Thank You.

4.1K 234 81
                                    


Hello Htet ပါ။
" မေတ္တာတော်ကဲ " Fiction လေးက တစ်နှစ်ကျော်အကြာမှာ Complete ဖြစ်သွားပါပြီရှင့်။ စိတ်ရှည်ရှည်နဲ့အဆုံးထိ လိုက်လာပေးခဲ့ကြပြီး ချစ်ခြင်းများစွာဖြင့် ဖတ်ရှူပေးခဲ့ကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လေးစားစွာဖြင့် ကျေးဇူးတင်ပါတယ်ရှင့်။

ထက်က ဝါသနာရှင်အဆင့်သာရှိသေးတာကြောင့် အရေးအသားကျစ်လစ်မှုတွေမှာ လိုအပ်ချက်လေးတွေရှိပါသေးတယ်ရှင်။ မေတ္တာတော်ကဲ fictionလေးက လိုအပ်ချက်လေးတွေ ရှိနေသေးပေမဲ့ စိတ်တိုင်းကျမိတဲ့ Fictionလေးပါရှင်။

ဇာတ်ကောင်တွေ ငိုရင်လိုက်ငို၊ရယ်ရင်လိုက်ရယ်ပြီး ရေးခဲ့တဲ့Fictionလေးမလို့နှစ်သက်သဘောကျပေးတယ်ဆိုကျေးဇူးတင်ပါတယ်ရှင်။

( စကားချပ် - ဒေါ်ခင်ထားနွယ်ရဲ့ တောင်ငူဒေသသံလေးကို နောက်ပိုင်းမှာ မထည့်ထားမိပါဘူးရှင်၊ပြင်ဆင်ဖို့အခွင့်အရေးရခဲ့ရင်ပြင်ဆင်ပါ့မယ်ရှင်)

မေတ္တာတော်ကဲ မှာပေးထားတဲ့
Comment တစ်ခုချင်းစီကို တန်ဖိုးထားဖတ်ပြီး ရင်ထဲသိမ်းထားပါတယ်ရှင်။ မှတ်ချက်လေးတွေက သိပ်ကိုချစ်စရာကောင်းပြီး နွေးထွေးတာကြောင့် ထက်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တဲ့အခါတိုင်း လာဖတ်ဖြစ်ပြီး ပြုံးရနွေးရနဲ့ ပင်ပန်းမှုတွေ တကယ်ပျောက်ခဲ့ရတာကြောင့် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

" မေတ္တာတော်ကဲ " Fiction လေးထဲက ဇာတ်ကောင်လေးတွေဟာ အကုန်လုံးဇာတ်ဆောင်လေးတွေပါပဲ။ ဦးကြည်ရှင်းမောင်၊ လွင်၊ဒေါ်ခင်ထားနွယ်၊ဒေါ်သီသီနိုင်၊ဦးမြတ်သျှံ၊ဖွားမြိုင်၊ကိုကိုမင်း​မြတ်သျှံ၊နွေးကြည်လင်၊ရှင်းသန့်ဦး၊မသက်ထားခင်မိသားစု ပါဝင်တဲ့ဇာတ်ကောင်တိုင်းကို ချစ်ရမြတ်နိုးရပြီးတန်ဖိုးထားရပါတယ်ရှင်။

ဦးကြည်ရှင်းမောင်နဲ့လွင်ကတော့ ဇာတ်လမ်းတစ်ပုဒ်လုံးကိုထွေးပိုက်ထားတဲ့လူသားနှစ်ဦးပေါ့လေ။ ဦးကြည်ရှင်းမောင်က ထက်ရဲ့ Ideal Type မလို့ ဦးကြည်ရှင်းမောင်အခန်းလေးတွေရေးတိုင်း ရင်ခုန်ရပါတယ်😁။

ဇာတ်လမ်းလေးက လွင့်ခံစားချက်လေးနဲ့အတူစတင်ခဲ့တယ်ဆိုတာ မှတ်မိကြဦးမယ်ထင်ပါတယ်ရှင်။လွင့်ခံစားမှုလေးတွေဟာ လွင့်ပတ်ဝန်းကျင်၊မိသားစုအသိုင်းအဝိုင်းကနေတဆင့်ရရှိခဲ့တာကြောင့် လွင့်မိသားစုဝင်တွေဟာဇာတ်လမ်းကို အစပျိုးပေးသူ​တွေလို့ဆိုလို့ရပါတယ်။အထူးသဖြင့်ဦးမြတ်သျှံနဲ့ဒေါ်သီသီနိုင်တို့ဟာ ထိုနေရာရဲ့ဇာတ်ဆောင်လေးတွေပေါ့ရှင့်။ ဖွားမြိုင်နဲ့ကိုကိုဟာ လွင့်ရဲ့လုံခြုံမှုရိပ်မြုံလေးဖြစ်ပေးခဲ့ကြတယ်မဟုတ်လား။ဖွားမြိုင်နဲ့ကိုကိုသာ မပါဝင်ခဲ့ရင် လွင်ဟာ ရှင်သန်ရတာ သိပ်ကိုပင်ပန်းနေရှာလိမ့်မယ်။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now