Doctor Husband (Complete)
By khatKhat396
1.8M 70K 2K
စိုင်းတည်တံ့ဉီး + နှိုင်းမြတ်ဘုန်း More
intro💙
အပိုင်း(1)U/Z
အပိုင်း(2)U/Z
အပိုင်း(3)U/Z
အပိုင်း(4)U/Z
အပိုင်း(5)U/Z
အပိုင်း(6)U/Z
အပိုင်း(7)U/Z
အပိုင်း(8)U/Z
အပိုင်း(9)U/Z
အပိုင်း(10)U/Z
အပိုင်း(11)U/Z
အပိုင်း(12)U/Z
အပိုင်း(13)U/Z
အပိုင်း( 14 ) U / Z
အပိုင်း( 15)U/Z
အပိုင်း(17)U/Z
အပိုင်း(18)U/Z
အပိုင်း(19)U/Z
အပိုင်း(20)U/Z
အပိုင်း(21)U/Z
အပိုင်း(22)U/Z
အပိုင်း(23)U/Z
အပိုင်း(24)U/Z
အပိုင်း(25)U/Z
အပိုင်း(26)U/Z
အပိုင်း(27)U/Z
အပိုင်း(28)U/Z
အပိုင်း(29)U/Z
အပိုင်း(30)U/Z
အပိုင်း( 31)U/Z
အပိုင်း(32) U/Z (End )
💙
Extra (1)U/Z
Hapi 💙
Extra (2) U/Z
Book 💙
New fic 💙
အပိုင်း(16)U/Z
44.9K 1.8K 59
By khatKhat396
ကားမှန်တံခါးကိုဖွင့်၍ လက်ကိုထုတ်ပြီး မိုးစက်တွေကို လက်ခုံနှင့် ခံယူထားလိုက်သည်။ ကားမှန်ဖွင့်ထားတာကြောင့် မိုးစက်တွေက ပါးပေါ်ကျလာ၏။ ကျလာသောမိုးစက်တွေကို သုတ်လိုက်၍ မှန်ကိုပြန်တင်လိုက်သည်။
" မင်းဖျားလိမ့်မယ်...နှိုင်း..."
"မဖျားပါဘူး..."
"ခေါင်းတွေပါ စိုနေတာမလား...နောက်ခန်းထဲမှာ တဘက်ပါတယ် သုတ်လိုက်..."
စိတ်ပူတတ်သော တိမ်ယံကြောင့် နှိုင်းလည်း နောက်ခန်းထဲက တဘတ်ကိုယူ၍ ခေါင်းတွေကိုသုတ်လိုက်သည်။ ထိုအချိန်တွင် တိမ်ယံကမေးလာသည်။
" ဘယ်လိုလဲ...ငါ့ညီနဲ့အဆင်ပြေပြီလား..."
"မပြေသေးဘူး..."
" ခုဖြစ်တဲ့ပြသာနာမှာ မင်းလဲမှားတယ်..နှိုင်း..ငါ့ညီမို့လို့ပြောတာမဟုတ်ဘူးနော်...မင်းသူ့ကိုပြောပြပြီး..တိုင်ပင်သင့်တာ ..သူ့အကြောင်းလဲ မင်းသိတာပဲ.."
"ငါမှားတယ်ဆိုတာသိပါတယ်...ဒါပေမဲ့..."
နှိုင်းဆက်မပြောတော့ပဲ အပြင်ဘက်ကိုသာငေးကြည့်လိုက်၏။ နှိုင်းမှားတယ်ဆိုတာသိပါတယ်။ တိုင်ပင်သင့်တာလဲသိတယ်။ တိုင်ပင်ခဲ့လဲ တည်တံ့လိုလူကလက်ခံမှာတဲ့လား  နှိုင်းအပေါ်ဆို အမြဲအနိုင်ယူပြီး အကြပ်ကိုင်သေးတယ်။ သူမကြိုက်တာ တစ်ခုတောင် နှိုင်းမှာမလုပ်ရဲခဲ့ပါ။
ဒါပေမဲ့ဆိုပြီး ဆက်မပြောပဲ ကားမှန်ဖက်ကိုလှည့်သွားသော သူငယ်ချင်းဖြစ်သူကိုကြည့်၍သာ တိမ်ယံ ခေါင်းခါမိသည်။ ကိုယ့်ညီအကြောင်းသိသော်လည်း ဒီတစ်ခါဖြစ်ခဲ့တဲ့ ပြသာနာက နှိုင်းမှားခဲ့တာဖြစ်သည်။ တည်တံ့ကမမှားဘူးလားဆို သူလဲမှားသည်။ ဘာပြသာနာပဲဖြစ်ဖြစ် လက်မပါသင့်ပါ နှိုင်းဆိုတာ တည်တံ့ထက်အသက်ကြီးသည် မဟုတ်လား။
" ဒါပေမဲ့ဆိုပြီး.. ရပ်မသွားနဲ့ ဆက်ပြော..."
" မင်းညီအကြောင်းသိတယ်မလား...ငါကတိုင်ပင်ပြီးပြောပြတယ်ဆိုရင်ရော သူကလက်ခံမယ်ထင်လား...အစကတည်းကမင်းညီကလေးချစ်တတ်တာမင်းအသိဆုံး...ကျန်တဲ့သူတွေနဲ့ကိုဘယ်လိုမျက်နှာထားပဲ ထားထား...ကလေးတွေဆိုရင် အမြဲအူယားနေတာလေ ....ငါပြောလိုက်ရင်သူကကလေးလိုချင်မှာပဲ...."
နှိုင်းပြောတာလဲ မှန်တာပဲ တည်တံ့က ကလေးတအားချစ်တတ်တာ အပြင်သွားလို့ အူယားစရာကောင်းတဲ့ ကလေးလေးတွေ တွေ့ရင်ကို
မုန့်ဝယ်ကြွေးတတ်သည်။
နှိုင်းမြတ်ဘုန်းလဲမှန်တယ်၊ စိုင်းတည်တံ့ဉီးလည်းမှန်တယ် အားလုံးမှန်တယ် ကြားထဲကတိမ်ယံပဲ မှားနေတာဖြစ်သည်။
"မွေးပေးလိုက်ပေါ့...မင်းယောကျ်ားကလေးချစ်တက်တာသိနေတာပဲ.."
တိမ်ယံအပြောကြောင့် နှိုင်းလဲ ကားမောင်းနေသော တိမ်ယံကို တောက်ချလိုက်သည်။ ဘယ်နှယ့် သူ့ညီကနားမလည်လို့ သူ့ကိုပြောပါတယ်ဆိုသူကပါ မွေးပေးလိုက်လေတဲ့ တော်တော် လိုက်ဖက်တဲ့ ညီအစ်ကိုတွေပဲ ။
" ကလေးမွေးတာက လွယ်တဲ့အရာလားတိမ်ယံ . ..ကလေးရှေ့ရေးဆိုတာရှိသေးတယ်...မင်းညီ ဆိုင်ဖွင့်ထားတာမှ တစ်နှစ်ကျော်လေးပဲရှိသေးတာ...ငါပြောသလို မာမီ့ဆီမှာဝင်လုပ်ပါဆိုတော့ ...သူကြိုက်တာလုပ်မယ်ဆိုပြီး bar ကောက်ဖွင့်တာလေ..."
" သူ့ bar ကလည်းဝင်ငွေမဆိုးဘူးမလား..."
"ဝင်ငွေမဆိုးဘူးလားမမေးနဲ့ ..ငါ့ဆီကို ပိုက်ဆံလေး ငါးဆယ်တောင်မရောက်ဖူးဘူး..."
"အတည်ကြီး...မင်းကမတောင်းဘူးလား..."
"ငါလဲ အသုံးမလိုဘူးလေ...ငါ့လစာနဲ့ငါသုံးနေတာကို...အရင်ကလဲ ဒီလိုပဲသုံးလာတာပဲ..."
"မင်းတောင်းကြည့်လေ ..."
"ခုလိုအချိန်သာ​တောင်းကြည့်ပါလား...တောင်းပြီးနောက်နေ့ငါသေပြီဆိုတာမင်းကြားရလိမ့်မယ်..."
"ခဏငါသိချင်တာရှိတယ်...မင်းတို့ရန်ဖြစ်ထားတာဆိုတော့ ..ညကျ တူတူမအိပ်ဘူးပေါ့..."
"မင်းညီက ညဆိုပြန်ကိုမလာတာ....ဘယ်ကောင်မလေးဆိီ ဝေ့နေတာလဲမသိဘူး..."
"အတည်ကြီးဝေ့နေမှ ပစ်ထားခံနေရမယ်...."
"ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့ကွာ..."
"ငါကဝင်ပါတာမဟုတ်ဘူး...နှိုင်း...မင်းဘက်ကအရင်ပြန်ချော့ကြည့်လိုက်ပါ...ဒီတိုင်းဆို အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်လိမ့်မယ်..."
"အင်း...ငါတားဆေးမသောက်တာ..တစ်လရှိပြီး တိမ်ယံ မင်းညီ
မသိဘူး..."
"မင်းမသောက်တော့မှ ပေါ်သွားတာပေါ့..."
"ဟုတ်တယ်...ငါ့ကိုမာမီက ပြောထားတာအရင်ကတည်းက မြေးချီချင်ပြီဆိုလို့ .. ဖြတ်ထားတာ...ပြန်ပြောမနေနဲ့ .. ကံမပါလို့မရတာကို ငါလည်းမတတ်နိုင်ဘူးတိမ်ယံ..."
"မင်းပြောသလိုပါပဲ ...ကလေးက ကံပါမှရတာပဲ ...အဆင်ပြေအောင်ဖြေရှင်းကြပေါ့....မင်းသာ
ဆေးသောက်မထားရင် ခုချိန်ဆို
ငါတူလေး သို့မဟုတ် တူမလေး ချီနေရပြီ.."
"အရင်တုန်းကဆိုပိုတောင်မယူချင်သေးတယ်...စိုင်းတည်တံ့ဉီးတို့က စိတ်ကဆိုးတတ်သေးတာ တခြားအကြောင်းတွေလဲရှိတယ် တိမ်ယံရဲ့..."
" ဘာအကြောင်းတွေ...ဟယ်လို .."
တိမ်ယံ နှိုင်းကို ဆက်၍ စပ်စုမည်အချိန် ဖုန်းဝင်လာတာကြောင့်ကိုင်လိုက်ရ၏။ ထိုကြောင့် သိချင်တာကိုဆက်မမေးလိုက်ရပါ။
" တိမ်ယံသား...ခုဆေးရုံးးကပြန်လာပြီလား..."
"ဟုတ်..သားနှိုင်းကို ပြန်လိုက်ပို့နေတာ..."
" သားနှိုင်းကို..နောက်မှလိုက်ပိုပြီး.*** ဒီအိမ်ကိုသွားပြီး..ဖေဖေလူနာသွားကြည့်ပေးဦး...ဖေဖေခေါင်းတွေမူးနေလို့..."
"ဟုတ်ပြီဖေဖေ...သားသွားလိုက်မယ် ..."
"အေးအေးသား.."
"ဖေဖေ ခေါင်းတွေမူးနေတာဆို ဆေးလေးသောက်ထားဦး..."
"သောက်ထားတယ်...သားနှိုင်း.."
"ဟုတ်..."
ဖေဖေဖုန်းချသွားတာနဲ့ ဖေဖေသွားခိုင်းတဲ့ အိမ်ကို ကားလှည့်၍ သွားရသည်။ ဖေဖေကို သူ့အသိတချို့နေမကောင်းတာဖြစ်လျှင် အကူအညီတောင်းသည့်အနေဖြင့် ဖုန်းဆက်၍ လာကြည့်ခိုင်းတတ်သည်။ ဖေဖေက သဘောထားပြည့်ဝ၍ စည်းကမ်းကြီးသည်။ ထို့ကြောင့် ညီဖြစ်သူ တည်တံ့ဟာလဲ အိမ်ကိုသိပ်မလာပါ။ ဖေဖေ့ကိုတော့ အနည်းငယ်ကြောက်သည်။
နှိုင်းတို့တွေ ဖေဖေကြည့်ခိုင်းတဲ့ အိမ်ကိုရောက်တော့ ကား ဟွန်းတီးလိုက်သည်။ ကောင်လေးတစ်ယောက် တံခါးလာဖွင်ပေးတာကြောင့် အိမ်ထဲကို မောင်းလာလိုက်သည်။ ကားပေါ်ကဆင်းသည်နှင့် အန်တီကြီးတစ်ယောက်ကထွက်ကြိုနေသည်။ နှိုင်းတို့ကားပေါ်ကဆင်းလာတော့ အပြုံးချိုချိုဖြင့် ပြုံးပြ၍ စကားဆိုလာသည်။
" ဒေါက်တာရဲ့သားလေးတွေမလား..."
"ဟုတ်ကဲ့ ..."
"လာလာဒေါက်တာလေးတို့ ..အန်တီ့သားလေးပါကွာ..ဖျားနေလို့.."
" ဪ ကလေးကဘယ်အရွယ်လဲဗျ..."
"ကလေးက.... ၇ နှစ်ပါဒေါက်တာ..."
"ဟုတ်သွားကြည့်ရအောင်လေ..."
နှိုင်းတို့တွေ အပေါ်တက်၍ ကလေးသွားကြည့်ပေးလိုက်သည်။ကလေးက ရိုးရိုးနေမကောင်းဖြစ်တာဖြစ်သည်။ အအေးပတ်သွားသည်ထင်၏ ။ကိုယ်တွေကတော့ တအားပူနေတာကြောင့် ဆေးတစ်လုံး ထိုးပေး၍ အကြော ဆေးသွင်းပေးခဲ့ရသည်။
" ကလေးကို...ဆန်ပြုတ်လေးဝင်အောင်တိုက်နော်အန်တီ...ဒါကဆေး.."
"ဝင်အောင်တိုက်ပါ့မယ် ကျေးဇူးပါဒေါက်တာတို့ရယ်..."
"မလိုပါဘူးဗျာ...ကျွန်တော်တို့က ဒေါက်တာတွေဆိုတော့ ကုပေးရမှာတာဝန်ပဲလေ..."
"ဟုတ်ပါပီကွယ်....အောက်ဆင်းရအောင်လေ..."
"ဟုတ်..."
"ကဲ မိဝင်းသမီး...သားလေးကို
ကြည့်ထားဦး... အန်တီ အိမ်အောက်ကိုသွားဦးမယ်..."
"ဟုတ်ကဲ့..."
အန်တီကြီးက သူ့အိမ်က ကလေးမလေးကိုမှာ၍ နှိုင်းတို့နှင့်အောက်ကိုလာလိုက်သည်။ နှိုင်းတို့ကို မပြန်ခိုင်းပဲ ဧည့်ခန်းထဲကိုဝင်၍ မုန့်စားဖို့ ပြောနေတာကြောင့် အားနာပီး လိုက်ခဲ့ရသည်။ နှိုင်းတို့ ဧည့်ခန်းထဲဝင်သည်နှင့် ခုံပေါ်မှာ ထိုင်နေသောသူကြောင့် ​အံသြသွားရသည်။ သူကဘယ်လိုလုပ် ဒီကိုရောက်နေရတာလဲ ။
" လာထိုင် ...ဒေါက်တာတို့.."
" ဟုတ်ကဲ့..."
နှိုင်းတို့အသံကြားလို့ထင်သည် ဉီးကြီးတစ်
ယောက်နှင့် စကားပြောနေသူက မော့ကြည့်လာသည်။ နှိုင်းတို့ကို စိုက်ကြည့်၍ အကြည်လွှဲသွားသည်မှာ စိတ်ဆိုးနေတာသိသာလှ၏။ ထိုအချိန် တွင် အန်တီကြီးက သူ့ကို စကားဆိုလိုက်သည်။
" သားတည်တံ့...ဒါက ဒေါက်တာတို့လေ .."
အန်တီကြီးကပြောတော့ မျက်လုံးလှန်ကြည့်၍ ပါးတစ်ဖက်စောင်းခါပြုံးပြလာသည်မှာ အမြင်ကပ်စရာကောင်းလှသည်။ ထိုအန်တီကြီးက နှိုင်းတို့ပတ်သက်မှုကို သိပုံမပေါ်ပါ ။ တိမ်ယံကနေပြီးတော့ ဝင်ပြောသည်။
" အန်တီ...သူနဲ့ကျွန်တော်တို့သိတယ်.."
"အယ် ဟုတ်လား...ဘယ်လိုသိကြတာလဲ..."
"သူကကျွန်တော့်ညီဝမ်းကွဲပါ..."
"အန်တီမသိဘူးကွယ်...အဲ့တာကို တည်တံ့လေးနဲ့သိတာ​တောင် ဟိုတစ်ခါအပြင်သွားတော့ မူးလဲမယ်လုပ်တော့ကူညီပေးတာကြောင့် နောက်ပိုင်း မင်းတို့ဉီးလေးနဲ့အလုပ်တွဲမယ်ဖြစ်ကြတာ..ဒါကြောင့်အိမ်ကိုရောက်နေတာ.."
" ဟုတ်ကဲ့..သူ့လိုလူနဲ့ခင်နိုင်တဲ့အန်တီတို့ကိုချီးကျူးတယ် ဗျာ..."
"တည်တံ့လေးက လိမ္မာပါတယ်..."
"အန်တီထင်လို့ပါ .."
တိမ်ယံနှင့် အန်တီကြီး ပြောနေတာကိုသာ ပြုံး၍ နားထောင်လိုက်သည်။ ထိုစကားဝိုင်းထဲကို နှိုင်းဝင်မပါချင်ပါ ။ တစ်ဖက်မှာထိုင်နေသူကလဲ ဘယ်အချိန်ထပြီး ပြသာနာရှာမယ်မသိပါ ။ နှိုင်းတို့ အိမ်ပြန်နောက်ကျမှာဆိုးတာကြောင့် စကားအကြာကြီးမပြောပဲပြန်ဖို့ထလာကြသည်။ နှိုင်းတို့ကို ကားနားအထိ အန်တီက လိုက်ပို့ပေးသည်။
" ကျေးဇူးတင်ပါတယ်ဒေါက်တာလေးတို့..."
"ရပါတယ်ဗျ....သွားတော့မယ်နော်.."
တိမ်ယံ တို့ကားမောင်း၍ ပြန်ထွက်လာလိုက်ကြသည်။ မိုးတွေက ကျနေသေးတာကြောင့် ကားကိုဂရုစိုက်၍ မောင်းနေရသည်။ ထိုအချိန် တွင် ကားတစ်စီးက တိမ်ယံကားရှေ့ကို ရုတ်တရက်ကြီး ကြမ်းတမ်းစွာ ပိတ်ရပ်လိုက်တာကြောင့်လန့်သွားရသည်။ တိမ်ယံဒေါသကလဲ ထောင်းကနဲထွက်ရသည်။ မတော်လို့ ဝင်တိုက်မိလျှင် နှစ်ဖက်လုံးအတွက်မကောင်းတာကို မသိတာလား။
" တောက်ခ်.."
" တိမ်ယံရယ်...ဘာမှပြောမနေပါနဲ့ ..ဟင်.."
ဒေါသထွက်နေတဲ့ တိမ်ယံကို ဖြောင်းဖြနေသည့်အချိန် တစ်ဖက်ကားပေါ်ကဆင်းလာတဲ့သူကြောင့်အံ့သြရသည်။ နှိုင်းတို့ဆိုတာသိလို့ ကားကိုသေချာ ဖြတ်ချပြီး ရပ်လိုက်တာဖြစ်မည်။ ခုလဲကားတံခါးကို လာ၍ ခေါက်သည်။ မိုး‌ရေတွေကျနေတာ​ကို ထီးမပါပဲ ထွက်လာတာကြောင့်ဖျားမှာစိုးရိမ်ရသည်။
" မင်းဘယ်လိုလုပ်လိုက်တာလဲ ..စိုင်းတည်တံ့ဉီး..မတော်လို့ဝင်တိုက်ရင်သေမယ်ဆိုတာမင်းမသိဘူးလား..."
"ကိုကိိုတိမ်ယံသူ့ကိုလိုက်ပို့မှာမလား...သူ့ကိုထားခဲ့ပြီး တစ်ယောက်ထဲပြန်လိုက်တော့.."
"ဘာ...မင်းငါပြောတာကြားလား..."
" ကျွန်တော်ပြောတာရော..ကြားလား..."
" မင်းကိုသေသွားနိုင်တယ်ပြောနေတာလေ.."
"ခုသေလို့လား...သူ့ကိုထားခဲ့ပြီး သွားတော့...ခင်ဗျားအောက်ကိုဆင်းခဲ့..."
တိမ်ယံပြောတာကို ဂရုမစိုက်ပဲ သူပြောချင်ရာကိုသာဉီးတည်ပြောသည် ။ နှိုင်းကိုလဲ လက်ညိုးထိုး၍ အောက်ဆင်းခဲ့တဲ့ သူ့ထပ်အငယ်ကျနေတာပဲ ။ နှိုင်းလဲ
တိမ်ယံကို ပြောပြီးကားပေါ်ကဆင်းလိုက်သည်။
" တိမ်ယံ..ငါနေခဲ့လိုက်မယ်..."
"ဖြစ်လို့လား..."
"ဖြစ်ပါတယ်..."
" မင်းဖြစ်ရင်ပြီးတာပဲ .."
"အင်း.."
နှိုငိးကားပေါ်ကဆင်းသွားတာနဲ့ ညီဖြစ်သူကို တိမ်ယံပြောရသည်။ ခုနကလုပ်လိုက်သည်မှာ မတော်တဆ မသေသွားဘူးဆိုတာမပြောနိုင် ဒီကောင်ကိုရိုက်၍ ဆုံးမရအောင်လဲ ယောကျာ်းတောင်ရပြီးပြီ ဖြစ်သည်။
" စိုင်းတည်တံ့ဉီး..မင်းသတိထားနေ..အေးငါ့သူငယ်ချင်းကိုလဲ..မင်းအနိုင်မကျင့်နဲ့.."
" စိတ်ချ ..သတ်ပြီးတော့ ချုံတောထဲပစ်ထားခဲ့မှာ..."
နေရာတကာ ဝင်ပါလွန်းတဲ့ အကိုဖြစ်သူကို တည်တံ့ရွဲ့ပြောလိုက်သည်။ အစကတည်းက စိတ်ကသိပ်ကြည့်နေတာမဟုတ် ပြသာနာရှာချင်နေတာကြောင့် လိုက်လာတာဖြစ်သည်။ ကိုကိုတိမ်ယံပါနေတာကြောင့် ပြသာနာက လွယ်လွယ်ဖြင့်ရှာရမည်မဟုတ် ထို့ကြောင့်နေခဲ့ခိုင်းခြင်းဖြစ်သည်။
" မင်းသေတော့မယ်..."
" သွားမှာသာသွားပါ..."
"အေး..."
ထွက်သွားတဲ့ကားလေးကိုကြည့်ပြီး နှိုင်းသက်ပြင်းချလိုက်သည်။ တည်တံ့နဲ့ နှိုင်းဘယ်လို နှစ်ပါးသွားရမယ်ဆိုတာမသိ။ နှိုင်းတွေးနေတုန်း လက်ကိုဆောင်ဆွဲလိုက်တာကြောင့် လန့်သွားရသည်။
"တည်တံ့ငါလက်နာတယ်..."
"နာရင်နာတယ်မှတ်လိုက်..."
" မင်းငါ့ကိုပြသာနာရှာဖို့ ခေါ်ထားတာလား..."
"ဟုတ်တယ်ဆိုရင်ရော..."
"ဘေးမှာ..ကားတွေဖြတ်သွားနေတာမင်းတွေ့လား..."
"မတွေ့ဘူးဆိူရင်ရော..."
"မအော်ပါနဲ့တည်တံ့ရယ်..ငါမင်းထက်အကြီးနော်...အ..ဘာလို့...အွန့်...ပြွတ့်..."
တည်တံ့ကို အရစ်ရှည်နေတဲ့သူကို အမြင်ကပ်တာကြောင့် ပိုတိုး၍ အော်လိုက်သည်။ ကားမောင်းနေတဲ့သူတွေရှိသော်လည်း မိုးရွာနေတာကြောင့် အသံတွေကို ကြားရမည်မဟုတ်ပါ။ ညနေ မှောင်စပြုနေပြီးဖြစ်တာကြောင့် ဒီလမ်းဘက်က လူသိပ်မများပါ ဒါကိုအဖြစ်သဲ​ပြနေတာကြောင့် အမြင်ကပ်လာရသည်။ စကား​များတဲ့သူကို ကားဘက်ကိုတွန်း၍ ခေါင်းကို ကိုင်၍ နမ်းလိုက်သည်။
ထိကပ်လိုက်သော နှုတ်ခမ်းပါးမှာ ချိုမြိန်လှသည်။ လွတ်ထွက်သွားမှာဆိုးတာကြောင့် ခေါင်းကိုသေချာ ကိုင်ခါ ပိုတိုးနမ်းမိသည်။ထို နှုတ်ခမ်းပါးနှင့် မထိတွေ့တာဟာ တစ်ပတ်နီးပါးဖြစ်သည်။စိတ်ဆိုးပြေပြီးလားဆို မပြေသေးပါ တည်တံ့ကလေးချစ်တတ်တာကိုသိရက်နဲ့ လိမ်ထားခဲ့သည်။
" အွန့်...လွတ်..အုံး..တည်..တံ့..."
နှိုင်းမှာ ကားလမ်းပေါ် ကြီးမှာအတင်းနမ်းနေတဲ့သူကြောင့်ရှက်လာရသည်။ ရင်ဘတ်ကိုထု၍ တားသော်လည်း နမ်းနေသူမှာရပ်မပေး။ ကြာတော့ အသက်ရှုကြပ်လာရသည်။ မိုးတွေက ရွာ၍ တစ်ကိုယ်လုံးက စိုရွှဲနေတာကြောင့် ချမ်းလာရသည်။ အချိန်အတော်ကြာနမ်းပြီးမှ နှိုင်းကိုလွှတ်ပေးသည်။ လွှတ်ပေးလာသူကို ဘာမှမပြောတော့ပဲကားထဲသာဝင်လာလိုက်သည်။
တည်တံ့လွှတ်ပေးလိုက်တော့ ကားထဲကို ဝင်သွားသူကြောင့် လိုက်ဝင်လိုက်တော့ တစ်ဖက်ခြမ်းတွင် ထိုင်နေသူမှာ မျက်နှာလွှဲထားသည်။ တည်တံလည်း မျက်နှာကို ဒီဘက်ဆွဲလှည့်လိုက်သည်။ မျက်ရည်တွေဝဲ၍ ကြည့်နေသော မျက်ဝန်းတွေကြောင့် ထွက်ပေါ်လာမည့် စကားလုံးကြမ်းတွေ ပျောက်ကွယ်သွားရသည်။ ဘာမှမဟုတ်ပဲ မျက်ရည်ဝဲနေသူကြောင့် တည်တံ့မှာ စိတ်လည်းတိုသွားရသည်။ သူ့ကိုမလုပ်ရက်တာကြောင့် ကားတံခါးကို ပိတ်ထိုးလိုက်သည်။
နှိုင်းမှာထင်ရာလုပ်တတ်သော ယောကျာ်းဖြစ်သူကြောင့် ဝမ်းနည်းနေရတာဖြစ်သည်။ မျက်ရည်ကျနေတာကို မြင်သွားမှာဆိုးတာကြောင့် တစ်ဖက်ကိုပဲ လှည့်ထားလိုက်သည်။ ဒါကို မကြိုက်သောသူက သူ့ဖက်ကို ပြန်ဆွဲလှည့်သည်။ နှိုင်းလည်းအလျင်အမြန် ကျနေသောမျက်ရည်တွေကိုသုတ်လိုက်သည်။ ကားတံခါးထိုးလိုက်တာကြောင့် နှိုင်းမှာ တားရသည်။
" တည်တံ့..တော်ပါတော့ .မင်းလက်တွေစုတ်ပြတ််နေမယ်..."
"ခင်ဗျားဘာဖြစ်ချင်နေတာလဲ ..ကျုပ်နမ်းတာလေးနဲ့ ..ခင်ဗျားငိုတာလား..ခင်ဗျားယောက်ျားနော်ကျုပ်က...ခုဖြစ်ခဲ့တဲ့ကိစ္စမှာကျုပ်မမှားဘူး နှိုင်းမြတ်ဘုန်း.."
သူနမ်းခဲ့လို့ နှိုင်းငိုတာမဟုတ်ဘူးဆိုတာ ဘယ်လိုရှင်းပြရမယ် မသိပါ ။ ဒါကိုမသိပဲ သူထင်တာတွေလျှောက်ပြော၏။သူနဲ့နှိုင်းဆိုတာ ဒီထပ်ပိုတာတွေတောင် ဖြစ်ခဲ့တဲ့သူတွေဖြစ်သည်။
" တည်တံ့....ဖြည်းဖြည်းမောင်းပါ .."
စိတ်ဆိုးသွားသူမှာ ကားကို ကြမ်းတမ်းစွာနဲ့ မောင်းထွက်သွားသည် ။မိုးရွာနေတာကြောင့် လမ်းချော်မှာကြောက်ရသည်။အိမ်ကိုရောက်တော့လဲ နှိုင်းကိုဆင်းခိုင်းပြီးပြန်ထွက်သွားသည်။ မိုးရေတွေ မိထားတာကို အဝတ်အစားမလဲပဲထွက်သွားတာကြောင့် စိတ်ပူရသည်။ ထွက်သွားတဲ့ကားကိုကြည့်ပြီး မိုးရွာကြီးထဲမှာ ရပ်၍ ငိုနေမိသည်။
........................................................................
( ဖတ်ပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်ကြိုးစားပြီးရေးထားပါတယ် update က 1ရက်ခြား 1 ခါပါနော် 24 ရက်နေ့upပေးမယ်ပြောထားတာမို့ရအောင် up ပေးတာပါ ဖုန်းအားက 9 ဘဲရှိတယ် မီးကတစ်ပတ်ကျော်ပျက်မှာတဲ့ကွာ zyg ကိုလည်း အပေါ်ပိုင်းတွေက ပြောင်းပြန်ဖြစ်နေတယ်ဆိုတာကြောင့် 1 ကနေ 6 ထိပြင်ထားပါတယ် )
......................................................................
"မဖျားပါဘူး..."
"မပြေသေးဘူး..."
မုန့်ဝယ်ကြွေးတတ်သည်။
"မွေးပေးလိုက်ပေါ့...မင်းယောက်ျားကလေးချစ်တက်တာသိနေတာပဲ.."
"မင်းတောင်းကြည့်လေ ..."
"မင်းညီက ညဆိုပြန်ကိုမလာတာ....ဘယ်ကောင်မလေးဆီ ဝေ့နေတာလဲမသိဘူး..."
မသိဘူး..."
" ဘာအကြောင်းတွေ...ဟယ်လို .."
"အေးအေးသား.."
"ဟုတ်..."
"ဟုတ်ကဲ့ ..."
" ဪ ကလေးကဘယ်အရွယ်လဲဗျ..."
"ကလေးက.... ၇ နှစ်ပါဒေါက်တာ..."
"ဟုတ်..."
"ဟုတ်ကဲ့..."
" လာထိုင် ...ဒေါက်တာတို့.."
" ဟုတ်ကဲ့..."
"အန်တီထင်လို့ပါ .."
" တောက်ခ်.."
"ကိုကိုတိမ်ယံသူ့ကိုလိုက်ပို့မှာမလား...သူ့ကိုထားခဲ့ပြီး တစ်ယောက်ထဲပြန်လိုက်တော့.."
"ဖြစ်လို့လား..."
"ဖြစ်ပါတယ်..."
" မင်းဖြစ်ရင်ပြီးတာပဲ .."
"အင်း.."
" မင်းသေတော့မယ်..."
" သွားမှာသာသွားပါ..."
"အေး..."
"တည်တံ့ငါလက်နာတယ်..."
"နာရင်နာတယ်မှတ်လိုက်..."
"ဟုတ်တယ်ဆိုရင်ရော..."
"ဘေးမှာ..ကားတြွေဖတ်သွားနေတာမင်းတွေ့လား..."
"မတွေ့ဘူးဆိုရင်ရော..."
" အွန့်...လွတ်..အုံး..တည်..တံ့..."
" တည်တံ့..တော်ပါတော့ .မင်းလက်တွေစုတ်ပြတ်နေမယ်..."
........................................................................
......................................................................
Continue Reading
You'll Also Like
1.8K 149 72
A lover girl who got her heart broken one too many times and now ended up writing poetry about it
40.2K 891 34
Red Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤
9.2K 185 38
''ချစ်လို့ပိုင်ဆိုင်ချင်ခဲ့တာပါမောင် ဒါကိုအတ္တကြီးတယ်လို့ထင်ရင်ထင်နိုင်ပါတယ်'' uke possessive typeပါ ကြိုက်သူများဖတ်လို့ရပါတယ် မကြိုက်လည်းမဖတ်ပါနဲ့ '...
11.7K 296 4
Holy Baby? ​အင်း..တစ်စစီစုတ်ဖြဲပစ်ချင်စရာကောင်းတဲ့ Holy Baby photo credit to pinterest #pinterest