Part - 12

6.5K 452 32
                                    

ဦးမေမေဆင်ပေးထားတဲ့ ချည်သားဝမ်းဆက်လေးဟာ လွင်နဲ့အံဝင်ခွင်ကျလိုက်ဖက်စွာပင်။ မေမေ့လို အဝတ်အစားကောင်းတွေဝတ်ဖို့ မပြောဘဲ " ရာသီဥတုကပူတယ် သားငယ်ရဲ့ပေါ့ပါးတာလေးတွေ ဝတ်တော့ အပူသက်သာတာပေါ့ သားငယ်က ဘာလေးပဲဝတ်ဝတ် ရှစ်စရာကောင်းနေတာပဲ " ဆိုတဲ့ စကားကို လွင်သဘောကျမိပါရဲ့။

" ဒီနေ့မနက်စာက မုန့်ဟင်းခါး
သားငယ်ကြိုက်ရဲ့လား "

ထမင်းစားပွဲဝိုင်းထက်မှာ မုန့်ဖတ်၊ဟင်းရည်၊အကြော်၊ပဲသီး၊ခရမ်းချဥ်သီး၊နံနံပင်၊ငရုပ်သီး၊သံပုရာသီး အစုံအလင်။

" လွင် ဘာကြိုက်လဲ မေမေ မမေးမိလိုက်လို့ အပျစ်ရောအကျဲရော ပြင်ထားတယ် ကြိုက်တာနဲ့စား"

ဦးမေမေပြောသည်ကို လွင် သိပ်နားမရှင်းတာကြောင့် မျက်နှာချင်းဆိုင်မှာထိုင်နေသည့်ဦးကို လှမ်းကြည့်မိသည်။ လွင် သိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ ဘာ်အချိန်ဘယ်နေရာမှာ ဘာပဲဖြစ်ဖြစ် အရင်ဆုံး ဦးမျက်နှာဆီ လှမ်းကြည့်တာက အကျင့်တစ်ခုလိုပင် ဖြစ်နေပြီဖြစ်သည်။

" ကိုယ်တို့တောင်ငူမှာ မုန့်ဟင်းခါးဟင်းရည်နှစ်မျိုးရှိတယ် ပဲမှုန့်နဲ့လုပ်တဲ့ဟင်းရည်အပျစ်ရယ် ဆန်​လှော်မှုန့်နဲ့လုပ်တဲ့ဟင်းရည်ကျဲရယ် "

လွင့်အပြုအမူတွေကို အလိုလိုနားလည်သဘောပေါက်သည့်ဦးက ချက်ချင်းပင်လွင် သိချင်သည့်အကြောင်းအရာကို ပြောပြလာသည်။

မြို့တစ်မြို့နဲ့တစ်မြို့ မတူကွဲပြားသည့် အရာတွေက အများသား။

ဦးက ပန်းကန်လုံးအလွတ်တစ်ခုကိုယူလိုက်ပြီး ဦး​မေ​မေအတွက် မုန့်ဟင်းခါးတစ်ပွဲကို ပြင်ဆင်ပေးသည်။

" မုန့်ဖတ်နည်းနည်းဟင်းရည်များများ မေမေ့အကြိုက် ကွက်တိ "

ဦးမေမေစကားကြောင့် ဦးက အသာပြုံးသည်။ ဦးမှာ အပြုံးတွေ သိပ်ပေါများမှန်း အခုမှသိရတယ်။ ဦးရဲ့အိမ်ကို ရောက်ကတည်းက ခနခနဆိုသလိုပြုံးသည်။ ကြည့်ရတာ အင်မတန်ရှုမဝပင်။

" လွင်ရော ဘာနဲ့စားမလဲ "

မွေးကတည်းက ထားရာနေ၊စေရာသွားခဲ့သူမို့ ရွေးချယ်မှုတွေမှာ လွင်သိပ်ကိုအားနည်းသည်။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now