"သား လှိုင်းလေးမနိုးသေးဘူးလား"
ပြန်မပြောလာပဲ ခေါင်းအသာငြိမ့်ပြလာသူက စိတ်ပင်ပန်းအားယုတ်နေတဲ့ပုံ။
"ဒေါ်ဒေါ် မီးငယ်တို့ ဒေါ်ဒေါ်နဲ့တိုင်ပင်ဖို့ရှိတယ်"
"ဘာကိစ္စများလဲမီးလေး"
"ကိစ္စက လှိုင်းမှာလေ ဒေါ်ဒေါ်သားနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ"
"ဘယ်လို"
"တကယ်ပြောတာ ဒေါ်ဒေါ်မယုံရင် ဆရာဝန်ကိုမေး"
"ယုံပါတယ် ဒေါ်ဒေါ်မီးလေးတို့ကိုယုံတယ်။ အံ့သြသွားရုံပါ"
ထို့နောက် သတိမေ့နေသော ဒဏ်ရာတွေနဲ့မျက်နှာနုနုလေးကို အသာယာကိုင်လို့နေပြီး
"ဘယ်လိုတွေတောင် စိတ်ပင်ပန်းနေခဲ့ရမလဲ။ အန်တီမသိခဲ့မိလို့တောင်းပန်ပါတယ်ကွယ်"
"တချိန်ကမှတ်မိခဲ့တဲ့ ကလေးမျက်နှာလေးနဲ့ လူကြီးလေးက စိတ်ဒုက္ခတွေရဲ့သားကောင်ဖြစ်ခဲ့ပြီး မျက်နှာမှာပူပန်မှုအပြည့်နဲ့ပါလား"
"စိတ်ချပါ လှိုင်းအတွက် သူတာဝန်ယူစေရမယ်"
"မလိုဘူးအန်တီ"
"ကိုကိုနိုးတဲ့အထိစောင့်ပါ။ ကိုကိုဖြစ်စေချင်တာကိုပဲကျွန်တော်တို့လုပ်မှာ။
"သူသာတာဝန်ယူခိုင်းဖို့ငြင်းခဲ့ရင် ကျွန်တော်တို့အန်တီသားဆိုတဲ့ကောင်ကိုမလိုဘူး"
"ဒါပေမယ့်အဏ္ဏဝါ အကယ်လို့လှိုင်းကအလိုရှိခဲ့ရင်ရော"
မီးမီးချစ်အပြောကြောင့် စိတ်ဓာတ်ကျဟန်နဲ့ ခေတ္တတိတ်ဆိတ်သွားပြီး
"ကျွန်တော့်ဘက်က တောင်းဆိုရမယ်ဆိုရင်တောင် တောင်းဆိုပါ့မယ်"
"ငြင်းလို့ကတော့အဲ့အကောင်ကိုအသေသတ်မှာနော်"
"အဲ့အတွက်အန်တီတာဝန်ယူပါ့မယ်။ သားပြောသလို လှိုင်းဆုံးဖြတ်ချက်ကို အန်တီလည်းလက်ခံမှာပါ"
မီးမီးချစ်အဏ္ဏဝါအားကြည့်နေရင်း တစ်ဖက်သတ်အချစ်ရဲ့ အင်းအားအပေါ်မခံစားနိုင်လို့ အခန်းပြင်သို့ထွက်လာခဲ့သည်။
* * * * * * * * * * * * * *
"ဖွားဖွား ဖွားဖွားရေ ဖွားဖွား"
သန္တာလှိုင်းအော်ခေါ်ကာအိမ်ပေါ်တက်လာလို့ အဖွားရှိရာအခန်းဆီဝင်လာခဲ့သည်။
"ဘွားဘွား ကိုကြီးကိုရှာတွေ့ပြီတဲ့။ ကိုကြီးပြန်လာပြီဘွားရဲ့"
"ဟေ ဘယ်မလဲ ငါ့မြေးကြီးဘယ်မလဲ"
"ဪ ငြိမ်ငြိမ်နေပါဘွားရယ်။ လောလောဆယ်ကိုကြီးကနေသိပ်မကောင်းလို့ ဆေးကုနေတာဘွားရဲ့"
"ဆေးကုပြီးတာနဲ့ လာတွေ့မှာတဲ့။ သူ့ကိုစိတ်မပူဖို့ကော အဖွားကိုနေကောင်းအောင်နေဖို့ပါ မှာလိုက်လို့ဖွားရဲ့"
"အဟွတ် အဟွတ် အဟွတ် အမယ်လေး"
"ကြည့် ဒီလိုနေလို့မကောင်းနေလို့ကတော့ ကိုကြီးပြန်လာရင်ဆူခံနေရအုံးမယ်"
"အဟွတ် အင်းပါ ငါ့မြေးလေးဘေးမသိရန်မခပြန်ရောက်လာရင်ကိုပဲ ဒီအဘွားကြီး ဝမ်းသာနေပါပြီ"
"ဒါဆိုရင် ငိုလည်းမငိုနဲ့တော့နော် ထမင်းလည်းပုံမှန်စား ဆေးလည်းမှန်မှန်သောက် မဟုတ်လို့ကတော့ ကိုကြီးနဲ့ကိုတိုင်အုံးမှာ"
"အမလေး သန္တာလေးကတော့အဖွားကိုခြိမ်းခြောက်နေလိုက်တာ"
"ဒီရေဘယ်နေ့ရောက်မှာလဲ အန်တီခိုင်သူကြိုက်တာလေးချက်ပေးထားအုံးမယ်"
"အဲ့တာတော့သန္တာလည်းသိဘူး။ ကိုကြီးစစ်ကိုမေးပေးထားမယ်လေ"
* * * * * * * * * * * * * *
"မင်းတို့Bossရော"
"ဝင်မသွားပါနဲ့အုံးလားမယ်တော်ကြီး Bossစိတ်အခြေနေကတော်တော်ဆိုးနေတယ်"
"ဘာဖြစ်ဖြစ် ငါကိစ္စကအရမ်းအရေးကြီးတယ်။ အခုတွေ့မှရမယ်"
တားလို့မရတာမို့ Bossရှိရာအခန်းတွင်းသို့ ဝင်ကာသွားတော့သည်။
အခန်းထဲဝင်လိုက်တော့ မနက်ဘက်ကိုတောင်အမှောင်ချထားလို့ ပစ္စည်းတွေမရှိဗလာကျင်းရှင်းလင်းနေသည်။ ကြည့်ရတာအကုန်ရိုက်ချိုးခွဲထားလို့ သူလူတွေဘာမှထပ်မထည့်ပေးထားကြပုံ။
ကုတင်တစ်လုံးသာထားလို့ ထိုကုတင်ပေါ်ထိုင်ကာ အရက်သောက်နေသူ။ ဘေးမှာလည်းပုလင်းလွတ်တွေနှင့် ရိုက်ခွဲတတ်သူမို့ထိုပုလင်းလွတ်တို့က ဒီနေ့တွင်းသောက်ထားသည်များဖြစ်လိမ့်မည်။
"မာန်ရိပ်သွေး မင်းဘယ်လိုပုံဖြစ်နေတာလဲ"
"မာမီမင်းကိုအရေးကြီးတာပြောဖို့ရှိတယ်။ မင်းအခုလိုနေနေရမယ့်အချိန်မဟုတ်ဘူး"
"မာန်ရိပ်သွေး မင်းပြောတာကြားလား"
"ခွမ်း"
လက်ထဲကခွက်အား နံရံဆီပစ်ကာပေါက်လိုက်သည်။
"ပြောစရာရှိရင်နောက်မှပြော အခုကအချိန်ကောင်းမဟုတ်ဘူး"
"အရမ်းအရေးကြီးတယ်မာန်ရိပ်သွေး"
"မင်းမကြားချင်လည်းငါပြောရမယ်။ လှိုင်းလေးကမင်းရဲ့ကိုယ်ဝန်ကိုလွယ်ထားရတယ်"
"ဟက်ဘာတဲ့။ ဟာ့ ဟား ဟားဟားဟား ဟားဟားဟား ကိုယ်ဝန် သူက ကျွန်တော့်ရဲ့ကိုယ်ဝန်"
"ဟာသမဟုတ်ဘူးမာန်ရိပ်။ ငါအတည်ပြောနေတာ လှိုင်းလေးကသားအိမ်ပါတဲ့အမျိုးသားတစ်ဦးပဲ။ အခုသူ့မှာကိုယ်ဝန်ရှိနေပြီ"
အားကြိုးမာန်တက်ရှင်းပြကာပြောလာပေမယ့် သားတော်မောင်က ခံစားချက်မဲ့လို့ မျက်နှာသေနှင့် ထလာကာပုလင်းကိုကိုင်လို့ မော့လိုက်ပြီး
"သူဗိုက်ကြီးတယ်ထားအုံး ကျွန်တော်နဲ့ရတယ်ဆိုတာကျိန်းသေလို့လား"
"မင်းဘာစကားပြောလိုက်တာလဲမာန်ရိပ်"
"မာမီစောက်ရမ်းအထင်ကြီးနေတဲ့အဲ့လူက ကျွန်တော််နဲ့တင်မဟုတ်ဘူး လူတကာနဲ့အိပ်တဲ့ကောင်ဗျ"
"ဖြောင်း"
မထင်မှတ်ပဲအရိုက်ခံလိုက်ရသည်။
"ကြည့် ဘယ်လိုလုပ်ကြမလဲ။ ဒီမိန်းမကြီး စိတ်မထိန်းနိုင်ပဲ ရာကူဇာခေါင်းဆောင်ကိုပါးရိုက်လိုက်မိပြီ"
"မင်းဘယ်လိုလုပ်မလဲမာန်ရိပ် ငါ့ခေါင်းကိုဖြတ်မလား လုပ်လိုက်။ လုပ်လိုက်စမ်းပါ လူဆိုးကြီးရဲ့"
"ဒါပေမဲ့မင်းအဲ့စကားကိုတော့နောက်ထပ်မပြောနဲ့။ ငါသေမယ်ဆိုရင်တောင်မင်းကိုသတ်မိလိမ့်မယ်"
"မင်းကိုမင်းအဖေလိုဆိုးသွမ်းတဲ့သူလို့ထင်တာ။ မင်းအဖေထက်တောင်ဆိုးနေပါလား ဟမ်မာန်ရိပ်"
"မင်းအဖေကမှ ငါ့ဘဝကိုတာဝန်ယူခဲ့သေးတယ်။ မသေခင်ချိန်ထိငါ့အပေါ်ဂရုစိုက်ခဲ့သေးတယ်။ ငါ့အမုန်းတွေကို သည်းခံပေးခဲ့သေးတယ်ဟဲ့"
"တော်တော့။ တော်တော့ဗျာ ကျွန်တော့်ရှေ့ကထွက်သွားတော့"
"မင်း"
"ကျွန်တော်ဘာဖြစ်နေလဲသိလို့လား ဟမ်။ ကျွန်တော့်စိတ်ကိုဆွမနေဘဲပြန်တော့ ကျွန်တော်သတ်မိလိမ့်မယ်"
ဘယ်လောက်ပဲဒေါသထွက်နေပါစေ ဘယ်လောက်ပဲချေပပြောခဲ့ပါစေ အခုလိုရိုင်းရိုင်းစိုင်းစိုင်းနဲ့ မအော်ခဲ့ဘူးသောသားဖြစ်သူ။ သူစရိုက်ကိုဆန့်ကျင်လို့ မိခင်အပေါ်အတတ်နိုင်ဆုံးညင်သာပေးခဲ့သူ။
သားရဲ့ဖြစ်နေပုံအားကြည့်လို့ ထွက်မသွားမိဘဲ သူ့အရှေ့တွင်သာ ငြိမ်ကာရပ်နေမိသည်။
"မာမီသိလား ကျွန်တော့်ဘဝမှာ ပထမဆုံးအနေနဲ့လူတစ်ယောက်ကိုလိုချင်တောင့်တမိခဲ့တယ်"
"ဘာမဆိုအလွယ်လေးရယူခဲ့တဲ့ကျွန်တော်က သူ့အတွက်နဲ့အချိန်တွေအများကြီးပေးစောင့်ခဲ့ရတယ်။ ခက်ခက်ခဲခဲထိန်းချုပ်ထားပြီးမှ သူ့အနားရောက်ခဲ့ရတာ"
"အဲ့အချိန်အတောတွင်း ကျွန်တော်ကိုကလေးတစ်ယောက်မို့ငြင်းခဲ့သူက လူတကာနဲ့ကျအဆင်ပြေအောင်လက်ခံပေးနေတယ်"
"အချိန်တန်တော့ သူ့ကိုကျွန်တော်အနားမှာပဲခေါ်ထားခဲ့တယ်လေ။ ဝန်ခံပါတယ် ကျွန်တော်ဝန်ခံတယ်"
"သူနဲ့အတူရှိနေချိန် ကျွန်တော်သူ့အပေါ်စွဲလမ်းမိတယ်။ ကျွန်တော့်လိုကောင်က မလုပ်ဖူးတာတွေကိုတောင် သူ့ကြောင့်လုပ်ခဲ့ဖူးတယ်။ သူကလွဲရင်ဘာကိုမှမတောင့်တမိတဲ့အထိ ကျွန်တော်နစ်မွန်းမိတယ်"
"ဒါကို ကျွန်တော်ကိုထားသွားမယ့်လမ်းသူရွေးခဲ့တာ။ သူကိုခေါ်ထားတာက အထီးကျန်ပြီးမွန်းကြပ်တယ်လို့သူကိုယ်တိုင်ပြောခဲ့တာ"
အမိန့်ဆန်ဆန်စကားတို့ကလွဲ၍မပြောဖူးသူမှာ သောက်ထားသည့်အရှိန်ကြောင့် မြိုသိပ်ထားသည်များအဆက်မပြတ်ပြောလို့နေသည်။
"သူဒီအိမ်ကထွက်သွားတော့ ကျွန်တော်ရူးမတတ်လိုက်ရှာလိုက်ရတာဗျ။ သူကိုပြေးခွင့်ရအောင် ကူညီပေးတယ်ဆိုတဲ့သူနဲ့ ကျွန်တော်သွားတွေ့ခဲ့တယ်"
"ဘာပြောလိုက်လဲသိလား။ ဟက် သူနဲ့သူ့အကောင်ကတစ်အားလွမ်းနေကြတာမို့ အကူညီလာတောင်းလို့လုပ်ပေးရတာတဲ့"
"မဖြစ်နိုင်ပါဘူးသား မင်းသူများပြောတာ လွယ်လွယ်ယုံတဲ့သူမှမဟုတ်တာ"
"မသိဘူး ကျွန်တော်မြင်ခဲ့ရတာတွေထက်မမြင်ချင်တာပဲသိတယ်။အမှန်သာဆို သူဘယ်လောက်-ာဆန်တယ်ဆိုတာထပ်သိရအုံးမှာလား"
"မာန်ရိပ်သွေး"
"ကျစ် အဲ့တုန်းကျွန်တော့်ရင်ထဲဘယ်လောက်သွေးပျက်ခဲ့လဲမာမီသိလား"
"ကျွန်တော်နဲ့မတွေ့ခင် အဲ့လူတွေနဲ့ဖြစ်ခဲ့တဲ့အကြောင်းတွေ။ လူတကာကသူ့ကိုလိုချင်နေတယ်ဆိုတိုင်း သူလုပ်ချင်ရာလုပ်ခဲ့တာဗျ"
"သူကအစတည်းကကျွန်တော့်ဆီကထွက်ပြေးချင်နေတာ။ကျွန်တော့်လက်ထဲကပြေးရဲလောက်တဲ့အထိ သူ့အကောင်တွေကိုသူသိပ်လွမ်းနေခဲ့တဲ့ပုံပဲ"
"လူတကာအိပ်ယာထဲအိပ်ပြီးမှ ဘာမှမသိတဲ့ပုံနဲ့ကျွန်တော့်ကိုလှည့်စားသွားတာ။ ဒါတောင်သူဗိုက်ကြီးမှကျွန်တော်တဲ့လား"
"ဘာလဲ မာမီကကျွန်တော့်ကို ရာကူဇာဂိုဏ်းချုပ်ကနေ နွားလားဥဿပလုပ်ခိုင်းဖို့လား"
အရက်ရှိန်နဲ့မူးကာ ခေါင်းပေါ်လက်နှစ်ချောင်းထောင်ပြလို့ပြောလာလေတယ်။
"အမေ အမေမယုံသေးဘူးသား။ အဲ့ဒါအမှန်တွေဟုတ်ချင်မှဟုတ်မှာ"
"ကျွန်တော့်လက်ထဲ သေနတ်မဟုတ်ဘဲဘာလို့ပုလင်းရှိနေလဲမာမီသိလား"
"မာမီမသိဘူး။သူဒုက္ခရောက်နေမှာပဲဆိုပြီးရှာဖို့လုပ်ခဲ့တာလေ ဘယ်သူထင်မှာလည်း လူသုံးယောက်အောက်သာယာနေတဲ့သူတွက် မာန်ရိပ်သွေးကအချိန်ကုန်ခံနေမယ်လို့"
"ကျွန်တော့်ကိုကျ လိင်ကိစ္စနဲ့ပတ်သတ်ပြီးပြဿနာရှိနေတာလားတဲ့။ဟမ့် သူကျတော့ အသားထိတာနဲ့ပေါင်ကားတော့တာပဲ"
"ချီးပဲ ဘဝမှာသြကားကြည့်လို့ရင်နာရတာ ဒီတစ်ခါပဲရှိတယ်။ ဒီစောက်လုံးတွေကိုတောင်ဖောက်ပစ်ချင်တာမာမီနားလည်လား"
"တော်ပါတော့ တော်ပါတော့မာန်ရိပ်။ လှိုင်းကအဲ့လိုလူမဟုတ်ဘူးဆိုတာမာမီယုံတယ်။ မင်းပြောတာတွေနဲ့ပတ်သတ်ပြီး ငါကိုယ်တိုင်စုံစမ်းမယ်"
"အဲ့အချိန်ကြရင်တော့ မာမီပြောတာတွေကိုပဲ မင်းယုံပေးမယ်မှတ်လား။ ဒီအမေကအမြဲမင်းဘက်ကပဲဆိုတာမင်းသိပါတယ်။"
"မင်းအကျိုးယုတ်စေမဲ့အရာတွေကို ဘယ်တုန်းကမှမလိုလားခဲ့ဘူး။ မာမီ့ကိုယုံပေးပါ"
သားငယ်အားကျောခိုင်းကာထွက်လာခဲ့လို့ အောက်မှသူတွေကိုလည်း ဂရုစိုက်ဖို့ရန်မှာကြားပြီး ပြန်လာခဲ့လိုက်သည်။
* * * * * * * * * * * * * *
"ကိုကို နိုးလာပြီလား ကိုကို"
"ကျွန်တော်လေကျွန်တော့်ကိုသိတယ်မလား"
"စစ်လေး"
"အင်းကိုကို ကျွန်တော်စစ်လေး ကိုကို့စစ်လေး"
"ဟင့် စစ်လေး အီး စစ်လေးဟီးအီး ကိုကို ကိုကို့ကိုကယ်ပါအုံးစစ်လေးရာ"
နိုးနိုးချင်းငိုချလာပြီး ကုန်းထလို့လက်လှမ်းလာတာမို့ အမြန်ဖက်ကာရင်ခွင်ထဲထည့်ထားလိုက်သည်။
"မငိုပါနဲ့ကိုကို ဘာမှမဖြစ်တော့ဘူး ကိုကိုအခုဘာမှမဖြစ်တော့ဘူး ဟုတ်ပြီလား"
"စစ်လေး သုတ သုတရော သူရောဘယ်မှာလဲ"
"ဘယ်သူကိုပြောနေတာလဲကိုကို"
"လှိုင်းသတိရလာပြီလား"
"မီးမီးချစ်"
"အင်းတို့ပါလှိုင်း"
ထိုစဥ်အနောက်မှ မှော်ဝင်နှင့်ဝဿန်ဦးတို့နဲ့အတူ ဆရာဝန်အချို့ဝင်လာကြသည်။
"အကို အကိုမှော်ဝင် သုတ သုတရောဘယ်မှာလဲ။ ကျွန်တော်သူနဲ့တွေ့ချင်တယ် သူဘယ်မှာလဲ"
ဖြေရခက်ကာ အားလုံးမျက်နှာလွှဲလို့သွားသည်။ လှိုင်းသတိမရခင်အချိန်က ကိုဇော်ကြီးဆိုတဲ့သူလာတွေ့လာတာမို့ လှိုင်းအနားမှာသာနေနေတဲ့အဏ္ဏဝါကလွဲ၍ အကြောင်းဆုံသိခဲ့ကြရသည်။
"ကျွန်တော်မေးနေတယ်လေ"
လက်မလျှော့ဘဲ မေးမြဲမေးလာတာမို့ မီးမီးချစ်မှဝင်၍
"အဲ့တစ်ယောက်ကလုံခြုံပါတယ်လှိုင်းရဲ့သူအဖမ်းခံရမှာဆိုးလို့ပြေးနေရလို့ လာတွေ့နိုင်မှာမဟုတ်ဘူး"
"ဟုတ်လို့လား သုတကျွန်တော့်ကိုရအောင်လာတွေ့မယ်လို့ပြောခဲ့တာ။ သူလာမယ်ဆိုတာကျွန်တော်သိတယ်"
"အင်းဟုတ်တယ် သူလာမှာ။ အခုကအချိန်မကျသေးလို့ နောက်ကျလာတွေ့လိမ့်မယ်။ လှိုင်းစိတ်မပူနဲ့နော်"
ထိုအခါမှ ခေါင်းညိမ့်လို့ငြိမ်ကျသွားသူ။
"ကိုကို ဘာစားချင်လဲ ကျွန်တော်ဘာဝယ်ပေးရမလဲ။ ဗိုက်ဆာနေရောပေါ့ အာဟာရဖြစ်အောင်စားရမယ်လေ"
သတိမေ့နေတာနှစ်ရက်လောက်ရှိပြီမို့ အစားသောက်ဆိုတာကြားရုံနဲ့ ဗိုက်ကပါအချက်ပြလာလေသည်။
"အင်းးး ပင်လယ်စာချဥ်စပ်နဲ့ စပျစ်သီး"
"အင်း ခဏလေးစောင့်ကျွန်တော်သွားဝယ်ပေးမယ်"
"ဟေ့ကောင်အဏ္ဏဝါ စားလို့ရလားဆရာဝန်ကိုအရင်မေးအုံးလေ"
"အသီးအနှံကစားပေးလို့ရပေမယ့် အချဥ်အစပ်တွေတော့ လုံးဝမကျွေးပါနဲ့"
"ဒီအချိန် ကိုယ်ဝန်ကြောင့် တောင့်တမှုတော့ရှိပေမယ့် ခန္တာကိုယ်ကမသက်သာသေးတော့ဂရုလေးတော့စိုက်ပေးပါ"
အဏ္ဏဝါဆရာဝန်ပြောတာအားနားထောင်ပြီး
"ကိုကို စပျစ်သီးလေးတော့ရပေမယ့် ပင်လယ်စာချဥ်စပ်အစား ပင်လယ်စာဆန်ပြုတ်လေးစားချင်လား"
"အင်း"
"ဟုတ်ပြီ ကျွန်တော်အခုသွားဝယ်လိုက်မယ်။ နောက်လည်းကိုကိုစားချင်တာတွေပြော ကျွန်တော်ကိုယ်တိုင်လုပ်ပေးမယ်သိလား"
"အင်း"
ဘာပြောပြောခေါင်းငြိမ့်လာသော ကျွန်တော်မြတ်နိုးရသူ။ သူ့အသံလေးတွေလွမ်းနေလို့စကားတွေအများကြီးပြောချင်ပေမယ့် ပင်ပန်းမဲ့အစား အားရှိအောင် အရင်ပြုစုပေးရအုံးမည်မဟုတ်လား။
"ဒါဆို ကျွန်တော့်မှာ ကိုယ်ဝန်ရှိတဲ့အကြောင်းသိသွားကြပြီပေါ့"
"အင်း မစိုးရိမ်ပါနဲ့လှိုင်း။ ကလေးက ကျန်းကျန်းမာမာပဲတဲ့ ဘာမှမဖြစ်ဘူးသိလား"
"သူရော သူကျွန်တော့်ဆီမလာဘူးလားဟင်မီးမီးချစ်"
"ဪ သူခရီးထပ်သွားနေရလို့တဲ့လှိုင်းရဲ့။ ဒေါ်ဒေါ်နွေခတ်ငြိမ်းတော့ လာတွေ့တယ်သိလား"
"အန် အန်တီနွေကလား"
"အင်း သူ့သားကို လှိုင်းလေးအကြောင်းပြောပြပေးမှမို့ မကြာခင်လာတွေ့မှာသေချာတယ်သိလား"
ပျော်သွားပုံရသည်။ စိတ်အေးကာငြိမ်သွားလို့ ဗိုက်ကြီးသည်လေးစိတ်ချမ်းသာဖို့ရာ ဘယ်ချိန်ထိလိမ်ညာပေးနေရမလဲ မသိ။
"ကဲကွာလှိုင်း သက်သာအောင်အရင်နေ။ ပြီးရင်ကိုယ်တို့လှိုင်းရဲ့အိမ်ကိုသွားကြမယ်။ အဖွားကလှိုင်းကိုစိတ်ပူနေတာ"
"ဟုတ်တယ် ကျွန်တော်အဖွားကိုတွေ့ရမယ်။ အဖွားဘယ်လိုနေလဲ နေကောင်းရဲ့လား"
"လှိုင်းသာနေကောင်းအောင်အရင်နေပြီး ဆေးရုံကဆင်းကြမယ်ဟုတ်ပြီလား"
မာန်ရိပ်သွေးစံအိမ်ရဲ့မီးဖိုချောင်ထဲတွင် ကြွက်သားအပြည့်နဲ့ ယောကျာ်းသားကြီးမှ အေပရွန်ဝတ်လို့သီချင်းတအေးအေးနဲ့အစားသောက်ပြင်နေ၏။
"ဟေ့ကောင် မင်းအဲ့တာကြီးဝတ်ပြီးဘာလုပ်နေတာလဲကွ"
"Bossစားဖို့ထမင်းပြင်နေတာလေ"
"ဟမ် မင်းချက်နေတာလား"
"မဟုတ်ပါဘူး မယ်တော်ကြီးလာပေးသွားတာ ပန်းကန်ထဲထည့်ပြီးပြင်ပေးနေတာ"
"အဲ့တာလေးပြင်တာ အဲ့လိုဝတ်ဖို့လိုလို့လားကွ"
"မင်းကလည်း သူ့ကိုမီးဖိုချောင်ထဲမှာဘယ်သူ့မှအဖတ်မလုပ်ဘဲပစ်ထားတော့ ငါသနားလို့ပါကွ"
"သေလိုက်ပါလား"
" ဒါပေမယ့်ဒီတစ်ခါရောBossစားပါ့မလား"
"သူ့အမေလာပေးတာဆိုရင်တော့ စားမှာပါ"
"မင်းလည်းသေချာကျွေးခဲ့အုံး"
"အင်းပါကွ"
"ဒေါက် ဒေါက် ဒေါက်Boss"
နောက်ပိုင်းအလုပ်တွေထဲသိပ်ဝင်မပါတော့ဘဲ ဥက္ကဌကြီးနဲ့သာလွှဲလို့ထား၏။ အစားလည်းမှန်မှန်မစားတော့ အချိန်ရှိတိုင်းအရက်ပြင်းပြင်းတွေသောက်နေတတ်သည်။
"ကျွန်တော်ဝင်လာပြီနော်"
"Boss Bossအမေက Bossစားဖို့ ပင်လယ်စာချဥ်စပ်ဟင်းနဲ့ အမဲသားကြော်လေးပို့လိုက်တယ်။ ထမင်းလေးစားလိုက်ပါလား"
"အင်း ထားခဲ့"
"ကြိမ်း ကြိမ်းသေပေါက်စားလိုက်နော်Boss။ သူ့သားလေးကြိုက်တာတွေတကူးတကလုပ်လာပေးတာ"
"ငါသိတယ် မင်းသွားတော့လို့"
"ဟုတ်ကဲ့Boss"
ငါ့လိုကောင်က သူများအမြင်သနားစရာတောင်ကောင်းနေပြီ။ ဒါတွေအကုန်ခင်ဗျားကြောင့်ပဲဒီရေလှိုင်း။ ခင်ဗျားအရူးထခဲ့ပြီးပြီ ဆက်ပြီးအရူးမထပါနဲ့တော့။
ကျုပ်ကြိမ်းသေပေါက် ဒီလိုအခြေနေကနေရုန်းထွက်ပြမယ်။ ကျုပ်လိုလူခံစားရတာနဲ့ထိုက်တန်လို့ ခင်ဗျားကိုတော့လေးစားပါတယ်။
ခဏတာတော့ဒါတွေတွက်အချိန်ပေးလိုက်မယ်။ ခင်ဗျားရောက်မလာခင်တည်းက ဒုစရိုက်အလုပ်လုပ်နေတဲ့ကောင်ပါ။ ကျုပ်ဘယ်လောက်သွေးအေးလည်းခင်ဗျားကိုပြမယ်။
"Boss Boss Boss Boss"
အသည်းသန်ခေါ်လို့ ခွင့်ပြုချက်တောင်မယူ ပြေးဝင်လို့လာကြသည်။
"ဘာဖြစ်တာလဲ"
"Boss Bossအမေ Bossအမေ"
"ဟျောင့် ဘာဖြစ်လည်းပြောလေကွာ"
"Bossအမေ ကားတိုက်မှုဖြစ်လို့ ဆေးရုံတင်ထားရတယ်တဲ့"
"ဘာကွ"
"ဘာဖြစ်တာလဲ ဘယ်လိုဖြစ်တာလဲကွ ဟမ်"
"အဲ့ အဲ့ဒါက Bossကတော်လေးကို ဆေးရုံမှာတွေ့ပြီးအပြန် ဆေးရုံရှေ့မှာတင် ကားချင်းတိုက်မိတာ"
"တောက်စ် ကားအခုပြင် အခုသွားမယ်"
"ဟုတ်ကဲ့Boss"
ချက်ချင်းလိုက်ထွက်လာတာကြောင့် အမြန်ဆင်းကာအရှေ့မှသွားနေရသည်။
"အခြေနေကဘယ်လိုတဲ့လဲ"
"စိုးရိမ်ရတယ်ပြောတယ် အခုထိခွဲစိတ်ခန်းကထွက်မလာသေးဘူးတဲ့"
"ရအောင်ကယ်ခိုင်း"
"မလုပ်နိုင်တဲ့သူတွေအကုန်သတ်ပစ်မယ်လို့ပြောလိုက်"
"ဟုတ်ကဲ့Boss။ အယ်မရဘူးလေBoss အဲ့တာပုဂ္ဂလိကဆေးရုံလေ"
"ဘာဖြစ်ဖြစ် ငါ့အမေတစ်ခုခုဖြစ်လို့ကတော့ အကုန်သတ်ပစ်မှာ"
အခုတောင်အဲ့လိုဖြစ်နေတာ ဒီမတော်တဆမှုက သွေးရိုးသားရိုးမဟုတ်တာသိလို့ကတော့ မိုးမီးလောင်မှာမြင်ယောင်လို့နေသည်။
ဆေးရုံးအတွင်းအလျင်စလိုဝင်လာမိပေမယ့် မရောက်ဖူးကြတာမို့ တိုင်ပတ်လို့နေကြ၏။
"ဒီမှာခဏလောက် ခွဲစိတ်ခန်းကဘယ်ဘက်မှာလဲမသိဘူး"
ကိုယ့်ရဲ့လူမှာ လမ်းမှာတွေ့တဲ့သူတစ်ယောက်ကိုလမ်းမေးနေတာမို့ ရောက်တဲ့နေရာမှ ဘေးရှိအခန်းတွင်းသို့အမှတ်တမဲ့ကြည့်မိလိုက်သည်။
ရှားရှားပါးပါး စွဲလမ်းခဲ့ဖူးသူမှာ အခြားတစ်ယောက်ကယုယုယယထမင်းခွံပေးနေတာကို ကျေကျေနပ်နပ်ခံယူလို့ ကြည်နူးနေကြလေရဲ့။
"သိရပြီBoss သွားရအောင်"
တစ်ချက်လေးလှည့်လိုက်မိပါတယ် အစောကလိုစိုးရိမ်နေပုံမဟုတ်တော့ဘဲ မေးကြောများထောင်တက်နေသည်ထိ အံကြိတ်လို့ထား၏။ ရဲတက်နေသောမျက်ဝန်းတို့မှာ မီးဟုန်းဟုန်းတောက်နေသည့်အလား။ တောက်တစ်ချက်ခေါက်လို့ အရှေ့ကအရင်ဆုံးထွက်လို့သွားလေရဲ့။
ခွဲစိတ်ခန်းရှေ့အချိန်အတော်ကြာစောင့်လိုက်ရပြီး နောက်တော့အခန်းတွင်းရွေ့လိုက်သည်။ အခြေနေမှာ ခြေထောက်ကိုအတော်ဆိုးဆိုးထိလို့ထားတာမို့ လက်မလျှောက်နိုင်တော့မှာစိုးရိမ်မိပြီး လတ်တလောကို ကိုမာသဘောဖြစ်နေလို့ အချိန်တစ်ခုထိ သတိမရနိုင်သေးကြောင်းပြောလာတယ်။
ကုတင်ဘေးတွင်မာန်ရိပ်သွေးထိုင်နေလို့
"အမေ့ကိုဆေးရုံပြောင်းဖို့ပြင်။ ပြီးရင်စောင့်ရှောက်ပေးဖို့လူအလုံအလောက်ဌားထား။ အခြေနေကြည့်ဖို့လည်း လေးယောက်လောက်ဒီကိုလွှတ်ထားပေး"
"ငါဒီကိစ္စအကြောင်းရင်းကို အရင်သိရအောင်လုပ်ရမယ်"
"ဟုတ်ကဲ့Boss"
စိတ်တိုင်းကျအမိန့်တို့ ပေးကာမှာလို့ထွက်သွားလေသည်။
"မာန်ရိပ်။ မာန်ရိပ်မင်းမှတ်လား"
အဆောင်ထဲမှထွက်လာချိန် လမ်းတစ်နေရာတွင် အနောက်မှ ကိုယ့်နာမည်အား ချိုသာစွာခေါ်လာသော ရင်းနှီးနေတဲ့အသံ။
"သား လိႈင္းေလးမႏိုးေသးဘူးလား"
ျပန္မေျပာလာပဲ ေခါင္းအသာၿငိမ့္ျပလာသူက စိတ္ပင္ပန္းအားယုတ္ေနတဲ့ပံု။
"ေဒၚေဒၚ မီးငယ္တို႔ ေဒၚေဒၚနဲ႔တိုင္ပင္ဖို႔ရိွတယ္"
"ဘာကိစၥမ်ားလဲမီးေလး"
"ကိစၥက လိႈင္းမွာေလ ေဒၚေဒၚသားနဲ႔ရတဲ့ကိုယ္ဝန္ရိွေနၿပီ"
"ဘယ္လို"
"တကယ္ေျပာတာ ေဒၚေဒၚမယံုရင္ ဆရာဝန္ကိုေမး"
"ယံုပါတယ္ ေဒၚေဒၚမီးေလးတို႔ကိုယံုတယ္။ အံ့ၾသသြားရံုပါ"
ထို႔ေနာက္ သတိေမ့ေနေသာ ဒဏ္ရာေတြနဲ႔မ်က္ႏွာႏုႏုေလးကို အသာယာကိုင္လို႔ေနၿပီး
"ဘယ္လိုေတြေတာင္ စိတ္ပင္ပန္းေနခဲ့ရမလဲ။ အန္တီမသိခဲ့မိလို႔ေတာင္းပန္ပါတယ္ကြယ္"
"တခ်ိန္ကမွတ္မိခဲ့တဲ့ ကေလးမ်က္ႏွာေလးနဲ႔ လူႀကီးေလးက စိတ္ဒုကၡေတြရဲ့သားေကာင္ျဖစ္ခဲ့ၿပီး မ်က္ႏွာမွာပူပန္မႈအျပည့္နဲ႔ပါလား"
"စိတ္ခ်ပါ လိႈင္းအတြက္ သူတာဝန္ယူေစရမယ္"
"မလိုဘူးအန္တီ"
"ကိုကိုႏိုးတဲ့အထိေစာင့္ပါ။ ကိုကိုျဖစ္ေစခ်င္တာကိုပဲကြၽန္ေတာ္တို႔လုပ္မွာ။
"သူသာတာဝန္ယူခိုင္းဖို႔ျငင္းခဲ့ရင္ ကြၽန္ေတာ္တို႔အန္တီသားဆိုတဲ့ေကာင္ကိုမလိုဘူး"
"ဒါေပမယ့္အဏၰဝါ အကယ္လို႔လိႈင္းကအလိုရိွခဲ့ရင္ေရာ"
မီးမီးခ်စ္အေျပာေၾကာင့္ စိတ္ဓာတ္က်ဟန္နဲ႔ ေခတၲတိတ္ဆိတ္သြားၿပီး
"ကြၽန္ေတာ့္ဘက္က ေတာင္းဆိုရမယ္ဆိုရင္ေတာင္ ေတာင္းဆိုပါ့မယ္"
"ျငင္းလို႔ကေတာ့အဲ့အေကာင္ကိုအေသသတ္မွာေနာ္"
"အဲ့အတြက္အန္တီတာဝန္ယူပါ့မယ္။ သားေျပာသလို လိႈင္းဆံုးျဖတ္ခ်က္ကို အန္တီလည္းလက္ခံမွာပါ"
မီးမီးခ်စ္အဏၰဝါအားၾကည့္ေနရင္း တစ္ဖက္သတ္အခ်စ္ရဲ့ အင္းအားအေပၚမခံစားႏိုင္လို႔ အခန္းျပင္သို႔ထြက္လာခဲ့သည္။
* * * * * * * * * * * * * *
"ဖြားဖြား ဖြားဖြားေရ ဖြားဖြား"
သႏၲာလိႈင္းေအာ္ေခၚကာအိမ္ေပၚတက္လာလို႔ အဖြားရိွရာအခန္းဆီဝင္လာခဲ့သည္။
"ဘြားဘြား ကိုႀကီးကိုရွာေတြ့ၿပီတဲ့။ ကိုႀကီးျပန္လာၿပီဘြားရဲ့"
"ေဟ ဘယ္မလဲ ငါ့ေျမးႀကီးဘယ္မလဲ"
"ဪ ၿငိမ္ၿငိမ္ေနပါဘြားရယ္။ ေလာေလာဆယ္ကိုႀကီးကေနသိပ္မေကာင္းလို႔ ေဆးကုေနတာဘြားရဲ့"
"ေဆးကုၿပီးတာနဲ႔ လာေတြ့မွာတဲ့။ သူ႔ကိုစိတ္မပူဖို႔ေကာ အဖြားကိုေနေကာင္းေအာင္ေနဖို႔ပါ မွာလိုက္လို႔ဖြားရဲ့"
"အဟြတ္ အဟြတ္ အဟြတ္ အမယ္ေလး"
"ၾကည့္ ဒီလိုေနလို႔မေကာင္းေနလို႔ကေတာ့ ကိုႀကီးျပန္လာရင္ဆူခံေနရအံုးမယ္"
"အဟြတ္ အင္းပါ ငါ့ေျမးေလးေဘးမသိရန္မချပန္ေရာက္လာရင္ကိုပဲ ဒီအဘြားႀကီး ဝမ္းသာေနပါၿပီ"
"ဒါဆိုရင္ ငိုလည္းမငိုနဲ႔ေတာ့ေနာ္ ထမင္းလည္းပံုမွန္စား ေဆးလည္းမွန္မွန္ေသာက္ မဟုတ္လို႔ကေတာ့ ကိုႀကီးနဲ႔ကိုတိုင္အံုးမွာ"
"အမေလး သႏၲာေလးကေတာ့အဖြားကိုၿခိမ္းေျခာက္ေနလိုက္တာ"
"ဒီေရဘယ္ေန့ေရာက္မွာလဲ အန္တီခိုင္သူႀကိဳက္တာေလးခ်က္ေပးထားအံုးမယ္"
"အဲ့တာေတာ့သႏၲာလည္းသိဘူး။ ကိုႀကီးစစ္ကိုေမးေပးထားမယ္ေလ"
* * * * * * * * * * * * * *
"မင္းတို႔Bossေရာ"
"ဝင္မသြားပါနဲ႔အံုးလားမယ္ေတာ္ႀကီး Bossစိတ္အေျခေနကေတာ္ေတာ္ဆိုးေနတယ္"
"ဘာျဖစ္ျဖစ္ ငါကိစၥကအရမ္းအေရးႀကီးတယ္။ အခုေတြ့မွရမယ္"
တားလို႔မရတာမို႔ Bossရိွရာအခန္းတြင္းသို႔ ဝင္ကာသြားေတာ့သည္။
အခန္းထဲဝင္လိုက္ေတာ့ မနက္ဘက္ကိုေတာင္အေမွာင္ခ်ထားလို႔ ပစၥည္းေတြမရိွဗလာက်င္းရွင္းလင္းေနသည္။ ၾကည့္ရတာအကုန္ရိုက္ခ်ိဳးခြဲထားလို႔ သူလူေတြဘာမွထပ္မထည့္ေပးထားၾကပံု။
ကုတင္တစ္လံုးသာထားလို႔ ထိုကုတင္ေပၚထိုင္ကာ အရက္ေသာက္ေနသူ။ ေဘးမွာလည္းပုလင္းလြတ္ေတြႏွင့္ ရိုက္ခြဲတတ္သူမို႔ထိုပုလင္းလြတ္တို႔က ဒီေန့တြင္းေသာက္ထားသည္မ်ားျဖစ္လိမ့္မည္။
"မာန္ရိပ္ေသြး မင္းဘယ္လိုပံုျဖစ္ေနတာလဲ"
"မာမီမင္းကိုအေရးႀကီးတာေျပာဖို႔ရိွတယ္။ မင္းအခုလိုေနေနရမယ့္အခ်ိန္မဟုတ္ဘူး"
"မာန္ရိပ္ေသြး မင္းေျပာတာၾကားလား"
"ခြမ္း"
လက္ထဲကခြက္အား နံရံဆီပစ္ကာေပါက္လိုက္သည္။
"ေျပာစရာရိွရင္ေနာက္မွေျပာ အခုကအခ်ိန္ေကာင္းမဟုတ္ဘူး"
"အရမ္းအေရးႀကီးတယ္မာန္ရိပ္ေသြး"
"မင္းမၾကားခ်င္လည္းငါေျပာရမယ္။ လိႈင္းေလးကမင္းရဲ့ကိုယ္ဝန္ကိုလြယ္ထားရတယ္"
"ဟက္ဘာတဲ့။ ဟာ့ ဟား ဟားဟားဟား ဟားဟားဟား ကိုယ္ဝန္ သူက ကြၽန္ေတာ့္ရဲ့ကိုယ္ဝန္"
"ဟာသမဟုတ္ဘူးမာန္ရိပ္။ ငါအတည္ေျပာေနတာ လိႈင္းေလးကသားအိမ္ပါတဲ့အမ်ိဳးသားတစ္ၪီးပဲ။ အခုသူ႔မွာကိုယ္ဝန္ရိွေနၿပီ"
အားႀကိဳးမာန္တက္ရွင္းျပကာေျပာလာေပမယ့္ သားေတာ္ေမာင္က ခံစားခ်က္မဲ့လို႔ မ်က္ႏွာေသႏွင့္ ထလာကာပုလင္းကိုကိုင္လို႔ ေမာ့လိုက္ၿပီး
"သူဗိုက္ႀကီးတယ္ထားအံုး ကြၽန္ေတာ္နဲ႔ရတယ္ဆိုတာက်ိန္းေသလို႔လား"
"မင္းဘာစကားေျပာလိုက္တာလဲမာန္ရိပ္"
"မာမီေစာက္ရမ္းအထင္ႀကီးေနတဲ့အဲ့လူက ကြၽန္ေတာ္္နဲ႔တင္မဟုတ္ဘူး လူတကာနဲ႔အိပ္တဲ့ေကာင္ဗ်"
"ေျဖာင္း"
မထင္မွတ္ပဲအရိုက္ခံလိုက္ရသည္။
"ၾကည့္ ဘယ္လိုလုပ္ၾကမလဲ။ ဒီမိန္းမႀကီး စိတ္မထိန္းႏိုင္ပဲ ရာကူဇာေခါင္းေဆာင္ကိုပါးရိုက္လိုက္မိၿပီ"
"မင္းဘယ္လိုလုပ္မလဲမာန္ရိပ္ ငါ့ေခါင္းကိုျဖတ္မလား လုပ္လိုက္။ လုပ္လိုက္စမ္းပါ လူဆိုးႀကီးရဲ့"
"ဒါေပမဲ့မင္းအဲ့စကားကိုေတာ့ေနာက္ထပ္မေျပာနဲ႔။ ငါေသမယ္ဆိုရင္ေတာင္မင္းကိုသတ္မိလိမ့္မယ္"
"မင္းကိုမင္းအေဖလိုဆိုးသြမ္းတဲ့သူလို႔ထင္တာ။ မင္းအေဖထက္ေတာင္ဆိုးေနပါလား ဟမ္မာန္ရိပ္"
"မင္းအေဖကမွ ငါ့ဘဝကိုတာဝန္ယူခဲ့ေသးတယ္။ မေသခင္ခ်ိန္ထိငါ့အေပၚဂရုစိုက္ခဲ့ေသးတယ္။ ငါ့အမုန္းေတြကို သည္းခံေပးခဲ့ေသးတယ္ဟဲ့"
"ေတာ္ေတာ့။ ေတာ္ေတာ့ဗ်ာ ကြၽန္ေတာ့္ေရ႔ွကထြက္သြားေတာ့"
"မင္း"
"ကြၽန္ေတာ္ဘာျဖစ္ေနလဲသိလို႔လား ဟမ္။ ကြၽန္ေတာ့္စိတ္ကိုဆြမေနဘဲျပန္ေတာ့ ကြၽန္ေတာ္သတ္မိလိမ့္မယ္"
ဘယ္ေလာက္ပဲေဒါသထြက္ေနပါေစ ဘယ္ေလာက္ပဲေခ်ပေျပာခဲ့ပါေစ အခုလိုရိုင္းရိုင္းစိုင္းစိုင္းနဲ႔ မေအာ္ခဲ့ဘူးေသာသားျဖစ္သူ။ သူစရိုက္ကိုဆန္႔က်င္လို႔ မိခင္အေပၚအတတ္ႏိုင္ဆံုးညင္သာေပးခဲ့သူ။
သားရဲ့ျဖစ္ေနပံုအားၾကည့္လို႔ ထြက္မသြားမိဘဲ သူ႔အေရ႔ွတြင္သာ ၿငိမ္ကာရပ္ေနမိသည္။
"မာမီသိလား ကြၽန္ေတာ့္ဘဝမွာ ပထမဆံုးအေနနဲ႔လူတစ္ေယာက္ကိုလိုခ်င္ေတာင့္တမိခဲ့တယ္"
"ဘာမဆိုအလြယ္ေလးရယူခဲ့တဲ့ကြၽန္ေတာ္က သူ႔အတြက္နဲ႔အခ်ိန္ေတြအမ်ားႀကီးေပးေစာင့္ခဲ့ရတယ္။ ခက္ခက္ခဲခဲထိန္းခ်ဳပ္ထားၿပီးမွ သူ႔အနားေရာက္ခဲ့ရတာ"
"အဲ့အခ်ိန္အေတာတြင္း ကြၽန္ေတာ္ကိုကေလးတစ္ေယာက္မို႔ျငင္းခဲ့သူက လူတကာနဲ႔က်အဆင္ေျပေအာင္လက္ခံေပးေနတယ္"
"အခ်ိန္တန္ေတာ့ သူ႔ကိုကြၽန္ေတာ္အနားမွာပဲေခၚထားခဲ့တယ္ေလ။ ဝန္ခံပါတယ္ ကြၽန္ေတာ္ဝန္ခံတယ္"
"သူနဲ႔အတူရိွေနခ်ိန္ ကြၽန္ေတာ္သူ႔အေပၚစြဲလမ္းမိတယ္။ ကြၽန္ေတာ့္လိုေကာင္က မလုပ္ဖူးတာေတြကိုေတာင္ သူ႔ေၾကာင့္လုပ္ခဲ့ဖူးတယ္။ သူကလြဲရင္ဘာကိုမွမေတာင့္တမိတဲ့အထိ ကြၽန္ေတာ္နစ္မြန္းမိတယ္"
"ဒါကို ကြၽန္ေတာ္ကိုထားသြားမယ့္လမ္းသူေရြးခဲ့တာ။ သူကိုေခၚထားတာက အထီးက်န္ၿပီးမြန္းၾကပ္တယ္လို႔သူကိုယ္တိုင္ေျပာခဲ့တာ"
အမိန္႔ဆန္ဆန္စကားတို႔ကလြဲ၍မေျပာဖူးသူမွာ ေသာက္ထားသည့္အရိွန္ေၾကာင့္ ၿမိဳသိပ္ထားသည္မ်ားအဆက္မျပတ္ေျပာလို႔ေနသည္။
"သူဒီအိမ္ကထြက္သြားေတာ့ ကြၽန္ေတာ္ရူးမတတ္လိုက္ရွာလိုက္ရတာဗ်။ သူကိုေျပးခြင့္ရေအာင္ ကူညီေပးတယ္ဆိုတဲ့သူနဲ႔ ကြၽန္ေတာ္သြားေတြ့ခဲ့တယ္"
"ဘာေျပာလိုက္လဲသိလား။ ဟက္ သူနဲ႔သူ႔အေကာင္ကတစ္အားလြမ္းေနၾကတာမို႔ အကူညီလာေတာင္းလို႔လုပ္ေပးရတာတဲ့"
"မျဖစ္ႏိုင္ပါဘူးသား မင္းသူမ်ားေျပာတာ လြယ္လြယ္ယံုတဲ့သူမွမဟုတ္တာ"
"မသိဘူး ကြၽန္ေတာ္ျမင္ခဲ့ရတာေတြထက္မျမင္ခ်င္တာပဲသိတယ္။အမွန္သာဆို သူဘယ္ေလာက္-ာဆန္တယ္ဆိုတာထပ္သိရအံုးမွာလား"
"မာန္ရိပ္ေသြး"
"က်စ္ အဲ့တုန္းကြၽန္ေတာ့္ရင္ထဲဘယ္ေလာက္ေသြးပ်က္ခဲ့လဲမာမီသိလား"
"ကြၽန္ေတာ္နဲ႔မေတြ့ခင္ အဲ့လူေတြနဲ႔ျဖစ္ခဲ့တဲ့အေၾကာင္းေတြ။ လူတကာကသူ႔ကိုလိုခ်င္ေနတယ္ဆိုတိုင္း သူလုပ္ခ်င္ရာလုပ္ခဲ့တာဗ်"
"သူကအစတည္းကကြၽန္ေတာ့္ဆီကထြက္ေျပးခ်င္ေနတာ။ကြၽန္ေတာ့္လက္ထဲကေျပးရဲေလာက္တဲ့အထိ သူ႔အေကာင္ေတြကိုသူသိပ္လြမ္းေနခဲ့တဲ့ပံုပဲ"
"လူတကာအိပ္ယာထဲအိပ္ၿပီးမွ ဘာမွမသိတဲ့ပံုနဲ႔ကြၽန္ေတာ့္ကိုလွည့္စားသြားတာ။ ဒါေတာင္သူဗိုက္ႀကီးမွကြၽန္ေတာ္တဲ့လား"
"ဘာလဲ မာမီကကြၽန္ေတာ့္ကို ရာကူဇာဂိုဏ္းခ်ဳပ္ကေန ႏြားလားဥႆပလုပ္ခိုင္းဖို႔လား"
အရက္ရိွန္နဲ႔မူးကာ ေခါင္းေပၚလက္ႏွစ္ေခ်ာင္းေထာင္ျပလို႔ေျပာလာေလတယ္။
"အေမ အေမမယံုေသးဘူးသား။ အဲ့ဒါအမွန္ေတြဟုတ္ခ်င္မွဟုတ္မွာ"
"ကြၽန္ေတာ့္လက္ထဲ ေသနတ္မဟုတ္ဘဲဘာလို႔ပုလင္းရိွေနလဲမာမီသိလား"
"မာမီမသိဘူး။သူဒုကၡေရာက္ေနမွာပဲဆိုၿပီးရွာဖို႔လုပ္ခဲ့တာေလ ဘယ္သူထင္မွာလည္း လူသံုးေယာက္ေအာက္သာယာေနတဲ့သူတြက္ မာန္ရိပ္ေသြးကအခ်ိန္ကုန္ခံေနမယ္လို႔"
"ကြၽန္ေတာ့္ကိုက် လိင္ကိစၥနဲ႔ပတ္သတ္ၿပီးျပႆနာရိွေနတာလားတဲ့။ဟမ့္ သူက်ေတာ့ အသားထိတာနဲ႔ေပါင္ကားေတာ့တာပဲ"
"ခ်ီးပဲ ဘဝမွာၾသကားၾကည့္လို႔ရင္နာရတာ ဒီတစ္ခါပဲရိွတယ္။ ဒီေစာက္လံုးေတြကိုေတာင္ေဖာက္ပစ္ခ်င္တာမာမီနားလည္လား"
"ေတာ္ပါေတာ့ ေတာ္ပါေတာ့မာန္ရိပ္။ လိႈင္းကအဲ့လိုလူမဟုတ္ဘူးဆိုတာမာမီယံုတယ္။ မင္းေျပာတာေတြနဲ႔ပတ္သတ္ၿပီး ငါကိုယ္တိုင္စံုစမ္းမယ္"
"အဲ့အခ်ိန္ၾကရင္ေတာ့ မာမီေျပာတာေတြကိုပဲ မင္းယံုေပးမယ္မွတ္လား။ ဒီအေမကအၿမဲမင္းဘက္ကပဲဆိုတာမင္းသိပါတယ္။"
"မင္းအက်ိဳးယုတ္ေစမဲ့အရာေတြကို ဘယ္တုန္းကမွမလိုလားခဲ့ဘူး။ မာမီ့ကိုယံုေပးပါ"
သားငယ္အားေက်ာခိုင္းကာထြက္လာခဲ့လို႔ ေအာက္မွသူေတြကိုလည္း ဂရုစိုက္ဖို႔ရန္မွာၾကားၿပီး ျပန္လာခဲ့လိုက္သည္။
* * * * * * * * * * * * * *
"ကိုကို ႏိုးလာၿပီလား ကိုကို"
"ကြၽန္ေတာ္ေလကြၽန္ေတာ့္ကိုသိတယ္မလား"
"စစ္ေလး"
"အင္းကိုကို ကြၽန္ေတာ္စစ္ေလး ကိုကို႔စစ္ေလး"
"ဟင့္ စစ္ေလး အီး စစ္ေလးဟီးအီး ကိုကို ကိုကို႔ကိုကယ္ပါအံုးစစ္ေလးရာ"
ႏိုးႏိုးခ်င္းငိုခ်လာၿပီး ကုန္းထလို႔လက္လွမ္းလာတာမို႔ အျမန္ဖက္ကာရင္ခြင္ထဲထည့္ထားလိုက္သည္။
"မငိုပါနဲ႔ကိုကို ဘာမွမျဖစ္ေတာ့ဘူး ကိုကိုအခုဘာမွမျဖစ္ေတာ့ဘူး ဟုတ္ၿပီလား"
"စစ္ေလး သုတ သုတေရာ သူေရာဘယ္မွာလဲ"
"ဘယ္သူကိုေျပာေနတာလဲကိုကို"
"လိႈင္းသတိရလာၿပီလား"
"မီးမီးခ်စ္"
"အင္းတို႔ပါလိႈင္း"
ထိုစဥ္အေနာက္မွ ေမွာ္ဝင္ႏွင့္ဝႆန္ၪီးတို႔နဲ႔အတူ ဆရာဝန္အခ်ိဳ႕ဝင္လာၾကသည္။
"အကို အကိုေမွာ္ဝင္ သုတ သုတေရာဘယ္မွာလဲ။ ကြၽန္ေတာ္သူနဲ႔ေတြ့ခ်င္တယ္ သူဘယ္မွာလဲ"
ေျဖရခက္ကာ အားလံုးမ်က္ႏွာလႊဲလို႔သြားသည္။ လိႈင္းသတိမရခင္အခ်ိန္က ကိုေဇာ္ႀကီးဆိုတဲ့သူလာေတြ့လာတာမို႔ လိႈင္းအနားမွာသာေနေနတဲ့အဏၰဝါကလြဲ၍ အေၾကာင္းဆံုသိခဲ့ၾကရသည္။
"ကြၽန္ေတာ္ေမးေနတယ္ေလ"
လက္မေလ်ွာ့ဘဲ ေမးၿမဲေမးလာတာမို႔ မီးမီးခ်စ္မွဝင္၍
"အဲ့တစ္ေယာက္ကလံုၿခံဳပါတယ္လိႈင္းရဲ့သူအဖမ္းခံရမွာဆိုးလို႔ေျပးေနရလို႔ လာေတြ့ႏိုင္မွာမဟုတ္ဘူး"
"ဟုတ္လို႔လား သုတကြၽန္ေတာ့္ကိုရေအာင္လာေတြ့မယ္လို႔ေျပာခဲ့တာ။ သူလာမယ္ဆိုတာကြၽန္ေတာ္သိတယ္"
"အင္းဟုတ္တယ္ သူလာမွာ။ အခုကအခ်ိန္မက်ေသးလို႔ ေနာက္က်လာေတြ့လိမ့္မယ္။ လိႈင္းစိတ္မပူနဲ႔ေနာ္"
ထိုအခါမွ ေခါင္းညိမ့္လို႔ၿငိမ္က်သြားသူ။
"ကိုကို ဘာစားခ်င္လဲ ကြၽန္ေတာ္ဘာဝယ္ေပးရမလဲ။ ဗိုက္ဆာေနေရာေပါ့ အာဟာရျဖစ္ေအာင္စားရမယ္ေလ"
သတိေမ့ေနတာႏွစ္ရက္ေလာက္ရိွၿပီမို႔ အစားေသာက္ဆိုတာၾကားရံုနဲ႔ ဗိုက္ကပါအခ်က္ျပလာေလသည္။
"အင္းးး ပင္လယ္စာခ်ဥ္စပ္နဲ႔ စပ်စ္သီး"
"အင္း ခဏေလးေစာင့္ကြၽန္ေတာ္သြားဝယ္ေပးမယ္"
"ေဟ့ေကာင္အဏၰဝါ စားလို႔ရလားဆရာဝန္ကိုအရင္ေမးအံုးေလ"
"အသီးအႏွံကစားေပးလို႔ရေပမယ့္ အခ်ဥ္အစပ္ေတြေတာ့ လံုးဝမေကြၽးပါနဲ႔"
"ဒီအခ်ိန္ ကိုယ္ဝန္ေၾကာင့္ ေတာင့္တမႈေတာ့ရိွေပမယ့္ ခႏၲာကိုယ္ကမသက္သာေသးေတာ့ဂရုေလးေတာ့စိုက္ေပးပါ"
အဏၰဝါဆရာဝန္ေျပာတာအားနားေထာင္ၿပီး
"ကိုကို စပ်စ္သီးေလးေတာ့ရေပမယ့္ ပင္လယ္စာခ်ဥ္စပ္အစား ပင္လယ္စာဆန္ျပဳတ္ေလးစားခ်င္လား"
"အင္း"
"ဟုတ္ၿပီ ကြၽန္ေတာ္အခုသြားဝယ္လိုက္မယ္။ ေနာက္လည္းကိုကိုစားခ်င္တာေတြေျပာ ကြၽန္ေတာ္ကိုယ္တိုင္လုပ္ေပးမယ္သိလား"
"အင္း"
ဘာေျပာေျပာေခါင္းၿငိမ့္လာေသာ ကြၽန္ေတာ္ျမတ္ႏိုးရသူ။ သူ႔အသံေလးေတြလြမ္းေနလို႔စကားေတြအမ်ားႀကီးေျပာခ်င္ေပမယ့္ ပင္ပန္းမဲ့အစား အားရိွေအာင္ အရင္ျပဳစုေပးရအံုးမည္မဟုတ္လား။
"ဒါဆို ကြၽန္ေတာ့္မွာ ကိုယ္ဝန္ရိွတဲ့အေၾကာင္းသိသြားၾကၿပီေပါ့"
"အင္း မစိုးရိမ္ပါနဲ႔လိႈင္း။ ကေလးက က်န္းက်န္းမာမာပဲတဲ့ ဘာမွမျဖစ္ဘူးသိလား"
"သူေရာ သူကြၽန္ေတာ့္ဆီမလာဘူးလားဟင္မီးမီးခ်စ္"
"ဪ သူခရီးထပ္သြားေနရလို႔တဲ့လိႈင္းရဲ့။ ေဒၚေဒၚေနြခတ္ၿငိမ္းေတာ့ လာေတြ့တယ္သိလား"
"အန္ အန္တီေနြကလား"
"အင္း သူ႔သားကို လိႈင္းေလးအေၾကာင္းေျပာျပေပးမွမို႔ မၾကာခင္လာေတြ့မွာေသခ်ာတယ္သိလား"
ေပ်ာ္သြားပံုရသည္။ စိတ္ေအးကာၿငိမ္သြားလို႔ ဗိုက္ႀကီးသည္ေလးစိတ္ခ်မ္းသာဖို႔ရာ ဘယ္ခ်ိန္ထိလိမ္ညာေပးေနရမလဲ မသိ။
"ကဲကြာလိႈင္း သက္သာေအာင္အရင္ေန။ ၿပီးရင္ကိုယ္တို႔လိႈင္းရဲ့အိမ္ကိုသြားၾကမယ္။ အဖြားကလိႈင္းကိုစိတ္ပူေနတာ"
"ဟုတ္တယ္ ကြၽန္ေတာ္အဖြားကိုေတြ့ရမယ္။ အဖြားဘယ္လိုေနလဲ ေနေကာင္းရဲ့လား"
"လိႈင္းသာေနေကာင္းေအာင္အရင္ေနၿပီး ေဆးရံုကဆင္းၾကမယ္ဟုတ္ၿပီလား"
မာန္ရိပ္ေသြးစံအိမ္ရဲ့မီးဖိုေခ်ာင္ထဲတြင္ ႂကြက္သားအျပည့္နဲ႔ ေယာက်ာ္းသားႀကီးမွ ေအပရြန္ဝတ္လို႔သီခ်င္းတေအးေအးနဲ႔အစားေသာက္ျပင္ေန၏။
"ေဟ့ေကာင္ မင္းအဲ့တာႀကီးဝတ္ၿပီးဘာလုပ္ေနတာလဲကြ"
"Bossစားဖို႔ထမင္းျပင္ေနတာေလ"
"ဟမ္ မင္းခ်က္ေနတာလား"
"မဟုတ္ပါဘူး မယ္ေတာ္ႀကီးလာေပးသြားတာ ပန္းကန္ထဲထည့္ၿပီးျပင္ေပးေနတာ"
"အဲ့တာေလးျပင္တာ အဲ့လိုဝတ္ဖို႔လိုလို႔လားကြ"
"မင္းကလည္း သူ႔ကိုမီးဖိုေခ်ာင္ထဲမွာဘယ္သူ႔မွအဖတ္မလုပ္ဘဲပစ္ထားေတာ့ ငါသနားလို႔ပါကြ"
"ေသလိုက္ပါလား"
" ဒါေပမယ့္ဒီတစ္ခါေရာBossစားပါ့မလား"
"သူ႔အေမလာေပးတာဆိုရင္ေတာ့ စားမွာပါ"
"မင္းလည္းေသခ်ာေကြၽးခဲ့အံုး"
"အင္းပါကြ"
"ေဒါက္ ေဒါက္ ေဒါက္Boss"
ေနာက္ပိုင္းအလုပ္ေတြထဲသိပ္ဝင္မပါေတာ့ဘဲ ဥကၠဌႀကီးနဲ႔သာလႊဲလို႔ထား၏။ အစားလည္းမွန္မွန္မစားေတာ့ အခ်ိန္ရိွတိုင္းအရက္ျပင္းျပင္းေတြေသာက္ေနတတ္သည္။
"ကြၽန္ေတာ္ဝင္လာၿပီေနာ္"
"Boss Bossအေမက Bossစားဖို႔ ပင္လယ္စာခ်ဥ္စပ္ဟင္းနဲ႔ အမဲသားေၾကာ္ေလးပို႔လိုက္တယ္။ ထမင္းေလးစားလိုက္ပါလား"
"အင္း ထားခဲ့"
"ႀကိမ္း ႀကိမ္းေသေပါက္စားလိုက္ေနာ္Boss။ သူ႔သားေလးႀကိဳက္တာေတြတကူးတကလုပ္လာေပးတာ"
"ငါသိတယ္ မင္းသြားေတာ့လို႔"
"ဟုတ္ကဲ့Boss"
ငါ့လိုေကာင္က သူမ်ားအျမင္သနားစရာေတာင္ေကာင္းေနၿပီ။ ဒါေတြအကုန္ခင္ဗ်ားေၾကာင့္ပဲဒီေရလိႈင္း။ ခင္ဗ်ားအရူးထခဲ့ၿပီးၿပီ ဆက္ၿပီးအရူးမထပါနဲ႔ေတာ့။
က်ဳပ္ႀကိမ္းေသေပါက္ ဒီလိုအေျခေနကေနရုန္းထြက္ျပမယ္။ က်ဳပ္လိုလူခံစားရတာနဲ႔ထိုက္တန္လို႔ ခင္ဗ်ားကိုေတာ့ေလးစားပါတယ္။
ခဏတာေတာ့ဒါေတြတြက္အခ်ိန္ေပးလိုက္မယ္။ ခင္ဗ်ားေရာက္မလာခင္တည္းက ဒုစရိုက္အလုပ္လုပ္ေနတဲ့ေကာင္ပါ။ က်ဳပ္ဘယ္ေလာက္ေသြးေအးလည္းခင္ဗ်ားကိုျပမယ္။
"Boss Boss Boss Boss"
အသည္းသန္ေခၚလို႔ ခြင့္ျပဳခ်က္ေတာင္မယူ ေျပးဝင္လို႔လာၾကသည္။
"ဘာျဖစ္တာလဲ"
"Boss Bossအေမ Bossအေမ"
"ေဟ်ာင့္ ဘာျဖစ္လည္းေျပာေလကြာ"
"Bossအေမ ကားတိုက္မႈျဖစ္လို႔ ေဆးရံုတင္ထားရတယ္တဲ့"
"ဘာကြ"
"ဘာျဖစ္တာလဲ ဘယ္လိုျဖစ္တာလဲကြ ဟမ္"
"အဲ့ အဲ့ဒါက Bossကေတာ္ေလးကို ေဆးရံုမွာေတြ့ၿပီးအျပန္ ေဆးရံုေရ႔ွမွာတင္ ကားခ်င္းတိုက္မိတာ"
"ေတာက္စ္ ကားအခုျပင္ အခုသြားမယ္"
"ဟုတ္ကဲ့Boss"
ခ်က္ခ်င္းလိုက္ထြက္လာတာေၾကာင့္ အျမန္ဆင္းကာအေရ႔ွမွသြားေနရသည္။
"အေျခေနကဘယ္လိုတဲ့လဲ"
"စိုးရိမ္ရတယ္ေျပာတယ္ အခုထိခြဲစိတ္ခန္းကထြက္မလာေသးဘူးတဲ့"
"ရေအာင္ကယ္ခိုင္း"
"မလုပ္ႏိုင္တဲ့သူေတြအကုန္သတ္ပစ္မယ္လို႔ေျပာလိုက္"
"ဟုတ္ကဲ့Boss။ အယ္မရဘူးေလBoss အဲ့တာပုဂၢလိကေဆးရံုေလ"
"ဘာျဖစ္ျဖစ္ ငါ့အေမတစ္ခုခုျဖစ္လို႔ကေတာ့ အကုန္သတ္ပစ္မွာ"
အခုေတာင္အဲ့လိုျဖစ္ေနတာ ဒီမေတာ္တဆမႈက ေသြးရိုးသားရိုးမဟုတ္တာသိလို႔ကေတာ့ မိုးမီးေလာင္မွာျမင္ေယာင္လို႔ေနသည္။
ေဆးရံုးအတြင္းအလ်င္စလိုဝင္လာမိေပမယ့္ မေရာက္ဖူးၾကတာမို႔ တိုင္ပတ္လို႔ေနၾက၏။
"ဒီမွာခဏေလာက္ ခြဲစိတ္ခန္းကဘယ္ဘက္မွာလဲမသိဘူး"
ကိုယ့္ရဲ့လူမွာ လမ္းမွာေတြ့တဲ့သူတစ္ေယာက္ကိုလမ္းေမးေနတာမို႔ ေရာက္တဲ့ေနရာမွ ေဘးရိွအခန္းတြင္းသို႔အမွတ္တမဲ့ၾကည့္မိလိုက္သည္။
ရွားရွားပါးပါး စြဲလမ္းခဲ့ဖူးသူမွာ အျခားတစ္ေယာက္ကယုယုယယထမင္းခြံေပးေနတာကို ေက်ေက်နပ္နပ္ခံယူလို႔ ၾကည္ႏူးေနၾကေလရဲ့။
"သိရၿပီBoss သြားရေအာင္"
တစ္ခ်က္ေလးလွည့္လိုက္မိပါတယ္ အေစာကလိုစိုးရိမ္ေနပံုမဟုတ္ေတာ့ဘဲ ေမးေၾကာမ်ားေထာင္တက္ေနသည္ထိ အံႀကိတ္လို႔ထား၏။ ရဲတက္ေနေသာမ်က္ဝန္းတို႔မွာ မီးဟုန္းဟုန္းေတာက္ေနသည့္အလား။ ေတာက္တစ္ခ်က္ေခါက္လို႔ အေရ႔ွကအရင္ဆံုးထြက္လို႔သြားေလရဲ့။
ခြဲစိတ္ခန္းေရ႔ွအခ်ိန္အေတာ္ၾကာေစာင့္လိုက္ရၿပီး ေနာက္ေတာ့အခန္းတြင္းေရြ့လိုက္သည္။ အေျခေနမွာ ေျခေထာက္ကိုအေတာ္ဆိုးဆိုးထိလို႔ထားတာမို႔ လက္မေလ်ွာက္ႏိုင္ေတာ့မွာစိုးရိမ္မိၿပီး လတ္တေလာကို ကိုမာသေဘာျဖစ္ေနလို႔ အခ်ိန္တစ္ခုထိ သတိမရႏိုင္ေသးေၾကာင္းေျပာလာတယ္။
ကုတင္ေဘးတြင္မာန္ရိပ္ေသြးထိုင္ေနလို႔
"အေမ့ကိုေဆးရံုေျပာင္းဖို႔ျပင္။ ၿပီးရင္ေစာင့္ေရွာက္ေပးဖို႔လူအလံုအေလာက္ဌားထား။ အေျခေနၾကည့္ဖို႔လည္း ေလးေယာက္ေလာက္ဒီကိုလႊတ္ထားေပး"
"ငါဒီကိစၥအေၾကာင္းရင္းကို အရင္သိရေအာင္လုပ္ရမယ္"
"ဟုတ္ကဲ့Boss"
စိတ္တိုင္းက်အမိန္႔တို႔ ေပးကာမွာလို႔ထြက္သြားေလသည္။
"မာန္ရိပ္။ မာန္ရိပ္မင္းမွတ္လား"
အေဆာင္ထဲမွထြက္လာခ်ိန္ လမ္းတစ္ေနရာတြင္ အေနာက္မွ ကိုယ့္နာမည္အား ခ်ိဳသာစြာေခၚလာေသာ ရင္းႏွီးေနတဲ့အသံ။