ep-7

2.5K 175 6
                                    

Unicode

ရှောင်းကျန့်က ရိရှောင်းကို ပန်းခြံထဲမှာ စာသင်ပေးနေ‌လေသည် ။

" အကုန်ရေးပြီးသွားပြီ ‌ဦးဦး "

ရိရှောင်းက သူရေးပြီးသွားတဲ့ စာကို ရှောင်းကျန့်ကို ပြသည် ။

" တော်လိုက်တာ အကုန်ပြီးသွားပြ‌ီပဲ "

၀မ်ရိပေါ်က တစ်ချက်လှမ်းကြည့်ပြီး သူစာအုပ်ကိုပဲ ပြန်လှန်လောဖတ်နေသည် ။

" ‌ဦးဦးက ချစ်စရာလေး "

ရိရှောင်းက လက်မနဲ့အသဲပုံလေး လုပ်ပြသည် ။ ဒါကိုလည်း ရေ‌ှာင်းကျန့် သင်ပေးထားတာဖြစ်သည် ။ ရှောင်းကျန့်လည်း ရိရှောင်းရဲ့ပါးနှစ်ဖက်ကို ညစ်လိုက်ပြီး

" ရိရှောင်းလည်း ချစ်စရာလေး "

" ဦးဦး သားကို အာဘွားပေး "

ရိရှောင်းက သူပါးတစ်ဖက်ကို လက်ညိုးနဲ့
ထိုးပြသည် ။ ပြီးကျ ၀မ်ရိပေါ်ဘက်ကို လျှာထုတ်ပြီး ပြောင်ပြသည် ။

၀မ်ရိပေါ်က နည်းနည်း‌ေတာ့ တင်းသွားသည် ။ ဒီပိစိက ဘယ်သူကို လာစိန်ခေါ်နေတာလဲ ಠ︵ಠ ။

" မွ ရပြီမလား "

ရှောင်းကျန့်က တစ်ချက်နမ်းပြီး စာစစ်နေလေသည် ။

" သားကြီးလာရင် ဦးဦးကို လက်ထပ်မယ် "

" မရဘူးလေ ဦးဦးက လက်ထပ်ပြီးသွားပြီလေ "

" ဟွန့် သားသာ အရင်မွေးရင် ဦးဦးကို အရင် လက်ထပ်ရမှာ "

စကားတတ်လွန်းတဲ့ ရိရှေုာင်းကို ရှောင်းကျန့်က ရိရှောင်းရဲ့နှဖူးလေးကို ခေါက်လိုက်သည် ။

" စာတစ်လုံးသာ တတ်အောင်အရင်ရေး "

" ဟွန့် အဲ့ဒါဆို သားအတွက် ညီလေးတစ်ယောက်‌ေမွးပေး "

၀မ်ရိပေါ်က လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ချောင်းတွေထဆိုးတော့တယ် ။ ‌

ရှောင်းကျန့်ကတော့ ရိရှောင်းကို နားမလည်သလို့ ကြည့်နေသည် ။

သူက ဘယ်လိုကလေးမွေးပေးရမှာတုန်း ။

" သားလည်း သူများတွေလို့ ညီလေးတစ်ယောက်နဲ့ ကစားချင်တယ် "

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now