Unicode
အခန်း-၁၀၂ အချစ်ကူ၏ လျှို့ဝှက်ချက်။
[ကျေးဇူးပြုပြီး ငါ့ကိုယ်ငါ ပိုမုန်းမိအောင်မလုပ်ပါနဲ့]
စုဟွိုက်ကျူးသည် သူ၏အဆင့်မြင့်ပန်းလက်ထောက်များအား ဝါးဥယျာဉ်ကျွန်းဆွယ်မှ စေလွှတ်ကာ ကုရော့ဟိုင် ဦးဆောင်သော တပ်ဖွဲ့များကို တိုက်ခိုက်စေသည်။
တိုက်ပွဲအများစုသည် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေခဲ့သည်။ နောက်ဆုံး ဝါးဥယျာဉ်ကျွန်းဆွယ်သို့ ခြေချနိုင်ခဲ့သည့် သူများသည် ကုရော့ဟိုင်၊ ဖုန်းလင်နှင့် ချန်ဖုန်းရွာမှ လက်ရွေးစင် သိုင်းပညာရှင်နှစ်ဦး၊ ဝူကျန်းမန်မှ ကိုယ်ဖော့ပညာကျွမ်းကျင်သူနှစ်ဦးတို့သာ ဖြစ်သည်။
စုဟွိုက်ကျူး၏အကြည့်သည် ကုရော့ဟိုင်ဆီသို့
မကျရောက်မီ စက္ကန့်အနည်းငယ် ဝူကျန်းမန်မှ သိုင်းပညာရှင်နှစ်ဦးအပေါ်တွင် ရှိနေခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်များမှ မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ဒါက မင်းနဲ့ငါကြားက တိုက်ပွဲပဲ။ အတိတ်မှာ ဖြစ်ပျက်ခဲ့သမျှတွေကို ပစ္စုပ္ပန်မှာ ရှင်းလင်းကြရအောင်... သေတဲ့အထိ တိုက်ကြရအောင်!" သူက တည်ငြိမ်စွာဆိုရင်း သူ၏ခါးမှ ကြာပွတ်ကဲ့သို့ ပျော့ပျောင်းသောဓားကိုဆွဲထုတ်လိုက်လေသည်။
ပြီးသည်နှင့် ကုရော့ဟိုင်နှင့် ထိပ်တိုက်တိုက်ခိုက်ရန် ခုန်တိုးလာခဲ့၏။
ကုရော့ဟိုင်သည် ထိုးနှက်ခြင်းကို တားဆီးရန် သူ၏ဓားကို မြှောက်လိုက်သော်လည်း မျက်မှောင် ကြုတ်ကာစုဟွိုက်ကျူးအား တွေဝေစွာ စိုက်ကြည့်မိသည်။
စုဟွိုက်ကျူးက သူ့အား မေးခွန်းမေးရန် အခွင့်မပေးဘဲ ပါးလွှာသောဓားကို ပြင်းပြင်းထန်ထန် လွှဲယမ်းကာ ရင်သပ်ရှုမောဖွယ် အကကို ပုံဖော်လိုက်သည်။ ဓားသွားသည် ပန်းပွင့်အစုအဝေးနှင့်တူပြီး ကုရော့ဟိုင်အား ဝါးမျိုလုနီးနီးပင်။
ကုရော့ဟိုင်သည် တိုက်ခိုက်မှုများကိုတွန်းလှန်ရန် သူ၏ဓားကို ဝေ့ယမ်းရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။
တစ်ဖက်တွင် မေ့ရှစ်စန်းသည် အခြားသူများကို ဟန့်တားရန် ပန်းလက်ထောက်များကို ညွှန်ကြားခဲ့ပြီး သူက အံကိုကြိတ်ကာ ဖုန်းလင်နှင့် ရင်ဆိုင်ခဲ့သည်။
စုဟွိုက်ကျူး၏ နောက်လိုက်ပန်းလက်ထောက်များသည် မိစ္ဆာဂိုဏ်းရှိ အဆင့်မြင့်သိုင်းပညာရှင်များဖြစ်ကြပြီး ၎င်းတို့၏ သိုင်းပညာစွမ်းရည်မှာ အတော်လေး သာလွန်ကောင်းမွန်ပေသည်။ သည့်အပြင် ထန်းယွင်စံအိမ်နှင့် ချန်ဖုန်းရွာမှ သိုင်းပညာရှင်များသည် ဤတိုက်ပွဲ၏ ရည်ရွယ်ချက်အမှန်ကို အနည်းနှင့် အများသိရှိကြပြီး နှစ်ဖက်စလုံးသည် ဝူကျန်းမန်မှ လူများကို ချောင်ပိတ်ရန် တိတ်တဆိတ် ပူးပေါင်းခဲ့ကြသည်။
ကုရော့ဟိုင်နှင့် စုဟွိုက်ကျူးတို့သည် အကွက်ပေါင်းများစွာ ဖလှယ်ခဲ့ကြသည်။ ပြင်ပလူများအတွက်မူ သူတို့သည် စုဟွိုက်ကျူး၏ 'သေတဲ့အထိတိုက်ခိုက်ရအောင်' ဟူသော စကားအတိုင်း အမှန်တကယ်လိုက်နာနေသကဲ့သို့ အပြင်းအထန်တိုက်ခိုက်နေပုံရလေသည်။
သို့သော် တကယ်တမ်းတွင် သူတို့နှစ်ဦးလုံးမှာ ခွန်အားအပြည့်အဝကို အမှန်တကယ် အသုံးချကြသည်မဟုတ်မှန်း သိကြသော်လည်း ကုရော့ဟိုင်၏ မျက်မှောင်ကြုတ်မှုသည် ပိုမိုနက်ရှိုင်းလာပြီး သူ၏ ခွန်အားကို အဆက်မပြတ် လျှော့ချလာခဲ့သည်။
"မင်းဘာဖြစ်နေတာလဲ?"
အချိန်အတော်ကြာအောင် ပြိုင်ဆိုင်ပြီးနောက် ကုရော့ဟိုင်သည် နောက်ဆုံးတွင် သူ၏အသံကို မျဉ်းတစ်ကြောင်းအဖြစ် စုစည်းပြီး စုဟွိုက်ကျူး၏နားထဲသို့ ပို့လိုက်သည်။
"မင်းရဲ့အတွင်းအားနဲ့ အသက်ရှူနှုန်းက......ဘာလို့ဒီလောက်ရှုပ်ပွနေရတာလဲ?"
စုဟွိုက်ကျူးသည် ကုရော့ဟိုင်၏ဓားကို ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်ပြီး ရှေ့တိုး အရှိန်ပြင်းပြင်းတိုးလာကာ နတ်ကြာပွင့်ဓားသိုင်းဖြင့် ပြိုင်ဘက်အား ဆက်တိုက် ဆုတ်ခွာသွားစေရန် ဖိအားပေးခဲ့သည်။
ကုရော့ဟိုင်သည် ရေကဲ့သို့ ငြိမ်သက်နေသည့် စုဟွိုက်ကျူး၏ မျက်လုံးများကို ကြည့်လိုက်သည်။ ရုတ်တရက် နှလုံးခုန်နှုန်းပင် မှားသွားရ၏။
စုဟွိုက်ကျူးသည် သူ၏ မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်းများကို လှည့်၍ အဝေးကို ပြေးထွက်မသွားမီ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တစ်စက္ကန့်လောက် ကြည့်နေခဲ့ကြသည်။
ကုရော့ဟိုင်သည် ချက်ချင်း သူ့နောက်မှ ပြေးလိုက်သွား၏။
မေ့ရှစ်စန်းသည် စုဟွိုက်ကျူး၏ ထူးခြားမှုကို ရိပ်မိပြီး "ဂိုဏ်းချုပ်!" ဟု လှမ်းခေါ်လိုက်သော်လည်း ဖုန်းလင်၏ တိုက်ခိုက်မှုကြောင့် တိုက်ပွဲထဲသို့ ချက်ချင်း ပြန်သွင်းခံခဲ့ရပြီး သူ့ကိုယ်သူ ရုန်းမထွက်နိုင်တော့ပေ။
ဖုန်းလင်က မေ့ရှစ်စန်းအား တိတ်တဆိတ် သတိပေးလာလေသည်။
"မင်းပါ ထွက်သွားရင် မင်းလူတွေ သူတို့ကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘူးနော်"
မေ့ရှစ်စန်းသည် ဝူကျန်းမန် တိုက်ခိုက်ရေးသမားများ ဝင်ရောက်ဖို့ အခွင့်အရေးကို တားဆီးရန်အတွက် လူတိုင်းအား ကြိုးတံတားရှေ့ အဖွင့်နေရာကို ဆက်လက်တိုက်ထုတ်ရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။
......
စုဟွိုက်ကျူးသည် ဝါးဥယျာဉ်ကျွန်းဆွယ်ရှိ ခမ်းနားထည်ဝါစွာ အလှဆင်ထားသော ခန်းဆောင်ထဲသို့ ထွက်ပြေးသွားသည်။ ကြည်လင်နေသော လရောင်အောက်တွင် အခန်းတံခါးဝ၌ "ကတ္တီပါစိမ်း" ဟူသော စာလုံးဖြင့် ယပ်တောင်ပုံသဏ္ဍာန် ဘုတ်ပြားကို မြင်နိုင်သည်။
သို့သော် မူလက ရင်သပ်ရှုမောဖွယ်ကောင်းသော ခန်းဆောင်သည် ယခုအခါ လုံးဝတိတ်ဆိတ်နေပြီး၊ မီးခွက်လေးတစ်ခုပင် မထွန်းထားဘဲ ဤနေရာသည် ခေတ်အဆက်ဆက် လူနေထိုင်ခြင်းမရှိခဲ့သည့်ပုံ။ မရေမတွက်နိုင်သော ရွှေနှင့် ကျောက်စိမ်း အဆင်တန်ဆာများ၊ ပုတီးစေ့ ကန့်လန့်ကာများ၊ ပိုးထည်ပိတ်စ ကန့်လန့်ကာများသာ အမှောင်ထုတွင် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေပါသည်။
စုဟွိုက်ကျူးသည် တံခါးဘောင်ပေါ်တွင် သူ့ကိုယ်သူ ထောက်လိုက်ပြီး ချောင်းဆိုးသံ အနည်းငယ် ထွက်လာသည်။ ခဏအကြာမှ သူ၏ အာရုံများ ပြန်စုစည်းမိပြီး ခန်းဆောင်အတွင်းကို ကြည့်ရှုလိုက်၏။
သူက နှုတ်ခမ်းပေါ်ရှိ သွေးများကို သုတ်ကာ ခေါင်းမယမ်းမီ ခါးသီးစွာ ပြုံးလိုက်သည်။
သူလှည့်ထွက်ခါနီးတွင် ကုရော့ဟိုင်သည် သူ့နံဘေးသို့ ရုတ်တရတ် ရောက်ရှိလာပြီး သူ့လက်ကောက်ဝတ်ကို အတင်းဆွဲကိုင်ကာ သွေးစွန်းနေသော လက်ကို စူးစိုက်ကြည့်လိုက်သည်။
လရောင်ဖျော့ဖျော့အောက်တွင် စုဟွိုက်ကျူး၏ သွေးအရောင်မှာ မှင်ကဲ့သို့ နက်မှောင်နေပြီး သူ၏ ဖြူဖျော့သော အသားအရည်နှင့် ယှဉ်ပါက ပို၍ကြည့်ရဆိုးပေ၏။
စုဟွိုက်ကျူးသည် သူ၏လည်ချောင်းရှိ သွေးများကို မျိုသိပ်ခဲ့ပြီး ကုရော့ဟိုင်အား အဝေးသို့ ထွက်ခွာသွားစေရန် သူ၏အတွင်းအားကို အသုံးပြုခဲ့သည်။ သူလှည့်ထွက်သွားတော့မည်အပြု နောက်မှ ရုတ်တရက်လေသံတိုးတိုးထွက်ပေါ်လာလေ၏။
"ကျူးကျစ်အာ..."
စုဟွိုက်ကျူး၏ ခြေလှမ်းများသည် ဤမတွန်းလှန်နိုင်သော ခေါ်ဆိုသံကို ကြားလိုက်ရသောအခါ ခေတ္တရပ်တန့်သွားပြီး သူ့ရင်ဘတ်အတွင်း ဆက်တိုက်ထွက်ပေါ်လာသော ခံစားချက်များကို မတားဆီးနိုင်တော့ပေ။ ရုတ်တရက်ပင် သူ့တစ်ကိုယ်လုံး လေးလံလာပြီး ချောင်းဆိုးလာ၏။
ကုရော့ဟိုင်က ချက်ချင်းရောက်လာပြီး သူ့လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်သောအခါ စုဟွိုက်ကျူး၏ ခန္ဓာကိုယ်မှ ဖောက်ထွက်လာသည့် အအေးဓာတ်ကြောင့် အေးခဲသွားလေသည်။
အရေပြားခြင်း ထိတွေ့လိုက်သောအခါ သူ့ရှေ့ရှိ လူ၏ တုန်ယင်မှုမှာ ပို၍ပေါ်လွင်လာခဲ့သည်။ ကုရော့ဟိုင်သည် ဘာလုပ်ရမှန်း မသိတော့ဘဲ စုဟွိုက်ကျူး၏ မယ်ရီဒီယန်များကို စစ်ဆေးရန် သူ့အတွင်းအားကို အသုံးချကာ ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိရန် ကြိုးပမ်းခဲ့သည်။
"......သေစမ်း!"
စုဟွိုက်ကျူးက ကျယ်လောင်စွာ ကျိန်ဆဲပြီး ကုရော့ဟိုင်ကို တွန်းဖယ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
"မင်းရဲ့ အတွင်းအားတွေ... ပြန်ရုတ်သိမ်းလိုက်!"
သူ အသက်ရှူမဝသလို သူ့တစ်ကိုယ်လုံး တုန်ယီနေသော်လည်း သူသည် ကျယ်လောင်စွာ ညည်းညူခြင်းမပြုမိစေရန် ကိုယ့်လက်ကိုကိုက်ထားလိုက်သည်။ နှိမ်နှင်းရခက်သော အရာတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ မျက်မှောင်ကြုတ်ထားပြီး 'ကြက်သွေးနီညှိုးနွမ်းခြင်း' ကို သူ့ခန္ဓာကိုယ်အနှံ့ အမြန်ပျံ့နှံ့သွားစေ၏။
ကုရော့ဟိုင်က စိုးရိမ်တကြီးနှင့် ပြန်ချဉ်းကပ်လာခဲ့သည်။
"မင်းရဲ့ ခန္ဓာကိုယ် တစ်ခုခုဖြစ်နေတာလား။ ဘယ်အချိန်ကစတာလဲ? ဘာတွေဖြစ်နေတာလဲ...မြေကြီးပေါ်က သွေးတွေကရော ဘာတွေလဲ?"
စုဟွိုက်ကျူးသည် သူ၏ လက်ဖဝါး၌ အတွင်းအားများ စုစည်းကာ ကုရော့ဟိုင်အား နောက်တစ်ကြိမ် တွန်းထုတ်လိုက်ရင်း လည်ချောင်းထဲမှ အသံကို ညှစ်ထုတ်လိုက်သည်။
"ထွက်သွား!
သူအော်လိုက်သည်နှင့် ပါးစပ်မှ သွေးနှစ်ပွက် ရုတ်တရက် အန်ထွက်လာ၏။
ကုရော့ဟိုင်သည် ဤမြင်ကွင်းကိုမြင်တွေ့ပြီးမှ သည်အတိုင်း မည်သို့ထွက်သွားနိုင်မည်နည်း။
သူသည် ရှေ့ကို လျှပ်စီးကြောင်းကဲ့သို့ မြန်သော အရှိန်ဖြင့် တိုးလာပြီး စုဟွိုက်ကျူး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ ပြီးနောက် ပြိုင်ဘက်၏ ခုခံမှုကို တွန်းလှန်ရန် သူ၏ အတွင်းအားကို အသုံးပြုကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းခဲ့လေသည်။
ကျန်းယန်ကျောင်း၏နည်းပညာများမှအစပြုသော နွေးထွေးသော အတွင်းအားများသည် စုဟွိုက်ကျူး၏ မယ်ရီဒီယန်များကို လွှမ်းခြုံသွားပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ပြဿနာကို စုံစမ်းဖော်ထုတ်ရန် ကြိုးစားနေသည်။
အတွင်းအားသည် သူ့ခန္ဓာကိုယ်ထဲသို့သာ ဝင်ရောက်လာသောအခါ မမျှော်လင့်ဘဲ စုဟွိုက်ကျူးက တိုးညှင်းစွာ ညည်းတွားမိလေသည်။
နောက်အခိုက်အတန့်တွင် ကုရော့ဟိုင်သည် ကြီးမားသောရိုက်ခတ်မှုတစ်ခု ထိမှန်သွားခဲ့သည်။
စုဟွိုက်ကျူးသည် ကုရော့ဟိုင်၏ နှုတ်ခမ်းများအား ရုတ်တရက် နမ်းလိုက်ပြီး.. တစ်ဖက်လူ၏ နှုတ်ခမ်းများတွင် သူ၏နှုတ်ခမ်းများမှ သွေးများကို စွန်းပေသွားစေသည်။ သူတို့နှစ်ဦးကြားရှိ လေးလံသော အသက်ရှူသံများမှာ ထိန်းချုပ်မရတော့ချေ။ စုဟွိုက်ကျူးခံစားနေရသည့် ပျော်ရွှင်မှုမှာ ခြောက်သွေ့နေတဲ့ ရေကန်ထဲက ငါးတစ်ကောင်က မိုးရွာချလာတာကို မြင်လိုက်ရသလို၊ အချိန်ကြာမြင့်စွာ အစာငတ်ပြတ်နေသူ တစ်ဦးက များပြားလှသော အစားအသောက်များကို မြင်လိုက်ရသလိုပင်။ ပို၍ပို၍ လောဘကြီးလာပြီး....... သည့်အပြင် မထင်မှတ်ဘဲ အန္တရာယ်ရှိတဲ့ အငွေ့အသက်ကိုလည်း သယ်ဆောင်လာခဲ့သည်။
သို့သော်လည်း ကုရော့ဟိုင်၏ ထိတ်လန့်မှုသည် ဤရုတ်ခြည်းတိုက်ခိုက်လာသော အနမ်းကြောင့် မဟုတ်ခဲ့ပေ။
အနမ်းပြီးသည့်နောက် သူသည် တုန်ယင်နေသော အသံဖြင့် မေးလိုက်ပါ၏။
"...... မင်း အချစ်ကူကို ကူးစက်ထားတာလား။ စုဟွိုက်ကျူး.. မင်း ဘယ်တုန်းက အချစ်ကူကို ကူးစက်ခဲ့တာလဲ?"
စုဟွိုက်ကျူး၏ လက်ချောင်းများသည် အုတ်နံရံများကြားရှိ အက်ကွဲကြောင်းများအတွင်း နက်ရှိုင်းစွာ ကုတ်ခြစ်ကာ သွားများကို တင်းတင်းစေ့ပြီး ကုရော့ဟိုင်ထံမှ သူ့ကိုယ်သူ ရုန်းထွက်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းတစ်ခု စီးကျလာ၏။
"ဒီကနေ ထွက်သွား" သူက အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
"ငါမင်းကို အဟွတ် ...... မင်းကို မနာကျင်စေချင်ဘူး......"
ကုရော့ဟိုင်က သူ့စကားကို လျစ်လျူရှုကာ ထပ်မေးလာသည်။
"ဘယ်သူလဲ ...... မင်းကို အချစ်ကူကို ကူးစက်စေခဲ့တာ ဘယ်သူလဲလို့!"
စုဟွိုက်ကျူးသည် အကြိမ်အနည်းငယ် ပြင်းပြင်းထန်ထန် ချောင်းဆိုးကာ ဒေါသတကြီးပြောခဲ့သည်။
"ငါ မင်းကို ထွက်သွားဖို့ပြောနေတယ်လေ.. အခုချက်ချင်းထွက်သွား!"
"အချစ်ကူ......အဲ့လော့...... လော့ကျင်းလား?"
"မင်း သွားသေလိုက်!"
"ကျူးကျစ်အား......"
"သွား!"
ကုရော့ဟိုင်သည် စုဟွိုက်ကျူး၏ ဆန့်ကျင်မှုများကို လျစ်လျူရှုပြီး သူ့ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ ပြောလိုက်သည်။
"အဲဒီတုန်းက မင်းရဲ့အပြုအမူတွေက ဒီအချစ်ကူကြောင့်လား? မင်းငါ့ကိုဘာလို့မပြောပြခဲဲ့တာလဲ?
ဒီလိုဆို ..... မင်းသာ ငါ့ကို ပြောခဲ့မယ်ဆို ငါမင်းကို ဘယ်လိုလုပ် စွန့်လွှတ်ခဲ့မှာလဲ? ကျူးကျစ်အာ ...... ငါလေ......"
စုဟွိုက်ကျူးသည် အကြိမ်ပေါင်းများစွာ ချောင်းဆိုးခဲ့ပြီး သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားခဲ့သည်။ 'ကြက်သွေးနီညှိုးနွမ်းခြင်း' သည်ပင် သူ့ခန္ဓာကိုယ်အတွင်း ရုတ်ရုတ်သဲသဲဖြစ်စေသော ကူအဆိပ်ကို တားဆီးနိုင်စွမ်းမရှိတော့ပေ။
သူသည် အလိုလို သူ့လက်များကို ဖြည်းညှင်းစွာ တင်းကြပ်လိုက်ပြီး ကုရော့ဟိုင်ကို ပြန်လည်ပွေ့ဖက်ကာ သူ့လည်ချောင်းမှ သက်ပြင်းရှည်ကို ထုတ်လိုက်သည်။
"ငါမလုပ်နိုင်ဘူး......" သူ့အသံက တိုးညှင်းလွန်းသဖြင့်တစ်ဖက်လူက မကြားနိုင်လုနီးပါးပင်။
"ငါ မင်းကို ဒုက္ခမပေးနိုင်ဘူး......"
သူက ဆက်ပြော၏။
"သွားပြီး.. သွားပြီး ...... ငါ့အတွက် တစ်ယောက်ယောက်ကို ရှာပေးပါ.. ဘယ်ပန်းလက်ထောက်ဖြစ်ဖြစ် ငါ့ကို ကူညီနိုင်လိမ့်မယ်"
ကုရော့ဟိုင်သည် စုဟွိုက်ကျူး၏ အင်္ကျီအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး
"တစ်ယောက်ယောက်ကိုရှာရမယ်... ဘာလုပ်ဖို့လဲ?"
စုဟွိုက်ကျူးက တိုးညှင်းသောလေသံဖြင့် ဆို၏။
"မင်း ခန့်မှန်းနိုင်မှာပါ"
ကုရော့ဟိုင်က နှုတ်ဆိတ်နေသည်။
သို့သော် စုဟွိုက်ကျူး၏အင်္ကျီကို ဆုပ်ကိုင်ထားသည့် သူ့လက်များက ပို၍ပို၍တင်းကျပ်လာကာ သူ့နဖူးရှိ သွေးကြောများကိုပင် မြင်နိုင်သည်အထိ သူ၏အတွင်းစိတ်ခံစားမှုများသည် ရှင်းရှင်းလင်းလင်း တဟုန်းဟုန်းတောက်လောင်လာခဲ့သည်။ သူ၏မျက်နှာအမူအရာမှာ တည်ငြိမ်ခြင်းမရှိတော့ပေ။
"မင်းနှောင့်နှေးနေရင် ငါသေလိမ့်မယ်......" စုဟွိုက်ကျူးက သူ့ကို ကြမ်းကြမ်းတမ်းတမ်း တွန်းထုတ်လိုက်ပြီး အကြိမ်အနည်းငယ်ကြာအောင် ချောင်းထပ်ဆိုးလိုက်သည်။
"မင်းတစ်ယောက်ယောက်ကို လိုက်မရှာပေးဘူးဆိုရင် ငါသေလိမ့်မယ်......ငါမင်းကို တစ်ကြိမ်လောက် ထပ်ထိရုံနဲ့ ...... မင်းနှောင့်နှေးနေပြီး စမ်းကြည့်လို့ရတယ်......"
"ဘယ်ပန်းလက်ထောက်မဆို မင်းကို ကူညီပေးနိုင်တယ်ဆို?" ကုရော့ဟိုင်ကဆိုသည်။ "ဒါဆို ငါရောဘာလို့ မလုပ်နိုင်ရမှာလဲ?" အရင်တုန်းက ငါတို့ မလုပ်ဖူးတာကျနေတာပဲ"
စုဟွိုက်ကျူးသည် မျက်လုံးများကို လှန်လိုက်ပြီးနောက် ကုရော့ဟိုင်ကို စိုက်ကြည့်လိုက်သည်။ သူ၏ လည်ချောင်းများ တုန်ခါသွားပြီး အဆုံးတွင် ပြောလာပါ၏။
"...ပုပ်သိုးနေတဲ့ အဘိုးကြီး......"
ကုရော့ဟိုင်သည် သူ၏ရှေ့မှ အလွန်အားနည်းနေသောလူကို စိုက်ကြည့်ပြီး လူဆိုးလုပ်ရန် သူ့ကိုယ်သူ မတားဆီးနိုင်တော့ပေ။ သူကဘာမှပြန်မပြောဘဲ စုဟွိုက်ကျူး၏ အဝတ်များကို ချွတ်ရန် ပြင်လိုက်သည်။
စုဟွိုက်ကျူးက အော်လေ၏။
"ဟေး! မင်း!"
ထိုအချိန်တွင် သူတို့နောက်မှ ဆက်တိုက်အော်သံနှစ်ခု ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်!"
"စံအိမ်သခင်!"
စုဟွိုက်ကျူးသည် ကုရော့ဟိုင်ကို တွန်းထုတ်ရန် ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။ သူက ချဉ်းကပ်လာသူကို ကြည့်ပြီး မျက်မှောင်မကြုတ်ဘဲ မနေနိုင်ပေ။
"ရှစ်စန်း"
မေ့ရှစ်စန်းသည် စုဟွိုက်ကျူးနားသို့ လျင်မြန်စွာရောက်ရှိလာသည်။ သူ့လက်ရှိအခြေအနေကိုမြင်တော့ သူက စိုးရိမ်တကြီးနဲ့ ဆိုလေ၏။
"ကူအဆိပ်......ဂိုဏ်းချုပ် ဒီလက်အောက်ငယ်သား...... ဒီလက်အောက်ငယ်သားက သင့်ကို ကူညီပါ့မယ်......"
"အခြားတစ်ယောက်ကို သွားရှာစမ်း" စုဟွိုက်ကျူးက ငြင်းပယ်လိုက်၏။ "မင်းက ကိုးကြိမ် ပြီးသွားပြီ......"
မေ့ရှစ်စန်း : "ဂိုဏ်းချုပ်.. လောလောဆယ် ဝါးဥယျာဉ်ကျွန်းဆွယ်မှာ သင့်ရဲ့အခြေအနေကို သိထားတဲ့ ယုံကြည်ရတဲ့ ပန်းလက်ထောက်တွေ ရှိသေးပေမယ့် တော်တော်များများက အမြင့်ဆုံးအကြိမ်အရေအတွက်ကို ရောက်နေပြီ။ သင့်ရဲ့ ပြဿနာကို ကျော်ဖြတ်ဖို့ ကူညီပေးနိုင်သရွေ့ ဒီလက်အောက် ငယ်သားက သေရမယ်ဆိုရင်တောင် တွန့်ဆုတ်နေမှာ မဟုတ်ဘူး"
ကုရော့ဟိုင်က ချက်ချင်း ခေါင်းမော့ပြီး ဓားလို ထက်မြက်တဲ့ အကြည့်နဲ့ မေ့ရှစ်စန်းကို ကြည့်လိုက်သည်။
"...... သေရမယ်?"
မေ့ရှစ်စန်းက တုံ့ပြန်ခြင်းမရှိပါ။
ဖုန်းလင်က မျက်မှောင်ကြုတ်ပြီး ပြောလာ၏။
"စံအိမ်သခင်.. အပြင်က အခြေအနေက တော်တော်ကို အကြပ်အတည်းထဲရောက်နေတယ်။ ထုန်းယွင်ကျောင်းတော်နဲ့ ရွှမ်ကျီးကျောင်းတော်တို့က မျက်ဝန်းကျွမ်းဆွယ်မှာ ဘာမှမရှိကြောင်းသိတော့ အခုဝါးဥယျာဉ်ကျွန်းကို ဦးတည်လာကြပြီ။ ထုန်းယွင်ကျောင်းတော်က ဘယ်တုန်းကမှ ကျွန်တော်တို့နဲ့ ညှိနှိုင်းထားတာ မဟုတ်ဘူး။ ဝူကျန်းမန်ရဲ့လူတွေကလဲ သူတို့နောက်ကလိုက်လာနေပြီ။ ဒီအခြေအနေကို ကိုယ်တွယ်ရခက်မှာ စိုးရိမ်မိပါတယ်"
စုဟွိုက်ကျူးက ခပ်ဖွဖွ ရယ်မောလိုက်ပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။ သူက ကုရော့ဟိုင်ကိုပြောလိုက်၏။
"အရေးကြီးတဲ့ကိစ္စတွေကို မင်းအရင်သွားကိုင်တွယ်ထားလိုက်၊ ငါ မကြာခင်လိုက်လာခဲ့မယ်။ မေ့ရှစ်စန်း.. ငါ့ကိုကူညီပါ....."
ဒါကိုကြားတော့ ကုရော့ဟိုင်က စုဟွိုက်ကျူးရဲ့ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ့ကို လွှတ်ပေးဖို့ ငြင်းဆိုခဲ့သည်။
စုဟွိုက်ကျူးက ပြုံးလိုက်၏။
"...... အခုအခြေအနေက အရေးကြီးနေပြီ။ ငါပြောတဲ့အတိုင်း လုပ်ပါ"
ကုရော့ဟိုင်က ရူးလုမတတ်ဖြစ်နေလေပြီ။ သူသည် မေ့ရှစ်စန်းကို နောက်ဆုတ်ရန် လက်ဝှေ့ယမ်းလိုက်ပြီး စုဟွိုက်ကျူး၏ မေးစေ့ကို ဆွဲကိုင်ကာ မျက်လုံးများကို ကြည့်စေသည်။ သူက ခဏအံကြိတ်ပြီး ပြော၏။
"တကယ်တော့ အခြေအနေ တစ်ခုလုံးက အရေးကြီးတယ်။ စစ်မြေပြင်မှာ ငါပေါ်လာပြီး မင်းမရှိရင် ထန်းယွင်စံအိမ်က မင်းရဲ့ဝါးဥယျာဉ်ကျွန်းကို ပိုမြန်မြန် ထိန်းချုပ်သွားနိုင်လိမ့်မယ်!"
စုဟွိုက်ကျူးက အကြောင်းမပြန်နိုင်ပေ။
ကုရော့ဟိုင်က ဆက်ပြောသည်။
"မင်းရဲ့ အစီအစဉ်က ဘာလဲ? မရေမတွက်နိုင်တဲ့ သေရည်အိုးတွေနဲ့ ပတ်သက်နေတာလား။ တစ်ခုခုနှောင့်နှေးသွားရင် မင်းရဲ့အစီအစဉ်က ပြောင်းလဲသွားနိုင်လား?"
စုဟွိုက်ကျူးသည် သူ့အကြည့်ကို ဖြေလျှော့လိုက်ပြီး လေးလေးနက်နက် တွေးလိုက်သည်။
ကုရော့ဟိုင်သည် သူ၏အသွင်အပြင်ကိုကြည့်ကာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဆိုလာ၏။
"မင်းရဲ့ ပန်းလက်ထောက်စကားအရ တစ်ကြိမ်နှစ်ကြိမ်ဆို ငါထိခိုက်နိုင်မှာမဟုတ်ဘူးမလား? ငါတောင်းပန်ပါတယ်....ကျေးဇူးပြုပြီး ငါ့ကိုယ်ငါ ပိုမုန်းမိအောင် မလုပ်ပါနဲ့တော့။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ငါမှားခဲ့တာပါ။ အခုချိန်မှာ မင်းကို ကူညီပေးနိုင်မယ့် အခွင့်အရေးလေး တစ်ခုတောင် ငါ့ကိုမပေးချင်ဘူးလား?"
အချိန်အတော်ကြာပြီးနောက်၊ စုဟွိုက်ကျူးသည် စွမ်းအားမဲ့နေပုံရပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည်။
သူက ခေါင်းကို လှည့်ကာ အမိန့်ပေးရုံမှတပါး ရွေးချယ်စရာမရှိတော့ချေ။
"မေ့ရှစ်စန်း... တားမြစ်နယ်မြေကိုသွားပြီး စုယန်ကို ခေါ်။ သူ့ကို အချိန်မီ ခေါ်ထုတ်သွားပါ"
မေ့ရှစ်စန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမယ့် ဂိုဏ်းချုပ်......"
စုဟွိုက်ကျူးက ကုရော့ဟိုင်ကို စိုက်ကြည့်ရင်း ပြောလိုက်လေ၏။
"သွားတော့။ ဒီမှာ ငါ့ကိုကူညီဖို့ သူ့အသက်ကိုတောင် စွန့်ချင်တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိတယ်။ နောက်ထပ်ဘာတွေစိုးရိမ်စရာရှိသေးလို့လဲ...... အဟွတ် အဟွတ် ......အခုသွား"
ထိုအခါမှ မေ့ရှစ်စန်းလဲ သဘောတူညီပြီး ထွက်သွားခဲ့သည်။
ကုရော့ဟိုင်က စုဟွိုက်ကျူးကို သူ့ရင်ခွင်ထဲ၌ ဖက်ထားရင်း ဖုန်းလင်အား အမိန့်ပေးလိုက်သည်။
"အရှေ့မှာစောင့်နေပြီး ငါတို့နှစ်ယောက်လုံးကို ကာကွယ်ထားပါ"
ဖုန်းလင်၏ အမူအရာမှာ ရှုပ်ထွေးနေပြီး သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားသည်ကိုကြည့်ပြီးနောက် လက်သီးဆုပ်ကာ ခေါင်းညိတ်ပြခဲ့သည်။
"ဟုတ်ကဲ့"
စုဟွိုက်ကျူးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကုရော့ဟိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်၏။
ကုရော့ဟိုင်က သူ့ကို ပွေ့ချီကာ ကတ္တီပါစိမ်းခန်းဆောင် ကြီးအတွင်းရှိ အိပ်ဆောင်ထဲသို့ လျှောက်သွားခဲ့သည်။
ခန်းဆောင်တံခါးကြီးသည် သူတို့နှစ်ဦး၏နောက်တွင် ပိတ်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ခန်းဆောင်ရှေ့ရှိ နေရာလွတ်မှ လရောင်သည် ဖြာကျလျက်ရှိပြီး အပြင်ဘက်ရှိ ဖရိုဖရဲဖြစ်နေသော ကမ္ဘာနှင့် ကွဲပြားသော အငွေ့အသက်ကို ဆောင်ပါ၏။
_28.6.23
စာရေးဆရာမှာ ပြောစရာရှိပါတယ် :
ကောင်းပြီ။ လူကြီးအတွဲက အတိတ်မှာ ပါဝါကပ်ပယ် ဖြစ်ခဲ့တာကြောင့် သူတို့ရဲ့ ငယ်ရွယ်စဉ်က အကြောင်းတွေ ငါသိပ်မရေးတော့ဘူး။ အားလုံးက ဘယ်သူက gong ဘယ်သူက shou ဆိုတာ ဝေဝါးနေနိုင်တယ်။ တကယ်တော့ ဇာတ်လမ်းဇာတ်ကြောင်းအရ မိစ္ဆာဂိုဏ်းချုပ်က gong ဖြစ်ပြီး စံအိမ်သခင်က shou ပါ။
အဲ့တာဘာကြောင့်လဲဆိုတော့ အဆိပ်ကြောင့်ပါပဲ။ မိစ္ဆာဂိုဏ်းချုပ်က အားနည်းတဲ့ပုံဆိုပေမယ် သူတို့ကြားမှာ position အပြောင်းအလဲရှိမှာမဟုတ်တော့ပါဘူး။
စုဖေဖေက gong ပါတဲ့ညော် ಠ‿ಠ
Thanks for reading ❣️
Zawgyi
အခန္း-၁၀၂ အခ်စ္ကူ၏ လွ်ို႔ဝွက္ခ်က္။
[ေက်းဇူးျပဳၿပီး ငါ့ကိုယ္ငါ ပိုမုန္းမိေအာင္မလုပ္ပါနဲ႕]
စုဟြိုက္က်ဴးသည္ သူ၏အဆင့္ျမင့္ပန္းလက္ေထာက္မ်ားအား ဝါးဥယ်ာဥ္ကြၽန္းဆြယ္မွ ေစလႊတ္ကာ ကုေရာ့ဟိုင္ ဦးေဆာင္ေသာ တပ္ဖြဲ႕မ်ားကို တိုက္ခိုက္ေစသည္။
တိုက္ပြဲအမ်ားစုသည္ ေရွ႕မတိုးေနာက္မဆုတ္သာ ျဖစ္ေနခဲ့သည္။ ေနာက္ဆုံး ဝါးဥယ်ာဥ္ကြၽန္းဆြယ္သို႔ ေျခခ်နိဳင္ခဲ့သည့္ သူမ်ားသည္ ကုေရာ့ဟိုင္၊ ဖုန္းလင္ႏွင့္ ခ်န္ဖုန္း႐ြာမွ လက္ေ႐ြးစင္ သိုင္းပညာရွင္ႏွစ္ဦး၊ ဝူက်န္းမန္မွ ကိုယ္ေဖာ့ပညာကြၽမ္းက်င္သူႏွစ္ဦးတို႔သာ ျဖစ္သည္။
စုဟြိုက္က်ဴး၏အၾကည့္သည္ ကုေရာ့ဟိုင္ဆီသို႔
မက်ေရာက္မီ စကၠန႔္အနည္းငယ္ ဝူက်န္းမန္မွ သိုင္းပညာရွင္ႏွစ္ဦးအေပၚတြင္ ရွိေနခဲ့သည္။ သူ၏ ႏႈတ္ခမ္းေထာင့္မ်ားမွ မထီမဲ့ျမင္ျပဳေသာ အၿပဳံးတစ္ခု ေပၚလာခဲ့၏။
"ဒါက မင္းနဲ႕ငါၾကားက တိုက္ပြဲပဲ။ အတိတ္မွာ ျဖစ္ပ်က္ခဲ့သမွ်ေတြကို ပစၥဳပၸန္မွာ ရွင္းလင္းၾကရေအာင္... ေသတဲ့အထိ တိုက္ၾကရေအာင္!" သူက တည္ၿငိမ္စြာဆိုရင္း သူ၏ခါးမွ ၾကာပြတ္ကဲ့သို႔ ေပ်ာ့ေပ်ာင္းေသာဓားကိုဆြဲထုတ္လိုက္ေလသည္။
ၿပီးသည္ႏွင့္ ကုေရာ့ဟိုင္ႏွင့္ ထိပ္တိုက္တိုက္ခိုက္ရန္ ခုန္တိုးလာခဲ့၏။
ကုေရာ့ဟိုင္သည္ ထိုးႏွက္ျခင္းကို တားဆီးရန္ သူ၏ဓားကို ျမႇောက္လိုက္ေသာ္လည္း မ်က္ေမွာင္ ၾကဳတ္ကာစုဟြိုက္က်ဴးအား ေတြေဝစြာ စိုက္ၾကည့္မိသည္။
စုဟြိုက္က်ဴးက သူ႕အား ေမးခြန္းေမးရန္ အခြင့္မေပးဘဲ ပါးလႊာေသာဓားကို ျပင္းျပင္းထန္ထန္ လႊဲယမ္းကာ ရင္သပ္ရႈေမာဖြယ္ အကကို ပုံေဖာ္လိုက္သည္။ ဓားသြားသည္ ပန္းပြင့္အစုအေဝးႏွင့္တူၿပီး ကုေရာ့ဟိုင္အား ဝါးမ်ိဳလုနီးနီးပင္။
ကုေရာ့ဟိုင္သည္ တိုက္ခိုက္မႈမ်ားကိုတြန္းလွန္ရန္ သူ၏ဓားကို ေဝ့ယမ္းရန္မွတပါး အျခားေ႐ြးခ်ယ္စရာမရွိေပ။
တစ္ဖက္တြင္ ေမ့ရွစ္စန္းသည္ အျခားသူမ်ားကို ဟန႔္တားရန္ ပန္းလက္ေထာက္မ်ားကို ၫႊန္ၾကားခဲ့ၿပီး သူက အံကိုႀကိတ္ကာ ဖုန္းလင္ႏွင့္ ရင္ဆိုင္ခဲ့သည္။
စုဟြိုက္က်ဴး၏ ေနာက္လိုက္ပန္းလက္ေထာက္မ်ားသည္ မိစာၦဂိုဏ္းရွိ အဆင့္ျမင့္သိုင္းပညာရွင္မ်ားျဖစ္ၾကၿပီး ၎တို႔၏ သိုင္းပညာစြမ္းရည္မွာ အေတာ္ေလး သာလြန္ေကာင္းမြန္ေပသည္။ သည့္အျပင္ ထန္းယြင္စံအိမ္ႏွင့္ ခ်န္ဖုန္း႐ြာမွ သိုင္းပညာရွင္မ်ားသည္ ဤတိုက္ပြဲ၏ ရည္႐ြယ္ခ်က္အမွန္ကို အနည္းႏွင့္ အမ်ားသိရွိၾကၿပီး ႏွစ္ဖက္စလုံးသည္ ဝူက်န္းမန္မွ လူမ်ားကို ေခ်ာင္ပိတ္ရန္ တိတ္တဆိတ္ ပူးေပါင္းခဲ့ၾကသည္။
ကုေရာ့ဟိုင္ႏွင့္ စုဟြိုက္က်ဴးတို႔သည္ အကြက္ေပါင္းမ်ားစြာ ဖလွယ္ခဲ့ၾကသည္။ ျပင္ပလူမ်ားအတြက္မူ သူတို႔သည္ စုဟြိုက္က်ဴး၏ 'ေသတဲ့အထိတိုက္ခိုက္ရေအာင္' ဟူေသာ စကားအတိုင္း အမွန္တကယ္လိုက္နာေနသကဲ့သို႔ အျပင္းအထန္တိုက္ခိုက္ေနပုံရေလသည္။
သို႔ေသာ္ တကယ္တမ္းတြင္ သူတို႔ႏွစ္ဦးလုံးမွာ ခြန္အားအျပည့္အဝကို အမွန္တကယ္ အသုံးခ်ၾကသည္မဟုတ္မွန္း သိၾကေသာ္လည္း ကုေရာ့ဟိုင္၏ မ်က္ေမွာင္ၾကဳတ္မႈသည္ ပိုမိုနက္ရွိုင္းလာၿပီး သူ၏ ခြန္အားကို အဆက္မျပတ္ ေလွ်ာ့ခ်လာခဲ့သည္။
"မင္းဘာျဖစ္ေနတာလဲ?"
အခ်ိန္အေတာ္ၾကာေအာင္ ၿပိဳင္ဆိုင္ၿပီးေနာက္ ကုေရာ့ဟိုင္သည္ ေနာက္ဆုံးတြင္ သူ၏အသံကို မ်ဥ္းတစ္ေၾကာင္းအျဖစ္ စုစည္းၿပီး စုဟြိုက္က်ဴး၏နားထဲသို႔ ပို႔လိုက္သည္။
"မင္းရဲ႕အတြင္းအားနဲ႕ အသက္ရႉႏႈန္းက......ဘာလို႔ဒီေလာက္ရႈပ္ပြေနရတာလဲ?"
စုဟြိုက္က်ဴးသည္ ကုေရာ့ဟိုင္၏ဓားကို ျပင္းျပင္းထန္ထန္ ရိုက္ထုတ္လိုက္ၿပီး ေရွ႕တိုး အရွိန္ျပင္းျပင္းတိုးလာကာ နတ္ၾကာပြင့္ဓားသိုင္းျဖင့္ ၿပိဳင္ဘက္အား ဆက္တိုက္ ဆုတ္ခြာသြားေစရန္ ဖိအားေပးခဲ့သည္။
ကုေရာ့ဟိုင္သည္ ေရကဲ့သို႔ ၿငိမ္သက္ေနသည့္ စုဟြိုက္က်ဴး၏ မ်က္လုံးမ်ားကို ၾကည့္လိုက္သည္။ ႐ုတ္တရက္ ႏွလုံးခုန္ႏႈန္းပင္ မွားသြားရ၏။
စုဟြိုက္က်ဴးသည္ သူ၏ ျမတ္နိုးဖြယ္ပန္းပြင့္ေျခလွမ္းမ်ားကို လွည့္၍ အေဝးကို ေျပးထြက္မသြားမီ သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ တစ္စကၠန႔္ေလာက္ ၾကည့္ေနခဲ့ၾကသည္။
ကုေရာ့ဟိုင္သည္ ခ်က္ခ်င္း သူ႕ေနာက္မွ ေျပးလိုက္သြား၏။
ေမ့ရွစ္စန္းသည္ စုဟြိုက္က်ဴး၏ ထူးျခားမႈကို ရိပ္မိၿပီး "ဂိုဏ္းခ်ဳပ္!" ဟု လွမ္းေခၚလိုက္ေသာ္လည္း ဖုန္းလင္၏ တိုက္ခိုက္မႈေၾကာင့္ တိုက္ပြဲထဲသို႔ ခ်က္ခ်င္း ျပန္သြင္းခံခဲ့ရၿပီး သူ႕ကိုယ္သူ ႐ုန္းမထြက္နိုင္ေတာ့ေပ။
ဖုန္းလင္က ေမ့ရွစ္စန္းအား တိတ္တဆိတ္ သတိေပးလာေလသည္။
"မင္းပါ ထြက္သြားရင္ မင္းလူေတြ သူတို႔ကို ထိန္းထားနိုင္မွာ မဟုတ္ေတာ့ဘူးေနာ္"
ေမ့ရွစ္စန္းသည္ ဝူက်န္းမန္ တိုက္ခိုက္ေရးသမားမ်ား ဝင္ေရာက္ဖို႔ အခြင့္အေရးကို တားဆီးရန္အတြက္ လူတိုင္းအား ႀကိဳးတံတားေရွ႕ အဖြင့္ေနရာကို ဆက္လက္တိုက္ထုတ္ရန္မွတပါး အျခားေ႐ြးခ်ယ္စရာမရွိေပ။
......
စုဟြိုက္က်ဴးသည္ ဝါးဥယ်ာဥ္ကြၽန္းဆြယ္ရွိ ခမ္းနားထည္ဝါစြာ အလွဆင္ထားေသာ ခန္းေဆာင္ထဲသို႔ ထြက္ေျပးသြားသည္။ ၾကည္လင္ေနေသာ လေရာင္ေအာက္တြင္ အခန္းတံခါးဝ၌ "ကတၱီပါစိမ္း" ဟူေသာ စာလုံးျဖင့္ ယပ္ေတာင္ပုံသ႑ာန္ ဘုတ္ျပားကို ျမင္နိုင္သည္။
သို႔ေသာ္ မူလက ရင္သပ္ရႈေမာဖြယ္ေကာင္းေသာ ခန္းေဆာင္သည္ ယခုအခါ လုံးဝတိတ္ဆိတ္ေနၿပီး၊ မီးခြက္ေလးတစ္ခုပင္ မထြန္းထားဘဲ ဤေနရာသည္ ေခတ္အဆက္ဆက္ လူေနထိုင္ျခင္းမရွိခဲ့သည့္ပုံ။ မေရမတြက္နိုင္ေသာ ေ႐ႊႏွင့္ ေက်ာက္စိမ္း အဆင္တန္ဆာမ်ား၊ ပုတီးေစ့ ကန႔္လန့္ကာမ်ား၊ ပိုးထည္ပိတ္စ ကန႔္လန့္ကာမ်ားသာ အေမွာင္ထုတြင္ တိတ္ဆိတ္ၿငိမ္သက္စြာ တည္ရွိေနပါသည္။
စုဟြိုက္က်ဴးသည္ တံခါးေဘာင္ေပၚတြင္ သူ႕ကိုယ္သူ ေထာက္လိုက္ၿပီး ေခ်ာင္းဆိုးသံ အနည္းငယ္ ထြက္လာသည္။ ခဏအၾကာမွ သူ၏ အာ႐ုံမ်ား ျပန္စုစည္းမိၿပီး ခန္းေဆာင္အတြင္းကို ၾကည့္ရႈလိုက္၏။
သူက ႏႈတ္ခမ္းေပၚရွိ ေသြးမ်ားကို သုတ္ကာ ေခါင္းမယမ္းမီ ခါးသီးစြာ ၿပဳံးလိုက္သည္။
သူလွည့္ထြက္ခါနီးတြင္ ကုေရာ့ဟိုင္သည္ သူ႕နံေဘးသို႔ ႐ုတ္တရတ္ ေရာက္ရွိလာၿပီး သူ႕လက္ေကာက္ဝတ္ကို အတင္းဆြဲကိုင္ကာ ေသြးစြန္းေနေသာ လက္ကို စူးစိုက္ၾကည့္လိုက္သည္။
လေရာင္ေဖ်ာ့ေဖ်ာ့ေအာက္တြင္ စုဟြိုက္က်ဴး၏ ေသြးအေရာင္မွာ မွင္ကဲ့သို႔ နက္ေမွာင္ေနၿပီး သူ၏ ျဖဴေဖ်ာ့ေသာ အသားအရည္ႏွင့္ ယွဥ္ပါက ပို၍ၾကည့္ရဆိုးေပ၏။
စုဟြိုက္က်ဴးသည္ သူ၏လည္ေခ်ာင္းရွိ ေသြးမ်ားကို မ်ိဳသိပ္ခဲ့ၿပီး ကုေရာ့ဟိုင္အား အေဝးသို႔ ထြက္ခြာသြားေစရန္ သူ၏အတြင္းအားကို အသုံးျပဳခဲ့သည္။ သူလွည့္ထြက္သြားေတာ့မည္အျပဳ ေနာက္မွ ႐ုတ္တရက္ေလသံတိုးတိုးထြက္ေပၚလာေလ၏။
"က်ဴးက်စ္အာ..."
စုဟြိုက္က်ဴး၏ ေျခလွမ္းမ်ားသည္ ဤမတြန္းလွန္နိုင္ေသာ ေခၚဆိုသံကို ၾကားလိုက္ရေသာအခါ ေခတၱရပ္တန့္သြားၿပီး သူ႕ရင္ဘတ္အတြင္း ဆက္တိုက္ထြက္ေပၚလာေသာ ခံစားခ်က္မ်ားကို မတားဆီးနိုင္ေတာ့ေပ။ ႐ုတ္တရက္ပင္ သူ႕တစ္ကိုယ္လုံး ေလးလံလာၿပီး ေခ်ာင္းဆိုးလာ၏။
ကုေရာ့ဟိုင္က ခ်က္ခ်င္းေရာက္လာၿပီး သူ႕လက္ႏွစ္ဖက္ကို ဆြဲကိုင္လိုက္ေသာအခါ စုဟြိုက္က်ဴး၏ ခႏၶာကိုယ္မွ ေဖာက္ထြက္လာသည့္ အေအးဓာတ္ေၾကာင့္ ေအးခဲသြားေလသည္။
အေရျပားျခင္း ထိေတြ႕လိုက္ေသာအခါ သူ႕ေရွ႕ရွိ လူ၏ တုန္ယင္မႈမွာ ပို၍ေပၚလြင္လာခဲ့သည္။ ကုေရာ့ဟိုင္သည္ ဘာလုပ္ရမွန္း မသိေတာ့ဘဲ စုဟြိုက္က်ဴး၏ မယ္ရီဒီယန္မ်ားကို စစ္ေဆးရန္ သူ႕အတြင္းအားကို အသုံးခ်ကာ ျပႆနာ၏ အရင္းအျမစ္ကို ရွာေဖြေတြ႕ရွိရန္ ႀကိဳးပမ္းခဲ့သည္။
"......ေသစမ္း!"
စုဟြိုက္က်ဴးက က်ယ္ေလာင္စြာ က်ိန္ဆဲၿပီး ကုေရာ့ဟိုင္ကို တြန္းဖယ္ရန္ သူ႕လက္ကို ဆန႔္ထုတ္လိုက္သည္။
"မင္းရဲ႕ အတြင္းအားေတြ... ျပန္႐ုတ္သိမ္းလိုက္!"
သူ အသက္ရႉမဝသလို သူ႕တစ္ကိုယ္လုံး တုန္ယီေနေသာ္လည္း သူသည္ က်ယ္ေလာင္စြာ ညည္းၫူျခင္းမျပဳမိေစရန္ ကိုယ့္လက္ကိုကိုက္ထားလိုက္သည္။ ႏွိမ္ႏွင္းရခက္ေသာ အရာတစ္ခုႏွင့္ ရင္ဆိုင္ေနရသကဲ့သို႔ မ်က္ေမွာင္ၾကဳတ္ထားၿပီး 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း' ကို သူ႕ခႏၶာကိုယ္အႏွံ႕ အျမန္ပ်ံ့ႏွံ႕သြားေစ၏။
ကုေရာ့ဟိုင္က စိုးရိမ္တႀကီးႏွင့္ ျပန္ခ်ဥ္းကပ္လာခဲ့သည္။
"မင္းရဲ႕ ခႏၶာကိုယ္ တစ္ခုခုျဖစ္ေနတာလား။ ဘယ္အခ်ိန္ကစတာလဲ? ဘာေတြျဖစ္ေနတာလဲ...ေျမႀကီးေပၚက ေသြးေတြကေရာ ဘာေတြလဲ?"
စုဟြိုက္က်ဴးသည္ သူ၏ လက္ဖဝါး၌ အတြင္းအားမ်ား စုစည္းကာ ကုေရာ့ဟိုင္အား ေနာက္တစ္ႀကိမ္ တြန္းထုတ္လိုက္ရင္း လည္ေခ်ာင္းထဲမွ အသံကို ညွစ္ထုတ္လိုက္သည္။
"ထြက္သြား!
သူေအာ္လိုက္သည္ႏွင့္ ပါးစပ္မွ ေသြးႏွစ္ပြက္ ႐ုတ္တရက္ အန္ထြက္လာ၏။
ကုေရာ့ဟိုင္သည္ ဤျမင္ကြင္းကိုျမင္ေတြ႕ၿပီးမွ သည္အတိုင္း မည္သို႔ထြက္သြားနိုင္မည္နည္း။
သူသည္ ေရွ႕ကို လွ်ပ္စီးေၾကာင္းကဲ့သို႔ ျမန္ေသာ အရွိန္ျဖင့္ တိုးလာၿပီး စုဟြိုက္က်ဴး၏ လက္ေကာက္ဝတ္ကို ဖမ္းဆုပ္လိုက္သည္။ ၿပီးေနာက္ ၿပိဳင္ဘက္၏ ခုခံမႈကို တြန္းလွန္ရန္ သူ၏ အတြင္းအားကို အသုံးျပဳကာ သူ႕ရင္ခြင္ထဲသို႔ ဆြဲသြင္းခဲ့ေလသည္။
က်န္းယန္ေက်ာင္း၏နည္းပညာမ်ားမွအစျပဳေသာ ေႏြးေထြးေသာ အတြင္းအားမ်ားသည္ စုဟြိုက္က်ဴး၏ မယ္ရီဒီယန္မ်ားကို လႊမ္းၿခဳံသြားၿပီး သူ႕ခႏၶာကိုယ္အတြင္းရွိ ျပႆနာကို စုံစမ္းေဖာ္ထုတ္ရန္ ႀကိဳးစားေနသည္။
အတြင္းအားသည္ သူ႕ခႏၶာကိုယ္ထဲသို႔သာ ဝင္ေရာက္လာေသာအခါ မေမွ်ာ္လင့္ဘဲ စုဟြိုက္က်ဴးက တိုးညွင္းစြာ ညည္းတြားမိေလသည္။
ေနာက္အခိုက္အတန႔္တြင္ ကုေရာ့ဟိုင္သည္ ႀကီးမားေသာရိုက္ခတ္မႈတစ္ခု ထိမွန္သြားခဲ့သည္။
စုဟြိုက္က်ဴးသည္ ကုေရာ့ဟိုင္၏ ႏႈတ္ခမ္းမ်ားအား ႐ုတ္တရက္ နမ္းလိုက္ၿပီး.. တစ္ဖက္လူ၏ ႏႈတ္ခမ္းမ်ားတြင္ သူ၏ႏႈတ္ခမ္းမ်ားမွ ေသြးမ်ားကို စြန္းေပသြားေစသည္။ သူတို႔ႏွစ္ဦးၾကားရွိ ေလးလံေသာ အသက္ရႉသံမ်ားမွာ ထိန္းခ်ဳပ္မရေတာ့ေခ်။ စုဟြိုက္က်ဴးခံစားေနရသည့္ ေပ်ာ္႐ႊင္မႈမွာ ေျခာက္ေသြ႕ေနတဲ့ ေရကန္ထဲက ငါးတစ္ေကာင္က မိုး႐ြာခ်လာတာကို ျမင္လိုက္ရသလို၊ အခ်ိန္ၾကာျမင့္စြာ အစာငတ္ျပတ္ေနသူ တစ္ဦးက မ်ားျပားလွေသာ အစားအေသာက္မ်ားကို ျမင္လိုက္ရသလိုပင္။ ပို၍ပို၍ ေလာဘႀကီးလာၿပီး....... သည့္အျပင္ မထင္မွတ္ဘဲ အႏၲရာယ္ရွိတဲ့ အေငြ႕အသက္ကိုလည္း သယ္ေဆာင္လာခဲ့သည္။
သို႔ေသာ္လည္း ကုေရာ့ဟိုင္၏ ထိတ္လန႔္မႈသည္ ဤ႐ုတ္ျခည္းတိုက္ခိုက္လာေသာ အနမ္းေၾကာင့္ မဟုတ္ခဲ့ေပ။
အနမ္းၿပီးသည့္ေနာက္ သူသည္ တုန္ယင္ေနေသာ အသံျဖင့္ ေမးလိုက္ပါ၏။
"...... မင္း အခ်စ္ကူကို ကူးစက္ထားတာလား။ စုဟြိုက္က်ဴး.. မင္း ဘယ္တုန္းက အခ်စ္ကူကို ကူးစက္ခဲ့တာလဲ?"
စုဟြိုက္က်ဴး၏ လက္ေခ်ာင္းမ်ားသည္ အုတ္နံရံမ်ားၾကားရွိ အက္ကြဲေၾကာင္းမ်ားအတြင္း နက္ရွိုင္းစြာ ကုတ္ျခစ္ကာ သြားမ်ားကို တင္းတင္းေစ့ၿပီး ကုေရာ့ဟိုင္ထံမွ သူ႕ကိုယ္သူ ႐ုန္းထြက္လိုက္သည္။ သူ႕ႏႈတ္ခမ္းေထာင့္မွ ေသြးစီးေၾကာင္းတစ္ခု စီးက်လာ၏။
"ဒီကေန ထြက္သြား" သူက အက္ကြဲေနေသာ အသံျဖင့္ ေျပာလိုက္သည္။
"ငါမင္းကို အဟြတ္ ...... မင္းကို မနာက်င္ေစခ်င္ဘူး......"
ကုေရာ့ဟိုင္က သူ႕စကားကို လ်စ္လ်ဴရႈကာ ထပ္ေမးလာသည္။
"ဘယ္သူလဲ ...... မင္းကို အခ်စ္ကူကို ကူးစက္ေစခဲ့တာ ဘယ္သူလဲလို႔!"
စုဟြိုက္က်ဴးသည္ အႀကိမ္အနည္းငယ္ ျပင္းျပင္းထန္ထန္ ေခ်ာင္းဆိုးကာ ေဒါသတႀကီးေျပာခဲ့သည္။
"ငါ မင္းကို ထြက္သြားဖို႔ေျပာေနတယ္ေလ.. အခုခ်က္ခ်င္းထြက္သြား!"
"အခ်စ္ကူ......အဲ့ေလာ့...... ေလာ့က်င္းလား?"
"မင္း သြားေသလိုက္!"
"က်ဴးက်စ္အား......"
"သြား!"
ကုေရာ့ဟိုင္သည္ စုဟြိုက္က်ဴး၏ ဆန႔္က်င္မႈမ်ားကို လ်စ္လ်ဴရႈၿပီး သူ႕ရင္ခြင္ထဲတြင္ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ကာ ေျပာလိုက္သည္။
"အဲဒီတုန္းက မင္းရဲ႕အျပဳအမူေတြက ဒီအခ်စ္ကူေၾကာင့္လား? မင္းငါ့ကိုဘာလို႔မေျပာျပခဲဲ့တာလဲ?
ဒီလိုဆို ..... မင္းသာ ငါ့ကို ေျပာခဲ့မယ္ဆို ငါမင္းကို ဘယ္လိုလုပ္ စြန႔္လႊတ္ခဲ့မွာလဲ? က်ဴးက်စ္အာ ...... ငါေလ......"
စုဟြိုက္က်ဴးသည္ အႀကိမ္ေပါင္းမ်ားစြာ ေခ်ာင္းဆိုးခဲ့ၿပီး သူ႕တစ္ကိုယ္လုံး ထိန္းမနိုင္သိမ္းမရ တုန္လႈပ္သြားခဲ့သည္။ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း' သည္ပင္ သူ႕ခႏၶာကိုယ္အတြင္း ႐ုတ္႐ုတ္သဲသဲျဖစ္ေစေသာ ကူအဆိပ္ကို တားဆီးနိုင္စြမ္းမရွိေတာ့ေပ။
သူသည္ အလိုလို သူ႕လက္မ်ားကို ျဖည္းညွင္းစြာ တင္းၾကပ္လိုက္ၿပီး ကုေရာ့ဟိုင္ကို ျပန္လည္ေပြ႕ဖက္ကာ သူ႕လည္ေခ်ာင္းမွ သက္ျပင္းရွည္ကို ထုတ္လိုက္သည္။
"ငါမလုပ္နိုင္ဘူး......" သူ႕အသံက တိုးညွင္းလြန္းသျဖင့္တစ္ဖက္လူက မၾကားနိုင္လုနီးပါးပင္။
"ငါ မင္းကို ဒုကၡမေပးနိုင္ဘူး......"
သူက ဆက္ေျပာ၏။
"သြားၿပီး.. သြားၿပီး ...... ငါ့အတြက္ တစ္ေယာက္ေယာက္ကို ရွာေပးပါ.. ဘယ္ပန္းလက္ေထာက္ျဖစ္ျဖစ္ ငါ့ကို ကူညီနိုင္လိမ့္မယ္"
ကုေရာ့ဟိုင္သည္ စုဟြိုက္က်ဴး၏ အကၤ်ီအား တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္ၿပီး
"တစ္ေယာက္ေယာက္ကိုရွာရမယ္... ဘာလုပ္ဖို႔လဲ?"
စုဟြိုက္က်ဴးက တိုးညွင္းေသာေလသံျဖင့္ ဆို၏။
"မင္း ခန႔္မွန္းနိုင္မွာပါ"
ကုေရာ့ဟိုင္က ႏႈတ္ဆိတ္ေနသည္။
သို႔ေသာ္ စုဟြိုက္က်ဴး၏အကၤ်ီကို ဆုပ္ကိုင္ထားသည့္ သူ႕လက္မ်ားက ပို၍ပို၍တင္းက်ပ္လာကာ သူ႕နဖူးရွိ ေသြးေၾကာမ်ားကိုပင္ ျမင္နိုင္သည္အထိ သူ၏အတြင္းစိတ္ခံစားမႈမ်ားသည္ ရွင္းရွင္းလင္းလင္း တဟုန္းဟုန္းေတာက္ေလာင္လာခဲ့သည္။ သူ၏မ်က္ႏွာအမူအရာမွာ တည္ၿငိမ္ျခင္းမရွိေတာ့ေပ။
"မင္းေႏွာင့္ေႏွးေနရင္ ငါေသလိမ့္မယ္......" စုဟြိုက္က်ဴးက သူ႕ကို ၾကမ္းၾကမ္းတမ္းတမ္း တြန္းထုတ္လိုက္ၿပီး အႀကိမ္အနည္းငယ္ၾကာေအာင္ ေခ်ာင္းထပ္ဆိုးလိုက္သည္။
"မင္းတစ္ေယာက္ေယာက္ကို လိုက္မရွာေပးဘူးဆိုရင္ ငါေသလိမ့္မယ္......ငါမင္းကို တစ္ႀကိမ္ေလာက္ ထပ္ထိ႐ုံနဲ႕ ...... မင္းေႏွာင့္ေႏွးေနၿပီး စမ္းၾကည့္လို႔ရတယ္......"
"ဘယ္ပန္းလက္ေထာက္မဆို မင္းကို ကူညီေပးနိုင္တယ္ဆို?" ကုေရာ့ဟိုင္ကဆိုသည္။ "ဒါဆို ငါေရာဘာလို႔ မလုပ္နိုင္ရမွာလဲ?" အရင္တုန္းက ငါတို႔ မလုပ္ဖူးတာက်ေနတာပဲ"
စုဟြိုက္က်ဴးသည္ မ်က္လုံးမ်ားကို လွန္လိုက္ၿပီးေနာက္ ကုေရာ့ဟိုင္ကို စိုက္ၾကည့္လိုက္သည္။ သူ၏ လည္ေခ်ာင္းမ်ား တုန္ခါသြားၿပီး အဆုံးတြင္ ေျပာလာပါ၏။
"...ပုပ္သိုးေနတဲ့ အဘိုးႀကီး......"
ကုေရာ့ဟိုင္သည္ သူ၏ေရွ႕မွ အလြန္အားနည္းေနေသာလူကို စိုက္ၾကည့္ၿပီး လူဆိုးလုပ္ရန္ သူ႕ကိုယ္သူ မတားဆီးနိုင္ေတာ့ေပ။ သူကဘာမွျပန္မေျပာဘဲ စုဟြိုက္က်ဴး၏ အဝတ္မ်ားကို ခြၽတ္ရန္ ျပင္လိုက္သည္။
စုဟြိုက္က်ဴးက ေအာ္ေလ၏။
"ေဟး! မင္း!"
ထိုအခ်ိန္တြင္ သူတို႔ေနာက္မွ ဆက္တိုက္ေအာ္သံႏွစ္ခု ထြက္ေပၚလာသည္။
"ဂိုဏ္းခ်ဳပ္!"
"စံအိမ္သခင္!"
စုဟြိုက္က်ဴးသည္ ကုေရာ့ဟိုင္ကို တြန္းထုတ္ရန္ ထိုအခြင့္အေရးကို ဆုပ္ကိုင္လိုက္သည္။ သူက ခ်ဥ္းကပ္လာသူကို ၾကည့္ၿပီး မ်က္ေမွာင္မၾကဳတ္ဘဲ မေနနိုင္ေပ။
"ရွစ္စန္း"
ေမ့ရွစ္စန္းသည္ စုဟြိုက္က်ဴးနားသို႔ လ်င္ျမန္စြာေရာက္ရွိလာသည္။ သူ႕လက္ရွိအေျခအေနကိုျမင္ေတာ့ သူက စိုးရိမ္တႀကီးနဲ႕ ဆိုေလ၏။
"ကူအဆိပ္......ဂိုဏ္းခ်ဳပ္ ဒီလက္ေအာက္ငယ္သား...... ဒီလက္ေအာက္ငယ္သားက သင့္ကို ကူညီပါ့မယ္......"
"အျခားတစ္ေယာက္ကို သြားရွာစမ္း" စုဟြိုက္က်ဴးက ျငင္းပယ္လိုက္၏။ "မင္းက ကိုးႀကိမ္ ၿပီးသြားၿပီ......"
ေမ့ရွစ္စန္း : "ဂိုဏ္းခ်ဳပ္.. ေလာေလာဆယ္ ဝါးဥယ်ာဥ္ကြၽန္းဆြယ္မွာ သင့္ရဲ႕အေျခအေနကို သိထားတဲ့ ယုံၾကည္ရတဲ့ ပန္းလက္ေထာက္ေတြ ရွိေသးေပမယ့္ ေတာ္ေတာ္မ်ားမ်ားက အျမင့္ဆုံးအႀကိမ္အေရအတြက္ကို ေရာက္ေနၿပီ။ သင့္ရဲ႕ ျပႆနာကို ေက်ာ္ျဖတ္ဖို႔ ကူညီေပးနိုင္သေ႐ြ႕ ဒီလက္ေအာက္ ငယ္သားက ေသရမယ္ဆိုရင္ေတာင္ တြန႔္ဆုတ္ေနမွာ မဟုတ္ဘူး"
ကုေရာ့ဟိုင္က ခ်က္ခ်င္း ေခါင္းေမာ့ၿပီး ဓားလို ထက္ျမက္တဲ့ အၾကည့္နဲ႕ ေမ့ရွစ္စန္းကို ၾကည့္လိုက္သည္။
"...... ေသရမယ္?"
ေမ့ရွစ္စန္းက တုံ႕ျပန္ျခင္းမရွိပါ။
ဖုန္းလင္က မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာလာ၏။
"စံအိမ္သခင္.. အျပင္က အေျခအေနက ေတာ္ေတာ္ကို အၾကပ္အတည္းထဲေရာက္ေနတယ္။ ထုန္းယြင္ေက်ာင္းေတာ္နဲ႕ ႐ႊမ္က်ီးေက်ာင္းေတာ္တို႔က မ်က္ဝန္းကြၽမ္းဆြယ္မွာ ဘာမွမရွိေၾကာင္းသိေတာ့ အခုဝါးဥယ်ာဥ္ကြၽန္းကို ဦးတည္လာၾကၿပီ။ ထုန္းယြင္ေက်ာင္းေတာ္က ဘယ္တုန္းကမွ ကြၽန္ေတာ္တို႔နဲ႕ ညွိႏွိုင္းထားတာ မဟုတ္ဘူး။ ဝူက်န္းမန္ရဲ႕လူေတြကလဲ သူတို႔ေနာက္ကလိုက္လာေနၿပီ။ ဒီအေျခအေနကို ကိုယ္တြယ္ရခက္မွာ စိုးရိမ္မိပါတယ္"
စုဟြိုက္က်ဴးက ခပ္ဖြဖြ ရယ္ေမာလိုက္ၿပီး အႀကိမ္အနည္းငယ္ ေခ်ာင္းဆိုးလိုက္သည္။ သူက ကုေရာ့ဟိုင္ကိုေျပာလိုက္၏။
"အေရးႀကီးတဲ့ကိစၥေတြကို မင္းအရင္သြားကိုင္တြယ္ထားလိုက္၊ ငါ မၾကာခင္လိုက္လာခဲ့မယ္။ ေမ့ရွစ္စန္း.. ငါ့ကိုကူညီပါ....."
ဒါကိုၾကားေတာ့ ကုေရာ့ဟိုင္က စုဟြိုက္က်ဴးရဲ႕ လက္ေကာက္ဝတ္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားၿပီး သူ႕ကို လႊတ္ေပးဖို႔ ျငင္းဆိုခဲ့သည္။
စုဟြိုက္က်ဴးက ၿပဳံးလိုက္၏။
"...... အခုအေျခအေနက အေရးႀကီးေနၿပီ။ ငါေျပာတဲ့အတိုင္း လုပ္ပါ"
ကုေရာ့ဟိုင္က ႐ူးလုမတတ္ျဖစ္ေနေလၿပီ။ သူသည္ ေမ့ရွစ္စန္းကို ေနာက္ဆုတ္ရန္ လက္ေဝွ႕ယမ္းလိုက္ၿပီး စုဟြိုက္က်ဴး၏ ေမးေစ့ကို ဆြဲကိုင္ကာ မ်က္လုံးမ်ားကို ၾကည့္ေစသည္။ သူက ခဏအံႀကိတ္ၿပီး ေျပာ၏။
"တကယ္ေတာ့ အေျခအေန တစ္ခုလုံးက အေရးႀကီးတယ္။ စစ္ေျမျပင္မွာ ငါေပၚလာၿပီး မင္းမရွိရင္ ထန္းယြင္စံအိမ္က မင္းရဲ႕ဝါးဥယ်ာဥ္ကြၽန္းကို ပိုျမန္ျမန္ ထိန္းခ်ဳပ္သြားနိုင္လိမ့္မယ္!"
စုဟြိုက္က်ဴးက အေၾကာင္းမျပန္နိုင္ေပ။
ကုေရာ့ဟိုင္က ဆက္ေျပာသည္။
"မင္းရဲ႕ အစီအစဥ္က ဘာလဲ? မေရမတြက္နိုင္တဲ့ ေသရည္အိုးေတြနဲ႕ ပတ္သက္ေနတာလား။ တစ္ခုခုေႏွာင့္ေႏွးသြားရင္ မင္းရဲ႕အစီအစဥ္က ေျပာင္းလဲသြားနိုင္လား?"
စုဟြိုက္က်ဴးသည္ သူ႕အၾကည့္ကို ေျဖေလွ်ာ့လိုက္ၿပီး ေလးေလးနက္နက္ ေတြးလိုက္သည္။
ကုေရာ့ဟိုင္သည္ သူ၏အသြင္အျပင္ကိုၾကည့္ကာ ေနာက္ဆုံးတြင္ သည္းမခံနိုင္ေတာ့ဘဲ ဆိုလာ၏။
"မင္းရဲ႕ ပန္းလက္ေထာက္စကားအရ တစ္ႀကိမ္ႏွစ္ႀကိမ္ဆို ငါထိခိုက္နိုင္မွာမဟုတ္ဘူးမလား? ငါေတာင္းပန္ပါတယ္....ေက်းဇူးျပဳၿပီး ငါ့ကိုယ္ငါ ပိုမုန္းမိေအာင္ မလုပ္ပါနဲ႕ေတာ့။ လြန္ခဲ့တဲ့ အႏွစ္ႏွစ္ဆယ္က ငါမွားခဲ့တာပါ။ အခုခ်ိန္မွာ မင္းကို ကူညီေပးနိုင္မယ့္ အခြင့္အေရးေလး တစ္ခုေတာင္ ငါ့ကိုမေပးခ်င္ဘူးလား?"
အခ်ိန္အေတာ္ၾကာၿပီးေနာက္၊ စုဟြိုက္က်ဴးသည္ စြမ္းအားမဲ့ေနပုံရၿပီး မ်က္လုံးမ်ားကိုမွိတ္ထားလိုက္သည္။
သူက ေခါင္းကို လွည့္ကာ အမိန႔္ေပး႐ုံမွတပါး ေ႐ြးခ်ယ္စရာမရွိေတာ့ေခ်။
"ေမ့ရွစ္စန္း... တားျမစ္နယ္ေျမကိုသြားၿပီး စုယန္ကို ေခၚ။ သူ႕ကို အခ်ိန္မီ ေခၚထုတ္သြားပါ"
ေမ့ရွစ္စန္းက မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ဒါေပမယ့္ ဂိုဏ္းခ်ဳပ္......"
စုဟြိုက္က်ဴးက ကုေရာ့ဟိုင္ကို စိုက္ၾကည့္ရင္း ေျပာလိုက္ေလ၏။
"သြားေတာ့။ ဒီမွာ ငါ့ကိုကူညီဖို႔ သူ႕အသက္ကိုေတာင္ စြန႔္ခ်င္တဲ့ မိတ္ေဆြေဟာင္းတစ္ေယာက္ရွိတယ္။ ေနာက္ထပ္ဘာေတြစိုးရိမ္စရာရွိေသးလို႔လဲ...... အဟြတ္ အဟြတ္ ......အခုသြား"
ထိုအခါမွ ေမ့ရွစ္စန္းလဲ သေဘာတူညီၿပီး ထြက္သြားခဲ့သည္။
ကုေရာ့ဟိုင္က စုဟြိုက္က်ဴးကို သူ႕ရင္ခြင္ထဲ၌ ဖက္ထားရင္း ဖုန္းလင္အား အမိန႔္ေပးလိုက္သည္။
"အေရွ႕မွာေစာင့္ေနၿပီး ငါတို႔ႏွစ္ေယာက္လုံးကို ကာကြယ္ထားပါ"
ဖုန္းလင္၏ အမူအရာမွာ ရႈပ္ေထြးေနၿပီး သူတို႔ႏွစ္ဦး တစ္ေယာက္ကိုတစ္ေယာက္ ေပြ႕ဖက္ထားသည္ကိုၾကည့္ၿပီးေနာက္ လက္သီးဆုပ္ကာ ေခါင္းညိတ္ျပခဲ့သည္။
"ဟုတ္ကဲ့"
စုဟြိုက္က်ဴးက သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး ကုေရာ့ဟိုင္၏ ရင္ခြင္ထဲသို႔ တိုးဝင္လိုက္၏။
ကုေရာ့ဟိုင္က သူ႕ကို ေပြ႕ခ်ီကာ ကတၱီပါစိမ္းခန္းေဆာင္ ႀကီးအတြင္းရွိ အိပ္ေဆာင္ထဲသို႔ ေလွ်ာက္သြားခဲ့သည္။
ခန္းေဆာင္တံခါးႀကီးသည္ သူတို႔ႏွစ္ဦး၏ေနာက္တြင္ ပိတ္သြားကာ ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္ၿငိမ္သက္သြားခဲ့သည္။ ခန္းေဆာင္ေရွ႕ရွိ ေနရာလြတ္မွ လေရာင္သည္ ျဖာက်လ်က္ရွိၿပီး အျပင္ဘက္ရွိ ဖရိုဖရဲျဖစ္ေနေသာ ကမာၻႏွင့္ ကြဲျပားေသာ အေငြ႕အသက္ကို ေဆာင္ပါ၏။
_28.6.23
စာေရးဆရာမွာ ေျပာစရာရွိပါတယ္ :
ေကာင္းၿပီ။ လူႀကီးအတြဲက အတိတ္မွာ ပါဝါကပ္ပယ္ ျဖစ္ခဲ့တာေၾကာင့္ သူတို႔ရဲ႕ ငယ္႐ြယ္စဥ္က အေၾကာင္းေတြ ငါသိပ္မေရးေတာ့ဘူး။ အားလုံးက ဘယ္သူက gong ဘယ္သူက shou ဆိုတာ ေဝဝါးေနနိုင္တယ္။ တကယ္ေတာ့ ဇာတ္လမ္းဇာတ္ေၾကာင္းအရ မိစာၦဂိုဏ္းခ်ဳပ္က gong ျဖစ္ၿပီး စံအိမ္သခင္က shou ပါ။
အဲ့တာဘာေၾကာင့္လဲဆိုေတာ့ အဆိပ္ေၾကာင့္ပါပဲ။ မိစာၦဂိုဏ္းခ်ဳပ္က အားနည္းတဲ့ပုံဆိုေပမယ္ သူတို႔ၾကားမွာ position အေျပာင္းအလဲရွိမွာမဟုတ္ေတာ့ပါဘူး။
စုေဖေဖက gong ပါတဲ့ေညာ္ ಠ‿ಠ
Thanks for reading ❣️