နက္ခနှင့်ပြည့်စုံသွေးအေးတိုက်ပွဲဆင်နွဲနေသည်မှာတစ်ပတ်တိတိရှိပြီဖြစ်သည်။ဒီအတောအတွင်းနက္ခ,ကပြည့်စုံရှေ့ပေါ်မလာသလိုတော်ဝင်အိပ်ဆောင်တွင်လည်းလာမအိပ်ချေ။
'လူကိုတောင်မရသေးဘူးသောက်ချိုးကပြောင်းချင်နေပြီ'
စိတ်အပြောင်းအလဲဖြစ်စေရန်ပြတင်းပေါက်မှအပြင်ကိုကြည့်လိုက်တော့လူတွေကသိသိသာသာကိုတိတ်ဆိတ်နေကာသူ့ကိုအလုပ်အကြွေးပြုနေကြသောနန်တွင်းသူနန်းတွင်းသားအနည်းငယ်သာရှိသည်။သူ့ကိုဂရုစိုက်တတ်လွန်းသောအထိန်းတော်ကြီးကိုပင်မတွေ့ရတာတစ်ပတ်လောက်ရှိနေပြီဖြစ်သည်။
'ဘာလဲနက္ခကငါ့ကိုစိတ်ပျက်သွားလို့ပယ်ထုတ်ချင်နေတာလား...မင်းလုပ်ရဲလား'
ပြည့်စုံမှာအတွေးများနှင့်ပူလောင်လာရသည်။
'သူ့ရဲ့အချစ်ဉီးပြန်လာလို့များလား...ငါ့ကိုဆိုးလွန်းလို့မချစ်တော့တာများလား
အချစ်အိမ်မွေးကောင်လေးတွေကသူနဲ့တစ်လံလောက်အကွာအဝေးမှာလှည့်ပတ်သွားလာနေကြကာသူ့ကိုအရိပ်တစ်ကြည့်ကြည့်ဖြစ်နေကြသည်။ထိုအကောင်လေးတွေသူ့ကိုတစ်ခုခုပြောချင်နေသည်ဟုခံစားမိပေမယ့်သူတို့ဘာပြောချင်နေမှန်းပြည့်စုံမသိနေချေ။
"မင်းတို့နေခဲ့ငါအပြင်သွားလိုက်အုန်းမယ်...လုံးဝလိုက်မလာနဲ့နော်လိုက်လာလို့ကတော့အကုန်မီးပုံရှို့ပြစ်မှာ"
တော်ဝင်ဆောင်ကထွက်လာတော့တံခါးစောင့်များကသူ့ကိုအရိုအသေပေးလာကြသော်မျက်နှာများမှာလွန်စွာမှညိုးညော်နေကြသည်။ထိုကဲ့သို့မျက်နှာမလှမပဖြစ်နေကြသည်မှာတံခါးစောင့်များသာမဟုတ်အပျိုတော်များလဲမျက်နှာပျက်နေကြသည်မှာတော်တော်ကြာပြီဖြစ်သည်။
"ငါအပြင်သွားလိုက်အုန်းမယ်..မင်းတို့အရှင့်သားလာရင်ပြောပြလိုက်"
"အမိန့်အတိုင်းပါဘုရား"
"ငါထွက်ပြေးတော့မလို့ဆိုတာပါပြောပြလိုက်"
"အရှင့်သားရဲ့ခွင့်ပြုချက်မပါပဲဒီတိုင်းပြည်ကကြင်ယာတော်ထွက်လို့မရပါဘူးအဲ့တာကြောင့်ထွက်ပြေးဖို့ကိုလက်လျော့သင့်ပါတယ်မဟုတ်ရင်ကြင်ယာတော်ထိခိုက်ဒဏ်ရာရမှာစိုးရိမ်ရပါတယ်အဲ့ဒီအခါကြရင်အရှင့်သားကလွန်စွာအမျက်ထွက်ပါလိမ့်မယ်ကြင်ယာတော်ဘုရား"
"ဟွန့်..သူလားငါ့ကိုဂရုစိုက်မှာသူငါ့ဆီမလာတာဘယ်နှရက်တောင်ရှိနေပြီလဲသူကငါဘာဖြစ်ဖြစ်ဂရုမစိုက်ပါဘူးသူကသူ့အချစ်ဉီးကိုပဲဂရုစိုက်တာခုလည်းပြန်တွေ့နေကြပြီနေမှာ"
တံခါးစောင့်တွေကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
"ကြင်ယာတော်အထင်လွှဲနေပါပြီအရှင့်သားဘဝမှာကြင်ယာတော်တစ်ယောက်ထဲကိုပဲချစ်ခဲ့တာပါအခုတောင်..."
"အခုတောင်ဘာဖြစ်လဲ...အခုတောင်ဘာဖြစ်လဲလို့"
တံခါးစောင့်နှစ်ယောက်ကခေါင်းငုံ့ထားပြီပြန်မော့မလာကြတော့ပေ။
ပြည့်စုံဒေါသထွက်စွာနန်းတော်ထဲမှထွက်လာလိုက်တော့အရင်ကဆူညံနေသောနေရာတွေမှာတိတ်ဆိတ်ကာခြောက်ကပ်နေသည်။လူတွေကလည်းတစ်ယောက်စနှစ်ယောက်စသာရှိပြီးမျက်နှာမှာဝမ်းနည်းပူဆွေးရိပ်တွေနှင့်တစ်နေရာဆီသို့ပြေးလွှားနေကြသည်။ပြည့်စုံမှာစဉ်းစားရလွန်းတာကြောင့်ခေါင်းတွေပင်မီးထတောက်လာတော့မလို့ပင်။
စိတ်ဆုံးဖြတ်ကာမြို့အစွန်နားရှိသစ်တောကြီးထဲခြေချလိုက်သည်နှင့်တောအုပ်မှာချက်ချင်းမြွေအုပ်ကြီးအဖြစ်သို့ပြောင်လဲသွားတော့သည်။မြွေတစ်ချို့ကသူ့ခန္တာကိုယ်ပေါ်တက်ဖို့ကြိုးစားနေကြသလိုမြွေမြောက်များစွာကလည်းမြွေသစ်ပင်များပေါ်မှတစ်ဖွဲဖွဲခုန်ဆင်းလာကြကာသူ့ဆီပြေးလာနေကြသည်။
မြွေများကိုမြင်ရတာကျင့်သားရနေပြီဆိုသော်ငြားသူ့ခန္တာကိုယ်ကိုထိတွေ့လာမှာကိုတော့လက်သင့်မခံနိုင်သေးပေ။မြွေအထွေးလိုက်ကြီးကိုမြင်ရသည်ကသူ့အူတွေကိုအရှင်လတ်လတ်ဆွဲထုတ်နေသလိုပင်။ပြည့်စုံခြေလှမ်းကိုနောက်ပြန်ဆုတ်လိုက်တော့အရာအားလုံးကပုံမှန်ပြန်ဖြစ်သွားသည်။အလွန်စိမ်းစိုနေသောတောအုပ်ကြီးကလည်းသူဘာအမှားမှမလုပ်ထားသလိုပုံစံနှင့်သာယာလှပနေသည်။
ရွေးစရာလမ်းမရှိတော့သည်မို့ပြည့်စုံလာရာလမ်းအတိုင်းသာပြန်လှည့်လာခဲ့တော့သည်။
"ကြင်ယာတော်!"
ပြည့်စုံလှည့်ကြည့်လိုက်တော့အိမ်မွေးကောင်လေးတွေရောင်းသည့်ကလေးမလေးပင်။အသက်၁၀နှစ်လောက်သာရှိသေးပြီးတော်တော်ချစ်စရာကောင်းသည့်ကလေးမလေးပင်။
"ကလေးမလေးကိုကို့ကိုဘာပြောချင်လို့လဲ"
"အရှင့်သားရဲ့ကြင်ယာတော်ကိုဂါဝရပြုပါတယ်"
"ရပါတယ်ကွာကိုကိုနဲ့မင်းတို့ရဲ့မင်သားလေးက,လပြည့်နေ့ရောက်မှလက်ထပ်ကြမှာအဲ့တော့မှလေးလေးစားစားဆက်ဆံပါခုတော့မလိုသေးပါဘူး"
"ကြင်ယာတော်ကိုလေးလေးစားစားမဆက်ဆံရင်ခေါင်းဖြတ်ခံရမှာပေါ့ဘုရား"
"ဟမ်း!ဘယ်သူကပြောတာလဲ"
"အရှင့်သားကိုယ်တိုင်အမိန့်တော်ပြန်တမ်းမှာမိန့်တော်မူထားတာပါကြင်ယာတော်ကိုစော်ကားတဲ့အပြုအမူတစ်ခုလေးပြုမိရင်တောင်အရှင့်သားကိုယ်တိုင်ခေါင်းဖြတ်သတ်ပြီးဝိဉာဏ်ကိုသားရဲနတ်ဆိုးတွေဆီပေးအပ်လိုက်မှာပါတဲ့ဘုရား"
'ဒါကြောင့်အပျိုတော်လေးတွေတစ်အားအပိုးကျိုးနေကြတာကို'
"ဟွန့်..သူအပိုတွေပြောနေတာအခုတလောသူကိုကို့ကိုလာမတွေ့တာတစ်ပတ်တိတိရှိနေပြီသိရဲ့လား"
ကလေးမလေးကနုတ်ခမ်းကိုတင်းတင်းကိုက်ထားပြီးဘာမှပြောမထွက်မိစေရန်ထိန်းချုပ်ထားသည်။
"ကလေးမလေးကိုကို့ကိုတစ်ခုခုပြောချင်နေတာလားပြောလိုက်နော်ကိုကိုကဘားမှမလုပ်ဘူးမကြောက်နဲ့ဟုတ်ပြီလား"
ကလေးမလေးမှာရုတ်တရက်ကြီးထိုင်ချလိုက်ကာအားရပါးရငိုကြွေးလာတော့သည်။
"ကျွန်မပြောလိုက်ရင်တစ်အိမ်လုံးအသတ်ခံရလိမ့်မယ်ကျွန်မကပြသနာမရှိပေမယ့်ဖွားဖွား..ဖွားဖွားကအရမ်းအသက်ကြီးနေပြီအရမ်းနာကျင်ရလိမ့်မယ်မပြောပြရင်လည်းအရှင့်သား..အရှင့်သားကိုသနားလွန်းလို့ဘယ်လိုလုပ်ရမလဲ"
"ကလေးမလေးမင်းဘာတွေပြောနေ..."
ပြည့်စုံမေးခွန်းမဆုံးသေးခင်လမ်းကြာထဲမှအဖွားအိုကတုန်တုန်ယင်ယင်နှင့်ထွက်လာခဲ့ပြီးကလေးမလေးရဲ့ပုခုံးကိုပွေ့ဖက်လိုက်ကာ
"ဖွားကအသက်ကြီးနေပါပြီနာကျင်ရတာဖြစ်ဖြစ်သေရမှာဖြစ်ဖြစ်ကြောက်မနေတော့ပါဘူးမြေးလေးပြောပြလိုက်ပါတော့အရှင့်သားကိုဒုက္ခမရောက်ပါစေပါနဲ့"
ကလေးမလေးကခနတွေဝေသွားသေးသော်လည်းလျှင်မြန်စွာပင်ထုတ်ပြောလာသည်။
"အရှင့်သားကမြောက်ဘက်မှာကြင်ယာတော်ကိုကျိန်စာတိုက်ဖို့ကြိုးစားနေတဲ့ကံကြမ္မာစောင့်နတ်နဲ့သူသေကိုယ်သေတိုက်ခိုက်နေတာတစ်ပတ်တိတိရှိနေပါပြီဒီနေ့မှာအရှင့်သားဘက်ကအရေးနိမ့်နေပြီးဒဏ်ရာလဲအကြီးအကျယ်ရနေပါတယ်ဒါတောင်အရှုံးမပေးသေးပဲတိုက်ခိုက်နေတုန်းပါဒီတိုင်းသားဆက်သွားရင်အသက်အန္တာယ်စိုးရိမ်...."
ထိုကလေးမလေးရဲ့စကားမဆုံးသေးခင်ပြည့်းစုံမြောက်ဘက်သို့ဉီးတည်ပြီးအားကုန်ပြေးထွက်လာခဲ့သည်။
ပြေးနေရင်းသူလက်မခံချင်တဲ့အမှန်တရားတစ်ခုကိုသိလိုက်ရသည်။
'ပြည့်စုံနက္ခကိုချစ်သည်အခုမှချစ်တာမဟုတ်ဟိုအရင်စစမြင်ကတည်းကပြည့်စုံနှလုံးသားကနက္ခအတွက်သာမရပ်မနားခုန်လှုပ်နေခဲ့သည်ယောက်ျားချင်းဆိုသည့်အသိနှင့်ချစ်သည့်စိတ်ကိုထိန်းချုပ်ကာမိန်းကလေးပေါင်းများစွာဆီအာရုံလွှဲဖူးပေမယ့်အချည်းနှီးသာ။နက္ခအိမ်ပြန်မယ်လုပ်တော့သူဘယ်လောက်တောင်ထိန့်လန့်သွားလိုက်ရသလဲ..လပြည့်နေ့ပွဲတော်ကိုအတူဆင်နွဲမယ်ပြောတုန်းကသူဘယ်လောက်တောင်ပျော်ရွှင်ခဲ့ရသလဲ..အချစ်ဉီးဆိုတဲ့ကောင်အကြောင်းကြားတုန်းကသူဘယ်လောက်တောင်ဝမ်းနည်းခဲ့ရသလဲ..တစ်ပတ်လောက်သူ့ကိုလာမတွေ့တော့စိတ်ကုန်သွားမှာကိုသူဘယ်လောက်တောင်ကြောက်ရွံ့ခဲ့ရသလဲ..'
'ငါမင်းကိုချစ်တယ်နက္ခမင်းသာတစ်ခုခုဖြစ်ခဲ့ရင်ကံကြမ္မာစောင့်နတ်ဆိုတဲ့ကောင်ရောမြွေတိုင်းပြည်ရောငါ့ကိုယ်ငါရောအကုန်မြေကြီးထဲထည့်မြုပ်ပြစ်လိုက်မှာအဲ့လိုမဖြစ်စေချင်ရင်နက္ခ..ငါ့အချစ်..မင်း..သေချာပေါက်အသက်ရှင်နေပေးပါ'
______________________________________
614❤️
______________________________________
နကၡႏွင့္ျပည့္စံုေသြးေအးတိုက္ပြဲဆင္ႏြဲေနသည္မွာတစ္ပတ္တိတိရိွၿပီျဖစ္သည္။ဒီအေတာအတြင္းနကၡ,ကျပည့္စံုေရ႔ွေပၚမလာသလိုေတာ္ဝင္အိပ္ေဆာင္တြင္လည္းလာမအိပ္ေခ်။
'လူကိုေတာင္မရေသးဘူးေသာက္ခ်ိဳးကေျပာင္းခ်င္ေနၿပီ'
စိတ္အေျပာင္းအလဲျဖစ္ေစရန္ျပတင္းေပါက္မွအျပင္ကိုၾကည့္လိုက္ေတာ့လူေတြကသိသိသာသာကိုတိတ္ဆိတ္ေနကာသူ႔ကိုအလုပ္အေႂကြးျပဳေနၾကေသာနန္တြင္းသူနန္းတြင္းသားအနည္းငယ္သာရိွသည္။သူ႔ကိုဂရုစိုက္တတ္လြန္းေသာအထိန္းေတာ္ႀကီးကိုပင္မေတြ့ရတာတစ္ပတ္ေလာက္ရိွေနၿပီျဖစ္သည္။
'ဘာလဲနကၡကငါ့ကိုစိတ္ပ်က္သြားလို႔ပယ္ထုတ္ခ်င္ေနတာလား...မင္းလုပ္ရဲလား'
ျပည့္စံုမွာအေတြးမ်ားႏွင့္ပူေလာင္လာရသည္။
'သူ႔ရဲ့အခ်စ္ၪီးျပန္လာလို႔မ်ားလား...ငါ့ကိုဆိုးလြန္းလို႔မခ်စ္ေတာ့တာမ်ားလား
အခ်စ္အိမ္ေမြးေကာင္ေလးေတြကသူနဲ႔တစ္လံေလာက္အကြာအေဝးမွာလွည့္ပတ္သြားလာေနၾကကာသူ႔ကိုအရိပ္တစ္ၾကည့္ၾကည့္ျဖစ္ေနၾကသည္။ထိုအေကာင္ေလးေတြသူ႔ကိုတစ္ခုခုေျပာခ်င္ေနသည္ဟုခံစားမိေပမယ့္သူတို႔ဘာေျပာခ်င္ေနမွန္းျပည့္စံုမသိေနေခ်။
"မင္းတို႔ေနခဲ့ငါအျပင္သြားလိုက္အုန္းမယ္...လံုးဝလိုက္မလာနဲ႔ေနာ္လိုက္လာလို႔ကေတာ့အကုန္မီးပံုရိႈ႔ျပစ္မွာ"
ေတာ္ဝင္ေဆာင္ကထြက္လာေတာ့တံခါးေစာင့္မ်ားကသူ႔ကိုအရိုအေသေပးလာၾကေသာ္မ်က္ႏွာမ်ားမွာလြန္စြာမွညိုးေညာ္ေနၾကသည္။ထိုကဲ့သို႔မ်က္ႏွာမလွမပျဖစ္ေနၾကသည္မွာတံခါးေစာင့္မ်ားသာမဟုတ္အပ်ိဳေတာ္မ်ားလဲမ်က္ႏွာပ်က္ေနၾကသည္မွာေတာ္ေတာ္ၾကာၿပီျဖစ္သည္။
"ငါအျပင္သြားလိုက္အုန္းမယ္..မင္းတို႔အရွင့္သားလာရင္ေျပာျပလိုက္"
"အမိန္႔အတိုင္းပါဘုရား"
"ငါထြက္ေျပးေတာ့မလို႔ဆိုတာပါေျပာျပလိုက္"
"အရွင့္သားရဲ့ခြင့္ျပဳခ်က္မပါပဲဒီတိုင္းျပည္ကၾကင္ယာေတာ္ထြက္လို႔မရပါဘူးအဲ့တာေၾကာင့္ထြက္ေျပးဖို႔ကိုလက္ေလ်ာ့သင့္ပါတယ္မဟုတ္ရင္ၾကင္ယာေတာ္ထိခိုက္ဒဏ္ရာရမွာစိုးရိမ္ရပါတယ္အဲ့ဒီအခါၾကရင္အရွင့္သားကလြန္စြာအမ်က္ထြက္ပါလိမ့္မယ္ၾကင္ယာေတာ္ဘုရား"
"ဟြန္႔..သူလားငါ့ကိုဂရုစိုက္မွာသူငါ့ဆီမလာတာဘယ္ႏွရက္ေတာင္ရိွေနၿပီလဲသူကငါဘာျဖစ္ျဖစ္ဂရုမစိုက္ပါဘူးသူကသူ႔အခ်စ္ၪီးကိုပဲဂရုစိုက္တာခုလည္းျပန္ေတြ့ေနၾကၿပီေနမွာ"
တံခါးေစာင့္ေတြကတစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကသည္။
"ၾကင္ယာေတာ္အထင္လႊဲေနပါၿပီအရွင့္သားဘဝမွာၾကင္ယာေတာ္တစ္ေယာက္ထဲကိုပဲခ်စ္ခဲ့တာပါအခုေတာင္..."
"အခုေတာင္ဘာျဖစ္လဲ...အခုေတာင္ဘာျဖစ္လဲလို႔"
တံခါးေစာင့္ႏွစ္ေယာက္ကေခါင္းငံု႔ထားၿပီျပန္ေမာ့မလာၾကေတာ့ေပ။
ျပည့္စံုေဒါသထြက္စြာနန္းေတာ္ထဲမွထြက္လာလိုက္ေတာ့အရင္ကဆူညံေနေသာေနရာေတြမွာတိတ္ဆိတ္ကာေျခာက္ကပ္ေနသည္။လူေတြကလည္းတစ္ေယာက္စႏွစ္ေယာက္စသာရိွၿပီးမ်က္ႏွာမွာဝမ္းနည္းပူေဆြးရိပ္ေတြႏွင့္တစ္ေနရာဆီသို႔ေျပးလႊားေနၾကသည္။ျပည့္စံုမွာစဥ္းစားရလြန္းတာေၾကာင့္ေခါင္းေတြပင္မီးထေတာက္လာေတာ့မလို႔ပင္။
စိတ္ဆံုးျဖတ္ကာၿမိဳ႔အစြန္နားရိွသစ္ေတာႀကီးထဲေျခခ်လိုက္သည္ႏွင့္ေတာအုပ္မွာခ်က္ခ်င္းေႁမြအုပ္ႀကီးအျဖစ္သို႔ေျပာင္လဲသြားေတာ့သည္။ေႁမြတစ္ခ်ိဳ႕ကသူ႔ခႏၲာကိုယ္ေပၚတက္ဖို႔ႀကိဳးစားေနၾကသလိုေႁမျြမႇောက္မ်ားစြာကလည္းေႁမြသစ္ပင္မ်ားေပၚမွတစ္ဖြဲဖြဲခုန္ဆင္းလာၾကကာသူ႔ဆီေျပးလာေနၾကသည္။
ေႁမြမ်ားကိုျမင္ရတာက်င့္သားရေနၿပီဆိုေသာ္ျငားသူ႔ခႏၲာကိုယ္ကိုထိေတြ့လာမွာကိုေတာ့လက္သင့္မခံႏိုင္ေသးေပ။ေႁမြအေထြးလိုက္ႀကီးကိုျမင္ရသည္ကသူ႔အူေတြကိုအရွင္လတ္လတ္ဆြဲထုတ္ေနသလိုပင္။ျပည့္စံုေျခလွမ္းကိုေနာက္ျပန္ဆုတ္လိုက္ေတာ့အရာအားလံုးကပံုမွန္ျပန္ျဖစ္သြားသည္။အလြန္စိမ္းစိုေနေသာေတာအုပ္ႀကီးကလည္းသူဘာအမွားမွမလုပ္ထားသလိုပံုစံႏွင့္သာယာလွပေနသည္။
ေရြးစရာလမ္းမရိွေတာ့သည္မို႔ျပည့္စံုလာရာလမ္းအတိုင္းသာျပန္လွည့္လာခဲ့ေတာ့သည္။
"ၾကင္ယာေတာ္!"
ျပည့္စံုလွည့္ၾကည့္လိုက္ေတာ့အိမ္ေမြးေကာင္ေလးေတြေရာင္းသည့္ကေလးမေလးပင္။အသက္၁၀ႏွစ္ေလာက္သာရိွေသးၿပီးေတာ္ေတာ္ခ်စ္စရာေကာင္းသည့္ကေလးမေလးပင္။
"ကေလးမေလးကိုကို႔ကိုဘာေျပာခ်င္လို႔လဲ"
"အရွင့္သားရဲ့ၾကင္ယာေတာ္ကိုဂါဝရျပဳပါတယ္"
"ရပါတယ္ကြာကိုကိုနဲ႔မင္းတို႔ရဲ့မင္သားေလးက,လျပည့္ေန့ေရာက္မွလက္ထပ္ၾကမွာအဲ့ေတာ့မွေလးေလးစားစားဆက္ဆံပါခုေတာ့မလိုေသးပါဘူး"
"ၾကင္ယာေတာ္ကိုေလးေလးစားစားမဆက္ဆံရင္ေခါင္းျဖတ္ခံရမွာေပါ့ဘုရား"
"ဟမ္း!ဘယ္သူကေျပာတာလဲ"
"အရွင့္သားကိုယ္တိုင္အမိန္႔ေတာ္ျပန္တမ္းမွာမိန္႔ေတာ္မူထားတာပါၾကင္ယာေတာ္ကိုေစာ္ကားတဲ့အျပဳအမူတစ္ခုေလးျပဳမိရင္ေတာင္အရွင့္သားကိုယ္တိုင္ေခါင္းျဖတ္သတ္ၿပီးဝိဉာဏ္ကိုသားရဲနတ္ဆိုးေတြဆီေပးအပ္လိုက္မွာပါတဲ့ဘုရား"
'ဒါေၾကာင့္အပ်ိဳေတာ္ေလးေတြတစ္အားအပိုးက်ိဳးေနၾကတာကို'
"ဟြန္႔..သူအပိုေတြေျပာေနတာအခုတေလာသူကိုကို႔ကိုလာမေတြ့တာတစ္ပတ္တိတိရိွေနၿပီသိရဲ့လား"
ကေလးမေလးကႏုတ္ခမ္းကိုတင္းတင္းကိုက္ထားၿပီးဘာမွေျပာမထြက္မိေစရန္ထိန္းခ်ဳပ္ထားသည္။
"ကေလးမေလးကိုကို႔ကိုတစ္ခုခုေျပာခ်င္ေနတာလားေျပာလိုက္ေနာ္ကိုကိုကဘားမွမလုပ္ဘူးမေၾကာက္နဲ႔ဟုတ္ၿပီလား"
ကေလးမေလးမွာရုတ္တရက္ႀကီးထိုင္ခ်လိုက္ကာအားရပါးရငိုေႂကြးလာေတာ့သည္။
"ကြၽန္မေျပာလိုက္ရင္တစ္အိမ္လံုးအသတ္ခံရလိမ့္မယ္ကြၽန္မကျပသနာမရိွေပမယ့္ဖြားဖြား..ဖြားဖြားကအရမ္းအသက္ႀကီးေနၿပီအရမ္းနာက်င္ရလိမ့္မယ္မေျပာျပရင္လည္းအရွင့္သား..အရွင့္သားကိုသနားလြန္းလို႔ဘယ္လိုလုပ္ရမလဲ"
"ကေလးမေလးမင္းဘာေတြေျပာေန..."
ျပည့္စံုေမးခြန္းမဆံုးေသးခင္လမ္းၾကာထဲမွအဖြားအိုကတုန္တုန္ယင္ယင္ႏွင့္ထြက္လာခဲ့ၿပီးကေလးမေလးရဲ့ပုခံုးကိုေပြ့ဖက္လိုက္ကာ
"ဖြားကအသက္ႀကီးေနပါၿပီနာက်င္ရတာျဖစ္ျဖစ္ေသရမွာျဖစ္ျဖစ္ေၾကာက္မေနေတာ့ပါဘူးေျမးေလးေျပာျပလိုက္ပါေတာ့အရွင့္သားကိုဒုကၡမေရာက္ပါေစပါနဲ႔"
ကေလးမေလးကခနေတြေဝသြားေသးေသာ္လည္းလ်ွင္ျမန္စြာပင္ထုတ္ေျပာလာသည္။
"အရွင့္သားကေျမာက္ဘက္မွာၾကင္ယာေတာ္ကိုက်ိန္စာတိုက္ဖို႔ႀကိဳးစားေနတဲ့ကံၾကမၼာေစာင့္နတ္နဲ႔သူေသကိုယ္ေသတိုက္ခိုက္ေနတာတစ္ပတ္တိတိရိွေနပါၿပီဒီေန့မွာအရွင့္သားဘက္ကအေရးနိမ့္ေနၿပီးဒဏ္ရာလဲအႀကီးအက်ယ္ရေနပါတယ္ဒါေတာင္အရႈံးမေပးေသးပဲတိုက္ခိုက္ေနတုန္းပါဒီတိုင္းသားဆက္သြားရင္အသက္အႏၲာယ္စိုးရိမ္...."
ထိုကေလးမေလးရဲ့စကားမဆံုးေသးခင္ျပည့္းစံုေျမာက္ဘက္သို႔ၪီးတည္ၿပီးအားကုန္ေျပးထြက္လာခဲ့သည္။
ေျပးေနရင္းသူလက္မခံခ်င္တဲ့အမွန္တရားတစ္ခုကိုသိလိုက္ရသည္။
'ျပည့္စံုနကၡကိုခ်စ္သည္အခုမွခ်စ္တာမဟုတ္ဟိုအရင္စစျမင္ကတည္းကျပည့္စံုႏွလံုးသားကနကၡအတြက္သာမရပ္မနားခုန္လႈပ္ေနခဲ့သည္ေယာက်္ားခ်င္းဆိုသည့္အသိႏွင့္ခ်စ္သည့္စိတ္ကိုထိန္းခ်ဳပ္ကာမိန္းကေလးေပါင္းမ်ားစြာဆီအာရံုလႊဲဖူးေပမယ့္အခ်ည္းႏွီးသာ။နကၡအိမ္ျပန္မယ္လုပ္ေတာ့သူဘယ္ေလာက္ေတာင္ထိန္႔လန္႔သြားလိုက္ရသလဲ..လျပည့္ေန့ပြဲေတာ္ကိုအတူဆင္ႏြဲမယ္ေျပာတုန္းကသူဘယ္ေလာက္ေတာင္ေပ်ာ္ရႊင္ခဲ့ရသလဲ..အခ်စ္ၪီးဆိုတဲ့ေကာင္အေၾကာင္းၾကားတုန္းကသူဘယ္ေလာက္ေတာင္ဝမ္းနည္းခဲ့ရသလဲ..တစ္ပတ္ေလာက္သူ႔ကိုလာမေတြ့ေတာ့စိတ္ကုန္သြားမွာကိုသူဘယ္ေလာက္ေတာင္ေၾကာက္ရြံ႔ခဲ့ရသလဲ..'
'ငါမင္းကိုခ်စ္တယ္နကၡမင္းသာတစ္ခုခုျဖစ္ခဲ့ရင္ကံၾကမၼာေစာင့္နတ္ဆိုတဲ့ေကာင္ေရာေႁမြတိုင္းျပည္ေရာငါ့ကိုယ္ငါေရာအကုန္ေျမၾကီးထဲထည့္ျမဳပ္ျပစ္လိုက္မွာအဲ့လိုမျဖစ္ေစခ်င္ရင္နကၡ..ငါ့အခ်စ္..မင္း..ေသခ်ာေပါက္အသက္ရွင္ေနေပးပါ'
______________________________________
614❤️
______________________________________