Unicode
" မြို့စား၀မ် ! "
မြို့စား၀မ်က ပြော ဆိုတဲ့အကြည့်နဲ့ ကြည့်လာသည် ။ ရှောင်းကျန့် ပြုံးပြလိုက်ပြီး
" အဟီး ရော့ "
ရှောင်းကျန့်က စာရွက်တစ်ရွက်ကို ထုတ်ပေးလာသည် ။ ၀မ်ရိပေါ် ယူလိုက်ပြီး
" ဘာသဘောလဲ "
ရှောင်းကျန့် လက်သုံးချောင်းထောင်လိုက်ပြီး
" သုံးလ "
" ..... "
" သုံးလပြည့်သွားပြီ "
" အဲ့ဝောာ့ ? "
" ကွာရှင်းပေးတော့လေ ခင်ဗျားပဲပြောတယ်လေ ငါ့တို့ လက်ထပ်စာချုပ်က သုံးလပဲဆို တကယ်မဟုတ်ဘူးလို့လည်း ခင်ဗျား ပြောတယ်လေ "
" ...... "
" အခု ကွာရှင်းစာချုပ်ကို ထုတ်ပြီး လက္မှတ်ထိုးကြစို့ "
မြို့စား၀မ်က ခပ်သဲ့သဲ့ရယ်နေတာကြောင့် ရှောင်းကျန့် မျက်မှောင်ကုတ်လိုက်တယ် ။ သူပြောတာ ဘာအမှားပါလို့လဲ ။
" ကွာရှင်းချင်တာ သေချာလား "
" Yeah "
မြို့စား၀မ်က ထိုင်နေရာက ထလာပြီး ရှောင်းကျန့်အနားကို တရိပ်ရိပ်နဲ့ကပ်လာတာကြောင့် ရှောင်းကျန့် လက်သီးတင်းတင်းဆုပ်ထားလိုက်သည် ။ မဟုတ်တရုတ်လုပ်ရင် ထထိုးဖို့ ။
" ရူးနေတာလား "
" ဟမ် "
" ဆေးသောက်လိုက်အုံး "
မြို့စား၀မ်က ရှောင်းကျန့်ရဲ့ပခုံးကို ပုတ်ကာ ထွက်သွားသည် ။ ရှောင်းကျန့်ကတော့ ကြောင်တောင်တောင်လေး ကျန်ခဲ့သည် ။ ပြီးကျမှ စားပွဲပေါ်က စာရွက်ကို သေချာပြန်ကြည့်တော့ မနှစ်က ပြက္ခဒိန်ကြီး ဖြစ်နေသည် ။
" ချီးပဲ ဖက်ခရု "
ပြုံးပြီး ထွက်သွားတဲ့မြို့စား၀မ်ကို မျက်စောင်းလှမ်းထိုးလိုက်သည် ။ ကွာရှင်းချင်စိတ်တွေစောပြီး dateတောင် သေချာမကြည့်မိ ။ အခန်းထဲက ထွက်မယ်အလုပ်
" ခနလေး ရှင်ကို မေးစရာရှိလို့ "
" ဘာမေးမှာလဲ မြန်မြန်မေး "
YOU ARE READING
ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )
Fanfiction𝐋𝐨𝐯𝐞 𝐈𝐬 𝐎𝐩𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐭 𝐒𝐞𝐥𝐟 𝐋𝐨𝐯𝐞 𝐈𝐬 𝐍𝐞𝐜𝐬𝐬𝐢𝐭𝐲 𝐓𝐡𝐢𝐬 𝐈𝐬 𝐘𝐢𝐙𝐡𝐚𝐧 𝐅𝐢𝐜𝐭𝐢𝐨𝐧 𝐒𝐨 𝐔 𝐫𝐞𝐚𝐝 𝐈𝐭