လွင်အိပ်ရာကနိုးလာတော့ မေမေက လွင်ဖွထားတဲ့အရာတွေကို သိမ်းဆည်းနေသည်။ ညက လွင့်ကြောင့် အိပ်ရသေးပုံလည်း မပေါ်ပေ။
ညကအဖြစ်အပျက်ကြောင့် မေမေနဲ့ဖေဖေကလွင့်ကို စိုးရိမ်လျက်ရှိတုန်းပင်။မေမေနဲ့ဖေဖေကိုပွေ့ဖက်ကာ စိတ်မပူလို့ရကြောင်းပြောချင်ပေမဲ့ လက်တွေ့မှာ တွန့်ဆုတ်နေခဲ့သည်။
ဒီနေ့ အင်တာဗျူးသွားဖြေရမည်။
အဖြူရှပ်င်္ကျီလက်တိုနဲ့ပုဆိုးတစ်ထည်ကို ရိုးရှင်းစွာဝတ်ဆင်လိုက်သည်။ စိတ်အခြေအနေနဲ့ အလုပ်ကိုရောထွေးလိုက်လို့မရပဲ။
အခန်းအပြင်ထွက်ခါနီးမှာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ခေါင်းဦးကိုယူကာ ဗီရိုထဲထည့်သိမ်းလိုက်သည်။ငယ်စဥ်ကလေးဘဝက အရေးမပါတဲ့ စွဲလန်းမှုတွေ။
" သား ထမင်းစားတော့မလား ၊ ပဲပြုတ်နဲ့နံပြားလည်းရှိတယ်၊နန်းကြီးသုပ်လည်းရှိတယ် "
လွင့်ကို မြင်တော့ မေမေက မီးဖိုချောင်ထဲကနေ အပြေးလေးထွက်လာသည်။ ညကသေချာမအိပ်ထားရသေးတာကို အနားမယူဘဲ လွင့်အတွက်မနက်စာကိုကိုယ်တိုင်ပြင်ဆင်နေပုံရသည်။
" မစားတော့ဘူး ... ကျွန်တော်အင်တာဗျူးရှိလို့ "
" အင်တာဗျူးလား ... မေမေ့ကို ကြိုမပြောဘူး ... ကြိုသိရင် မေမေဒီထက်ပိုစောစောလေးပြင်ထားမှာပေါ့ "
လွင့်ကိစ္စအရပ်ရပ်တွေကို ဖေဖေနဲ့မေမေကို မပြောပြဖြစ်ပေ။ ပြောပြသည့်အခါတိုင်း အရေးမလုပ်ခဲ့တာကြောင့် ပြောပြဖို့မလိုအပ်ဘူးလို့လည်းထင်သည်။
" အခုလည်း နောက်မကျပါဘူး ဝင်စရာလေးရှိလို့ "
" သားဖေဖေက သားသွားစရာရှိသွားရအောင် ကားထားပေးခဲ့တယ် ... သားအတွက်က နောက်နေ့မှ သားစိတ်ကြိုက်သွားကြည့်ပြီးဝယ်လေ "
မေမေက ကားသော့အမြန်ယူပြီး လွင့်ကိုပေးသည်။
" မယူသွားတော့ဘူး ၊ အင်တာဗျူးကဦး... ဦးကြည်ရှင်းမောင်ရဲ့ကျောင်းမှာပဲ "
ဦးရဲ့ကျောင်းက မဝေးတာမလို့လမ်းလျှောက်သွားရင်လည်းဖြစ်သည်။ပြီးတော့ ကားနဲ့လည်း မသွားချင်ပါ။
" ဟုတ်လား ကောင်းတာပေါ့ "
မေမေက ဖွဖွပြုံးရင်းဆိုသည်။တွန်းအားတွေ၊ဖိအားတွေ ဘာတစ်ခုမှမပေးပါ။ " သားငယ် အဆင်ပြေရင်ပြီးတာပါပဲ " ဟုသာပြောသည်။
" ဒီလမ်း သေချာပါတယ် "
အမြဲသတိတရရှိခဲ့တဲ့ ဒီနေရာ၊ဒီလမ်းလေးကို သူအမှတ်မမှားပါ။သို့သော် အရင်ကနဲ့ ဘာတစ်ခုမှ မတူအောင်ပြောင်းလဲနေသည်။ ဒီလမ်းလေးဟာ သူ့ရဲ့နွေဦးလမ်း။ ဦးရဲ့စက်ဘီးလေးနောက်ကနေ လိုက်စီးပြီး ဦးခေါ်ဆောင်လို့ ပထမဆုံးရောက်ခဲ့တဲ့လမ်း။
အရင်က မြေလမ်းလေးဟာ အခုကွန်ကရစ်လမ်းလေးဖြစ်နေပြီ။ ဦးနဲ့အတူသောက်ခဲ့တဲ့ စွယ်တော်ရိပ်လက်ဖက်ရည်ဆိုင်လေးကို လမ်းအစကနေ အဆုံးငါးကြိမ်တိတိလျှောက်ပြီး ရှာတာတောင် ရှာမတွေ့။စွယ်တော်ရိပ်ဆိုင်လေးလည်း မတွေ့သလို၊စွယ်တော်ပင်လေးကိုလည်း မတွေ့ ။
ဒါ့အပြင် ဦးနဲ့အတူထိုင်ခဲ့တဲ့ကြံရည်ဆိုင်လေးလည်းမရှိတော့။စာအုပ်အဟောင်းဆိုင်လေးနဲ့ပန်းဆိုင်လေးလည်း ပျောက်ကွယ်လို့။ ဘယ်ဆီများ ရောက်ကုန်ကြသလဲ ။
အနီးနားပတ်ဝန်းကျင်ရဲ့ပြောစကားအရလမ်းတိုးချဲ့တုန်းက ဆိုင်ခန်းတွေဖျက်ပေးလိုက်ရတယ်တဲ့။
နောက်တစ်ကြိမ်လာရင် နွားနို့မသောက်ဘဲ ဦးလိုကျဆိမ့်သောက်မယ်ဆိုတဲ့ အတွေးကို လက်တွေ့မလုပ်နိုင်တော့ဘူးပေါ့။လက်ဖက်ရည်ဆိုင်လည်း ပျောက်၊စွယ်တော်ပင်လည်း ကွယ်၊ဦးကလည်း ပယ်။
ဘဝက ဘာကြောင့် ဒီလောက်ခါးသီးရသလဲ။
.
ဘာသတင်းမှမဆိုပဲ ပြန်လာခဲ့သည့်ကောင်လေး၊ လူကိုမြင်တော့ နားလည်ရခက်စွာ ပြေးထွက်သွားသည့်ကောင်လေး၊အခု သူရှေ့မှာ ရုပ်တည်လေးဖြင့်တည်တည်ငြိမ်ငြိမ်ရှိနေသည်။
" မင်္ဂလာပါ "
သူနှုတ်ဆက်လိုက်တော့ သူ့ကိုတချက်ကြည့်ပြီး ခေါင်းငြိမ့်ပြသည်။ အင်တာဗျူးလာဖြေသည့်လူတစ်ယောက်အနေနဲ့ နှုတ်ဆက်ပုံက ဒီလိုတဲ့လား။
" ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါဦး "
သူ့ကို အေးစက်စွာစိုက်ကြည့်လာပြီးနောက်
" ကျွန်တော့်နာမည် လွင်ပါ ၊ အသက် ၂၂ နှစ်ပါ ၊ M.E ( IT)နဲ့ UK ကနေ ဘွဲ့ရခဲ့ပါတယ် "
ဆိုကာ ပြီးပြီးပြတ်ပြတ်ပြောသွားသည်။
" စာသင်တဲ့အတွေ့အကြုံတော့ မရှိသေးဘူးပဲ ၊ ဘာလို့ဆရာအလုပ်ကို လျှောက်တာလဲ သိလို့ရမလား "
လွင်ဟာ သူ့မျက်ဝန်းတွေကို ရှောင်သည်။သူက လွင့်မျက်ဝန်းတွေကို ရှာဖွေရသည်။စိတ်အားထက်သန်မှု၊ဝါသနာပါမှု၊အလုပ်အပေါ်နှစ်သက်မှု၊မြတ်နိုးမှုတွေကို လိုက်ရှာရသည်။ မျက်ဝန်းတွေဟာအဖြေရှာမရ အဓိပ္ပါယ်ဖော်မရ အေးစက်စက်သာရှိသည်။
" သင်ယူခဲ့ရတဲ့ အသိပညာတွေကို လက်ဆင့်ကမ်းဝေမျှချင်လို့ပါ "
လွင့်အဖြေဟာသဘောကျစရာကောင်းသော်လည်း စိတ်အားထက်သန်မှုပါလားမပါလားကိုဝေခွဲရခက်သည်။
လွင့်မှာ အရောင်မျိုးစုံမရှိ။ အဖြူအမဲနှစ်ရောင်သာရှိသည်။ အလုံးစုံထုတ်ဖော်နေတတ်တဲ့ ပကတိဖြူစင်မှုမျက်ဝန်းတွေရယ်၊ ဘာမှအဖြေရှာမရတဲ့ အလုံးစုံကို ဖုံးပိတ်ကွယ်ထားတဲ့ အမဲရောင်မျက်ဝန်းတွေရယ်။
" ဘာလို့ ကျွန်တော်တို့ကျောင်းကိုရွေးချယ်ခဲ့တာလဲဆိုတာ ပြောပြပေးပါလား "
လွင်က သူ့ကိုတစ်ချက်စိုက်ကြည့်သည်။
" ဒီနေရာမှာ အရည်အချင်းရှိတဲ့လူတစ်ယောက်အနေနဲ့ရပ်တည်ချင်ပြီး တထောင့်တနေရာကနေ ကူညီပေးချင်လို့ပါ "
မာကြောတဲ့အသံ၊ တည်တင်းတဲ့မျက်နှာထား ၊ ပြီးပြတ်ပြတ်အဖြေတွေ။ အလုပ်ရချင်လို့လာခဲ့တာရော ဟုတ်ရဲ့လား။
" တပတ်အတွင်း အကြောင်းပြန်ပေးပါမယ် "
သူပြောပြီးတာနဲ့ သူ့ကိုပင် မနှုတ်ဆက်ပဲ ထထွက်သွားတော့သည်။
ငယ်ငယ်က ကလေးလို ဂျစ်တစ်တစ်၊ကြီးလာတော့ လူဆိုးလို ဂျစ်ကန်ကန်။
.
ချစ်စရာသိပ်ကောင်းပြီး ချစ်စဖွယ်အပြုအမူလေးတွေနဲ့ပြည့်လျှံနေတဲ့ကောင်လေးက တည်ငြိမ်ပြီးအေးတိအေးစက်နိုင်သည့်ခပ်ချောချောကောင်လေးအဖြစ် အရွယ်ရောက်လာသည်။
ကိုယ့်ရင်ဘတ်လောက်ကနေ ကိုယ့်ကိုမော့ကြည့်ကာ ပြုံးရယ်ပြတတ်တဲ့ကောင်လေးက အခု ပခုံးချင်းယှဥ်တော့သူ့ပခုံးက ကိုယ့်ပခုံးထက်ပင် အနည်းငယ်မြင့်ချင်နေပြီ။
" လွင်ကလေ " ဆိုပြီး သိမ်ငယ်တဲ့စကားတွေ အများကြီးပြောတတ်တဲ့ ချစ်စဖွယ်အသံပိုင်ရှင်လေးက " ကျွန်တော်က " ဆိုပြီး ရင့်ကျက်တဲ့အသုံးအနှုန်းလေးတွေကို သုံးတတ်တဲ့ နားထောင်လို့ကောင်းတဲ့ ဩရှရှအသံပိုင်ရှင်လေးဖြစ်ခဲ့ပြီ။
" လွင် "
အရင်လို လိုလိုလားလားဝမ်းပန်းတသာအကြည့်မျိုးမဟုတ်ဘဲ အေးစက်စက်မျက်နှာထားနဲ့ ကြည့်သည်။ မျက်ဝန်းတွေက ကြည်လင်မနေဘဲ မှုန်မှိုင်းနေသည်။မြင်နေကျသိမ်ငယ်မှုတွေကို မတွေ့ရတော့ပေ။ ခါးသီးစွာ ဖုံးကွယ်ထားလေသလား၊ဝမ်းမြောက်စွာ ပပျောက်သွားလေသလား။
" ပြန်ရောက်တာ ကိုယ့်ဆီမလာဘူးပဲ "
" ဘာလို့လာရမှာလဲ "
ကြားရတဲ့စကားက ခါးသက်သက် ။ သူ့စိတ်ထဲမှာ ကိုယ်မရှိတော့ဘူး ဆိုတဲ့သဘောမျိုးလား။
အသင့်ဆောင်ထားပုံရတဲ့စီးကရက်နဲ့မီးခြစ်ကို ထုတ်လိုက်တဲ့လွင်ကြောင့် သူမျက်မှောင်ကြုတ်လိုက်သည်။
" ကိုယ့်ကျောင်းမှာ စီးကရက်သောက်ခွင့်မပြုဘူး "
သူ့အသံ နည်းနည်းမာသွားသည်။လွင့်က သူ့ကို စိတ်ရှုပ်စွာတစ်ချက်ကြည့်ပြီး စီးကရက်နဲ့မီးခြစ်ကို အနားမှာရှိတဲ့အမှိုက်ပုံးထဲကို ပစ်ပေါက်ထည့်လိုက်သည်။ သူ့ကို စိတ်ဆိုးသွားသည်လား။
ကြမ်းတမ်းလာတဲ့လွင့်အပြုအမူတွေကို သူ ဘဝင်မကျပေ။ရင့်ကျက်လာခဲ့တာမဟုတ်ဘဲ လွင်က ဆိုးပေပေဖြစ်လာခဲ့သည်။
" ကျွန်တော့်နောက်ကို လိုက်နေတာလား "
သွားတဲ့လားရာတူနေသည့်အခါ လွင်ကခြေလှမ်းတွေကို တန့်လိုက်သည်။သူပါအတူ ခြေလှမ်းတွေကို ရပ်လိုက်မိသည်။ ကျောင်းတံခါးဝမှာ လွင်ရယ်၊ သူရယ် ဘေးချင်းယှဥ်လို့။
" ကိုယ် အပြင်သွားစရာရှိလို့ "
" အိမ်လိုက်ပို့ပေးမယ် လမ်းကြုံတယ် "
" ရတယ် မလိုဘူး ... ခင်ဗျားအဆင့်နဲ့ခင်ဗျားနေပါ "
လွင့်စကားတွေက သိပ်ခါးသီးသည်။ အသံဟာ နားထောင်လို့ကောင်းပေမဲ့ စကားလုံးတွေက ရင့်ရင့်သီးသီးပင်။
" ကိုယ့်ကို စိတ်ဆိုးနေတာလား "
" ဘာတွေလာပြောနေတာလဲ "
" လွင် ကိုယ့်ကိုစကားပြောနေပုံက ရန်သူတစ်ယောက်လိုပဲ "
လွင် က နှုတ်ခမ်းတဖက်ပင့်ကာ ခနဲ့တဲ့တဲ့ပြုံးသည်။
" ကျွန်တော်ပြန်လို့ရမလား စီးကရက်သောက်ချင်နေပြီမလို့ "
သိပ်ဆိုးလာသည်ပဲ။သိပ်ကို ဆိုးလာသည်ပဲ။ဒီလိုဆိုးလာမယ်မှန်းသိခဲ့ရင် အနားမှာပဲ ထားခဲ့မှာ။
" လွင် ပေးခဲ့တဲ့ စာ "
" မရှိခဲ့ဘူး မှတ်လိုက် "
သူ့စကားကို ဆုံးအောင်ပင် နားမထောင်။သူ့ကို ရင့်သီးစွာကြည့်ပြီး မာထန်စွာပြောသည်။
သူအသာပြုံးလိုက်သည်။ ဘာတွေကိုအလိုမကျဖြစ်နေသည်လဲ သိသလိုလိုတော့ရှိလာသည်။
" ဂရုစိုက် ပြန် "
သူအသာပြုံးရင်း ခေါင်းငြိမ့်ကာနှုတ်ဆက်လိုက်ပြီး ထွက်ခွာခဲ့သည်။ ခပ်ဆိုးဆိုးကောင်လေးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲ။
.
စီးကရက်ငွေ့တွေကို ပြတင်းပေါက်အပြင်ဘက်ကို မှုတ်ထုတ်လိုက်သည်။အေးအေးချမ်းချမ်းပြုံးကာ ကျောခိုင်းသွားသည့်ခင်ဗျားက တကယ်ကိုအရင်အတိုင်းပဲ။
ခင်ဗျားအခြေအနေနဲ့ ခင်ဗျားပါးစပ်က စာအကြောင်း ထွက်လာနိုင်သေးသည်။
ဂိမန္တနွေဥတုရဲ့အပူဟာ ဒီလူရင်ကို ပိုလောင်မြှိုက်စေသည်။ သစ်ရွက်ခြောက်တွေ၊ပက်ကြားအက်မြေတွေ၊ လူးလွန့်နေတဲ့ဖုန်မှုန့်တွေနဲ့ ပတ်ဝန်းကျင်က ခြောက်ကပ်ကပ်။
" လွင်.... "
သဘာဝတရားကြီးက ပူလှပါတယ်ဆို ထိုအသံကျယ်ကျယ်က နားကိုပူအိုက်စေတော့မည်။
" ဖယ်စမ်းပါ ပူရတဲ့ထဲ "
အခန်းထဲအတင်းဝင်ရောက်ကာ လူကိုအတင်းဖက်တွယ်လာသည်က တခြားသူမဟုတ် ကြက်တူရွေးကောင်၊ရှင်းသန့်ဦး။
" မင်းလာတာ ငါ့ကို ဘာမှတောင်မပြောဘူး ... ဆရာပြောမှ သိရတယ် "
ရှင်းသန့်ဦးက မြန်မာနိုင်ငံကိုပြန်ရောက်လာကတည်းက ဖေဖေတို့ကုမ္ပဏီမှာ အလုပ်ဝင်နေတာဖြစ်သည်။ လွင်တို့နဲ့သိ၍ ထိုကုမ္ပဏီမှာ အလုပ်ဝင်ရောက်ခဲ့ခြင်းတော့မဟုတ်၊တိုက်ဆိုင်စွာ၊သူ့အရည်အချင်းနဲ့သူ ဝင်ရောက်ခြင်းဖြစ်သည်။
" ပြောတော့ မြန်မာနိုင်ငံပြန်ရောက်ရင်စီးကရက်မသောက်တော့ဘူးဆို ၊ အလိုလိုပြတ်မှာဆို "
လွင့်လက်ကြားထဲက စီးကရက်ကို ကြည့်ပြီး မဲ့ကာရွဲ့ကာစောင်းပြောသည်။
အင်း ... အလိုလိုပြတ်သွားသည်။စီးကရက်မဟုတ်တဲ့ မမြင်နိုင်တဲ့ကြိုးမျှင်တွေ။
" နားငြီးလိုက်တာ "
ထုံးစံအတိုင်း လွင် ပြောတော့ " ဒီအသံ မကြားရတာကြာပြီ " ဆိုကာ " ထပ်ပြောပါဦး " ဆိုပြီး နောက်ပြောင်နေသေးသည်။ စိတ်ရှုပ်စရာကောင်။
လွင့်အခန်းထဲမှာ ထိုင်စရာနေရာရယ်လို့ သီးသန့်မရှိတာကြောင့် ရှင်းသန့်ဦးက
လွင့်အိပ်ယာပေါ်ကို သူ့အိပ်ယာအလား လှဲအိပ်သည်။
"မင်း ဦးနဲ့ တွေ့ပြီးပြီလား "
လွင်ဘာမှမဆိုဘဲ စီးကရက်သာ ဖွာနေလိုက်သည်။လွင့်ပုံကို ကြည့်ပြီး လွင် ဦးနဲ့ တွေ့ပြီးပြီကို အလိုလိုသိသွားပုံသည်။
" အခြေအနေ "
" အဟင်း "
လွင် ဟခနဲ့တချက် ရယ်လိုက်သည်။ ဘာအခြေအနေလဲ။ ရယ်စရာကောင်းလိုက်တာ။
" ပြာတွေကို စည်းမရှိကမ်းမရှိချပြန်ပြီ နွေရာသီနော် မီးသတိထားဦး "
" အကုန်လုံးပြာဖြစ်သွားလည်း မဆိုးဘူး "
" စကားပြောတတ်တယ်ဆိုတိုင်း လျှောက်ပြောနေတော့တာပဲ "
နှစ်ယောက်သား ဘာစကားမှမပြောဖြစ်ဘဲ ငြိမ်နေမိသည်။ နွေက တကယ်ကိုခြောက်သွေ့သွေ့။
" ဟူး .... "
ထိုသက်ပြင်းချသံက လွင့်ဆီကမဟုတ်၊ ကြက်တူရွေးကောင်ထံမှ။
" ဘာလဲ "
လွင် မေးဆတ်ကာမေးတော့ ယဲ့ယဲ့ကလေးပြုံးသည်။ ဝမ်းနည်းစိတ်ကိုဖုံးကွယ်သည့် အပြုံးမျိုး။
" ငါ မမကို ဖွင့်ပြောလိုက်တယ် "
" လက်ခံလား "
" ငြင်းခံလိုက်ရတယ် "
လွင် အဖြေကို သိပြီးသားပင်။ အပြန်အလှန်မေတ္တာရဖို့ လွယ်ကူသည့်အရာမှ မဟုတ်ဘဲ။မေတ္တာက တန်ဖိုးကြီးသည်။
" ဦးက မမရဲ့အစ်ကိုမလား "
" ဘယ်လိုသိလဲ "
" မမပြောတာ "
မနွေးကြည်လင်က လွင့်ကို သိတယ်ဆိုတဲ့သဘောလား။
" မင်းအကြောင်းတွေသိချင်လို့ ငါ့ကိုအရာသွင်းခဲ့တာတဲ့ ... ငါက အငြင်းခံရရုံတင်မဟုတ်ဘူး အသုံးချခံပါ ဖြစ်ခဲ့တာ "
ရှင်းသန့်ဦးစကားကြောင့် လွင်အံဩရသည်။ ဒါဘယ်လိုအခြေအနေကြီးလဲ။မနွေးကြည်လင်က အစကတည်းက လွင့်ကိုသိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ခဲ့တာလား။ တမင်တကာ လွင်နဲ့ဆုံအောင် ဖန်တီးခဲ့တာလား။ ပြီးတော့ ဘာအတွက်နဲ့ လွင့်အကြောင်းကို သိချင်ရတာလဲ။ ဘာကြောင့်လဲ။
" မင်းတို့တွေ သိပ်ရက်စက်တာပဲ "
အက်ကွဲကွဲအသံနဲ့ နာကျင်နေတဲ့ရှင်းသန့်ဦးဟာ လွင့်ခေါင်းဦးမှာ မျက်နှာအပ်လို့။ လွင် ရှင်းသန့်ဦးအနားကို သွားလိုက်ကာ ရှင်းသန့်ဦး နား ၊ နားကပ်လိုက်သည်။
" သရေတွေ မကျစေနဲ့နော် "
" ငါ .. ချီး ..."
.
.
(Zawgyi)
လြင္အိပ္ရာကနိုးလာေတာ့ ေမေမက လြင္ဖြထားတဲ့အရာေတြကို သိမ္းဆည္းေနသည္။ ညက လြင့္ေၾကာင့္ အိပ္ရေသးပုံလည္း မေပၚေပ။
ညကအျဖစ္အပ်က္ေၾကာင့္ ေမေမနဲ႕ေဖေဖကလြင့္ကို စိုးရိမ္လ်က္ရွိတုန္းပင္။ေမေမနဲ႕ေဖေဖကိုေပြ႕ဖက္ကာ စိတ္မပူလို႔ရေၾကာင္းေျပာခ်င္ေပမဲ့ လက္ေတြ႕မွာ တြန့္ဆုတ္ေနခဲ့သည္။
ဒီေန႕ အင္တာဗ်ဴးသြားေျဖရမည္။
အျဖဴရွပ္ကၤ်ီလက္တိုနဲ႕ပုဆိုးတစ္ထည္ကို ရိုးရွင္းစြာဝတ္ဆင္လိုက္သည္။ စိတ္အေျခအေနနဲ႕ အလုပ္ကိုေရာေထြးလိုက္လို႔မရပဲ။
အခန္းအျပင္ထြက္ခါနီးမွာ ေဟာင္းႏြမ္းေနၿပီျဖစ္တဲ့ ေခါင္းဦးကိုယူကာ ဗီရိုထဲထည့္သိမ္းလိုက္သည္။ငယ္စဥ္ကေလးဘဝက အေရးမပါတဲ့ စြဲလန္းမႈေတြ။
" သား ထမင္းစားေတာ့မလား ၊ ပဲျပဳတ္နဲ႕နံျပားလည္းရွိတယ္၊နန္းႀကီးသုပ္လည္းရွိတယ္ "
လြင့္ကို ျမင္ေတာ့ ေမေမက မီးဖိုေခ်ာင္ထဲကေန အေျပးေလးထြက္လာသည္။ ညကေသခ်ာမအိပ္ထားရေသးတာကို အနားမယူဘဲ လြင့္အတြက္မနက္စာကိုကိုယ္တိုင္ျပင္ဆင္ေနပုံရသည္။
" မစားေတာ့ဘူး ... ကြၽန္ေတာ္အင္တာဗ်ဴးရွိလို႔ "
" အင္တာဗ်ဴးလား ... ေမေမ့ကို ႀကိဳမေျပာဘူး ... ႀကိဳသိရင္ ေမေမဒီထက္ပိုေစာေစာေလးျပင္ထားမွာေပါ့ "
လြင့္ကိစၥအရပ္ရပ္ေတြကို ေဖေဖနဲ႕ေမေမကို မေျပာျပျဖစ္ေပ။ ေျပာျပသည့္အခါတိုင္း အေရးမလုပ္ခဲ့တာေၾကာင့္ ေျပာျပဖို႔မလိုအပ္ဘူးလို႔လည္းထင္သည္။
" အခုလည္း ေနာက္မက်ပါဘူး ဝင္စရာေလးရွိလို႔ "
" သားေဖေဖက သားသြားစရာရွိသြားရေအာင္ ကားထားေပးခဲ့တယ္ ... သားအတြက္က ေနာက္ေန႕မွ သားစိတ္ႀကိဳက္သြားၾကည့္ၿပီးဝယ္ေလ "
ေမေမက ကားေသာ့အျမန္ယူၿပီး လြင့္ကိုေပးသည္။
" မယူသြားေတာ့ဘူး ၊ အင္တာဗ်ဴးကဦး... ဦးၾကည္ရွင္းေမာင္ရဲ႕ေက်ာင္းမွာပဲ "
ဦးရဲ႕ေက်ာင္းက မေဝးတာမလို႔လမ္းေလွ်ာက္သြားရင္လည္းျဖစ္သည္။ၿပီးေတာ့ ကားနဲ႕လည္း မသြားခ်င္ပါ။
" ဟုတ္လား ေကာင္းတာေပါ့ "
ေမေမက ဖြဖြၿပဳံးရင္းဆိုသည္။တြန္းအားေတြ၊ဖိအားေတြ ဘာတစ္ခုမွမေပးပါ။ " သားငယ္ အဆင္ေျပရင္ၿပီးတာပါပဲ " ဟုသာေျပာသည္။
" ဒီလမ္း ေသခ်ာပါတယ္ "
အၿမဲသတိတရရွိခဲ့တဲ့ ဒီေနရာ၊ဒီလမ္းေလးကို သူအမွတ္မမွားပါ။သို႔ေသာ္ အရင္ကနဲ႕ ဘာတစ္ခုမွ မတူေအာင္ေျပာင္းလဲေနသည္။ ဒီလမ္းေလးဟာ သူ႕ရဲ႕ႏြေဦးလမ္း။ ဦးရဲ႕စက္ဘီးေလးေနာက္ကေန လိုက္စီးၿပီး ဦးေခၚေဆာင္လို႔ ပထမဆုံးေရာက္ခဲ့တဲ့လမ္း။
အရင္က ေျမလမ္းေလးဟာ အခုကြန္ကရစ္လမ္းေလးျဖစ္ေနၿပီ။ ဦးနဲ႕အတူေသာက္ခဲ့တဲ့ စြယ္ေတာ္ရိပ္လက္ဖက္ရည္ဆိုင္ေလးကို လမ္းအစကေန အဆုံးငါးႀကိမ္တိတိေလွ်ာက္ၿပီး ရွာတာေတာင္ ရွာမေတြ႕။စြယ္ေတာ္ရိပ္ဆိုင္ေလးလည္း မေတြ႕သလို၊စြယ္ေတာ္ပင္ေလးကိုလည္း မေတြ႕ ။
ဒါ့အျပင္ ဦးနဲ႕အတူထိုင္ခဲ့တဲ့ႀကံရည္ဆိုင္ေလးလည္းမရွိေတာ့။စာအုပ္အေဟာင္းဆိုင္ေလးနဲ႕ပန္းဆိုင္ေလးလည္း ေပ်ာက္ကြယ္လို႔။ ဘယ္ဆီမ်ား ေရာက္ကုန္ၾကသလဲ ။
အနီးနားပတ္ဝန္းက်င္ရဲ႕ေျပာစကားအရလမ္းတိုးခ်ဲ့တုန္းက ဆိုင္ခန္းေတြဖ်က္ေပးလိုက္ရတယ္တဲ့။
ေနာက္တစ္ႀကိမ္လာရင္ ႏြားနို႔မေသာက္ဘဲ ဦးလိုက်ဆိမ့္ေသာက္မယ္ဆိုတဲ့ အေတြးကို လက္ေတြ႕မလုပ္နိုင္ေတာ့ဘူးေပါ့။လက္ဖက္ရည္ဆိုင္လည္း ေပ်ာက္၊စြယ္ေတာ္ပင္လည္း ကြယ္၊ဦးကလည္း ပယ္။
ဘဝက ဘာေၾကာင့္ ဒီေလာက္ခါးသီးရသလဲ။
.
ဘာသတင္းမွမဆိုပဲ ျပန္လာခဲ့သည့္ေကာင္ေလး၊ လူကိုျမင္ေတာ့ နားလည္ရခက္စြာ ေျပးထြက္သြားသည့္ေကာင္ေလး၊အခု သူေရွ႕မွာ ႐ုပ္တည္ေလးျဖင့္တည္တည္ၿငိမ္ၿငိမ္ရွိေနသည္။
" မဂၤလာပါ "
သူႏႈတ္ဆက္လိုက္ေတာ့ သူ႕ကိုတခ်က္ၾကည့္ၿပီး ေခါင္းၿငိမ့္ျပသည္။ အင္တာဗ်ဴးလာေျဖသည့္လူတစ္ေယာက္အေနနဲ႕ ႏႈတ္ဆက္ပုံက ဒီလိုတဲ့လား။
" ကိုယ့္ကိုယ္ကို မိတ္ဆက္ေပးပါဦး "
သူ႕ကို ေအးစက္စြာစိုက္ၾကည့္လာၿပီးေနာက္
" ကြၽန္ေတာ့္နာမည္ လြင္ပါ ၊ အသက္ ၂၂ ႏွစ္ပါ ၊ M.E ( IT)နဲ႕ UK ကေန ဘြဲ႕ရခဲ့ပါတယ္ "
ဆိုကာ ၿပီးၿပီးျပတ္ျပတ္ေျပာသြားသည္။
" စာသင္တဲ့အေတြ႕အႀကဳံေတာ့ မရွိေသးဘူးပဲ ၊ ဘာလို႔ဆရာအလုပ္ကို ေလွ်ာက္တာလဲ သိလို႔ရမလား "
လြင္ဟာ သူ႕မ်က္ဝန္းေတြကို ေရွာင္သည္။သူက လြင့္မ်က္ဝန္းေတြကို ရွာေဖြရသည္။စိတ္အားထက္သန္မႈ၊ဝါသနာပါမႈ၊အလုပ္အေပၚႏွစ္သက္မႈ၊ျမတ္နိုးမႈေတြကို လိုက္ရွာရသည္။ မ်က္ဝန္းေတြဟာအေျဖရွာမရ အဓိပ်ပါယေျဖာျမရ ေအးစက္စက္သာရွိသည္။
" သင္ယူခဲ့ရတဲ့ အသိပညာေတြကို လက္ဆင့္ကမ္းေဝမွ်ခ်င္လို႔ပါ "
လြင့္အေျဖဟာသေဘာက်စရာေကာင္းေသာ္လည္း စိတ္အားထက္သန္မႈပါလားမပါလားကိုေဝခြဲရခက္သည္။
လြင့္မွာ အေရာင္မ်ိဳးစုံမရွိ။ အျဖဴအမဲႏွစ္ေရာင္သာရွိသည္။ အလုံးစုံထုတ္ေဖာ္ေနတတ္တဲ့ ပကတိျဖဴစင္မႈမ်က္ဝန္းေတြရယ္၊ ဘာမွအေျဖရွာမရတဲ့ အလုံးစုံကို ဖုံးပိတ္ကြယ္ထားတဲ့ အမဲေရာင္မ်က္ဝန္းေတြရယ္။
" ဘာလို႔ ကြၽန္ေတာ္တို႔ေက်ာင္းကိုေ႐ြးခ်ယ္ခဲ့တာလဲဆိုတာ ေျပာျပေပးပါလား "
လြင္က သူ႕ကိုတစ္ခ်က္စိုက္ၾကည့္သည္။
" ဒီေနရာမွာ အရည္အခ်င္းရွိတဲ့လူတစ္ေယာက္အေနနဲ႕ရပ္တည္ခ်င္ၿပီး တေထာင့္တေနရာကေန ကူညီေပးခ်င္လို႔ပါ "
မာေၾကာတဲ့အသံ၊ တည္တင္းတဲ့မ်က္ႏွာထား ၊ ၿပီးျပတ္ျပတ္အေျဖေတြ။ အလုပ္ရခ်င္လို႔လာခဲ့တာေရာ ဟုတ္ရဲ႕လား။
" တပတ္အတြင္း အေၾကာင္းျပန္ေပးပါမယ္ "
သူေျပာၿပီးတာနဲ႕ သူ႕ကိုပင္ မႏႈတ္ဆက္ပဲ ထထြက္သြားေတာ့သည္။
ငယ္ငယ္က ကေလးလို ဂ်စ္တစ္တစ္၊ႀကီးလာေတာ့ လူဆိုးလို ဂ်စ္ကန္ကန္။
.
ခ်စ္စရာသိပ္ေကာင္းၿပီး ခ်စ္စဖြယ္အျပဳအမူေလးေတြနဲ႕ျပည့္လွ်ံေနတဲ့ေကာင္ေလးက တည္ၿငိမ္ၿပီးေအးတိေအးစက္နိုင္သည့္ခပ္ေခ်ာေခ်ာေကာင္ေလးအျဖစ္ အ႐ြယ္ေရာက္လာသည္။
ကိုယ့္ရင္ဘတ္ေလာက္ကေန ကိုယ့္ကိုေမာ့ၾကည့္ကာ ၿပဳံးရယ္ျပတတ္တဲ့ေကာင္ေလးက အခု ပခုံးခ်င္းယွဥ္ေတာ့သူ႕ပခုံးက ကိုယ့္ပခုံးထက္ပင္ အနည္းငယ္ျမင့္ခ်င္ေနၿပီ။
" လြင္ကေလ " ဆိုၿပီး သိမ္ငယ္တဲ့စကားေတြ အမ်ားႀကီးေျပာတတ္တဲ့ ခ်စ္စဖြယ္အသံပိုင္ရွင္ေလးက " ကြၽန္ေတာ္က " ဆိုၿပီး ရင့္က်က္တဲ့အသုံးအႏႈန္းေလးေတြကို သုံးတတ္တဲ့ နားေထာင္လို႔ေကာင္းတဲ့ ဩရွရွအသံပိုင္ရွင္ေလးျဖစ္ခဲ့ၿပီ။
" လြင္ "
အရင္လို လိုလိုလားလားဝမ္းပန္းတသာအၾကည့္မ်ိဳးမဟုတ္ဘဲ ေအးစက္စက္မ်က္ႏွာထားနဲ႕ ၾကည့္သည္။ မ်က္ဝန္းေတြက ၾကည္လင္မေနဘဲ မႈန္မွိုင္းေနသည္။ျမင္ေနက်သိမ္ငယ္မႈေတြကို မေတြ႕ရေတာ့ေပ။ ခါးသီးစြာ ဖုံးကြယ္ထားေလသလား၊ဝမ္းေျမာက္စြာ ပေပ်ာက္သြားေလသလား။
" ျပန္ေရာက္တာ ကိုယ့္ဆီမလာဘူးပဲ "
" ဘာလို႔လာရမွာလဲ "
ၾကားရတဲ့စကားက ခါးသက္သက္ ။ သူ႕စိတ္ထဲမွာ ကိုယ္မရွိေတာ့ဘူး ဆိုတဲ့သေဘာမ်ိဳးလား။
အသင့္ေဆာင္ထားပုံရတဲ့စီးကရက္နဲ႕မီးျခစ္ကို ထုတ္လိုက္တဲ့လြင္ေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္လိုက္သည္။
" ကိုယ့္ေက်ာင္းမွာ စီးကရက္ေသာက္ခြင့္မျပဳဘူး "
သူ႕အသံ နည္းနည္းမာသြားသည္။လြင့္က သူ႕ကို စိတ္ရႈပ္စြာတစ္ခ်က္ၾကည့္ၿပီး စီးကရက္နဲ႕မီးျခစ္ကို အနားမွာရွိတဲ့အမွိုက္ပုံးထဲကို ပစ္ေပါက္ထည့္လိုက္သည္။ သူ႕ကို စိတ္ဆိုးသြားသည္လား။
ၾကမ္းတမ္းလာတဲ့လြင့္အျပဳအမူေတြကို သူ ဘဝင္မက်ေပ။ရင့္က်က္လာခဲ့တာမဟုတ္ဘဲ လြင္က ဆိုးေပေပျဖစ္လာခဲ့သည္။
" ကြၽန္ေတာ့္ေနာက္ကို လိုက္ေနတာလား "
သြားတဲ့လားရာတူေနသည့္အခါ လြင္ကေျခလွမ္းေတြကို တန့္လိုက္သည္။သူပါအတူ ေျခလွမ္းေတြကို ရပ္လိုက္မိသည္။ ေက်ာင္းတံခါးဝမွာ လြင္ရယ္၊ သူရယ္ ေဘးခ်င္းယွဥ္လို႔။
" ကိုယ္ အျပင္သြားစရာရွိလို႔ "
" အိမ္လိုက္ပို႔ေပးမယ္ လမ္းႀကဳံတယ္ "
" ရတယ္ မလိုဘူး ... ခင္ဗ်ားအဆင့္နဲ႕ခင္ဗ်ားေနပါ "
လြင့္စကားေတြက သိပ္ခါးသီးသည္။ အသံဟာ နားေထာင္လို႔ေကာင္းေပမဲ့ စကားလုံးေတြက ရင့္ရင့္သီးသီးပင္။
" ကိုယ့္ကို စိတ္ဆိုးေနတာလား "
" ဘာေတြလာေျပာေနတာလဲ "
" လြင္ ကိုယ့္ကိုစကားေျပာေနပုံက ရန္သူတစ္ေယာက္လိုပဲ "
လြင္ က ႏႈတ္ခမ္းတဖက္ပင့္ကာ ခနဲ႕တဲ့တဲ့ၿပဳံးသည္။
" ကြၽန္ေတာ္ျပန္လို႔ရမလား စီးကရက္ေသာက္ခ်င္ေနၿပီမလို႔ "
သိပ္ဆိုးလာသည္ပဲ။သိပ္ကို ဆိုးလာသည္ပဲ။ဒီလိုဆိုးလာမယ္မွန္းသိခဲ့ရင္ အနားမွာပဲ ထားခဲ့မွာ။
" လြင္ ေပးခဲ့တဲ့ စာ "
" မရွိခဲ့ဘူး မွတ္လိုက္ "
သူ႕စကားကို ဆုံးေအာင္ပင္ နားမေထာင္။သူ႕ကို ရင့္သီးစြာၾကည့္ၿပီး မာထန္စြာေျပာသည္။
သူအသာၿပဳံးလိုက္သည္။ ဘာေတြကိုအလိုမက်ျဖစ္ေနသည္လဲ သိသလိုလိုေတာ့ရွိလာသည္။
" ဂ႐ုစိုက္ ျပန္ "
သူအသာၿပဳံးရင္း ေခါင္းၿငိမ့္ကာႏႈတ္ဆက္လိုက္ၿပီး ထြက္ခြာခဲ့သည္။ ခပ္ဆိုးဆိုးေကာင္ေလးကို ဘယ္လိုကိုင္တြယ္ေျဖရွင္းသင့္လဲ။
.
စီးကရက္ေငြ႕ေတြကို ျပတင္းေပါက္အျပင္ဘက္ကို မႈတ္ထုတ္လိုက္သည္။ေအးေအးခ်မ္းခ်မ္းၿပဳံးကာ ေက်ာခိုင္းသြားသည့္ခင္ဗ်ားက တကယ္ကိုအရင္အတိုင္းပဲ။
ခင္ဗ်ားအေျခအေနနဲ႕ ခင္ဗ်ားပါးစပ္က စာအေၾကာင္း ထြက္လာနိုင္ေသးသည္။
ဂိမႏၱႏြေဥတုရဲ႕အပူဟာ ဒီလူရင္ကို ပိုေလာင္ျမႇိုက္ေစသည္။ သစ္႐ြက္ေျခာက္ေတြ၊ပက္ၾကားအက္ေျမေတြ၊ လူးလြန့္ေနတဲ့ဖုန္မႈန့္ေတြနဲ႕ ပတ္ဝန္းက်င္က ေျခာက္ကပ္ကပ္။
" လြင္.... "
သဘာဝတရားႀကီးက ပူလွပါတယ္ဆို ထိုအသံက်ယ္က်ယ္က နားကိုပူအိုက္ေစေတာ့မည္။
" ဖယ္စမ္းပါ ပူရတဲ့ထဲ "
အခန္းထဲအတင္းဝင္ေရာက္ကာ လူကိုအတင္းဖက္တြယ္လာသည္က တျခားသူမဟုတ္ ၾကက္တူေ႐ြးေကာင္၊ရွင္းသန့္ဦး။
" မင္းလာတာ ငါ့ကို ဘာမွေတာင္မေျပာဘူး ... ဆရာေျပာမွ သိရတယ္ "
ရွင္းသန့္ဦးက ျမန္မာနိုင္ငံကိုျပန္ေရာက္လာကတည္းက ေဖေဖတို႔ကုမၸဏီမွာ အလုပ္ဝင္ေနတာျဖစ္သည္။ လြင္တို႔နဲ႕သိ၍ ထိုကုမၸဏီမွာ အလုပ္ဝင္ေရာက္ခဲ့ျခင္းေတာ့မဟုတ္၊တိုက္ဆိုင္စြာ၊သူ႕အရည္အခ်င္းနဲ႕သူ ဝင္ေရာက္ျခင္းျဖစ္သည္။
" ေျပာေတာ့ ျမန္မာနိုင္ငံျပန္ေရာက္ရင္စီးကရက္မေသာက္ေတာ့ဘူးဆို ၊ အလိုလိုျပတ္မွာဆို "
လြင့္လက္ၾကားထဲက စီးကရက္ကို ၾကည့္ၿပီး မဲ့ကာ႐ြဲ႕ကာေစာင္းေျပာသည္။
အင္း ... အလိုလိုျပတ္သြားသည္။စီးကရက္မဟုတ္တဲ့ မျမင္နိုင္တဲ့ႀကိဳးမွ်င္ေတြ။
" နားၿငီးလိုက္တာ "
ထုံးစံအတိုင္း လြင္ ေျပာေတာ့ " ဒီအသံ မၾကားရတာၾကာၿပီ " ဆိုကာ " ထပ္ေျပာပါဦး " ဆိုၿပီး ေနာက္ေျပာင္ေနေသးသည္။ စိတ္ရႈပ္စရာေကာင္။
လြင့္အခန္းထဲမွာ ထိုင္စရာေနရာရယ္လို႔ သီးသန့္မရွိတာေၾကာင့္ ရွင္းသန့္ဦးက
လြင့္အိပ္ယာေပၚကို သူ႕အိပ္ယာအလား လွဲအိပ္သည္။
"မင္း ဦးနဲ႕ ေတြ႕ၿပီးၿပီလား "
လြင္ဘာမွမဆိုဘဲ စီးကရက္သာ ဖြာေနလိုက္သည္။လြင့္ပုံကို ၾကည့္ၿပီး လြင္ ဦးနဲ႕ ေတြ႕ၿပီးၿပီကို အလိုလိုသိသြားပုံသည္။
" အေျခအေန "
" အဟင္း "
လြင္ ဟခနဲ႕တခ်က္ ရယ္လိုက္သည္။ ဘာအေျခအေနလဲ။ ရယ္စရာေကာင္းလိုက္တာ။
" ျပာေတြကို စည္းမရွိကမ္းမရွိခ်ျပန္ၿပီ ႏြေရာသီေနာ္ မီးသတိထားဦး "
" အကုန္လုံးျပာျဖစ္သြားလည္း မဆိုးဘူး "
" စကားေျပာတတ္တယ္ဆိုတိုင္း ေလွ်ာက္ေျပာေနေတာ့တာပဲ "
ႏွစ္ေယာက္သား ဘာစကားမွမေျပာျဖစ္ဘဲ ၿငိမ္ေနမိသည္။ ႏြေက တကယ္ကိုေျခာက္ေသြ႕ေသြ႕။
" ဟူး .... "
ထိုသက္ျပင္းခ်သံက လြင့္ဆီကမဟုတ္၊ ၾကက္တူေ႐ြးေကာင္ထံမွ။
" ဘာလဲ "
လြင္ ေမးဆတ္ကာေမးေတာ့ ယဲ့ယဲ့ကေလးၿပဳံးသည္။ ဝမ္းနည္းစိတ္ကိုဖုံးကြယ္သည့္ အၿပဳံးမ်ိဳး။
" ငါ မမကို ဖြင့္ေျပာလိုက္တယ္ "
" လက္ခံလား "
" ျငင္းခံလိုက္ရတယ္ "
လြင္ အေျဖကို သိၿပီးသားပင္။ အျပန္အလွန္ေမတၱာရဖို႔ လြယ္ကူသည့္အရာမွ မဟုတ္ဘဲ။ေမတၱာက တန္ဖိုးႀကီးသည္။
" ဦးက မမရဲ႕အစ္ကိုမလား "
" ဘယ္လိုသိလဲ "
" မမေျပာတာ "
မႏြေးၾကည္လင္က လြင့္ကို သိတယ္ဆိုတဲ့သေဘာလား။
" မင္းအေၾကာင္းေတြသိခ်င္လို႔ ငါ့ကိုအရာသြင္းခဲ့တာတဲ့ ... ငါက အျငင္းခံရ႐ုံတင္မဟုတ္ဘူး အသုံးခ်ခံပါ ျဖစ္ခဲ့တာ "
ရွင္းသန့္ဦးစကားေၾကာင့္ လြင္အံဩရသည္။ ဒါဘယ္လိုအေျခအေနႀကီးလဲ။မႏြေးၾကည္လင္က အစကတည္းက လြင့္ကိုသိရဲ႕သားနဲ႕ မသိခ်င္ေယာင္ေဆာင္ခဲ့တာလား။ တမင္တကာ လြင္နဲ႕ဆုံေအာင္ ဖန္တီးခဲ့တာလား။ ၿပီးေတာ့ ဘာအတြက္နဲ႕ လြင့္အေၾကာင္းကို သိခ်င္ရတာလဲ။ ဘာေၾကာင့္လဲ။
" မင္းတို႔ေတြ သိပ္ရက္စက္တာပဲ "
အက္ကြဲကြဲအသံနဲ႕ နာက်င္ေနတဲ့ရွင္းသန့္ဦးဟာ လြင့္ေခါင္းဦးမွာ မ်က္ႏွာအပ္လို႔။ လြင္ ရွင္းသန့္ဦးအနားကို သြားလိုက္ကာ ရွင္းသန့္ဦး နား ၊ နားကပ္လိုက္သည္။
" သေရေတြ မက်ေစနဲ႕ေနာ္ "
" ငါ .. ခ်ီး ..."