(42 .1)
စုယွမ်လည်း အသိစိတ် ပြန်ဝင်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ နားထဲမှာ ဘဲလ်တီးတဲ့ အသံ ဒရမ် တီးတဲ့ အသံတွေ မြည်ဟီးနေ ပြီးတော့ သီချင်းသံ က ကောင်းကင် ကနေ လာတဲ့ ဟန်ပေါ် နေလေတယ်။
စုယွမ် က ဖြေးဖြေးချင်း ပဲ သူ့ရဲ့ မျက်လုံးတွေကို ဖွင့်လိုက်တဲ့ အခါ မှာတော့ သူ့မြင်ကွင်း ထဲမှာ ပျော်ပွဲရွှင်ပွဲ တွေမှာ သုံးတဲ့ အနီရောင် ထူးဆန်းတဲ့ ဝတ်စုံတွေ ဝတ်ထားတဲ့ လူတွေနဲ့ ပြည့်သွား လေတယ်။
'' နိုးလာပြီဟေး ''
ထိုအသံကျယ် ကြီးကြောင့် စုယွမ် ခမျာ သူ့နားစည် ကန်းတော့ မလိုကို ခံစား နေရ လေတယ်။
သူက အသံလာရာ ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ ခေါင်းပေါ်မှာ သရဖူ စောင်းထားတဲ့ အဖိုးအို တစ်ယောက် ကို တွေ့လိုက် ရတယ်။ ထိုအဖိုးရဲ့ မျက်နှာ တစ်ခုလုံး က အရေးအကြောင်း တွေနဲ့ ပြည့်နေ ခဲ့လေတယ်။
ဒါပေမယ့် သူ့မျက်လုံးတွေက လင်းယုန် ငှက်တွေကို ချွန်ထက် နေကာ အကြည့်တွေ ကလည်း အရမ်းကို စူးရှ နေလေတယ်။
စုယွမ် က သေချာ ကြည့်လိုက်တော့ ထိုအဖိုးအို ရဲ့ မျက်နှာ ပေါ်မှာ ထူးဆန်းတဲ့ ပတ်တန်တွေ လိုမျိုး ရေးဆွဲထားတာ ကို တွေ့လိုက် ရပြီးတော့ သူ့ရဲ့ အဝတ် ကလည်း တစ်ခြား သူတွေထက် ပိုပြီး အလွန်အမင်း အရောင်တောက် ပ နေသလို ခံစား ရ လေတယ်။
ပြီးတော့ သူ့ဘာသာ သူကတော့ စားပွဲဝိုင်း ကြီးပေါ်မှာ လှဲလျောင်း နေတာကို တွေ့လိုက် ရလေတယ်။ ထိုစားပွဲ ဝိုင်းကြီး ကလည်း နူးညံ့တဲ့ အနီရောင် ပိုးဖဲ စ နဲ့ အုပ်ထား ပြီးတော့ သူကိုယ်တိုင် ကလည်း အနီရောင် အဝတ်တွေ နဲ့ပဲ ဆိုတာကို တွေ့လိုက် ရပြန်တယ်။
သူထပ် ပြီးတော့ ကူးပြောင်း လာပြန်ပြီလား ။
အဲ့လိုမှ မဟုတ်ရင် ဒီနေရာမှာ ရှိနေတာ တွေက အရမ်းကို ထူးဆန်း နေ တယ်လို့ သူထင် နေလေတယ်။
'' လင်းယုန် တိုက်စစ်မှူး အရှေ့ကို လာခဲ့ ပါအုံး ''
စုယွမ် နိုးလာတာ ကို တွေ့လိုက် ရတဲ့ အခါမှာတော့ အမျိုးသား တစ်ယောက် က ချက်ချင်းပဲ ခလုတ် တစ်ခုကို နှိပ်လိုက်တယ်။
ထိုစကားလည်း ထွက်လာရော ဆယ်ကျော်သက် ကောင်လေး တစ်ယောက် က အောက်ခြေမှာ သပ်ရပ်စွာ စီတန်းထားတဲ့ လူအုပ် ကြီး ထဲကနေ ထွက်လာ ခဲ့လေတယ်။
ထိုလူငယ်လေး က အရမ်းကို ခန့်ညား ပြီးတော့ သုံးဖက်မြင် အလှ မျိုး ရှိလေတယ်။ ပြီးတော့ သူ့ရဲ့ မျက်လုံးတွေက ရှင်းလင်းကာ စွမ်းအင် တွေလည်း ပြည့်ဝ နေခဲ့ လေတယ်။ သူက အရောင်စုံ အဝတ် တွေကို ဝတ်ဆင် ထားပြီးတော့ သူ့ရဲ့ ခေါင်းပေါ်မှာ ငှက်မွှေး တစ်ချောင်းကို ထိုးစိုက် ထားလေတယ်။
သူက ထိုလူအိုကြီး ဆီကို လျောက် လာပြီးတော့ အရိုအသေ ပေးလိုက် ကာ အလေးပြု လိုက်တယ်။
'' မျိုးနွယ်စု ခေါင်းဆောင် ''
လူအိုကြီး က ခေါင်းငြိမ့်လိုက် ပြီးတော့ စုယွမ်ကို ညွှန်ပြ ကာ ပြောလိုက် လေတယ်။
'' ဒါက ဘုရားသခင် က ငါတို့ဆီကို ပို့ပေး လိုက်တဲ့ တမန်တော်ပဲ။ ပြီးတော့ မင်းက ငါတို့ မျိုးနွယ်စု ထဲမှာ အားအကောင်းဆုံး ဂျုနီယာ တစ်ယောက် ပဲ။ ဒါကြောင့် ဒီနေ့ကနေ စပြီးတော့ မင်း သူ့ကို သေချာလေး ကာကွယ် ပေးရမယ်။ ''
'' ဟုတ်ကဲ့ ''
ယင်းလင်း လို့ အမည် ရတဲ့ ထိုလူ ငယ်လေး က ချက်ချင်း ပဲ အလေးအနက် ထားပြီးတော့ တုံ့ပြန် ခဲ့လေတယ်။
စုယွမ် က အနည်းငယ် ကြောင်အ သွားလေတယ်။
ဒါက ဘာအဓိပ္ပါယ်လဲ လို့ ။
သူ့ရဲ့ ကူးပြောင်း မှုက ဒါနဲ့ဆို နှစ်ကြိမ် ရှိပြီ ဆိုတာက ဒီလောက်အထိ သိသာ နေတာ တောင်မှ ဘာအတွက်ကြောင့် သူက အဖြောင့်ကောင် အဖြစ် ဘာလို့ မနေရတာ လဲ?
အရင်တစ်ခါ ကူးပြောင်း တုန်း က အမျိုးသား တစ်ယောက် ဖြစ်ပါလျက် အမျိုးသမီး လို ဆင်မြန်းပေး ခံရပြီးတော့ မြွေဘုရင် နဲ့ လက်ထပ်ဖို့ တွန်းအားပေး ခံခဲ့ ရတယ်လေ။
ဒါကို ဘာကြောင့် များ ဒီတစ်ခါ ကျပြန်တော့ အမျိုးသား ကြီးမှန်း သိသိကြီးနဲ့ ကောင်လေး တစ်ယောက် လက်ထဲကို ထည့်ပေး ခံနေ ရတာလဲ?
သူ တစ်ခါလောက် အမျိုးသမီး တစ်ယောက် ကို လက်ထပ် လို့ မရနိုင်ဘူး လားဗျာ?
သူ့မှာ ထူးခြားတဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက် ပုံများ ရှိနေလို့ အမျိုးသား တွေ ချည်းပဲ လက်ထပ် နေရတာ လား?
စုယွမ် က အရမ်းကို နာကျင် သွားလေတယ်။
သူ့ရဲ့ ကလေးလေး နှစ်ယောက် နဲ့ သူ့မြွေကြီးကို ဘယ်တော့ မှ ပြန်မတွေ့ ရတော့ဘူး ပေါ့။
ဒီလိုသာဆို သူက သေခြင်းနဲ့ ရှင်ခြင်း တရား ကြားကာလ စပ်ကို ထိတွေ့ မိရင် သူလာခဲ့ တဲ့ နေရာကို ပြန်သွားလို့ ရလောက်တယ် မလား။
'' ခများ တို့က ဘယ်သူ တွေလည်း ပြီးတော့ ခများ တို့က ငါ့ကို ဘာလုပ် ချင်နေတာ လဲ? ''
စုယွမ်ရဲ့ စကားသံ တွေကို ကြားလိုက် ရတော့ ထိုလူကြီး က ချက်ချင်း ပဲ ကြင်နာ ပြီးတော့ သဘောထား ကောင်းတဲ့ အဖိုးအို တစ်ယောက် အဖြစ် ပြောင်းလဲ သွားကာ ပြောလိုက်တယ်။
'' လက်ဆောင်မွန် က ပေးပြီး သွားပါပြီ။ မင်းရဲ့ သံသယ တွေ အကုန်လုံး ကို ယင်းလင်း ကပဲ ရှင်းပြ ပေးပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့ ငါ့ကလေးရေ။ ငါတို့ လင်းယုန် တွေက မင်းကို ကောင်းမွန်စွာ စောင့်ရှောက် ပေးပြီးတော့ ချစ်ပေး မှာပါ ''
နောက်ဆုံးမှာတော့ အဖိုးအို က ကြင်နာ တက်တဲ့ အဒေါ်ကြီး တစ်ယောက်လို မျိုး ပြုံးပြလေတယ်။ အရေတွန့်နေ ပြီးသား မျက်နှာကြောင့် ဂန္ဓမာ ပန်းလို ဖြစ်နေပေမယ့် အဲ့တာကို မြင်လိုက် ရတဲ့ စုယွမ် ကတော့ အတော်လေး ကို ကြောက် လန့်သွား လေတယ်။
တကယ်လို့ အဲ့ အပြုံးမျိုးကို ညအချိန် ကြီးမှာသာ သူတွေ့လိုက် ရလို့ကတော့ နှလုံးရောဂါ သေချာပေါက် ရသွား နိုင်တဲ့ အထိကို ဖြစ်လေတယ်။
'' သွားကြစို့ ''
ယင်းလင်း က သူ့ရဲ့ လက်ကို ဆန့်ထုတ်ကာ စားပွဲဝိုင်းလို စင်မြင့် ပေါ်မှာ လှဲနေတဲ့ စုယွမ်ကို ထလို့ ရအောင် ကူပေး ဖို့ လုပ်လိုက်တယ်။
စုယွမ် က ယင်းလင်း ရဲ့ မ ထူ ပေးခြင်း ခံရ ပြီးတော့ နာနာခံခံလေး နဲ့ပဲ ယင်းလင်း နောက်ကနေ ဖျော့တော့စွာ လိုက်ပါ သွားတော့တယ်။
ဒီနေရာမှာ လူတွေ အများကြီး ရှိနေ တာကြောင့် ယင်းလင်း လို့ ခေါ်တဲ့ လူငယ်နောက် ကို အရင်ဆုံး လိုက်ပြီး ထွက်သွားဖို့ လုပ်လိုက်တယ်။ ပြီးတော့ အခုက ဘယ်လို အခြေအနေ ဖြစ်နေ သလဲ ဆိုတာကို နားလည်အောင် လုပ်ရ မှာပဲ ဖြစ်လေတယ်။
တကယ်လို့ သူသာ နောက်တစ်ကြိမ် ကူးပြောင်း လာတာ သေချာ သွားပြီ ဆိုလို့ ကတော့ သူ့ဘာသာ သူ သတ်သေ ပစ်လိုက်တော့ မယ်။
ယင်းလင်း က စုယွမ်ရဲ့ လက်ကို အရင်ဆုံး လွှတ်ပေး လိုက်ပြီးတော့ စုယွမ် က ယင်းလင်း ကို သံသယ တွေနဲ့ ကြည့်လိုက် လေတယ်။
မင်းပဲ ငါ့ကို အဝေးဆီ ခေါ်သွား ချင်နေတာ မဟုတ်ဘူး လား?
နောက်တော့ သူ့ဘေး နားက ခပ်ချောချော လူငယ်လေး က ကြီးမားတဲ့ လင်းယုန်ကြီး အဖြစ်ကို မျက်တောင် တစ်ခတ် အတွင်း ပြောင်းလဲ သွားပြီးတော့ စူးရှတဲ့ လင်းယုန် အော်သံ တစ်ခုကို ထုတ်လိုက် လေတယ်။
ကောင်းကင်မှာ လေဟုန်စီးပြီး တဲ့နောက် ထိုလင်းယုန် ကြီးက စုယွမ်ရဲ့ ခြေထောက်နားကို ဆင်းသတ်လာ ကာ ကိုယ်ကို နှိမ့်ချ ပေးလာ ခဲ့တယ်။
လင်းယုန် က ပြောလိုက်တယ် ။
'' အပေါ်ကို တက်လိုက် ''
စုယွမ် ရဲ့ မျက်နှာ က အနည်းငယ် အံဩ သွားတယ် ဆိုပေမယ့် ဒါနဲ့ ပတ်သက်ပြီး တော့ အများကြီး အရေးကြီး ခွင်ကျယ် ဖြစ်တာ မှ မဟုတ်တာ လို့ တွေးမိလိုက်တယ်။
နောက်ဆုံး တစ်ခါ ကူးပြောင်း လာတုံး ကဆို သူက မြွေကိုယ်နဲ့ လူအပေါ်ပိုင်း ပါတဲ့ မြွေစစ်သည် တွေ ထမ်းတဲ့ မင်္ဂလာ ဝေါယျာဥ် ပေါ်မှာ တောင် ထိုင်နေ ခဲ့ရ ဘူးတာ ပဲလေ။
အခုတော့ လူ ကနေ လင်းယုန်ကြီး အဖြစ် ပြောင်းသွားတာ ကိုတွေ့တော့ သူ့အတွက် ဘာမှ ထူးဆန်းတာ မျိုး ဖြစ်မနေ ဘူးလေ။
စုယွမ် တစ်ယောက် အများကြီး ကို ကြုံတွေ့ ခဲ့ရပြီး ဖြစ်တဲ့ အတွက်ကြောင့် ဒါတွေဟာ သူသတ္တိ တွေ ရှိလာ ဖို့ရာ အတွက် အရမ်းကို အထောက်အကူ ပြုပေး ခဲ့တယ်လေ။
စုယွမ်က ယင်းလင်း ရဲ့ နောက်ကျောပေါ် ကို တက်တော့ လေ လှိုင်းတွေက တိုက်ခက် လာတာ ကို ခံစားမိလေတယ်။
စုယွမ်လည်း ယင်းလင်း ရဲ့ နောက်ကျော ပေါ်ကို ရောက်တဲ့ အချိန်မှာတော့ သူ့ခြေထောက် တွေက အနည်းငယ် ထုံကျင် လာခဲ့တယ်။
ယင်းလင်း က လေပြင်းတွေ ကြောင့် စုယွမ်ရဲ့ ဆံပင်တွေက ရှုပ်သွားတာ ကို တွေ့လိုက် ရတဲ့ အခါ ချက်ချင်းပဲ သူ့ရဲ့ ခေါင်းကို ထောင်ပေးကာ ရှက်ရွံ့စွာနဲ့ ပြောလိုက် လေတယ်။
'' တောင်းပန်ပါတယ် ။ အဲ့လို ဖြစ်လာ လိမ့်မယ် လို့ ငါ တကယ် မသိခဲ့ဘူး ''
'' ဒါက အဆင်ပြေ ပါတယ်။ ငါ့အကြောင်းလေး ပြောပြ ပါလား ''
ယင်းလင်း အတွက်ကတော့ စုယွမ် တစ်ယောက် ဘယ်လို ဖြစ်ခဲ့ သလဲ ဆိုတာကို သူသိ သမျှ ပြန်လည် ပြီး ရိုးသားစွာ ပြောပြ ခဲ့ လေတယ်။
သူရောက်နေတဲ့ ဒီနေရာကို ခေါ်ကြတာ က ပြည်နှင်ဒဏ် ပေးတဲ့ နယ်မြေ လို့ ပေါ့။
ထို လင်းယုန် မျိုးနွယ် က တစ်ခါ က အထက်ဘုံရဲ့ မျိုးစုတွေ ထဲက တစ်ခု ဖြစ်ခဲ့ ပြီးတော့ နောက်ပိုင်းမှာ အထက်ဘုံ ရဲ့ မင်းသား သုံးပါး ကို အာခံ မိခဲ့တယ်။
နောက်တော့ ထိုထဲက တစ်ယောက် က ဓား တစ်လက်ကို ဆွဲကိုင်ကာ မျိုးနွယ်စု ရဲ့ ပင်မ မူရင်း နေရာကို ခုတ်ပိုင်းကာ ကြယ်ကောင်းကင် ဟင်းလင်းပြင် ထဲကို ပစ်ချ ခဲ့တယ် တဲ့လေ။ အဲ့ကတည်းက စလို့ သူတို့က မရပ်မနား ပဲ လှည့်လည် သွားလာ သူတွေ ဖြစ်ခဲ့ ရတယ်။
ကြယ်ကောင်းကင် ဟင်းလင်းပြင် ထဲမှာ နေရတဲ့ဘဝ က တကယ်ကို မလွယ်ကူ ပါပေ။ အချိန်တိုင်း လိုလို ကြယ်ကောင်းကင် မုန်တိုင်း တွေနဲ့ တွေ့နိုင် ပြီးတော့ တစ်ခါတစ်လေဆို ရင် နှစ်ပေါင်းများစွာ ကတည်း က သေဆုံး သွားပြီး ဖြစ်တဲ့ နတ်ဘုရား တွေနဲ့ မိစ္ဆာတွေရဲ့ အလောင်းတွေ နဲ့တောင် ဝင်တိုက် မိနိုင်လေတယ်။
ကံလေးများ ကောင်းရင်တော့ ထိုဟာတွေ ဆီကနေ အခွင့်အရေး ကောင်းလေး တွေ ရရှိနိုင်မှာ ပဲ ဖြစ်ပြီးတော့ ကံဆိုးရင်တော့ ထို အလောင်းတွေ ရဲ့ ကျန်ရှိနေတဲ့ စွမ်းအား တွေကြောင့် ထိခိုက် နာကျင် ရလေတယ်။
လင်းယုန် ကလန်သား တွေ ခမျာ သူတို့ အခုနေတဲ့ ကုန်းမြေကို မူလအတိုင်း ဖြစ်စေ ဖို့ရာ အတွက် ဒီနေ့အထိ အများကြီး ပေးဆပ် နာကျင် ခဲ့ ကြရတာ ပဲ ဖြစ်လေတယ်။
မရေမတွက် နိုင်တဲ့ လင်းယုန် အရှင်သခင် တွေ ခမျာ ကြယ်ကောင်းကင် မုန်တိုင်း တွေရဲ့ လေပြင်း တွေနဲ့ ထိုမျောလွင့်နေတဲ့ အလောင်း တွေ ဆီက ပျက်စီးမှုတွေကို ကာကွယ်ပေးဖို့ အတွက် အကာအကွယ်အလွှာ ကြီးကို ရရှိစေဖို့ရာ အများကြီး ပေးဆပ် တည်ဆောက် ခဲ့ရတာ ပဲ ဖြစ်လေတယ်။
ဒါပေမယ့် အဲ့လို လုပ်ခဲ့ ရတာကြောင့် ကလန် က နောက် နှစ်ပေါင်း သုံးရာ ကျရင် ထည့်သွင်း တည်ဆောက်ထားတဲ့ အရင်းမြစ်တွေက လွင့်ပါးပြီး ကလန်သား တွေကလည်း အခက်ကြုံ ရမယ်ဆိုတာ ကို သိခဲ့ ကြတယ်။
အကာအကွယ် အလွှာ မပါရင် ကြယ်ကောင်းကင် ထဲမှာ သူတို့ရဲ့ မူလ ကုန်းမြေ က ပေါက်ကွဲ သွားမှာပဲ ဖြစ်ကာ ကုန်းမြေ ပေါ်က မီလီယံနဲ့ ချီတဲ့ သက်ရှိ သတ္တဝါ တွေ အကုန် သေဆုံး သွားကြ ရမှာပဲ ဖြစ်လေတယ်။
ထိုကဲ့သို့ အခက်ကြုံနေတဲ့ အချိန် မျိုးမှာ ခေါင်းဆောင် ယန် က အနာဂတ်ကို နိမိတ် ဖတ်ခဲ့ လေတယ်။ ထို နိမိတ်ဖက် တွက်ချက် တဲ့ နေ့မှာပဲ ရိုးရာဓလေ့ ပွဲကိုပါ ကျင်းပ ခဲ့ ကြတာ ပေါ့။
အဲ့အချိန်မှာပဲ လူ တစ်ယောက် က အပြင်ကောင်းကင် ကနေ အကာအကွယ် ကောင်းကင်ထဲကို ဖောက်ဝင်လာ ပြီးတော့ ပြုတ်ကျ လာခဲ့တယ်။ ပြီးတော့ အဲ့လူ ကပဲ လင်းယုန် မျိုးနွယ်ရဲ့ အကြပ်အတည်းတွေ ကို ဖြတ်ကျော်ဖို့ ကူပေး နိုင်မတဲ့လေ။
ပြီးတော့ ဒီနေ့ ကောင်းကင် ပေါ်ကနေ ကျဆင်း လာတဲ့ တမန်တော်က စုယွမ် ဖြစ်နေ ခဲ့တယ်လေ။
သူက သတိလစ် မေ့မျော နေဆဲ ဖြစ်ပြီးတော့ သူ့ကို လင်းယုန်မျိုးနွယ် က အဝတ်အစားတွေ လဲပေးကာ ယစ်ပူဇော်မှု စင်မြင့်ပေါ်ကို တင်ထား ခဲ့တာ ပဲ ဖြစ်လေတယ်။
ယစ်ပူဇော် စတေးမှု အပြီးမှာ စုယွမ် က လင်းယုန် မျိုးနွယ်စုဝင် တစ်ယောက် အဖြစ် သတ်မှတ်လို့ ရပြီပဲ ဖြစ်လေတယ်။
အို့....ငါသိပြီ။
စုယွမ် က ကြယ်ကောင်းကင် ဟင်းလင်းပြင် ထဲက မှတ်ဉာဏ်တွေကို ပြန်သတိ ရပြီးတော့ သူတို့ နှစ်ယောက် ဆက်နွယ်နေတုံး မှာ ဘာတွေ ဖြစ်ခဲ့တာ လဲ ဆိုတာကို သိသွား ခဲ့လေတယ်။
ဒါပေမယ့် သူက သူသေသွားမှာကို ကြောက်နေ ခဲ့တာ ဖြစ်တယ်။ သူသေ ပြီးတော့ နောက်ထပ် ကူးပြောင်းမှု ထပ်ဖြစ် လာမှာကို ကြောက်တာ လို့ ပြောရင် ပိုမှန်လေတယ်။
.................................................
ဒီနေ့ လျော့စျေး ပေးထားတယ်နော်