Unicode
ရှောင်းကျန့် နိုးလာတော့ တစ်ကိုယ်လုံး ကိုက်ခဲနေသည် ။ ပြီးကျ သူက မြို့စားဝမ်အခန်းထဲ ရောက်နေသည် ။ မြို့စားဝမ်ကတော့ အခန်းထဲမှာ မရှိတော့ပေ ။ အင်းလေ မနက်8နာရီအထိ ရှောင်းကျန့်ကလွဲပြီး ဘယ်သူက နေဖင်ထိုးတဲ့အထိ အိပ်မှာလဲ ။
ညတုန်းကအကြောင်းတွေးမိတော့ ရှောင်းကျန့်မျက်နှာလည်းပူ ဒေါသလည်း ထွက်ရသည် ။
ဒီလိုမျိုးဟာတွေ သူ ဆိုရှယ်တွေမှာ တွေ့မိပေမယ် သူကိုယ်တိုင် ဒီလိုလက်ေတွ့ကြုံရမယ်ဆိုတာတော့ မထင်မိ ။
" Fuck အောက်ထိုင်လိုက်ရတယ်ဆိုတာက ပိုတောင် အဓိပ္ပာယ်မရှိဘူး "
သူခန္ဓာကိုယ်ကိုတော့ သန့်ရှင်းပေးသွားတာကြောင့် ရှောင်းကျန့် နည်းနည်းတော့ ကျေးဇူးတင်မိသည် ။ ရေချိုးပြီး အင်္ကျီလဲကာ အခန်းအပြင်ထွက်တော့ လူအုပ်ကြီးနဲ့တိုးသည် ။
" မြို့စားဝမ်က မြို့စားကတော် နေမကောင်းဘူးဆိုလို့ အကိုက်အခဲပျောက်ဆေး တိုက်ခိုင်းလိုက်ပါတယ် "
" ဟမ် ? အဟမ်း ဘာမှ ကိုက်ခဲနေတာမရှိဘူး ပြန်ယူသွား "
ရှောင်းကျန့် အစပိုင်း ကြောင်သွားပေမယ့် မျက်နှာရဲကာ ငြင်းလိုက်သည်။
" မဖြစ်ပါဘူး မြို့စားဝမ်က ပြောသွားတယ် ငါတော်တော်ကြမ်းထားလို့ မင်းတို့မြို့စားကတော် နေမကောင်းဘူးတဲ့ "
" ဘာ ! "
အဲ့တာကြီးပါထည့်ပြောတယ်ဆိုတော့ မြို့စားဝမ်က တော်တော်အရှက္မရှိတာပဲ ʘ‿ʘ ။
///
" မြို့ချားကတော် သားမသွားချင်ဘူး "
ရိရှောင်းလေးကို နန်းတော်က ဒီနေ့ ဆင့်ခေါ်သည် ။ ရိရှောင်းလေးကတော့ မသွားချင် ။ ရှောင်းကျန့်လည်း မလွှတ်ချင်ပေမယ့် သူမှာ မသွားနဲ့ဆိုတဲ့ အာဏာလည်း ရှိမှမရှိဘဲ ။
" ခနလေးပဲနေမှာပါ သားပြန်မလာရင် ဦးဦး
လာခေါ်မယ်လေနော် "
" ကတိ "
ရိရှောင်းလေးက လက်သန်းချိတ်ခိုင်းသည် ။
ရှေုာင်းကျန့်လည်း ပြုံးပြီး လက်သန်းချိတ်လိုက်သည် ။
" ကတိ "
" ဟီး သားသွားပြီ "
ရိရှောင်းထွက်သွားမှ ရှောင်းကျန့်လည်း
အိမ်တော်ထဲ ပြန်ဝင်သွားလိုက်သည် ။
ဘာညာလုပ်စရာတွေလည်း မရှိတာကြောင့်
ဧည့်ခန်းထဲပဲ ထိုင်နေလိုက်သည် ။
မကြာပါဘူး မြို့စားဝမ်က ပြန်ရောက်လာသည်။
ရှောင်းကျန့်လည်း တစ်ချက်သာ ကြည့်လိုက်ပြီး သတင်းစာပဲ ပြန်ဖတ်နေလိုက်သည်။
ဖတ်နေရင်း တန်းလန်း မြို့စားဝမ်က သူလက်ထဲက သတင်းစာကို ဖြတ်ကနဲ့ ယူသွားတာကြောင့် ရှောင်းကျန့် လန့်သွားသည်။
" ဘာလုပ်တာတုန်း "
" ကျုပ်ပြန်လာတာထက် ဒီသတင်းစာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေတာလား ! "
" ဟမ် ? "
" ဘာ ဟမ် လဲ "
" မဟုတ်...."
" ဒီမှာ ကျုပ်က ခင်ဗျား ယောင်္ကျားမဟုတ်ဘူးလား "
" ဟုတ်...ဟုတ်တာပေါ့ "
" အေးလေ ! အဲ့တော့ ကျုပ်ကိုပဲ စိတ်ဝင်စားပေး "
" ဟာ "
ပြောနေရင်းတန်းလန်းလည်း ထထွက်သွားတာကြောင့် ရှောင်းကျန့်မှာ အူလည်လည်လေး ကျန်နေခဲ့ရသည် ။ မြို့စားဝမ်က ဘာဖြစ်သွားပြန်တာတုန်း ။
" ဘာတုန်းဟ ငါက ဘာလို့ စိတ်ဝင်စားပေးရမှာတုံး "
ိထိုအချိန် လျှန်းက ရောက်လာပြီး
" မနေ့ညက ရိပေါ်ဘယ်ရောက်သွားတာလဲ "
ရှောင်းကျန့်လည်း စိတ်ပေါက်ပေါက်နဲ့ ဖြေလိုက်သည် ။
" ဘယ်သိမလဲ "
" ဟဲ့ နင်က သူယောင်္ကျားမဟုတ်ဘူးလား
ကိုယ်ယောင်္ကျား ညက ဘယ်မှာရှိနေလဲဆိုတာ သိရမှာပေါ့ "
" မသိဘူး "
သူမက မျက်စောင်းထိုးကာ ထွက်သွားသည်။
" ဟမ့် ပျင်းလိုက်တာနော် ပြန်အိပ်တာပဲကောင်းတယ် "
အင်းလေ ရိရှောင်းမှ မရှိဘဲ ။ ခါတိုင်းဆို ရိရှောင်းနဲ့ ဒီအချိန် ကစားနေကြပဲကို ။ ရှောင်းကျန့်လည်း သက်ပျင်းချကာ အပေါ်ထပ်တက်ရန် ဆုံးဖြတ်လိုက်သည် ။
အပေါ်ထပ်ရောက်တော့ မြို့စားဝမ်က သူအခန်းထဲမှာ စောင်ခြုံလျက် အိပ်နေတာကြောင့် ရှောင်းကျန့် လန့်သွားရသည် ။
" ဝေ မြို့စားဝမ် ထ ဒါ ငါအခန်း ခြေထောက်နဲ့မှားဝင်လာတာလား "
မြို့စားဝမ် အလိုမကျတဲ့မျက်နှာနဲ့ ရှောင်းကျန့်ကိုမျက်စိမှေးကြည့်ကာ
" ဘာဖြစ်လဲ ကိုယ်ယောင်္ကျားပိုင်တဲ့အခန်းကို အိပ်တာပဲ "
" ဘောကိုပိုင် မင်းညတိုင်း ဘယ်အခန်းမှာ အိပ်တာလဲဟမ် ! "
မြို့စားဝမ်က တံခါးကို မေးဆတ်ပြသည်။
ရှောင်းကျန့် ဟက်ခနဲ့ ရယ်ချလိုက်ကာ
" ဝါး နောက်နေတာလား မနေ့ညက မင်းဘယ်နေရာမှာ အိပ်တာလဲဟမ် "
" ဘာလဲ မနေ့ညက ခင်ဗျားနဲ့အတူ အိပ်တာလေ "
ရှောင်းကျန့်က မျက်နှာနီရဲကာ အနားမှာရှိတဲ့ ခေါင်းအုံးနဲ့ပစ်ပေါက်လိုက်သည်။ မြို့စားဝမ်က ခေါင်းအုံးကို ဆွဲလုကာ သူကို လှမ်းဖက်လိုက်တာကြောင့် ရှောင်းကျန့်မှာ မြို့စားဝမ်ရင်ခွင်ထဲရောက်သွားသည် ။
" ဘော "
" အင်း "
" လွှတ်စမ်းပါ "
" ....... "
မြို့စားဝမ် ခန္ဓာကိုယ်က အပူချိန်တွေ များနေတာကြောင့် မြို့စားဝမ်ရဲ့နှဖူးနဲ့ပါးကို လှမ်းစမ်းလိုက်သည်။
" အပူရှိန်တွေတက်နေသလိုပဲ ဖျားနေတာလား "
" အင်း ဟုတ်တယ် ကျွန်တော် ဖျားနေတယ် "
ချက်ချင်း ကျုပ် ကနေ ကျွန်တော် ပြောင်းသွားတဲ့လေသံကို ရှောင်းကျန့် ခွီးကနဲ့ ရယ်မိသည် ။
မြို့စားဝမ်က မျက်လုံးပွင့်လာပြီး
" ဘာရယ်တာတုန်း ခင်ဗျားက "
" အဟမ်း ဘာမှမဟုတ်ဘူး ဖယ်အုံး ဆေးသွားယူအုံးမယ် "
" ဟင်အင်း မယူနဲ့ ဒီကဆေးတွေ မယုံဘူး "
သူလည်တိုင်ကို နမ်းနေတာကြောင့် ရှောင်းကျန့်မှာ ရုန်းချင်ပေမယ့် ရုန်းမရ ။
" အဲ့ဒါဆို ရေဝတ်တိုက်ပေးမယ် လွှတ်ဟ "
မြို့စားဝမ်က ခေါင်းခါသည် ။ အခုပုံစံက ကလေးငယ်က မိခင်ရင်ခွင်ထဲကို တိုးဝင်နေသလို့ ပုံစံကြီး ဖြစ်နေသည်။
" ကျွန်တော် ချမ်းတယ်လေ ရေနဲ့မထိချင်ဘူး "
" ရေပတ်တိုက်ပေးတာလည်း မခံဘူး ဆေးလည်း မသောက်ဘူး ငါက ဘာလုပ်ပေးရမှာတုံး "
" ဒီလိုလေးပဲ နေပေးပါ ခင်ဗျားရယ် "
အသက်ရူသံတွေ ပြင်းနေတာမို့ ရှောင်းကျန့်လည်း ငြိမ်တဲ့အထိ စောင့်ပေးလိုက်သည် ။
နားမလည်တာ တစ်ခုရှိတယ် ။
ခံလိုက်ရတာက သူမဟုတ်ဘူးလား ။
ဘာလို့ မြို့စားဝမ်က ဖျားသွားရတာတုံး ။
///
" ရိပေါ် ငါက နင်တစ်ယောက်တည်း လာမယ်ထင်တာ "
သူမက မနာလိုဝန်တိုစိတ်နဲ့ ရှောင်းကျန့်ကို ကြည့်သည်။ ရှောင်းကျန့်လည်း ဝမ်ရိပေါ်လက်ကို တွဲကာ လျှာထုတ်ပြီး ပြောင်ပြလိုက်သည်။
" အင်း ဒီလိုပဲ ဖြစ်သွားတယ် "
" ဟိုဝိုင်း သွားထိုင်ကြလေ ခနနေ ငါလာခဲ့မယ် "
သူမထွက်သွားမှ ရှောင်းကျန့်လည်း ကိတ်မုန့်နား သွားကြည့်လိုက်သည် ။
" ဟင် ကိတ်မုန့်က သေးသေးလေး ငါတို့ဆီဆို 7ထပ်ကိတ်လေးနဲ့ ဟမ့် ပြီးကျ ရုပ်ကလည်း ဆိုးေသး "
" အင်း ရှောင်းမွေးနေ့တုန်းက မောင်လည်း အဲ့လိုလုပ်ပေးသင့်တာ "
ရှောင်းကျန့် ခေါင်းခါကာ
" မလိုပါဘူး ဟီး "
ဝမ်ရိပေါ်က ရှောင်းကျန့် ရယ်တာကို အလိုမကျဖြစ်သွားပြီး
" ဘာလို့ လူကြားထဲမှာ ရယ်နေတာလဲ "
ရှောင်းကျန့်က မျက်နှာတည်ကာ
" မရယ်တော့ဘူး "
" အင်း ဒီနားမှာပဲ ခနနေခဲ့အုံး မောင် နှုတ်ဆက်စရာရှိသေးလို့ "
ရှောင်းကျန့် ခေါင်းငြိမ့်ပြလိုက်သည် ။ ဝမ်ရိပေါ် ထွက်သွားတော့ ရှောင်းကျန့်လည်း ဟိုဟုိဒီဒီ သွားကြည့်လိုက်သည် ။
အသီးတွေ နှိုက်စားနေစဉ် တစ်ယောက်က သူကိုတွန်းလိုက်တာကြောင့် birthdayကိတ်ကို တိုက်မိသွားသည် ။ လူအုပ်ကြီးကလည်း စကားပြောနေတာတွေ ရပ်သွားကြပြီး ရှောင်းကျန့်ဘက်ကို လှည့်ကြည့်လာကြသည် ။
" အဟမ်း ဘာကြည့်တာလဲ မမြင်ဖူးတာလား ဟမ် ! "
ပေသွားတဲ့ အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်သည်။
ယူရာက ဒေါသတကြီးနဲ့ ရောက်လာသည် ။
" ရှောင်းကျန့် ! နင်ငါရဲ့ birthdayကိတ်ကြီးကို ဖျက်စီးလိုက်တာလား "
" မတော်တဆ ဖြစ်သွားတာ "
" အပိုတွေပြောနေတာပဲ "
" မယုံလည်း မတတ်နိုင်ဘူး "
" ဘာတွေဖြစ်နေကြတာတုန်း ! "
ယူရာရဲ့အဖေက ရောက်လာတာကြောင့် ယူရာက သူအဖေလက်မောင်းကို ချိတ်ကာ သူအဖေကို တိုင်သည် ။
" Dad သူက သမီးရဲ့ကိတ်ကို ဖျက်စီးပစ်တယ် "
" လူလေးက ဘယ်သူမို့ ငါသမီးရဲ့ မွေးနေ့ပွဲကို ဖျက်စီးရတာတုန်း "
ရှောင်းကျန့် ရယ်လိုက်သည် ။ ကိတ်မုန့်လေး ပျက်စီးသွားတာနဲ့ မွေးနေ့ပါ ဖျက်စီးလိုက်တယ်ဆိုလားပဲ ။
" ကျွန်တော် ပြောတယ်လေ မတော်တဆလို့ "
" ဘာကိုမတော်တဆရမှာလဲ ခုနကတည်းက နင်အဲ့နားမှာ တဝဲလည်လည်လုပ်နေတာလေ အစကတည်းက နင်ကအကြံနဲ့မလား "
" ကိတ်လေးပျက်စီးသွားတာကို အသစ်
ပြန်မှာလေ ဘာလည်း ပိုက်ဆံမရှိတာလား မရှိရင် ကျွန်တော် ပြန်ဝယ်ပေးမယ်လေ "
" နင်ကများ ရာရာစစ "
သူမက ရှောင်းကျန့်ကို ပါးရိုက်ဖို့လုပ်ပေမယ့် တစ်စုံတစ်ယောက်က တားလိုက်သည်။
" လက်တော့မပါနဲ့လေ "
" ရိပေါ် ရှောင်းကျန့်က ဘာလုပ်လိုက်တာမှန်း
နင်မသိဘူးလား "
" ကိတ်မုန့်ကို ဒီပံုစံနဲ့ 12မထိုးခင်မှာ ပြန်မှာပေးမယ် ငါတို့တော့ အရင်ပြန်နှင့်မယ် "
" ဟဲ့ မဟုတ်ဘူးလေ "
ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကိုဆွဲကာ ထွက်သွားသည် ။ ရှောင်းကျန့်က နောက်လှည့်ကာ မဲ့ပြုံးပြုံးဖို့လည်း မမေ့ ။
///
ကျွန်ေတာ်ကို မချစ်တတ်အောင်
ဘာလို့မသင်ပေးခဲ့ကြတာလဲ'(
Fic up တာ နောက်ကျတာ ေဆာရီးပါ
ဒီလူက အသဲကွဲနေတော့
ဘာမှကို မရေးနိုင်တော့ဘူး
Zawgyi
ဒီလိုမျိုးဟာတွေ သူ ဆိုရှယ်တွေမှာ တွေ့မိပေမယ် သူကိုယ်တိုင် ဒီလိုလက်တွေ့ကြုံရမယ်ဆိုတာတော့ မထင်မိ ။
" ဘာ ! "
///
လာခေါ်မယ်လေနော် "
" ကတိ "
" ကတိ "
" ဟီး သားသွားပြီ "
" ဘာလုပ်တာတုန်း "
" ဟမ် ? "
" ဘာ ဟမ် လဲ "
" မဟုတ်...."
" ဟုတ်...ဟုတ်တာပေါ့ "
" ဟာ "
" ဘယ်သိမလဲ "
" မသိဘူး "
" ဘော "
" အင်း "
" လွှတ်စမ်းပါ "
" ....... "
///
" ဟင် ကိတ်မုန့်က သေးသေးလေး ငါတို့ဆီဆို 7ထပ်ကိတ်လေးနဲ့ ဟမ့် ပြီးကျ ရုပ်ကလည်း ဆိုးသေး "
" မလိုပါဘူး ဟီး "
" မရယ်တော့ဘူး "
" မတော်တဆ ဖြစ်သွားတာ "
" အပိုတွေပြောနေတာပဲ "
" နင်ကများ ရာရာစစ "
" လက်တော့မပါနဲ့လေ "
နင်မသိဘူးလား "
" ကိတ်မုန့်ကို ဒီပုံစံနဲ့ 12မထိုးခင်မှာ ပြန်မှာပေးမယ် ငါတို့တော့ အရင်ပြန်နှင့်မယ် "
" ဟဲ့ မဟုတ်ဘူးလေ "
///
ကျွန်တော်ကို မချစ်တတ်အောင်
Fic up တာ နောက်ကျတာ ဆောရီးပါ
ဒီလူက အသဲကှဲနေတော့