Unicode
ရိရှောင်းတို့ မွေးနေ့ပွဲ ကိတ်ခွဲပြီးသွားတော့ လူတွေလည်း အစီစီအရီရီ ပြန်သွားကြသည်။
ရိရှောင်းကတော့ 12မထိုးခင် အစောကြီးအိပ်သွားသည် ။ရှောင်းကျန့်လည်း အလုပ်သမားတွေကို ဝိုင်းကူသိမ်းဆည်းပေးေနလိုက္သည် ။ မြို့စား၀မ်ကတော့ တစ်နေရာတွင် ထိုင်နေသည် ။
" ရှောင်းကျန့် လာခဲ့အုံး ! "
သူနာမည်ကို မြို့စား၀မ်က အကျယ်ကြီးလှမ်းခေါ်တာကြောင့် ရှောင်းကျန့် မျက်စောင်းလှမ်းထိုးလိုက်သည် ။ နီးနီးလေးကို အဲ့လောက်ကြီး ခေါ်စရာလို့လားလို့ ။
" ဘာလဲ ! "
" ကျုပ် နေလို့မကောင်းဘူး အခန်းထဲ တွဲခေါ်သွားပေး "
" ဘာ "
" ကျစ် ! ကျုပ်ဆေးမိထားတယ် မကောင်းတာတစ်ခုခုမဖြစ်ခင် အမြန်လုပ်စမ်းပါဗျာ "
အဲ့ကျမှ ရှောင်းကျန့်လည်း အထိတ်တလန့်ဖြစ်သွားပြီး
" ဘာဆေးလဲ အဆိပ်လား သေတော့မှာလား မသေသေးနဲ့အုံးနော် မင်း ငါကို မကွာရှင်းရပေးရသေးဘူးနော် "
မြို့စားဝမ်က စိတ်ရှုပ်သလို့ကြည့်ပြီး
" ခင်ဗျားအရင်သေမလား ကျုပ်အရင်သေမလားပဲနော် "
" ဟမ့် ကိုယ်ဖာသာတောင် လမ်းမလျှောက်နိုင်တော့တာလား "
" မလျှောက်နိုင်လို့ပေါ့ဗျာ ခင်ဗျားကလည်း "
ထိုအချိန် လျှန်းကရောက်လာပြီး
" ရိပေါ် နင်မျက်နှာကြီး နီရဲနေတာပဲ ဘာဖြစ်တာလဲ "
" ခေါင်းမူးလို့ "
" တစ်ခုခုမိထားတယ်မလား ငါနင်ကို တွဲခေါ်သွားေပးရမလား "
သူမက ၀မ်ရိပေါ်လက်ကို တွဲဖို့ ကြိုးစားနေတာကြောင့် ရှောင်းကျန့် တားလိုက်ကာ
" ကျွန်တော် လောင်ကုန်းကို ကျွန်တော်ပဲ ကူညီလိုက်ပါမယ် အဟင်းး "
" ရှင်က အားမယ့်ပုံမပေါ်ဘူးလေ ကျွန်မပဲ ကူညီလိုက်ပါမယ် "
" မဟုတ်တာ အားနာစရာ "
ESTÀS LLEGINT
ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )
Fanfiction𝐋𝐨𝐯𝐞 𝐈𝐬 𝐎𝐩𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐭 𝐒𝐞𝐥𝐟 𝐋𝐨𝐯𝐞 𝐈𝐬 𝐍𝐞𝐜𝐬𝐬𝐢𝐭𝐲 𝐓𝐡𝐢𝐬 𝐈𝐬 𝐘𝐢𝐙𝐡𝐚𝐧 𝐅𝐢𝐜𝐭𝐢𝐨𝐧 𝐒𝐨 𝐔 𝐫𝐞𝐚𝐝 𝐈𝐭