Unicode
“ခင်ဗျားအိမ်နားက ပန်းခြံလေးမှာရောက်နေတာလေ။ ခင်ဗျားက မတွေ့ချင်ဘူးလုပ်နေတာမလား။အဲ့တော့ ကျွန်တော်ပဲ လာတွေ့ရတာပေါ့”
ချူချန်ဖြင့် ဘာပြောရမှန်းမသိနိုင်စွာဖြစ်နေမိကာ အတော်ကြာမှ စိတ်လှုပ်ရှားစွာဖြင့်
“မင်း အဲ့မှာပဲ စောင့်နေနော်။ကိုယ်အခုချက်ချင်းလာခဲ့မယ်”
သူ ဧည့်ခန်းထဲပြန်ဝင်၍ သော့တွေ ကုတ်အင်္ကျီတွေကို ကမန်းကတန်းသွားယူကာ ချူပါးပါး၊ချူမားမားနှင့်ချူရှင်းတို့ ထိုင်နေသည့်ဘက်ကို လှမ်းကြည့်၍ အကျယ်ကြီး အော်ပြောလိုက်သည်။
“ကျွန်တော် အပြင်သွားစရာရှိလို့ အိမ်ပြန်နောက်ကျမယ်နော်”
“ဘာတွေဖြစ်လို့လဲသား။နောက်ကျနေပြီလေ”
“ကုမ္ပဏီကိစ္စပါ။ရုတ်တရက်ကြီး မန့်ရှဲန်းက ဖုန်းဆက်လာလို့ ကျွန်တော်သွားမှရမယ်”
“ဒါဖြင့် အလောတကြီးတွေလုပ်မနေနဲ့။ဖြည်းဖြည်းသွားဦး”
“အမ်း”
ချူချန်တစ်ယောက် အသံလေးပဲပြုကာ တံခါးအပြင်ကို တန်းနေအောင်ပြေးတော့သည်။
သူ့ညီရဲ့ စပ်စလူးပြာလူးနေပုံကိုကြည့်ပြီး ချူရှင်းတစ်ယောက် မနိုင်စွာ ခေါင်းယမ်းလိုက်ချေသည်။
ကျိချင်းကျိုး အကြာကြီးမစောင့်လိုက်ရပါ။ချူချန်ရဲ့ကားကို မြင်လိုက်ရသဖြင့် မတ်တပ်ထရပ်လိုက်မိသည်။ချူချန်ကားရပ်လိုက်ပြီး ကားတံခါးအမြန်ဖွင့်လိုက်ချိန် သိပ်မဝေးသည့်နေရာမှာ ရပ်နေပြီး သူ့ကို ပြုံးကြည့်နေသည့် ကျိချင်းကျိုးကို တွေ့လိုက်ရ၏။
ချူချန်စိတ်ထဲ မယုံနိုင်သလိုခံစားနေရသည်။ဒါပေမယ့် ပျော်ရွှင်မှုကိုတော့ မထိန်းချုပ်လိုက်နိုင်ပါ။ အလောတကြီးခြေလှမ်းတို့ဖြင့် ကျိချင်းကျိုးအား ပြေးဖက်လိုက်တော့သည်။
ကျိချင်းကျိုး၏လည်တိုင်ပေါ် ခေါင်းမှေးတင်၍ရယ်နေမိသည်မှာ ရပ်မရတော့။ကျိချင်းကျိုးကလည်း သဘောကျစွာ ပြုံးရယ်လာပြီး သူ့ကို ပြန်ထွေးဖက်လာခဲ့သည်။
“ညဘက်ကြီး အိမ်မှာ ကောင်းကောင်းမနေဘဲ လျှောက်သွားနေတယ်ပေါ့” ချူချန် ဆူသလို ပြောလိုက်သည်။
“ခင်ဗျားကို တွေ့ပြီးတာနဲ့ အိမ်ပြန်မို့ပါပဲနော်”
“ခင်ဗျားပဲ တွေ့ချင်တယ်ပြောခဲ့တာမဟုတ်ဘူးလား”
ချူချန်ရင်ထဲ ချိုမြိန်လွန်းလို့ ဘယ်လိုလုပ်ရပါ့........သကြားပါဝင်မှုနှုန်းကမတအားကို မြင့်တက်နေပါပြီ!
သူကျိချင်းကျိုးအား ကားထဲဆွဲထည့်လိုက်တယ်။
“အေးနေပြီလား”
“မအေးပါဘူး။အကြာကြီးစောင့်လိုက်ရတာမှ မဟုတ်တာ”
“မင်း ကိုယ့်ကို တွေ့ချင်တယ်လို့သာပြော ကိုယ်လာတွေ့ပေးမှာပေါ့။ညဘက်ကြီး အပြင်မှာလျှောက်ပြေးနေတာ ဆိုးလိုက်တာ”
“တူမှမတူဘဲကို”
“ခင်ဗျားအံ့ဩသွားတာလား? စိတ်လှုပ်ရှားသွားတာလား? ဟတ်ထိသွားတာလား? ကျွန်တော်က ကောင်းတယ်လို့ တွေးနေပြီမလား? ဟမ်”
မေးခွန်းအတွဲလိုက်ကြီးကြောင့် ချူချန် ရယ်မိသည်။သို့သော် သူပြောသွားတာတွေက ကိုယ်ဖြစ်နေတာအမှန်အကန်ပင်ဖြစ်၍ သဘောတူသည့်အသံလေးပြုလိုက်သည်။
“အင်း”
“ကျွန်တော်လည်း မနှစ်ကအဲ့လိုခံစားခဲ့ရတာပဲ။အဲ့ဒါကြောင့် ခင်ဗျားကိုလည်း အဲ့လို ခံစားချက်မျိုးလေး ရစေချင်တာလေ”
မနှစ်က ဒီလိုအချိန် နှစ်ကူးပွဲတော်ကို ကျိချင်းကျိုးနဲ့ အတူဖြတ်သန်းပေးဖို့ ဆေးရုံကို သူသွားခဲ့သည်အား အမှတ်ရကာ ကျိချင်းကျိုး၏ လက်လေးမှဆွဲ၍ ရင်ခွင်ထဲ ထည့်လိုက်သည်။
“ကံကောင်းသွားတာက မင်း ဒီနှစ်တော့ ဆေးရုံမှာ နှစ်သစ်ကူး မကျင်းပရတော့ဘူးလေ”
“ဟုတ်ပနော်။အရာအားလုံး အကောင်းဘက်ကို ပိုလာကြပြီ”
ချူချန်သည် တစ်ဖက်လူ၏ နှုတ်ခမ်းအား ဖိကပ်၍ အသံအက်အက်ဖြင့် အမ်းဟုပြောလိုက်သည်။
“ဒါနဲ့”
သူ့ကားထဲမှာ မီးရှူးမီးပန်းတွေဝယ်ထည့်မိကြောင်း ရုတ်ခြည်း သတိရသွား၏။
“မင်း မီးပန်းတွေ ကြည့်ချင်လား”
“မီးပန်းတွေရှိတယ်လား”
“ရှိတာပေါ့။ဟိုတလောက ယွီအန်းမင်းက သခင်မလေးအတွက်ဆိုပြီး ကိုယ်နဲ့အတူ မီးပန်းတွေသွားဝယ်တာလေ။မင်းမသိလို့ အဲ့သခင်မလေးရဲ့အကျင့်က နှစ်သစ်ကူးရောက်တိုင်း မီးပန်းဖောက်တတ်တာပဲ။မီးရှူးမီးပန်းမှ မဖောက်လိုက်ရရင် နှစ်သစ်ကူးလို့ သတ်မှတ်မရဘူးတဲ့။ယွီအန်းမင် အကုန်တော့မယူသွားဘူး။ကားထဲမှာ ရှိသေးတယ်ထင်တယ်”
“ဒါဆို အဲ့မီးပန်းကို ဒီမှာ ဖောက်လို့ရလား?”
“ဒီမှာတော့မရဘူးလေခင်ဗျားရယ်။ဒါပေမယ့် ဖောက်လို့ရနိုင်မယ့်နေရာတော့ ကိုယ်သိတယ်”
စကားအဆုံး၌ ချူချန်က နောက်ခုံမှကားတံခါးကို ဖွင့်၍ မောင်သူခုံမှာ သွားထိုင်ပြီး ကျိချင်းကျိုးလည်း ဘေးခုံမှာဝင်ထိုင်လိုက်သည်။ချူချန်က သူ့ထိုင်ခုံခါးပတ်အား ကူတပ်ပေးလာပြီးမှ ကားမောင်းထွက်လိုက်လေသည်။
ကားက ကွင်းပြင်ကျယ်တစ်ခု၌ရပ်သွား၏။ချူချန်သည် ကားboxထဲမှ မီးပန်တွေယူထုတ်ကာ ကျိချင်းကျိုးအား အနောက်မှာ ရပ်နေရန် ပြော၍ မီးညှိလိုက်သည်။'ဘန်း' ခနဲမြည်သံနှင့်အတူ မီးရှူးမီးပန်းများက ကြယ်ပန်းတစ်ခုအလား ကောင်ကင်အနှံ့ ပျံ့နှံ့သွား၏။
ကျိချင်းကျိုးအတွက် မီးရှူးမီးပန်းများကို မမြင်ရသည်မှာ ကြာပြီဖြစ်သော်လည်း ထိုအရာက အလွန်ခမ်းနားလှသည်ဟု ခံစားမိဆဲပင်။သူ ချူချန်ဆီမှ တစ်ခုတောင်းလိုက်ပြီး ကိုယ်ကိုင်း၍ မီးညှိလိုက်သည်။မိုးပေါ်မှ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တစ်ခုပြီး တစ်ခု ပေါက်ကွဲနေသော မီးရှူးမီးပန်းများအားကြည့်ရင်း လူတစ်ကိုယ်လုံး အပျော်တွေပြည့်နှက်လာခဲ့သည်။
သူနှင့်ချူချန်တို့ မီးပန်းဖောက်ကြသည်မှာ ချူချန်ကားထဲမှ မီးပန်းတွေ ကုန်သွားမှပဲ ရပ်ဖြစ်ကြတော့၏။
သူအေးနေမှာစိုးသဖြင့် ချူချန်က သူ့ကို ကားထဲထည့်၍ ထိုင်နေစေသည်။ကျိချင်းကျိုးလည်း သူ့ပခုံးပေါ်ခေါင်းမှီ၍ ဒီနှစ်သစ်က တအားပျော်ဖို့ကောင်းတာပဲဟု မှတ်ချက်ချလိုက်၏။
ချူချန် အချိန်ကိုကြည့်လိုက်တော့ ဆယ်နှစ်နာရီထိုးခါနီးနေပြီဖြစ်သည်။ကျိချင်းကျိုးက 00:00 နာရီတိတိရောက်မှသာ ဆုမွန်ကောင်းစကားပြောတာကို သဘောကျတတ်သူဖြစ်၍ သူလည်း ထိုအချိန်မှ ရောက်သည်အထိ စောင့်လိုက်သည်။ဖုန်းက 00:00 နာရီသို့ပြောင်းသွားသည်နှင့် ကျိချင်းကျိုးအား ငဲ့ကြည့်လိုက်ကာ-
“နှစ်သစ်မှာ ပျော်ရွှင်ပါစေ”
ကျိချင်းကျိုးက ခပ်ပါးပါးလေး ရယ်လာ၏။
“ဘယ်လို သိနေတာလဲ”
“မင်းဆီကသင်ထားလို့ လေ”
ချူချန်ကပြောရင်းဆိုရင်း ဖုန်းထုတ်၍ ကျိချင်းကျိုးဆီ စာအိတ်နီတွေ ပို့လိုက်သည်။ ကျိချင်းကျိုးတစ်ယောက် စာအိတ်နီမိုးအား တအံ့တဩကြည့်နေမိ၏။
“အာ...ဒီနှစ်လည်း ကျွန်တော့်အတွက် စာအိတ်နီတွေရှိတယ်လား?”
“ဒီနှစ်လည်း မင်းက ကိုယ့်ကလေးလေးပဲလေ”
ချူချန်က သူ့ခေါင်းလေးအား ပုတ်ပေး၏။
“ ကိုယ့်ရဲ့ တစ်ဦးတည်းသောကလေးလေးဆိုလည်းဟုတ်တယ်”
“ကျေးဇူးပါ....ပါး!”
ကျိချင်းကျိုး ပြုံးရွှင်စွာဖြင့် ချူချန်ကို နမ်းလိုက်သည်။
“ရပါတယ်ဗျာ” ချူချန်ကလည်း ပြန်နမ်းရှိုက်လာ၏။
တစ်ချက်ထိုးပြီးတော့ ချူချန်က ကျိချင်းကျိုးအား အိမ်လိုက်ပို့ပေးသည်။ကျိချင်းကျိုးအား ဓာတ်လှေကားနဲ့လိုက် ပို့ပေးပြီးနောက် ကျိချင်းကျိုး အိမ်ထဲဝင်သွားသည်အထိစောင့်ကြည့်နေပြီးမှ ပြန်လှည့်၍ ဓာတ်လှေကား တံခါးဖွင့်ရန် စောင်နေလိုက်သည်။
သူပြန်သွားသည်ကို ကြည့်ရင်း ကျိချင်းကျိုးစိတ်ထဲ မခွဲနိုင်သလိုဖြစ်လာသည်။သူခဏလောက် အတွေးနက်နေပြီးတာနဲ့ အပြင်ကို ပြေးထွက်လိုက်၏။
ချူချန်တစ်ယောက် ခြေသံကြားလိုက်ရသဖြင့် လှည့်ကြည့်ချိန် ကျိချင်းကျိုးက အလျင်အမြန်ေပြးလာနေသည်ကို တွေ့လိုက်ရသည်။
ကျိချင်းကျိုးက အလောတကြီးဖြင့် သူ့ရှေ့မှာ ရပ်လိုက်ပြီး ခေါင်းလေးမော့၍ သူ့နှုတ်ခမ်းထက် တစ်ချက်ဖိနမ်းကာ “အိပ်ရာဝင်အနမ်း” ပေးတာဟုပြောပြီးတစ်ဆက်တည်း “ကောင်းသောညပါ” ဟုပြောလာသည်။
ထို့နောက် သူတုံ့ပြန်တာကိုပင် မစောင့်ဘဲ တစ်ချိုးတည်းပြေးထွက်သွားပြန်သည်။
ထူးထူးခြားခြား အနမ်းခံလိုက်ရသည့်ချူချန်မှာတော့ သဘောအကျကြီးကျနေတော့သည်။ထို့နောက် အခန်းတံခါးရှေ့ပြန်သွားရပ်၍ တံခါးနှစ်ကြိမ် ခေါက်လိုက်၏။သူပြန်ရောက်လာမည် မထင်ထားသည့် ကျိချင်းကျိုးက တံခါးဖွင့်၍ ခေါင်းလေးပဲ ပြူတစ်ပြူတစ်နဲ့ထွက်လာပြီး သူ့ကို ကြည့်၏။
ချူချန်က ခါးကိုင်း၍ အရှေ့တိုးလိုက်ပြီး ကျိချင်းကျိုး၏ နှုတ်ခမ်းအား ဖိစုပ်လိုက်ပြီး ပြုံးပြလိုက်သည်။
“ဒါမှ မှန်ကန်တဲ့အိပ်ရာဝင်အနမ်းလို့ခေါ်တယ်။သိပြီလား”
///////////////////
💚
////////////////////
Zawgyi
“ခင္ဗ်ားအိမ္နားက ပန္းျခံေလးမွာေရာက္ေနတာေလ။ ခင္ဗ်ားက မေတြ႕ခ်င္ဘူးလုပ္ေနတာမလား။အဲ့ေတာ့ ကြၽန္ေတာ္ပဲ လာေတြ႕ရတာေပါ့”
ခ်ဴခ်န္ျဖင့္ ဘာေျပာရမွန္းမသိႏိုင္စြာျဖစ္ေနမိကာ အေတာ္ၾကာမွ စိတ္လႈပ္႐ွားစြာျဖင့္
“မင္း အဲ့မွာပဲ ေစာင့္ေနေနာ္။ကိုယ္အခုခ်က္ခ်င္းလာခဲ့မယ္”
သူ ဧည့္ခန္းထဲျပန္ဝင္၍ ေသာ့ေတြ ကုတ္အက်ႌေတြကို ကမန္းကတန္းသြားယူကာ ခ်ဴပါးပါး၊ခ်ဴမားမားႏွင့္ခ်ဴ႐ွင္းတို႔ ထိုင္ေနသည့္ဘက္ကို လွမ္းၾကည့္၍ အက်ယ္ႀကီး ေအာ္ေျပာလိုက္သည္။
“ကြၽန္ေတာ္ အျပင္သြားစရာ႐ွိလို႔ အိမ္ျပန္ေနာက္က်မယ္ေနာ္”
“ဘာေတြျဖစ္လို႔လဲသား။ေနာက္က်ေနၿပီေလ”
“ကုမၸဏီကိစၥပါ။႐ုတ္တရက္ႀကီး မန္႔႐ွဲန္းက ဖုန္းဆက္လာလို႔ ကြၽန္ေတာ္သြားမွရမယ္”
“ဒါျဖင့္ အေလာတႀကီးေတြလုပ္မေနနဲ႔။ျဖည္းျဖည္းသြားဦး”
“အမ္း”
ခ်ဴခ်န္တစ္ေယာက္ အသံေလးပဲျပဳကာ တံခါးအျပင္ကို တန္းေနေအာင္ေျပးေတာ့သည္။
သူ႕ညီရဲ႕ စပ္စလူးျပာလူးေနပုံကိုၾကည့္ၿပီး ခ်ဴ႐ွင္းတစ္ေယာက္ မႏိုင္စြာ ေခါင္းယမ္းလိုက္ေခ်သည္။
က်ိခ်င္းက်ိဳး အၾကာႀကီးမေစာင့္လိုက္ရပါ။ခ်ဴခ်န္ရဲ႕ကားကို ျမင္လိုက္ရသျဖင့္ မတ္တပ္ထရပ္လိုက္မိသည္။ခ်ဴခ်န္ကားရပ္လိုက္ၿပီး ကားတံခါးအျမန္ဖြင့္လိုက္ခ်ိန္ သိပ္မေဝးသည့္ေနရာမွာ ရပ္ေနၿပီး သူ႕ကို ျပဳံးၾကည့္ေနသည့္ က်ိခ်င္းက်ိဳးကို ေတြ႕လိုက္ရ၏။
ခ်ဴခ်န္စိတ္ထဲ မယုံႏိုင္သလိုခံစားေနရသည္။ဒါေပမယ့္ ေပ်ာ္႐ႊင္မႈကိုေတာ့ မထိန္းခ်ဳပ္လိုက္ႏိုင္ပါ။ အေလာတႀကီးေျခလွမ္းတို႔ျဖင့္ က်ိခ်င္းက်ိဳးအား ေျပးဖက္လိုက္ေတာ့သည္။
က်ိခ်င္းက်ိဳး၏လည္တိုင္ေပၚ ေခါင္းေမွးတင္၍ရယ္ေနမိသည္မွာ ရပ္မရေတာ့။က်ိခ်င္းက်ိဳးကလည္း သေဘာက်စြာ ျပဳံးရယ္လာၿပီး သူ႕ကို ျပန္ေထြးဖက္လာခဲ့သည္။
“ညဘက္ႀကီး အိမ္မွာ ေကာင္းေကာင္းမေနဘဲ ေလွ်ာက္သြားေနတယ္ေပါ့” ခ်ဴခ်န္ ဆူသလို ေျပာလိုက္သည္။
“ခင္ဗ်ားကို ေတြ႕ၿပီးတာနဲ႔ အိမ္ျပန္မို႔ပါပဲေနာ္”
“ခင္ဗ်ားပဲ ေတြ႕ခ်င္တယ္ေျပာခဲ့တာမဟုတ္ဘူးလား”
ခ်ဴခ်န္ရင္ထဲ ခ်ိဳၿမိန္လြန္းလို႔ ဘယ္လိုလုပ္ရပါ့........သၾကားပါဝင္မႈႏႈန္းကမတအားကို ျမင့္တက္ေနပါၿပီ!
သူက်ိခ်င္းက်ိဳးအား ကားထဲဆြဲထည့္လိုက္တယ္။
“ေအးေနၿပီလား”
“မေအးပါဘူး။အၾကာႀကီးေစာင့္လိုက္ရတာမွ မဟုတ္တာ”
“မင္း ကိုယ့္ကို ေတြ႕ခ်င္တယ္လို႔သာေျပာ ကိုယ္လာေတြ႕ေပးမွာေပါ့။ညဘက္ႀကီး အျပင္မွာေလွ်ာက္ေျပးေနတာ ဆိုးလိုက္တာ”
“တူမွမတူဘဲကို”
“ခင္ဗ်ားအံ့ဩသြားတာလား? စိတ္လႈပ္႐ွားသြားတာလား? ဟတ္ထိသြားတာလား? ကြၽန္ေတာ္က ေကာင္းတယ္လို႔ ေတြးေနၿပီမလား? ဟမ္”
ေမးခြန္းအတြဲလိုက္ႀကီးေၾကာင့္ ခ်ဴခ်န္ ရယ္မိသည္။သို႔ေသာ္ သူေျပာသြားတာေတြက ကိုယ္ျဖစ္ေနတာအမွန္အကန္ပင္ျဖစ္၍ သေဘာတူသည့္အသံေလးျပဳလိုက္သည္။
“အင္း”
“ကြၽန္ေတာ္လည္း မႏွစ္ကအဲ့လိုခံစားခဲ့ရတာပဲ။အဲ့ဒါေၾကာင့္ ခင္ဗ်ားကိုလည္း အဲ့လို ခံစားခ်က္မ်ိဳးေလး ရေစခ်င္တာေလ”
မႏွစ္က ဒီလိုအခ်ိန္ ႏွစ္ကူးပြဲေတာ္ကို က်ိခ်င္းက်ိဳးနဲ႔ အတူျဖတ္သန္းေပးဖို႔ ေဆး႐ုံကို သူသြားခဲ့သည္အား အမွတ္ရကာ က်ိခ်င္းက်ိဳး၏ လက္ေလးမွဆြဲ၍ ရင္ခြင္ထဲ ထည့္လိုက္သည္။
“ကံေကာင္းသြားတာက မင္း ဒီႏွစ္ေတာ့ ေဆး႐ုံမွာ ႏွစ္သစ္ကူး မက်င္းပရေတာ့ဘူးေလ”
“ဟုတ္ပေနာ္။အရာအားလုံး အေကာင္းဘက္ကို ပိုလာၾကၿပီ”
ခ်ဴခ်န္သည္ တစ္ဖက္လူ၏ ႏႈတ္ခမ္းအား ဖိကပ္၍ အသံအက္အက္ျဖင့္ အမ္းဟုေျပာလိုက္သည္။
“ဒါနဲ႔”
သူ႕ကားထဲမွာ မီး႐ွဴးမီးပန္းေတြဝယ္ထည့္မိေၾကာင္း ႐ုတ္ျခည္း သတိရသြား၏။
“မင္း မီးပန္းေတြ ၾကည့္ခ်င္လား”
“မီးပန္းေတြ႐ွိတယ္လား”
“႐ွိတာေပါ့။ဟိုတေလာက ယြီအန္းမင္းက သခင္မေလးအတြက္ဆိုၿပီး ကိုယ္နဲ႔အတူ မီးပန္းေတြသြားဝယ္တာေလ။မင္းမသိလို႔ အဲ့သခင္မေလးရဲ႕အက်င့္က ႏွစ္သစ္ကူးေရာက္တိုင္း မီးပန္းေဖာက္တတ္တာပဲ။မီး႐ွဴးမီးပန္းမွ မေဖာက္လိုက္ရရင္ ႏွစ္သစ္ကူးလို႔ သတ္မွတ္မရဘူးတဲ့။ယြီအန္းမင္ အကုန္ေတာ့မယူသြားဘူး။ကားထဲမွာ ႐ွိေသးတယ္ထင္တယ္”
“ဒါဆို အဲ့မီးပန္းကို ဒီမွာ ေဖာက္လို႔ရလား?”
“ဒီမွာေတာ့မရဘူးေလခင္ဗ်ားရယ္။ဒါေပမယ့္ ေဖာက္လို႔ရႏိုင္မယ့္ေနရာေတာ့ ကိုယ္သိတယ္”
စကားအဆုံး၌ ခ်ဴခ်န္က ေနာက္ခုံမွကားတံခါးကို ဖြင့္၍ ေမာင္သူခုံမွာ သြားထိုင္ၿပီး က်ိခ်င္းက်ိဳးလည္း ေဘးခုံမွာဝင္ထိုင္လိုက္သည္။ခ်ဴခ်န္က သူ႕ထိုင္ခုံခါးပတ္အား ကူတပ္ေပးလာၿပီးမွ ကားေမာင္းထြက္လိုက္ေလသည္။
ကားက ကြင္းျပင္က်ယ္တစ္ခု၌ရပ္သြား၏။ခ်ဴခ်န္သည္ ကားboxထဲမွ မီးပန္ေတြယူထုတ္ကာ က်ိခ်င္းက်ိဳးအား အေနာက္မွာ ရပ္ေနရန္ ေျပာ၍ မီးညႇိလိုက္သည္။'ဘန္း' ခနဲျမည္သံႏွင့္အတူ မီး႐ွဴးမီးပန္းမ်ားက ၾကယ္ပန္းတစ္ခုအလား ေကာင္ကင္အႏွံ႔ ပ်ံ႕ႏွံ႔သြား၏။
က်ိခ်င္းက်ိဳးအတြက္ မီး႐ွဴးမီးပန္းမ်ားကို မျမင္ရသည္မွာ ၾကာၿပီျဖစ္ေသာ္လည္း ထိုအရာက အလြန္ခမ္းနားလွသည္ဟု ခံစားမိဆဲပင္။သူ ခ်ဴခ်န္ဆီမွ တစ္ခုေတာင္းလိုက္ၿပီး ကိုယ္ကိုင္း၍ မီးညႇိလိုက္သည္။မိုးေပၚမွ ပုံသ႑ာန္အမ်ိဳးမ်ိဳးျဖင့္ တစ္ခုၿပီး တစ္ခု ေပါက္ကြဲေနေသာ မီး႐ွဴးမီးပန္းမ်ားအားၾကည့္ရင္း လူတစ္ကိုယ္လုံး အေပ်ာ္ေတြျပည့္ႏွက္လာခဲ့သည္။
သူႏွင့္ခ်ဴခ်န္တို႔ မီးပန္းေဖာက္ၾကသည္မွာ ခ်ဴခ်န္ကားထဲမွ မီးပန္းေတြ ကုန္သြားမွပဲ ရပ္ျဖစ္ၾကေတာ့၏။
သူေအးေနမွာစိုးသျဖင့္ ခ်ဴခ်န္က သူ႕ကို ကားထဲထည့္၍ ထိုင္ေနေစသည္။က်ိခ်င္းက်ိဳးလည္း သူ႕ပခုံးေပၚေခါင္းမွီ၍ ဒီႏွစ္သစ္က တအားေပ်ာ္ဖို႔ေကာင္းတာပဲဟု မွတ္ခ်က္ခ်လိုက္၏။
ခ်ဴခ်န္ အခ်ိန္ကိုၾကည့္လိုက္ေတာ့ ဆယ္ႏွစ္နာရီထိုးခါနီးေနၿပီျဖစ္သည္။က်ိခ်င္းက်ိဳးက 00:00 နာရီတိတိေရာက္မွသာ ဆုမြန္ေကာင္းစကားေျပာတာကို သေဘာက်တတ္သူျဖစ္၍ သူလည္း ထိုအခ်ိန္မွ ေရာက္သည္အထိ ေစာင့္လိုက္သည္။ဖုန္းက 00:00 နာရီသို႔ေျပာင္းသြားသည္ႏွင့္ က်ိခ်င္းက်ိဳးအား ငဲ့ၾကည့္လိုက္ကာ-
“ႏွစ္သစ္မွာ ေပ်ာ္႐ႊင္ပါေစ”
က်ိခ်င္းက်ိဳးက ခပ္ပါးပါးေလး ရယ္လာ၏။
“ဘယ္လို သိေနတာလဲ”
“မင္းဆီကသင္ထားလို႔ ေလ”
ခ်ဴခ်န္ကေျပာရင္းဆိုရင္း ဖုန္းထုတ္၍ က်ိခ်င္းက်ိဳးဆီ စာအိတ္နီေတြ ပို႔လိုက္သည္။ က်ိခ်င္းက်ိဳးတစ္ေယာက္ စာအိတ္နီမိုးအား တအံ့တဩၾကည့္ေနမိ၏။
“အာ...ဒီႏွစ္လည္း ကြၽန္ေတာ့္အတြက္ စာအိတ္နီေတြ႐ွိတယ္လား?”
“ဒီႏွစ္လည္း မင္းက ကိုယ့္ကေလးေလးပဲေလ”
ခ်ဴခ်န္က သူ႕ေခါင္းေလးအား ပုတ္ေပး၏။
“ ကိုယ့္ရဲ႕ တစ္ဦးတည္းေသာကေလးေလးဆိုလည္းဟုတ္တယ္”
“ေက်းဇူးပါ....ပါး!”
က်ိခ်င္းက်ိဳး ျပဳံး႐ႊင္စြာျဖင့္ ခ်ဴခ်န္ကို နမ္းလိုက္သည္။
“ရပါတယ္ဗ်ာ” ခ်ဴခ်န္ကလည္း ျပန္နမ္း႐ိႈက္လာ၏။
တစ္ခ်က္ထိုးၿပီးေတာ့ ခ်ဴခ်န္က က်ိခ်င္းက်ိဳးအား အိမ္လိုက္ပို႔ေပးသည္။က်ိခ်င္းက်ိဳးအား ဓာတ္ေလွကားနဲ႔လိုက္ ပို႔ေပးၿပီးေနာက္ က်ိခ်င္းက်ိဳး အိမ္ထဲဝင္သြားသည္အထိေစာင့္ၾကည့္ေနၿပီးမွ ျပန္လွည့္၍ ဓာတ္ေလွကား တံခါးဖြင့္ရန္ ေစာင္ေနလိုက္သည္။
သူျပန္သြားသည္ကို ၾကည့္ရင္း က်ိခ်င္းက်ိဳးစိတ္ထဲ မခြဲႏိုင္သလိုျဖစ္လာသည္။သူခဏေလာက္ အေတြးနက္ေနၿပီးတာနဲ႔ အျပင္ကို ေျပးထြက္လိုက္၏။
ခ်ဴခ်န္တစ္ေယာက္ ေျခသံၾကားလိုက္ရသျဖင့္ လွည့္ၾကည့္ခ်ိန္ က်ိခ်င္းက်ိဳးက အလ်င္အျမန္ေျပးလာေနသည္ကို ေတြ႕လိုက္ရသည္။
က်ိခ်င္းက်ိဳးက အေလာတႀကီးျဖင့္ သူ႕ေ႐ွ႕မွာ ရပ္လိုက္ၿပီး ေခါင္းေလးေမာ့၍ သူ႕ႏႈတ္ခမ္းထက္ တစ္ခ်က္ဖိနမ္းကာ “အိပ္ရာဝင္အနမ္း” ေပးတာဟုေျပာၿပီးတစ္ဆက္တည္း “ေကာင္းေသာညပါ” ဟုေျပာလာသည္။
ထို႔ေနာက္ သူတုံ႔ျပန္တာကိုပင္ မေစာင့္ဘဲ တစ္ခ်ိဳးတည္းေျပးထြက္သြားျပန္သည္။
ထူးထူးျခားျခား အနမ္းခံလိုက္ရသည့္ခ်ဴခ်န္မွာေတာ့ သေဘာအက်ႀကီးက်ေနေတာ့သည္။ထို႔ေနာက္ အခန္းတံခါးေ႐ွ႕ျပန္သြားရပ္၍ တံခါးႏွစ္ႀကိမ္ ေခါက္လိုက္၏။သူျပန္ေရာက္လာမည္ မထင္ထားသည့္ က်ိခ်င္းက်ိဳးက တံခါးဖြင့္၍ ေခါင္းေလးပဲ ျပဴတစ္ျပဴတစ္နဲ႔ထြက္လာၿပီး သူ႕ကို ၾကည့္၏။
ခ်ဴခ်န္က ခါးကိုင္း၍ အေ႐ွ႕တိုးလိုက္ၿပီး က်ိခ်င္းက်ိဳး၏ ႏႈတ္ခမ္းအား ဖိစုပ္လိုက္ၿပီး ျပဳံးျပလိုက္သည္။
“ဒါမွ မွန္ကန္တဲ့အိပ္ရာဝင္အနမ္းလို႔ေခၚတယ္။သိၿပီလား”
////////////////////////////
💚
\\\\\\\\\\\\\\\\\\\\\\\\\\\\\\