန်တာလဲ။
ဒေါသထွက်တယ်ဆိုတာထက် မျက်နှာကိုဖြတ်ရိုက်ခံရတာထက်ဆိုးတဲ့ခံပြင်းမှု။
ဝတ်ရည် အနောက်က ဝတ်ရည်မမြင်တဲ့ဆန်းဆက်ရဲ့မျက်နှာကလည်း
သူ့ရဲ့ဒေါသကိုဆတိုးစေသည်။
" ဝတ်ရည်နဲ့ငါ ဘယ်လိုပတ်သက်
နေလဲဆိုတာ မင်းသိတယ် ဆန်း
ဆက်မှူး "
" မင်းငါ့ကိုကြိုက်သလို ဒေါသထွက်
ခွင့်ရှိတယ် ငါ့မျက်နှာကို ထိုးချင်
ရင်လည်းရတယ်။မင်းပြောသလိုပဲ
ငါသိလို့ ဝင့်အတွက်တွေးပြီးရှေ့မ
ဆက်ဖို့လုပ်ခဲ့ပါသေးတယ်။ငါကသာ
ရှေ့တိုးခဲ့တဲ့သူမို့ ဝင့်ကိုမင်းဘာစိတ်
မှမရှိစေချင်ဘူး။အရှင်းဆုံးပြောရ
ရင်ဝင့်ကို မင်းရဲ့ လွှမ်းမိုးမှုနဲ့ မနေစေချင်တော့ဘူး။ဝင့်က မင်းနဲ့ဘာမှမပတ်
သက်တာမလို့ငါတို့ နှစ်ယောက်ရဲ့ခိုင်မြဲတဲ့ဆက်ဆံရေးကို အားလုံးရှေ့ တရားဝင်ထုတ်ပြဖို့အချိန်တန်ပြီထင်တယ်"
"ဗျူဟာ ငါ တောင်းပန်တယ် ငါ
တောင်းပန်ပါတယ် "
ဝတ်ရည် ဆန်းဆက်ရဲ့ အရှေ့မှာ
အပြည့်အဝကာထားလျက်ဆန်းဆက်
ကိုလှည့်ကြည့်ပြီး။
"ဆန်း နင်ဆက်မပြောနဲ့တော့ receptionဘက်မှာသွားစောင့်နေ
ငါခဏနေရင်လာခဲ့မယ်"
"ဝင့်"
"ငါပြောတာနားထောင် ငါပြောပြလိုက်မယ်
နင်အခုသွားတော့"
ဗျူဟာကိုပြန်ကြည့်လျက် ဆန်းဆက်က ဝတ်ရည်နဲ့ဗျူဟာအတွက် အချိန်
ပေးသည့်သဘောနှင့်။
" သိပ်မကြာစေနဲ့ ကိုယ်စောင့်နေမယ်"
ဆန်းဆက်ထွက်သွားပြီးခပ် လှမ်း
လှမ်းကို ရောက်မှ ဝတ်ရည်တုန်
လှုပ်နေမိသည်ကိုထိန်းပြီး ဗျူဟာ
အရှေ့ကို ပြန်လှည့်လိုက်သည်။
မထင်မှတ်ထားတဲ့အချိန်မှာ ဆန်း
ဆက်က ဖွင့်ပြောလိုက်တာမလို့ ပြင်
ဆင်ချိန်မရလိုက်ဘူး။ သူတို့ဘက်က
အပြစ်လုပ်ထားတာမရှိပေမယ့်
တကယ်လက်တွေ့ကျတော့ သူငယ်ချင်း
သံယောဇဥ်ကြောင့်ဗျူဟာကို များစွာ
အားနာနေမိသည်။
ဗျူဟာကိုခံရခက်စေ ချင်တာမျိုး
ကျောချင်တာမျိုး ဝတ်ရည်မှာ
လုံးဝမရှိခဲ့ပါ ဆန်းဆက်နဲ့
ပြေလည်ပြီး အဆင်ပြေပြေပဲဖြစ်
စေချင်ခဲ့သည်၊။
"ဗျူဟာ"
သူ့လက်ကောက်ဝတ်ကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်တဲ့ ဝတ်ရည်ကို ဗျူဟာ ရင်ဘတ်ထဲခံစားရခက်လွန်းစွာနဲ့
" ငါပြောပြမယ် ငါ့ကိုရှင်းပြခွင့်ပေးပါဦး"
သူ့ကိုဝတ်ရည် အလွန်အားနာနေ
သည့်ပုံကပင် ။
" အရင်ဆုံးပြောရမယ်ဆိုရင် မိဘတွေကြောင့်မဟုတ်ဘူး ငါကိုယ်တိုင်ကနင့်ကို သူငယ်ချင်းသံယောဇဉ်ရှိလို့ နင်ကငါ့အတွက် အရေးပါတဲ့သူဖြစ်နေလို့"
ဝတ်ရည်ရဲ့ လက်ကို ဗျူဟာ
ခပ်ကြမ်းကြမ်းဖြုတ်ချလိုက်သည်။
"မပြောနဲ့တော့"
"နင်လည်းငါ့ကို သံယောဇဉ်ရှိရုံပဲ
ဗျူဟာ ငါသေချာသိတာပေါ့။
ငါက နင်လိုချင်တဲ့ စံနှုန်းတွေရှိနေတဲ့ မိန်းကလေးတယောက်ဖြစ်နေရုံ
နင်ကအမြင့်မှာ ရှိနေတဲ့သူဖြစ်သလို
နင့်ဘေးမှာငါ့ထက်သာတဲ့ မိန်းကလေး
တွေကြီးပဲ အဲဒါကြောင့်
ငါကနင်နဲ့မထိုက်တန်ရုံပဲ။ငါ့မိဘတွေ
ကြောင့်နင်နဲ့ အလိုက်အထိုက်နေ
ခဲ့ရတာဗျူဟာ အဲဒီအတွက် ငါတကယ်တောင်းပန်ပါတယ်"
နှုတ်ကနေ
ဖွင့်မပြောရသေးတာကလွဲ
ဒီလောက်အထိ သူ့ဘက်ကတန်ဖိုးထားကြောင်း လိုအပ်ကြောင်းတွေပဲ ပြခဲ့တာတောင်မှလိုချင်ရုံလေးပဲတဲ့လား။
ဘယ်နေရာကနေစပြီးမှားခဲ့လဲ။
မင်းမို့လို့မင်းဖြစ်နေလို့ တယောက်တည်းထားခဲ့ရတာ စိတ်မချလို့ ပြည်ပမှာ ပညာသင်ခွင့်ကိုတောင်မှလက်လွှတ်ခံပြီး ပြန်လာခဲ့တယ်ဆိုတာတောင်မင်းသိပါ့မလား။
"နင်ငါ့ကို မကျေမနပ် ဖြစ်ပိုင်ခွင့်ရှိတယ်။ ကျေးဇူးပြုပြီး ဆန်းဆက်ကိုတော့ ဘာ အပြစ်မှမယူပါနဲ့ငါ့ကြောင့်နဲ့ပဲ ဆန်း
ဆက်က နင့်ကိုအရမ်းအားနာနေခဲ့ရတာ
မထင်မှတ်ပဲနဲ့ငါတို့နင့်အပေါ်မှာ
အပြစ်လုပ်ထားမိသလိုဖြစ်နေခဲ့တာမို့
ဒီ အတွက်ကြောင့်နဲ့ ငါနင့်ကိုမဆုံးရှုံးချင်ဘူးနင်ကငါ့အတွက်အရေးပါတဲ့သူတစ်ယောက်ပါ ဗျူဟာငါတစ်ကယ်
တောင်းပန်တယ်"
" ဆက်မပြောနဲ့တော့"
ဝတ်ရည်ရဲ့မျက်နှာကို ဗျူဟာ နာကျင်စွာငေးကြည့်လျက်။
" ဘာမှဆက်ပြောစရာ မလိုတော့ဘူး"
ဝတ်ရည်ကို
ကျောခိုင်းပြီး ထွက်လာရတဲ့အချိန်
ဗျူဟာ ခြေလှမ်းတွေက လေးလံလျက် ရင်ဘတ်တစ်ခုလုံးကို နင်းခြေခံလိုက်
ရသလိုပင်။
အခုအချိန်မှာ ဆန်းဆက်မှူးကို
ဒေါသထွက်ဖို့ထက် ဝတ်ရည်ဦးဆိုတဲ့ ကောင်မလေးကြောင့် ပထမဆုံး
အကြိမ်သူ အချစ်ကြောင့် နာကျင်ခြင်း
ကို ခံစားနေရပြီ။တစ်ခြားအရာတွေထက် ဝတ်ရည် သူချစ်တာလေးတစ်ခုကိုမသိလောက်အောင်တောင်မှ သူကဝတ်ရည်အပေါ် အထက်စီးဆန်ပြီးဆက်ဆံခဲ့တာလား။ ဝတ်ရည်ကပဲ မမြင်နိုင်ခဲ့တာလား။
ခြေလှမ်းကျဲတွေနဲ့ အမြန်လျှောက်
လာခဲ့တဲ့သူကိုမြင်တော့ နေ
အဆောက်အဦး အကွေ့ကအကွယ်မှာ
ရပ်နေရာကနေ သွားဖို့ လုပ်ပေမယ့်မမှီ တော့။
ဗျူဟာပိုင်နဲ့သူ အဆောက်ဦး
အကွယ်မှာ ထိပ်တိုက်တွေ့၍
အကြည့်ချင်းဆုံသွားတော့ နေရခက်စွာနဲ့။
"ဟို ငါ ငါ့သူငယ်ချင်းကဓါတ်ပုံ
ရိုက်ပေးဖို့ ခေါ်လို့တံခါးပေါက် မှား
ထွက်ခဲ့မိတာ"
တည်တင်းနေတဲ့ မျက်နာနဲ့ နေရဲ့ ပုခုံးတစ်ဖက်ကို ခပ်ကြမ်းကြမ်း တိုက်
ထည့်သွားတဲ့ ဗျူဟာပိုင် ။ဒေါသ
ထွက်နေပုံရတဲ့ ဗျူဟာပိုင်က ကား
ပါကင်စီလျှောက်သွားလျက် ဟိုတယ်
ထဲကနေ ကားမောင်းထွက်သွားတာ
အဝေးကနေမြင်လိုက်ရတဲ့အချိန်။
သူတော့ ကံဆိုးတာပဲ။ အင်ကြင်း
တို့လှမ်းခေါ်လို့ ဟိုတယ်ထဲပြန်ဝင်
လာတာ နေရာကကျယ်တော့
အပေါက်မှားထွက်ခဲ့ပြီး ရေကူးကန်
ဘက်ကို နေရာမှားလာခဲ့မိသည်။
ဖြစ်စဥ် အစအဆုံးကို
တမင်ရပ်ပြီးနားထောင်နေတာ
မဟုတ်ပဲ ဒီတစ်ခါတော့ သူတစ်ကယ်
ပထမဆုံးအနေနဲ့ ဗျူဟာပိုင်ကို
အားနာမိသွားသည်။
************
ေက်ာင္းယူနီေဖာင္း အျပည့္အစုံနဲ႔ ဗ်ဴဟာ အိမ္အေပၚထပ္သူ႕အခန္းထဲကေန
ထြက္လာၿပီး ေလွကားကေနဆင္းလာခဲ့သည္။ အိမ္ေအာက္ထပ္ကို ေရာက္ေတာ့ ထမင္းစားခန္းထဲကိုဝင္လာလ်က္။
ထမင္းဝိုင္းမွာ ဗ်ဴဟာအေဖနဲ႔ အေမက ေရာက္ေနၾကၿပီ။
"သား လာထိုင္ ေက်ာင္းမသြားခင္
မနက္စာစားသြားမယ္မလား"
" စားသြားမယ္ အေမ"
" ဘာစားမလဲ ထမင္းစားမလား
ေကာ္ဖီနဲ႔မုန္႔ေသာက္မလား"
" ေကာ္ဖီပဲ ေသာက္သြားေတာ့မယ္'"
"ဟုတ္ၿပီ မႏြယ္ေရ သားအတြက္
ေကာ္ဖီေဖ်ာ္ခဲ့ အပူခ်ိန္ခပ္ေႏြးေႏြးေလးပဲ"
" ဟုတ္ကဲ့ အန္တီ"
" ဒီေက်ာင္းယူနီေဖာင္းေလးနဲ႔လိုက္
ေနေရာ ။အေမ့သားက တေန႔တျခား
ပိုပိုၿပီးေခ်ာတလာတယ္လို႔ေတာင္
ထင္ရတယ္ "
ဗ်ဴဟာ သူအေမ့ကိုျပဳံးျပလ်က္
ထမင္းဝိုင္းထိပ္မွာထိုင္ေနတဲ့သူ႕
အေဖကိုၾကည့္ရင္း
" အေဖတူလို႔ ျဖစ္မွာေပါ့ ဟုတ္တယ္
ဟုတ္ အေဖ"
" အေမကလည္း ေျမႇာက္ သားလုပ္တဲ့
သူကလည္း အေျမႇာက္ႀကိဳက္"
"ကိုယ့္သားကေခ်ာလို႔ မွန္တာေျပာတာပဲေလ အစ္ကိုကလည္း"
"ဟုတ္ပါၿပီခိုင္ရယ္ အကိုမျငင္းပါဘူး "
ဦးထင္ပိုင္စကားကို ေဒၚခိုင္နီလာက
သူ႕ေဘးမွာ ထိုင္ေနတဲ့ဗ်ဴဟာကိုၾကည့္ၿပီး
သေဘာတက် ျပဳံးလ်က္။
" ဗ်ဴဟာ"
"ဗ်ာ အေဖ"
" ေက်ာင္းမွာ ဆန္းဆက္နဲ႔ အဆင္
ေျပၾကတယ္မလား။ မင္းတို႔ႏွစ္ေယာက္
ကို ႀကီးလာမွအေဖၾကည့္ရတာ အေခၚအေျပာေတာင္ သိပ္မ႐ွိေတာ့
သလိုပဲ။ငယ္ငယ္တုန္းကေတာင္မွ
အဘိုးအိမ္မွာေတြ႕ရင္အတူေဆာ့ၾက
ေသးတယ္"
ထမင္းဝိုင္းမွာ ဆန္းဆက္အေၾကာင္း
ပါလာသျဖင့္ ေဒၚခိုင္နီလာေရာ
ဗ်ဴဟာပါအျပဳံးေတြျပယ္သြားရသည္။
ဆန္းဆက္ကို တူအရင္းတေယာက္လို
ခ်စ္တဲ့ ဦးထင္ပိုင္။
"ငယ္ငယ္တုန္းကေတာ့ကေလးသဘာဝ
အေဖာ္မက္တာေပါ့ ကြၽန္ေတာ္ မ
မွတ္မိေတာ့ဘူးအေဖ။
ႀကီးလာေတာ့ ဒီလိုပါပဲ သိတတ္လာ
ေတာ့ သူ႕အေျခအေနနဲ႔သူ စိမ္းသြားတာေပါ့"
" မင္းအဲ့လို႔ေျပာလို႔မရဘူးေလသား
တစ္ကယ္ဆိုမင္းကသူ႕ထက္အႀကီး
ဆန္းဆက္ကမင္းညီပဲ။လူငယ္ေတြ
ျဖစ္လာေတာ့မင္းတို႔က ပိုၿပီးေတာင္မွ
ညီအစ္ကိုေတြ တိုင္တိုင္ပင္ပင္နဲ႔တစ္
ရင္းတစ္ႏွီး႐ွိသင့္တယ္။
ကိုယ့္မိသားစုအခ်င္းခ်င္းမွ မစည္း
လုံးရင္ဘယ္လိုလုပ္မွာလဲ"
"သားကအေနတည္ေတာ့ဆန္းဆက္နဲ႔
သိပ္မကိုက္ဘူးျဖစ္မွာပါ အေခၚအေျပာ
ေတာ့ ႐ွိၾကတာပဲေလ အစ္ကို"
" အဲဒါကိုပဲေျပာခ်င္တာေလ ညီအကို
ေတြက ေခၚေျပာတဲ့ ဆက္ဆံေရးပဲ
ျဖစ္သင့္လား ဒီထက္ပိုၿပီး တရင္းတႏွီး
႐ွိရမွာဟုတ္ဘူးလား။ျမင့္သူတို႔ လင္
မယား မ်က္ႏွာလည္း႐ွိေသးတယ္။
မသိတဲ့သူေတြကသားက ဆန္းဆက္ကို ဖယ္ထားတယ္လို႔ ထင္ေနလိမ့္မယ္
သားသူငယ္ခ်င္း ဘုန္းျပည့္နဲ႔က်ေတာ့
သားကတစ္တြဲတြဲေလ အေဖေျပာခ်င္
တာသိလားသား"
" ဘုန္းျပည့္နဲ႔က် ငယ္ငယ္ထဲက
ေက်ာင္းအတူတူတက္လာတဲ့သားရဲ႕သူငယ္ခ်င္းေလ တူမလားအစ္ကို"
"ခိုင္ သားကိုအစ္ကိုေျပာေနရင္ၾကားကေနဝင္မပါလို႔ရမလား အစ္ကိုက သားအတြက္ပဲေျပာေနတာ "
ေဒၚခိုင္နီလာအေပၚ ဦးထင္ပိုင္အသံ
မာသြားသျဖင့္ ဗ်ဴဟာခ်က္ခ်င္းပင္။
"ကြၽန္ေတာ္ နားလည္ၿပီအေဖ"
"တခန္းထဲမလား ေတြ႕ရင္ေခၚ
ဘုန္းျပည့္လိုမ်ိဳးပဲ ေဘာ္ဒါလိုသ
ေဘာထားၿပီးညီအစ္ကိုဆိုေပမဲ့
သူငယ္ခ်င္းေတြလိုပဲေပါင္းၾက အေဖ
ေရာမင္းအဘိုးေရာကမင္းတို႔ေတြ ရင္းရင္းႏွီးႏွီး႐ွိတာကိုျမင္ခ်င္ေနတာ"
ဗ်ဴဟာ သူ႕အေဖ့ကိုဘာမွ ျပန္မေျပာ
ေတာ့ဘဲ ထမင္းဝိုင္းကတိတ္ဆိတ္သြားသည္။
" မနက္ပိုင္း ထမင္းမ်ားမ်ားစားေလ
ခိုင္ မင္း သားကိုပဲ ၾကည့္မေနနဲ႔"
ေဒၚခိုင္နီလာမ်က္နာမွာ အျပဳံးတို႔ျပန္
ဆင္လိုက္လ်က္
"ေနာက္အပတ္ ဆယ့္ႏွစ္ရက္ေန႔
အဂါေန႔ က်ရင္ အစ္ကိုညေနပိုင္းအိမ္
ေစာေစာျပန္လာၿပီး အခ်ိန္ရေအာင္
လုပ္ထားေပးလို႔ရမလား သားနဲ႔အတူတူ အျပင္မွာညစာ ထြက္စားခ်င္လို႔ "
"ရတယ္ေလ မင္း သားကိုသာအဲ့ေန႔
အားေအာင္လုပ္ထားဖို႔မွာထားလိုက္
ဒါနဲ႔ ဘာေန႔မို႔လို႔"
" အေမ ႀကိဳတင္ၿပီးေျပာလိုက္ရင္
ဘယ္လိုလုပ္ၿပီးsurprise ျဖစ္ေတာ့
မွာလဲ အေဖက အေမ့ေမြးေန႔မွာမွsurpriseလုပ္ဖို႔စီစဥ္ထားတာ"
အလ်င္ျမန္
ၾကားျဖတ္ဝင္ေျပာလိုက္တဲ့ ဗ်ဴဟာ
ကို ဦးထင္ပိုင္မ်က္ႏွာပ်က္လ်က္
တစ္ခ်က္ၾကည့္ရင္း။
"ဟုတ္တယ္ ခိုင္ရဲ႕ အစ္ကိုလက္ေဆာင္ေတာင္ျပင္ထားၿပီးၿပီ"
"အသက္ေတြႀကီးေနၿပီsurprise
ျဖစ္စရာေတြလက္ေဆာင္ေတြမလိုပါဘူး မိသားစုသုံးေယာက္ ညစာအတူတူ
ထြက္စားရရင္ေက်နပ္ၿပီ"
"အစ္ကို အလုပ္သြားေတာ့မယ္
အေဖ့ဆီလည္း ဝင္ရဦးမယ္ ေက်ာင္းသြား
ရင္ကားကို ေျဖးေျဖးေမာင္း ဗ်ဴဟာ"
"ဟုတ္ကဲ့ အေဖ"
ဦးထင္ပိုင္ကားကျခံထဲကထြက္သြား
မွသူ႕အေမ မ်က္ႏွာအရိပ္အေျခကို
ၾကည့္ရင္း အေဖအေမ့ေမြးေန႔ကို
မမွတ္မိတာအေမမၾကားလိုက္ မ်က္ႏွာ
မပ်က္တာ ေသခ်ာမွ သူစိတ္ေအးသြားရသည္။
အေဖ့ရဲ႕အေမအဖြားႏွစ္ပတ္လည္နဲ႔
ကပ္ေနလို႔အေမက သူ႕ေမြးေန႔တိုင္းအလႉအတန္းကလြဲၿပီး ဘာမွမလုပ္ခဲ့။
" ဝတ္ရည္ ေလးနဲ႔ အဆင္ေျပတယ္
မလားသား။သက္သက္နဲ႔အေမကေတာ့စကားေတြစထားေနၿပီေနာ္"
"ေျပတာေပါ့"
"အဲ့ကေလးမေလးကိုသားသေဘာ
က်သလို အေမလည္းအရမ္းခ်စ္တာပဲ ေခြၽးမေတာ္ရဖို႔ မေစာင့္ႏိုင္ေတာ့ဘူး
အေမ့သားကႀကိဳးစားေပးမယ္မလား"
"အေမ ကလည္းဗ်ာ"
သူ႕အေမနဲ႔စကားေျပာရင္း ေကာ္ဖီ
ေသာက္လို႔အၿပီး ဗ်ဴဟာျပဳံးလ်က္
ထိုင္ခုံေပၚကေန ထလိုက္သည္
"လာမဲ့ အေမ့ ေမြးေန႔အတြက္
လက္ေဆာင္ျဖစ္လာမွာမို႔ခဏပဲေစာင့္"
"ဟုတ္ပါၿပီ အေမေစာင့္ေနမယ္
အေမ့သားေလးေတာင္
လူႀကီးျဖစ္လာၿပီပဲ"
ေဒၚခိုင္နီလာ မ်က္ႏွာမွာ အျပဳံးေတြ
ျဖစ္ေနတာကိုဗ်ဴဟာေက်နပ္ေနရင္း
ဗ်ဴဟာပိုင္ အတြက္ေတာ့
သူ႕အေမကသူ႕အတြက္အရာရာပဲ။
"သြားေတာ့ သား အတန္းေနာက္က်ေနမယ္"
"အေမ့ကို ကြၽန္ေတာ္အရမ္းခ်စ္တယ္"
သူ႕အေမပါးတစ္ဖက္ကို နမ္းခဲ့ကာ
ႏႈတ္ဆက္ၿပီး အိမ္အျပင္သို႔ထြက္လာခဲ့သည္။ ကားေပၚတက္လ်က္ေက်ာင္း
သြားရာမနက္ခင္းက စိတ္ေတြေပါ့ပါး
လ်က္ သူ႕အေမအျပဳံးေတြကသူ႕အတြက္
ခြန္အားပဲေလ။
---------------------------
" အဲဒီေန႔က အကိုတစ္ကယ္ အားနာ
ပါတယ္ညီရယ္ ညီ့ကို အခန္းေ႐ွ႕ထိ
လာပို႔ခိုင္း လိုက္ရတယ္"
"ရပါတယ္ အထပ္တူေနတာပဲ"
ဟိုတေန႔ကbusinessအတန္းက
သူ႕ေစာ္အတြက္cakeမွာေပးတဲ့သူပင္။
ေနနဲ႔ တတိယအထပ္ရဲ႕
ေလွကားထိပ္ေကာ္ရစ္တာနားမွာ ေတြ႕
ေတာ့ရပ္ၿပီးေတာ့ စကားေျပာျဖစ္ျခင္း၊။
" အဲလိုလည္းမဟုတ္ေသးဘူးေလ
ညီရယ္ အစ္ကိုက တကယ္အားနာေန
တာ တကယ္ဆို အကိုကအျပင္ထြက္
ယူသင့္တာ"
"ရပါတယ္ဆိုဗ်ာ ကြၽန္ေတာ္ အတန္း
သြားေတာ့မယ္ဗ်"
"ခဏေနပါအုံးညီ စကား ခဏေလာက္
ေျပာရေအာင္ မိတ္ျဖစ္ေဆြျဖစ္ေပါ့
အတန္းကေစာပါေသးတယ္"
စကားစျဖတ္ၿပီး သြားမလို႔အလုပ္
ေဘးကသူကတားေနသျဖင့္ ေနလည္း
မေကာင္းတတ္တာမို႔
" ဒါနဲ႔ ညီ့နာမည္က"
"ေနစင္ဟန္ပါ ကြၽန္ေတာ္တို႔က႐ြယ္
တူေတြပဲထင္တယ္ေနာ္"
တညီညီနဲ႔ ေခၚေန႔လို႔ ေျပာပစ္လိုက္ေတာ့
ရယ္လ်က္
" အစ္ကိုက သူငယ္တန္းကို ေျခာက္
ႏွစ္ျပည့္ခါနီးမွတက္တာ ႐ြယ္တူေတြ
ဆိုရင္လည္းညီေလး ညီမေလးလို႔ေခၚ
တာ အက်င့္ျဖစ္ေနၿပီ အစ္ကို႔နာမည္က
ထြန္းျမတ္ တဲ့ မွတ္ထားအုံး"
မ်က္ႏွာပ်က္ျခင္းမ႐ွိပဲ ႐ွင္းျပတာကပင္
ဒီလူ ေပါင္းသင္းတတ္ေၾကာင္း
ကိုျပေနသလို
ေနလည္း ေယာက်္ားေလးသူငယ္ခ်င္း
ဆိုရင္ ခင္တတ္တဲ့သူ မလို႔။
"အိုေက "
"အစ္ကိုကခင္တတ္တယ္
ေဘာ္ဒါသိပ္မ႐ွိေသးေတာ့ညီ့လိုမ်ိဳး
သြားတတ္လာတတ္ေနရာႏွံ႔စပ္တဲ့သူနဲ႔
ေပါင္းထားရမယ္"
"အဲ့လိုလည္းမဟုတ္ပါဘူး"
"ဒီေက်ာင္းကို ဘာ စိတ္ကူးနဲ႔တက္တာလဲညီ"
"ဒီလိုပါပဲ "
"အစ္ကိုလည္း ေက်ာင္းမတက္ခင္
မိဘေတြနဲ႔ရင္းႏွီးတဲ့ဟိုတယ္မွာစားပြဲ
ထိုးဝင္လုပ္ဖူးတယ္ တျခားေအာက္ေျခအလုပ္ေတြလဲလုပ္ဖူးတယ္ ညီသိလား"
သူ႕ပုံစံက ေနစိတ္လြပ္လပ္ေအာင္
ပိုၿပီးရင္းႏွီးရေအာင္ လုပ္ၾကံေျပာေန
တာနဲ႔ေတာ့မတူ။
" အစ္ကို႔ေကာင္မေလးကေလ တစ္အား
ရစ္တာ အဲဒီေန႔ကေလ
အကိုတို႔anniေန႔လည္း မေရာက္
ေသးဘူး စိတ္ေကာက္ၿပီးေတာ့ ျပတ္မယ္လုပ္ေနတာ ညီကယ္လိုက္လို႔ေတာ္ေသးတယ္ သိလား အကို႔မွာ သူ႕ကိုပဲေခ်ာ့
ေနရတာ "
"ရပါတယ္ဗ်"
"ညီ့ကို အရမ္းေက်းဇူးတင္တယ္ သိလားညီ"
သူျပဳံးျပလိုက္ေတာ့ ထြန္းျမတ္ဆိုတဲ့
သူက။
"ေနာက္မွထပ္ေတြ႕မယ္ညီ ေအာ္ ဒါနဲ႔
အစ္ကိုတို႔ ေဘာ္ဒါေတြျဖစ္ၿပီေနာ္"
"အိုေက"
စကားေျပာၿပီးေနာက္
ေနရဲ႕ ပခုံးကိုပုတ္သြားလ်က္ ႏႈတ္
ဆက္ၿပီး ထြန္းျမတ္ဆိုတဲ့သူက
business အတန္းေတြဘက္ကို
ထြက္သြားသည္။
လူပုံၾကည့္ရတာ
နည္းနည္းေတာ့တမ်ိဳးေပမဲ့ သူက အေပါင္းအသင္းခင္မင္တတ္သူပဲမို႔
စိတ္ထဲေတာ့သိပ္မထား။
ကိစၥၿပီသြားၿပီးမို႔ ကိုယ္အတန္းကိုယ္
သြားဖို႔ ဆန္႔က်င့္ဘက္ကိုအလွည့္
ေလွကားထိပ္မွာ ရပ္ေနတဲ့ ဗ်ဴဟာပိုင္
နဲ႔တည့္တည့္ တိုးသည္။
ေလွကားက အေဆာက္ဦးအလယ္မွာ
ဆိုလွ်င္businessအတန္းနဲ႔ေနတို႔
engineering အတန္းေတြက ဘယ္
နဲ႔ညာလို တဖက္ဆီပင္။
ဗ်ဴဟာပိုင္က ေလွကားထိပ္ကေန
သြားလိုက္သည္မို႔
ေနလည္း အၾကည့္လႊဲလိုက္လ်က္သာ
ေက်ာေပးၿပီး ကိုယ့္အတန္းဘက္ကို
ေျခလွမ္းအသြား။
"ေနစင္ဟန္"
ဒီေကာင္ သူ႕နာမည္ကိုဘယ္လိုသိ
တာလဲ။ ကိုယ့္ကိုေခၚေနတာမို႔လို႔ ျပန္
လွည့္ၾကည့္လိုက္ေတာ့ ဗ်ဴဟာပိုင္ကလည္း ေနကိုျပန္လွည့္ၾကည့္လာလ်က္။
သူ႕ပုံစံၾကည့္ရတာ တခုခုကိုေျပာ
ခ်င္ေနသလိုပင္။
"ဘုန္းျပည့္နဲ႔သိတယ္မလား ငါနဲ႔ေတာ့
မဆိုင္ေပမဲ့ အျမင္မေတာ္လို႔"
"ဘာကိုလဲ"
"ခုနက ငါတို႔အတန္းထဲက ေကာင္က ႏွစ္ဖက္ခြၽန္"
ေန တခဏအံ့ဩစိတ္ျဖစ္မိသြားေပမဲ့
လည္း အဲဒါသူ႕အေၾကာင္းေလ
ကိုယ္နဲ႔မွမဆိုင္တာ။
ေျပာျပေနတယ့္သူကလည္း ဗ်ဴဟာပိုင္
မို႔လို႔မခံခ်င္တဲ့စိတ္နဲ႔ ။
" အဲတာ ဘာျဖစ္လဲ"
ေျပာမိတာ သူ႕အမွားပဲဆိုတဲ့ မ်က္ႏွာနဲ႔ ဗ်ဴဟာပိုင္က ဘာမွဆက္မေျပာေတာ့ပဲ
ျပန္လွည့္ၿပီး သူ႕အတန္းဘက္ကို
ေလွ်ာက္သြားသည္။
ဒီေကာင္ ဘာစိတ္ကူးထေပါက္တာလဲ။
ေနကအေနာက္အရပ္က ထြက္ေတာ့
မွာလား စေတြ႕ထဲက ေခ်ေနၿပီးေတာ့
မ်ား ။သူက ခင္တတ္တဲ့အထဲမွာ
ပါတယ္ဆိုရင္ေတာင္ ဗ်ဴဟာပိုင္လို
ေကာင္မ်ိဳးနဲ႔ေတာ့ အဆင္ေျပခ်င္တဲ့
စိတ္လုံးဝမ႐ွိေပ။
---------
အဖြဲ႕ေခါင္းေဆာင္နဲ႔သူ႕ၾကင္သူရဲ႕
ပါတီဒင္နာက
ဟိုတယ္ခန္းမကို ငွားထားသည္အထိ
ေတာ္ေတာ္ေလး ခမ္းနားလွသည္။
ဒီကိုေရာက္မွ ေနစင္ သိလိုက္တာ
အဖြဲ႕ေခါင္းေဆာင္ကိုေက်ာ္မင္းခန္႔က
ITေနာက္ဆုံးႏွစ္ျဖစ္သည့္တတိယ
ႏွစ္ကျဖစ္ၿပီးသူ႕ဇနီးေရာသူေရာက
ပြဲ႐ုံပိုင္႐ွင္သားသမီးေတြ သုံးႏိုင္တဲ့
သူေတြပါပဲ။ မဂၤလာႏွစ္ပတ္လည္
တႏွစ္ျပည့္နဲ႔အစ္မႀကီးရဲ႕ ေမြးေန႔ပြဲ
ကို ေပါင္းလုပ္တဲ့ ဒင္နာေလးမွာ
ေက်ာင္းကသူေတြ ေတာ္ေတာ္မ်ား
မ်ားကိုဖိတ္ထားၿပီး ေခါင္းေဆာင္တို႔ အသိုင္းအဝိုင္းကသူေတြနဲ႔ပါစည္ကားေနသည္။
ကိုေက်ာ္မင္းခန္႔ကလည္း အမႀကီးကို
အရမ္းခ်စ္ပုံရၿပီး ေခါင္းေဆာင္တို႔
အတြဲက အခုေလးတင္ပဲေနတို႔
ထိုင္ေနသည့္ဝိုင္းကိုလာ ဧည့္ခံသြားသည္။
" နင့္ရဲ႕ဘုန္း က ဘယ္မွာလဲ အင္ၾကင္း"
"ေအ မလာေသးဘူးလားမသိဘူးဟယ္ cbမာေျပာတာေတာ့ လမ္းမွာ
ထြက္လာေနၿပီတဲ့"
ေကခိုင္နဲ႔
အင္ၾကင္းက ဘုန္းျပည့္ေသာ္ကို
တေမွ်ာ္ေမွ်ာ္။
ေနကေတာ့ ႏွစ္ပြဲေပါင္းၿပီးလုပ္
ထားသည့္ပြဲကို လက္ေဆာင္ေပးရ
တာနဲ႔တန္ေအာင္လို႔ ခပ္တည္
တည္နဲ႔ပဲစႀကိတ္ေနပါၿပီ။
မသြားဘူးဆိုတာကို အင္ၾကင္းတို႔
ညေနထဲက အိမ္ကိုကားနဲ႔ေရာက္လာၿပီး အတင္းဆြဲေခၚလာေတာ့လည္းသူပါလာရသည္။
ကိုယ့္မွာ႐ွိတဲ့ သစ္တယ္လို႔ထင္ရတဲ့
အဝတ္ေတြသာဝတ္လာေသာ္လည္း
ဒီပြဲထဲမွာ႐ွိတဲ့ ႐ြယ္တူေယာက်္ားေလးေတြ
ဝတ္ထားတာနဲ႔ ဘယ္လိုယွဥ္ႏိုင္ပါ
မလဲ။ ဒါေပမယ့္လည္း ေအးေဆးပါ။
႐ွိတာနဲ႔ ေရာင့္ရဲတတ္လို႔ သိမ္ငယ္တာ စိတ္ဓာတ္က်တာမ်ိဳးဆိုတာ သူ႕ဘဝ
မွာဘယ္တုန္းကမွမ႐ွိခဲ့။
ေကခိုင္နဲ႔ အင္ၾကင္းကလည္း
မိန္းကေလးေတြပြဲတတ္တဲ့dress
ကိုယ္စီနဲ႔ အလွျပင္ဆိုင္မွာ အလွ
ျပင္လာၿပီးေတာ့ကို ကိုယ္စီလွေနၾကသည္။
အင္ၾကင္းေမ်ာ္ေနတုန္းပင္ ခန္းမထဲကို
ဘုန္းျပည့္ေသာ္နဲ႔ အတူဝင္လာတဲ့ ႐ွင္းသန္႔သူ။ အင္ၾကင္း မ်က္ႏွာမွာအျပဳံးေတြ
ျဖစ္သြားၿပီးေပ်ာ္ေနခ်ိန္
ေန စဥ္းစားရခက္ေနတုန္း
ဘုန္းျပည့္ေသာ္တို႔ အေနာက္ကေန
ဝင္လာတဲ့ ဗ်ဴဟာပိုင္နဲ႔ သူ႕ေဘးနား
မွာေတာ့တစ္လက္လက္ျဖစ္ေနတဲ့
အျဖဴေရာင္dresss အ႐ွည္နဲ႔
႐ိုး႐ွင္းစြာလွေနတဲ့ ဝတ္ရည္ဦး။
ဝိုင္းမွာထိုင္ေနသူ အမ်ားစု
ကလည္း သိသိသာသာကိုထင္း
ထြက္ေနတဲ့ ဗ်ဴဟာပိုင္နဲ႔ ဝတ္ရည္ဦး
ဆီမွာ အၾကည့္ေတြက်ေရာက္သြားလ်က္
မိန္းကေလးေတြရဲ႕စူးစမ္းတဲ့အၾကည့္
ေတြနဲ႔ေခါင္းေဆာင္တို႔ လင္မယားက
ဘုန္းျပည့္ေသာ္တို႔ ေလးေယာက္
ထိုင္ေနတဲ့ဝိုင္းဆီသြားလ်က္ ဧည္ခံေနရင္း
" နင္ေျပာေတာ့ ဘုန္းျပည့္က နင္နဲ႔
အတူတူထိုင္မွာဆို"
" သူ႕သူငယ္ခ်င္းေတြပါလို႔ ျဖစ္မွာေပါ့
ငါတို႔ဝိုင္းမွာလည္း ေနရာ မလြတ္ေတာ့ဘူး ေလ"
" ႐ွင္းသန္႔သူက ဘုန္းျပည့္နဲ႔ ခင္တာလား အတန္းထဲက သူေတြကိုက်ေတာ့
အဖက္မလုပ္ပဲနဲ႔"
"ေအး ခင္တယ္ျဖစ္မွာေပါ့ အမ်ိဳးေတြ
လားမသိဘူး အားး ငါ့ဘုန္းေလး
ေခ်ာလိုက္တာ"
အင္ၾကင္း ေကခိုင္ကိုတီးတိုးေျပာရင္း
ေနတို႔ မ်က္ေစာင္းထိုးဝိုင္းက
ဘုန္းျပည့္ေသာ္ကိုပဲေငးေနတုန္း
သူလည္း ဘာရယ္မဟုတ္ ဗ်ဴဟာပိုင္နဲ႔ ဝတ္ရည္ဦးကို တစ္ခ်က္ၾကည့္မိသြားသည္။
" ဗ်ဴဟာပိုင္နဲ႔ ဝတ္ရည္ဦးက
တြဲေနၾကၿပီလားမသိဘူးေနာ္ အတူတူ
ပြဲတက္လာတာ"
"ေအး အတိအလင္းေတာ့သတင္းမထြက္
လာေသးဘူး သူငယ္ခ်င္းေတြပဲလို႔
ဝတ္ရည္ဦးကေျပာထားတာပဲ ဗ်ဴဟာ
ကိုႏွေျမာေပမယ့္ လိုက္ဖက္ပါတယ္
ႏွစ္ေယာက္လုံးကထင္းေနေရာ"
ေနတို႔ အေနာက္ဝိုင္းက ေကာင္မေလး
ေတြရဲ႕ တီးတိုးေျပာသံ။
အင္ၾကင္းနဲ႔ ေကခိုင္ကလည္း
အတူတူပင္။ အေၾကာင္းအရာက
ဘုန္းျပည့္ေသာ္ဆီ ေရာက္သြားလိုက္ ဗ်ဴဟာပိုင္ကိုေႂကြေနတဲ့ေကခိုင္က
လည္း ငါ့အသည္းကြဲေတာ့မွာလား
ဆိုတာကိုေရာက္သြားလိုက္နဲ႔။
"ဆန္းဆက္ေရာ မေတြ႕ဘူးေရာ
မလာေသးဘူးလား"
"ဟုတ္တယ္ ဆန္းဆက္ က်န္ေသးတယ္"
အခုေလးတင္ပဲ ဗ်ဴဟာပိုင္ေၾကာင့္ အသည္းကြဲပါၿပီဆိုတဲ့ေကခိုင္က
ဆန္းဆက္မႉးကိုပဲခ်ိန္ေတာ့မယ္ဆိုၿပီး
ျဖစ္သြားျပန္သည္။
ခန္းမမွာ မီးအလင္းကိုမွိတ္လိုက္ၿပီး
ပါတီစကာdjစဖြင့္ေလၿပီ။
ဒီေန႔ညရဲ႕ေခါင္းေဆာင္နဲ႔သူ႕ၾကင္သူ
မမီးကလည္း အားလုံးရဲ႕အလယ္မွာ
ရပ္ရင္း ကိတ္ခြဲဖို႔ ျပင္ေနၿပီ။ လူ႐ႈပ္
တာကို မႀကိဳက္တာေတာ့မဟုတ္ေပမယ့္ စိတ္သိပ္မၾကည္တာမို႔။
" ငါအရင္ထြက္ေတာ့မယ္ အင္ၾကင္း
အျပင္မွာ သြားေစာင့္ေနမယ္"
"ဟဲ့ ဘာလို႔လဲေနစင္ ေနပါအုံး
ပြဲေတာင္စေနတုန္းပဲ ႐ွိေသးတယ္"
" မေနခ်င္ေတာ့လို႔ ငါသြားၿပီ"
ေန အင္ၾကင္းတို႔ကိုေျပာခဲ့ကာ
ခန္းမထဲကေန ထြက္လာခဲ့လိုက္သည္
။
receptionကိုျဖတ္ၿပီး ဟိုတယ္အျပင္ေရာက္ေတာ့ ဧည့္သည္ေတြထိုင္ဖို႔ စားပြဲဝိုင္းထားထားေပးတဲ့ေနရာမွာ ေထာင့္
ေနရာကခုံမွာ ထိုင္ေနျဖစ္သည္။
အျပင္ထြက္လာမွပဲ နားေအးပါးေအး
နဲ႔ စိတ္ေအးခ်မ္းသြားေတာ့တယ္။
အျပင္မွာညကလည္း အလင္းေပ်ာက္ကာ ေမွာင္ရီေနေလၿပီ။
တစ္ေယာက္တည္းျဖစ္ေနတာမို႔ဖုန္း
ၾကည့္မလို႔ ေဘာင္းဘီအိတ္ကပ္ထဲကေန ထုတ္လိုက္တုန္း ဟိုတယ္အဝင္ကကား
ေတြရပ္ထားသည့္ေနရာမွာ သူ႕ကားကို
မွီၿပီး ရပ္ေနသည့္ သူတစ္ေယာက္ကို
ေတြ႕လိုက္ရသည္။ နဲနဲလွမ္းေနလို႔ မ
ေသခ်ာေပမယ့္ ဆန္းဆက္မႉးနဲ႔ ေတာ္
ေတာ္တူတာပဲ။ ဆန္းဆက္မႉးဆိုရင္
သူဘာလို႔ ခန္းမထဲမဝင္ပဲ ဒီမွာပဲရပ္
ေနရတာလဲ။
ေနစင္ေသခ်ာေအာင္ ၾကည့္ေနတုန္း
အဲဒီသူကသူ႕ကားကိုမွီရင္းေနစင္ ထိုင္ေနသည့္ေနရာကို လွည့္ၾကည့္လာသည္။
မ်က္ႏွာကိုျမင္လိုက္ရၿပီး
အၾကည့္ခ်င္းဆုံသြားေတာ့ ေန ေသခ်ာ
သိလိုက္ၿပီး မ်က္နာလႊဲလိုက္သည္။
ဆန္းဆက္မႉးပဲ။
သူတို႔ညီအကိုနာမည္ေတြကလည္း
တေယာက္တမ်ိဳးစီပဲ။ ဆန္းဆက္ဆိုတာ ေနဝင္ဆည္းဆာ ဆန္းဆက္လား။
သူကလည္း စေတြ႕ထဲက တစ္မ်ိဳးပဲ။
ဗ်ဴဟာပိုင္လို မ်က္ႏွာမမာေပမယ့္
သူ႕ၾကည့္ရတာလိုက္ေလ်ာညီေထြ
႐ွိေပမဲ့သူ႕အျပဳံးကလ်ိဳ႕ဝွက္ၿပီး
နားလည္ရခက္တဲ့ပုံစံလိုမ်ိဳး။
-------------------------------
ဟိုတယ္က အလွဆင္ထားသည့္ည မီးအလင္းေရာင္က ျမက္ခင္းျပင္ေဘးကေရကူးကန္ဘက္ကိုက်ေရာက္ေနၿပီး
ညအလွကိုပို၍က်ဗ်ာဆန္စြာ ေတာက္ပေစသည္။
သူ႕ေဘးနားက ေကာင္မေလးရဲ႕အလွကလည္း ထိုနည္းလည္းေကာင္းေပါ့။
" ဗ်ဴဟာ နင္အထဲမွာေနရင္ေနေလ
ကိုေက်ာ္တို႔အတြဲနဲ႔ ေသခ်ာစကား
မေျပာရေသးဘူး မဟုတ္လား "
" ငါတို႔လာတာကိုသိရင္ ရၿပီေပါ့
လူကမ်ားတာနဲ႔ သူတို႔လည္း ဧည့္ခံေနရမွာ"
"ေအာ္ အင္း"
ဝတ္ရည္က သူဝတ္ထားတဲ့ အျဖဴေရာင္ ဂါဝန္႐ွည္နဲ႔ လိုက္ဖက္လြန္းစြာ
ေတာက္ပေနသည္။တကယ္ကို
ျဖဴစင္ၿပီး ေတာ္ဝင္ဆန္တဲ့ေက်ာ့
႐ွင္းေနတဲ့အလွ။
ေက်ာထိခ်ထားတဲ့ဆိုးေဆးမထိထားတဲ့အနက္ေရာင္ ဆံႏြယ္႐ွည္ တည္ၿငိမ္
ၿပီး ဆြဲေဆာင္မႈ႐ွိ႐ွိေအးခ်မ္းတဲ့ဘက္
ကိုသြားတဲ့ မ်က္ႏွာပိုင္႐ွင္ေလး ။
ဝတ္ရည္ ဝတ္ထားတဲ့ dressက
အေပၚပိုင္းမွာႀကိဳးႏွစ္ေခ်ာင္းသာ
႐ွိတဲ့ရင္ျပတ္မလို႔ ဗ်ဴဟာ ခဏခဏ
သူ႕မ်က္လုံးေတြကို ဝတ္ရည္မ်က္ႏွာ
ဆီကေနပဲမလႊဲမိေအာင္ ထိန္းေနရသည္။
ဝတ္ရည္ဦးရဲ႕ ဆြဲေဆာင္မႈကေတာ့
သူ႕ရဲ႕ပင္ကို လုပ္ယူထားျခင္းမ႐ွိသည့္
အလွတရား လို႔ပဲေျပာရမွာပဲ။
" အဆင္ေျပရဲ႕လားဝတ္ရည္ ျပန္ေတာ့မလား"
" မျပန္ေသးဘူး ငါ့သူငယ္ခ်င္းေတြ
ထြက္လာရင္ ဓာတ္ပုံအတူတူ႐ိုက္
ခ်င္ေသးတယ္"
"အင္း"
"နင္ေစာင့္ႏိုင္ပါ့မလား"
"အင္း ရတယ္"
နဂို ႏွလုံးအားနည္းသည့္ ေရာဂါအ
ခံ႐ွိသည့္ ေကာင္မေလးမို႔ စိတ္
က်ဥ္းၾကပ္လို႔မရ ဆူညံတဲ့ေနရာေတြ ဝတ္ရည္ကသေဘာမက် ။အထဲမွာ
သီခ်င္းဖြင့္ၿပီးပါတီ က်င္းပေနၾကၿပီ။
ဝတ္ရည္က အထဲမွာမေနခ်င္ပဲ
ေလညင္းခံခ်င္သည္ ဆိုေသာေၾကာင့္
ႏွစ္ေယာက္သား အျပင္ထြက္လာၿပီး
ဟိုတယ္ေဘးက ေရကူးကန္အနားဆီ လမ္းေလွ်ာက္ထြက္လာျခင္း။
" နင့္ကို အားနာလို႔ နင္စိတ္႐ွည္ပါ့
မလား ငါ့ သူငယ္ခ်င္းေတြက ဓာတ္ပုံ႐ိုက္တာၾကာတယ္"
"ရတယ္ ကားထဲမွာေစာင့္ေနလို႔ရတယ္"
"ၿပီးေရာေလ အဲဒါဆိုရင္လည္း"
"ဝတ္ရည္"
"အင္း"
ဝတ္ရည္ကိုေငးရင္း
ဗ်ဴဟာ သူ႕စိတ္ေတြ မလႈပ္႐ွားစဖူး
လုပ္႐ွားေနပါသည္။
" ကိုေက်ာ္တို႔အတြဲက လိုက္ဖက္
တယ္မလား "
" လိုက္ဖက္တာေပါ့ မဂၤလာႏွစ္ပတ္လည္ေတာင္လုပ္ေနၿပီ မမီးက မိဘေတြ
ေပးစားလို႔သာကိုေက်ာ္နဲ႔လက္ထပ္လိုက္တယ္လို႔သာ ေျပာတယ္ အခုေတာ့ႏွစ္ေယာက္က အရမ္းခ်စ္ေနက်တဲ့ပုံပဲ"
"ဝတ္ရည္"
"ေျပာေလ ဗ်ဴဟာ နင္ဘာေျပာမလို႔လဲ"
" နင္ဒီေန႔အရမ္းလွေနတယ္"
မ်က္လႊာကိုေအာက္ခ်ၿပီး အသာအ
ယာေလး ျပဳံးလိုက္တာကပင္ သူ႕ ရင္ခုန္သံေတြကိုျမန္ေစသည့္အလား။
"နင္ျမင္တတ္သားပဲ ေက်းဇူး.....အေမ့"
ႏွစ္ေယာက္
ရပ္ေနတာက ေရကူးကန္ေဘးနားမွာ။
ဂါဝန္စ ေအာက္ေျခကို တက္နင္းမိ
မလိုျဖစ္ၿပီး ယိုင္သြားတဲ့ဝတ္ရည္ရဲ႕
လက္တစ္ဖက္ကို ဗ်ဴဟာအလ်င္
အျမန္ျပန္ဆြဲရင္း ခါးသိမ္သိမ္ေလး
ထက္မွာလည္းသူ႕လက္ေတြနဲ႔ကိုင္
ထားမိသလိုျဖစ္သြားသည္။
နီးကပ္ေနတဲ့ အေနထားမွာ
ဗ်ဴဟာကို ေမာ္ၾကည့္လာတဲ့
ေကာင္မေလးက တခဏအၾကာသူ႕
လက္ထဲကေန ႐ုန္းထြက္လိုက္လ်က္။ ဗ်ဴဟာကေတာ့တခဏနီးကပ္သြားတဲ့
အေျခအေနမွာ ဝတ္ရည္ မ်က္ႏွာ
ေလးကေန အၾကည့္မလႊဲႏိုင္ေတာ့။
" ဂါဝန္ ေအာက္ေျခနဲ႔ေဒါက္ကၿငိၿပီး
လဲမလိုျဖစ္သြားတာ နင္ဆြဲထားလိုက္
လို႔ေတာ္ပါေသးတယ္"
"ရရဲ႕လား"
"အင္းရတယ္ နင္ခုနကဘာေျပာဖို႔လဲ ဗ်ဴဟာ ေျပာေလ"
ေကာင္မေလး မ်က္ႏွာကို ရင္ခုန္စြာနဲ႔
ဗ်ဴဟာေငးလ်က္။
လွတာျမင္တိုင္း ႀကိဳက္တတ္တဲ့အ
ထဲေငးတတ္တဲ့အထဲမွာေတာင္ ဗ်ဴဟာ
ပိုင္မပါ။ အေမစၿပီး မိတ္ဆက္ေပးထဲ
က သူေဌးသမီးဆိုေတာ့သူျမင္ဖူးတဲ့
သူေတြအတိုင္းပဲ ထင္ခဲ့တာ။
ဝတ္ရည္ကေတာ့ ထူးထူးျခားျခားကို
သူ႕စိတ္ကို ဘာလုပ္ယူျခင္းမွမ႐ွိပဲအ
႐ိုး႐ွင္းဆုံးဆြဲယူလိုက္ႏိုင္တဲ့ ပထမဆုံး
မိန္းကေလးပဲ။
"ဝတ္ရည္ ငါမင္းကို"
"ဝင့္"
ဗ်ဴဟာစကားမဆုံးခင္ သူတို႔ႏွစ္ေယာက္အနားကို အေမွာင္က်ေနတဲ့ျမက္ခင္း
ျပင္ဆီကေနတလွမ္းခ်င္းေလွ်ာက္
လာေနတဲ့ဆန္းဆက္။
ဗ်ဴဟာမ်က္ႏွာကတည္တင္းသြားေသာ္လည္းဝတ္ရည္ကေတာ့ အျပဳံးေတြျဖစ္လာၿပီး ကိုယ္တိုင္မသိလိုက္ခင္မွာပဲ
"ဆန္း"
တိုးဖြဖြဝတ္ရည္ရဲ႕ေခၚသံ။သူတို႔
အနားကိုေရာက္လာတဲ့ ဆန္းဆက္က
ယွဥ္တြဲ ကာဝတ္ရည္ေဘးမွာရပ္လ်က္။
" ဒီမွာဘာလုပ္ေနတာလဲ"
"ခန္းမထဲမွာ စိတ္အိုက္လို႔ နင္ေျပာ
ေတာ့မလာေတာ့ဘူးဆို"
" ကိုယ္စလိုက္တာ ယုံတာပဲလား ဒီလို
ေန႔မ်ိဳးကို မလာစရာလားအတူတူျပန္
ဖို႔ေစာင့္ေနတာ ဝင့္ကိုအံ့ၾသသြားေစ
ခ်င္လို႔။ ဓါတ္ပုံျမင္လိုက္ထဲက
ေတြ႕ခ်င္ေနတာ အျပင္မွာပိုလွေနတယ္"
စကားအသြားအလာက ဘာေတြလဲ။
ဗ်ဴဟာတစ္ေယာက္လုံး ေဘးမွာ႐ွိ
ေနတာ ဒီေကာင္ဘာအခ်ိဳးလဲ။
ဝတ္ရည္ကလည္း ဆန္းဆက္ခ်ီးက်ဴး
တာကိုေက်နပ္ေနဟန္ႏွင့္
သူတေယာက္တည္းက ေဘးထြက္
ေနသလိုပင္။
ဆန္းဆက္ကို ေတြ႕လိုက္ရတာ အရမ္း
ေပ်ာ္ေနပုံရတဲ့ဝတ္ရည္ကို ဗ်ဴဟာ
လက္မခံႏိုင္စြာနဲ႔ပဲ သူ႕အနားကိုေခၚဖို႔
အလုပ္ ဝတ္ရည္ရဲ႕ ပုခုံးကိုသူ႕လက္နဲ႔အေနာက္ကေနဖက္ကာ ကိုင္လိုက္တဲ့ဆန္းဆက္။
"ဝင့္ကို ေခၚလာေပးတာ ေက်းဇူးပဲ
သူ႕အိမ္ကို ငါပဲျပန္ပို႔လိုက္မယ္"
ဝတ္ရည္ရဲ႕ ပခုံးကိုသိုင္းဖက္လ်က္
သူ႕အနားကိုျပန္ဆြဲလိုက္သည့္ ဆန္းဆက္ေၾကာင့္ ဗ်ဴဟာ အံ့ၾသမွင္သက္လ်က္ ေဒါသစိတ္ကေထာင္းခနဲ။
"ဆန္း ခဏေလး"
ဝတ္ရည္ သူ႕ပုခုံးေပၚက ဆန္းဆက္ရဲ႕
လက္ကိုဖယ္ဖို႔လုပ္ေပမဲ့ ဆန္းဆက္
က မလႊတ္ေပး။
" မင္းဘာလုပ္တာလဲ ဆန္းဆက္မႉး"
" ျမင္တဲ့အတိုင္းပဲေလ"
ဆန္းဆက္ ဝတ္ရည္ကို ေစာင္းငဲ့ၾကည့္လ်က္။
" ငါ့ေကာင္မေလးဆီကိုလာတာ"
ဝတ္ရည္ကိုေငးၾကည့္ၿပီး ဆန္းဆက္ေျပာခ်ိန္ ဗ်ဴဟာ ရင္ထဲဗေလာင္ဆူသြားလ်က္ ဦးေႏွာက္က ဗလာျဖစ္သြားသလိုပင္။
ဒီေကာင္ အခု ဘာမ်ိဳးမစစ္စကားေတြ
ေျပာေနတာလဲ။
"ဆန္း နင္ခဏေလးေနအုံးငါေျပာမယ္ ဗ်ဴဟာ ငါေျပာျပမယ္ "
" ဝတ္ရည္နဲ႔ငါတြဲေနၿပီ။ မင္းကို
ေျပာျပမယ့္ေန႔ကိုေစာင့္ေနတာ
တိုက္တိုက္ဆိုင္ဆိုင္ ငါနဲ႔ဝတ္ရည္နဲ႔
တြဲေနတာဒီေန႔က သုံးလျပည့္
တဲ့ေန႔ပဲ"
"ဆန္း"
" သူငယ္ခ်င္းေတြေရာ မိဘေတြေရာ
က ငါတို႔ ခ်စ္သူေတြျဖစ္ေနတာ
ဘယ္သူမွမသိေသးဘူး မင္းကိုအ
ရင္အသိေပး ေျပာျပသင့္တယ္ထင္လို႔"
"ဗ်ဴဟာ နင္မလုပ္နဲ႔"
ဆန္းဆက္ကို တင္းမာစြာၾကည့္လ်က္
ေ႐ွ႕ကို ေျခတစ္လွမ္းပဲတိုးရေသးသည္
ဆန္းဆက္အေ႐ွ႕မွာပိတ္ရပ္ၿပီးကာ
လိုက္တဲ့ ဝတ္ရည္။
ဟား။ဒီေကာင္ကဘာလဲ။အခု
ဘာေတြျဖစ္ကုန္တာလဲ။
ေဒါသထြက္တယ္ဆိုတာထက္ မ်က္ႏွာကိုျဖတ္႐ိုက္ခံရတာထက္ဆိုးတဲ့ခံျပင္းမႈ။
ဝတ္ရည္ အေနာက္က ဝတ္ရည္မျမင္တဲ့ဆန္းဆက္ရဲ႕မ်က္ႏွာကလည္း
သူ႕ရဲ႕ေဒါသကိုဆတိုးေစသည္။
" ဝတ္ရည္နဲ႔ငါ ဘယ္လိုပတ္သက္
ေနလဲဆိုတာ မင္းသိတယ္ ဆန္း
ဆက္မႉး "
" မင္းငါ့ကိုႀကိဳက္သလို ေဒါသထြက္
ခြင့္႐ွိတယ္ ငါ့မ်က္ႏွာကို ထိုးခ်င္
ရင္လည္းရတယ္။မင္းေျပာသလိုပဲ
ငါသိလို႔ ဝင့္အတြက္ေတြးၿပီးေ႐ွ႕မ
ဆက္ဖို႔လုပ္ခဲ့ပါေသးတယ္။ငါကသာ
ေ႐ွ႕တိုးခဲ့တဲ့သူမို႔ ဝင့္ကိုမင္းဘာစိတ္
မွမ႐ွိေစခ်င္ဘူး။အ႐ွင္းဆုံးေျပာရ
ရင္ဝင့္ကို မင္းရဲ႕ လႊမ္းမိုးမႈနဲ႔ မေနေစခ်င္ေတာ့ဘူး။ဝင့္က မင္းနဲ႔ဘာမွမပတ္
သက္တာမလို႔ငါတို႔ ႏွစ္ေယာက္ရဲ႕ခိုင္ၿမဲတဲ့ဆက္ဆံေရးကို အားလုံးေ႐ွ႕ တရားဝင္ထုတ္ျပဖို႔အခ်ိန္တန္ၿပီထင္တယ္"
"ဗ်ဴဟာ ငါ ေတာင္းပန္တယ္ ငါ
ေတာင္းပန္ပါတယ္ "
ဝတ္ရည္ ဆန္းဆက္ရဲ႕ အေ႐ွ႕မွာ
အျပည့္အဝကာထားလ်က္ဆန္းဆက္
ကိုလွည့္ၾကည့္ၿပီး။
"ဆန္း နင္ဆက္မေျပာနဲ႔ေတာ့ receptionဘက္မွာသြားေစာင့္ေန
ငါခဏေနရင္လာခဲ့မယ္"
"ဝင့္"
"ငါေျပာတာနားေထာင္ ငါေျပာျပလိုက္မယ္
နင္အခုသြားေတာ့"
ဗ်ဴဟာကိုျပန္ၾကည့္လ်က္ ဆန္းဆက္က ဝတ္ရည္နဲ႔ဗ်ဴဟာအတြက္ အခ်ိန္
ေပးသည့္သေဘာႏွင့္။
" သိပ္မၾကာေစနဲ႔ ကိုယ္ေစာင့္ေနမယ္"
ဆန္းဆက္ထြက္သြားၿပီးခပ္ လွမ္း
လွမ္းကို ေရာက္မွ ဝတ္ရည္တုန္
လႈပ္ေနမိသည္ကိုထိန္းၿပီး ဗ်ဴဟာ
အေ႐ွ႕ကို ျပန္လွည့္လိုက္သည္။
မထင္မွတ္ထားတဲ့အခ်ိန္မွာ ဆန္း
ဆက္က ဖြင့္ေျပာလိုက္တာမလို႔ ျပင္
ဆင္ခ်ိန္မရလိုက္ဘူး။ သူတို႔ဘက္က
အျပစ္လုပ္ထားတာမ႐ွိေပမယ့္
တကယ္လက္ေတြ႕က်ေတာ့ သူငယ္ခ်င္း
သံေယာဇဥ္ေၾကာင့္ဗ်ဴဟာကို မ်ားစြာ
အားနာေနမိသည္။
ဗ်ဴဟာကိုခံရခက္ေစ ခ်င္တာမ်ိဳး
ေက်ာခ်င္တာမ်ိဳး ဝတ္ရည္မွာ
လုံးဝမ႐ွိခဲ့ပါ ဆန္းဆက္နဲ႔
ေျပလည္ၿပီး အဆင္ေျပေျပပဲျဖစ္
ေစခ်င္ခဲ့သည္၊။
"ဗ်ဴဟာ"
သူ႕လက္ေကာက္ဝတ္ကို လက္ႏွစ္ဖက္နဲ႔ဆုပ္ကိုင္လိုက္တဲ့ ဝတ္ရည္ကို ဗ်ဴဟာ ရင္ဘတ္ထဲခံစားရခက္လြန္းစြာနဲ႔
" ငါေျပာျပမယ္ ငါ့ကို႐ွင္းျပခြင့္ေပးပါဦး"
သူ႕ကိုဝတ္ရည္ အလြန္အားနာေန
သည့္ပုံကပင္ ။
" အရင္ဆုံးေျပာရမယ္ဆိုရင္ မိဘေတြေၾကာင့္မဟုတ္ဘူး ငါကိုယ္တိုင္ကနင့္ကို သူငယ္ခ်င္းသံေယာဇဥ္႐ွိလို႔ နင္ကငါ့အတြက္ အေရးပါတဲ့သူျဖစ္ေနလို႔"
ဝတ္ရည္ရဲ႕ လက္ကို ဗ်ဴဟာ
ခပ္ၾကမ္းၾကမ္းျဖဳတ္ခ်လိုက္သည္။
"မေျပာနဲ႔ေတာ့"
"နင္လည္းငါ့ကို သံေယာဇဥ္႐ွိ႐ုံပဲ
ဗ်ဴဟာ ငါေသခ်ာသိတာေပါ့။
ငါက နင္လိုခ်င္တဲ့ စံႏႈန္းေတြ႐ွိေနတဲ့ မိန္းကေလးတေယာက္ျဖစ္ေန႐ုံ
နင္ကအျမင့္မွာ ႐ွိေနတဲ့သူျဖစ္သလို
နင့္ေဘးမွာငါ့ထက္သာတဲ့ မိန္းကေလး
ေတြႀကီးပဲ အဲဒါေၾကာင့္
ငါကနင္နဲ႔မထိုက္တန္႐ုံပဲ။ငါ့မိဘေတြ
ေၾကာင့္နင္နဲ႔ အလိုက္အထိုက္ေန
ခဲ့ရတာဗ်ဴဟာ အဲဒီအတြက္ ငါတကယ္ေတာင္းပန္ပါတယ္"
ႏႈတ္ကေန
ဖြင့္မေျပာရေသးတာကလြဲ
ဒီေလာက္အထိ သူ႕ဘက္ကတန္ဖိုးထားေၾကာင္း လိုအပ္ေၾကာင္းေတြပဲ ျပခဲ့တာေတာင္မွလိုခ်င္႐ုံေလးပဲတဲ့လား။
ဘယ္ေနရာကေနစၿပီးမွားခဲ့လဲ။
မင္းမို႔လို႔မင္းျဖစ္ေနလို႔ တေယာက္တည္းထားခဲ့ရတာ စိတ္မခ်လို႔ ျပည္ပမွာ ပညာသင္ခြင့္ကိုေတာင္မွလက္လႊတ္ခံၿပီး ျပန္လာခဲ့တယ္ဆိုတာေတာင္မင္းသိပါ့မလား။
"နင္ငါ့ကို မေက်မနပ္ ျဖစ္ပိုင္ခြင့္႐ွိတယ္။ ေက်းဇူးျပဳၿပီး ဆန္းဆက္ကိုေတာ့ ဘာ အျပစ္မွမယူပါနဲ႔ငါ့ေၾကာင့္နဲ႔ပဲ ဆန္း
ဆက္က နင့္ကိုအရမ္းအားနာေနခဲ့ရတာ
မထင္မွတ္ပဲနဲ႔ငါတို႔နင့္အေပၚမွာ
အျပစ္လုပ္ထားမိသလိုျဖစ္ေနခဲ့တာမို႔
ဒီ အတြက္ေၾကာင့္နဲ႔ ငါနင့္ကိုမဆုံး႐ႈံးခ်င္ဘူးနင္ကငါ့အတြက္အေရးပါတဲ့သူတစ္ေယာက္ပါ ဗ်ဴဟာငါတစ္ကယ္
ေတာင္းပန္တယ္"
" ဆက္မေျပာနဲ႔ေတာ့"
ဝတ္ရည္ရဲ႕မ်က္ႏွာကို ဗ်ဴဟာ နာက်င္စြာေငးၾကည့္လ်က္။
" ဘာမွဆက္ေျပာစရာ မလိုေတာ့ဘူး"
ဝတ္ရည္ကို
ေက်ာခိုင္းၿပီး ထြက္လာရတဲ့အခ်ိန္
ဗ်ဴဟာ ေျခလွမ္းေတြက ေလးလံလ်က္ ရင္ဘတ္တစ္ခုလုံးကို နင္းေျခခံလိုက္
ရသလိုပင္။
အခုအခ်ိန္မွာ ဆန္းဆက္မႉးကို
ေဒါသထြက္ဖို႔ထက္ ဝတ္ရည္ဦးဆိုတဲ့ ေကာင္မေလးေၾကာင့္ ပထမဆုံး
အႀကိမ္သူ အခ်စ္ေၾကာင့္ နာက်င္ျခင္း
ကို ခံစားေနရၿပီ။တစ္ျခားအရာေတြထက္ ဝတ္ရည္ သူခ်စ္တာေလးတစ္ခုကိုမသိေလာက္ေအာင္ေတာင္မွ သူကဝတ္ရည္အေပၚ အထက္စီးဆန္ၿပီးဆက္ဆံခဲ့တာလား။ ဝတ္ရည္ကပဲ မျမင္ႏိုင္ခဲ့တာလား။
ေျခလွမ္းက်ဲေတြနဲ႔ အျမန္ေလွ်ာက္
လာခဲ့တဲ့သူကိုျမင္ေတာ့ ေန
အေဆာက္အဦး အေကြ႕ကအကြယ္မွာ
ရပ္ေနရာကေန သြားဖို႔ လုပ္ေပမယ့္မမွီ ေတာ့။
ဗ်ဴဟာပိုင္နဲ႔သူ အေဆာက္ဦး
အကြယ္မွာ ထိပ္တိုက္ေတြ႕၍
အၾကည့္ခ်င္းဆုံသြားေတာ့ ေနရခက္စြာနဲ႔။
"ဟို ငါ ငါ့သူငယ္ခ်င္းကဓါတ္ပုံ
႐ိုက္ေပးဖို႔ ေခၚလို႔တံခါးေပါက္ မွား
ထြက္ခဲ့မိတာ"
တည္တင္းေနတဲ့ မ်က္နာနဲ႔ ေနရဲ႕ ပုခုံးတစ္ဖက္ကို ခပ္ၾကမ္းၾကမ္း တိုက္
ထည့္သြားတဲ့ ဗ်ဴဟာပိုင္ ။ေဒါသ
ထြက္ေနပုံရတဲ့ ဗ်ဴဟာပိုင္က ကား
ပါကင္စီေလွ်ာက္သြားလ်က္ ဟိုတယ္
ထဲကေန ကားေမာင္းထြက္သြားတာ
အေဝးကေနျမင္လိုက္ရတဲ့အခ်ိန္။
သူေတာ့ ကံဆိုးတာပဲ။ အင္ၾကင္း
တို႔လွမ္းေခၚလို႔ ဟိုတယ္ထဲျပန္ဝင္
လာတာ ေနရာကက်ယ္ေတာ့
အေပါက္မွားထြက္ခဲ့ၿပီး ေရကူးကန္
ဘက္ကို ေနရာမွားလာခဲ့မိသည္။
ျဖစ္စဥ္ အစအဆုံးကို
တမင္ရပ္ၿပီးနားေထာင္ေနတာ
မဟုတ္ပဲ ဒီတစ္ခါေတာ့ သူတစ္ကယ္
ပထမဆုံးအေနနဲ႔ ဗ်ဴဟာပိုင္ကို
အားနာမိသြားသည္။
************