Doctor Husband (Complete)
By khatKhat396
1.6M 63.2K 1.8K
စိုင်းတည်တံ့ဉီး + နှိုင်းမြတ်ဘုန်း More
intro💙
အပိုင်း(1)U/Z
အပိုင်း(2)U/Z
အပိုင်း(3)U/Z
အပိုင်း(4)U/Z
အပိုင်း(5)U/Z
အပိုင်း(6)U/Z
အပိုင်း(7)U/Z
အပိုင်း(8)U/Z
အပိုင်း(9)U/Z
အပိုင်း(10)U/Z
အပိုင်း(11)U/Z
အပိုင်း(12)U/Z
အပိုင်း(13)U/Z
အပိုင်း( 14 ) U / Z
အပိုင်း( 15)U/Z
အပိုင်း(16)U/Z
အပိုင်း(17)U/Z
အပိုင်း(18)U/Z
အပိုင်း(19)U/Z
အပိုင်း(20)U/Z
အပိုင်း(21)U/Z
အပိုင်း(22)U/Z
အပိုင်း(23)U/Z
အပိုင်း(24)U/Z
အပိုင်း(26)U/Z
အပိုင်း(27)U/Z
အပိုင်း(28)U/Z
အပိုင်း(29)U/Z
အပိုင်း(30)U/Z
အပိုင်း( 31)U/Z
အပိုင်း(32) U/Z (End )
💙
Extra (1)U/Z
Hapi 💙
Extra (2) U/Z
Book 💙
💙💙
အပိုင်း(25)U/Z
36.6K 1.4K 21
By khatKhat396
"တောင်းပန်ပါတယ် ..မာမီ...သားပြန်လိုက်မှာမဟုတ်ပါဘူး...ပြန်ကြပါလို့ကျွန်တော်ကတောင်းဆိုပါတယ်....စိုင်းတည်တံ့ဉီး မပါဘူးဆို ...အချိန်မရွေး အိမ်ကို ဝင်ထွက်လို့ရပါတယ်...သူပါတယ်ဆို ကျွန်တော်မကြိုဆိုချင်ဘူး..."
"နှိုင်း..."
"သား..မင်းငြိမ်ငြိမ်နေစမ်း..."
မနေ့ညကအကောင်းကြီးကနေ ဘယ်လိုစကားများကြတယ် မြတ် မသိပါ။ သားနှိုင်းက အောက်ကိုဆင်းလာ၍ ထွက်သွားဖို့လုပ်တာကြောင့် တားရသည်။ မျက်လုံးတွေကလည်း ငိုထားတယ်ဆိုတာ သိသိသာသာပင်ဖြစ်သည်။
" သားနှိုင်း..ဘယ်လဲ မိုးချုပ်နေပြီ..."
"ကျွန်တော်..အိမ်ကိုပြန်မလို့ပါ..."
"ဘယ်အိမ်လဲ သား.."
"ကျွန်တော်ပိုင်တဲ့အိမ်ကိုပါ ....မာမီကျွန်တော့်ကိုချစ်တယ်ဆို မတားပါနဲ့...သွားခွင့်ပြုပါ....ထပ်ပြီးတော့သည်းမခံနိုင်တော့ဘူး မာမီရယ်..မာမီ့သားငယ်က ဒီတစ်ခါ လွန်တယ်.."
"ဘာဖြစ်တာလဲ သားရယ်..မာမီသွားဆူပေးပါ့မယ်..ခုကလဲ မိုးချုပ်နေပြီ..."
"မိုးချုပ်လဲ သွားပါရစေ
မာမီ...ကျွန်တော်.."
"အေးပါသားရယ်..မင်းမင်းကိုတော့လိုက်ပို့ခိုင်းခွင့်ပြုပါ.."
"ဟုတ်ကဲ့..."
ဒီလိုနဲ့ သားနှိုင်းကို မင်းမင်းနှင့်လိုက်ပို့ခိုင်းရသည်။ အပြန်ကျလည်း မင်းမင်းတစ်ယောက်ထဲဖြစ်မှာဆိုးတာကြောင့် ညိုသွယ့်ကို
ထည့်လိုက်ရသည်။ မနက်ကျတော့ စိုင်းတည်တံ့ဉီးတို့က စောစောစီးစီး နှိုင်းကိုပြန်လိုက်ခေါ်ပေးပါဆိုတာကြောင့် အစ်ကိုဖြစ်သူကို ခေါ်၍ နှိုင်းလေးအိမ်ကိုရောက်လာရသည်။ အခုတော့ သားနှိုင်းက ပြတ်ပြတ်သားသားဖြစ်နေသည်။
"သားနှိုင်းရယ်...စိတ်ကိုအေးဆေး ထားပြီး ...စဉ်းစားပါဦး ဖေဖေတို့လူကြီးတွေဝင်ပါစရာတောင်မလိုဘူး ..မင်းတို့နှစ်ယောက်စလုံးအသက်အရွယ်ရပြီးသားသူတွေကြီးပဲလေ . ...သားယောက်ျားအကြောင်းလည်း သားအသိဆုံးပါ..ဖေဖေကတော့ဒီလောက်ပဲ
ပြောမယ်..."(တိမ်ယံဖေဖေ)
"ဟုတ်....ကျွန်တော်အခုချိန်မှာတော့ပြန်လိုက်မှာလည်း မဟုတ်ဘူး ...သူကိုလည်း ပတ်သက်မှာမဟုတ်ဘူး...ဖေဖေတို့..မာမီတို့ကိုထောက်ထားပြီး..ကွာရှင်းဖို့ကိစ္စကိုကျွန်တော်ပြန်တွေးလိုက်ပါ့မယ်..."
နှိုင်းသက်ပြင်းချ၍ ဖေဖေနှင့်မာမီကိုပြောလိုက်သည်။ မနေ့ညက မာမီ့စကားအရ မင်းမင်းတို့က အိမ်ထိလိုက်ပို့သည်။ အိမ်ကိုရောက်တော့ နှိုင်းမျက်ရည်တွေမထိန်းနိုင်ပဲ
အကြာကြီးငိုခဲ့ရသည်။ ညကိုဘယ်အချိန်အိပ်​ပျော်သွားတယ်ကိုမသိရ ငိုနေလျှက် အိပ်ပျော်သွားတာဖြစ်သည်။
နှိုင်းမနက်ကျ ခေါင်းတွေလည်း ကိုက်ခဲနေ၏။ နှိုင်းနိုးပြီး မကြာပါဘူး တည်တံ့၊ မာမီ၊ ဖေဖေတို့ရောက်လာကြသည်။ လူကြီးတွေပါတာကြောင့် နှိုင်းစကားလက်ခံပြောလိုက်သည်။ မျက်နှာငယ်ဖြင့်
ကြည့်နေတဲ့သူကို မမြင်ချင်ယောင်ဆောင်၍ မာမီနှင့်ဖေဖေကိုတော့ သေချာပြောလိုက်သည်။
" ဖေဖေကတော့ အဲ့တာပဲပြောချင်တယ်..ကိုယ့်တူအကြောင်းကိုသိနေလို့ခွင့်လွှတ်လိုက်ပါလို့မပြောချင်ဘူး..."
"မာမီကတော့သားနှိုင်းကိုတောင်းပန်ပါတယ်..."
"မာမီနဲ့မဆိုင်ပါဘူး...သားတို့
ပြသာနာပါ ..မာမီ့စိတ်ထဲဘယ်လိုမှမထားပါနဲ့...သူနဲ့မပတ်သက်တော့ဘူးဆိုပေမဲ့ သားက မာမီ့ကိုတော့အရမ်းချစ်တာကြောင့်ပတ်သက်မှာပါ..."
"ဟုတ်ပါပြီ...သားတို့ပြသာနာ
သားတို့ရှင်းကြပါ ...မာမီတို့ပြန်တော့မယ်နော်..."
"ဟုတ်ကဲ့ပါ .."
မာမီနဲ့ဖေဖေပြန်သွားကြသည်။ ဒါကိုခုံပေါ်က မထပဲ ထိုင်နေသေးတဲ့သူကို နှိုင်းကြည့်လိုက်သည်။ မျက်နှာက သနားကမားနဲ့ နည်းနည်းမှ သနားစရာမကောင်းပါ ။ ကြည့်လေကြည့်လေ တုတ်နဲ့
ရိုက်ချင်စရာကောင်းလှသည်။
"မင်းပြန်လို့ရပြီ .."
တည်တံ့ကို စိမ်းစိမ်းကားကားဖြင့် လက်ညိုးကြီးထိုး၍ ပြန်လို့ရပြီဟုပြောလာသောနှိုင်း​ကြောင့် ရင်ထဲမှာနာကျင်သွားရသည်။ နှိုင်းကို ရအောင်ပြန်ခေါ်သွားမှာဟု အိမ်မှာထဲက ဆုံးဖြတ်ချက်ချထားတာဖြစ်သည်။ အဲ့တာကြောင့် မာမီနှင့် အန်ကယ်ပြန်သွားတဲ့ထိထိုင်စောင့်နေတာဖြစ်သည်။
"ဟင့်အင်းမပြန်ဘူး...နှိုင်းပါမှပြန် ..."
"မင်းအရှက်မရှိဘူးလား.. ဒါက
မင်းရွံ့ပါတယ်ဆိုတဲ့ကောင်ရဲ့အိမ်..သွားထွက်သွား ခုချက်ချင်း
ငါ့အိမ်ထဲကထွက်သွား.."
"နှိုင်းပါမှ..သွားမှာ..."
"မင်းကိုတစ်ခါထဲအပြတ်ပြောလိုက်မယ်...မင်းနဲ့ငါဇာတ်လမ်းကဒီလောက်ပဲ..ထပ်လာမပတ်သက်နဲ့ ..."
"အဲ့ဒီလိုမပြောပါနဲ့ကျွန်တော်တောင်းပန်ပါတယ်...နှိုင်းဗိုက်ထဲကကလေးကိုကြည့်ပါဦး..."
"ငါ့ကလေးလဲ ငါ့ဘာသာမွေးမယ်...အေး..မကောင်းတဲ့ကောင်ရဲ့သွေးပါလာတယ်ဆို....ငါကိုယ်တိုင်ဖောက်ထုတ်ပစ်မယ်...မင်းနဲ့တူတယ်ဆိုရင် ရိုင်းစိုင်းနေမှာ"
"နှိုင်း....ကျွန်တော်ဘယ်လိုတောင်းပန်ရမလဲသာပြော...ခင်ဗျားပြောသလိုအကုန်ဖြစ်စေရမယ်..."
"ဘယ်လိုမှမတောင်းပန်နဲ့...မင်းမျက်နှာကိုမမြင်ချင်ဘူးထွက်သွား...နောက်တစ်ခါငါ့အိမ်ထဲကိုဝင်မလာခဲ့နဲ့..."
"ကျွန်တော့်မျက်နှာကိုမမြင်ချင်ရလောက်အောင်...မုန်းသွားတာလား..."
"မုန်းတယ်အဲ့ထပ်ပိုမုန်းတယ်မင်းကို...ငါဗိုက်ထဲလဲမင်းကလေးကိုလွယ်ထားရလို့..မင်းထပ်ပီးပတ်သက်လာမှာကိုကြောက်လို့ဒီကလေးတောင် ...ဖျက်ဆီးပစ်ချင်တာ.."
" နှိုင်း...ကလေးကိုတော့အဲ့လိုမလုပ်ပါနဲ့...ကျွန်တော်ခင်ဗျားကိုရိုက်လို့စိတ်တိုတာလား...အဲ့တာဆိုပြန်ရိုက်လိုက်မကျေမနပ်မချင်း..."
"မင်းငါ့ကိုအဲ့တစ်ကြိမ်ထဲရိုက်ဖူးတာလား...မင်းရိုက်သမျှ ငြိမ်ခံလာတဲ့ကောင်က ရိုက်လို့စိတ်တိုသွားတယ်ထင်နေတာလား...မင်းကိုစိတ်နာသွားတာသိရဲ့လား..စိတ်နာတာကွ...စိတ်တိုတာမဟုတ်ဘူး...ပြန်ပါတော့တောင်းပန်ပါတယ်..."
"မငိုပါနဲ့...ကျွန်တော်ပြန်လိုက်မယ်ဒီနေ့တော့.."
နှိုင်းက တည်တံ့ကို တအားစိတ်ပျက်သွားတာထင်ပါသည်။ သူ့ဗိုက်ထဲက တည်တံ့သွေးသားကို ဖျက်ဆီးပစ်ချင်တာတဲ့ ဟင့်အင်းတည်တံ့လက်မခံနိုင်ဘူး ကလေးကအပြစ်မရှိဘူးတည်တံ့မှာပဲအပြစ်ရှိတာပါ။ စိတ်နာတာလို့ငို၍ ပြောနေတဲ့ နှိုင်းကိုကြည့်၍ ရင်တွေနာရသည်။ ပြန်လာခဲ့မယ် ဒီနေ့တော့ပြန်လိုက်ပါ့မယ် ထပ်ပြီးငိုနေမှာကိုမလိုလာဘူး။
တည်တံ့ပြန်သွားတာသေချာမှ
နှိုင်းထိုင်၍ ငိုလိုက်သည်။ ဗိုက်ကိုအသာပွတ်၍ တောင်းပန်စကားဆိုရသည်။ စိတ်တိုပြီးတော့ တည်တံ့ကိုပြောလိုက်တာ အပြစ်မရှိတဲ့ကလေးကိုဖျက်ဆီးမယ်ဆိုပီးတောင်းပန်ပါတယ် ကလေးငယ်ရယ် ဖေဖေ့ကိုခွင့်လွတ်ပါ။ ကလေးငယ်ကို ဖေဖေက ဘယ်လိုနည်းနဲ့မှ အဲ့လိုမလုပ်ပါဘူး ကလေးငယ် Daddy ကို စိတ်တိုလို့ပြောလိုက်တာမို့ ဝမ်းမနည်းပါနဲ့နော် အများကြီးချစ်တယ်သားလေးလားသမီလေးလား Daddy ကတအားဆိုးတယ်မလား။
ပြတ်သားဖို့ဆုံးဖြတ်ထားသော်လည်း မျက်နှာငယ်လေးနဲ့ သူကိုကြည့်၍ နှိုင်းမှာတရားဝင်ကွဲလိုက်ဖို့ကိစ္စပြန်တွေးဖို့စဉ်းစားလိုက်သည်။ ပြန်လိုက်ဖို့အထိလဲ သူ့ကို
ခွင့်မလွှတ်နိုင်ပါ စော်ကားချင်တိုင်းစော်ကားရအောင် နှိုင်းကသူ့ထပ်အငယ်မဟုတ်ပါ။ ရိုက်လို့စိတ်ဆိုးတာလားဆိုပီး မေးလာတဲ့စကားကို ဒီထက်ပိုရှင်းပြချင်ပါသေးသည်။ နှိုင်းကိုရိုက်လို့ စိတ်ဆိုးတာမဟုတ်ရပါ အသားနာတာထက် ရင်ထဲက ဘယ်လိုနာရတယ်ဆိုတာကို သိစေချင်သည်။ ဒီထက်ခွင့်လွှတ်ဖို့လည်း နှိုင်းမတွေးထားပါ တွေးလည်းတွေးမှာမဟုတ်ဘူး ဗိုက်ထဲကကလေးလည်းရှိသေးတာကြောင့် ဒီထပ်မပြတ်သားသေးတာဖြစ်သည်။
ကားကိုကြမ်းတမ်းစွာမောင်းလာ၍ အိမ်ကိုပြန်လာလိုက်သည်။ အိမ်ကိုရောက်တော့အခန်းထဲကိုပြေးတက်လာလိုက်၏။ ကုတင်ပေါ်တွင် မှောက်၍ ခေါင်းအုံးကို မျက်နှာကပ်ခါ ငိုတော့သည်။ နှိုင်းကတည်တံ့ဆီကိုပြန်မလာတော့ဘူးလို့တွေးလိုက်တိုင်း ရင်ထဲမှာဆစ်ကနဲ
နာရသည်။ ဘယ်လိုတောင်းပန်မှ နှိုင်းကစိတ်ဆိုးပြေမှာလဲ ဒီအတိုင်းလွယ်လွယ်နဲ့တော့မကွဲပေးနိုင်ပါ။ နှိုင်းကပြန်စဉ်းစားမယ်လို့ပြောသေးတယ်မဟုတ်လား နှိုင်းလည်း တည်တံ့ကို မပြတ်နိုင်သေးဘူးဆိုတာသေချာသည်။ ကြိုးစားရမည်ဒီအိမ်ကိုနှိုင်းပြန်လာဖို့။
" ငါတို့ဝင်လာခဲ့မယ်နော်..."
"ဝင်ခဲ့..."
တည်တံ့အတွေးကမ္ဘာထဲရောက်နေတုန်း ခန့်ပိုင်နှင့်ဇွဲက အခန်းရှေ့တွင်ရောက်နေတာဖြစ်သည်။ တည်တံ့ဝင်ခဲ့ လို့ပြောလိုက်တော့ ဝင်လာကြ၍ ကုတင်ပေါ်တက်ထိုင်ကြသည်။
" ဘယ်လိုလဲ..."(ခန့်ပိုင်)
"အခြေအနေ..."( ဇွဲ)
"အဆင်မပြေဘူးအတည်ကြီးကောက်သွားတာဒီတစ်ခါ..."
"နည်းတောင်နည်းသေးတယ်..."( ခန့်ပိုင်)
"ဝမ်းသာတယ်..."(ဇွဲ)
"မင်းတို့သေချင်နေတာလား...ရင်ထဲမှာပန်းတွေပွင့်နေတာမဟုတ်ဘူး ဒူးရင်းသီးတွေသီးနေတာနော်.."
"မင်းဘာသာ ဘာသီးပဲသီးသီးကွာ...ငါကတော့အကိုနှိုင်းဘက်ကပဲ.မင်းလုပ်တာဟုတ်လို့လား...ဟိုကဗိုက်နဲ့ကိုတွန်းပစ်လိုက်တာလေစိတ်မတိုပဲနေမလား..."(ဇွဲ)
"ငါမှမသိတာသူကတွန်းပစ်ပြီးမှပြောတာလေ..."
"အဲ့ဒါကြောင့်ငါပြောတယ်..ရန်ဖြစ်တိုင်းလက်မပါနဲ့လို့..."( ခန့်ပိုင်)
"ခုတော့လက်ပါရတဲ့အကျိုးကျေးဇူးကြောင့် တစ်ခုလတ်ဖြစ်တော့မယ်မင်းတော့..."(ဇွဲ)
"လီးကိုတစ်ခုလတ်...ပါးစပ်ပုတ်ကြီးနဲ့ကွဲစရာလား.."
"မင်းကသာမကွဲတာ...ဟိုကအတည်ကြီးပြတ်မဲ့ပုံတဲ့မာမီကပြောနေတာ.."(ခန့်ပိုင်)
"အဲ့တာတော့အဲ့တာပေါ့ကွာ...သူစိတ်ဆိုးပြေအောင်လုပ်ရမှာပေါ့..."
"ဘာနေနေမင်းဘက်ကလွန်ထားတာတော့အမှန်တရားပဲ စိတ်ကလဲတစ်ဇွတ်ထိုးနိုင်တယ်တည်တံ့...
ဟိုကရှင်းပြတာကိုနားထောင်သင့်တာပေါ့..."(ခန့်ပိုင်)
"ငါလဲ မူးနေတာလေ...မူးနေတဲ့သူကဘာပြောပြောနားထောင်မှာတဲ့လား...သိချင်တာကိုမေးမှာပဲကွာ
အရင်ကတည်းကတစ်ဇွတ်ထိုးနိုင်တဲ့ငါ့စိတ်အကြောင်း မင်းလဲ သိနေတာပဲလေ."
" အေးလေခုတော့ဘာကောင်းလဲမင်းရဲ့တဇွတ်ထိုးစိတ်ကြောင့်...
အဲ့ဒါကြောင့်အကိုနှိုင်းကမူးနေလို့မရှင်းပြသေးဘူးပြောတာကို.."( ခန့်ပိုင်)
"မသိတော့ဘူးကွာ..ညစ်တာပဲသိတယ်...ဟိုတစ်ယောက်ကြောင့်ဖြစ်တာပြသာနာတွေအားလုံး.....လီးတဲ့ မှ ဂျိုမွှေသွားတာ.."
"အဲ့တာဟုတ်တယ် ..ဟိုတစ်ခါအဲ့ကြောင့်အမသစ္စာကတောင်ပြောနေတာ ..အဲ့တစ်ယောက်ကိုရှယ်ရွံ့တာတဲ့...ဒါကိုမင်းလည်းသိရဲ့သားနဲ့တည်တံ့ရာ မယုံသလိုနဲ့ဖောက်ပြန်တယ်ပြောတာကိုအကိုနှိုင်းလည်းမင်းကသူ့ကိုမယုံတော့ စိတ်ပျက်သွားမှာပေါ့ကွာ..."(ဇွဲ)
"ငါလည်းတွေ့တွေ့ချင်းလန့်သွားတာ...ငါချစ်တဲ့ငါ့ယောက်ျားလေးကတခြားမိန်းမနဲ့ဖောက်ပြန်နေတယ်လို့သိလိုက်ရတော့ရင်ထဲမှာကမ္ဘာပျက်နေတာကွ...ငါအစီအစဉ်တွေလည်းမင်းတို့သိသားပဲ
ခုတော့ပျက်စီးကုန်ပြီ .."
"ဘာပဲဖစ်ဖစ် အကိုနှိုင်းစိတ်ဆိုးပြေသွားမှလုပ်လဲ ရတာပဲကွာ...ကလေးလေးတောင်ပါဦးမယ်အဲ့အခါကျရင်..."(ဇွဲ)
"ခုတော့နှိုင်းကိုဘယ်လိုစိတ်ဆိုးပြေသွားအောင်လုပ်ရမလဲ.မင်းတို့ကူညီမှရမှာနော်..."
" အေးပါ..ငါပြောမယ်...ပြသာနာဖြစ်အောင်လုပ်တဲ့သူကိုအရင်ဆုံးရှင်းထုတ်ပစ်မှရမှာ "(ဇွဲ)
"အေး ဇွဲ မင်းပြောတာမှန်တယ်...ငါသူ့ကိုအရင်ရှင်းထုတ်ပစ်ရမယ်...ငါတို့ကြားကိုဝင်မွှေတဲ့သူကိုခွင့်မလွှတ်ဘူး....ဟိုတစ်ခါထပ်ပိုဆိုးစေရမယ်မနက်ဖြန်ကျရင် ဆေးရုံသွားမယ်..မင်းတို့လည်းလိုက်ခဲ့ရမှာ..."
"စိတ်ချမင်းသာရှေ့ကသွား
နောက်က ငါတို့လိုက်မယ်"(ခန့်ပိုင်)
"မင်းတို့အကောင်းဆုံးပဲ..."
"သိရင်ပြီးတာပဲ..."(ဇွဲ၊ ခန့်ပိုင်)
" ခုတော့သွားရအောင် ..."
"ဘယ်ကိုလဲ..."(ခန့်ပိုင်)
" ငရဲ..."
"လီး...ငရဲ.."(ဇွဲ)
"တိမ်တွေပေါ်ဒါဆို..."
" အင်းအဲ့ဒီအပေါ်တော့မဆိုးဘူး..."(ခန့်ပိုင်)
စိတ်ညစ်နေတဲ့ကြားကနည်းနည်းတော့ပြုံးမိသည်။ ဒီကောင်တွေမရှိရင် တည်တံ့အဆင်ပြေမှာမဟုတ်ပါ။ နှိုင်းမရှိတော့ ကျွန်တော်ဘဝကြီးက မစိုပြေဘူး အထီးကျန်လိုက်တာ နှိုင်းကိုလွမ်းလိုက်တာ မြန်မြန်စိတ်ဆိုးပြေပါတော့ နှိုင်းလေးရယ် ။
......................................................................
( 25ကဖတ်မရဘူးဆိုတာလေအဲ့နေ့က နည်းနည်းလေးရေးရသေးတာဆက်မရေးနိုင်လို့ရပ်လိုက်တာကို မှားတင်မိတာပါ အဆင်မပြေဖြစ်သွားတော့ တောင်းပန်းပါတယ် ဒီfic ပြီးရင် နောက်ထပ် " လူဆိုးမောင်နှင့် " fic လေးကိုလည်းကြိုးစားသွားမှာပါ အဲ့ကျရင်လည်းဖတ်ပေးကြမယ်မလားဟင် ဒီအခန်းကတော်တော်လေးပေါ့သွားပြီး တိုပါတယ် အကောင်းဆုံးမရေးနိုင်ခဲ့ဘူး..လက်ကသက်သာနေပါပြီး စိတ်ပူပြီးချစ်ပေးကြလို့ကျေးဇူးတင်ပါတယ် ongoing လိုက်ပေးတဲ့သူတွေနည်းနည်းများလာတာကြောင့်ပျော်နေရပါတယ်)
.......................................................................
"နှိုင်း..."
"ဘယ်အိမ်လဲ သား.."
မာမီ...ကျွန်တော်.."
"ဟုတ်ကဲ့..."
ပြောမယ်..."(တိမ်ယံဖေဖေ)
"ဟုတ်ကဲ့ပါ .."
"မင်းပြန်လို့ရပြီ .."
"ဟင့်အင်းမပြန်ဘူး...နှိုင်းပါမြှပန် ..."
ငါ့အိမ်ထဲကထွက်သွား.."
"နှိုင်းပါမှ..သွားမှာ..."
"ဝင်ခဲ့..."
" ဘယ်လိုလဲ..."(ခန့်ပိုင်)
"အခြေအနေ..."( ဇွဲ)
"ဝမ်းသာတယ်..."(ဇွဲ)
" ခုတော့သွားရအောင် ..."
"ဘယ်ကိုလဲ..."(ခန့်ပိုင်)
" ငရဲ..."
"လီး...ငရဲ.."(ဇွဲ)
"တိမ်တွေပေါ်ဒါဆို..."
......................................................................
.......................................................................
Continue Reading
You'll Also Like
9.4K 142 22
This is the translation of Umera's Peer-e-kamil to Roman urdu, hope you guys like it.... All credits to Umera Ahmed.....
11.6K 307 42
Just a few bits and pieces of poetry I've written over the years. |On-going|
1.7K 46 11
❝ I wonder, why do people love? It is quite pointless. Love feels like a rubber glove, clingy, uncomfortable and jointless.❞ #1 in poetry (2/6/2024...
19.8K 1.8K 73
Greetings dear readers! This is my first ever poems book. And um I wrote these all based on my personal experiences. As you may journey through chapt...