(41.2)
'' မအိပ်ပျော် သွားနဲ့ ယွမ် ''
'' မင်း အိပ်လို့ မဖြစ်ဘူး ''
'' အားယွမ် မင်းရဲ့ အသိစိတ် ကို မဆုံးရှုံး စေနဲ့ ''
'' အားယွမ် အဲ့တာ က အရမ်းကို အန္တရာယ်များ တယ် ''
ထို မရေမတွက် နိုင်တဲ့ အသံတွေက သူ့ရဲ့ နားထဲကို ဆက်တိုက် ဆိုသလို ရိုက်ခတ် နေပြီးတော့ သူ့ရဲ့ အသိစိတ် ကလည်း အဆုံးမဲ့တဲ့ အမှောင်ထု ကြီးထဲကို ကျသွား တယ်လို့ စုယွမ် ခံစား လိုက် ရလေတယ်။
လူတစ်ကိုယ်လုံး က သူကိုယ်တိုင် ရဲ့ အတွင်းစိတ် ထဲကနေ နက်ရှိုင်းလှတဲ့ မောပန်း နွမ်းနယ် မှုကို ခံစား နေ ရလေတယ်။
သူက ကောင်းကောင်း လေး အိပ်ချင် နေခဲ့တယ်။ ပြီးတော့ ဒီလို မျိုးလေး ပဲ ဆက်အိပ် သွားချင် နေတော့တယ်။
အသိစိတ် က အမှောင်ထု ထဲ လုံးလုံး ကျရောက် မသွားခင်မှာ အဝေးတစ်နေရာ က အလင်းဖျော့ တစ်ချက် လက်သွားတာ ကို မြင်တွေ့ လိုက်ရ လေတယ်။
ဒါပေမယ့် သူက အရမ်း ကို ပင်ပန်း နေခဲ့ ပါပြီ။ သို့ပေမယ့် သူ့ရဲ့ မသိစိတ် ကတော့ သူ့ကို အဲ့လိုမျိုး အိပ်မပျော် သင့်ဘူး လို့ ခံစား နေရ တယ်လေ။ ဒါကြောင့် စုယွမ် က သူ့ရဲ့ အသိစိတ် ကို အတင်းထိန်းကာ အလင်းရောင် ကို တမ်းတ နေလေတယ်။
နောက်ဆုံးတော့ စုယွမ် က မျက်လုံး တွေကို ဖြေးဖြေး ချင်းပဲ ဖွင့်လိုက် လေတော့တယ်။
စုယွမ် လည်း မျက်လုံး ဖွင့် လိုက်ရော ဘေးနားက ဟဲလျန်ချန်း ကို တွေ့လိုက် ရလေတယ်။ သူက တစ်ခြား သူ ကို တွေ့လိုက် ရတဲ့ အချိန်မှာတော့ မမျှော်လင့် ထားပဲ အရမ်းကို လုံခြုံတယ် လို့သာ ခံစား လိုက် ရလေတယ်။
သူ့လက်ကို ဆုပ်ကိုင်ထား တဲ့ တစ်ခြားသူ ရဲ့ လက်က အခုချိန်ထိ ရှိနေ ဆဲ ပဲ ဆိုတာ ကို စုယွမ် မြင်လိုက် ရတဲ့ အချိန်မှာတော့ အရမ်းကို ခံစား သွား ရပြီးတော့ စုယွမ်ရဲ့ နှလုံးသား ထဲ က တစ်စုံ တစ်ခု ကလည်း ကျိုးပျက် သွားတော့ လေတယ်။
ဒီလေး အခက်အခဲ ကြုံတဲ့ အခြေအနေ နဲ့ တွေ့ခဲ့ ရတာ တောင်မှပဲ သူတို့ က အချင်းချင်း တစ်ယောက် ကို တစ်ယောက် လက်တွဲ မဖြုတ် ခဲ့ကြ ပါပေ။ သူ့နှလုံးသား ထဲက လွန်ဆွဲ နေမှု နဲ့ ရှောင်တိမ်း နေခဲ့တဲ့ ခံစားချက် ကြီး က အခုတော့ စိတ်သက်သာရာ ရသွား ပြီပဲ ဖြစ်လေတယ်။
စုယွမ် က ဟဲလျန်ချန်း ရဲ့ လက်ကို တင်းတင်း ကြပ်ကြပ်လေး ဆုပ်ကိုင်ထား လေတယ်။
စုယွမ် ဆီက အားကို ခံစား မိတဲ့ အတွက်ကြောင့် ဟဲလျန်ချန်း ကလည်း သူ့လက်သီး ဆုပ်ကို ထပ်ပြီးတော့ တင်းကြပ် လိုက် လေတယ်။
စုယွမ် အတွက် ကတော့ ဟဲလျန်ချန်း ရဲ့ အားက အတော့်ကို ကြီးတဲ့ အတွက်ကြောင့် အနည်းငယ် နာကျင် သွား လေတယ်။
ဒါပေမယ့် ဒီနာကျင် မှုကပဲ စုယွမ် ကို ဒီအခြေအနေ က တကယ် ဖြစ်ပျက်နေ တယ်ဆိုတာကို အသိဝင် စေလေတယ်။
သူ့ရဲ့ ကိုယ်ပိုင် စိတ်ကို အတည်ပြု ပြီးတဲ့ နောက်မှာတော့ စုယွမ် က စတင် ပြီးတော့ ဒီအခြေအနေ ကို စူးစမ်း ပါတော့ တယ်။
သူက ခေါင်းကို လှည့်ကာ ဘေးပတ်ဝန်းကျင် ကို ကြည့်လိုက် ပြီးတဲ့ နောက် သူ့မျက်လုံးများ က ပြူးကျယ် သွားရင်း တုန်လှုပ် ကြောက်လန့် စွာနဲ့ ပြောလိုက် လေတယ်။
'' ဒ....ဒါ......ဒါ.... ဒါကြီး က အိမ်.....အိမ်မက် ကြီးလား? ''
သူ အခု ဘာကို မြင်လိုက် ရတာလဲ!
ကြီးမားတဲ့ အမှောင်ထု တောင်ကြား အတွင်းမှာ အမျိုးမျိုးသော ကျောက်စိုင် ကျောက်ခဲ လို အလုံးတွေက လေပေါ် မှာ ဝဲပျံ နေတာကို တွေ့လိုက် ရလေတယ်။
အဲ့ဒါထက် ပိုတာ ကတော့ ပျံနေတဲ့ အရာတွေ က လူခေါင်း တွေဟ!
ဘယ်လို ဖြစ်ဖြစ် လေ ဒီနေရာက ဘယ်အရာ မဆို ဖြစ်နိုင်ပါတယ်လေ။
စုယွမ် က အဲ့တာ က အလေး အနက်ဖြစ်တယ် လို့ ခံစား ရတဲ့ အချိန် မှာတော့ သူနဲ့ ဟဲလျန်ချန်း တို့ရဲ့ ကိုယ်ကလည်း လေပေါ်မှာ ဝဲပျံတက် သွား လေတယ်။
ဆိုတော့ သူတို့ နှစ်ယောက် က ဘယ်နေရာ ကို ရောက်နေ ခဲ့တာလဲ......။
စုယွမ် က ဟဲလျန်ချန်း ကို ကြည့်လိုက်တယ်။
'' မြွေကြီး ငါတို့က ဘယ်နေရာကို ရောက်နေ တာလဲ? ''
ဟဲလျန်ချန်း က စုယွမ် ပေးတဲ့ အမည်ပြောင် ကို ရွေးချယ်စရာ မရှိတော့ပဲ လက်ခံ လိုက် ရတော့လေတယ်။
'' ဒီနေရာက ကြယ် ကောင်းကင် နေရာလေ။ အဲ့ ဘောလုံး တွေနဲ့ တူတဲ့ ဟာတွေက ကမ္ဘာငယ်လေး တွေပေါ့။ အဲ့ ကြယ်ကောင်းကင် မုန်တိုင်း ထဲမှာ မျောလွင့် နေတာ တဲ့ အလောင်းတွေနဲ့ ဦးခေါင်းခွံ တွေက သေခြင်းတရား ရဲ့ စွမ်းအား တွေ ပဲလေ။ တကယ်လို့ သူတို့သာ အနည်းဆုံး နတ်ဘုရား ဖြစ်ခဲ့ ရင်တော့ ဒီ ကြယ်ကောင်းကင် နေရာမှာ သူတို့ က အလောင်းကောင် တွေ ဖြစ်လာစရာ အကြောင်းကို မရှိဘူး လေ။ ''
အခုလေးတင် ပဲ သူ့ကိုယ်သူ ဖြတ်ကျော် လာနိုင်ပြီ ထင်နေတဲ့ စုယွမ်:......
စုယွမ်ရဲ့ မျက်နှာ က မှုန်ရီ လာတာ ကို တွေ့တဲ့ အချိန် မှာတော့ ဟဲလျန်ချန်း က သေချာလေး ရှင်းပြ လိုက်လေတယ်။
ကောလ ဟာလ တွေ အရ ကောင်းကင် ရဲ့ အလွန်မှာ ကြယ်ကောင်းကင် ဆိုတဲ့ ပိုင်နက် တစ်ခု ရှိတယ် တဲ့လေ။ အဲ့တာ က အရှေ့နယ်မြေ ၊ အနောက်နယ်မြေ အပေါ် မှီခိုမှု မရှိသလို အထက်ဘုံနဲ့လည်း မသက်ဆိုင် ဘူးတဲ့လေ။ အဲ့မှာ ရှိတာ ဆိုလို့ မပြီးဆုံး နိုင်တဲ့ ဟင်းလင်းပြင် ကျယ် တစ်ခုကြီး တဲ့လေ။
အထက်ဘုံ က အားကြီး တဲ့ တစ်ချို့တွေ ဆိုရင် အတူတူ စုပေါင်း ပြီးတော့ ကြယ်ကောင်းကင် လေဟာပြင် ထဲကို ဝင်ပြီးတော့ နယ်မြေ ချဲ့ထွင် ကြတယ်တဲ့။ တစ်ချို့ ကတော့ အဲ့ထဲ ကနေ ပြန်လာ ပြီးတော့ တိတ်တဆိတ်ပဲ နေကြ ကာ အဲ့ထဲက ပတ်သက်ပြီး ဘာအကြောင်း ကိုမှ မပြောရဲ ကြဘူး တဲ့။ လူအများကြီး ကတော့ ကြယ်ကောင်းကင် လေဟာပြင် ထဲမှာပဲ တစ်သက်လုံး နေ သွား ကြရတယ် တဲ့လေ။
အခုချိန်ထိ ဘယ်သူကမှ ဒီကြယ်ကောင်းကင် လေဟာပြင် ကျယ် က အန္တရာယ် များတယ် ဆိုတာကို သေချာ မထုတ်ပြန် နိုင်သေးပါ ဘူး။ သူကြား တာ တစ်ခုကတော့ အဲ့ ကြယ်ကောင်းကင် လေဟာပြင်ထဲ မှာ ကမ္ဘာငယ်လေး တွေ အများကြီး ရှိပြီးတော့ အဲ့ကမ္ဘာ ထဲမှာလဲ အခြား သက်ရှိ တွေ ရှိကြ ပါတယ်တဲ့။
ပြီးတော့ ထို ကြယ်ကောင်းကင် လေဟာပြင် ထဲမှာ ရှေးခတ် နတ်ဘုရား တွေနဲ့ မကောင်းဆိုးဝါး မိစ္ဆာ တွေလည်း ရှိကြ သတဲ့လေ။
ဒါတွေ အကုန်လုံးက ကောလ ဟာလ သက်သက် တွေချည်းပဲလေ။
လွန်ခဲ့တဲ့ နှစ်ရာ ဂဏန်းလောက် က ကြယ်ကောင်းကင် လွင်ပြင် က မတည်ငြိမ်တော့ ဘူး ဆိုတဲ့ ကောလ ဟာလ တွေ ထွက်ပေါ် လာခဲ့ ဘူးတယ်။ ပြီးတော့ ကျိုးပျက်နေတဲ့ ဂြိုလ်တွေ ကလည်း အဓိက နယ်မြေ ကြီး နဲ့ မသေမျိုး ကလန်တွေ အပေါ် ကျ ရောက် လာတက်ကာ လူတွေကို အဝေးဆီ ဆွဲခေါ် သွားလေ့ ရှိတယ်တဲ့။
ဒီတစ်ကြိမ်တော့ စုယွမ် က မတော်တဆ အဆွဲခေါ် ခံလိုက် ရတဲ့ သူပဲ ဖြစ်လေတယ်။
''ဒါဆိုရင် ငါတို့ ရှင်သန် နိုင်ပါ့မလား ဟင်? ''
စုယွမ် က သေချာလေး ဂရုတစိုက် နဲ့ မေးလိုက် လေတယ်။
သူ အသက်ရှင်ချင် သေးတယ်။ သူ့မှာ ကလေးလေး နှစ်ယောက် နဲ့ ချစ်ရတဲ့ မြွေကြီး လည်း ရှိနေ သေးတယ်။ သူက အသက် ဆက်ရှင် လိုပြီး တော့ အချိန်အကြာကြီး အသက် ဆက်ရှင်သန် လို ခဲ့တယ်လေ။
'' ကြယ်ကောင်းကင် လေဟာ ပြင်ထဲ မှာ ကြယ်ကောင်းကင် မုန်တိုင်း ရှိတယ်တဲ့။ အဲ့တာ က ပိုပြီးတော့ ပြင်းထန် တယ်။ တကယ်လို့ ကိုယ်တို့သာ အဲ့တာ ဆီကနေ မပုန်းကွယ် နိုင်ဘူး ဆိုရင် ကိုယ်တို့တော့ ချက်ချင်း သေသွား နိုင်တယ်။ တကယ်လို့ ကိုယ်တို့ ပုန်းနိုင် ရင်တောင် မှပဲ ဒီနေရာမှာ အစာလည်း မရှိ ရေလဲ မရှိတာ မလို့ ကိုယ်တို့ အချိန်အကြာကြီး ထိ တောင့်ခံ နိုင်မယ်တော့ မထင်ဘူး ''
သူက နှစ်တစ်ရာ လောက် ခံနိုင်ပေမယ့် စုယွမ် ကတော့ တစ်လ တောင် ခံနိုင်မှာ မဟုတ်ဘူး ။
အရင်က သူတို့ ရောက်ရောက်ချင်း ကြယ်ကောင်းကင် မုန်တိုင်း တစ်ခု နဲ့ ကြုံခဲ့ ရပြီးတော့ ဟဲလျန်ချန်း အတော်လေး ကို ခံစား လိုက် ရလေတယ်။ စုယွမ် ကတော့ မုန်တိုင်းဒဏ် မခံနိုင်ပဲ သတိလစ် မေ့မျော သွား ပြီးတော့ နိုးလာဖို့ တစ်လတောင် ကြာနေ လေတယ်။
အဲ့အတောအတွင်း စုယွမ်ရဲ့ အသက်ကို ဆက်နိုင်ဖို့ အတွက် သူ့ရဲ့ သွေးကို အသုံးပြုကာ တိုက်ကျွေးခဲ့ ရလေတယ်။
ဒီအတိုင်းသာ ဆက်သွား နေမယ်ဆိုရင် နှစ်ယောက် လုံးတော့ ဘယ်လိုမှ အသက်ဆက် မရှင်နိုင် တော့ မှာကို ဟဲလျန်ချန်း တစ်ယောက် ကြောက်ရွံ့ နေမိလေတယ်။
ဒါပေမယ့် ဒီအချိန်မှာတော့ ဟဲလျန်ချန်း တစ်ယောက် အဆင်မပြေတာ ဒါမှမဟုတ် ဝမ်းနည်းတာ မျိုးတွေ မရှိတော့ ပါပေ။
ဘာလို့လဲ ဆိုတော့ သူက အခုလေးတင် တကမ္ဘာလုံး မှာ ပျော်စရာ အကောင်းဆုံး အတွေ့အကြုံ ကို ခံစားခဲ့ ရလေတယ်။
သူချစ်ရတဲ့ သူ ၊ သူအရမ်းကို မြတ်နိုး ရတဲ့ သူ့ဇနီးက အခုလေးတင် ပဲ သူ့ကို တုံ့ပြန်ခဲ့ တယ်လေ။
အဲ့တာ ကို ကြည့်ခြင်း အားဖြင့် စုယွမ် ရဲ့ နှလုံးသား ထဲမှာ နောက်ဆုံး တော့ သူ့အတွက် နေရာ တစ်ခု ရှိသွားပြီလို့ ယူဆ လို့ ရပြီလေ။
ဒါကပဲ လုံလောက် သွားပါပြီ။
တကယ်လို့ သူတို့ နှစ်ယောက် သာ ဒီနေရာမှာ အတူတူ သေရမယ် ဆိုရင်လည်း သူ့အတွက်တော့ နောင်တ တွေဘာတွေ မရှိတော့ ပါပေ။
သေချာတာ ပေါ့ တစ်ကယ်လို့ သူသာ အသက်ရှင်နိုင် မယ်ဆိုရင် သူ့အချစ်လေး နဲ့ အတူတူ အသက်အကြာ ကြီးထိ ရှင်သန် နိုင်အောင် ကြိုးသား ရမှာပေါ့။
ဒါက သူ့အတွက် ကောင်းချီး တစ်ခု ပဲလေ။
'' အဆင်ပြေ ပါတယ်။ ဘာကိစ္စ တွေ ဖြစ်လာပါစေ ကိစ္စမရှိပါဘူး ။ ဘဝ အသက် ဆက်ရှင်တာ ပဲ ဖြစ်စေ သေတာ ပဲ ဖြစ်စေ ကိစ္စ မရှိပါဘူး။ ကိုယ်တို့ အတူတူ ရှိနေ မှာပါ ''
ဟဲလျန်ချန်း က စုယွမ်ကို ကြယ်တွေ လို တောက်ပ နေတဲ့ မျက်ဝန်း တွေနဲ့ ကြည့် လိုက်လေတယ်။
စုယွမ် ရဲ့ တုန်လှုပ် ကြောက်လန့်မှုက ချက်ချင်း ပဲ ရပ်တန့် သွားကာ ခေါင်းလေး ကို ငြိမ့် ပြလိုက်လေတယ်။ ဟဲလျန်ချန်း က နောက်လက်တစ် ဖက်ကို ထုတ်ကာ သူ့အနား ရောက်အောင် ဆွဲကပ် လိုက်လေတယ်။
အစကတည်းက က နှစ်ယောက် လုံးက လှဲလျောင်းနေ ရင်း လက်တွေကို ဆုပ်ကိုင်ထားကြ တာ ဖြစ်ပြီးတော့ အကောင်းဆုံး ကိုယ်ဟန် အနေအထား မှာ ရှိကြတာ ပဲ ဖြစ်လေတယ်။
ဒီအချိန်တော့ ဟဲလျန်ချန်းရဲ့ အားသုံးပြီး ဆွဲလိုက် မှုကြောင့် နှစ်ယောက်သား အချင်းချင်း ကိုယ်ချင်း ထိကပ် သွား လေတယ်။
ဟဲလျန်ချန်း ရဲ့ မျက်လုံးတွေ က ပူပြင်း လာကာ စုယွမ် ရဲ့ မျက်ဝန်း တွေ ကလည်း အတူတူ ပဲ ဖြစ်လာ ခဲ့တယ်။
နှစ်ယောက်သား အချင်းချင်း ပြုံးပြ ပြီးတော့ တစ်ယောက် ကို တစ်ယောက် တင်းကြပ်စွာ ဖက်ထား လိုက် ကြလေတယ်။
ဒီအကန့်အသတ် မရှိတဲ့ အထီးကျန်မှု နဲ့ မရေမတွက် နိုင်တဲ့ နေရာလွတ်တွေ ရဲ့ ကြားမှာ နှစ်ယောက် စလုံး က အချင်းချင်း တစ်ယောက် ကို တစ်ယောက် မဆုံးနိုင်တဲ့ သတ္တိတွေနဲ့ နှစ်သိမ့်မှု တွေကို ပေးစွမ်း နေခဲ့ လေတယ်။
ဒီလို အနေအထား မျိုးနဲ့ သူတို့ဘယ် လောက်ကြာအောင် မျောလွင့် နေမှန်း မသိခဲ့ အပြင် ဟဲလျန်ချန်း ရဲ့ မျက်ခုံး က အနည်းငယ် တွန့်သွားတယ်။
သူက စုယွမ် ကို ကိုင်ထားဆဲ ဖြစ်ပြီးတော့ နဖူးလေး ကို နမ်းလိုက် လေတယ်။
'' တကယ်လို့ မင်းသာ အသက်ဆက် ပြီး ရှင်နိုင်မယ် ဆိုရင် ကောင်းကောင်း ရှင်သန် ရမယ်။ ကိုယ်တို့ တစ်နေ့တော့ အမြဲတမ်း ပြန်တွေ့ နိုင်မှာပါ ''
'' ဟုတ်ကဲ့ ''
စုယွမ် က အနည်းငယ် ရှုပ်ထွေး နေဆဲ ဖြစ်လေတယ်။
ဟဲလျန်ချန်း တစ်ယောက် သူတို့ ရှိရာ ဘက်ဆီကို အရမ်းကို ကြီးမား လှတဲ့ တစ်စုံတစ်ရာ က ကြောက်မတ်ဖွယ် ကောင်းတဲ့ အရှိန်အဟုန် နဲ့ ပြေးလာတာ ကို ခံစား မိခဲ့တာ ပဲ ဖြစ်ပြီးတော့ ဘေးအနီး တစ်ဝိုက် က အရာဝတ္တုတွေကလည်း အဝေးဆီကို လွင့်စင် ထွက်သွား ကြတယ်လေ။
ဒါကြောင့် သူက ချက်ချင်း နေရာမှာတင် သေသွား မှာကို စိုးရိမ် နေမိတာ ပဲ ဖြစ်လေတယ်။
ဒီတစ်ကြိမ်တော့ သူတို့ရဲ့ အဆုံးသတ် ပဲလို့ စုယွမ် ထင်ခဲ့ လေတယ်။ ဒါပေမယ့် ဟဲလျန်ချန်း က ရုတ်ချည်းပဲ သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်တယ်။ ပြီးတော့ ဟဲလျန်ချန်း က ထိုလွင့်လာတဲ့ အရာဝတ္ထု ကြီးဆီကို ပြေးဝင် သွားလေတယ်။
သူတို့လည်း ထို အရာဝတ္တုကို ဝင်ဆောင့်လိုက်တဲ့ အချိန်မှာ ပဲ စုယွမ် တစ်ကိုယ်လုံး စေးကပ်သွား သလို ခံစား ခံစား ရကာ ဟဲလျန်ချန်း ရဲ့ နာကျင်နေတဲ့ ငြီးတွား သံက သူ့နား ထဲကို ဝင်လာ ခဲ့ လေတယ်။
..............................................
နှစ်ယောက် လုံး လျောပြီး ဇာတ်သိမ်းပြီ ဘိုင့်!
( စတာစတာ 🤣🤣)