Unicode
ရှောင်းကျန့်မရှိတော့တဲ့နောက်ပိုင်း အိမ်တော်ကြီးက အရင်ကလို့ ပြန်တိတ်ဆိတ်သွားသည် ။
မြို့စားဝမ်က အိမ်တော်ကိုလည်း သိပ်မကပ်တော့ပေ ။ ရိရှောင်းကလည်း စကားတော်တော်နည်းသွားပြီး နန်းတော်ထဲသာ မင်းသားနဲ့အချိန်ပြည့် ရှိနေတတ်သည် ။အရင်က တစ်ခါတစ်လေ ရယ်သံတွေဆူပူသံတွေ နေ့တိုင်း ကြားရတတ်တဲ့အိမ်တော်က တိတ်ဆိတ်ငြိမ်သက်ခြင်းတွေသာ ရှိတော့သည် ။
ဆူပူသံကတော့ ကြားရပါတယ် သူတို့ကြားချင်တဲ့လူတွေဆီက မဟုတ်တာ တစ်ခုပဲ ။" ဟဲ့ ရေတွေလည်း သေချာမသုတ်ကြဘူး ကြည့်စမ်း ငါချော်လဲလို့ ကလေးပါ ထိခိုက်ရင် ဘယ်လိုလုပ်မလဲ "
အစေခံမလေးတစ်ယောက်က တိုးတိုးပြောသည် ။
" သူလာနေတာမှ တစ်ပတ်တောင် သိပ်မရှိတာကို ဗိုက်ကကြီးသွားရောလား ကျန့်ကော
တုံးကတောင် အဲ့လောက်မနှိပ်စက်ဘူး "" တိုးတိုး "
" ဟမ့် လုပ်ချင်စိတ်တောင်မရှိတော့ဘူး "
" နင်ကလည်း "
သူမတို့အနားကို လျှန်းရောက်လာကာ
" ဟဲ့ ငါကြားတယ်နော် "
" မဒမ် တောင်းပန်ပါတယ် ဟဲ့ တောင်းပန်လေ "
" တောင်းလဲမပန်ချင်ပါဘူး ပျင်းတယ်
မလုပ်ချင်တော့ဘူး "" ဟဲ့ နင်မလုပ်ချင်ထွက်သွားလေ
နင်တို့ထွက်သွားရင် ငါတောင် လွတ်လပ်သွားသေး "" စောက်ကြီးစောက်ကျယ်နဲ့ ဘယ်လမ်းဘေးကလူနဲ့ ရလာတဲ့ဗိုက္မှန်းမသိ မြို့စားဝမ်နဲ့တော့ သေချာပေါက္မဖြစ်နိုင်ဘူး "
" အောင်မယ် အစေခံကများ သခင်ကို ပြန်ကိုက်တယ်ရှိရသေး ဒီမယ် ငါစိတ်ရှိရင် နင်မိသားစုကို အစဖျောက်လို့ရတယ်သိလား "
" ရှင်...! "
" ဘာမှမဖြစ်ချင် ငြိမ်ငြိမ်နေ နင်တို့လျှာဖျားမှာ ရှောင်းကျန့်ဆိုတဲ့ကောင်ရဲ့ နာမည်မထွက်စေနဲ့ ကြားလား ..!! "
တစ်ခြားလူတွေက သူမရဲ့အာဏာကိုသိတာကြောင့် ကုတ်ကုတ်လေး ငြိမ်သွားကြသည်။
YOU ARE READING
ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )
Fanfiction𝐋𝐨𝐯𝐞 𝐈𝐬 𝐎𝐩𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐭 𝐒𝐞𝐥𝐟 𝐋𝐨𝐯𝐞 𝐈𝐬 𝐍𝐞𝐜𝐬𝐬𝐢𝐭𝐲 𝐓𝐡𝐢𝐬 𝐈𝐬 𝐘𝐢𝐙𝐡𝐚𝐧 𝐅𝐢𝐜𝐭𝐢𝐨𝐧 𝐒𝐨 𝐔 𝐫𝐞𝐚𝐝 𝐈𝐭