အချစ်ထက်သာလွန်သော[Completed]

By Ta_yaw2006

905K 50.3K 3.2K

"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
ဇာတ်သိမ်းပိုင်း
memo
ART
Book!!

အပိုင်း(၂၆)

17.9K 1.2K 39
By Ta_yaw2006

Unicode

"ဖယ်ဦးလို့ လွမ်းစေသော်ရာ ငါဆော့ဦးမယ်"

"မဖယ်ဘူး"

လွမ်းစေသော် နေကာမျက်မှန်ကို တစ်ချက် မ တင်လိုက်ရင်း ဘောကွင်းပေါ်က ဖယ်ခိုင်းနေသော ငယ်ချစ်ဦးအား လျစ်လျှူရှုကာ နေမြဲအတိုင်းနေနေ၏။အကြောင်းအရင်းမှာ အပေါ်ပိုင်းဗလာနဲ့ ဘောကွင်းပေါ် မဆော့စေချင်ရုံသာဖြစ်သည်။

"အေး ဖယ်ပေးလို့ပြောနေတယ်နော် လွမ်းစေသော်"

"...."

မျက်နှာကို ရေသပ်ချလိုက်ရင်း နှာတစ်ချက်မှုတ်ကာ ဘောကွင်းပေါ် မိန့်မိန့်ကြီး နေနေတဲ့ လွမ်းစေသော် လက်မောင်းကို တစ်ချက်ရိုက်လိုက်၏။သည်ကောင်ကတော့ ဆော့ချင်လို့ပါဆို။

"အေး ပြီးတာပဲ"

ကျွန်တော့်ကို အရေးမလုပ်တဲ့ လွမ်းစေသော်ကို ခပ်ဆောင့်ဆောင့်ပြောကာ နေရာမှာ လှည့်ထွက်လာခဲ့လိုက်တော့ ဘောကွင်းပေါ်ကနေ ဝရုန်းသုန်းပါး ဆင်းလာသူက လွမ်းစေသော်။

"ဘယ်လဲ ဘယ်သွားမလို့လဲ"

"ဘောကွင်းသွားကောက်မလို့"

"ဟာ..."

လှုပ်ရှားသွားတဲ့ ရေသံနဲ့အတူ ကျွန်တော့်ခါးအား သိမ်းကြုံးဖက်လိုက်တဲ့ လက်တစ်စုံ။ချက်ချင်းဆိုသလို ကျွန်တော် ကြောင်အမ်းအမ်း ဖြစ်သွားရပြီး ရေကရင်ခေါင်းထိရောက်နေတာမို့ ဘေးရှိရာလူတွေ လွမ်းစေသော် ကျွန်တော့်ကို ဖက်ထားတယ် ဆိုတာမသိနိုင်။ဝင်လေထွက်လေမှန်စွာ အနိမ့်အမြင့်ဖြစ်နေတဲ့ရင်အုံ၊ကျွန်တော့်ကို စူးစိုက်ကြည့်နေတဲ့မျက်လုံးတွေ၊ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ လက်တွေ၊ဗိုက်သားချင်းပူးကပ်နေအောင် နီးနေတဲ့အနေအထား။ဒါဘယ်လို အခြေအနေကြီးလဲ။နားရွက်ဖျားကနေပါး။နေရောင်ကျလို့ ပူတက်လာတာမဟုတ်မှန်း ကျွန်တော်ကိုယ့်ကိုကိုယ် နားလည်စွာသိလိုက်သည်။

"မသွားရဘူး"

ကျွန်တော် နားမလည်စွာ တစ်ချက်ကြည့်တော့ လွမ်းစေသော်က အကြည့်တွေကို နားလည်သူပီပီ မျက်မှောင်ကြုတ်ရင်း ရှင်းပြလာသည်။

"အင်္ကျီ မပါဘဲ ကမ်းပေါ်မတက်ရဘူး"

"ဖယ်စမ်းပါကွာ"

ချုပ်နှောင်ထားတဲ့ လက်တွေဆီက လွတ်မြောက်အောင် လွမ်းစေသော်လက်တွေကြားက ကျွန်တော် ရုန်းလိုက်၏။ဒီလိုအခြေအနေမျိုးက ကြာကြာနေရင်မကောင်းမှန်း သိပြီးသား။ကျွန်တော်က တပ်မက်မှုရှိတဲ့ ယောင်္ကျားလေးဖြစ်နေလို့။

ရုန်းလေလေတင်းကြပ်လာလေလေ နောက်ဆုံး လွမ်းစေသော် စိတ်မရှည်စွာ ဆောင့်ဆွဲချလိုက်တာမို့ ရေထဲနစ်သလိုဖြစ်သွားကာ ပင်လယ်ရေဆိုတဲ့အတိုင်း နည်းနည်းလေးရေဝင်ရင်တောင် မွှန်းတက်တာမို့ ကျွန်တော့် နှာခေါင်းထဲ ပင်လယ်ရေတွေ အလုံးလိုက်အရင်းလိုက် ဝင်ရောက်လာတော့၏။ကျွန်တော် စိတ်တိုတိုနဲ့ ရင်အုံကျယ်ကြီးကို တွန်းထုတ်ရင်း

"လွမ်းစေသော် မင်း ရေတွေဝင်ကုန်ပြီ "

"အာ sorry sorry ရလား"

ဖက်ထားရာက ချက်ချင်းလွှတ်လိုက်ပြီး ရေမွှန်းနေတဲ့ကျွန်တော့်ကို မထိရက်မကိုင်ရက်စွာဖြင့် ပါးပြင်ပေါ် ငြင်သာစွာ လက်နှစ်ဖက်နဲ့အုပ်ကိုင်ရင်း

"အဆင်ပြေရဲ့လား ငါက မင်းကမ်းပေါ်တက်မှာစိုးလို့ ဆွဲလိုက်တာ"

ရေဝင်သွားတဲ့နှာခေါင်းကို မှုတ်ထုတ်ရင်း စိတ်မကြည်စွာ ပြန်ပြောမိ၏။

"ငါ့ဘာသာကမ်းတက်တာလေ မင်း လုပ်လိုက်ရင် ဇွတ် "

"ဟုတ်ပြီ ဟုတ်ပြီ ကိုကို တောင်းပန်တယ်နော်"

"ဖယ်!"

ပါးပေါ်ကလက်နှစ်ဖက်ကိုပုတ်ထုတ်ရင်း နေရာကနေလှည့်ထွက်လာလျှင်

"ဟာ...မသွားပါနဲ့ဆို"

"ဘာဖြစ်နေတာလဲ လွမ်းစေသော်"

ကျွန်တော် ထိုကဲ့သို့မေးလျှင် လွမ်းစေသော်က မသက်သာစွာဖြင့် ကျွန်တော့်ကို အထက်အောက်ဆုံအောင်ကြည့်ပြီး

"မြင်ကုန်မှာပေါ့ မင်းက အင်္ကျီဝတ်ဆိုတော့လည်းမဝတ်ဘူး"

ထိုအခါ လုံးလုံးထံမှ အဖေခေါ်ခံရပြီးနောက် လွမ်းစေသော်ဆီသွားပြီး ပေါက်ကရတွေလုပ်နေလို့ တစ်ချက်လောက်ဗြင်းလိုက်မိကာ လူကို မရမက အင်္ကျီဝတ်ခိုင်းနေတာကို ပြန်အမှတ်ရသွားတော့၏။ဒီကောင်ကတော့..

"မင်းမေကြီးတော် မင်းဝတ်ခိုင်းတဲ့ အင်္ကျီကိုလည်းကြည့်ဦး"

"ဘာဖြစ်နေလို့လဲ"

"အနွေးထည်အင်္ကျီကြီးလေ"

"အဲ့တာမှ ရေစိုရင် အတွင်းကဟာတွေမမြင်ရတော့ဘူးလေ အခြားအင်္ကျီဆို ရေစိုတာနဲ့ ကပ်နေမှာ"

လွမ်းစေသော်က မျက်နှာကို တစ်ချက်ညှိုးချကာ ၅နှစ်သားကလေးလို ပြောလာသည်။ဒါပဲ လွမ်းစေသော်လုပ်တက်တာ ဒါပဲရှိတယ်။အမြဲတမ်း အော်လိုက်ရင် မျက်နှာငယ်နဲ့ ။

"အဲ့တော့ငါက တစ်နေကုန် ဒီလိုပဲရေစိမ်နေရတော့မှာလား"

"အင်္ကျီယူပေးမယ် ဒီမှာခဏနေခဲ့"

ကျွန်တော်သက်ပြင်းကိုဖွဖွချရင်း အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီးအေးချမ်းတယ် ဟူသော ဆောင်ပုဒ်ကိုလက်ဆွဲထားသူပီပီ အချုပ်ကျနေတဲ့ တိရိစ္ဆာန်ကိုဘေးမဲ့ပေးလိုက်သလို "လုပ်ချင်တာသာ လုပ်တော့"ဟုပြောဖို့သာ တက်နိုင်တော့၏။လွမ်းစေသော်ထွက်သွားလျှင် ဘောကွင်းကျန်ခဲ့မှာပဲလို့ တွေးကာ ဘောကွင်းကို မျက်စောင်းထိုးနေတဲ့ ကျွန်တော့်မှာ ဘောကွင်းကြီးကိုင်ကာ တမမနဲ့ထွက်သွားတဲ့ လွမ်းစေသော်ကြောင့် အတွေးများပင် ပျောက်ဆုံးသွားရတော့သည်။စိတ်ထဲကနေ ကျိန်ဆဲလိုက်ရင်း လည်ပင်းကိုပွတ်သပ်မိတော့ တစ်ခုခုလစ်ဟာနေမှု။ ကျွန်တော်တန်ဖိုးထားရတဲ့ အရာတစ်ခုပျောက်ဆုံးသွားသလို အထိတ်တလန့်ကြီးစွာ မျက်လုံးများပင်ပြူးကျယ်သွားတော့၏။ ဆွဲကြိုး..

.....

လွှတ်ထွက်သွားတဲ့ အသိတရားကို ကြိုးနဲ့လှမ်းဆွဲလိုက်ရသလို ကျွန်တော့်နှုတ်ခမ်းကို ထိတွေ့နေတဲ့အရာတစ်ခု။နူးညံ့တယ်။ဝင်ရောက်လာတဲ့ လေတွေ။နစ်မွှန်းမှုနဲ့အတူ ကိုယ်တွင်းထဲ ဆန်တက်လာတဲ့ရေတွေ။ချောင်းတဟွတ်ဟွတ်ဆိုးရင်း မျက်လုံးများကိုဖြေးငြင်းစွာ ဖွင့်ကြည့်လိုက်လျှင် မြောက်ကြွသွားတဲ့ကျွန်တော့်ကိုယ်ဟာ တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲရောက်သွားလိမ့်မည်။"တော်သေးတာပေါ့"ဆိုတဲ့စကားသံတိုးတိုးကို ကျွန်တော်ထပ်ခါထပ်ခါကြားနေရသည်။ကျွန်တော်ဘာဖြစ်သွားတာလဲ။ကျွန်တော်မှတ်မိတာက ဆွဲကြိုးရှာတယ်။ပြီးတော့ လှိုင်းလုံးထဲကျွန်တော်ပါသွားတယ်။ပြီးတော့...ပြီးတော့ကျွန်တော် ရေနစ်သွားခဲ့တာပဲ။ကျွန်တော့်ကိုတင်းကြပ်စွာဆွဲဖက်ထားတဲ့သူကို မော့ကြည့်မိရာ
ကျွန်တော်ချစ်ရတဲ့ တစ်ယောက်သောသူ။ဒါဆို ကျွန်တော့်ရဲ့ပထမဆုံး အနမ်းမမည်တဲ့အနမ်းကို လွမ်းစေသော် ယူသွားလိုက်ပြီ။

"တောင်းပန်ပါတယ် ပစ်ထားခဲ့မိလို့ တောင်းပန်ပါတယ်"

ထိုအခါ ရေနစ်သွားရတဲ့အကြောင်းအရင်း ဖြစ်တဲ့ တင်းကြပ်စွာဆုတ်ထားတဲ့လက်ထဲမှ ဆွဲကြိုးလေးကိုဖြန့်ပြလိုက်ရင်း

"ဆွဲကြိုးကရေထဲပျက်ကျသွားလို့"

ကျွန်တော် အပျောက်ခံလို့မဖြစ်ဘူး။ဒါလွမ်းစေသော်ပေးတဲ့လက်ဆောင်။ကျွန်တော့်ဆွဲကြိုးက သော့ပုံစံလော့ကတ်။လွမ်းစေသော်ဆွဲကြိုးက သော့ခလောက် ပုံစံ လော့ကတ်။

၁၀တန်းနှစ် စာမေးပွဲနီးနေပြီဖြစ်တဲ့ကာလ ဖေဖော်ဝါရီလ။ဖေဖော်ဝါရီလရဲ့ လူငယ်တွေကြားရေပန်းစားတဲ့နေ့ ချစ်သူများနေ့။စာမှစာဖြစ်နေတဲ့ကျွန်တော်က ချစ်သူများနေ့ဆိုတာ ကြားဖူးပေမဲ့  ဘယ်ရက်ဘယ်နေ့မှန်းမသိခဲ့။ထုံးစံအတိုင်း လွမ်းစေသော်နဲ့အတူတူ ကျောင်းလာရင်း ကိုယ့်အတန်းထဲကိုယ်ဝင်တော့ ကျွန်တော့်နေရာမှာ ရှိနေတဲ့အရာတွေ။ကျွန်တော်နားမလည်စွာ ဘေးကလူတွေကို ကြည့်မိတော့ ပြုံးစိစိကြည့်တဲ့သူကတစ်မျိုး အားကျသလိုကြည့်တဲ့သူတစ်မျိုး။စာရွက်တွေ။ချော့ကလက်တွေ၊နှင်းဆီပန်း​တွေ၊ဘာတွေလဲ။ဘာလုပ်ရမှန်းမသိတာနဲ့ရှိသမျှ အကုန်စားပွဲခုံအောက်အကုန်သိမ်းရင်း တစ်ချို့တစ်ချို့ကို ဘုန်းမြတ်ပိုင် လိုချင်တယ်ဆိုတဲ့ အရာတွေကိုပေးလိုက်ပြီး ကိုယ်လုပ်စရာရှိတဲ့ စာသာလုပ်လိုက်နေ၏။မုန့်စားကျောင်းဆင်းတဲ့ အချိန် အမြဲရောက်လာတက်တဲ့လွမ်းစေသော်က ထိုပစ္စည်းတွေကိုမြင်တော့ ကျွန်တော့်ခွင့်ပြုချက်မပါပဲ သူ့သူငယ်ချင်းတွေကို အကုန်ဝေပေးလေ၏။ ကျွန်တော်ကတော့ မနိုင်သူပီပီ လက်ပိုက်ကြည့်နေရုံသာ။

"ရော့"

ကျောင်းဆင်းချိန် အဆောင်ရှေ့ကဧကရာဇ်ပင်အောက်က ခုံတန်းလေးပေါ်ထိုင်ရင်း လူရှင်းတဲ့ထိစောင့်နေချိန် အမြင်အာရုံထဲ ဝင်ရောက်လာတဲ့ coupleဆွဲကြိုး ပါကင်ထုတ်လေး။ကျွန်တော်နားမလည်စွာ လွမ်းစေသော်ကိုကြည့်ရင်း

"ဘာလဲ"

"မင်းကို ပေးတာ ကြိုက်တဲ့တစ်ခုရွေး"

ဘာရယ်မဟုတ် ဒီတိုင်းလက်ဆောင်ပေးတာပဲ ဆိုပြီး ပြီးပြီးရော သော့ပုံစံလော့ကတ်သီးလေးကို ကျွန်တော် ရွေးယူလိုက်၏။လွမ်းစေသော်ကကျန်ရှိနေတဲ့ သော့ခလောက်ပါတဲ့ ဆွဲကြိုးလေးကို ယူဆွဲရင်း

"ဟုတ်ပြီ ကိုကို့ နှလုံးသားကို သော့ခတ်လိုက်ပြီ"

ဆွဲကြိုးကိုဆွဲတော့မည့် ကျွန်တော်က ကျောက်ဖြစ်ရုပ်ကြွင်းလူသားလို ဘာမှမလှုပ်နိုင်တော့သလို လွမ်းစေသော်ရဲ့စကားမှာ အတွေးများစွာ ကြောင်အနေခဲ့သည်။ပိုဆိုးတာက ထပ်ပြောလာတဲ့စကား။လွမ်းစေသော်က သူ့ရင်ဘတ်ကို လက်ညှိုးထိုးရင်း

"ငါ့နှလုံးသားကို ဖွင့်နိုင်မဲ့ သော့ပိုင်ရှင်ကမင်းတစ်ယောက်ထဲ"

"အိုက်ယား စတာ စတာ"

ခန္ဓာကိုယ်တွင်း ကိန်းဝှက်နေတဲ့ ရှက်စိတ်တွေက မျက်နှာဆီကို ခလုတ်တိုက်ရင်း ဝင်ရောက်လာသလို ချောင်းပင် တဟွတ်ဟွတ်ဆိုးမိတဲ့အထိ။ တုန်ရီနေတဲ့ရင်ကို လျစ်လျှူရှုရင်း ဆွဲကြိုးကိုဆွဲလိုက်ရာ ဆွဲကြိုးဆွဲနေတဲ့ ကျွန်တော့်လက်တွေပင် တုန်ရီနေခဲ့သည်။

" ဘာ ဘာလို့ပေးပါတာလဲ"

ကျွန်တော့်အမေးကို လွမ်းစေသော်က သရဲအခြောက်ခံလိုက်ရသလို ပြူးပြူးကြီးကြည့်နေရင်းမှ

"ဟမ် မသိဘူးလား ဒီနေ့ဘာနေ့လဲ ဆိုတာ"

"မသိဘူးလေ"

"တကယ်ကြီးလား"

"အေး တကယ်"

လွမ်းစေသော်က နေရခက်သလို ချောင်းတစ်ချက်ဟန့်ရင်း

"ချစ်သူများနေ့လေ"

"..."

ဒါက ဘယ်လိုအခြေအနေလဲ။ကျွန်တော်တို့နှစ်ယောက်က မသိရင် သမီးရည်းစားချိန်းတွေ့နေသလို။အာ မဟုတ်ဘူး လျှောက်မတွေးရဘူး၊အင်း ဟုတ်တယ် လျှောက်မတွေးရဘူး။

"ပြီးတော့"

လွယ်အိတ်ထဲကထုတ်ပေးလာတဲ့ ခပ်နွမ်းနွမ်း နှင်းဆီပန်းရောင်လေးကို ကျွန်တော့်ထံလှမ်းပေးကာ မျက်နှာလွဲသွားသူက လွမ်းစေသော်။ဘာလို့ ဒီနေ့မှနေရခက်နေရတာလဲ။တိုက်ခက်လာတဲ့လေတစ်ဝှေ့က ချမ်းစိမ့်စိမ့် သို့သော် နှလုံးသား တစ်နေရာက ခပ်နွေးနွေး။ကံ့ကော်ပန်းတွေရဲ့အဓိပ္ပါယ်ကိုဖော်ပြတဲ့သူ။အချစ်ရဲ့အဓိပ္ပါယ်ကိုပါ သိအောင်သင်ပြပေးတဲ့သူ။ကျွန်တော် ခပ်ပြုံးပြုံးဘဲ နှင်းဆီပန်းလေးကိုကိုင်ရင်း

"ဒီတစ်ခါရော နှင်းဆီပန်းရဲ့ အဓိပ္ပါယ်ကို ပြောမပြဘူးလား"

"သိချင်လား"

"အင်း"

တစ်ကျောင်းလုံး တစ်ယောက်မှမရှိတော့သည့်နှယ် တိတ်ဆိတ်ငြိမ်သက်စွာ လေတိုက်သံမှအပ ကျွန်တော်တို့၂ယောက်မှာ တိတ်ဆိတ်စွာဖြင့် အကြည့်ချင်းဆုံမိခိုက် လွမ်းစေသော်ရဲ့ အသံကတည်ကြည်စွာ ထွက်ပေါ်လာ၏။

"နှင်းဆီ အပန်းရောင်ရဲ့ အဓိပ္ပာယ်က.."

"..."

"မြတ်နိုးတယ် ပြီးတော့.."

"တန်ဖိုးထားတယ်"

.....
Ta_yaw
Surprise!!!!!
ကိုယ်ချစ်လို့updateစောပေးတာနော် သဘောကျရင်voteပေးခဲ့နော်
Words_1875
Recommended song_ချစ်ခွင့်ရချင်ပြီ

Zawgyi

"ဖယ္ဦးလို႔ လြမ္းေစေသာ္ရာ ငါေဆာ့ဦးမယ္"

"မဖယ္ဘူး"

လြမ္းေစေသာ္ ေနကာမ်က္မွန္ကို တစ္ခ်က္ မ တင္လိုက္ရင္း ေဘာကြင္းေပၚက ဖယ္ခိုင္းေနေသာ ငယ္ခ်စ္ဦးအား လ်စ္လ်ႉရႈကာ ေနၿမဲအတိုင္းေနေန၏။အေၾကာင္းအရင္းမွာ အေပၚပိုင္းဗလာနဲ႕ ေဘာကြင္းေပၚ မေဆာ့ေစခ်င္႐ုံသာျဖစ္သည္။

"ေအး ဖယ္ေပးလို႔ေျပာေနတယ္ေနာ္ လြမ္းေစေသာ္"

"...."

မ်က္ႏွာကို ေရသပ္ခ်လိဳက္ရင္း ႏွာတစ္ခ်က္မႈတ္ကာ ေဘာကြင္းေပၚ မိန့္မိန့္ႀကီး ေနေနတဲ့ လြမ္းေစေသာ္ လက္ေမာင္းကို တစ္ခ်က္ရိုက္လိုက္၏။သည္ေကာင္ကေတာ့ ေဆာ့ခ်င္လို႔ပါဆို။

"ေအး ၿပီးတာပဲ"

ကြၽန္ေတာ့္ကို အေရးမလုပ္တဲ့ လြမ္းေစေသာ္ကို ခပ္ေဆာင့္ေဆာင့္ေျပာကာ ေနရာမွာ လွည့္ထြက္လာခဲ့လိုက္ေတာ့ ေဘာကြင္းေပၚကေန ဝ႐ုန္းသုန္းပါး ဆင္းလာသူက လြမ္းေစေသာ္။

"ဘယ္လဲ ဘယ္သြားမလို႔လဲ"

"ေဘာကြင္းသြားေကာက္မလို႔"

"ဟာ..."

လႈပ္ရွားသြားတဲ့ ေရသံနဲ႕အတူ ကြၽန္ေတာ့္ခါးအား သိမ္းႀကဳံးဖက္လိုက္တဲ့ လက္တစ္စုံ။ခ်က္ခ်င္းဆိုသလို ကြၽန္ေတာ္ ေၾကာင္အမ္းအမ္း ျဖစ္သြားရၿပီး ေရကရင္ေခါင္းထိေရာက္ေနတာမို႔ ေဘးရွိရာလူေတြ လြမ္းေစေသာ္ ကြၽန္ေတာ့္ကို ဖက္ထားတယ္ ဆိုတာမသိနိုင္။ဝင္ေလထြက္ေလမွန္စြာ အနိမ့္အျမင့္ျဖစ္ေနတဲ့ရင္အုံ၊ကြၽန္ေတာ့္ကို စူးစိုက္ၾကည့္ေနတဲ့မ်က္လုံးေတြ၊ခါးကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားတဲ့ လက္ေတြ၊ဗိုက္သားခ်င္းပူးကပ္ေနေအာင္ နီးေနတဲ့အေနအထား။ဒါဘယ္လို အေျခအေနႀကီးလဲ။နား႐ြက္ဖ်ားကေနပါး။ေနေရာင္က်လိဳ႕ ပူတက္လာတာမဟုတ္မွန္း ကြၽန္ေတာ္ကိုယ့္ကိုကိုယ္ နားလည္စြာသိလိုက္သည္။

"မသြားရဘူး"

ကြၽန္ေတာ္ နားမလည္စြာ တစ္ခ်က္ၾကည့္ေတာ့ လြမ္းေစေသာ္က အၾကည့္ေတြကို နားလည္သူပီပီ မ်က္ေမွာင္ၾကဳတ္ရင္း ရွင္းျပလာသည္။

"အကၤ်ီ မပါဘဲ ကမ္းေပၚမတက္ရဘူး"

"ဖယ္စမ္းပါကြာ"

ခ်ဳပ္ႏွောင္ထားတဲ့ လက္ေတြဆီက လြတ္ေျမာက္ေအာင္ လြမ္းေစေသာ္လက္ေတြၾကားက ကြၽန္ေတာ္ ႐ုန္းလိုက္၏။ဒီလိုအေျခအေနမ်ိဳးက ၾကာၾကာေနရင္မေကာင္းမွန္း သိၿပီးသား။ကြၽန္ေတာ္က တပ္မက္မႈရွိတဲ့ ေယာကၤ်ားေလးျဖစ္ေနလို႔။

႐ုန္းေလေလတင္းၾကပ္လာေလေလ ေနာက္ဆုံး လြမ္းေစေသာ္ စိတ္မရွည္စြာ ေဆာင့္ဆြဲခ်လိဳက္တာမို႔ ေရထဲနစ္သလိုျဖစ္သြားကာ ပင္လယ္ေရဆိုတဲ့အတိုင္း နည္းနည္းေလးေရဝင္ရင္ေတာင္ မႊန္းတက္တာမို႔ ကြၽန္ေတာ့္ ႏွာေခါင္းထဲ ပင္လယ္ေရေတြ အလုံးလိုက္အရင္းလိုက္ ဝင္ေရာက္လာေတာ့၏။ကြၽန္ေတာ္ စိတ္တိုတိုနဲ႕ ရင္အုံက်ယ္ႀကီးကို တြန္းထုတ္ရင္း

"လြမ္းေစေသာ္ မင္း ေရေတြဝင္ကုန္ၿပီ "

"အာ sorry sorry ရလား"

ဖက္ထားရာက ခ်က္ခ်င္းလႊတ္လိုက္ၿပီး ေရမႊန္းေနတဲ့ကြၽန္ေတာ့္ကို မထိရက္မကိုင္ရက္စြာျဖင့္ ပါးျပင္ေပၚ ျငင္သာစြာ လက္ႏွစ္ဖက္နဲ႕အုပ္ကိုင္ရင္း

"အဆင္ေျပရဲ႕လား ငါက မင္းကမ္းေပၚတက္မွာစိုးလို႔ ဆြဲလိုက္တာ"

ေရဝင္သြားတဲ့ႏွာေခါင္းကို မႈတ္ထုတ္ရင္း စိတ္မၾကည္စြာ ျပန္ေျပာမိ၏။

"ငါ့ဘာသာကမ္းတက္တာေလ မင္း လုပ္လိုက္ရင္ ဇြတ္ "

"ဟုတ္ၿပီ ဟုတ္ၿပီ ကိုကို ေတာင္းပန္တယ္ေနာ္"

"ဖယ္!"

ပါးေပၚကလက္ႏွစ္ဖက္ကိုပုတ္ထုတ္ရင္း ေနရာကေနလွည့္ထြက္လာလွ်င္

"ဟာ...မသြားပါနဲ႕ဆို"

"ဘာျဖစ္ေနတာလဲ လြမ္းေစေသာ္"

ကြၽန္ေတာ္ ထိုကဲ့သို႔ေမးလွ်င္ လြမ္းေစေသာ္က မသက္သာစြာျဖင့္ ကြၽန္ေတာ့္ကို အထက္ေအာက္ဆုံေအာင္ၾကည့္ၿပီး

"ျမင္ကုန္မွာေပါ့ မင္းက အကၤ်ီဝတ္ဆိုေတာ့လည္းမဝတ္ဘူး"

ထိုအခါ လုံးလုံးထံမွ အေဖေခၚခံရၿပီးေနာက္ လြမ္းေစေသာ္ဆီသြားၿပီး ေပါက္ကရေတြလုပ္ေနလို႔ တစ္ခ်က္ေလာက္ျဗင္းလိုက္မိကာ လူကို မရမက အကၤ်ီဝတ္ခိုင္းေနတာကို ျပန္အမွတ္ရသြားေတာ့၏။ဒီေကာင္ကေတာ့..

"မင္းေမႀကီးေတာ္ မင္းဝတ္ခိုင္းတဲ့ အကၤ်ီကိုလည္းၾကည့္ဦး"

"ဘာျဖစ္ေနလို႔လဲ"

"အႏြေးထည္အကၤ်ီႀကီးေလ"

"အဲ့တာမွ ေရစိုရင္ အတြင္းကဟာေတြမျမင္ရေတာ့ဘူးေလ အျခားအကၤ်ီဆို ေရစိုတာနဲ႕ ကပ္ေနမွာ"

လြမ္းေစေသာ္က မ်က္ႏွာကို တစ္ခ်က္ညွိုးခ်ကာ ၅ႏွစ္သားကေလးလို ေျပာလာသည္။ဒါပဲ လြမ္းေစေသာ္လုပ္တက္တာ ဒါပဲရွိတယ္။အၿမဲတမ္း ေအာ္လိုက္ရင္ မ်က္ႏွာငယ္နဲ႕ ။

"အဲ့ေတာ့ငါက တစ္ေနကုန္ ဒီလိုပဲေရစိမ္ေနရေတာ့မွာလား"

"အကၤ်ီယူေပးမယ္ ဒီမွာခဏေနခဲ့"

ကြၽန္ေတာ္သက္ျပင္းကိုဖြဖြခ်ရင္း အ႐ူးစိတ္ခ်မ္းသာရင္ ကမၻာႀကီးေအးခ်မ္းတယ္ ဟူေသာ ေဆာင္ပုဒ္ကိုလက္ဆြဲထားသူပီပီ အခ်ဳပ္က်ေနတဲ့ တိရိစ္ဆာန္ကိုေဘးမဲ့ေပးလိုက္သလို "လုပ္ခ်င္တာသာ လုပ္ေတာ့"ဟုေျပာဖို႔သာ တက္နိုင္ေတာ့၏။လြမ္းေစေသာ္ထြက္သြားလွ်င္ ေဘာကြင္းက်န္ခဲ့မွာပဲလို႔ ေတြးကာ ေဘာကြင္းကို မ်က္ေစာင္းထိုးေနတဲ့ ကြၽန္ေတာ့္မွာ ေဘာကြင္းႀကီးကိုင္ကာ တမမနဲ႕ထြက္သြားတဲ့ လြမ္းေစေသာ္ေၾကာင့္ အေတြးမ်ားပင္ ေပ်ာက္ဆုံးသြားရေတာ့သည္။စိတ္ထဲကေန က်ိန္ဆဲလိုက္ရင္း လည္ပင္းကိုပြတ္သပ္မိေတာ့ တစ္ခုခုလစ္ဟာေနမႈ။ ကြၽန္ေတာ္တန္ဖိုးထားရတဲ့ အရာတစ္ခုေပ်ာက္ဆုံးသြားသလို အထိတ္တလန့္ႀကီးစြာ မ်က္လုံးမ်ားပင္ျပဴးက်ယ္သြားေတာ့၏။ ဆြဲႀကိဳး..

.....

လႊတ္ထြက္သြားတဲ့ အသိတရားကို ႀကိဳးနဲ႕လွမ္းဆြဲလိုက္ရသလို ကြၽန္ေတာ့္ႏႈတ္ခမ္းကို ထိေတြ႕ေနတဲ့အရာတစ္ခု။ႏူးညံ့တယ္။ဝင္ေရာက္လာတဲ့ ေလေတြ။နစ္မႊန္းမႈနဲ႕အတူ ကိုယ္တြင္းထဲ ဆန္တက္လာတဲ့ေရေတြ။ေခ်ာင္းတဟြတ္ဟြတ္ဆိုးရင္း မ်က္လုံးမ်ားကိုေျဖးျငင္းစြာ ဖြင့္ၾကည့္လိုက္လွ်င္ ေျမာက္ႂကြသြားတဲ့ကြၽန္ေတာ့္ကိုယ္ဟာ တစ္စုံတစ္ေယာက္ရဲ႕ရင္ခြင္ထဲေရာက္သြားလိမ့္မည္။"ေတာ္ေသးတာေပါ့"ဆိုတဲ့စကားသံတိုးတိုးကို ကြၽန္ေတာ္ထပ္ခါထပ္ခါၾကားေနရသည္။ကြၽန္ေတာ္ဘာျဖစ္သြားတာလဲ။ကြၽန္ေတာ္မွတ္မိတာက ဆြဲႀကိဳးရွာတယ္။ၿပီးေတာ့ လွိုင္းလုံးထဲကြၽန္ေတာ္ပါသြားတယ္။ၿပီးေတာ့...ၿပီးေတာ့ကြၽန္ေတာ္ ေရနစ္သြားခဲ့တာပဲ။ကြၽန္ေတာ့္ကိုတင္းၾကပ္စြာဆြဲဖက္ထားတဲ့သူကို ေမာ့ၾကည့္မိရာ
ကြၽန္ေတာ္ခ်စ္ရတဲ့ တစ္ေယာက္ေသာသူ။ဒါဆို ကြၽန္ေတာ့္ရဲ႕ပထမဆုံး အနမ္းမမည္တဲ့အနမ္းကို လြမ္းေစေသာ္ ယူသြားလိုက္ၿပီ။

"ေတာင္းပန္ပါတယ္ ပစ္ထားခဲ့မိလို႔ ေတာင္းပန္ပါတယ္"

ထိုအခါ ေရနစ္သြားရတဲ့အေၾကာင္းအရင္း ျဖစ္တဲ့ တင္းၾကပ္စြာဆုတ္ထားတဲ့လက္ထဲမွ ဆြဲႀကိဳးေလးကိုျဖန့္ျပလိုက္ရင္း

"ဆြဲႀကိဳးကေရထဲပ်က္က်သြားလို႔"

ကြၽန္ေတာ္ အေပ်ာက္ခံလို႔မျဖစ္ဘူး။ဒါလြမ္းေစေသာ္ေပးတဲ့လက္ေဆာင္။ကြၽန္ေတာ့္ဆြဲႀကိဳးက ေသာ့ပုံစံေလာ့ကတ္။လြမ္းေစေသာ္ဆြဲႀကိဳးက ေသာ့ခေလာက္ ပုံစံ ေလာ့ကတ္။

၁၀တန္းႏွစ္ စာေမးပြဲနီးေနၿပီျဖစ္တဲ့ကာလ ေဖေဖာ္ဝါရီလ။ေဖေဖာ္ဝါရီလရဲ႕ လူငယ္ေတြၾကားေရပန္းစားတဲ့ေန႕ ခ်စ္သူမ်ားေန႕။စာမွစာျဖစ္ေနတဲ့ကြၽန္ေတာ္က ခ်စ္သူမ်ားေန႕ဆိုတာ ၾကားဖူးေပမဲ့  ဘယ္ရက္ဘယ္ေန႕မွန္းမသိခဲ့။ထုံးစံအတိုင္း လြမ္းေစေသာ္နဲ႕အတူတူ ေက်ာင္းလာရင္း ကိုယ့္အတန္းထဲကိုယ္ဝင္ေတာ့ ကြၽန္ေတာ့္ေနရာမွာ ရွိေနတဲ့အရာေတြ။ကြၽန္ေတာ္နားမလည္စြာ ေဘးကလူေတြကို ၾကည့္မိေတာ့ ၿပဳံးစိစိၾကည့္တဲ့သူကတစ္မ်ိဳး အားက်သလိုၾကည့္တဲ့သူတစ္မ်ိဳး။စာ႐ြက္ေတြ။ေခ်ာ့ကလက္ေတြ၊ႏွင္းဆီပန္းေတြ၊ဘာေတြလဲ။ဘာလုပ္ရမွန္းမသိတာနဲ႕ရွိသမွ် အကုန္စားပြဲခုံေအာက္အကုန္သိမ္းရင္း တစ္ခ်ိဳ႕တစ္ခ်ိဳ႕ကို ဘုန္းျမတ္ပိုင္ လိုခ်င္တယ္ဆိုတဲ့ အရာေတြကိုေပးလိုက္ၿပီး ကိုယ္လုပ္စရာရွိတဲ့ စာသာလုပ္လိုက္ေန၏။မုန့္စားေက်ာင္းဆင္းတဲ့ အခ်ိန္ အၿမဲေရာက္လာတက္တဲ့လြမ္းေစေသာ္က ထိုပစၥည္းေတြကိုျမင္ေတာ့ ကြၽန္ေတာ့္ခြင့္ျပဳခ်က္မပါပဲ သူ႕သူငယ္ခ်င္းေတြကို အကုန္ေဝေပးေလ၏။ ကြၽန္ေတာ္ကေတာ့ မနိုင္သူပီပီ လက္ပိုက္ၾကည့္ေန႐ုံသာ။

"ေရာ့"

ေက်ာင္းဆင္းခ်ိန္ အေဆာင္ေရွ႕ကဧကရာဇ္ပင္ေအာက္က ခုံတန္းေလးေပၚထိုင္ရင္း လူရွင္းတဲ့ထိေစာင့္ေနခ်ိန္ အျမင္အာ႐ုံထဲ ဝင္ေရာက္လာတဲ့ coupleဆြဲႀကိဳး ပါကင္ထုတ္ေလး။ကြၽန္ေတာ္နားမလည္စြာ လြမ္းေစေသာ္ကိုၾကည့္ရင္း

"ဘာလဲ"

"မင္းကို ေပးတာ ႀကိဳက္တဲ့တစ္ခုေ႐ြး"

ဘာရယ္မဟုတ္ ဒီတိုင္းလက္ေဆာင္ေပးတာပဲ ဆိုၿပီး ၿပီးၿပီးေရာ ေသာ့ပုံစံေလာ့ကတ္သီးေလးကို ကြၽန္ေတာ္ ေ႐ြးယူလိုက္၏။လြမ္းေစေသာ္ကက်န္ရွိေနတဲ့ ေသာ့ခေလာက္ပါတဲ့ ဆြဲႀကိဳးေလးကို ယူဆြဲရင္း

"ဟုတ္ၿပီ ကိုကို႔ ႏွလုံးသားကို ေသာ့ခတ္လိုက္ၿပီ"

ဆြဲႀကိဳးကိုဆြဲေတာ့မည့္ ကြၽန္ေတာ္က ေက်ာက္ျဖစ္႐ုပ္ႂကြင္းလူသားလို ဘာမွမလႈပ္နိုင္ေတာ့သလို လြမ္းေစေသာ္ရဲ႕စကားမွာ အေတြးမ်ားစြာ ေၾကာင္အေနခဲ့သည္။ပိုဆိုးတာက ထပ္ေျပာလာတဲ့စကား။လြမ္းေစေသာ္က သူ႕ရင္ဘတ္ကို လက္ညွိုးထိုးရင္း

"ငါ့ႏွလုံးသားကို ဖြင့္နိုင္မဲ့ ေသာ့ပိုင္ရွင္ကမင္းတစ္ေယာက္ထဲ"

"အိုက္ယား စတာ စတာ"

ခႏၶာကိုယ္တြင္း ကိန္းဝွက္ေနတဲ့ ရွက္စိတ္ေတြက မ်က္ႏွာဆီကို ခလုတ္တိုက္ရင္း ဝင္ေရာက္လာသလို ေခ်ာင္းပင္ တဟြတ္ဟြတ္ဆိုးမိတဲ့အထိ။ တုန္ရီေနတဲ့ရင္ကို လ်စ္လ်ႉရႈရင္း ဆြဲႀကိဳးကိုဆြဲလိုက္ရာ ဆြဲႀကိဳးဆြဲေနတဲ့ ကြၽန္ေတာ့္လက္ေတြပင္ တုန္ရီေနခဲ့သည္။

" ဘာ ဘာလို႔ေပးပါတာလဲ"

ကြၽန္ေတာ့္အေမးကို လြမ္းေစေသာ္က သရဲအေျခာက္ခံလိုက္ရသလို ျပဴးျပဴးႀကီးၾကည့္ေနရင္းမွ

"ဟမ္ မသိဘူးလား ဒီေန႕ဘာေန႕လဲ ဆိုတာ"

"မသိဘူးေလ"

"တကယ္ႀကီးလား"

"ေအး တကယ္"

လြမ္းေစေသာ္က ေနရခက္သလို ေခ်ာင္းတစ္ခ်က္ဟန့္ရင္း

"ခ်စ္သူမ်ားေန႕ေလ"

"..."

ဒါက ဘယ္လိုအေျခအေနလဲ။ကြၽန္ေတာ္တို႔ႏွစ္ေယာက္က မသိရင္ သမီးရည္းစားခ်ိန္းေတြ႕ေနသလို။အာ မဟုတ္ဘူး ေလွ်ာက္မေတြးရဘူး၊အင္း ဟုတ္တယ္ ေလွ်ာက္မေတြးရဘူး။

"ၿပီးေတာ့"

လြယ္အိတ္ထဲကထုတ္ေပးလာတဲ့ ခပ္ႏြမ္းႏြမ္း ႏွင္းဆီပန္းေရာင္ေလးကို ကြၽန္ေတာ့္ထံလွမ္းေပးကာ မ်က္ႏွာလြဲသြားသူက လြမ္းေစေသာ္။ဘာလို႔ ဒီေန႕မွေနရခက္ေနရတာလဲ။တိုက္ခက္လာတဲ့ေလတစ္ေဝွ႕က ခ်မ္းစိမ့္စိမ့္ သို႔ေသာ္ ႏွလုံးသား တစ္ေနရာက ခပ်နွေးနွေး။ကံ့ကော်ပန်းတွေရဲ့အဓိပ္ပါယ်ကိုဖော်ပြတဲ့သူ။အချစ်ရဲ့အဓိပ္ပါယ်ကိုပါ သိေအာင္သင္ျပေပးတဲ့သူ။ကြၽန္ေတာ္ ခပ္ၿပဳံးၿပဳံးဘဲ ႏွင္းဆီပန္းေလးကိုကိုင္ရင္း

"ဒီတစ္ခါေရာ ႏွင္းဆီပန္းရဲ႕ အဓိပ္ပါယ်ကို ေျပာမျပဘူးလား"

"သိခ်င္လား"

"အင္း"

တစ္ေက်ာင္းလုံး တစ္ေယာက္မွမရွိေတာ့သည့္ႏွယ္ တိတ္ဆိတ္ၿငိမ္သက္စြာ ေလတိုက္သံမွအပ ကြၽန္ေတာ္တို႔၂ေယာက္မွာ တိတ္ဆိတ္စြာျဖင့္ အၾကည့္ခ်င္းဆုံမိခိုက္ လြမ္းေစေသာ္ရဲ႕ အသံကတည္ၾကည္စြာ ထြက္ေပၚလာ၏။

"ႏွင္းဆီ အပန္းေရာင္ရဲ႕ အဓိပၸာယ္က.."

"..."

"ျမတ္နိုးတယ္ ၿပီးေတာ့.."

"တန္ဖိုးထားတယ္"

.....
Ta_yaw
Surprise!!!!!
ကိုယ္ခ်စ္လို႔updateေစာေပးတာေနာ္ သေဘာက်ရင္voteေပးခဲ့ေနာ္
Words_1875
Recommended song_ခ်စ္ခြင့္ရခ်င္ၿပီ

Continue Reading

You'll Also Like

788K 51K 25
လွန်းဂုဏ်ရှိန် 💛 နိုရာ ကိုယ်ချစ်နေရသူက ပွေလွန်းရှုပ်လွန်းသူဖြစ်နေသည့်အခါ မိမိကိုချစ်မြတ်နိုးလာနိုင်ပါ့မလား ..... ဤဇာတ်လမ်း၌ပါဝင်သော ဇာတ်ကောင်နှင့်ဇာ...
1.4M 235K 123
Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသားဆိုး အေယာင္ေဆာင္) / (ကျောင်းသားဆိုး အယေ...
1.3M 55.4K 54
"မောင့်အရိပ်က ပြောပြပါအုံး...မောင့်ကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ" စာလုံးပေါင်းမမှန်တာတွေ လက်တစ်လောပြန်မပြင်နိုင်သေးတာကြောင့်...အဆင်ပြေမှဖတ်ပါရှင့်။ ...