အတားအဆီးများနဲ့မောင့်ပင်လယ်(C...
By Pluviophile-K744
171K 5.1K 41
BL Story More
အမှာစာ
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Psat-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44(Final)
Part-28
3K 89 0
By Pluviophile-K744
"ဘယ်လို ဘယ်လို အဲ့တော့ရှင်လေးက အိမ်ပေါ်ကအပြီးဆင်းခဲ့တာပေါ့လေ"
ထိုင်ခုံတွင်ထိုင်နေသောဒီရေလှိုင်းရှေ့ ဒူးထောက်ထိုင်ကာ ပေါင်ပေါ်မေးတင်လို့ဆေးလိမ်းခံရင်း အကြောင်းဆုံပြောပြလာသည်။
"ဘယ်လိုလုပ်လိုက်တာလဲစစ်လေးရယ်"
"ဘယ်လိုလုပ်ရမှာလဲ လင်နောက်လိုက်မယ်ဆိုပြီးအသိပေးခဲ့ရုံလေးကို"
"မိုက်ရူးရဲဆန်တာတွေလျှောက်မလုပ်နဲ့စစ်လေး။ အခုအိမ်ပြန်"
"အခုပြန်ရင် အသတ်ခံရမှာပေါ့။ ကိုကိုကျွန်တော့်ကိုမသနားဘူးလား"
"မဟုတ်ရင်တောင် သနားစရာလမ်းပျောက်နေတဲ့ခွေးလေးဆိုပြီးခေါ်ထားပေးလေ။ အခုကျွန်တော့်မှာ နေစရာရော စားစရာရော သွားစရာရောမရှိတော့ဘူး"
ကလေးတွေမုန့်ပူဆာသလို ကိုယ့်ဘက်ကိုယ်ယက်နေတဲ့လိပ်ကလေးကိုကြည့်ရင်း မီးမီးချစ်သဘောတကျပြုံးမိသည်။
"အဲ့တော့ ရှင်လေးကဘာဆက်လုပ်ဖို့စိတ်ကူးထားတာလဲ ပြောပါအုံး"
"ကိုကို့ကိုလက်ထပ်ပြီး တစ်ဘဝလုံးစာရှာကျွေးတော့မယ်"
"ဘုရားရေ မွေးရကျိုးနပ်ထာ"
"တော်တော့စစ်လေး မင်းအဲ့လိုတွေလုပ်ဖို့ထိ ကိုကိုကမထိုက်တန်ပါဘူး"
"မတန်ဘူး မတန်ဘူးနဲ့ ကိုကိုနဲ့မတန်ရအောင်ကျွန်တော့်တန်ဖိုးကအဲ့လောက်နည်းလားဗျာ"
"မင်းကိုပြောတာမဟုတ်ဘူး ကိုကိုကသာအဖိုးမတန်တဲ့သူပါ။ အခုဆို ကိုကိုကလုံးဝကိုအသုံးမဝင်တော့တာ ဘဝမရှိတော့တဲ့လူသာသာပဲ"
"မပြောနဲ့ကိုကို ကျွန်တော်ပြောဖူးပါတယ်။ ကျွန်တော့်အတွက်ကိုကိုက တန်ဖိုးအရှိဆုံးလို့။ ကိုကိုနဲ့မတန်ဖူးပြောရင် ကျွန်တော်ကအမှိုက်လိုကောင်ပဲ"
"စစ်လေး"
လက်ဖဝါးနှစ်ဖက်ကိုဆုပ်ကိုင်လို့ မျက်နှာအပ်လိုက်ပြီး
"ကျွန်တော့်ကိုလက်ထပ်ပါ။ကျွန်တော့်ကိုယုံပေးပါ။ ကိုကိုကျွန်တော်ကိုအားကိုးပါဗျာ"
"မင်းရူးလိုက်တာစစ်လေးရာ"
"ကိုကိုကြောင့်မို့ရူးတာ တာဝန်ယူလေ"
"ကိုကိုမဆုံးဖြတ်နိုင်သေးရင်လည်း ကျွန်တော်စောင့်ဆိုစောင့်ပါမယ်။ ဒီအတောတွင်းတော့အနားမှာပဲနေပါရစေ နော်ကိုကို"
* * *  * * * * * * * * * * * * * *
"Boss"
"ဘယ်မှာလဲလို့အဲ့ခွေးအိုကြီး မင်းတို့အခုထိမသိသေးဘူးလား ဟမ်"
ပြိုကွဲနေတဲ့လက်အောက်ကလူတွေကိုပစ်ထားခဲ့လို့ မြေခွေးအိုကြီးမှာရှောင်ပုန်းနေလေသည်။ ကျန်ခဲ့သမျှလူတွေအကုန်မှာ မာန်ရိပ်သွေးဒေါသတို့ရဲ့မြေစာပင်ဖြစ်နေရှာ၏။
"မရရအောင်စုံစမ်းနေပါတယ်Boss။ သူလည်းBoss မယားလေးကိုလွတ်သွားတော့တစ်ဖက်နဲ့ပြဿနာတော်တော်တက်သွားတယ်"
"အဓိကလူမို့ပုန်းဖို့တော့မလွယ်ပါဘူး မကြာခင်တွေ့မှာပါ"
"တောက်စ် ရအောင်ရှာ။ အသေသတ်လို့ရရင်သတ် ခဲ့ မသေသေးရင်ငါ့ဆီခေါ်လာ"
"အမြန်ရှာကြ"
"ဟုတ်ကဲ့Boss"
ထို့နောက် ဖမ်းဆီးထားသောလူတွေကြားမှ လူနှစ်ယောက်ရှေ့သွားလိုက်ပြီး
"မင်းတို့ကိုတော့ ငါကိုယ်တိုင်အသေသတ်မှာ"
"ကျွန်တော်တို့လည်းခိုင်းတဲ့အတိုင်းလုပ်ရတာပါ ခွင့်လွှတ်ပေးပါ အသက်ရှင်ခွင့်ပေးရင်ဘာမဆိုလုပ်ပါ့မယ်"
"စောက်ပါးစပ်ပိတ်ထား"
"ငါသတ်တာမခံချင်ရင် အစောကြီးတည်းကသေလိုက်လေ မျိုးမစစ်ရဲ့"
မကျေနပ်သောစကားတို့တရစပ်ပြော၍ ထူထည်းသောဖိနပ်ဖြင့် အားရအောင်ကန်နေလေသည်။ နောက်တော့ဘေးက မတုန်မလှုပ်ငြိမ်နေသောသူဆီသွားပြီး
"မင်းကရော ဘာတောင်းဆိုချင်သေးလဲ။ ဘာပြောပြောမင်းတို့လုပ်တာကိုငါခွင့်လွှတ်မယ်မထင်နဲ့"
"မသေပဲနဲ့တစ်ယောက်မှဒီကမထွက်သွားစေရဘူး။ ဒီနေရာကိုမင်းတို့ငရဲအဖြစ်ငါဖန်တီးပြမယ်"
"ကျုပ်သိပါတယ်"
မာန်ရိပ်သွေးရဲ့အော်ဟစ်သံအဆုံး လေသံအေးအေးနဲ့ပြောထွက်လာသည်။
"ခင်ဗျားမှာကျုပ်ကိုသတ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် အရှက်မရှိစွာတောင်းဆိုပါရစေ"
"ကျုပ်သေမယ့်ရက်ကို ၆လ၇လလောက် နောက်ဆုတ်ပေးပါ"
နားမလည်နိုင်သောတောင်းဆိုမှုကြောင့် ထိုလူအားမာန်ရိပ်သွေး မျက်မှောင်ကြုပ်လို့စိုက်ကြည့်လိုက်သည်။
"ကျုပ်ခင်ဗျားတို့မျက်စိအောက်က မပြေးပါဘူး။ အဲ့အတောအတွင်း ခင်ဗျားစိတ်ကြိုက်နှိပ်စက်မယ်ဆိုလည်း ခံမှာပါ"
"တစ်ခုပဲ အသက်ရှင်လျက်လေးပဲထားပေးပါ။ အချိန်စေ့ရင်တော့ ခင်ဗျားကြိုက်သလိုသတ်နိုင်ပါတယ်"
"ဟမ့် မင်းကအလာကြီးပဲ။ ပြောကြည့်ပါအုံး အသက်ရှင်ပြီးမင်းကဘာလုပ်ဖို့လဲ"
"ကျုပ် လူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ပေးဖို့ တာဝန်ရှိလို့ပါ"
"လူတစ်ယောက်ရဲ့ဆန္ဒ"
"ဟုတ်ပါတယ် ကျုပ်အပေါ်ကတိမတည်ခဲ့တဲ့လူတစ်ယောက်ရဲ့ဆန္ဒပါ"
"မကြာခင် လောကထဲရောက်လာတော့မယ့် ကလေးတစ်ယောက်ကို ကျုပ်မျက်လုံးတွေနဲ့ကြည့်သွားချင်လို့ပါ။ ပြီးရင်တော့ခင်ဗျားစိတ်ကြိုက် ကျုပ်ကိုသတ်နိုင်ပါတယ်"
"စောက်ရေးမပါတဲ့အကြောင်းပြချက်နဲ့ ငါ့လိုလူကိုလှည့်စားလို့မရဘူး"
"ဒါဆိုရင်လည်းမင်းမျက်လုံးပဲချန်ပြီး ကျန်တာတွေအပိုင်းပိုင်းလှီးမယ်ဆိုရင်ရော"
ပြောရင်း အနောက်ဘက်သို့သွားကာ ခုံပေါ်မှဓားမြှောင်တစ်ချောင်းယူလိုက်သည်။ ထိုစဥ်ခဏနားထဲတွင်အသံတစ်ချို့ပြန်လည်ကြားယောင်လာ၏။
'မင်းလိုကောင်ကလူမိုက်ဆိုတဲ့အတိုင်း ရိုင်းစိုင်းတာတွေပဲလုပ်တတ်တာလား။ မင်းလူမဆန်တဲ့ကောင် မင်းမှာလူစိတ်မရှိဘူး။ ငါမင်းကိုမုန်းတယ်လူဆိုးကောင်ရဲ့'
"Boss"
ရုတ်တရက်လက်ထဲမှဓားကိုပစ်ချလို့ ထွက်သွားဖို့လုပ်နေသူအားလှမ်းခေါ်လိုက်သည်။
"အဲ့လူကိုသူဖြစ်ချင်တဲ့အတိုင်းလုပ်ပေးလိုက်။ ကျန်တဲ့သူတွေကိုလည်း မင်းတို့ပဲကြည့်ကြပ်လုပ်လိုက်တော့"
"ဗျာ"
"ဪ ဟုတ်ကဲ့Boss"
မှော်ဝင်တေး သူနေသောတိုက်ခန်းအတွင်း အရာရှိတစ်ဦးလုပ်ကြံခံလိုက်ရသည်ဟူသောသတင်းကို အခေါက်ခေါက်အခါခါဖတ်နေသည်။ ကြီးမားသောတိုက်ဆိုင်မှုက မနေ့ကတင်မိခင်ဖြစ်သူမှာ ကင်ဆာရောဂါတွေ့ရှိလို့ဆေးရုံတင်ထားရသည်တဲ့။
ဝမ်းလည်းမနည်းသလို ပျော်တယ်လည်းမဟုတ်။ မရေရာတဲ့ခံစားချက်ကြီးနဲ့ အတွေးတို့ထဲနစ်လို့အချိန်ကြာထိုင်နေသူနား မြေလွှာသစ်ဝင်ထိုင်လိုက်ပြီး
"ဘာတွေစဥ်းစားနေတာလဲ ကျွန်တော်တစ်ယောက်လုံးကိုတောင်မေ့နေတာလား"
"မေ့စရာလား ကိုယ့်အသည်းလေးကို"
"ဖယ်စမ်းပါဗျာ အရင်ရည်းစားတွေအကြောင်းတွေးနေပြီးတော့"
"ပေါက်ကရတွေ ကိုယ်ကသစ်နဲ့လက်ထပ်ဖို့တွေးနေတာ။ ကိုယ်တို့လက်ထပ်ရအောင်"
"ဘာဗျ ကောက်ခါငင်ခါကြီး ပေါ့ပျက်ပျက်နဲ့ လေးနက်မှုကိုမရှိဘူး"
"ကျွန်တော်ခင်ဗျားကိုဘယ်လိုယုံရမှာလဲ ငြင်းတယ်ဗျာ"
"ကောင်းပြီလေ ဒါဆိုလည်း လေးနက်သွားအောင် ချစ်တင်းနှောကြမယ်။ နက်နက်လေးသွင်းပြီးပြောမှာမို့ ပြန်စဥ်းစားပေး"
"ခင်ဗျားလူယုတ်မာ အပေါ်ကဆင်း မလုပ်ဘူးနော်။ ခွေးကောင်ကြီးလွှတ်"
* * * * * * * * * * * * * * *
"ကိုကို ပစ္စည်းတွေကဒါအကုန်ပဲလား"
"အစထဲကအများကြီးမှမရှိတာ"
ဒီရေလှိုင်း ညီမငယ်ရှေ့သွားလိုက်ပြီး ပုခုံးနှစ်ဖက်ကိုအသာအယာကိုင်ကာ နူးနူးညံ့ညံ့ကြည့်လာသည်။
"သန္တာ ငယ်လေးကို ကိုကြီးတောင်းပန်ပါတယ်။ လေးလေးမီးငယ်ရဲ့စကားကိုနားထောင်နော်"
"အသုံးမကျတဲ့အကိုကအပြည့်အဝတာဝန်မယူနိုင်ပေမယ့် နောက်ဆို ကိုကြီးကြောင့်ငယ်လေးဘယ်တော့မှစိတ်မဆင်းရဲစေရတော့ဘူး။ ကိုကြီးကတိပေးတယ်"
"ဟင့်အင်း ညီမလေးအဆင်ပြေပါတယ်။ လိမ်လိမ်မာမာလည်းနေမှာသိလား။ ကိုကြီးမငိုနဲ့တော့နော်။ တော်ကြာသန္တာ့တူလေးစိတ်မကောင်းဖြစ်နေအုံးမယ်"
"ကိုကြီးသာကျန်းကျန်းမာမာနဲ့ပျော်အောင်နေ နောက်မှညီမလေးလာတွေ့မယ်ဟုတ်ပြီလား"
"အင်း"
မျက်ရည်တွေကျလို့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စိတ်ပူနေကြသောမောင်နှမနှစ်ယောက်ကြောင့်မီးမီးချစ်ပါလိုက်ငိုမိသည်။
"ကဲပါလှိုင်းရယ် သန္တာလေးကဒီလောက်လိမ္မာတာကိုစိတ်ပူမနေနဲ့။ တို့လည်းကိုယ့်ညီမလေးတစ်ယောက်လိုစောင့်ရှောက်မှာ။ အလှဆုံးနဲ့အလိမ္မာဆုံးမင်းသမီးလေးဖြစ်လာစေရမယ်"
"ကျေးဇူးပါမီးမီးချစ် ဒါဆိုကျွန်တော်တို့သွားတော့မယ်နော်"
"အင်း ကိုယ့်ကိုကိုသာဂရုစိုက်နော်။ တို့လည်းမကြာမကြာလာမယ်သိလား။ တအားလည်းမငိုနဲ့တော့နော် တို့စိုးရိမ်တယ်လှိုင်းရယ်"
"အင်းပါဗျာ"
ညီမလေးကို မီးမီးချစ်ကတာဝန်ယူစောင့်ရှောက်ပေးထားမယ်ဆိုလို့ ဒီနေရာနဲ့တော်တော်လေးဝေးသည့်နေရာတွင် ဝယ်ထားသောအိမ်ရှိရာသို့ထွက်လာခဲ့သည်။
"လာပြီလား အကိုကမင်းတို့ကိုစောင့်နေတာ"
ရထားသောလိပ်စာအတိုင်းကားရပ်လို့ဆင်းလာခဲ့တော့ အိမ်တွင်းမှလူတစ်ယောက်ပြေးထွက်လာသည်။ အိမ်မှာတစ်ထပ်တိုက်လေးဖြစ်လို့ ခြံဝန်းထဲပန်းပင်လေးများစုံလင်စွာစိုက်ထားသေးသည်။
အထဲဝင်လာတော့ခြံတွင်းတွင် စီးစရာဒန်းလေးနဲ့အပန်းဖြေခုံလေးပါထားလို့နေချင်စရာကောင်းလှသည်။ခြံဝန်းထဲငေးနေစဥ်စစ်လေးနဲ့အိမ်ရှင်မှာစကားပြောနေကြ၏။
"ကျွန်တော်တို့နေရမှာဒီအိမ်လား"
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲကွ"
"မဟုတ်ပါဘူး ပေးထားတဲ့ငွေနဲ့ဆို ဒီအိမ်ကတအားမကြီးကျယ်လွန်းဘူးလား။ မယုံချင်တောင်ဖြစ်လာပြီ"
"စိတ်ချပါကွ ဒီအိမ်ကအကို့အိမ်ပါ။ အကို့နာမည်ကတော့ဇော်မင်းပိုင် ကိုဇော်ကြီးလို့ခေါ်လို့ရတယ်။အဆင်မပြေခဲ့ရင်အချိန်မရွေးပြော"
"ဟိုလေ ဒီကကိုဇော်ကြီးနော်။စစ်လေးပြောသလိုပဲ ကျွန်တော်တို့ပေးချေထားတဲ့ငွေကဒီအိမ်တန်ဖိုးရဲ့တစ်ဝက်လောက်ပဲရှိမယ်ထင်တယ်။ အကိုအဆင်ပြေလို့လား"
"ရပါတယ်ကွာ အကိုလည်းရောင်းဖို့အလျင်လိိုလို့ပါ။ ဒီကညီလေးက ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ ဒီအိမ်မှာနေပေးရင်ကိုကျေနပ်ပါပြီ"
"ဗျာ အာဟုတ် ကျေးဇူးတင်ပါတယ်နော်အကို"
"ရပါတယ်"
"ဒါနဲ့စစ်လေးဒီနေရာကတစ်အားမဝေးလွန်းဘူးလား"
"ဝေးတဲ့နေရာရွေးပြီးလာခဲ့တာလေ ဘာလို့လဲကိုကိုရဲ့"
"သူ ကိုကို့ကိုရှာမတွေ့မှာဆိုးလို့ပါ"
"ဘယ်သူလဲကိုကိုရဲ့"
"သုတလေစစ်လေးရဲ့ အခုချိန်ထိလာမတွေ့သေးဘူး။ သူဘာမှတော့မဖြစ်လောက်ပါဘူးနော် ဆက်သွယ်လို့ရရင်ကောင်းမှာပဲ"
တစ်ယောက်တည်းတွေးလို့ပြောနေသူမှာ အဏ္ဏဝါစစ်ရဲ့မျက်နှာမကောင်းဖြစ်သွားသည်ကိုသတိမထားမိပုံ။ အိမ်ရှင်ဆိုသူမှာလည်း တက်တက်ကြွကြွပြောရင်းမှ ရုတ်တရက်ခေါင်းငုံ့ကာထွက်သွားလေသည်။
"ကိုဇော်ကြီး သော့လေဗျာသော့"
"ဪ Sorryကွာ မေ့သွားလို့"
လှည့်မကြည့်လာဘဲ သော့ထိုးပေးလာလေ၏။
"ကိုဇော်ကြီး ဘာဖြစ်လို့လဲဟင်။ နေလို့မကောင်းလို့လား"
"မဟုတ်ပါဘူး သွားစရာလေးရှိလို့။ နောက်မှလာတွေ့မယ်နော်"
"ဟုတ်ကဲ့ အဆင်ပြေပါစေခင်ဗျ"
တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် သေဆုံးသူတို့မြှုပ်နှံရာ အုတ်ဂူအိမ်တို့တည်ရှိနေသည်။ သင်္ချိုင်းလို့ခေါ်ရာထိုနေရာရဲ့ အုတ်ဂူဖြူတစ်ခုရှေ့တွင်ဇော်မင်းပိုင်ရပ်လို့ တစ်ချိန်ကသိခဲ့သူအားစကားတို့ပြောနေလေရဲ့။
"အဆင်လည်းပြေတယ် ကျန်းလည်းကျန်းမာတယ် မင်းကိုတောင်စောင့်နေသေးတာသုတရဲ့။ သူမျှော်နေသလိုမင်းသွားနိုင်ခဲ့ရင်ကောင်းမယ်ကွာ"
"အခုလည်း မင်းနေခဲ့တဲ့အိမ်လေးမှာ သူပျော်ပျော်ရွှင်ရွှင်နေရတော့မှာ။ ဒီလောက်ဆိုကျေနပ်တယ်မလား"
"ခင်ဗျားဖြည့်ဆည်းပေးရမယ်ဆိုတာ သူ့ဆန္ဒလား"
နောက်ကျောဘက်မှပြောလာတာမို့အလန့်တကြားလှည့်ကြည့်လိုက်သည်။ တိတ်ဆိတ်နေပြီးလေတိုးသံတောင်ကြားနေရသည့်ဒီနေရာမှာ ကိုယ့်လိုလူတောင်သတိမထားမိဘဲအနားသို့ချဥ်းကပ်လာနိုင်သူက ပြိုင်စံရှားမြေအောက်ဘုရင်။
"မလန့်ပါနဲ့ မင်းရဲ့ထူးဆန်းတဲ့တောင်းဆိုမှုကိုစိတ်ဝင်စားလို့စောင့်ကြည့်မိရုံတင်ပါ"
"အဲ့တော့ သူရဲ့ဆန္ဒဆိုတာက ငါ့ရဲ့ကလေးမွေးလာတာကိုတွေ့ချင်တာပေါ့"
"မထင်မှတ်ဘဲဖြစ်လာတဲ့ရူးမိုက်မှုလေးပါ။ ခင်ဗျားစိတ်မကွက်ပါနဲ့ သူ့ရဲ့ခံစားချက်တွေကမရိုးသားခဲ့ပေမယ့် မျှော်လင့်ချက်လေးကဖြူစင်ပါတယ်"
"ခင် ခင်ဗျားအဲ့တာ ဘာ ဘာလုပ်"
ဘုရားရေ တစ်မိုးအောက်မာဖီးယားခေါင်းဆောင်က  သာမညလူသားလေးရဲ့အုတ်ဂူရှေ့ဒူးထောက်နေသည်တဲ့။ မြင်နေတာယုံဖို့တောင်ခက်တယ်။
"တကယ်တမ်း မင်းတို့က ငါလိုကောင်မလုပ်နိုင်ခဲ့တဲ့အရာကို လုပ်ခဲ့ကြတဲ့သူတွေပါ။ဒီလိုအရာကရှက်သင့်တဲ့အရာဆို ငါကအရှက်မရှိကောင်ပဲ"
"မင်းဘက်ကသာကြားနိုင်ခဲ့မယ်ဆို မင်းလုပ်ရပ်အတွက် ငါကျေးဇူးတင်ပါတယ်။ ငါဆိုတာက သူ့အတွက်မင်းလောက်တောင်အသုံးမကျခဲ့တဲ့ကောင်ပါ"
"ဘာတဲ့ မင်းတို့လုပ်ရပ်အတွက် လက်တုံ့ပြန်အပြစ်ပေးမယ်တဲ့လား။ မင်းတို့ကိုသတ်ပစ်ဖို့လုပ်တဲ့ငါကသာ သူ့အပေါ်ခွင့်မလွှတ်နိုင်တဲ့အမှားတွေတစ်ပုံကြီးလုပ်ခဲ့တာ"
"ဒါပေမယ့် မင်းအခုလိုဖြစ်သွားတာလည်းကောင်းပါတယ်။ မဟုတ်ရင် ငါ့အပိုင်ကိုမှန်းလို့ငါကိုယ်တိုင်သတ်မိလိမ့်မယ်"
ကြားထားသလိုစကားကိုဒဲ့တိုးပြောတတ်တာပဲ။လောကကြီးဘာများဖြစ်နေတာလဲ။ သူ့လိုလူက သူ့ကိုယ်သူအပြစ်တင်လို့ကျိန်ဆဲနေတယ်။ ကြည့်ရတာကံကြမ္မာကအပြစ်သားအချို့ကိုအပြစ်ပေးနေပြီထင်တယ်။
စိတ်ကူးထဲတောင်မရှိတဲ့ မာန်ရိပ်သွေးလိုလူနဲ့တရင်းတနီးစကားတွေပြောနေရတယ်။ ဘယ်လိုအရာကသူ့ကိုယဥ်ပါးစေတာလဲ။တစ်အောင့်နေတော့သူ့ဖုန်းမြည်လာလို့ဖုန်းပြောနေသည်။
"ဟယ်လိုBoss"
"ဘာကိစ္စလဲ"
"မယ်တော်ကြီး အဲလေ Bossအမေသတိရပြီ"
"ငါအခုလာခဲ့မယ်"
သွေးအဂ္ဂရှိန်ရှယ်ယာဝင်ထားသော ကိုယ်ပိုင်ဆေးရုံဆီ မာန်ရိပ်သွေးရဲ့ကားမောင်းဝင်ကာရပ်လာသည်။
နွေခတ်ငြိမ်းရှိရာအခန်းဆီဝင်လာခဲ့တော့ ဘေးတွင်ခေါင်ငုံ့ထိုင်နေသူအား အကြီးအကျယ်ဆူတောင်ဆူနေနိုင်ပြီ။
"လေးလေးပါရှိနေတာလား"
ကိုယ့်အားမြင်တော့ စိတ်ဆိုးဟန်ပြလာသောအမေ။
"ဘယ်လိုနေသေးလဲ"
"အခြေနေကကောင်းပါတယ်ငါ့တူ။ ဒါပေမယ့်"
"ဒါပေမယ့်ဘာလဲ"
"ခြေထောက်တွေကတော့ လမ်းလုံးဝမလျှောက်နိုင်တော့ဘူးလို့ပြောတယ်"
"လေးလေးသွားနှင့်ပြီ မင်းအမေနဲ့စကားပြောလိုက်အုံး"
"အင်း"
ခေါင်းညိတ်ပြလိုက်တော့ ပုခုံးပုတ်လို့နှစ်သိမ့်ကာထွက်သွား၏။
"မာမီသက်သာတယ်မှတ်လား"
"ငါ့အခြေနေကပိုအရေးကြီးတယ်ထင်လားမာန်ရိပ်"
"ဒါပေါ့"
"ငါမသေနိုင်သေးဘူး။ ငါအကောင်းကြီးရှိသေးတယ် စိတ်ချသေမှာလည်းမဟုတ်ဘူး။ ငါ့မြေးနဲ့ငါနေသွားအုံးမှာ"
"မာမီ"
"ဘယ့်နှယ့်ပါလိမ့်သားတော်။ အခုမင်းပုံစံကအပိုးကိုကြိုးနေပါလား။ ငါ့သားမှဟုတ်စ"
"ပြန်မပြောတော့ဘူးလား။ ပြောလိုက်စမ်းပါ အရင်လိုကြီးကြီးကျယ်ကျယ်တွေ အခြေအတင်တွေမင်းပြောလိုက်ပါ"
"တွေများလုပ်ခဲ့တာလဲငါ့သားရယ်။ မင်းအမြင်မှန်ရတဲ့အချိန်ကနောက်မကျလွန်းဘူးလား ဟမ်"
"မှန်ပါတယ်။ ကျွန်တော် ကျွန်တော်အခုမာမီပြောတဲ့ ကံကြမ္မာရဲ့အပြစ်ဒဏ်ကိုနားလည်နေပြီထင်တယ်"
"အဲ့ဒီတော့မင်းဘာဆက်လုပ်မှာလဲ"
"သူကျွန်တော့်ကိုစိတ်ဆိုးနေတာပါ ကျွန်တော်သူခွင့်လွှတ်လာမယ့်အထိကြိုးစားပါ့မယ်"
"ဘယ်လိုမျိုးလဲ"
"မသိဘူး။ ကျွန်တော်ကအဲ့လိုအရာမျိုးတွေလုပ်နိုင်တဲ့သူတော့မဟုတ်ဘူး"
"အဲ့လိုဆိုတိုင်း ကျွန်တော်လက်လျှော့မှာလည်းမဟုတ်ဘူး။ သူကိုလက်လွှတ်ဖို့စိတ်ကူးလည်းမရှိဘူး"
"မာမီလည်းကူညီမှာပါ။ အဓိကကတော့မင်းနော်မာန်ရိပ် အမှားတွေထပ်မကြူးလွန်ပါနဲ့တော့"
ခေါင်းညိမ့်ကာလက်ခံလို့ အနားယူခိုင်းခဲ့ပြီး ဆေးလိပ်သောက်ရန်အပြင်ကိုထွက်လာခဲ့သည်။
"လေးလေး"
အခန်းရှေ့တွင်ရပ်နေသူမှာခေါ်လိုက်တော့ပြုံးပြလာသည်။
"မင်းနဲ့ပြောစရာလေးရှိလို့စောင့်နေတာ"
"မြေမခမိုးပြန်ရောက်နေပြီ။ ကြည့်ရတာဟိုလူသေတဲ့သတင်းကြောင့်နေမယ်"
"ကောင်းတာပေါ့ သူနဲ့စာရင်းရမယ်"
"အဲ့တာပဲပြောမလို့။ မင်းသူ့ကိုထိရင်တော့ ငါတို့သူ့အဖေနဲ့ရင်ဆိုင်ရလိမ့်မယ်"
"ရင်ဆိုင်ရမှာချင်းအတူတူ သူအဖေကိုသာအရင်ရှင်းလိုက်ရင် သူ့သမီးဆိုတာဘာမှမဟုတ်ဘူး"
"လေးလေးပြောချင်တာက"
"အင်း မင်းစိတ်လိုက်မာန်ပါမလုပ်သေးနဲ့။ အချိန်ကောင်းစောင့်ပြီး ခေါင်ကိုအရင်ဖြိုစေချင်တယ်"
"အဲ့အကြံကကောင်းပါတယ်။ ဒီအတောအတွင်းအဲ့မိန်းမထပ်မွှေရင် ကျုပ်စိတ်မထိန်းနိုင်မှာဆိုးတယ်"
"မင်းကမင်းအဖေတိုင်းပါပဲလားမာန်။ မင်းဘဝကြီးကို မင်းအဖေလိုတော့ လေးလေးမဖြတ်သန်းစေချင်ဘူး"
"ဟုတ်သားပဲ အမေပြောဖူးတယ် အဖေကသူ့အမုန်းတွေကိုအဆုံးထိသည်းခံနိုင်ခဲ့တယ်တဲ့"
"အဲ့အတိုင်းပဲပေါ့။ ငါတို့လိုလူတွေကအမုန်းနဲ့ပဲထိုက်တန်တာမဟုတ်ဘူးဆိုတာ ပြလိုက်စမ်းပါငါ့တူရာ"
လေးလေးစကားရဲ့အဓိပ္ပာယ်က ကျွန်တော့်ဆန္ဒပါပဲ။ ကျွန်တော်သူ့အချစ်တွေနဲ့ပျော်ရွှင်ဖို့အခွင့်ရေးရှိမယ်ထင်လား။ ဘဝမှာမလုပ်နိုင်ဘူးဆိုတာမရှိဘူးထင်ခဲ့တာ မောင်မှားနေတယ်ဆိုတာသက်သေပြဖို့ခင်ဗျားကိုဖန်တီးခဲ့လေသလားပဲကွာ။
"စစ်လေး"
* * *  * * * * * * * * * * * * * *
"Boss"
"အမြန်ရှာကြ"
"ဟုတ်ကဲ့Boss"
"စောက်ပါးစပ်ပိတ်ထား"
"ကျုပ်သိပါတယ်"
"လူတစ်ယောက်ရဲ့ဆန္ဒ"
"Boss"
"ဗျာ"
"ဪ ဟုတ်ကဲ့Boss"
* * * * * * * * * * * * * * *
"အင်း"
"အင်းပါဗျာ"
"ရပါတယ်"
"ဘယ်သူလဲကိုကိုရဲ့"
"ဟယ်လိုBoss"
"ဘာကိစ္စလဲ"
"ငါအခုလာခဲ့မယ်"
"လေးလေးပါရှိနေတာလား"
"ဘယ်လိုနေသေးလဲ"
"ဒါပေမယ့်ဘာလဲ"
"အင်း"
"မာမီသက်သာတယ်မှတ်လား"
"ဒါပေါ့"
"မာမီ"
"ဘယ်လိုမျိုးလဲ"
"လေးလေး"
"လေးလေးပြောချင်တာက"
Continue Reading
You'll Also Like
183K 17.3K 31
BL 𝙲𝚘𝚟𝚎𝚛 𝚊𝚛𝚝 𝚋𝚢 𝙱𝚛𝚘𝚠𝚗𝚒𝚎 🤎
7.8K 336 8
Sebastian West, the adopted brother of Jade West. A boy who suffers from major anxiety that sometimes causes him to go mute. Have you ever felt lik...
28.6K 1.3K 64
Soft-hearted people are not fools. They know what people did to them, but they forgive again and again because they have beautiful hearts. ✨ I don'...
824K 69.1K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...