" ဟုတ်ပါတယ် ကျွန်တော် ဒီကျောင်း
ကပဲ အဲဒါကြောင့် ကျောင်းအပြင်
ထွက်ယူစရာမလိုဘူး ကျွန်တော်
ကားပါကင်ကို ရောက်နေပြီ။အဲဒီ
ဘက်ကအစ်ကိုက လာယူပေးလို့ရမလား "
လက်ထဲမှာကိတ်မုန့်ဖာနဲ့ ဖုန်းပြော
နေရင်း တဖက်ကပြန်ပြောသည်စကားကြောင့်။
"ဗျာ "
" ညီလေးကဘယ် အထပ်ကလည်း
တတိယထပ် ကိုတက်ခဲ့ပေးပါလား
အချိန်ရမယ်ဆိုရင် ။တက်ခဲ့ပေး
လို့ရမလား အစ်ကို ဆင်းယူဖို့မအားလို့ "
အထပ်တူတာပဲမို့
နေစင် အေးဆေးသွားရသည်။
"ဟုတ်ကဲ့ ကျွန်တော် ယူလာခဲ့
ပေးမယ်"
ဘယ်နှစ်မှန်းမသိလို့အစ်ကိုနဲ့ပြော
နေတာ တတိယထပ်ဆိုတော့ foundationတန်းတွေထားတဲ့
အထပ်ပဲ အရွယ်တူတွေပဲပေါ့။
ကျောင်းမလာခင် ေနစင်ကို
ဖုန်းဆက်ပြီးoderမှာတာ တိုက်တိုက်
ဆိုင်ဆိုင်ပါရမီကဆိုတော့ ကျောင်း
ကကန်တင်းမှာမဝယ်ပဲ အပြင်က
ဆိုင်မှာ ဝယ်ခိုင်းတော့ အံ့ဩနေ
တုန်းရှိသေး ဘယ်ဆိုင်ကပဲရရ
ချက်ချင်းကို အလယ်အလတ်
cakeတစ်လုံး ဝယ်လာပေးဖိူ့မှာတော့။
နေစင်က ဆိုင်တချို့နဲ့ချိတ်ထားပြီးorderလိုက်ပို့သလို ဖုန်းကို
ကိုယ်တိုင်ဆက်ပြီးကာစတာမာဘက်က မြို့တွင်းကကြိုက်တဲ့ဆိုင်မှာဝယ်ခိုင်း
လို့ရတဲ့service ph noကိုလည်း
လုပ်ငန်းတူဘော်ဒါတွေနဲ့အတူတင်ထားတယ်လေ။
ကိုယ်တက်နေတဲ့ကျောင်းကနေorderရတော့ နည်းနည်းတော့။
"နေစင်"
တတိယထပ်ရဲ့လှေကားထိပ်ကို
ရောက်တော့ အင်ကြင်းနဲ့ သူ့သူငယ်ချင်း တခြားကောင်မလေးတွေ ရပ်ပြီး
စကားပြောနေကြတယ်။
အင်ကြင်းကနေစင်ကိုတွေ့တာနဲ့
အနားကိုပြေးလာသည်။
" ငါနင့်အိမ်ကိုသွားခေါ်သေးတယ်
မလတ်က နင်ဆိုင်ကယ်နဲ့ကျောင်း
သွားလိုက်ပြီတဲ့
ကျောင်းရောက်တော့ နင်ကမ
ရောက်သေးဘူး နင်ဘယ်တွေသွား
နေတာလဲနေစင်"
"ဒီမှာ"
လက်ထဲကအထုပ်ကို မြောက်ပြ
လိုက်ရသည်။
" ဟယ် မွေးနေ့ကိတ်လား ငါ့အတွက်လား"
"ဆုတောင်း"
အဲဒီအချိန်မှာပဲ ခုနကဖုန်းနံပါတ်က
ပြန်ခေါ်လာသည်။နေစင် လည်း
ခေါ်မလိုပဲ အတော်ပဲ။
" ကျွန်တော်တတိယ အထပ်ရောက်နေပြီ လာယူပေးလို့ရမလား"
" ညီလေးက ဘယ်အထပ်ကလဲ"
" တတိယအထပ်ကပဲ
" အဲဒါဆိုအတော်ပဲပေါ့ အတန်းရှေ့ထိ
လာပေးပေးပါလား ညီ အစ်ကိုလာ
လို့မအားလို့ အခုလာခဲ့တော့နော်ညီ
အစ်ကိုက
businessအခန်းSelection2က"
နေစင် စိတ်ရှုပ်စွာနဲ့ သက်ပြင်းချလိုက်မိသည်။
ကျောင်းထဲကို အပြန်လူ ဝင်ခွင့်မရှိ
တာမို့တခြားသူသာဆိုရင် သေချာပေါက်
ကျောင်းအပြင်ထွက်ယူရမှာ။
မတတ်နိုင်။ သူ့ဟာက အခန်းပြင်
တောင်မထွက်ချင်သလိုပဲ။
မြန်မြန်ပေးလိုက်ရင် မြန်မြန်ပြီးတာပဲ
ကျန်တာဘာမှ မစဉ်းစားနေတော့ဘူး
" ငါအထုပ် သွားပို့လိုက်အုံးမယ်
နင်အတန်းထဲသွားတော့အင်ကြင်း"
"ဟဲ့ ဘယ်ဘက်လဲ"
"business အခန်းတွေဘက်"
"businessဘက်ဆို ငါလည်း
လိုက်မယ် နေစင် ငါ့ကိုစောင့်အုံး"
ခပ်မြန်မြန်သွားနေသည့်
နေစင် အနောက်ကနေ အင်ကြင်းက
ပြေးလိုက်လာသည်။
" ဘာလုပ်ဖို့လိုက်မှာလဲ"
အင်ကြင်းရယ်နေတော့ နေစင်ရိပ်
မိလိုက်ပြီ။ဘုန်းပြည့်သော်ကို
သွားကြည့်မှာသိလိုက်ပြီလေ။
" ဒီ ကျောင်းကနေ လှမ်းမှာတာပေါ့လေ
တိုက်ဆိုင်လိုက်တာ နင် orderတွေ
လိုက်ပို့နေတုန်းပဲလားနေစင်"
"အင်း"
" အဲဒါကို ဘာလို့သူက ထွက်လာပြီး
မယူတာလဲ အခန်းရှေ့ထိ သွားပို့
ပေးရမှာပေါ့လေ မြင့်လိုက်တာ"
" ထားလိုက်တော့ ငါကအထပ်တူ
တယ်ပြောလိုက်လို့ ငါ့အလုပ်ပဲဟာ"
business အဆောင်တွေဘက်ကို
သွားရာက အဆောက်အဦးကဆက်နေသော်လည်း တောင်နဲ့ မြောက်လိုပဲ
ကျောင်းရဲ့buildingအကျယ်အဝန်းက တော်တော်လေးကိုကြီးသည်။
ဘေးကနေ အင်ကြင်းကဘုန်းပြည့်
သော်ကို တွေ့ရဖို့ စိတ်လှုပ်ရှား နေပြီး
နေစင်ကတော့ တစုံတယောက်နဲ့
အခန်းမတူပါစေနဲ့ပဲ ဆုတောင်း
နေမိတယ်။
Selection2 အခန်းရှေ့ရောက်တော့
Cakeဖာကိုပိုက်ထားတဲ့နေစင်ကို ကျောင်းသားတယောက်က အေးဆေး
ထိုင်နေလျက်လက်ပြပြီးခဏ စောင့်
ခိုင်းတဲ့ပုံနဲ့ ။မှာတဲ့သူဖြစ်မယ်။
ဘေးမှာကစော်လို့ထင်ရတဲ့ကျောင်းသူ
။စော်က စိတ်ကောက်နေတာကိုချော့
နေရသလို။နေစင် သိလိုက်ပြီ။
ထပ်စောင့်ပေးလိုက်ပါတယ်။
အင်ကြင်းကလည်း ဘေးမှစောင့်
ပေနေပေမဲ့
ဒီအခန်းထဲကသူတွေဆီက နေစင်ကို
စူးစမ်းသလို အကြည့်တွေကို လစ်
လျူရှုပြီးအခန်းဝမှာရပ်နေတုန်း
အနောက်ဆုံးတန်းရဲ့ပြတင်းပေါက်
ဘေးကခုံမှာ ထိုင်နေတဲ့နေစင်ကို
ကြည့်နေတဲ့ တစ်စုံတစ်ယောက်နဲ့ နေစင်
အကြည့်ချင်းဆုံသွားသညိ။
ဗျူဟာပိုင်။
ဆုတောင်းကမပြည့်ဘူးပဲ။
ထုံးစံအတိုင်း ဒီကောင်မျက်နှာက
တော့မာနေတာပါပဲ။
အလျင်အမြန်ပင် မျက်နှာလွှဲလိုက်
ပေမယ့်လည်း။ အခုချိန်ထိ ကိုယ့်ကို
ကိုယ်သိမ်ငယ်မိတာမျိုးမခံစားခဲ့ရဖူးဘူး
ဒီကောင်နဲ့ကျမှအောက်ကျမခံချင်တဲ့စိတ်က။
ခဏအကြာမှ စောင့်ခိုင်းထားတဲ့ကျောင်းသားနဲ့ဘေးကသူ့စော်ကအတူ အခန်း အပေါက်ဝကိုထွက်လာသည်။
" အားလုံးပေါင်း နှစ်သောင်း
ခုနှစ်ထောင်နဲ့ငါးရာနော် ဒီမှာ
သုံးသောင်းပြန်မအမ်းနဲ့တော့"
ကမ်းပေးလာသည့် တစ်သောင်း
တန်သုံးရွက်ကို ကြည့်ရင်းနေစင် စိတ်ကသိပ်မကြည်။
ကျောင်းသားရဲ့ဘေးကသူ့စော်က
နေစင်ကိုကြည့်တဲ့အကြည့်တွေက။
"မဟုတ်တာ လမ်းကြုံနေတာမို့
တခါတည်းယူလာခဲ့တာ အပိုပေးစရာမလိုဘူး"
နှစ်ထောင့်ငါးရာပြန်အမ်းဖို့လုပ်နေတုန်း။
" ကျောင်းတက်နေရင်း deliပို့တာလား ပင်ပန်းမှာပဲ ယူလိုက်ပါ ငါတို့မုန့်ဖိုး
ပေးတာ။တစ်ကျောင်းတည်း ဆိုတော့ နောက်လည်းများများမှာပေးမယ်နော် "
စော်ဖြစ်သူကျောင်းသူရဲ့ အသံကတစ်ခန်းလုံးကိုကျယ်လောင်စွာ။
နေစင် ဘေးဘီကိုဝေ့ကြည့်လိုက်တော့ အခန်းထဲကသူတွေရဲ့ အကြည့်တွေ
ကတော့နေစင်ဆီမှာသာစုပြုံလျက်။
တစ်စုံတစ်ယောက်ထိုင်နေတဲ့ဘက်ကို
တော့နေစင်မကြည့်ရဲတော့။
ဘာဆက်ပြောရမှန်း မသ်ဖြစ်နေမိချိန်
" အပိုပေးစရာမလိုဘူး ဒီမှာပြန်အမ်းရ
မယ့် နှစ်ထောင့်ငါးရာ"
နေ့စင်လက်ထဲက ပိုက်ဆံကိုယူပြီး
အဲဒီအတွဲရဲ့ လက်ထဲကိုထည့်လိုက်တဲ့အင်ကြင်း။
နေစင် လက်ကိုပါဆွဲပြီး အင်ကြင်းက
အဲ့ဒီအတန်းရှေ့ကနေ ခေါ်လာခဲ့သည်။
"ပုံစံတွေက အချိုးမပြေဘူးတစ်
ကျောင်းထဲမှန်း သိရက်နဲ့နင်ဘာလို့
ယူလာပေးလဲ နောက်ခါ ကျောင်းက
အမှာရရင်မပို့နဲ့တော့"
အင်ကြင်းရဲ့တီးတိုးသံ။
" ဘာဖြစ်လဲငါdeliပို့တာ ကျောင်းက
သူတွေသိတော့ သူများဟာခိုးစား
နေတာမှ မဟုတ်တာ "
"အေး နင်အဆင်ပြေရင်ပြီးတာဘဲ
။ကိုယ်တက်နေတဲ့ကျောင်းမို့လို့ နင်မျက်နှာငယ်မှာစိုးလို့။
နင်လုပ်ချင်တာကိုသာလုပ် "
အင်ကြင်း များများစားစားမပြော
တော့ပဲ စကားလမ်းကြောင်း ပြောင်း
လိုက်သည် ။
နေစင်ရဲ့ အခြေအနေကို အတွင်း
ကျကျသိနေတဲ့သူပဲလေ။
သူဌေးကျောင်းတက်နေပေမယ့်
သူဌေးလိုနေလို့မရဘူး
ကိုယ့်အိမ်ကမှမရှိတာ။ အိမ်နဲ့အခု
ထိလည်း အတိုက်အခံဖြစ်ခဲ့တာမို့
ဘယ်သူနဲ့မှစကားမပြောတာ
တစ်ပတ်ရှိပြီ။
အဖေ့ကိုမလွန်ဆန်နိုင်လို့သာ တက်
ခဲ့ရပေမယ့် ကျောင်းစရိတ်အတွက်
အဖေဘယ်လိုလုပ်ခဲ့လဲ ပြန်တောင်မတွေးချင်။
အဲဒီအချိန် မျက်နှာချင်းဆိုင်
ကော်ရစ်တာ ထောင့်ချိုးကနေ
လျှောက်လာတဲ့ဆန်းဆက်မှူး။
နေစင်နဲ့ အကြည့်ချင်းဆုံသွားပြီး
သူက လျှောက်လာနေရင်း
ဆက်ကြည့်နေပေမယ့်နေစင်ပဲ
အကြည့်လွှဲလိုက်သည်။
ဟိုတနေ့က ရပ်ကြည့်နေတာ
သူမှတ်မိနေလို့ သူ့ကိုအားပေးတဲ့
လူလို့ ထင်သွားတာများလား။
ဆန်ူဆက်မှူး ခပ်လှမ်းလှမ်းကို
ရောက်သွားမှ အင်ကြင်းကနေစင်
အနားကပ်ပြီး
"ဒီညီအကိုနှစ်ယောက် ချောတာ
ကတော့စံတင်လောက်တယ်"
"အေး"
"ဒါပေမယ့်ဆန်းဆက်ချောတာက
ဗျူဟာပိုင်လိုမျိုး မျက်နှာမမာဘူး
သူက နောက်တမျိုး သူ့ပုံစံနဲ့သူ ချောတာ"
နေစင် ရယ်ချင်သွားရသည်
"အဲ့ညီအစ်ကိုခဏထား နင့်ရဲ့ ဘုန်းပြည့်သော်ကိုတွေ့ခဲ့လား"
" မတွေ့ခဲ့ဘူး ကျောင်းမလာသေးဘူး
ထင်တယ်"
" ကြည့်လုပ်အုံးနော် အခုခေတ်က
အဆင်ဆိုဘာနဲ့လဲ နင်ပြောနေကြစကားပဲလေ "
"ဟဲ့သေနာ ဖွဟဲ့ လွဲပါစေ ပေယ်ပါစေ
"
အင်ကြင်းကိုစပြီးနေစင် ကော်ရစ်တာ တလျှောက် ပြေးလာခဲ့လိုက်သည်။
စိတ်ထဲမှာလည်း ဘုန်းပြည့်သော်က
ရှင်းသန့်သူကို ဘာလို့မေးတာလဲ
အင်ကြင်းကို ပြောပြသင့်မပြောပြသင့်
တွေးနေလျက်ပေါ့။
-----
" ဗျူဟာပိုင်အဖေရဲ့အဖေ ဗျူဟာ
ပိုင်ရဲ့အဘိုးက အ
မြန်မာနိုင်ငံရဲ့သူဌေးစရင်းဝင်တဲ့လုပ်
ငန်းတွေအများကြီးပိုင်တဲ့
ဥက္ကဠကြီးဦးပိုင်ဦးလေ နင်သိလား"
ကေခိုင်ပြောပြသည်ကို
အင်ကြင်းနဲ့ စိတ်ဝင်တစားနဲ့ သေချာကိုနားထောင် နေသည်။
စာကြည့်တိုက်ကိုလာပြီး ဒီနှစ်ယောက်
ဟိုကောင်တွေအကြောင်းပဲပြောနေကြတာ။
စာကြည့်တိုက်မှာ တစ်ဝိုင်းစုထိုင်ပြီး
နေစင်က စာဖတ်နေပေမယ့် ဘေးက
ဒီနှစ်ယောက်ကတော့။
"အေးဦးပိုင်ဦးကိုငါသိတာပေါ့ဟဲ့
အဲ့တာဗျူဟာပိုင်အဘိုးလား ဆက်ပြော"
"ဥက္ကဌကြီးမှာ အစ်မတစ်ယောက်ရှိတယ်ဟာ အဲဒီအစ်မကမိသားစုမရှိတော့
သားတစ်ယောက်မွေးစားထားတယ်။
အဲဒါက ဆန်းဆက်မှူးရဲ့အဖေ"
"ဘာ"
ဒီတခါတော့ အင်ကြင်းနဲ့ထပ်တူ
နေစင်ပါ အံ့ဩသွားရသည်။
" ဆန်းဆက်ရဲ့အဖေက မွေးစားသား
လား"
"ဟုတ်တယ် ။ ဖြစ်ချင်တော့
ဥက္ကဠကြီးရဲ့အစ်မက ရောဂါနဲ့ဆုံး
သွားတယ် အဲဒါကြောင့် ဆန်းဆက်ရဲ့
အဖေကို ဥက္ကဋ္ဌကြီးကပဲထပ်ပြီးငယ်
ငယ်ထဲကမွေးစားတာလား စောင့်
ရှောက်ခဲ့တာလားတော့ငါလဲသေချာ
မသိဘူး။ ဒါပေမယ့် ဥက္ကဋ္ဌကြီးကသူ့
သားနှစ်ယောက်လုံးကို တော်တော်
လေးချစ်တယ်"
ဖတ်လက်စ အဆုံးသတ်သွားတဲ့
စာအုပ်ကိုနောက်တစ်မျက်နှာနေစင်
လှန်လိုက်သည်။
နားထောင်နေရင်းနဲ့ပေါ့။
အင်ကြင်းကတော့ စားပွဲပေပေါ်မှာ မေးထောက်ပြီးတော့ကို ကေခိုင်
ပြောသမျှကို စိတ်ဝင်တစားနဲ့ နားထောင်နေတယ်။
" အဲဒါကြောင့် ဗျူဟာပိုင်နဲ့ ဆန်း
ဆက်မှုးက တဝမ်းကွဲလားနှစ်ဝမ်း
ကွဲလားလို့ပြောတာလား။ဘာမှတော့
မတော်ဘူးပေါ့"
"ဟုတ်တယ် ဘာမှမတော်ဘူး။
ဆန်းဆက်ရဲ့အဖေက မွေးစားသား
ပေမယ့်ဗျူဟာရဲ့အဖေနဲ့လည်း
အဆင်ပြေတယ်။ ညီအစ်ကိုအရင်းတွေ
လိုပဲ။ ပြဿာနာကသူတို့မိန်းမ သူဌေးကတော်တွေ။သိပ်မတည့်ကြဘူးလို့ကြားတယ်။ပြီးတော့ အဓိကအကြောင်းအရာ
က ဘာလဲသိလား"
"ဘာလဲ ဘာလဲ"
အင်ကြင်းက ေတာ် တော်လေးကိုစိတ်ဝင်စားနေပြီ။
"ဥက္ကဋ္ဌကြီးက ဗျူဟာရဲ့မိဘတွေ
လက်မထပ်ခင်ထဲက
သူနဲ့ရွယ်တူဘွားတော်တစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုပြီး ကတော်
တော်ကောက်ထားတယ် အဲဒါ
ဘယ်သူလည်းသိလား"
"ဘယ်သူလဲ"
" ဆန်းဆက် အမေရဲ့အမေ"
"ဘာ"
အင်ကြင်းရဲ့အံ့သြသံ။
" ရှုပ်ထွေးလိုက်တာဟယ် သူတို့
မိသားစုကလည်း"
"အေး ဒါတောင်ငါက ဒီလောက်ပဲသိလို့"
" သူတို့အမေတွေက မတည့်ကြဘူး
ဆိုတော့ ဗျူဟာပိုင်နဲ့ဆန်းဆက်မှူး
သူတို့အချင်းချင်းရော အဆင်ပြေကြရဲ့လား"
" အဲဒါတော့ငါလည်း သေချာမသိဘူး
အခေါ်အပြောတော့ သိပ်မတွေ့ပေမယ့်
မကျေမနပ်ဖြစ်တာမျိုးတော့ မရှိကြ
ဘူးထင်ပါတယ်"
"ဆန်းဆက်က ဖော်ရွေတဲ့ပုံပဲ။ စကား
ပြောတာလည်း လိုက်လျောညီထွေမှုရှိတယ်။ဗျူဟာပိုင်ကတော့ မျက်နှာ
မာတယ်နော်။သူ့လုပ်စာ တလောကလုံးထိုင်စားနေရတဲ့ရုပ်နဲ့။ဘာလဲမြေးအရင်း
မို့လို့လား"
" အဲလိုတော့လည်းမဟုတ်ပါဘူး
ဗျူဟာက မျက်နှာကိုကတည်နေ
တဲ့ပုံပေါက်နေတာ။ဒါပေမဲ့မာနက
တော်တော်ကြီးတယ် သူ့ဘာသာနေ
တဲ့ပုံစံမျိုး ။ဆန်းဆက်ကတော့ဖော်
ရွေတာမှန်တယ် စကားပြောလည်း
ကောင်းတယ်"
" ဝတ်ရည်ဦးဆိုလား အဲ့
ကောင်မလေးကလေ နှစ်ယောက်
ထဲက ဘယ်သူနဲ့လဲ "
ကေခိုင် အနားကိုကပ်ပြီးတီးတိုးနဲ့
အင်ကြင်းမေးတော့ နေစင်အလိုမကျစွာနဲ့ပဲ။
" ဝတ်ရည်လား သေချာပေါက်
ဗျူဟာနဲ့ပဲပေါ့။မိဘတွေကလည်း
တကယ့်greatတွေဆိုတော့ လူကြီးချင်းစကားပြောထားတယ်လို့တောင် stageကျောင်းမှာထဲက သတင်းထွက်နေ
တာ။ ဟုတ်မဟုတ်တော့သေချာ
မသိဘူးပေမဲ့ဗျူဟာက တော်ရုံဘယ်မိန်းကလေးနဲ့မှ စကားပြောတာတောင် မဟုတ်ဘူး ဝတ်ရည်ဦးကိုတော့အလေး
ထားပြီးဆက်ဆံတယ်လို့ ပြောရမှာပဲ။
မိဘတွေအချင်းချင်းကလည်းရင်းနှီး နှစ်ယောက်လုံးက အားကျခြင်စရာကောင်းလောက်အောင် လိုက်ဖက်နေတယ်။
ငါထင်တာဗျူဟာပိုင်ဘက်ကတော့
လုံးဝသေချာတယ် ကျောင်းစလာတဲ့
နေ့က လက်ကိုဆွဲသွားတာပဲကြည့်ပါလား"
"ဖြစ်တော့ဖြစ်နိုင်ပေမဲ့"
" ဝတ်ရည်ဦးဘက်ကနေဆိုလည်း
ဗျူဟာက ငြင်းစရာမှမရှိတာ။
တက္ကသိုလ်လည်းတက်နေပီဆိုတော့
သေချာပေါက် သူတို့နှစ်ယောက်ရဲ့
သတင်းကမကြာခင်ထွက်လာလိမ့်မယ်။
ဒါပေမဲ့ ဝတ်ရည်က
ဆန်းဆက်နဲ့လည်း တော်တော်လေး
ရင်းနှီးတယ်လို့ပြောရမယ်။သူတို့က
သဘောထားချင်းဝါသနာချင်းလည်းတူတယ် ဝတ်ရည်က ဆန်းဆက်နဲ့
အတူတူပဲဖော်ရွေတယ်
သဘောကောင်းတယ် မာနမကြီးဘူး"
"အေ အဲ့တာပြောတာပေါ့ ငါတော့
ဝတ်ရည်ဦးက ဘယ်သူနဲ့ဖြစ်မလဲ တော်တော်စိတ်ဝင်စားနေပြီ။ဟိုတစ်
နေ့က ဆန်းဆက်သီချင်းဆိုတုန်း
က သူတို့နှစ်ယောက်ရဲ့အကြည့်တွေက
သိပ်မရိုးသားဘူး"
"ဟဲ့ အဲ့တာ ညီအကိုဝမ်းကွဲတွေနော်။
ပထမမြေးနဲ့လူကြီးချင်းသဘောတူထားတယ်ဆိုပြီးသတင်းထွက်နေတာကို
ဘယ်သူက နာမည်အပျက်ခံပြီး
ဒုတိယမြေးနဲ့ဖြစ်နိုင်မှာလဲ။သူတိူ့က
ဝါသနာတူလို့ဘော်ဒါတွေလိုမျိုးတရင်းတနှီးဖြစ်နေတာ"
"ဘာမှသွေးမတော်ဘူးလေ ဗျူဟာနဲ့
ဖြစ်မယ်ဆိုတာရောသေချာလို့လား"
ဖတ်လက်စ စာအုပ်ကို နေစင် ပိတ်ချ
လိုက်ရတော့သည်။
ဘေးမှာပွားနေတဲ့ နှစ်ယောက်ကို
သည်းမခံနိုင်တော့။ သိပ်မရင်းနှီးတာ
မို့ ကေခိုင်ကိုတော့ အားနာပေမဲ့
"အင်ကြင်း နင်သဘောကျနေတာ
ဘုန်းပြည့်သော်လား ဗျူဟာပိုင်နဲ့
ဆန်းဆက်မှူးလား"
"ဘုန်းပြည့်သော်ပါဟဲ့ ငါ့ဘုန်းလေးအကြောင်းကငါအကုန်မေးပြီးသား။
အခုကဒီညီအစ်ကို အကြောင်းကိုသိ
ချင်လို့ နေပါဦးနေစင် နင်က ငါတို့
ပြောနေတာ စိတ်မဝင်စားသလိုနဲ့
နားထောင်တာပေါ့လေ"
" နားထောင်စရာတောင်မလိုဘူး
အကုန်ကြားနေရတယ် နင်တို့သူများအကြောင်းတွေပဲလိုက်ပြောနေအုံးမှာလား နားငြီးတယ်ငါသွားပြီ။"
"ဟဲ့ နေစင် အော် နေပါအုံး"
အင်ကြင်းရဲ့ တားမြစ်သံကို ဂရုမစိုက်
ပဲ နေစင် စာအုပ်ကိုင်ကာ ထထွက်
လာလိုက်တော့ သည်။ယူထားတဲ့
စာအုပ်ကိုပြန်ထားဖို့အနားကစာ
အုပ်စင်ဆီအသွားစင်အနောက်မှာ တယောက်တည်း ရပ်နေတဲ့ ရှင်းသန့်
သူနဲ့ဆုံသည်။ ဒီကောင်ဘယ်တုန်းက
ရောက်နေတာလဲ
ထုံးစံအတိုင်း ဘာမှမပြော။
စိတ်ကသိပ်မကြည် ပြန်မပြောမှာ
သိနေတာမို့နေစင်လည်း နှုတ်မ
ဆက်တော့ပဲ စာကြည့်တိုက်ထဲက
နေ ထွက်လာခဲ့လိုက်သည်။
----------
" အဖေနဲ့အမေတို့ရောနေကောင်းကြ
ရဲ့လား သား အန်တီနဲ့တော့ အရင်တရက်တွေကပဲ ဖုန်းပြောဖြစ်ကြသေးတယ်"
" ကောင်းပါတယ် အန်တီ အမေလည်း
အန်တီ့ကိုမေးနေတယ်"
" တစ်နေ့လောက်တော့ ခိုင်နဲ့အပြင်မှာ ရက်ချိန်းယူပြီးတွေ့မှာပါ မတွေ့ဖြစ်
တာကြာပြီလေ"
"ဟုတ်ကဲ့"
ပုံမှန်ထက်ကိုပိုပြီး
လှိုက်လှဲစွာ ကြိုဆိုပြီးဧည့်ခံနေတဲ့
အမေ့ဘေးမှာ ဝတ်ရည်က သူ့ပုံစံ
အတိုင်းပဲ ပုံမှန်လေးပြုံး၍ထိုင်နေ
လျက်သာ။
" ချိုင့်က နောက်မှ အန်တီတခုခု
ပြန်ချက်ပြီးခိုင့်ဆီယူသွားတော့မယ်
သား ပြန်မယူသွားနဲ့တော့ ကြားလား"
" ဟုတ်ကဲ့ရပါတယ"
"ခိုင်ချက်တဲ့ အုန်းနို့ခေါက်ဆွဲဆို
အန်တီရောသမီးရောသူ့အဖေရောက
အရမ်းကြိုက်တာ ခိုင့်လက်ရာဆို
အန်တီတို့ တအိမ်လုံးကလက်စွဲပဲ
လာပို့ပေးတာကျေးဇူးပဲနော် သား
ဗျူဟာ"
" အမေကလည်း အန်တီ့ကိုစားစေ
ချင်လို့ အကုန်လုံးပြင်ဆင်လို့ပြီးတာနဲ့
မနက်အစောကြီး ကျွန်တော့်ကို
လာပို့ခိုင်းတာ"
အမေ့ကိုပြန်ကြည့်ရင်း ဝတ်ရည်
နည်းနည်းတောင်မျက်နှာပူသွားရတယ်။
ပိုလွန်းနေပြီမဟုတ်လား။
ဗျူဟာကတော့ အမေနဲ့ လိုက်လျော်
ညီထွေ စကားပြောနေလျက်သာ ။
" ခိုင်ကတော့ အားကိုးရတာပေါ့ ။သားကအခု ဒီကိုပြန်လာပြီး ဒီမှာပဲ
ဝတ်ရည်နဲ့အတူတူ ကျောင်းဆက်
တက်မယ်မလား။ သားရဲ့ဆုံးဖြတ်
ချက်ကိုအန်တီတို့ကယုံကြည်ပြီးသား။
ဒီကောင်မလေးလေ အမေနဲ့မခွဲနိုင်
ဘူးဆိုပြီး ဒီမှာပဲတက်မယ်ဆိုလို့သာ
အန်တီတို့လက်လျှော့လိုက်ရတာ။
ဗျူဟာလည်းပြန်လာတော့ အတော်
ပဲဖြစ်သွားတာပေါ့။
"အမေ "
ဗျူဟာနဲ့ အကြည့်ချင်းဆုံသွားချိန်
အမေ့စကားတွေမလွန်ဖိူ့ဝတ်ရည်
တားလိုက်သော်လည်း
"ဝတ်ရည်ကို ကျောင်းမှာဂရုစိုက်ပေး
ဖ်ု့သားလက်ထဲ အန်တီ အပ်တယ်နော် ။
ဗျူဟာနဲ့ အနီးကပ်ရှိနေတော့ ဝတ်ရည်အတွက်အန်တီစိတ်ချရတာပေါ့"
"ဟုတ်ကဲ့ စိတ်ချပါအန်တီ"
"အမေ မနက်ပိုင်းဘုရားရှိခိုးရတော့
မယ်မလား
အချိန်လွန်နေပြီ"
"ဟုတ်သား စကားကောင်းနေတာနဲ့
အမေမေ့နေတာ ဆွမ်းတော်ကပ်ရ
ဦးမယ်။ အဲဒါဆိုသား ဗျူဟာအန်တီ
အပေါ်ထပ်မှာ ဘုရားရှိခိုးလိုက်ဦး
မယ်။မင်း သူငယ်ချင်းနဲ့ အေးဆေး
ဆေးစကားပြောပြီးမှ ပြန်နော် သား"
" ဟုတ်ကဲ့ အန်တီ"
အမေ ဧည့်ခန်းထဲကနေ ထွက်
သွားမှ ဝတ်ရည်ဗျူဟာကိုကြည့်လျက်။
"ဆောရီး ငါ့အမေ အကြောင်းသိ
တယ်မလား စကားပြောရင် တော်ရုံ
နဲ့မပြတ်ဘူး နင်အချိန်ရရဲ့လား"
" မနက်ပိုင်းရပါတယ် နေ့လယ်တော့
ဂေါက်ကွင်းသွားမလို့ မင်းလိုက်ဦးမလား"
"နိုး ကျောင်းပိတ်ရက်ဆိုတော့ဒီနေ့
ကငါ့ရဲ့ drama timeပဲ နောက်တခါ
မှပဲ လိုက်တော့မယ်"
"အင်း ရတယ်"
" ငါတို့အပြင်မှာ လေကောင်းလေ
သန့်ရှုရင်း စကားပြောကြမလား ဗျူဟာ"
"သဘောပဲ"
ဝတ်ရည် အနောက်ကနေ ဗျူဟာ
လိုက်သွားပြီး အိမ်အပြင်ရောက်တော့
ပန်းခြံဘေးကဒန်းပေါ်မှာ ဝတ်ရည်နဲ့
အတူထိုင်ဖြစ်ကြသည်။
အိမ်နေရင်းနဲ့ပုံမှန် ချည်သားဝိုင်း
ဆက်လေးပဲ ဝတ်ထားပြီး မိတ်ကပ်
မလိမ်းထားတာတောင် ကြည့်ရှင်း
နေတဲ့မျက်နာနဲ့သဘာဝအလှကို
ပိုင်ဆိုင်ထားတဲ့ကောင်မလေးပါပဲ။
" ပြည်ပမှာနေတုန်းက နေ့တွေညတွေ
အချိန်မတူလို့သိပ်ပြီး မဆက်သွယ်ဖြစ်ဘူး"
" အင်း ရတယ်ငါလည်း နင်လိုင်းသုံးတဲ့အချိန်နဲ့မတွေ့ဖြစ်လို့ စာမပို့ဖြစ်တာ "
ပြန်တွေ့ထဲကပထမဆုံး သတိထား
မိလိုက်ပေမဲ့ ဗျူဟာအခုမှအခွင့်ရေး
ရတာမို့။
" ဆံပင်ကဘာလို့ညှပ် လိုက်တာလဲဝတ်ရည်"
"အော် ဆံပင်လား"
ဝတ်ရည်က အသာပြုံးလိုက်လျက်။
"stageကျောင်းထဲကအရှည်ထားလာတာ ခါးထိဆိုတော့ အရမ်းရှည်နေပြီလေ
ငါသိပ်မနိုင်တော့လို့ "
" မင်းနဲ့ဆံပင်ရှည်နဲ့ပိုလိုက်တယ်
ဒီတခါပြန်ရှည်လာရင် ထပ်မညှပ်
လို့မရဘူးလား"
"ငါလည်း သေချာမသိသေးဘူး"
ပြောရန်သင့်မသင့်မစဥ်းစားနေတော့
ပဲ ပြောချလိုက်တာကို ဝတ်ရည်က
ချက်ချင်းအဖြေပြန်ပေးသည်။
ဒီဆံပင်လေးတောင် ကိုယ်လုပ်ချင်ရာ
လုပ်ခွင့်မရှိတာမဟုတ်။ ကောင်မလေး
ကိုစကြွေခဲ့ရတာ ဒီဆံပင်ရှည်တွေနဲ့မို့။
"ဝတ်ရည်"
"အင်း"
"မင်းအတွက်"
ဘောင်းဘီအိတ်ကပ်ထဲကနေ ဗျူဟာ
ဘူးလေးတဗူးကိုထုတ်လိုက်သည်။
အထဲမှာတော့။
"ဝိုး ခေါင်းစည်းကြိုးလေးပဲ လှတယ်"
ဝတ်ရည်ကတော်တော်လေးသဘော
ကျနေဟန်မို့။
"ဆိုတော့ ဒါကUSပြန်ကြီးရဲ့ လက်
ဆောင်ပေါ့။ နင်ငါ့ကိုပေးတဲ့အထဲမှာဒီ လက်ဆောင်ကအထူးခြားဆုံးပဲ"
" ငါပေးတဲ့လက်ဆောင်တွေထဲမှာလည်း မင်းအရမ်းသဘောကျနေတာကိုမြင်ရတာ ဒါပထမဆုံးပဲ"
အကြည့်ချင်းဆုံနေလျက် ဝတ်ရည်က
အသံတိတ်သွားသည်။
ထိပ်ဆုံးကစျေးကြီးတဲ့brand
တွေ limitedပစ္စည်းတွေပဲ ပေးဖူးပေ
မယ့် ကောင်မလေးက ထွေထွေထူးထူး အမူအရာမပြောင်းလဲသွား။
ပြန်ခါနီး ဒီလက်ဆောင်ကို ရွေးခဲ့တာ
ဗျူဟာမှန်သွားပြီ။
"အခုစီးကြည့်လိုက်ပါလား ရွေးရခက်ပြီးတော့ဝယ်လာတာပဲ မင်းနဲ့လိုက်မလိုက်သိချင်လို့"
"အင်း ရတယ်လေ"
ဝတ်ရည်က ဆံပင်တွေကိုခေါင်း
အနောက်မှာစုပြီး စည်းလိုက်သည်။
ပိုးသား ခေါင်းစည်းကြိုးအပြာနုလေးက ကောင်မလေးမျက်နှာလေးနဲ့လိုက်ဖက်
တာထက်ကိုပိုလျက်။
ဒါပေမယ့် နက်မှောင်နေတဲ့ဆံနွယ်တွေချထားတဲ့ ဝတ်ရည်ဦးက ပိုပြီး
ဆွဲဆောင်မှုရှိနေတာကို ဗျူဟာ
သူကလွဲပြီး ဘယ်သူ့ကိုမှ။
" လှတယ် "
" ကျေးဇူးပဲ"
" ကျောင်းလာရင် ဆံပင်မချထားပဲ
ဒီလိုပဲခေါင်းစည်းကြိုးနဲ့စီးလာပါလား
မင်းနဲ့လိုက်တယ်"
"အင်း နင်ကလိုက်တယ်လို့ပြောမှတော့လည်း စီးကြည့်မယ်လေ"
ကောင်မလေးက ပေါ့ပေါ့ပါးပါးပင်။
" နောက်ရက်တွေ ကျောင်းသွားရင်
ငါမင်းကိုလာခေါ်ပေးမယ် ဝတ်ရည်
အန်တီ့ကိုပြောပြီးပြီ"
" ဘာလုပ်မလို့လဲ အချိန်မတူတဲ့ရက်ဆို ဘယ်လိုလုပ်မလဲ အပြန်လညိးရှိသေး
တယ် နင်အလုပ်ပိုတယ်။ အိမ်က
မောင်းသမား လိုက်ပို့နေတာပဲ ပြီးတော့
ငါကားမောင်းလည်းသင်တော့မလို့"
"အဲ့တာဆို ကျောင်းပိတ်ရက် ငါသင်ပေးမယ် "
ဝတ်ရည်ရဲ့ မျက်နှာမှာ ပြောရခက်
နေသလို။
" နင်ပြန်မလာထဲက ငါဆန်းဆက်ကို
ပြောထားပြီးသားဖြစ်နေတယ်"
"ဘာ"
လေသံမာသွားသည်ကို ဗျူဟာ ပြန်ထိန်းလိုက်ရသည်။
"ဖျက်လိုက်"
" ဗျူဟာ ငါအဲဒီလိုလုပ်လို့ မရ"
" ငါ မင်းရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်
တာမဟုတ်ဘူး။ ဆန်းဆက်နဲ့မင်းက
ငါနဲ့မတွေ့ခင်ထဲက သူငယ်ချင်းတွေ
လိုရင်းနှီးကြမှန်းသိတယ်။ ဒါပေမယ့်
အခုတော့မဟုတ်ဘူး ဖြစ်နိုင်ရင်အဲ့ဒီ
ကောင်နဲ့ အဆက်ဆံမလုပ်နဲ့တော့"
" နင်ငါ့ကိုအဲဒီလို အမိန့်ပေးလို့မရဘူး
ဗျူဟာ ။တစ်ကယ်ဆိုဆန်းဆက်နဲ့
နင်ကညီအစ်ကိုတွေ ပဲ
နင်ဘာလို့ဒီလောက်တောင် အမြဲတမ်း
ဆန်းဆက်ကို အမြင်မကြည်ဖြစ်နေ
ရတာလဲ"
"ညီအစ်ကိုတွေ ဟုတ်လား။ငါတို့
မိသားစုနဲ့ဘာမှသွေးသားမတော်စပ်
သလို သူတို့နဲ့တစ်ဆွေထဲ တစ်မျိုး
တည်း လို့လည်းမသတ်မှတ်ထားဘူး။
အဲဒီမိသားစုက ဆန်းဆက်မှူးက
ငါ့အတွက်တော့ ဒီအတိုင်းကပ်ပါး
သာသာပဲ"
"ဗျူဟာ နင့်စကားတွေကသူတစ်ပါး
ကိုနှိမ့်ချလွန်း"
"အခြေအနေအရ ဘယ်လိုမှမတ
တ်နိုင်တာမို့လို့သာ ဆွေမျိုးမကင်း
ဖြစ်နေရုံပဲ။ အဲ့ဒါငါတို့ကိစ္စ မင်းက
ဒီအတိုင်း ငါပြောတဲ့အတိုင်းလုပ်ရုံ
လေးပဲ ဝတ်ရည် လုံးဝအပြတ်ကြီး
မခေါ်မပြောလုပ်ရမယ်လို့
မတားမြစ်ဘူး တတ်နိုင်သမျှ
ကျောင်းမှာမတွေ့ဖြစ်အောင်နေ
အပြင်မှာဆိုတာမျိုးဆိုရင်တော့
မင်းစဥ်းစားပေါ့"
ဝတ်ရည် ဗျူဟာကို စိတ်ပျက်စွာနဲ့
ပဲ ဘာမှဆက်မပြောချင်တော့။
ဆက်ပြောရင်လည်း ထုံးစံအတိုင်း
ဗျူဟာရဲ့ ဒေါသအတိုင်း စကားများ
ဖို့ပဲရှိသည်။ဘာမှမဖြစ်ကြသေးတဲ့
အဖြေအနေမှာတောင်ဒီလောက်ဆိုရင်။
" အဲဒီကောင်နဲ့ပတ်သက်ပြီးရှေ့
လျောက် ငါတို့စကားမများပဲနေကြရအောင်။ဒီတစ်ခါ နောက်ဆုံး
ပဲ အဲဒီအတွက် ပြောချင်းဖြစ်ပါစေ
။ငါတစ်ကယ်မင်းနဲ့ ဆက်ဆံရေးကို
အဆင်ပြေပြေပဲ ရှေ့ဆက်ချင်တယ် ဘာမဟုတ်တာလေးနဲ့ စကားမများချင်ဘူး"
ဘာမှပြန်မပြောတော့ပဲဝတ်ရည်
မျက်နှာလွှဲလိုက်တော့ ဗျူဟာကဝတ်ရည် ဘေးမှထိုင်နေရာကနေထသွားသည်။
" ဒီနေ့တော့ပြန်လိုက်တော့မယ်
ကျောင်းမှာတွေ့ကြတာပေါ့ ကား
မောင်းသင်မဲ့ရက်ကိုလည်းရွေးထားလိုက်"
သူ့အကျင့်အတိုင်း အထက်စီးကနေ
ခပ်ပြတ်ပြတ်ပင်ပြောသွားပြီး
ဗျူဟာကားမောင်းပြီး ခြံထဲကနေ
ထွက်သွားတာနဲ့ တပြိုင်နက်
ဝတ်ရည် ခေါင်းမှာ စည်းထားတဲ့
ခေါင်းစီးကြိုးကိုဖြုတ်ချလိုက်သည်။
ငါအပြာနုရောင်ကိုမကြိုက်ဘူး
ဗျူဟာ အဲဒါကိုနင်မသိသလို
သိဖို့လဲ စိတ်ဝင် စားမှာမဟုတ်ဘူး။
နင်ဖြစ်စေချင်တာက နင်ပုံစံသွင်း
တဲ့အတိုင်းနင်ပြောတဲ့အတိုင်းနေတဲ့
နင်ရဲ့ပွဲတက်လက်တွဲဖော်ဖြစ်ဖို့။
ငါသာနင်နဲ့အဆင့်အတန်းချင်း
မတူခဲ့ရင် နင်ငါ့ကိုအခုလို အလေး
ထားပြီးဆက်ဆံ ပါ့မလားဗျူဟာ။
----------
ဆန်းဆက် အသံသွင်းနေကြstudio
ထဲကို ဒီနေ့ ဝတ်ရည်
နောက်ကျမှရောက်လာခဲ့သည်။
ဝယ်လာခဲ့တဲ့ စားစရာဖော့ဘူးထုပ်
တွေကိုမြင်တော့studioပိုင်ရှင်အစ်ကို
က ထုံးစံအတိုင်း
" ဆန်းဆက်အတွက်ပဲလား"
"အစ်ကို့ အတွက်ရောပါပါတယ်"
"အမလေး ကျေးဇူးပါ ခင်ဗျာ ခဏ
စောင့် အုံး ကိုယ်တော်ချောက
စိတ်တိုင်းမကျလို့တဲ့ အသံပြန်
စမ်းနေတာ"
အသံသွင်းနေတဲ့
အတွင်းခန်းရဲ့မှန်ဘောင်ထဲကနေ
ဝတ်ရည်ကို မြင်တော့ ဆန်းဆက်ရဲ့
မျက်နှာမှာအပြုံးတွေ ပြည့်သွား
သည်နှင့်အတူ
"ဆန်း"
ဝတ်ရည်ရဲ့တိုးဖွဖွခေါ်သံ။
နှစ်ယောက်လုံးရဲ့မျက်နှာမှာ
အပြုံးတွေ ပြည့်နေလျက်။
studio ပိုင်ရှင်ကြီးကတောင်
အလိုက်သတိရှောင်သွားတာနဲ့
တပြိုင်နက်ဆန်းဆက် ပြုံးရယ်စွာနဲ့ပဲအတွင်းခန်းရဲ့အပြင်မှာ
ထိုင်နေသည့်ဝတ်ရည်ဆီသွား
လိုက်သည်။
" အသံသွင်းလို့ ပြီးပြီလားဆန်း"
" သိပ်တော့စိတ်တိုင်းမကျသေးဘူး"
" အဲဒါဆိုရင် နင်အဆင်ပြေတဲ့အထိ
လုပ်လေ ငါစောင့်နိုင်ပါတယ်"
နားလည်ပေးနိုင်လွန်းသည့်
ကောင်မလေးကိုဆန်းဆက်
အသည်းယားလွန်းစွာနဲ့ပဲ။
"ဝင့်ကို မစောင့်ခိုင်းစေချင်ပါဘူး
ဘယ်သွားမလဲ ရုပ်ရှင်သွားကြည့်မလား"
"ဟင့်အင်း ဒီနေ့တော့studioမှာပဲ
နေလိုက်ကြရအောင် ဆန်းအတွက်
အဆာပြေစားစရာတွေပါဝယ်လာတယ်
လုပ်စရာရှိတာကိုလုပ် စောင့်နေပေးမယ်"
" မျက်နှာလည်းမကောင်းပါလား ဝင့်"
ဆန်းဆက် စိတ်ပူစွာနဲ့ ဝတ်ရည်ရဲ့ ပါးတစ်ဖက်ကိုကိုင်လိုက်တော့
ဝတ်ရည်ကမျက်နှာလုံးဝမကောင်း။
" ငါနေရခက်တယ် ငါ့ဘက်ကဘာမှ
စကားလွန်ထားတာမရှိပဲနဲ့ အပြစ်လုပ်
ထားမိသလိုခံစားချက်ကြီး။ ဗျူဟာ
ကိုဖွင့်ပြောလိုက်ကြရအောင် ဆန်း"
ဝတ်ရည်မျက်နှာမကောင်းသည့်
အကြောင်းအရာကိုသိသွားတော့
ဆန်းဆက်။
"စောပါသေးတယ်"
"ဆန်း"
" သူတစ်ယောက်တည်းဆိုရင် ကိစ္စ
မရှိပေမယ့် လူကြီးတွေရှိသေးတယ်
လေ။ ကိုယ်လည်း အကုန်လုံးအတွက်အဆင်ပြေနိုင်မယ့် နည်းလမ်းကိုရှာ
နေတယ် လောလောဆည်အလိုက်ထိုက်
ပဲနေလိုက် အချိန်တစ်ခုလောက်စောင့်
ကြရအောင် ကိုယ်မင်းကို နည်းနည်း
လေးမှ အထိအခိုက်မခံနိုင်ဘူး"
" တကယ်ဆိုရင် လွန်ခဲ့တဲ့သုံးလထဲက
နင်နဲ့ငါချစ်သူတွေဖြစ်နေပြီဆိုတဲ့
အကြာင်းဗျူဟာပြည်ပမှာရှိနေထဲက
အသိပေးလိုက်ရမှာ အဲဒါဆိုရင် သူလုံးဝပြန်လာတော့မှာမဟုတ်ဘူး ။ကိစ္စတွေကလည်းဒီလောက်မကြီးဘူး ဗျူဟာရဲ့
စိတ်ကိုငါသိတယ် သူသာသိသွားရင်
အကြီးကျယ်ပေါက်ကွဲလိမ့်မယ်။
သူနဲ့ငါ့ကိစ္စကိုအတင်းအကြပ်လုပ်ရင်
ဘယ်လိုလုပ်မလဲ။ပြီးတော့ငါ့မိဘတွေ
က ဗျူဟာမှဗျူဟာဖြစ်နေတာ အခု
သူ့မိဘတွေနဲ့ငါ့မိဘတွေက "
" လူကြီးတွေက ရင်းနှီးနေလို့သားသမီး
အရေး စကားပြောတာ မဆန်းပါဘူး
တစ်ကယ်အတည်တကျကြီးပြောထား
တာမျိုးမှမရှိတာ ဝင့်မှာဘာအပြစ်မှမရှိ
ဘူး ။ကိုယ်နောက်တစ်မျိုး စဉ်းစား
လိုက်ပါဦးမယ် ဘာမှစိတ်မပူနဲ့ စိတ်ကိုအေးအေးထား ချစ်သူ ဟုတ်ပြီလား "
"အင်းပါ ငါကနင့်ကိုထိခိုက်စေမှာပဲ
စိုးရိမ်နေတာ"
"ဝင့်ကိုယ့်ဘေးမှာရှိနေသ၍ ကိုယ့်ကို
ဘယ်သူမှထိခိုက်အောင်မလုပ်နိုင်ဘူး"
စိတ်ပူနေသည့်ဝတ်ရည်ကို ဆန်းဆက်
လေပြေနဲ့ ချော့နေသည်။
ဝတ်ရည်ရဲ့ပါးတစ်ဖက်ကိုကိုင်လျက်နှုတ်ခမ်းတွေကို ထပ်တူကျစေလိုက်
တော့ဝတ်ရည်ကလည်း ဆန်းဆက်ရဲ့
အနမ်းတွေမှာစီးမျောလျက်။
ဝင့်ဆိုတာ ဝတ်ရည်ဝင့်ဦးဆိုတဲ့
ဝတ်ရည်ရဲ့ အိမ်ကလူတွေကနဲ့
ဆန်းဆက်တယောက်ထဲသိတဲ့
ဝတ်ရည်ရဲ့ငယ်နာမည်။
စောပါသေးတယ်။သူ့ကိုယ်သူမိုးထိ
အောင် မြင့်နေတယ်လို့ထင်နေတဲ့
ဗျူဟာပိုင်ဆိုတဲ့ ကောင်ကိုအထိနာ
အောင်လုပ်ဖို့ကသေသေချာချာ
အစီအစဉ်ဆွဲပြီး အချိန်ကောင်းမှ
ချပြရမှာပေါ့။
ဘယ်လိုလဲ။ မင်းပြောနေကျ ကပ်ပါး
အမျိုးအနွယ်က ကောင်ကဘယ်လောက်
ထိအရေးပါမှန်း မကြာခင်မင်း
လက်တွေ့ တွေ့ရလိမ့်မယ်။
****************
" ဟုတ္ပါတယ္ ကြၽန္ေတာ္ ဒီေက်ာင္း
ကပဲ အဲဒါေၾကာင့္ ေက်ာင္းအျပင္
ထြက္ယူစရာမလိုဘူး ကြၽန္ေတာ္
ကားပါကင္ကို ေရာက္ေနၿပီ။အဲဒီ
ဘက္ကအစ္ကိုက လာယူေပးလို႔ရမလား "
လက္ထဲမွာကိတ္မုန္႔ဖာနဲ႔ ဖုန္းေျပာ
ေနရင္း တဖက္ကျပန္ေျပာသည္စကားေၾကာင့္။
"ဗ်ာ "
" ညီေလးကဘယ္ အထပ္ကလည္း
တတိယထပ္ ကိုတက္ခဲ့ေပးပါလား
အခ်ိန္ရမယ္ဆိုရင္ ။တက္ခဲ့ေပး
လို႔ရမလား အစ္ကို ဆင္းယူဖို႔မအားလို႔ "
အထပ္တူတာပဲမို႔
ေနစင္ ေအးေဆးသြားရသည္။
"ဟုတ္ကဲ့ ကြၽန္ေတာ္ ယူလာခဲ့
ေပးမယ္"
ဘယ္ႏွစ္မွန္းမသိလို႔အစ္ကိုနဲ႔ေျပာ
ေနတာ တတိယထပ္ဆိုေတာ့ foundationတန္းေတြထားတဲ့
အထပ္ပဲ အ႐ြယ္တူေတြပဲေပါ့။
ေက်ာင္းမလာခင္ ေနစင္ကို
ဖုန္းဆက္ၿပီးoderမွာတာ တိုက္တိုက္
ဆိုင္ဆိုင္ပါရမီကဆိုေတာ့ ေက်ာင္း
ကကန္တင္းမွာမဝယ္ပဲ အျပင္က
ဆိုင္မွာ ဝယ္ခိုင္းေတာ့ အံ့ဩေန
တုန္း႐ွိေသး ဘယ္ဆိုင္ကပဲရရ
ခ်က္ခ်င္းကို အလယ္အလတ္
cakeတစ္လုံး ဝယ္လာေပးဖိူ႕မွာေတာ့။
ေနစင္က ဆိုင္တခ်ိဳ႕နဲ႔ခ်ိတ္ထားၿပီးorderလိုက္ပို႔သလို ဖုန္းကို
ကိုယ္တိုင္ဆက္ၿပီးကာစတာမာဘက္က ၿမိဳ႕တြင္းကႀကိဳက္တဲ့ဆိုင္မွာဝယ္ခိုင္း
လို႔ရတဲ့service ph noကိုလည္း
လုပ္ငန္းတူေဘာ္ဒါေတြနဲ႔အတူတင္ထားတယ္ေလ။
ကိုယ္တက္ေနတဲ့ေက်ာင္းကေနorderရေတာ့ နည္းနည္းေတာ့။
"ေနစင္"
တတိယထပ္ရဲ႕ေလွကားထိပ္ကို
ေရာက္ေတာ့ အင္ၾကင္းနဲ႔ သူ႕သူငယ္ခ်င္း တျခားေကာင္မေလးေတြ ရပ္ၿပီး
စကားေျပာေနၾကတယ္။
အင္ၾကင္းကေနစင္ကိုေတြ႕တာနဲ႔
အနားကိုေျပးလာသည္။
" ငါနင့္အိမ္ကိုသြားေခၚေသးတယ္
မလတ္က နင္ဆိုင္ကယ္နဲ႔ေက်ာင္း
သြားလိုက္ၿပီတဲ့
ေက်ာင္းေရာက္ေတာ့ နင္ကမ
ေရာက္ေသးဘူး နင္ဘယ္ေတြသြား
ေနတာလဲေနစင္"
"ဒီမွာ"
လက္ထဲကအထုပ္ကို ေျမာက္ျပ
လိုက္ရသည္။
" ဟယ္ ေမြးေန႔ကိတ္လား ငါ့အတြက္လား"
"ဆုေတာင္း"
အဲဒီအခ်ိန္မွာပဲ ခုနကဖုန္းနံပါတ္က
ျပန္ေခၚလာသည္။ေနစင္ လည္း
ေခၚမလိုပဲ အေတာ္ပဲ။
" ကြၽန္ေတာ္တတိယ အထပ္ေရာက္ေနၿပီ လာယူေပးလို႔ရမလား"
" ညီေလးက ဘယ္အထပ္ကလဲ"
" တတိယအထပ္ကပဲ
" အဲဒါဆိုအေတာ္ပဲေပါ့ အတန္းေ႐ွ႕ထိ
လာေပးေပးပါလား ညီ အစ္ကိုလာ
လို႔မအားလို႔ အခုလာခဲ့ေတာ့ေနာ္ညီ
အစ္ကိုက
businessအခန္းSelection2က"
ေနစင္ စိတ္႐ႈပ္စြာနဲ႔ သက္ျပင္းခ်လိုက္မိသည္။
ေက်ာင္းထဲကို အျပန္လူ ဝင္ခြင့္မ႐ွိ
တာမို႔တျခားသူသာဆိုရင္ ေသခ်ာေပါက္
ေက်ာင္းအျပင္ထြက္ယူရမွာ။
မတတ္ႏိုင္။ သူ႕ဟာက အခန္းျပင္
ေတာင္မထြက္ခ်င္သလိုပဲ။
ျမန္ျမန္ေပးလိုက္ရင္ ျမန္ျမန္ၿပီးတာပဲ
က်န္တာဘာမွ မစဥ္းစားေနေတာ့ဘူး
" ငါအထုပ္ သြားပို႔လိုက္အုံးမယ္
နင္အတန္းထဲသြားေတာ့အင္ၾကင္း"
"ဟဲ့ ဘယ္ဘက္လဲ"
"business အခန္းေတြဘက္"
"businessဘက္ဆို ငါလည္း
လိုက္မယ္ ေနစင္ ငါ့ကိုေစာင့္အုံး"
ခပ္ျမန္ျမန္သြားေနသည့္
ေနစင္ အေနာက္ကေန အင္ၾကင္းက
ေျပးလိုက္လာသည္။
" ဘာလုပ္ဖို႔လိုက္မွာလဲ"
အင္ၾကင္းရယ္ေနေတာ့ ေနစင္ရိပ္
မိလိုက္ၿပီ။ဘုန္းျပည့္ေသာ္ကို
သြားၾကည့္မွာသိလိုက္ၿပီေလ။
" ဒီ ေက်ာင္းကေန လွမ္းမွာတာေပါ့ေလ
တိုက္ဆိုင္လိုက္တာ နင္ orderေတြ
လိုက္ပို႔ေနတုန္းပဲလားေနစင္"
"အင္း"
" အဲဒါကို ဘာလို႔သူက ထြက္လာၿပီး
မယူတာလဲ အခန္းေ႐ွ႕ထိ သြားပို႔
ေပးရမွာေပါ့ေလ ျမင့္လိုက္တာ"
" ထားလိုက္ေတာ့ ငါကအထပ္တူ
တယ္ေျပာလိုက္လို႔ ငါ့အလုပ္ပဲဟာ"
business အေဆာင္ေတြဘက္ကို
သြားရာက အေဆာက္အဦးကဆက္ေနေသာ္လည္း ေတာင္နဲ႔ ေျမာက္လိုပဲ
ေက်ာင္းရဲ႕buildingအက်ယ္အဝန္းက ေတာ္ေတာ္ေလးကိုႀကီးသည္။
ေဘးကေန အင္ၾကင္းကဘုန္းျပည့္
ေသာ္ကို ေတြ႕ရဖို႔ စိတ္လႈပ္႐ွား ေနၿပီး
ေနစင္ကေတာ့ တစုံတေယာက္နဲ႔
အခန္းမတူပါေစနဲ႔ပဲ ဆုေတာင္း
ေနမိတယ္။
Selection2 အခန္းေ႐ွ႕ေရာက္ေတာ့
Cakeဖာကိုပိုက္ထားတဲ့ေနစင္ကို ေက်ာင္းသားတေယာက္က ေအးေဆး
ထိုင္ေနလ်က္လက္ျပၿပီးခဏ ေစာင့္
ခိုင္းတဲ့ပုံနဲ႔ ။မွာတဲ့သူျဖစ္မယ္။
ေဘးမွာကေစာ္လို႔ထင္ရတဲ့ေက်ာင္းသူ
။ေစာ္က စိတ္ေကာက္ေနတာကိုေခ်ာ့
ေနရသလို။ေနစင္ သိလိုက္ၿပီ။
ထပ္ေစာင့္ေပးလိုက္ပါတယ္။
အင္ၾကင္းကလည္း ေဘးမွေစာင့္
ေပေနေပမဲ့
ဒီအခန္းထဲကသူေတြဆီက ေနစင္ကို
စူးစမ္းသလို အၾကည့္ေတြကို လစ္
လ်ဴ႐ႈၿပီးအခန္းဝမွာရပ္ေနတုန္း
အေနာက္ဆုံးတန္းရဲ႕ျပတင္းေပါက္
ေဘးကခုံမွာ ထိုင္ေနတဲ့ေနစင္ကို
ၾကည့္ေနတဲ့ တစ္စုံတစ္ေယာက္နဲ႔ ေနစင္
အၾကည့္ခ်င္းဆုံသြားသညိ။
ဗ်ဴဟာပိုင္။
ဆုေတာင္းကမျပည့္ဘူးပဲ။
ထုံးစံအတိုင္း ဒီေကာင္မ်က္ႏွာက
ေတာ့မာေနတာပါပဲ။
အလ်င္အျမန္ပင္ မ်က္ႏွာလႊဲလိုက္
ေပမယ့္လည္း။ အခုခ်ိန္ထိ ကိုယ့္ကို
ကိုယ္သိမ္ငယ္မိတာမ်ိဳးမခံစားခဲ့ရဖူးဘူး
ဒီေကာင္နဲ႔က်မွေအာက္က်မခံခ်င္တဲ့စိတ္က။
ခဏအၾကာမွ ေစာင့္ခိုင္းထားတဲ့ေက်ာင္းသားနဲ႔ေဘးကသူ႕ေစာ္ကအတူ အခန္း အေပါက္ဝကိုထြက္လာသည္။
" အားလုံးေပါင္း ႏွစ္ေသာင္း
ခုႏွစ္ေထာင္နဲ႔ငါးရာေနာ္ ဒီမွာ
သုံးေသာင္းျပန္မအမ္းနဲ႔ေတာ့"
ကမ္းေပးလာသည့္ တစ္ေသာင္း
တန္သုံး႐ြက္ကို ၾကည့္ရင္းေနစင္ စိတ္ကသိပ္မၾကည္။
ေက်ာင္းသားရဲ႕ေဘးကသူ႕ေစာ္က
ေနစင္ကိုၾကည့္တဲ့အၾကည့္ေတြက။
"မဟုတ္တာ လမ္းၾကဳံေနတာမို႔
တခါတည္းယူလာခဲ့တာ အပိုေပးစရာမလိုဘူး"
ႏွစ္ေထာင့္ငါးရာျပန္အမ္းဖို႔လုပ္ေနတုန္း။
" ေက်ာင္းတက္ေနရင္း deliပို႔တာလား ပင္ပန္းမွာပဲ ယူလိုက္ပါ ငါတို႔မုန္႔ဖိုး
ေပးတာ။တစ္ေက်ာင္းတည္း ဆိုေတာ့ ေနာက္လည္းမ်ားမ်ားမွာေပးမယ္ေနာ္ "
ေစာ္ျဖစ္သူေက်ာင္းသူရဲ႕ အသံကတစ္ခန္းလုံးကိုက်ယ္ေလာင္စြာ။
ေနစင္ ေဘးဘီကိုေဝ့ၾကည့္လိုက္ေတာ့ အခန္းထဲကသူေတြရဲ႕ အၾကည့္ေတြ
ကေတာ့ေနစင္ဆီမွာသာစုျပဳံလ်က္။
တစ္စုံတစ္ေယာက္ထိုင္ေနတဲ့ဘက္ကို
ေတာ့ေနစင္မၾကည့္ရဲေတာ့။
ဘာဆက္ေျပာရမွန္း မသ္ျဖစ္ေနမိခ်ိန္
" အပိုေပးစရာမလိုဘူး ဒီမွာျပန္အမ္းရ
မယ့္ ႏွစ္ေထာင့္ငါးရာ"
ေန႔စင္လက္ထဲက ပိုက္ဆံကိုယူၿပီး
အဲဒီအတြဲရဲ႕ လက္ထဲကိုထည့္လိုက္တဲ့အင္ၾကင္း။
ေနစင္ လက္ကိုပါဆြဲၿပီး အင္ၾကင္းက
အဲ့ဒီအတန္းေ႐ွ႕ကေန ေခၚလာခဲ့သည္။
"ပုံစံေတြက အခ်ိဳးမေျပဘူးတစ္
ေက်ာင္းထဲမွန္း သိရက္နဲ႔နင္ဘာလို႔
ယူလာေပးလဲ ေနာက္ခါ ေက်ာင္းက
အမွာရရင္မပို႔နဲ႔ေတာ့"
အင္ၾကင္းရဲ႕တီးတိုးသံ။
" ဘာျဖစ္လဲငါdeliပို႔တာ ေက်ာင္းက
သူေတြသိေတာ့ သူမ်ားဟာခိုးစား
ေနတာမွ မဟုတ္တာ "
"ေအး နင္အဆင္ေျပရင္ၿပီးတာဘဲ
။ကိုယ္တက္ေနတဲ့ေက်ာင္းမို႔လို႔ နင္မ်က္ႏွာငယ္မွာစိုးလို႔။
နင္လုပ္ခ်င္တာကိုသာလုပ္ "
အင္ၾကင္း မ်ားမ်ားစားစားမေျပာ
ေတာ့ပဲ စကားလမ္းေၾကာင္း ေျပာင္း
လိုက္သည္ ။
ေနစင္ရဲ႕ အေျခအေနကို အတြင္း
က်က်သိေနတဲ့သူပဲေလ။
သူေဌးေက်ာင္းတက္ေနေပမယ့္
သူေဌးလိုေနလို႔မရဘူး
ကိုယ့္အိမ္ကမွမ႐ွိတာ။ အိမ္နဲ႔အခု
ထိလည္း အတိုက္အခံျဖစ္ခဲ့တာမို႔
ဘယ္သူနဲ႔မွစကားမေျပာတာ
တစ္ပတ္႐ွိၿပီ။
အေဖ့ကိုမလြန္ဆန္ႏိုင္လို႔သာ တက္
ခဲ့ရေပမယ့္ ေက်ာင္းစရိတ္အတြက္
အေဖဘယ္လိုလုပ္ခဲ့လဲ ျပန္ေတာင္မေတြးခ်င္။
အဲဒီအခ်ိန္ မ်က္ႏွာခ်င္းဆိုင္
ေကာ္ရစ္တာ ေထာင့္ခ်ိဳးကေန
ေလွ်ာက္လာတဲ့ဆန္းဆက္မႉး။
ေနစင္နဲ႔ အၾကည့္ခ်င္းဆုံသြားၿပီး
သူက ေလွ်ာက္လာေနရင္း
ဆက္ၾကည့္ေနေပမယ့္ေနစင္ပဲ
အၾကည့္လႊဲလိုက္သည္။
ဟိုတေန႔က ရပ္ၾကည့္ေနတာ
သူမွတ္မိေနလို႔ သူ႕ကိုအားေပးတဲ့
လူလို႔ ထင္သြားတာမ်ားလား။
ဆႏ္ူဆက္မႉး ခပ္လွမ္းလွမ္းကို
ေရာက္သြားမွ အင္ၾကင္းကေနစင္
အနားကပ္ၿပီး
"ဒီညီအကိုႏွစ္ေယာက္ ေခ်ာတာ
ကေတာ့စံတင္ေလာက္တယ္"
"ေအး"
"ဒါေပမယ့္ဆန္းဆက္ေခ်ာတာက
ဗ်ဴဟာပိုင္လိုမ်ိဳး မ်က္ႏွာမမာဘူး
သူက ေနာက္တမ်ိဳး သူ႕ပုံစံနဲ႔သူ ေခ်ာတာ"
ေနစင္ ရယ္ခ်င္သြားရသည္
"အဲ့ညီအစ္ကိုခဏထား နင့္ရဲ႕ ဘုန္းျပည့္ေသာ္ကိုေတြ႕ခဲ့လား"
" မေတြ႕ခဲ့ဘူး ေက်ာင္းမလာေသးဘူး
ထင္တယ္"
" ၾကည့္လုပ္အုံးေနာ္ အခုေခတ္က
အဆင္ဆိုဘာနဲ႔လဲ နင္ေျပာေနၾကစကားပဲေလ "
"ဟဲ့ေသနာ ဖြဟဲ့ လြဲပါေစ ေပယ္ပါေစ
"
အင္ၾကင္းကိုစၿပီးေနစင္ ေကာ္ရစ္တာ တေလွ်ာက္ ေျပးလာခဲ့လိုက္သည္။
စိတ္ထဲမွာလည္း ဘုန္းျပည့္ေသာ္က
႐ွင္းသန္႔သူကို ဘာလို႔ေမးတာလဲ
အင္ၾကင္းကို ေျပာျပသင့္မေျပာျပသင့္
ေတြးေနလ်က္ေပါ့။
-----
" ဗ်ဴဟာပိုင္အေဖရဲ႕အေဖ ဗ်ဴဟာ
ပိုင္ရဲ႕အဘိုးက အ
ျမန္မာႏိုင္ရဲ႕သူေဌးစရင္းဝင္တဲ့လုပ္
ငန္းေတြအမ်ားႀကီးပိုင္တဲ့
ဥကၠဠႀကီးဦးပိုင္ဦးေလ နင္သိလား"
ေကခိုင္ေျပာျပသည္ကို
အင္ၾကင္းနဲ႔ စိတ္ဝင္တစားနဲ႔ ေသခ်ာကိုနားေထာင္ ေနသည္။
စာၾကည့္တိုက္ကိုလာၿပီး ဒီႏွစ္ေယာက္
ဟိုေကာင္ေတြအေၾကာင္းပဲေျပာေနၾကတာ။
စာၾကည့္တိုက္မွာ တစ္ဝိုင္းစုထိုင္ၿပီး
ေနစင္က စာဖတ္ေနေပမယ့္ ေဘးက
ဒီႏွစ္ေယာက္ကေတာ့။
"ေအးဦးပိုင္ဦးကိုငါသိတာေပါ့ဟဲ့
အဲ့တာဗ်ဴဟာပိုင္အဘိုးလား ဆက္ေျပာ"
"ဥကၠဌႀကီးမွာ အစ္မတစ္ေယာက္႐ွိတယ္ဟာ အဲဒီအစ္မကမိသားစုမ႐ွိေတာ့
သားတစ္ေယာက္ေမြးစားထားတယ္။
အဲဒါက ဆန္းဆက္မႉးရဲ႕အေဖ"
"ဘာ"
ဒီတခါေတာ့ အင္ၾကင္းနဲ႔ထပ္တူ
ေနစင္ပါ အံ့ဩသြားရသည္။
" ဆန္းဆက္ရဲ႕အေဖက ေမြးစားသား
လား"
"ဟုတ္တယ္ ။ ျဖစ္ခ်င္ေတာ့
ဥကၠဠႀကီးရဲ႕အစ္မက ေရာဂါနဲ႔ဆုံး
သြားတယ္ အဲဒါေၾကာင့္ ဆန္းဆက္ရဲ႕
အေဖကို ဥကၠ႒ႀကီးကပဲထပ္ၿပီးငယ္
ငယ္ထဲကေမြးစားတာလား ေစာင့္
ေ႐ွာက္ခဲ့တာလားေတာ့ငါလဲေသခ်ာ
မသိဘူး။ ဒါေပမယ့္ ဥကၠ႒ႀကီးကသူ႕
သားႏွစ္ေယာက္လုံးကို ေတာ္ေတာ္
ေလးခ်စ္တယ္"
ဖတ္လက္စ အဆုံးသတ္သြားတဲ့
စာအုပ္ကိုေနာက္တစ္မ်က္ႏွာေနစင္
လွန္လိုက္သည္။
နားေထာင္ေနရင္းနဲ႔ေပါ့။
အင္ၾကင္းကေတာ့ စားပြဲေပေပၚမွာ ေမးေထာက္ၿပီးေတာ့ကို ေကခိုင္
ေျပာသမွ်ကို စိတ္ဝင္တစားနဲ႔ နားေထာင္ေနတယ္။
" အဲဒါေၾကာင့္ ဗ်ဴဟာပိုင္နဲ႔ ဆန္း
ဆက္မႈးက တဝမ္းကြဲလားႏွစ္ဝမ္း
ကြဲလားလို႔ေျပာတာလား။ဘာမွေတာ့
မေတာ္ဘူးေပါ့"
"ဟုတ္တယ္ ဘာမွမေတာ္ဘူး။
ဆန္းဆက္ရဲ႕အေဖက ေမြးစားသား
ေပမယ့္ဗ်ဴဟာရဲ႕အေဖနဲ႔လည္း
အဆင္ေျပတယ္။ ညီအစ္ကိုအရင္းေတြ
လိုပဲ။ ျပႆာနာကသူတို႔မိန္းမ သူေဌးကေတာ္ေတြ။သိပ္မတည့္ၾကဘူးလို႔ၾကားတယ္။ၿပီးေတာ့ အဓိကအေၾကာင္းအရာ
က ဘာလဲသိလား"
"ဘာလဲ ဘာလဲ"
အင္ၾကင္းက ေတာ္ ေတာ္ေလးကိုစိတ္ဝင္စားေနၿပီ။
"ဥကၠ႒ႀကီးက ဗ်ဴဟာရဲ႕မိဘေတြ
လက္မထပ္ခင္ထဲက
သူနဲ႔႐ြယ္တူဘြားေတာ္တစ္ေယာက္နဲ႔ ေနာက္အိမ္ေထာင္ျပဳၿပီး ကေတာ္
ေတာ္ေကာက္ထားတယ္ အဲဒါ
ဘယ္သူလည္းသိလား"
"ဘယ္သူလဲ"
" ဆန္းဆက္ အေမရဲ႕အေမ"
"ဘာ"
အင္ၾကင္းရဲ႕အံ့ၾသသံ။
" ႐ႈပ္ေထြးလိုက္တာဟယ္ သူတို႔
မိသားစုကလည္း"
"ေအး ဒါေတာင္ငါက ဒီေလာက္ပဲသိလို႔"
" သူတို႔အေမေတြက မတည့္ၾကဘူး
ဆိုေတာ့ ဗ်ဴဟာပိုင္နဲ႔ဆန္းဆက္မႉး
သူတို႔အခ်င္းခ်င္းေရာ အဆင္ေျပၾကရဲ႕လား"
" အဲဒါေတာ့ငါလည္း ေသခ်ာမသိဘူး
အေခၚအေျပာေတာ့ သိပ္မေတြ႕ေပမယ့္
မေက်မနပ္ျဖစ္တာမ်ိဳးေတာ့ မ႐ွိၾက
ဘူးထင္ပါတယ္"
"ဆန္းဆက္က ေဖာ္ေ႐ြတဲ့ပုံပဲ။ စကား
ေျပာတာလည္း လိုက္ေလ်ာညီေထြမႈ႐ွိတယ္။ဗ်ဴဟာပိုင္ကေတာ့ မ်က္ႏွာ
မာတယ္ေနာ္။သူ႕လုပ္စာ တေလာကလုံးထိုင္စားေနရတဲ့႐ုပ္နဲ႔။ဘာလဲေျမးအရင္း
မို႔လို႔လား"
" အဲလိုေတာ့လည္းမဟုတ္ပါဘူး
ဗ်ဴဟာက မ်က္ႏွာကိုကတည္ေန
တဲ့ပုံေပါက္ေနတာ။ဒါေပမဲ့မာနက
ေတာ္ေတာ္ႀကီးတယ္ သူ႕ဘာသာေန
တဲ့ပုံစံမ်ိဳး ။ဆန္းဆက္ကေတာ့ေဖာ္
ေ႐ြတာမွန္တယ္ စကားေျပာလည္း
ေကာင္းတယ္"
" ဝတ္ရည္ဦးဆိုလား အဲ့
ေကာင္မေလးကေလ ႏွစ္ေယာက္
ထဲက ဘယ္သူနဲ႔လဲ "
ေကခိုင္ အနားကိုကပ္ၿပီးတီးတိုးနဲ႔
အင္ၾကင္းေမးေတာ့ ေနစင္အလိုမက်စြာနဲ႔ပဲ။
" ဝတ္ရည္လား ေသခ်ာေပါက္
ဗ်ဴဟာနဲ႔ပဲေပါ့။မိဘေတြကလည္း
တကယ့္greatေတြဆိုေတာ့ လူႀကီးခ်င္းစကားေျပာထားတယ္လို႔ေတာင္ stageေက်ာင္းမွာထဲက သတင္းထြက္ေန
တာ။ ဟုတ္မဟုတ္ေတာ့ေသခ်ာ
မသိဘူးေပမဲ့ဗ်ဴဟာက ေတာ္႐ုံဘယ္မိန္းကေလးနဲ႔မွ စကားေျပာတာေတာင္ မဟုတ္ဘူး ဝတ္ရည္ဦးကိုေတာ့အေလး
ထားၿပီးဆက္ဆံတယ္လို႔ ေျပာရမွာပဲ။
မိဘေတြအခ်င္းခ်င္းကလည္းရင္းႏွီး ႏွစ္ေယာက္လုံးက အားက်ျခင္စရာေကာင္းေလာက္ေအာင္ လိုက္ဖက္ေနတယ္။
ငါထင္တာဗ်ဴဟာပိုင္ဘက္ကေတာ့
လုံးဝေသခ်ာတယ္ ေက်ာင္းစလာတဲ့
ေန႔က လက္ကိုဆြဲသြားတာပဲၾကည့္ပါလား"
"ျဖစ္ေတာ့ျဖစ္ႏိုင္ေပမဲ့"
" ဝတ္ရည္ဦးဘက္ကေနဆိုလည္း
ဗ်ဴဟာက ျငင္းစရာမွမ႐ွိတာ။
တကၠသိုလ္လည္းတက္ေနပီဆိုေတာ့
ေသခ်ာေပါက္ သူတို႔ႏွစ္ေယာက္ရဲ႕
သတင္းကမၾကာခင္ထြက္လာလိမ့္မယ္။
ဒါေပမဲ့ ဝတ္ရည္က
ဆန္းဆက္နဲ႔လည္း ေတာ္ေတာ္ေလး
ရင္းႏွီးတယ္လို႔ေျပာရမယ္။သူတို႔က
သေဘာထားခ်င္းဝါသနာခ်င္းလည္းတူတယ္ ဝတ္ရည္က ဆန္းဆက္နဲ႔
အတူတူပဲေဖာ္ေ႐ြတယ္
သေဘာေကာင္းတယ္ မာနမႀကီးဘူး"
"ေအ အဲ့တာေျပာတာေပါ့ ငါေတာ့
ဝတ္ရည္ဦးက ဘယ္သူနဲ႔ျဖစ္မလဲ ေတာ္ေတာ္စိတ္ဝင္စားေနၿပီ။ဟိုတစ္
ေန႔က ဆန္းဆက္သီခ်င္းဆိုတုန္း
က သူတို႔ႏွစ္ေယာက္ရဲ႕အၾကည့္ေတြက
သိပ္မ႐ိုးသားဘူး"
"ဟဲ့ အဲ့တာ ညီအကိုဝမ္းကြဲေတြေနာ္။
ပထမေျမးနဲ႔လူႀကီးခ်င္းသေဘာတူထားတယ္ဆိုၿပီးသတင္းထြက္ေနတာကို
ဘယ္သူက နာမည္အပ်က္ခံၿပီး
ဒုတိယေျမးနဲ႔ျဖစ္ႏိုင္မွာလဲ။သူတိူ႕က
ဝါသနာတူလို႔ေဘာ္ဒါေတြလိုမ်ိဳးတရင္းတႏွီးျဖစ္ေနတာ"
"ဘာမွေသြးမေတာ္ဘူးေလ ဗ်ဴဟာနဲ႔
ျဖစ္မယ္ဆိုတာေရာေသခ်ာလို႔လား"
ဖတ္လက္စ စာအုပ္ကို ေနစင္ ပိတ္ခ်
လိုက္ရေတာ့သည္။
ေဘးမွာပြားေနတဲ့ ႏွစ္ေယာက္ကို
သည္းမခံႏိုင္ေတာ့။ သိပ္မရင္းႏွီးတာ
မို႔ ေကခိုင္ကိုေတာ့ အားနာေပမဲ့
"အင္ၾကင္း နင္သေဘာက်ေနတာ
ဘုန္းျပည့္ေသာ္လား ဗ်ဴဟာပိုင္နဲ႔
ဆန္းဆက္မႉးလား"
"ဘုန္းျပည့္ေသာ္ပါဟဲ့ ငါ့ဘုန္းေလးအေၾကာင္းကငါအကုန္ေမးၿပီးသား။
အခုကဒီညီအစ္ကို အေၾကာင္းကိုသိ
ခ်င္လို႔ ေနပါဦးေနစင္ နင္က ငါတို႔
ေျပာေနတာ စိတ္မဝင္စားသလိုနဲ႔
နားေထာင္တာေပါ့ေလ"
" နားေထာင္စရာေတာင္မလိုဘူး
အကုန္ၾကားေနရတယ္ နင္တို႔သူမ်ားအေၾကာင္းေတြပဲလိုက္ေျပာေနအုံးမွာလား နားၿငီးတယ္ငါသြားၿပီ။"
"ဟဲ့ ေနစင္ ေအာ္ ေနပါအုံး"
အင္ၾကင္းရဲ႕ တားျမစ္သံကို ဂ႐ုမစိုက္
ပဲ ေနစင္ စာအုပ္ကိုင္ကာ ထထြက္
လာလိုက္ေတာ့ သည္။ယူထားတဲ့
စာအုပ္ကိုျပန္ထားဖို႔အနားကစာ
အုပ္စင္ဆီအသြားစင္အေနာက္မွာ တေယာက္တည္း ရပ္ေနတဲ့ ႐ွင္းသန္႔
သူနဲ႔ဆုံသည္။ ဒီေကာင္ဘယ္တုန္းက
ေရာက္ေနတာလဲ
ထုံးစံအတိုင္း ဘာမွမေျပာ။
စိတ္ကသိပ္မၾကည္ ျပန္မေျပာမွာ
သိေနတာမို႔ေနစင္လည္း ႏႈတ္မ
ဆက္ေတာ့ပဲ စာၾကည့္တိုက္ထဲက
ေန ထြက္လာခဲ့လိုက္သည္။
----------
" အေဖနဲ႔အေမတို႔ေရာေနေကာင္းၾက
ရဲ႕လား သား အန္တီနဲ႔ေတာ့ အရင္တရက္ေတြကပဲ ဖုန္းေျပာျဖစ္ၾကေသးတယ္"
" ေကာင္းပါတယ္ အန္တီ အေမလည္း
အန္တီ့ကိုေမးေနတယ္"
" တစ္ေန႔ေလာက္ေတာ့ ခိုင္နဲ႔အျပင္မွာ ရက္ခ်ိန္းယူၿပီးေတြ႕မွာပါ မေတြ႕ျဖစ္
တာၾကာၿပီေလ"
"ဟုတ္ကဲ့"
ပုံမွန္ထက္ကိုပိုၿပီး
လိႈက္လွဲစြာ ႀကိဳဆိုၿပီးဧည့္ခံေနတဲ့
အေမ့ေဘးမွာ ဝတ္ရည္က သူ႕ပုံစံ
အတိုင္းပဲ ပုံမွန္ေလးျပဳံး၍ထိုင္ေန
လ်က္သာ။
" ခ်ိဳင့္က ေနာက္မွ အန္တီတခုခု
ျပန္ခ်က္ၿပီးခိုင့္ဆီယူသြားေတာ့မယ္
သား ျပန္မယူသြားနဲ႔ေတာ့ ၾကားလား"
" ဟုတ္ကဲ့ရပါတယ"
"ခိုင္ခ်က္တဲ့ အုန္းႏို႔ေခါက္ဆြဲဆို
အန္တီေရာသမီးေရာသူ႕အေဖေရာက
အရမ္းႀကိဳက္တာ ခိုင့္လက္ရာဆို
အန္တီတို႔ တအိမ္လုံးကလက္စြဲပဲ
လာပို႔ေပးတာေက်းဇူးပဲေနာ္ သား
ဗ်ဴဟာ"
" အေမကလည္း အန္တီ့ကိုစားေစ
ခ်င္လို႔ အကုန္လုံးျပင္ဆင္လို႔ၿပီးတာနဲ႔
မနက္အေစာႀကီး ကြၽန္ေတာ္႕ကို
လာပို႔ခိုင္းတာ"
အေမ့ကိုျပန္ၾကည့္ရင္း ဝတ္ရည္
နည္းနည္းေတာင္မ်က္ႏွာပူသြားရတယ္။
ပိုလြန္းေနၿပီမဟုတ္လား။
ဗ်ဴဟာကေတာ့ အေမနဲ႔ လိုက္ေလ်ာ္
ညီေထြ စကားေျပာေနလ်က္သာ ။
" ခိုင္ကေတာ့ အားကိုးရတာေပါ့ ။သားကအခု ဒီကိုျပန္လာၿပီး ဒီမွာပဲ
ဝတ္ရည္နဲ႔အတူတူ ေက်ာင္းဆက္
တက္မယ္မလား။ သားရဲ႕ဆုံးျဖတ္
ခ်က္ကိုအန္တီတို႔ကယုံၾကည္ၿပီးသား။
ဒီေကာင္မေလးေလ အေမနဲ႔မခြဲႏိုင္
ဘူးဆိုၿပီး ဒီမွာပဲတက္မယ္ဆိုလို႔သာ
အန္တီတို႔လက္ေလွ်ာ့လိုက္ရတာ။
ဗ်ဴဟာလည္းျပန္လာေတာ့ အေတာ္
ပဲျဖစ္သြားတာေပါ့။
"အေမ "
ဗ်ဴဟာနဲ႔ အၾကည့္ခ်င္းဆုံသြားခ်ိန္
အေမ့စကားေတြမလြန္ဖိူ႕ဝတ္ရည္
တားလိုက္ေသာ္လည္း
"ဝတ္ရည္ကို ေက်ာင္းမွာဂ႐ုစိုက္ေပး
ဖ္ု႔သားလက္ထဲ အန္တီ အပ္တယ္ေနာ္ ။
ဗ်ဴဟာနဲ႔ အနီးကပ္႐ွိေနေတာ့ ဝတ္ရည္အတြက္အန္တီစိတ္ခ်ရတာေပါ့"
"ဟုတ္ကဲ့ စိတ္ခ်ပါအန္တီ"
"အေမ မနက္ပိုင္းဘုရား႐ွိခိုးရေတာ့
မယ္မလား
အခ်ိန္လြန္ေနၿပီ"
"ဟုတ္သား စကားေကာင္းေနတာနဲ႔
အေမေမ့ေနတာ ဆြမ္းေတာ္ကပ္ရ
ဦးမယ္။ အဲဒါဆိုသား ဗ်ဴဟာအန္တီ
အေပၚထပ္မွာ ဘုရား႐ွိခိုးလိုက္ဦး
မယ္။မင္း သူငယ္ခ်င္းနဲ႔ ေအးေဆး
ေဆးစကားေျပာၿပီးမွ ျပန္ေနာ္ သား"
" ဟုတ္ကဲ့ အန္တီ"
အေမ ဧည့္ခန္းထဲကေန ထြက္
သြားမွ ဝတ္ရည္ဗ်ဴဟာကိုၾကည့္လ်က္။
"ေဆာရီး ငါ့အေမ အေၾကာင္းသိ
တယ္မလား စကားေျပာရင္ ေတာ္႐ုံ
နဲ႔မျပတ္ဘူး နင္အခ်ိန္ရရဲ႕လား"
" မနက္ပိုင္းရပါတယ္ ေန႔လယ္ေတာ့
ေဂါက္ကြင္းသြားမလို႔ မင္းလိုက္ဦးမလား"
"ႏိုး ေက်ာင္းပိတ္ရက္ဆိုေတာ့ဒီေန႔
ကငါ့ရဲ႕ drama timeပဲ ေနာက္တခါ
မွပဲ လိုက္ေတာ့မယ္"
"အင္း ရတယ္"
" ငါတို႔အျပင္မွာ ေလေကာင္းေလ
သန္႔႐ႈရင္း စကားေျပာၾကမလား ဗ်ဴဟာ"
"သေဘာပဲ"
ဝတ္ရည္ အေနာက္ကေန ဗ်ဴဟာ
လိုက္သြားၿပီး အိမ္အျပင္ေရာက္ေတာ့
ပန္းျခံေဘးကဒန္းေပၚမွာ ဝတ္ရည္နဲ႔
အတူထိုင္ျဖစ္ၾကသည္။
အိမ္ေနရင္းနဲ႔ပုံမွန္ ခ်ည္သားဝိုင္း
ဆက္ေလးပဲ ဝတ္ထားၿပီး မိတ္ကပ္
မလိမ္းထားတာေတာင္ ၾကည့္႐ွင္း
ေနတဲ့မ်က္နာနဲ႔သဘာဝအလွကို
ပိုင္ဆိုင္ထားတဲ့ေကာင္မေလးပါပဲ။
" ျပည္ပမွာေနတုန္းက ေန႔ေတြညေတြ
အခ်ိန္မတူလို႔သိပ္ၿပီး မဆက္သြယ္ျဖစ္ဘူး"
" အင္း ရတယ္ငါလည္း နင္လိုင္းသုံးတဲ့အခ်ိန္နဲ႔မေတြ႕ျဖစ္လို႔ စာမပို႔ျဖစ္တာ "
ျပန္ေတြ႕ထဲကပထမဆုံး သတိထား
မိလိုက္ေပမဲ့ ဗ်ဴဟာအခုမွအခြင့္ေရး
ရတာမို႔။
" ဆံပင္ကဘာလို႔ညႇပ္ လိုက္တာလဲဝတ္ရည္"
"ေအာ္ ဆံပင္လား"
ဝတ္ရည္က အသာျပဳံးလိုက္လ်က္။
"stageေက်ာင္းထဲကအ႐ွည္ထားလာတာ ခါးထိဆိုေတာ့ အရမ္း႐ွည္ေနၿပီေလ
ငါသိပ္မႏိုင္ေတာ့လို႔ "
" မင္းနဲ႔ဆံပင္႐ွည္နဲ႔ပိုလိုက္တယ္
ဒီတခါျပန္႐ွည္လာရင္ ထပ္မညႇပ္
လို႔မရဘူးလား"
"ငါလည္း ေသခ်ာမသိေသးဘူး"
ေျပာရန္သင့္မသင့္မစဥ္းစားေနေတာ့
ပဲ ေျပာခ်လိုက္တာကို ဝတ္ရည္က
ခ်က္ခ်င္းအေျဖျပန္ေပးသည္။
ဒီဆံပင္ေလးေတာင္ ကိုယ္လုပ္ခ်င္ရာ
လုပ္ခြင့္မ႐ွိတာမဟုတ္။ ေကာင္မေလး
ကိုစေႂကြခဲ့ရတာ ဒီဆံပင္႐ွည္ေတြနဲ႔မို႔။
"ဝတ္ရည္"
"အင္း"
"မင္းအတြက္"
ေဘာင္းဘီအိတ္ကပ္ထဲကေန ဗ်ဴဟာ
ဘူးေလးတဗူးကိုထုတ္လိုက္သည္။
အထဲမွာေတာ့။
"ဝိုး ေခါင္းစည္းႀကိဳးေလးပဲ လွတယ္"
ဝတ္ရည္ကေတာ္ေတာ္ေလးသေဘာ
က်ေနဟန္မို႔။
"ဆိုေတာ့ ဒါကUSျပန္ႀကီးရဲ႕ လက္
ေဆာင္ေပါ့။ နင္ငါ့ကိုေပးတဲ့အထဲမွာဒီ လက္ေဆာင္ကအထူးျခားဆုံးပဲ"
" ငါေပးတဲ့လက္ေဆာင္ေတြထဲမွာလည္း မင္းအရမ္းသေဘာက်ေနတာကိုျမင္ရတာ ဒါပထမဆုံးပဲ"
အၾကည့္ခ်င္းဆုံေနလ်က္ ဝတ္ရည္က
အသံတိတ္သြားသည္။
ထိပ္ဆုံးကေစ်းႀကီးတဲ့brand
ေတြ limitedပစၥည္းေတြပဲ ေပးဖူးေပ
မယ့္ ေကာင္မေလးက ေထြေထြထူးထူး အမူအရာမေျပာင္းလဲသြား။
ျပန္ခါနီး ဒီလက္ေဆာင္ကို ေ႐ြးခဲ့တာ
ဗ်ဴဟာမွန္သြားၿပီ။
"အခုစီးၾကည့္လိုက္ပါလား ေ႐ြးရခက္ၿပီးေတာ့ဝယ္လာတာပဲ မင္းနဲ႔လိုက္မလိုက္သိခ်င္လို႔"
"အင္း ရတယ္ေလ"
ဝတ္ရည္က ဆံပင္ေတြကိုေခါင္း
အေနာက္မွာစုၿပီး စည္းလိုက္သည္။
ပိုးသား ေခါင္းစည္းႀကိဳးအျပာႏုေလးက ေကာင္မေလးမ်က္ႏွာေလးနဲ႔လိုက္ဖက္
တာထက္ကိုပိုလ်က္။
ဒါေပမယ့္ နက္ေမွာင္ေနတဲ့ဆံႏြယ္ေတြခ်ထားတဲ့ ဝတ္ရည္ဦးက ပိုၿပီး
ဆြဲေဆာင္မႈ႐ွိေနတာကို ဗ်ဴဟာ
သူကလြဲၿပီး ဘယ္သူ႕ကိုမွ။
" လွတယ္ "
" ေက်းဇူးပဲ"
" ေက်ာင္းလာရင္ ဆံပင္မခ်ထားပဲ
ဒီလိုပဲေခါင္းစည္းႀကိဳးနဲ႔စီးလာပါလား
မင္းနဲ႔လိုက္တယ္"
"အင္း နင္ကလိုက္တယ္လို႔ေျပာမွေတာ့လည္း စီးၾကည့္မယ္ေလ"
ေကာင္မေလးက ေပါ့ေပါ့ပါးပါးပင္။
" ေနာက္ရက္ေတြ ေက်ာင္းသြားရင္
ငါမင္းကိုလာေခၚေပးမယ္ ဝတ္ရည္
အန္တီ့ကိုေျပာၿပီးၿပီ"
" ဘာလုပ္မလို႔လဲ အခ်ိန္မတူတဲ့ရက္ဆို ဘယ္လိုလုပ္မလဲ အျပန္လညိး႐ွိေသး
တယ္ နင္အလုပ္ပိုတယ္။ အိမ္က
ေမာင္းသမား လိုက္ပို႔ေနတာပဲ ၿပီးေတာ့
ငါကားေမာင္းလည္းသင္ေတာ့မလို႔"
"အဲ့တာဆို ေက်ာင္းပိတ္ရက္ ငါသင္ေပးမယ္ "
ဝတ္ရည္ရဲ႕ မ်က္ႏွာမွာ ေျပာရခက္
ေနသလို။
" နင္ျပန္မလာထဲက ငါဆန္းဆက္ကို
ေျပာထားၿပီးသားျဖစ္ေနတယ္"
"ဘာ"
ေလသံမာသြားသည္ကို ဗ်ဴဟာ ျပန္ထိန္းလိုက္ရသည္။
"ဖ်က္လိုက္"
" ဗ်ဴဟာ ငါအဲဒီလိုလုပ္လို႔ မရ"
" ငါ မင္းရဲ႕လြတ္လပ္ခြင့္ကို ပိတ္ပင္
တာမဟုတ္ဘူး။ ဆန္းဆက္နဲ႔မင္းက
ငါနဲ႔မေတြ႕ခင္ထဲက သူငယ္ခ်င္းေတြ
လိုရင္းႏွီးၾကမွန္းသိတယ္။ ဒါေပမယ့္
အခုေတာ့မဟုတ္ဘူး ျဖစ္ႏိုင္ရင္အဲ့ဒီ
ေကာင္နဲ႔ အဆက္ဆံမလုပ္နဲ႔ေတာ့"
" နင္ငါ့ကိုအဲဒီလို အမိန္႔ေပးလို႔မရဘူး
ဗ်ဴဟာ ။တစ္ကယ္ဆိုဆန္းဆက္နဲ႔
နင္ကညီအစ္ကိုေတြ ပဲ
နင္ဘာလို႔ဒီေလာက္ေတာင္ အၿမဲတမ္း
ဆန္းဆက္ကို အျမင္မၾကည္ျဖစ္ေန
ရတာလဲ"
"ညီအစ္ကိုေတြ ဟုတ္လား။ငါတို႔
မိသားစုနဲ႔ဘာမွေသြးသားမေတာ္စပ္
သလို သူတို႔နဲ႔တစ္ေဆြထဲ တစ္မ်ိဳး
တည္း လို႔လည္းမသတ္မွတ္ထားဘူး။
အဲဒီမိသားစုက ဆန္းဆက္မႉးက
ငါ့အတြက္ေတာ့ ဒီအတိုင္းကပ္ပါး
သာသာပဲ"
"ဗ်ဴဟာ နင့္စကားေတြကသူတစ္ပါး
ကိုႏွိမ့္ခ်လြန္း"
"အေျခအေနအရ ဘယ္လိုမွမတ
တ္ႏိုင္တာမို႔လို႔သာ ေဆြမ်ိဳးမကင္း
ျဖစ္ေန႐ုံပဲ။ အဲ့ဒါငါတို႔ကိစၥ မင္းက
ဒီအတိုင္း ငါေျပာတဲ့အတိုင္းလုပ္႐ုံ
ေလးပဲ ဝတ္ရည္ လုံးဝအျပတ္ႀကီး
မေခၚမေျပာလုပ္ရမယ္လို႔
မတားျမစ္ဘူး တတ္ႏိုင္သမွ်
ေက်ာင္းမွာမေတြ႕ျဖစ္ေအာင္ေန
အျပင္မွာဆိုတာမ်ိဳးဆိုရင္ေတာ့
မင္းစဥ္းစားေပါ့"
ဝတ္ရည္ ဗ်ဴဟာကို စိတ္ပ်က္စြာနဲ႔
ပဲ ဘာမွဆက္မေျပာခ်င္ေတာ့။
ဆက္ေျပာရင္လည္း ထုံးစံအတိုင္း
ဗ်ဴဟာရဲ႕ ေဒါသအတိုင္း စကားမ်ား
ဖို႔ပဲ႐ွိသည္။ဘာမွမျဖစ္ၾကေသးတဲ့
အေျဖအေနမွာေတာင္ဒီေလာက္ဆိုရင္။
" အဲဒီေကာင္နဲ႔ပတ္သက္ၿပီးေ႐ွ႕
ေလ်ာက္ ငါတို႔စကားမမ်ားပဲေနၾကရေအာင္။ဒီတစ္ခါ ေနာက္ဆုံး
ပဲ အဲဒီအတြက္ ေျပာခ်င္းျဖစ္ပါေစ
။ငါတစ္ကယ္မင္းနဲ႔ ဆက္ဆံေရးကို
အဆင္ေျပေျပပဲ ေ႐ွ႕ဆက္ခ်င္တယ္ ဘာမဟုတ္တာေလးနဲ႔ စကားမမ်ားခ်င္ဘူး"
ဘာမွျပန္မေျပာေတာ့ပဲဝတ္ရည္
မ်က္ႏွာလႊဲလိုက္ေတာ့ ဗ်ဴဟာကဝတ္ရည္ ေဘးမွထိုင္ေနရာကေနထသြားသည္။
" ဒီေန႔ေတာ့ျပန္လိုက္ေတာ့မယ္
ေက်ာင္းမွာေတြ႕ၾကတာေပါ့ ကား
ေမာင္းသင္မဲ့ရက္ကိုလည္းေ႐ြးထားလိုက္"
သူ႕အက်င့္အတိုင္း အထက္စီးကေန
ခပ္ျပတ္ျပတ္ပင္ေျပာသြားၿပီး
ဗ်ဴဟာကားေမာင္းၿပီး ျခံထဲကေန
ထြက္သြားတာနဲ႔ တၿပိဳင္နက္
ဝတ္ရည္ ေခါင္းမွာ စည္းထားတဲ့
ေခါင္းစီးႀကိဳးကိုျဖဳတ္ခ်လိုက္သည္။
ငါအျပာႏုေရာင္ကိုမႀကိဳက္ဘူး
ဗ်ဴဟာ အဲဒါကိုနင္မသိသလို
သိဖို႔လဲ စိတ္ဝင္ စားမွာမဟုတ္ဘူး။
နင္ျဖစ္ေစခ်င္တာက နင္ပုံစံသြင္း
တဲ့အတိုင္းနင္ေျပာတဲ့အတိုင္းေနတဲ့
နင္ရဲ႕ပြဲတက္လက္တြဲေဖာ္ျဖစ္ဖို႔။
ငါသာနင္နဲ႔အဆင့္အတန္းခ်င္း
မတူခဲ့ရင္ နင္ငါ့ကိုအခုလို အေလး
ထားၿပီးဆက္ဆံ ပါ့မလားဗ်ဴဟာ။
----------
ဆန္းဆက္ အသံသြင္းေနၾကstudio
ထဲကို ဒီေန႔ ဝတ္ရည္
ေနာက္က်မွေရာက္လာခဲ့သည္။
ဝယ္လာခဲ့တဲ့ စားစရာေဖာ့ဘူးထုပ္
ေတြကိုျမင္ေတာ့studioပိုင္႐ွင္အစ္ကို
က ထုံးစံအတိုင္း
" ဆန္းဆက္အတြက္ပဲလား"
"အစ္ကို႔ အတြက္ေရာပါပါတယ္"
"အမေလး ေက်းဇူးပါ ခင္ဗ်ာ ခဏ
ေစာင့္ အုံး ကိုယ္ေတာ္ေခ်ာက
စိတ္တိုင္းမက်လို႔တဲ့ အသံျပန္
စမ္းေနတာ"
အသံသြင္းေနတဲ့
အတြင္းခန္းရဲ႕မွန္ေဘာင္ထဲကေန
ဝတ္ရည္ကို ျမင္ေတာ့ ဆန္းဆက္ရဲ႕
မ်က္ႏွာမွာအျပဳံးေတြ ျပည့္သြား
သည္ႏွင့္အတူ
"ဆန္း"
ဝတ္ရည္ရဲ႕တိုးဖြဖြေခၚသံ။
ႏွစ္ေယာက္လုံးရဲ႕မ်က္ႏွာမွာ
အျပဳံးေတြ ျပည့္ေနလ်က္။
studio ပိုင္႐ွင္ႀကီးကေတာင္
အလိုက္သတိေ႐ွာင္သြားတာနဲ႔
တၿပိဳင္နက္ဆန္းဆက္ ျပဳံးရယ္စြာနဲ႔ပဲအတြင္းခန္းရဲ႕အျပင္မွာ
ထိုင္ေနသည့္ဝတ္ရည္ဆီသြား
လိုက္သည္။
" အသံသြင္းလို႔ ၿပီးၿပီလားဆန္း"
" သိပ္ေတာ့စိတ္တိုင္းမက်ေသးဘူး"
" အဲဒါဆိုရင္ နင္အဆင္ေျပတဲ့အထိ
လုပ္ေလ ငါေစာင့္ႏိုင္ပါတယ္"
နားလည္ေပးႏိုင္လြန္းသည့္
ေကာင္မေလးကိုဆန္းဆက္
အသည္းယားလြန္းစြာနဲ႔ပဲ။
"ဝင့္ကို မေစာင့္ခိုင္းေစခ်င္ပါဘူး
ဘယ္သြားမလဲ ႐ုပ္႐ွင္သြားၾကည့္မလား"
"ဟင့္အင္း ဒီေန႔ေတာ့studioမွာပဲ
ေနလိုက္ၾကရေအာင္ ဆန္းအတြက္
အဆာေျပစားစရာေတြပါဝယ္လာတယ္
လုပ္စရာ႐ွိတာကိုလုပ္ ေစာင့္ေနေပးမယ္"
" မ်က္ႏွာလည္းမေကာင္းပါလား ဝင့္"
ဆန္းဆက္ စိတ္ပူစြာနဲ႔ ဝတ္ရည္ရဲ႕ ပါးတစ္ဖက္ကိုကိုင္လိုက္ေတာ့
ဝတ္ရည္ကမ်က္ႏွာလုံးဝမေကာင္း။
" ငါေနရခက္တယ္ ငါ့ဘက္ကဘာမွ
စကားလြန္ထားတာမ႐ွိပဲနဲ႔ အျပစ္လုပ္
ထားမိသလိုခံစားခ်က္ႀကီး။ ဗ်ဴဟာ
ကိုဖြင့္ေျပာလိုက္ၾကရေအာင္ ဆန္း"
ဝတ္ရည္မ်က္ႏွာမေကာင္းသည့္
အေၾကာင္းအရာကိုသိသြားေတာ့
ဆန္းဆက္။
"ေစာပါေသးတယ္"
"ဆန္း"
" သူတစ္ေယာက္တည္းဆိုရင္ ကိစၥ
မ႐ွိေပမယ့္ လူႀကီးေတြ႐ွိေသးတယ္
ေလ။ ကိုယ္လည္း အကုန္လုံးအတြက္အဆင္ေျပႏိုင္မယ့္ နည္းလမ္းကို႐ွာ
ေနတယ္ ေလာေလာဆည္အလိုက္ထိုက္
ပဲေနလိုက္ အခ်ိန္တစ္ခုေလာက္ေစာင့္
ၾကရေအာင္ ကိုယ္မင္းကို နည္းနည္း
ေလးမွ အထိအခိုက္မခံႏိုင္ဘူး"
" တကယ္ဆိုရင္ လြန္ခဲ့တဲ့သုံးလထဲက
နင္နဲ႔ငါခ်စ္သူေတြျဖစ္ေနၿပီဆိုတဲ့
အၾကာင္းဗ်ဴဟာျပည္ပမွာ႐ွိေနထဲက
အသိေပးလိုက္ရမွာ အဲဒါဆိုရင္ သူလုံးဝျပန္လာေတာ့မွာမဟုတ္ဘူး ။ကိစၥေတြကလည္းဒီေလာက္မႀကီးဘူး ဗ်ဴဟာရဲ႕
စိတ္ကိုငါသိတယ္ သူသာသိသြားရင္
အႀကီးက်ယ္ေပါက္ကြဲလိမ့္မယ္။
သူနဲ႔ငါ့ကိစၥကိုအတင္းအၾကပ္လုပ္ရင္
ဘယ္လိုလုပ္မလဲ။ၿပီးေတာ့ငါ့မိဘေတြ
က ဗ်ဴဟာမွဗ်ဴဟာျဖစ္ေနတာ အခု
သူ႕မိဘေတြနဲ႔ငါ့မိဘေတြက "
" လူႀကီးေတြက ရင္းႏွီးေနလို႔သားသမီး
အေရး စကားေျပာတာ မဆန္းပါဘူး
တစ္ကယ္အတည္တက်ႀကီးေျပာထား
တာမ်ိဳးမွမ႐ွိတာ ဝင့္မွာဘာအျပစ္မွမ႐ွိ
ဘူး ။ကိုယ္ေနာက္တစ္မ်ိဳး စဥ္းစား
လိုက္ပါဦးမယ္ ဘာမွစိတ္မပူနဲ႔ စိတ္ကိုေအးေအးထား ခ်စ္သူ ဟုတ္ၿပီလား "
"အင္းပါ ငါကနင့္ကိုထိခိုက္ေစမွာပဲ
စိုးရိမ္ေနတာ"
"ဝင့္ကိုယ့္ေဘးမွာ႐ွိေနသ၍ ကိုယ့္ကို
ဘယ္သူမွထိခိုက္ေအာင္မလုပ္ႏိုင္ဘူး"
စိတ္ပူေနသည့္ဝတ္ရည္ကို ဆန္းဆက္
ေလေျပနဲ႔ ေခ်ာ့ေနသည္။
ဝတ္ရည္ရဲ႕ပါးတစ္ဖက္ကိုကိုင္လ်က္ႏႈတ္ခမ္းေတြကို ထပ္တူက်ေစလိုက္
ေတာ့ဝတ္ရည္ကလည္း ဆန္းဆက္ရဲ႕
အနမ္းေတြမွာစီးေမ်ာလ်က္။
ဝင့္ဆိုတာ ဝတ္ရည္ဝင့္ဦးဆိုတဲ့
ဝတ္ရည္ရဲ႕ အိမ္ကလူေတြကနဲ႔
ဆန္းဆက္တေယာက္ထဲသိတဲ့
ဝတ္ရည္ရဲ႕ငယ္နာမည္။
ေစာပါေသးတယ္။သူ႕ကိုယ္သူမိုးထိ
ေအာင္ ျမင့္ေနတယ္လို႔ထင္ေနတဲ့
ဗ်ဴဟာပိုင္ဆိုတဲ့ ေကာင္ကိုအထိနာ
ေအာင္လုပ္ဖို႔ကေသေသခ်ာခ်ာ
အစီအစဥ္ဆြဲၿပီး အခ်ိန္ေကာင္းမွ
ခ်ျပရမွာေပါ့။
ဘယ္လိုလဲ။ မင္းေျပာေနက် ကပ္ပါး
အမ်ိဳးအႏြယ္က ေကာင္ကဘယ္ေလာက္
ထိအေရးပါမွန္း မၾကာခင္မင္း
လက္ေတြ႕ ေတြ႕ရလိမ့္မယ္။
****************