အတားအဆီးများနဲ့မောင့်ပင်လယ်(C...
Від Pluviophile-K744
172K 5.1K 41
BL Story Більше
အမှာစာ
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Psat-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-42
Part-43
Part-44(Final)
Part-41
3K 93 0
Від Pluviophile-K744
Landanဆေးရုံတစ်ခုတွင်း VIP roomထဲသို့ လူတစ်ယောက်ဝင်လာသည်။
"Boss လူတစ်ယောက်Bossနဲ့တွေ့ချင်တယ်ပြောနေတယ်"
"ဝင်လာခိုင်းလိုက်"
အဏ္ဏဝါစစ် အခန်းထဲဝင်လာတော့ မှန်မှတစ်ဆင့်အပြင်ဘက်ကိုမျက်နှာမူလို့လှည့်နေသူ။
"ငါ အဏ္ဏဝါစစ်ပါ"
"ပြောစရာရှိလို့လား"
"အများကြီးပဲ"
ပြောလိုက်တော့လှည့်လို့ကြည့်လာတယ်။
"အရင်ဆုံးမေးပါရစေ"
"ဘာလို့မင်းပြန်မလာခဲ့တာလဲ"
"ပြီးတော့ ဘာလို့သေလူလိုနေနေရတာလဲ"
ချက်ချင်းပြန်ပြောလာခြင်းမရှိဘဲ ဆိုဖာခုံဆီလျှောက်သွားလို့ဝင်ထိုင်လိုက်သည်။အဏ္ဏဝါလည်းအနောက်မှလိုက်၍ တစ်ဖက်ခုံတွင်ထိုင်လေ၏။
"ပြဿနာရှိလို့လား"
"ကျုပ်ဘက်ကပြန်မေးပါရစေ ခင်ဗျားဘာလို့ဒီမှာရှိနေရတာလဲ"
"မာန်ရိပ်သွေး မင်းအစတည်းကဒီလိုကောင်ပဲလား"
"တစ်ဖက်လူကိုမတွေးဘဲ ကိုယ့်ဆုံးဖြတ်နဲ့ကိုယ့်ဘက်ဘဲကိုယ်ကြည့်တတ်တာလား"
"အင်း ခင်ဗျားမှန်တယ်"
စိတ်ပျက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး
"ဒါဆိုအခုကစပြီးပြင်ပေးပါ တခြားသူအတွက်မဟုတ်ရင်တောင် ကိုကို့အပေါ်မင်းအဲ့အကျင့်ကိုပြင်ပေးပါ"
"ခင်ဗျားဘာကိုပြောချင်တာလဲ လိုရင်းကိုတိုက်ရိုက်​ပြော"
"အင့် ဒါကိုနားထောင်ကြည့်"
ဖုန်းထဲမှအသံဖိုင်တစ်ခုဖွင့်လို့ထိုးပေးလာတယ်။ ဒီရေလှိုင်းနဲ့ဒေါ်နွေခတ်ငြိမ်းတို့တွေ့တုန်းကပြောနေကြသည်ကိုအသံဖမ်းထားခြင်း။
နားထောင်ပြီးသွားတော့ တစ်ခုမှပြောမလာဘဲ ငြိမ်နေသူအား
"မင်းဘယ်လိုထင်လဲ ငါတို့မင်းရဲ့မတော်တဆသတင်းကို ကိုကိုမသိအောင်လှို့ဝှက်ထားကြသေးတာ"
"ဒါတောင် တနေ့ကမှသတိရလာတဲ့မင်းက သေပြီဆိုတဲ့သတင်းကြောင့် ကိုကိုသေမတတ်ခံစားနေရတာမင်းသိလား"
"မင်းတကယ်ဘာလုပ်ဖို့တွေးနေတာလဲ"
"ခင်ဗျားဘယ်လိုထင်လဲ သူ့အတွက်အန္တရာယ်များတဲ့လူတစ်ယောက်ကို ခင်ဗျားချစ်တဲ့သူအနားထားချင်တာလား"
"သိရသလောက် မင်းကအဲ့လိုအရာတွေဂရုမစိုက်တဲ့ကောင်မဟုတ်ဘူးလား"
"မှန်တယ် အန္တရာယ်ဆိုတာကျုပ်လိုလူနဲ့အမြဲအတူရှိနေတဲ့အရာမျိုးပဲ ဘယ်လိုအရာဖြစ်ဖြစ်ရင်ဆိုင်ပြီးအနိုင်ယူရတာကျွန်တော့်အလုပ်"
"ဒါပေမယ့်ခင်ဗျားသိလား ဘာကိုမှတွေးပြီးမကြောက်ခဲ့တဲ့ကောင်က"
"သူသာတစ်ခုခုဖြစ်ခဲ့ရင်။သူသာမတော်တဆထိခိုက်ခဲ့ရင်ဆိုတဲ့အတွေးက ကျုပ်ကိုကြောက်စေတယ်"
"သူသာမာန်ဘဝလေးနဲ့ပျော်ရွှင်နိုင်ဖို့ကိုရွေးခဲ့တာ ကြာရင်သူမေ့သွားလိမ့်မယ်"
"ခင်ဗျားကပဲ အနားမှာရှိပေးပြီးကျုပ်အစားဂရုစိုက်လိုက်ပါ"
စကားမဆုံးခင်ရုတ်တရက်ထလာလို့ ကော်လံစကိုင်လို့ဆွဲမလိုက်ပြီး
"ဟျောင့် မင်းငါပြောချင်တာကိုနားမလည်ဘူးလား ဟမ်"
ထိုစဥ်အရှေ့အခန်းဝမှစောင့်နေတဲ့လူများပြေးဝင်လာကာသေနတ်ဖြင့်ချိန်လာတာကြောင့် မာန်ရိပ်သွေးလက်ပြတားလိုက်ရသည်။
"ဘယ်တုန်းကမင်းအဲ့လောက်တုံးသွားရတာလဲ"
"ဒီမှာ ငါပြောတာနားထောင်ဟျောင့် ကြာရင်မေ့သွားမယ်လို့မင်းထင်နေတဲ့သူက သေမတတ်နာကျင်နေရတာကွ"
"ကလေးတွေအတွက်တွေးပေးနေရလို့ မဟုတ်ရင်သူတစ်ခုခုဖြစ်သွားမယ်ဆိုတာငါကျိန်းသေပြောရဲတယ်"
"ငါလည်းသိပ်ချစ်ခဲ့ရတဲ့ကောင်ပါကွ ကိုယ်ချစ်တဲ့သူအတွက်ဘာမဆိုငါလုပ်ရဲတယ်"
"သေရမယ်ဆိုရင်တောင် သူ့ကိုဆက်ချစ်ဖို့ပဲငါရွေးမှာ။ နာကျင်ပြီးနောက်ဆုတ်ရမယ်ဆိုရင်တောင်ငါလုပ်မှာ"
"စောက်ရမ်းရီရတယ်မှတ်လား ဟမ် ငါကမင်းထက်ပိုပြီးသတ္တိရှိနေတာကလေ"
"မင်းလိုဒေါသတွေလောဘတွေ မာန်မာနနဲ့အတ္တတွေပြည့်နေခဲ့တဲ့ကောင်က ကိုယ်ချစ်ရတဲ့သူကို ဘာကိစ္စအလွယ်တကူလက်လျှော့ရဲတာလဲ  မင်းပြောမာန်ရိပ်သွေး"
"ပြောပြီးပြီလေ သူနာကျင်မှာစိုးလို့ သူအန္တရာယ်တွေဝိုင်းနေမှာသူထိခိုက်မှာ သူတစ်ခုခုဖြစ်သွားမှာကျုပ်မလိုချင်ဘူးလို့"
အခြေအနေမှာတဖြည်းဖြည်းပြင်းထန်လာပြီး မျက်မှောင်ကြုပ်လို့မေးကြောများထောင်တဲ့အထိအော်ပြောနေကြသည်။ အဏ္ဏဝါစစ်စူးရှနေတဲ့မျက်ဝန်းတွေကိုရင်ဆိုင်ကြည့်လိုက်ရင်း
"သေမလိုပဲကွ အခုလည်းသူသေမလိုပဲလို့ခွေးသူတောင်းစားရ"
"လှည်းကြိုးဝင်ထမ်းတာတောင် ငါလိုနွားကသူပျော်ဖို့မလုပ်ပေးနိုင်ခဲ့ဘူး"
"သူခံစားနေရတာကိုရင်နာနာနဲ့ထိုင်ကြည့်နေရတာ။ လောကကြီးကမင်းထင်နေသလိုခံစားချက်မရှိဘဲ ကလို့ရတဲ့ပြဇာတ်မဟုတ်ဘူး"
"လူတိုင်းရဲ့ခံစားချက်တွေကိုမင်းမြင်အောင်ကြည့်စမ်းပါ။ မင်းလုပ်နေကြအတိုင်းဦးနှောက်နဲ့ပဲရှင်သန်မနေနဲ့"
"မင်းလိုကောင်ကကိုယ့်ခံစားချက်တွေ ကိုယ့်နှလုံးသားရဲ့တောင်းဆိုသံတွေကိုလျစ်လျူရူ့ပြီးနေနိုင်ပေမယ့်"
ဆက်မပြောပဲခဏရပ်လိုက်ပြီး လေသံလျှော့လာ၍
"ငါတို့တွက်မဟုတ်ပါဘူးကွာ ကျေးဇူးပြုပြီး ကိုကို့ရဲ့ခံစားချက်လေးကိုထည့်တွေးပေးပါ သူဘက်ကိုတစ်ချက်လောက်ကြည့်ပေးပါ"
"ကျုပ်လည်းလွယ်လွယ်နဲ့ဆုံးဖြတ်ခဲ့တာမဟုတ်ဘူး။သူနဲ့ကလေးတွေအန္တရာယ်ကင်းကင်းရှင်သန်နိုင်ဖို့ကလွဲရင် ကျုပ်စိတ်မဝင်စားဘူး"
"လူတိုင်းမင်းလိုမဟုတ်ဘူးလို့ခွေးတိရစ္ဆာန်ရဲ့။ မင်းမကာကွယ်နိုင်ဘူးလား ဟမ် မင်းကလူဆိုးမှာတောင်လက်ရွေးစင်မဟုတ်ဘူးလား"
"ခင်ဗျားသိလား အသက်ကိုရင်းရမယ်ဆိုရင်တောင် အန္တရာယ်မှန်သမျှသူ့အရှေ့မှာရပ်ပြီးတားဆီးလိုက်ဖို့အဆင်သင့်ပဲ"
"ဒါပေမယ့် အခုလိုထပ်ပြီးအချိန်ကြာကြီးသတိမရဘဲရှိနေရင် သူ့ရဲ့အန္တရာယ်တွေ သူ့ခံစားချက်တွေကိုမသိနိုင်ဘဲ အချိန်ကြာကြီးပစ်ထားမိတဲ့အချိန်"
"ကျုပ်တောင်မသိလိုက်ဘဲသူတစ်ခုခုဖြစ်သွားမှာကိုမတွေးနိုင်ဘူး"
"ရန်သူများတဲ့ ကျုပ်လိုကောင်ရဲ့အားနည်းချက်ကသူတို့လို့သာသိခဲ့ရင် လုံခြုံမှာမဟုတ်ဘူး။ အချိန်မရွေးသေနိုင်တဲ့ကျုပ်လိုလူနား သူရှိနေဖို့မတန်ဘူး"
"ကြည့်ရတာအခုအဖြစ်အပျက်ကြောင့်မင်းPTSDဖြစ်သွားတာလား။ အဲ့လောက်ပျော့ဖို့လိုလား"
{(PTSD)Post-Traumatic Stress Disorder= မတော်တဆဖြစ်ရပ်တစ်ခု​ကြောင့် အကြောက်လွန်စိုးရိမ်ရာမှဖြစ်လာတဲ့စိတ်ရောဂါတစ်မျိုး}
တွေဝေသွားပုံပေါ်လို့လက်မခံချင်တာမမြင်ရ။ ကြည့်ရတာသွေးအေးရက်စက်တဲ့သူတွေအားနည်းချက်ရှိလာရင် လိုတာထက်ပိုအစိုးရိမ်လွန်တတ်တယ်ထင်တယ်။
"ဟာဝိုင်အီဘက်ကိုသွားလိုက်ပါ"
"အရင်မင်းပုံကိုသဘောမကျပေမယ့် ကိုကို့ရဲ့heroတစ်ယောက်အနေနဲ့ အရင်လိုပြတ်သားတဲ့မာန်ရိပ်သွေးပြန်ဖြစ်ပေးပါ"
"ငါနောက်ဆုံးအနေနဲ့ပြောတဲ့စကားဖြစ်ပါရစေ။ နောက်ထပ်ကိုကို့ဆီမှာဒီလိုအဖြစ်မျိုးငါထပ်မဖြစ်စေချင်တော့ဘူး"
"အဲ့တာအတွက်မင်းငါ့ကိုကတိပေးနိုင်လား"
"ကတိ ကျုပ်က ကတိဆိုတာကိုတည်ခဲ့ဖူးတဲ့သူတောင်မဟုတ်တာ ခင်ဗျားယုံနိုင်လား"
"မင်းကိုတော့မယုံဘူး ဒါပေမယ့် ယုံကြည်လို့ရမယ့်အကြောင်းတော့ရှိတယ်"
နာမလည်တဲ့အကြည့်တို့နဲ့ကြည့်လို့လာလို့
"ကိုကိုနဲ့ မင်းရဲ့အမြွှာလေးတွေကိုမြင်ရင်မင်းဆုံးဖြတ်တွေပြောင်းသွားလိမ့်မယ်"
မာန်ရိပ်သွေးစိတ်ပျက်စွာပြန်ထိုင်ချလိုက်ပြီး
"ခင်ဗျားသိလား ဘဝမှာဒါပထမဆုံးအကြိမ်ကျုပ်အလုပ်ကြောင့်နောင်တရဖူးတာပဲ"
"ကျုပ်သာ သာမာန်ဘဝမျိုးကလူတစ်ယောက်ဆိုရင် သူ့အတွက်အေးချမ်းတဲ့ဘဝလေးကိုပေးနိုင်တဲ့ယောကျာ်းကောင်းတစ်ယောက်ဖြစ်နေနိုင်လောက်လား"
"အခုလည်းမင်းမပေးနိုင်ဘူးလို့မှပြောလို့မရတာ"
အားမရသလိုပြောလာလို့ ပြန်ဖို့ပြင်လိုက်သည်။ကျောခိုင်းနေရင်းမှရုတ်တရက်ရပ်လိုက်ပြီး
"ဒါငါမင်းကိုအခွင့်ရေးပေးတာ မင်းနားလည်ပြီးဆုံးဖြတ်ချက်မှန်ဖို့ ငါမျှော်လင့်တယ်"
"အဲ့လိုမှမဟုတ်ခဲ့ရင် ငါကိုကို့(ကို)ပိုင်ဆိုင်ရဖို့ဘာကိုမှကြည့်တော့မှာမဟုတ်ဘူး။ ကိုကို့ခံစားချက်ဆိုရင်တောင် ငါ့အတ္တအတွက်ပဲငါတွေးတော့မှာ"
"ငါဆုံးရှုံးမှုကဘယ်လောက်တန်ဖိုးကြီးလည်းဆိုတာမင်းတော့သိမှာမဟုတ်ပါဘူး"
စကားဆုံးတာနဲ့ဆက်လျှောက်လို့အခန်းထဲမှထွက်ကာသွားတော့သည်။
* * * * * * * * * * * * * * * * *
နောက်နေ့မနက်တွင် မာန်ရိပ်သွေးမှာအချိန်မတန်ပေမယ့်ဆေးရုံကဆင်းခဲ့လိုက်တယ်။ လိုရာခရီးသွားဖို့ရန် ဖွင့်ပေးလာသောတံခါးမှကားအတွင်းသို့ဝင်ချင်းဦးသွေးအဂ္ဂရှိန်ဆီမှဖုန်းဝင်လို့လာသည်။
"မာန် မင်းဘယ်မှာလဲ"
"အခုမှဆင်းလို့ဆေးရုံရှေ့မှာပဲရှိသေးတယ်"
"အဏ္ဏဝါဆိုတဲ့ကောင်လေးမင်းကိုလာတွေ့သွားသေးလား"
"အင်း မနေ့ကလာသွားတယ်"
"သူဘာပြောသွားလဲ"
"ဘာဖြစ်လို့လဲ ဘာကိစ္စဒါတွေလာမေးနေတာလဲ"
သူ့သဘာဝအတိုင်းဘယ်တော့မှတစ်ဖက်သဘောထားကို အေးဆေးလိုက်လျောပေးခြင်းမရှိ။ အကြောမခံ အမြဲအထွန့်တတ်သောသူ။
"သူမင်းကို ဒီရေလှိုင်းခရီးသွားမယ့်ကိစ္စပြောသွားသေးလား။ ဟာဝိုင်အီမှာသူ့ကိုသွားတွေ့ဖို့မင်းကိုပြောသွားတယ်မှတ်လား"
"မှန်တယ် နောက်သုံးရက်နေရင်ရောက်မယ်ပြောပြီးသွားတွေ့ခိုင်းတယ်"
"ဟား မင်းသိသင့်တယ်ထင်လို့ပြောပြတာ"
"သူအဲ့ကိုမသွားခင် မင်းမတော်တဆဖြစ်တဲ့နေရာကိုသွားချင်တယ်ဆိုလို့Landanကိုအရင်ထွက်သွားတယ်"
"ဒီနေ့ဆိုသူတို့ရောက်နေလောက်ပြီ"
"အဲ့တာဘာကိုပြောတာလဲ လေးလေးမသိဘူးလား"
"ဒီမှာစောက်ရမ်းမိုးရွာနေလို့ သတိပေးထုတ်ပြန်ချက်တောင်ထုတ်ထားရတာလေ"
"ငါလည်းသိသိချင်းမင်းကိုလှမ်းပြောတာပဲ"
"တောက်စ် ဒုက္ခပဲ"
"ကျွန်တော်ကိုစုံစမ်းပေး သူအခုဘယ်မှာရှိလောက်လည်း သူဘာလုပ်နေလဲကအစသိရအောင်လုပ်ပေး"
တစ်ဖက်မှာ မဆိုင်ဘဲအော်လာ၍ချသွားသောဖုန်းကို မလွယ်ဘူးဆိုတဲ့သဘောနဲ့ကြည့်လို့နေသည်။သူမပြောလည်း စုံစမ်းခိုင်းထားပြီးသားမို့ သိရရင်တော့ပြောရအုံးမည်ပေါ့။
မာန်ရိပ်သွေးမှာလည်း သူ့လူတွေကိုLandanကိုမြေလှန်လို့ ရှာခိုင်းပြန်တယ်။ မလွယ်မှန်းသိပေမယ့်သူတို့Bossရဲ့စိတ်အခြေအနေကထိပ်ဆုံးရောက်နေတာကြောင့် အတတ်နိုင်ဆုံးကြိုးစားနေကြသည်။
ကျစ် ခင်ဗျားပြောတာမှန်တယ် ကျုပ်လိုလူကဒီလောကမှာမရှိတော့ရင်တောင် သူ့အတွက်ကြီးမားတဲ့အန္တရာယ်အနေနဲ့ဖြစ်တည်နေမှာဘဲ။ မပြောလိုက်မိပေမယ့် ကတိပေးပါတယ်။သူနောက်ထပ်ဘယ်တော့မှမနာကျင်စေရတော့ပါဘူး။
Hotelတစ်ခုတွင် မှော်ဝင်တေးနဲ့မြေလွှာသစ် ကလေးကိုယ်စီချီလို့ သွားဖို့ပြင်နေသူကိုသတိပေးနေ၏။
"အကိုသတိထားနော် ဒီရက်ပိုင်းရာသီဥတုမကောင်းလို့အဲ့လိုနေရာတွေအန္တရာယ်ရှိတယ်ဆိုပြီးပြောထားတယ်"
"အင်းပါသစ်ရယ် အကိုအမြန်သွားပြီးပြန်လာမှာပါ။ သစ်လေးတို့နှစ်ယောက်ကို အလကားအလုပ်ရှုပ်မိအောင်တောင်းဆိုမိလို့တောင်းပန်ပါတယ်"
"ကိုယ်တို့အတွက်စိတ်ပူမနေနဲ့လှိုင်း အမြွှာလေးတို့ကြောင့်မို့ မဟုတ်ရင်ကိုယ်ပါလိုက်ခဲ့ပေးချင်တာ"
"ရပါတယ်ဗျ စိတ်မပူပါနဲ့ ကျွန်တော်ဂရုစိုက်နိုင်ပါတယ်"
"သူ့ကိစ္စကိုဒီအတိုင်းကြီးလက်ခံလိုက်ရတာကျွန်တော့်အတွက်အဆင်မပြေလို့ပါ"
"နောက်ဆုံးအနေနဲ့သူရှိခဲ့တဲ့နေရာကိုတွေ့ချင်စိတ်ဖြစ်မိလာလို့ ကျွန်တော် တောင်းပန်ပါတယ်နော်"
မျက်ရည်တို့စို့တတ်လာ၍ စကားသံတို့တိမ်ဝင်နေပြီ။
"ကဲပါအကိုရာ ရာသီဥတုကောင်းတုန်းလေးအမြန်သွားပြီး အမြန်ပြန်လာခဲ့နော်"
"အင်း"
ခေါင်းပါငြိမ့်ပြလာပြီး ကလေးနှစ်ယောက်ကိုအနမ်းပေးလို့သွားလေသည်။ မှော်ဝင်တေးငှားပေးလိုက်သည့်ကားမှာ တောင်ခြေတွင်ရပ်ပေးလို့ဆင်းလာခဲ့တယ်။ ကားဆရာမှစိတ်ပူတဲ့ပုံစံမျိုးနဲ့စကားတစ်ချို့ပြောလာသော်လည်းနားမလည်တာမို့ ပြုံးပြကာခေါင်းပဲငြိမ့်ပြလိုက်သည်။
နံနက်အစောပိုင်းမို့ လမ်းတစ်လျှောက်​ခြောက်သွေ့ကာရှင်းလင်းနေပြီး မတ်စောက်သောကတ္တရာလမ်းထက် လျှောက်လမ်းအတိုင်းတက်လာခဲ့လိုက်သည်။ တက်နေရင်း မီဒီယာထက်တင်ထားတဲ့ပုံမှနေရာကိုကြည့်ရင်းလာရလို့။
ရုတ်တရက်အစောကထိပူပြင်းနေသေးတဲ့နေမှာတဖြည်းဖြည်းအပူချိန်လျော့လာကာ တိမ်ထူလို့နေရောင်ပျောက်သွားတော့သည်။ အခြေနေကြည့်ရတာမကြာခင်ချိန်ပဲ တိမ်တွေမည်းလာလို့မိုးအုပ်ကာရွာတော့မည်ဆိုတာကိုခန့်မှန်းလို့ရတယ်။
သတိပေးစကားတွေကြောင့်ပြန်ပဲလှည့်ရမည်လားမသိပေမယ့် လာတဲ့နေရာကရောက်ဖို့ကမလိုတော့။ အမြန်သွားရင်ကိစ္စမရှိလောက်ဘူးလို့တွေးကာအရှိန်တင်လျှောက်သွားလိုက်သည်။
မကြာခင်အချိန်လေးရောက်လာ၍ တားမြစ်ထားသောကြိုးတန်းအနောက်တွင်ရပ်နေလိုက်၏။ လမ်းမှာကမ်းပါးဘက်တွင်သုံးပုံနှစ်ပုံလောက်ပြိုကြနေပြီး သူရဲ့ကိစ္စမတိုင်ခင်ရှေ့ရက်ကပဲဖြစ်သွားတယ်လို့သိရတယ်။
သူ့လိုလူမျိုးကအခုလိုအန္တရာယ်မျိုးကိုမသိဘဲလုပ်စရာအကြောင်းမရှိတဲ့သူ။ အခုထက်ပိုဆိုးတဲ့အန္တရာယ်တွေကိုဘာမှမဟုတ်သလိုရင်ဆိုင်နေတဲ့သူ။ဘယ်လိုအရာကအခုလိုမျိုးဖြစ်စေခဲ့တာလဲ။
အမြင်တို့ဝေဝါးလာမှမျက်ဝန်းမှာမျက်ရည်တို့ပြည့်နေတာသိလိုက်ရတယ်။ဆို့နင်နေတဲ့လည်ချောင်းကနေမောင်လို့အော်ခေါ်ပြီး အနားရောက်လာဖို့ကိုမျှော်လင့်မိနေလို့။ မျက်နှာပေါ်သို့မျက်ရည်မဟုတ်တဲ့အေးစက်စက်အရာကလာထိလို့မော့ကြည့်တော့မိုးပေါက်လေးတွေတစ်စက်တစ်ပေါက်ကျလာနေပြီ။
မျက်ရည်တွေကိုလက်ဖမိုးနဲ့သုတ်လိုက်ပြီး သစ်လေးတို့နဲ့ကလေးတွေမျှော်နေမှာကိုတွေး၍ ပြန်ဖို့လုပ်လိုက်သည်။ တစ်ဖက်လှည့်တော့မျက်ဝန်းထောင့်မှတွေ့လိုက်ရတဲ့အရာကို အံ့သြစွာသေချာပြန်လှည့်လို့ကြည့်လိုက်ရတယ်။
ချောက်အစွန်းရဲ့ မြေပေါ်တွင်ကျနေတဲ့အပြာရောင်ကျောက်ခဲလေး။ သွားလို့ရတဲ့အထိသွားကာကြည့်တော့မမှားနိုင် ဒီလိုတောင်စောင်းပေါ်မှာကမ်းစပ်ကကျောက်ခဲတို့ကသဘာဝအလျှောက်ရှိနေဖို့ကမဖြစ်နိုင်။ထိုအရာလေးကသူမောင့်ကိုပေးခဲ့တဲ့ပစ္စည်းလေးဆိုတာသေချာ၏။
ထိုပစ္စည်းလေးအကြောင်းကတော့ သူနဲ့ကမ်းခြေမှာအတူရှိခဲ့တဲ့အချိန်တုန်းက
"ပြန်တော့မလား မိုးလည်းချုပ်တော့မယ် လေတွေလည်းအရမ်းတိုက်လာပြီ"
"မင်းကလည်း နေလေးကအခုမှဝင်တာတောင်မပျောက်သေးဘူး ခဏလောက်လေးထပ်နေရအောင်နော်"
"ဟက် မောင့်လှိုင်းကတော့ပင်လယ်ကိုအတော်လေးကြိုက်နေပြီထင်တယ်"
"အင်း လှတာကို။ ခံစားချက်လေးလည်းအရမ်းကောင်းတယ် လှိုင်းလေးတွေလည်းလှတယ်"
"မင်းကြည့် ကျောက်ဆောင်ကိုရိုက်နေတဲ့လှိုင်းထက် ကမ်းခြေပေါ်တလှိမ့်လှိမ့်တက်လာတဲ့လှိုင်းလေးကပိုမလှဘူးလား"
"မောင့်အတွက်တော့ လှိုင်းထဲမှာဆိုခင်ဗျားအလှဆုံးပဲ"
"မင်းအဲ့လိုမျိုးတွေတအားပြောတာပဲ"
"အခုလိုရှက်နေလို့အနီရောင်သန်းနေရင် နေဝင်ဆည်းဆာတောင်ခင်ဗျားကိုမမှီဘူးသိလား"
ရှက်လို့ပြန်တောင်မပြောနိုင်ဘဲ တက်လာတဲ့ရေလေးတွေကိုခြေထောက်လေးနဲ့ထိလို့ဆော့နေသည်။
"မောင့်ကိုကြည့်"
လှည့်ကြည့်တော့ဖုန်းကိုင်ကာကင်မရာနဲ့ချိန်နေသည်။
"ဘာလုပ်တာလဲ အဲ့ဒါ"
"အလှအပတွေဆိုတာအမှတ်တရသိမ်းထားရတယ်"
"အနားမတိုးလာနဲ့လေ ပြီးတော့မရိုက်နဲ့မကြိုက်ဘူး"
"တန်ဖိုးကြီးတာတွေကရဖို့ခက်တာပဲ ပြုံးပါလား"
"မလုပ်နဲ့ဆိုကွာ"
"မောင့်ကိုကြည့် ပြုံးနော်လှိုင်းငယ်"
"မာန်ရိပ် မလုပ်နဲ့ဆို"
ပြုံးစစဖြစ်နေသူကိုလက်နဲ့ဖမ်းဆွဲလို့လှည့်လိုက်တော့ သဘောတကျပြုံးနေသည်။ ထိုပုံရိပ်လေးအမိအရရိုက်ယူကာ အချိန်ကြာကြည့်ရင်းကျေနပ်နေသူ။
မြတ်နိုးရသူ ဗိုက်နဲ့အလှလေးကတော့ မလှမ်းမကမ်းတွင်အရာတစ်ခုကောက်ယူကာပြန်လာနေသည်။
"ရော့ ဒါနဲ့လဲမယ် အဲ့ပုံဖြတ်ပေး"
လှမ်းပေးလာသော အရောင်ပြာကျောက်ခဲလေးကိုဘယ်လိုရခဲ့မှန်းမသိ ခပ်တည်တည်ဆွဲယူလို့ဖုန်းရောကျောက်ခဲပါအိတ်ထဲထည့်လိုက်သည်။
"ဟာ ပေးတာကျယူသွားပြီး ပုံဖြတ်ပေးတော့လေ"
"ဖြတ်စရာလား ပင်လယ်ကြီးကျေးဇူးနဲ့ အလှလေးရဲ့ပုံရောအပြုံးရော ရှားပါးလက်ဆောင်လေးပါရလိုက်တာ"
"ဘယ်သူကလက်ဆောင်ပေးလို့လဲ မပေးဘူး"
"ရတယ်လေ မပေးရင်သေနတ်ထောက်ပြီးလုရုံပေါ့"
"ဘာ ငါ့ကို သေနတ်နဲ့ထောက်မယ်"
"ဒါပေါ့ မောင့်ကိုယ်ပိုင်ပစ္စတိုနဲ့လေ ထောက်ရုံတင်အဟုတ်ဘူးထည့်ပါထည့်အုံးမှာ"
"ကြည့် မင်းတော့ ဒီလိုနေရာမှာတောင် ညစ်တီးညစ်တွေးနေတယ်"
"ကဲပါ ပြန်ရအောင် ပင်လယ်ကြီးကိုနှုတ်ဆက်လိုက်အုံးမယ်"
"ကျေးဇူးပါပင်လယ်ကြီးရေ ဒီပင်လယ်နတ်သားလေးကိုလည်းယူသွားပြီနော်"
"ပေါက်ကရတွေအော်ပြန်ပြီ"
"မင်းပင်လယ်ကိုအဲ့လောက်တောင်သဘောကျတာလား"
"အင်း ဘယ်လိုအခြေနေမျိုးပဲဖြစ်ဖြစ် ပင်လယ်ကိုတွေ့ချင်စိတ်ဖြစ်လာရင်ရအောင်သွားတတ်တယ်"
"အခုတော့ ရေပြာပြာပင်လယ်ထက် ဒီကမောင့်ပင်လယ်ကိုပိုသဘောကျတယ်"
"ဘယ်လိုအခြေနေမျိုးဖြစ်ဖြစ် ဘယ်လိုအတားဆီးတွေရှိရှိ မောင်ခင်ဗျားဆီကိုရောက်အောင်လာမယ်ဆိုတာသိထား"
တစ်ချိန်ကအကြောင်းကိုခေါင်းထဲတွေးနေရင်း လူကတော့အတားအဆီးကြိုးကိုကျော်လို့ လက်လှမ်းမှီမယ့်နေရာလောက်က ကျောက်ခဲလေးအားယူရန်ကြိုးစားနေမိသည်။ ကံမကောင်းစွာရပ်လို့ရလောက်တဲ့နေရာမှအစွမ်းကုန်ကြိုးစားယူသော်လည်း မှီဖို့လက်တစ်ဖဝါးစာသာလိုသေးတယ်။
တစ်ဖြည်းဖြည်းနဲ့မိုးဖွားတို့ကျလာလို့ မြေသားတို့ကရေစက်တွေကြောင့်ချော်နေပြီ။သို့သော်မြင်နေရတဲ့အရာကိုလက်မလျော့ချင်။ မိုးပိုသည်းလာရင်အဆင်မပြေတာမို့ စိတ်ပိုင်းဖြတ်၍အန္တရာယ်ရှိတဲ့မြေသားပေါ်ခြေတစ်ဖက်ကိုသတိထားလှမ်းလိုက်တယ်။
ကွဲထွက်လို့လှုပ်နေတဲ့ခြေချရာနေရာက ကိုယ့်ရဲ့အလေးချိန်ကိုတော့ခံနိုင်တာကြောင့်သတိထားထိန်းရင်း လှမ်းလို့ယူရာတစ်ကြိမ်တည်းနဲ့အရယူလိုက်နိုင်သည်။လက်ထဲရောက်လာတဲ့ကျောက်ခဲလေးကိုသေချာဆုပ်ကိုင်လို့ ပြန်ရန်အလှည့် တစ်ဖက်ခြေထောက်ကချော်လို့လွတ်သွားသည်။ထိုအခါတော့လှုပ်နေတဲ့မြေလည်းမထိန်းနိုင်တော့လို့ ထိုမြေအပိုင်းအဆနဲ့အတူချောက်ထဲထိုးကျလေသည်။
ထိတ်လန့်ကာအော်ရင်းကြားလိုက်ရသည်က
"လှိုင်းငယ်"
မောင့်အသံ အောက်ဘက်မှမဟုတ်ဘဲ အဝေးကနေစိုးရိမ်လို့အသံကုန်အော်လာသောမောင့်ရဲ့ကွဲအက်အက်ခေါ်သံ။ ရရာမြေအပိုင်းအစကိုအားကိုးတကြီးဆုပ်ကိုင်ထားလိုက်တော့ တောင်စောင်းထက်တွဲလွဲခိုနေရတဲ့အခြေနေ။
ငါသေရတော့မှာလား သေလို့မဖြစ်ဘူး။ ငါ့ကလေးလေးတွေ အဟင့်ဘယ်လိုလုပ်မလဲ။ ငါဘယ်လိုလုပ်ရမလဲမောင်
အားယူလို့ကုတ်တက်ဖို့ကြိုးစားချိန် မခံနိုင်တဲ့မြေကပဲ့လို့သွားသည်။ အပေါ်ကိုမျှော်လင့်တကြီးကြည့်မိတော့ ဝေဝါးနေသောအမြင်မှတွေ့လိုက်ရတယ့်ပုံရိပ်တစ်ခု။ အောက်မှအပင်တွေဆီလှိမ့်လို့ကြရင်း အစောကအရိပ်မှာလည်းလိုက်ဆင်းလာတာတွေ့ရတယ်။
မြေစွန်းတို့ အပင်တို့နဲ့စောင့်မိပြီး မြေနဲ့ပွတ်တိုက်မိလို့နေရာတိုင်းကဒဏ်ရာတွေ့နဲ့နာကျင်နေပြီ။ အရှိန်ကရပ်မရဘဲမထင်မရှားတွေ့လိုက်ရတာက အရှေ့မှချွန်ထွက်နေသောသစ်ကိုင်းစွန်း။ ဒီအတိုင်းဆက်သွားရင် ငါ့ခန္တာကိုယ်ကိုထုတ်ချင်းဖောက်လိမ့်မည်။လက်ထဲတွင်အခုထိဆုပ်ကိုင်ထားသောကျောက်ခဲလေးအားတွေးရင်းမောင့်ကိုသာတမ်းတနေမိတယ်။
"ဝင်လာခိုင်းလိုက်"
"ငါ အဏ္ဏဝါစစ်ပါ"
"ပြောစရာရှိလို့လား"
"အများကြီးပဲ"
"အရင်ဆုံးမေးပါရစေ"
"ပြဿနာရှိလို့လား"
"အင်း ခင်ဗျားမှန်တယ်"
"မင်းလိုဒေါသတွေလောဘတွေ မာန်မာနနဲ့အတ္တတြွေပည့်နေခဲ့တဲ့ကောင်က ကိုယ်ချစ်ရတဲ့သူကို ဘာကိစ္စအလွယ်တကူလက်လျှော့ရဲတာလဲ  မင်းပြောမာန်ရိပ်သွေး"
{(PTSD)Post-Traumatic Stress Disorder= မတော်တဆဖြစ်ရပ်တစ်ခု​ကြောင့် အကြောက်လွန်စိုးရိမ်ရာမြှဖစ်လာတဲ့စိတ်ရောဂါတစ်မျိုး}
* * * * * * * * * * * * * * * * *
"မာန် မင်းဘယ်မှာလဲ"
"အင်း မနေ့ကလာသွားတယ်"
"သူဘာပြောသွားလဲ"
"တောက်စ် ဒုက္ခပဲ"
"အင်း"
"မောင့်ကိုကြည့်"
"ဘာလုပ်တာလဲ အဲ့ဒါ"
"မလုပ်နဲ့ဆိုကွာ"
"မာန်ရိပ် မလုပ်နဲ့ဆို"
"လှိုင်းငယ်"
Продовжити читання
Вам також сподобається
5.9K 364 26
A office family trip to singapore which connects 4 souls Dhruv Malhotra and Arohi saxena Rishi Malhotra and Aaran saxena Their connection started w...
2.1K 84 9
ဒါက "ရေစက်" ရဲ့ Season 2လေးပါနော်
1.4K 39 8
အသက်ကွာဟတဲ့ နာမည်ကြီး မင်းသားနှစ်ယောက်၏ တိတ်တခိုး အချစ်ဇာတ်လမ်းလေးအကြောင်း ပါ။အသက်(၁၈)နှစ်မပြည့်ရင် မဖတ်ရ။
1.4M 126K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...