ep-22

1.9K 102 1
                                    

Unicode

" မြို့စားဝမ် ကျဝောာ်အထင်တော့ ဒါက နည်းလမ်းကောင်းမဟုတ်ဘူးထင်တယ် သမိုင်းမှာ နာမည်ဆိုးနဲ့ ကျန်ခဲ့ရင်ဘယ်လိုလုပ်မလဲ "

" အစကတည်းက နာမည်ဆိုးနဲ့‌ပဲလေ "

" အမ် "

" မြို့စားနေရာက စာတတ်ပေတတ်ရုံနဲ့ အလွယ်တကူရနိုင်တယ်လို့ မင်းထင်လား
နောက်ခံအသိုင်းဝိုင်းလည်း လိုတယ် "

" အာ ဆက်မပြောပါနဲ့တော့ ကျတော် သိပြီ "

" အင်း "

" 2နှစ်တောင် ကျော်သွားပြီ‌ပဲ "

" အင်း "

" သူသတင်းရော "

" တစ်စွန်းတစ်စတော့ ပြန်ကြားရပြီ "

" ဝမ်းသာစရာပဲ "

" အင်း "

" အဲ့ဒါဆို မြို့စားနေရာကနေ ဘာလို့ဖြုတ်မချကြသေးတာလဲနော် "

" လိုချင်တာရှိသေးလို့လေ ထားလိုက် ငါလည်း ပိုင်ဆိုင်စရာ ဘာမှမကျန်တော့ဘူး "

အိမ်တော်ရဲ့အစေခံများများကလည်း ဟိုမိန်းမရဲ့ဆူပူသံတွေကို နားငြီးမခံနိုင်တာကြောင့် အလုပ်ထွက်ကုန်ကြသည် ။ အခုလောလောဆယ်မှာ အိမ်တော်ထိန်းနဲ့မြို့စားဝမ်ရယ် ဖန်းရယ် လျှန်းရယ်သာ ရှိကြသည် ။ လျှန်းကဝောာ့
အပျော်မက္တာကြောင့် တစ်ခါတစ်လေ
ယောင်္ကျားလေးတွေကို တစ်ပတ်တစ်ခါ တစ်လတစ်ခါ ဖြစ်ဖြစ် အပျော်ရှာလေ ရှိသည် ။
ဝမ်ရိပေါ်ရှေ့လည်း မရှောင်ပေ ။

သူမကိုယ်ဝန်ကတော့ ပျက်ကျသွားသည် ။
ကလေးအတွက် စိတ်မကောင်းပေမယ့် လူကိုတော့ ဘယ်သူမှ မသနားကြပါ ။
ရိရှောင်းကတော့ Kevinရယ်မင်းသမီးနဲ့ပဲ အနေများတာကြောင့် အိမ်သိပ်မပြန်တော့ပေ ။

" မြို့စားဝမ်ရိ‌ပေါ်အတွက် စိတ်မကောင်းပါဘူး "

" .......... "

///

" ဘာတွေလုပ်နေတာလဲ မင်းက "

" ကျတော် မသိဘူး "

အဖြူရောင်အရိပ်က ဝမ်ရိပေါ်ဘေးနားထိုင်သည် ။ ဝမ်ရိပေါ် အဲ့အရိပ်ကို ထိချင်တယ် ။ ဒါပေမယ့် သူထိလိုက်ရင်လည်း ပျောက်ကွယ်သွားမှာ ။

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now