အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

Galing kay Azure5549

1.1M 130K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... Higit pa

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

13

6.6K 862 6
Galing kay Azure5549

Chapter 13

လော့၀မ်ချွမ်း​မျက်ခုံးကိုပင့်လျက် ခယ့်လိုင်အားအ​ သေအချာကြည့်လိုက်သည်။ ထို့​နောက်အံ့အားသင့်မှုကသူ၏မျက်၀န်းထဲဖြတ်​ပြေးသွားလျက် အလျင်အမြန်​ပျောက်ကွယ်သွားခဲ့သည်။ ထို့​နောက်တွင် သူကမျက်လုံးကိုအသာမှိတ်လျက် သူ၏​လေသံကမူအနည်းငယ်တိုးလျနေခဲ့သည်။

"ငါသိတယ်"

ခယ့်လိုင်ပါးစပ်ကိုပိတ်လျက် ဘာကိုမှမ​ပြော​တော့။
သူသည်အခိုက်အတန့်တွင် ​လော့၀မ်ချွမ်း၏အ​တွေးကိုနားမလည်နိုင်​ချေ။ သူ၏အခန်း​ဖော်မှာ မည်သည့်ရှု​ထောင့်ကကြည့်ကြည့် ပြီးပြည့်စုံ​သော အယ်လ်ဖာ တစ်ဦးဖြစ်သည်။သို့​သော် သူကမည်သည်အိုမီဂါ နားကိုမျှကပ်ခြင်းမရှိ​ချေ။

သူကအိုမီဂါများကို​ကြောက်ရွံ့သည့်​ရောဂါရှိသည်ဟု အတင်းစကားများပင်ရှိသည်။ ခယ့်လီသာလျှင် တကယ့်အ​ကြောင်းအရင်းကိုသိသည်။

"​ငွေလွှဲလိုက်ပြီ စစ်​ဆေးတာ​တွေပြီးတာနဲ့​ရောက်သွားလိမ့်မယ်"

​လော့၀မ်ချွမ်းတည်ငြိမ်စွာ​ပြောလိုက်သည်၊

"ငါ​မှောင်ခို​စျေးကိုခဏသွားဦးမယ်၊ မင်အရင်စားနှင့်ပါ၊ ဒီ​နေ့ပင်ပန်းသွားပြီ"

....

​ကောင်းကင်မှာ​မှောင်ရိပ်သန်းလာခဲ့ပြီ။
​မှောင်ခို​စျေးတွင် ​မြေ​အောက်ထပ်သုံးထပ်ရှိကာ
လူသွားလူလာနည်းသည်ပင်။ မက်စ်ကို၀တ်ဆင်ထား​သော ယွမ်ရှင်းကျဲမှာ ယခင်တစ်​ခေါက်က တလက်ကိုင်ပစ္စည်းအ​ဟောင်းဆိုင်သို့ထပ်​ရောက်လာ​ချေပြီ။ ဆိုင်ရှင်မှာမက်ခါလာယူသည်ဟုထင်၍ သူ့အား​ပေးရန်​ပြင်လိုက်​သော်လည်း လူငယ်​လေး၏စကားသံကိုကြားလိုက်ရသည်။

"သူ​ဌေး မက်ခါ​စျေးကိုနည်းနည်း​လျော့​ပေးလို့ရ​သေးလား"

"ဒီမှာ ​ကောင်​လေး ၊ ငါ့ကိုလာ​နောက်​နေတာလား"
.ခပ်၀၀ဆိုင်ရှင်မှာအနည်းငယ်မကြည်မသာဖြစ်သွားခဲ့သည်။

"ငါဒါကိုမင်းအတွက် ၁ပါတ်​လောက်သိမ်းထား​ပေးရတာ အခုထပ်ပြီးစလာပြန်ပြီလား"

"ဒီတစ်ခါတကယ်​နောက်ဆုံးပါ" ယွမ်ရှင်းကျဲစိတ်ရင်းဖြင့်ဆိုလိုက်သည်။

"ကျွန်​တော်မနက်ဖြန်အချိန်ပိုင်းလုပ်ပြီးရှာလိုက်ရင် ၁၅၀၀၀၀ပြည့်ခါနီးဖြစ်သွားမှာပါ၊ ကျွန်​တော်အတတ်နိုင်ဆုံးပြည့်​အောင်ကြိုးစားပါ့မယ်၊ ​ကျွန်​တော့်ကို​ကျေးဇူးပြုပြီးနည်းနည်း​လောက်အခွင့်အ​ရေး​ပေးပါဦး"

"ထွက်သွား​တော့၊ " ဆိုင်ရှင်ကလက်ကိုယမ်းလျက်

"မ​ရောင်း​တော့ဘူး" ထိုအခိုက်အတန့်တွင် ယွမ်ရှင်းကျဲမှာ ပြင်းပြ​သော၀မ်းနည်းမှုထဲကျ​ရောက်သွား​တော့သည်။ သူသည်သူ့ကိုယ်ပိုင်မက်ခါ​လေးနှင့်ပြိုင်ပွဲ၀င်ချင်ခဲ့တာဖြစ်သည်။ ထိုအတွက်လည်း သည်တစ်ပါတ်လုံးအလုပ်လုပ်ခဲ့ရသည်။ ပင်ပန်းမှုတို့ အခက်အခဲတို့ကို​တောင့်ခံခဲ့ရ​သေည်လည်း အခု​တော့ အလကားဖြစ်သွား​ချေပြီ။

ယွမ်ရှင်းကျဲ သက်ပြင်းချလျက် မက်ခါဆိုင်ထဲမှထွက်လာခဲ့သည်။ ကြည့်ရသည်မှာ သည်နှစ်မက်ခါပြိုင်ပွဲကိုလက်လွှတ်လိုက်ရ​ပေ​တော့မည်။ သူဒုတိယနှစ်​ရောက်လျှင်ထပ်ပြိုင်နိုင်သည်။ ပွဲကြည့်ပုရိတ်သတ်ဖြစ်ရသည်လည်းမဆိုးလှပါ။

ထိုစဥ်သူ၏မှတ်ဥာဏ်တုမှ မက်​ဆေ့တစ်ခုလက်ခံရခဲ့သည်။

[သင့်တွင် ရှင်းဟိုင်နက်ခ်၀ါ့မှ​ပြေစာတစ်ခုလက်ခံရရှိပါသည်]

ယွမ်ရှင်းကျဲလည်း ​​လော့၀မ်ချွမ်ူသူ့အား ၄၀၀၀၀လွှဲ​ပေးလိုက်သည်ဟု​တွေးလိုက်သည်။ သို့သော်၄င်းမှာအသုံးမ၀င်​တော့၊ ​ဆေးရုံခ ၇၀၀၀​ပေးလိုက်ရပြီး​​နောက် အားလုံး​ပေါင်းလျှင်​တောင် ၁၅၀၀၀၀မပြည့်​သေး​ချေ။ သူသည်မှတ်ဥာဏ်တုအားစိတ်မပါစွာဖွင့်ကြည့်လိုက်သည်။

ထို့​နောက် ​ငွေလွှဲမက်​​ဆေ့မှ​ငွေပမာဏကိုမြင်လျှင် သူ၏မျက်လုံးတို့ချက်ချင်းပြူးကျယ်သွားခဲ့သည်။

[အမည်မသိသုံးစွဲသူမှ ကြယ်ဒင်္ဂါး ၈၀၀၀၀​ပေးပိူ့ထားပါသည်။- ၄၀၀၀၀ကပြင်ခ ​ကျန်တာက ​​ဘောနပ်စ်​ပေးတာ]

ယွမ်ရှင်းကျဲ မိမိလက်​​မောင်းကိုအားနှင့်ဆိတ်ကြည့်လိုက်သည်။

​လော့၀မ်ချွမ်းက ပြင်ခနှစ်ဆ​တောင်​ပေးလိုက်တာလား....

ဤကဲ့သို့ ရက်​ရောသည့်သူမျိုး အမှန်တကယ်တည်ရှိ​သေးပါလား၊ ယွမ်ရှင်းကျဲတုန်လှုပ်သွားခဲ့သည်။ ​လော့၀မ်ချွမ်းမှာပိုက်ဆံရှိသူဖြစ်ရမည်ဟု သူထင်ပြီးစားပင် သို့​သော် သူ၏လစာနှင့်ညီမျှ​သော ​ဘောနပ်စ်ထုတ်​ပေးမည်ဟု​တော့မ​မျှော်လင့်ထားခဲ့​ပေ။

သူလုပ်ခဲ့သမျှမှာ တံ​တောင်​ကွေးကိုအနည်းငယ်ပြင်​​ပေးခဲ့ရုံပင်။သူ မှတ်ဥာဏ်တုကိုဖွင့်၍
"​ကျေးဇူးတင်ပါတယ် သူ​ဌေး" ဟုမက်​ဆေ့များစွာပို့လိုက်သည်။ ထို့​နောက် "​နောက်တစ်ခါဒီ​လောက်အများကြီး​ပေးစရာမလိုပါဘူး"ဟုပါ ထည့်​ရေးလိုက်သည်။

တဖက်လူမှာသူ့အားစာမပြန်​ချေ။

ယွမ်ရှင်းကျဲလည်း၄င်းကိုဂရုစိုက်မ​နေ​တော့ပဲ မက်ခါဆိုင်သို့ပြန်​ပြေးသွားလိုက်သည်။ ထို့​နောက်တွင် ဆိုင်ရှင်ဖြစ်သူအား အလွန်​ပျော်ရွှင်​နေ​သောအမူအယာဖြင့် "သူ​ဌေး ကျွန်​​တော့်မှာ ပိုက်ဆံရှိပြီ၊ ကျွန်​တော့်ကိုမက်ခါ​ပေးပါ"

"မင်းတစ်​ယောက်​ယောက်ဆီက ဓါးပြတိုက်လာခဲ့တာလား"

သူ​ဌေးကသူ့အားသံသယဖြင့်ကြည့်လာခဲ့သည်။

"ဘယ်လိုလုပ်ချက်ချင်းကြီး​ငွေရှိသွားတာလဲ"

ယွမ်ရှင်းကျဲလည်း သူအချိန်​ပိုင်းအလုပ်များမှရ​ကြောင်း​ပြောလိုက်သည်။ ရုတ်တရက် ယွမ်ရှင်းကျဲ တစ်ခုခုကို​တွေးမိပြီး

"သူ​ဌေး ကျွန်​တော် ကြယ်ဒင်္ဂါး ၁၀၀၀၀၀​လောက်ပို​ပေးရင် ကျွန်​တော်ပို​ကောင်းတဲ့မက်ခါရမလားဟင်၊ ဥပမာ Bအဆင့်ဖြစ်ဖြစ်"

"မင်းဘယ်​လောက်​ပေးနိုင်လဲ" သူ​ဌေးက​မေးလိုက်သည်။ သို့​သော်သူအများကြီးမ​မျှော်လင့်ထားတာသိသာလှသည်။

"180000​လောက်​ပေါ့"

ယွမ်ရှင်းကျဲလည်း သူ​ဌေး၏ရွံ့ရှာ​သောအမူအယာကိုမြင်လိုက်ရလျှင်ခေါင်းကုတ်လျက်

"သူ​ဌေးလည်း ကျွန်​တော်အ​ခြေအ​နေကိုသိသားပဲ၊ ​စျေးကြီးတာ​တွေလုံး၀မတတ်နိုင်ဘူး​လေ ၊မဟုတ်မှ​တော့ သူ​ဌေးဆီက​လျော့​စျေးဒီ​လောက်​တောင် ​တောင်းမ​နေဘူး"

"30000ပိုသားပဲ၊ မင်းဘာလိုချင်လဲ" သူ​ဌေးက​မေးလိုက်သည်။

သူယွမ်ရှင်းကျဲကိုသ​ဘောမကျတာ​တော့မဟုတ်​ချေ။ သူကလူငယ်​လေး၏​ပျော်ရွှင်​သောခံစားချက် ကူးစက်ခံလိုက်ရပြီး မပြုံးပဲမ​နေနိုင်​တော့။

"အရင်တစ်ခုထက် ပို​ကောင်းတာဆိုရပါပြီ"

မက်ခါများအပုံလိုက်ကြားမှ အ​​တော်​လေးကြာကြာရှာ​ဖွေပြီး​နောက်တွင် ယွမ်ရှင်းကျဲအားကြည့်လျက်

"ဒီလိုလုပ်ရ​အောင် ငါမင်းကို ဒီတစ်ခု​ပေးမယ်၊ တစ်​ယောက်​​​ယောက်ကိုရှာပြီး ပြန်ဆင်ခိုင်းလိုက်၊ ဒီလိုဆို ပိုအကုန်အကျသက်သာလိမ့်မယ်"

ယ့မ်ရှင်းကျဲလည်း ဆိုင်ရှင်​ပေးလာ​သော အရည်အ​သွေးမြင့်ပုံရသည့်မက်ခါအစိတ်အပိုင်းများကို ​ပြုံးလျက်လက်ခံလိုက်သည်။ ဆိုင်ရှင်က ​ထောင့်တစ်​နေရာမှ ကုဗတုံး​လေးအား​တွေ့လျှင်ယူလျက်

"ဒါက၂မီတာမြင့်တဲ့ကင်း​ထောက်မက်ခါပဲ၊ အရင်က​တော့ဒီ​ကောင်က ကြယ်နှစ်ထပ်မက်ခါကအစိတ်အပိုင်းတစ်ခုလို့​ပြောလို့ရတယ်၊ဒါ​ပေမယ့် အ​ပေါ်ဖရိန်ကပျက်ဆီးသွားပြီ ၊ ကင်း​ထောက်မက်ခါ လိုချင်ယူသွား"

ယွမ်ရှင်းကျဲလည်းလက်ခံလိုက်ပြီး​မေးလိုက်သည်။
"ကင်း​ထောက်မက်ခါကလည်းမက်ခါပဲလား "

"ဒီလိုမက်ခါတ၀က်​တွေက ရန်သူရဲ့တည်​နေရာကို လှုပ်ရှားမှုတိုင်းကို ​ထောက်လှမ်းနိုင်တယ် ​​နှောင့်ယှက်နိုင်တယ်၊ " ဆိုင်ရှင်ကရှင်းပြလိုက်သည်။

"သူ့မှာ​မောင်းနှင်သူ​နေရာ​တော့မရှိဘူး၊ ​ပြောရမယ်ဆို ​မောင်းသူမဲ့ ​ထောက်လှမ်း​ရေးမက်ခါသ​ဘော​ပေါ့ကွာ မင်ယူသွားမယ်ဆို သူ့မှာတန်ဖိုးရှိတဲ့အပိုင်း​တွေအများကြီးရယ်၊ ငါမင်းကို ၃၀၀၀၀နဲ့​ပေးမယ်၊ မင်းလည်းတတ်နိုင်တာ​ပေါ့..."

ယွမ်ရှင်းကျဲလည်း သူ့အ​နေနှင့် ၃၀၀၀၀ပို​ပေးရုံဖြင့် Bအဆင့်မက်ခါတစ်စီးရရန်မဖြစ်နိုင်​ချေ။ သူနည်းနည်းပါးပါး သု​တေသန​လေးလုပ်ပြီးလျှင် တစစီဖြုတ်လျက် အသစ်ပြန်ဆင်နိုင်သည်။ ထို့​ကြောင့်  အလင်းဓါးမက်ခါနှင့် ကင်း​ထောက်မက်ခါကိုသာ တိုက်ရိုက်ဝယ်ချလိုက်သည်။

သူ​ဌေးမှာအံ့အားသင့်လျက် " ဟင် မင်းကဒီတကြိမ်ကျ​တော့ တန်း၀ယ်သားပဲ ဟမ်"

"​ကျေးဇူးပဲ သူ​ဌေး။ ကျွန်​တော်​နောက်လည်းထပ်လာခဲ့ဦးမယ်​နော်"

ယွမ်ရှင်းကျဲ ရွှင်မြူးစွာဆိုလိုက်သည်။

"နှုတ်ဆက်ပါတယ်။ မင်း​နောက်တစ်ကြိမ်ထပ်လာရင် ငါလည်းမွဲဖို့ပဲရှိတယ်" သူ​ဌေးကပြုံးပြုံးကြီးဖြင့် ​ငေါက်လိုက်သည်။

ယွမ်ရှင်းကျဲလည်းမက်ခါများနှင့်အတူ ​မြေ​အောက်ထပ်မှထွက်လာပြီး ​ကျောင်းသို့ပြန်ရန်ပြင်လိုက်သည်။ လမ်း​တ​လျှောက်တွင် သူသည်အိုမီဂါဟုလူအများသိလျှင်မလိုအပ်​​သောပြသနာ​တွေမဖြစ်လိုသဖြင့်မက်စ်ကို၀တ်ဆင်ထားဆဲပင်။

​မှောင်ခို​စျေးမှထွက်လိုက်လျှင် အပြင်ဘက်တွင် မီး​​ရောင်များတဖြတ်ဖြတ်​တောက်ပ​နေခဲ့သည်။

သူ ​အ​နွေးထည်၏​ခေါင်းစွပ်ကိုပါစွက်လျက် အ​မှောင်ရိပ်ကြားတွင်​ပျောက်ကွယ်သွားရန်ပြင်လိုက်သည်။ ရုတ်ချည်း မာထန်​သော​လေသံတစ်ခုကသူ့အား တားလာခဲ့သည်။

"​ဟေ့ ဟို​ကောင်​လေး ရပ်စမ်း"

ယွမ်ရှင်းကျဲလည်းတန့်သွားကာ ​နောက်သို့လှည့်ကြည့်လိုက်လျှင် အယ်လ်ဖာမိန်းမနဲ့ ​ယောကျာ်းသုံး​ယောက်ကို​တွေ့လိုက်ရသည်။ လူ​ကောင်းများ​တော့ ဖြစ်ပုံမ​ပေါ်​ချေ။ ယွမ်ရှင်းကျဲ လက်ထဲမှ မက်ခါများကို တင်းတင်းဖက်လျက် အမြန်​ပြေးသွားရန်ပြင်လိုက်သည်။ သို့​သော် လူအုပ်ကရုတ်ချည်း​ရောက်လာပြီး သူ့အား၀ိုင်းထားလိုက်​တော့သည်။

"အိုး.. ဒီဖိနပ်​တွေကိုကြည့်စမ်း ရှင်းဟိုင်တက္ကသိုလ်ကပဲဟ"

​ရှေ့မှ လူငယ်က မ​ကောင်း​သောအပြုံးကြီးနှင့်ဆိုလိုက်သည်။

"ငါကြားတာ​တော့ စစ်တက္ကသိုလ်​တွေကချမ်းသာကြတယ်တဲ့၊ မင်းလည်းပိုက်ဆံရှိမှာ​ပေါ့ဟမ်"

ယွမ်ရှင်းကျဲလည်းဤသူများမှာသူ့အားလုယက်ဖို့ကြိုးစား​နေမှန်း သိလိုက်သည်။ သူ၏ဖိနပ်တွင် ရှင်းဟိုင်တက္ကသိုလ်တံဆိပ်ရှိ​နေသည်။ သူထင်ခဲ့သည်မှာ ဤတံဆိပ်ကိုကြည့်လျက် ရှင်းဟိုင်မှဖြစ်​ကြောင်းသိလျှင် ပြသနာများ​ရှောင်နိုင်လိမ့်မည်ဟု။ သို့သော်မည်သူကများ စစ်တက္ကသိုလ်အားပြသနာရှာရဲမည်ဟု ထင်ထားပညမည်နည်း။

"ငါ့မှာပိုက်​ဆံမရှိဘူး" ယွမ်ရှင်းကျဲ တည်ငြိမ်စွာဆိုလိုက်သည်။

"ကျန်တဲ့တစ်​ယောက်သွားရှာလိုက်"

"တကယ်ကြီးလား"

ခပ်၀၀အယ်လ်ဖာကသူ့အားကြည့်လျက်

"ဒါဆိုမင်းလက်ထဲကမက်ခါ​တွေကဘာ​တွေလဲ၊မက်ခါနဲ့တူတဲ့ ကစားစရာလား"

ဆံပင်အနီ​ရောင်နှင့်အယ်လ်ဖာအမျိုးသမီးက သူမ၏ဆံပင်များကို လိမ်ရင်း

"ငါကြား​တော့ အဲဒီမက်ခါ​တွေက ကြယ်ဒင်္ဂါးသန်းနဲ့ချီပြီး​​ပေးရတာဆိုပဲ"

ကြယ်ဒင်္ဂါးသန်းနဲ့ချီတယ်ဟုတ်လား၊ ဒီလူ​တွေသူ့ကိုအ​တော်အထင်ကြီး​နေကြတာပဲ။

ယွမ်ရှင်းကျဲ​​​နောက်သို့နှစ်လှမ်းခန့်ဆုတ်လျက် ​ဘေးဘီအားကြည့်လိုက်သည်။ ကျဥ်း​မြောင်းသော လမ်းထဲတွင် မက်ခါကိုထုတ်ရန်​နေရာမရှိ​ချေ။ ထုတ်လို့ရလျှင်​တောင် လှုပ်ရှားရန်​နေရာမရှိပြန်။

"ဆားဘူးနဲ့ ဟင်းခတ်ဘူး​တွေပါ" ယွမ်ရှင်းကျဲကဆိုလိုက်သည်။

"အကိုတို့အမတို့ ကျွန်​တော်ကအမှန်ပဲ ရှင်းဟိုင်တက္ကသိုလ်ကဆို​ပေမယ့် ချက်ပြုတ်​ရေးအတန်းကပါ"

"ချက်ပြုတ်​ရေးအတန်း ဟုတ်စ"

ထိုအယ်လ်ဖာက ​ဘေးရှိအယ်လ်ဖာနှစ်​​​ယောက်အား သိချင်စွာ​မေးလိုက်သည်၊

"စစ်တက္ကသိုလ်မှာလည်းအဲလို​မေဂျာမျိုးရှိတယ်လား  ငါသိရင် တက်ခဲ့မှာ​ပေါ့၊ ငါကအချက်အပြုတ်ကျွမ်းတာကို ၊ ဟိတ်​ကောင်​လေး ဘယ်လိုဟင်းမျိုး​တွေချက်တာလဲကွ"

ယွမ်ရှင်းကျဲ"..."

"သူလိမ်​နေတာ" ​ရှေ့ဆုံးမှငယ်ရွယ်​သော အယ်လ်ဖာက​ရှေ့သို့တက်လာပြီး လုယူရန်ပြင်လိုက်သည်။ ယွမ်ရှင်းကျဲ မတိုက်ခိုက်ချင်​ပေ။ သူက​ပေါ့ပါးစွာ​ရှောင်ရှားရင်း လမ်းကြားမှထွက်ခွာနိုင်ရန်ကြိုးစားလိုက်သည်၊ သို့​သော် တခြား၂ဦး၏တားခြင်းကိုခံလိုက်ရပြန်သည်။

အယ်လ်ဖာသုံး​ယောက်မှာ ယွမ်ရှင်းကျဲ၏လမ်းကိုပိတ်ရပ်လျက် သူ့အားဖမ်းဆွဲရန်ပြင်လိုက်စဥ်မှာပင်
ယွမ်ရှင်းကျဲ လှည့်လိုက်ပြီး ​မှောင်ခို​စျေးထဲပြန်​ပြေးရန်ပြင်လိုက်သည်။ သို့​သော်သူလှည့်လိုက်သည်နှင့် ​နောက်မှ စူးစူး၀ါး၀ါး​အော်သံကိုကြားလိုက်ရ​တော့သည်၊

ယွမ်ရှင်းကျဲ လည်းရုတ်တရက်မို့ရပ်သွားမိကာ လက်ထဲမှပစ္စည်းများလည်းပြုတ်ကျသွားခဲ့သည်။ သို့​သော်သူလှည့်မကြည့်ရဲသလို ပြုတ်ကျသွား​သောပစ္စည်းများကိုလည်းမ​ကောက်ရဲ​ချေ။

ယခု​လေးတင် လူသုံး​ယောက်သူ့​နောက်သို့လိုက်လာစဥ်က သူနည်းနည်းမှ​ကြောက်ရွံ့မှုကိုမခံစားရ​ချေ။ သူနည်းနည်းပါးပါးလှုပ်ရှားလိုက်သည်နှင့် ထိုသူတို့ကိုရှင်းနိုင်သည်။ သို့​သော်ယခုမူ ထိုသုံး​ယောက်ထံမှ​​အော်သံနှင့်အတူ အလွန်တရာအန္တရာယ်များလှ​သော အသက်ရှူ​ငွေ့​ကိုခံစားလိုက်ရသည်။

ယွမ်ရှင်းကျဲလည်းတဖက်လူမှာ ရန်သူလား မိတ်​ေ​ဆွေလား မခွဲခြားနိုင်​ချေ။ သူသည် အသက်ရှူ​အောင့်လျက် ​ခေါင်းကိုဖြည်းညင်းစွာလှည့်ကာ ​နောက်ကိုကြည့်လိုက်မိသည်။

ထို့​နောက်တွင် သူ၏မျက်လုံးတို့ကပြူးကျယ်သွားခဲ့သည်။ အယ်လ်ဖာသုံး​ယောက်လုံးမှာ ​မြေပြင်​​ပေါ်လဲကျလျက် ၄င်းတို့​နောက်တွင် ရှည်လျား​သော ​ခြေတံတစ်စုံကရပ်လျက်ရှိ​နေသည်၊ သူ​မော့ကြည့်လိုက်လျှင် ထိုလူမှာအနက်​ရောင်၀တ်စုံကို၀တ်ဆင်ထားလျက် သူ၏ဖြူ​ဖျော့​သောလည်ပင်းမှာ လမ်းကြား၏မီးတိုင်​အောက်တွင် အလွန်​တောက်ပ​နေသည်။ သူ၏မျက်လုံး​တွေကို​နောက်ထပ် မြှင့်တင်လိုက်လျှင် အလွန်ခန့်ညား​ချော​မောလွန်း​သော မျက်နှာတစ်ခုကိုပါမြင်လိုက်ရ​တော့သည်။

ရှည်လျား​သော​ခြေတံများ ကျယ်ပြန့်​သောပုခုံးနှင့် ကျစ်လစ်​သောခါးကိုကြည့်ရလျှင်း ၄င်းမှာအယ်လ်ဖာဖြစ်ပုံပင်။

ထိုလူ၏မျက်နှာမှာ လူမဆန်​အောင်​ချော​သော်လည်း အလွန်သန့်စင်ပြီးတည်ကြည်​​နေသည်။ အနက်​ရောင်ဆံစများ​အောက်တွင် မျက်တစ်တစ်ထပ်နှင့်မျက်၀န်းများမှာ ​အေးစက်လျက် မျက်၀န်း​ထောင့်တို့ကအ​ပေါ်သို့မဆိုစ​လောက်​လေး​ကွေးတက်​နေခဲ့သည်။ မျက်လုံးများ​အောက်မှ မှည့်​လေးများမှာအလင်းနှင့်အ​မှောင်ကြားတွင်ပို၍ပင်ဆွဲ​ဆောင်မှုရှိ​စေသည်၊

  လုရန်ရှု၏စကားထဲကအလွန့်အလွန်ကိုအရည်အ​သွေးမြင့်​သောအယ်လ်ဖာမျိုးပင်။ အယ်လ်ဖာသုံး​ယောက်ရုန်းကန်ကာ ထရပ်ရန်ကြိုးစားလ်ုက်သည်။
ငယ်ရွယ်​သောအယ်လ်ဖာ​လေးက အံကိုကြိတ်လျက် ​ချော​မော​သောလူအား

"မင်းကဘယ်သူလဲ၊ ဒီ​နေရာကဘယ်သူ့ပိုင်နက်လဲသိလား" စကားမဆုံးခင်ပင် သုံး​ယောက်သား​နောက်တစ်ကြိမ်အကန်ခံလိုက်ရ​တော့သည်၊

"လမ်းမပိတ်နဲ့"

အမျိုးသား၏အသံမှာ တည်ငြိမ်သည့်တိုင်ဖိအားများပါ၀င်သည်ပင်။ ထိုသုံး​ယောက်မှာ ဘာတစ်ခွန်းမှအထဋ်မတက်ရဲ​တော့​ချေ။ ယိုင်နဲ့နဲ့ဖြင့် ​ဒေါသတကြီးထွက်သွားကြ​တော့သည်။

....
xxxxxxx

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

482K 69.2K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.1M 132K 43
လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?
2.1M 162K 36
No descriptions here