အတားအဆီးများနဲ့မောင့်ပင်လယ်(C...

Pluviophile-K744 tarafından

173K 5.1K 41

BL Story Daha Fazla

အမှာစာ
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Psat-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44(Final)

Part-22

2.9K 92 0
Pluviophile-K744 tarafından

ဒီငရဲလိုနေရာမှာဆက်မနေနိုင်တော့ နာကျင်မှုတွေကြောင့်မေ့မျောသွားလိုက် နာကျင်မှုတွေနဲ့အတူပြန်နိုးထလာလိုက်နဲ့။ မလွတ်နိုင်တာသေချာရင် အသေသတ်ပေးဖို့သာတောင်းဆိုလိုက်ချင်သည်။

"အကိုသတိရလာပြီလား"

အနားရောက်လာသည့်တိုင်အောင် သတိမထားမိဘဲတွေးတောနေသူ။ ဘေးနားလေးမှာဒူးထောက်ထိုင်လို့မေးလိုက်တော့ အလန့်တကြားအနောက်ရွေ့သွားပြီးတုန်လှုပ်နေ၏။

"မ မလာပါနဲ့။ တောင်းပန်ပါတယ်ကျွန်တော့်ကို ဘာမှမလုပ်ပါနဲ့ တောင်းပန်ပါတယ်"

မျက်ရည်များစီးဆင်းလာလို့ လက်အုပ်ချီကာတောင်းပန်နေသူ။ ဒူးထောက်ကာမြေကြီးပေါ်နဖူးထိတဲ့အထိခေါင်းစိုက်လိုက်ပြီး

"ဘာမှမလုပ်ပါဘူးဗျာ။ ခုနကလုပ်မိတာအတွက်တောင်းပန်ချင်လို့ပါ။ ကျွန်တော်လည်းခိုင်းလို့လုပ်ရတာပါ အဲ့အတွက်တောင်းပန်ပါတယ်"

"ဟင့်ရွှတ် လွှတ်ပေးပါ။ ကျွန်တော့်ကိုလွှတ်ပေးပါ ကျွန်တော်ပြန်ပါရစေ"

ငိုသံစွတ်၍တုန်ယင်နေသောအသံတို့ဖြင့်တောင်းဆိုလာသူကို မျက်လုံးချင်းဆုံကာကြည့်မိတော့ နာကျင်ရသည်။

"လုပ်ပေးလို့ရရင်ကျွန်တော်လုပ်ပေးချင်ပါတယ်။ မတတ်နိုင်လို့ပါ။ အဲ့အစားတခြားဘာလုပ်ပေးရမလဲ"

"အကိုဗိုက်ဆာနေတယ်မှတ်လား ဘာစားချင်လဲကျွန်တော်ရအောင်ဝယ်ပေးမယ်လေ"

ပြန်ဖြေမလာဘဲ ဒူးနှစ်ဖက်ပေါ်မျက်နှာအပ်လို့သာ ရှိုက်ကြီးတငင်သာငိုလာတယ်

"မငိုပါနဲ့ဗျာ။ ပိုအားကုန်ပြီး မောလိမ့်မယ် တစ်ခုခုစားလေ။ အခုချိန်ထိဘာမှမစားရသေးတာကို ကျွန်တော်ထမင်းယူလာပေးမယ်နော်"

"ဟင့်အင်း"

"ဘာလို့လဲတစ်ခုခုစားချင်လို့လား။ ပြောပါဗျာ ကျွန်တော်ရအောင်လုပ်ပေးမယ်"

"ရွှတ် ဟင့် အဲ့ အဲ့ဒါဆို ပုဇွန်ဟင်းချဥ်စပ်စားချင်တယ်။ စပျစ်သီးရောပဲ"

"ဗျာ ဪ အင်းရတယ်။ ကျွန်တော်အမြန်ဆုံးဝယ်လာမယ်ခဏလေးပဲစောင့်နော်"

ဗိုက်ဆာနေသောကလေးငယ်လို မျက်လုံးအဝိုင်းသားနဲ့မဝံ့မရဲတောင်းဆိုလာတယ်။ ထူးဆန်းစွာတောင်းဆိုလာလို့အံ့အားသင့်မိပေမယ့်မခက်ခဲတာမို့ သွားဝယ်ရန်အမြန်ထွက်လာခဲ့လိုက်သည်။

"သုတ"

"ဗျာ"

"ဘယ်လဲ"

"ဒီနားကစားသောက်ဆိုင်လေးတင်ပါကိုဇော်ကြီး"

"ဒီထက်ပိုပြီးမဟုတ်တာတွေမလုပ်နဲ့တော့"

"ဗျာ"

"ဟုတ်တယ်ငါ့ကောင်။ မင်းပြောနေတာတွေငါတို့ကြားတယ်"

"ဟုတ်ပ ဒီလိုအလှလေးကိုစားရတဲ့အခွင့်ရေးကရခဲတာကို မင်းတောင်းဆိုလို့ထိန်းပြီးလုပ်ရသေးတယ်။ အားကိုမရဘူး"

"အကူညီတောင်းတဲ့အတိုင်းလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်မှအကိုတို့ကို ဆိုင်မှာလိုက်တိုက်ပါ့မယ်"

"အဲဒါထက်မင်းသတိထားဖို့ပြောနေတာ။ မဆိုင်တာတွေလုပ်လိုက်ရင် မင်းလိုကောင်မျိုးကို လူလည်ခေါင်ပစ်သတ်လိုက်လည်း သူတို့တွက်ပြဿနာမရှိဘူးကွ"

"မဟုတ်မှ သုတ မင်းသူ့ကိုကြိုက်နေတာလား"

"အဲ့ အဲ့လိုမဟုတ်ပါဘူး"

မသင်္ကာစရာကောင်းအောင်ဖြေလို့သွားသူ။ အဖွဲ့ထဲမှာအငယ်ဆုံးနဲ့ လူချစ်လူခင်ပေါသူလေးမို့ တစ်ခုခု ဖြစ်သွားမှာကိုတော့မလိုလားပေ။

"အွန့် ဖြည်းဖြည်းစားနော်။ ပြီးရင်သောက်ဖို့ဆေးပါဝယ်လာတယ်"

"ဟင့်အင်း ဆေးမသောက်ဘူး"

"ဆေးသောက်တာမကြိုက်လို့လား။ ဒါဆိုလိမ်းဆေးလေးတော့လိမ်းလေနော်။ ဒဏ်ရာတွေပိုဆိုးလာလိမ့်မယ်"

"နောက်လည်းစားချင်တာရှိရင်ပြောသိလား။ ကျွန်တော်အကို့တွက်ဝယ်ပေးမယ်"

မျက်ရည်တို့မခမ်းနိုင်သေးဘဲသွင်သွင်စီးနေတဲ့အငိုသန်လေး ဘယ်လောက်တောင်အားငယ်တတ်လည်းမသိ။ ရိုက်နှက်နှိပ်စက်နေတာကိုအပြစ်လုံးဝမပြောလာဘဲ တောင်းပန်ပြီးရင်းသာတောင်းပန်လို့နေတယ်။

ဘယ်လိုကြည့်ကြည့် ရိုးသားပြီးမလိမ်တတ်မှန်းသိသာနေတာကို အခုလိုဖြစ်နေတော့သနားစိတ်ကြောင့်ပဲလားမသိ အကိုနဲ့ထပ်တူနာကျင်နေမိတယ်။

"ဟေ့ကောင်သုတ လာတော့။ ဒီနေ့ ငါ့တို့နှစ်ယောက်ဆရာနဲ့လိုက်သွားရမှာ"

"လာပြီကိုဇော်ကြီး"

အကို့ကိုဆေးသေချာထည့်ဖို့မှာပြီး ဆရာကြီးရဲ့အိမ်ကိုထွက်လာခဲ့သည်။ အိမ်ရှေ့ကားရပ်လို့ဆင်းလိုက်သည်နှင့် အထဲမှစကားများနေသံလိုလို အခြေတင်ဖြစ်နေကြတာကိုကြားရသည်။

"လက်ထပ်ပွဲဖြစ်မလာသေးတည်းက ခင်ဗျားငြိမ်နေမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်"

"မင်းစောက်သုံးမကျတာကိုမင်းနားလည်ရမှာ။ ငါမင်းကိုဘာမှမလုပ်တာကိုဘဲကျေးဇူးတင်နေလိုက်"

"ခင်ဗျားလှိုင်းကိုခေါ်ထားတာမှတ်လား"

"ငါ့ကိုလာမဟောင်နဲ့။ ငါမွေးထားလို့မင်းလူဖြစ်နေတာ လေသံကိုပြင်လိုက်"

"ခင်ဗျားကျွန်တော်နဲ့ကြိုက်သလိုရှင်းလို့ရတယ်။ လှိုင်းကိုလွှတ်ပေးပါ"

"မင်းရဲ့အခြောက်ကိစ္စကိုငါစိတ်မဝင်စားဘူး။ ငါ့အချိန်တွေလာမဖြုန်းနဲ့"

"ခင်ဗျားသူ့ကိုဘယ်မှာဖွက်ထားတာလဲ။ ကျေးဇူးပြုပြီးအပြစ်မရှိတဲ့သူကိုမထိပါနဲ့ဗျာ"

အဘိုးကြီးဆီရှိတာသာသေချာရင် လှိုင်းနာကျင်မှာကိုစဥ်းစားမိတော့ စိတ်ထဲမကောင်းသလိုခံစား၍မျက်ရည်တွေဝဲမိသည်။

"ဟမ့် မင်းလည်းစောက်ခြောက်ဖြစ်လာပြီ။ ယောကျာ်းတစ်ယောက်မျက်ရည်စက်လက်နဲ့ဆို ငါစောက်ရမ်းမုန်းတာ အလကားကောင်တွေ"

"သူဘယ်မှာလဲလို့"

"ငါနဲ့မဆိုင်ဘူးလို့မင်းကိုပြောနေတယ်။ ငါသည်းမခံနိုင်ရင် သွေသားဆိုရင်တောင်သက်ပစ်ဖို့ဝန်မလေးဘူးနော်"

"အရှေ့ကကောင်တွေလာကြစမ်း။ ဒီကောင်ကိုငါ့မျက်စိရှေ့ကနေဆွဲထုတ်သွားကြ"

ရပ်ကာနားထောင်နေရင်းမှ ပြောကြားလာသောအမိန့်ကြောင့် အထဲသို့ဝင်လာ၍ ပတ်တီးအပြည့်နဲ့သူကိုဆွဲခေါ်လာရသည်။

ရုံးကန်ချင်ပေမယ့်စိတ်ရှိတိုင်းလှုပ်ရှားမရသောခြေလက်တွေကြောင့် အိမ်အပြင်သို့အသာလေးပါလာခဲ့သည်။

"အကိုအထဲဝင်လိုက်တော့ ကျွန်တော်ပဲခေါ်သွားပြီးခြံတံခါးပိတ်ပြီးမှလာခဲ့မယ်"

"ဟုတ်ပြီသေချာလုပ်နော်"

"ဟက် လှုပ်တောင်မလှုပ်နိုင်တဲ့သူဆိုပြီး တစ်ယောက်တည်းနဲ့ဆွဲထုတ်လည်းရတယ်ဆိုပြီးလှောင်တယ်ပေါ့လေ"

"အထဲကအဖိုးကြီး ခင်ဗျားဆိုတာသေချာရင် ကျွန်တော်သေတောင်လက်မလျှော့ဘူး။ ရအောင်ပြန်ခေါ်ပြမယ်"

အမြဲအခြေတင်ဖြစ်တတ်ကြပေမယ့် အခုလိုအော်ကာမသောင်းကျန်းခဲ့ဘူးပေ။ ခံရခက်လွန်းလို့ မနေနိုင်တော့။ အခုကိုယ့်အခြေနေအရ ဆွဲထုတ်ခံရတာတောင်ပြန်လုပ်နိုင်စွမ်းမရှိခဲ့။

သုတတစ်ယောက် ထိုလူကိုခြံအပြင်ဘက်သို့ခေါ်ထုတ်လာပြီးချိန်

"အကို ကျွန်တော့်ကိုလေ ဆက်သွယ်လို့ရအောင်တစ်ခုခုပေးခဲ့ပါလား"

"ဟမ်"

အရင်းမရှိအဖြားမရှိ ရုတ်တရက်ပြောလာသောစကားကြောင့်မှော်ဝင်ကြောင်သွားသည်။

"ကျွန်တော်လေ အကို့ကို ကူညီနိုင်လိမ့်မယ်ထင်တယ်"

"ဘယ်လို မင်းဘာပြောလိုက်တယ်"

"သူဘယ်မှာရှိလဲကျွန်တော်သိတယ်။ အခုကအချိန်ကောင်းမဟုတ်တော့ ဆက်သွယ်ဖို့ပဲပေးခဲ့ပါ။ကျွန်တော်ပြန်ဝင်ရတော့မယ်"

"သူဘယ်မှာရှိနေတာလဲ အမြန်ပြော။ သူအဆင်ပြေလား မင်းတို့သူ့ကိုဘာလုပ်သေးလဲ အမြန်ပြော"

"ပြောလိုက်လည်းအကိုတို့ခေါ်လို့ရမှာမဟုတ်သေးဘူး။ နောက်မှဆက်သွယ်ပါ့မယ်။ ကျွန်တော်ဝင်ရတော့မယ်"

အလျှင်စလိုဖြစ်နေကာပြာယာနေတာမို့ ဆက်မမေးဖြစ်တော့ဘဲ ဖုန်းနံပါတ်သာပေးခဲ့လို့ ပြန်လာခဲ့လိုက်သည်။
* * * * * * * * * * * * * *

မာန်ရိပ်သွေးတစ်ယောက်အခန်းထဲအမှောင်ချလို့ အရက်ခွက်ကိုင်ရင်းအတွေးတို့နယ်ချဲ့နေစဥ်

"ဒေါက် ဒေါက် ဒေါက် Boss"

"ဝင်ခဲ့"

ခွင့်ပြုချက်ရလာလို့ အခန်းတံခါးဖွင့်ကာ ယူလာသောဖိုင်ကိုအရှေ့မှစားပွဲပေါ်တင်ပေးလိုက်သည်။

"ဒါကဒီလရဲ့ တရုတ်ဘက်ကိုတင်ပို့ထားတဲ့ပစ္စည်းစာရင်းပါ"

"ထားခဲ့"

"ဟုတ်ကဲ့Boss"

"နေဦး"

ထွက်တော့မည့်အချိန် တားဆီးလာတာမို့တစ်ဖက်ပြန်လှည့်ကာရပ်နေလိုက်ပြီး

"အဲ့နေ့က သူဘာပြောသွားတာလဲ"

"ဘာ ဘာကိုလဲမသိဘူးBoss"

"မင်းတို့ငါ့ကိုဖုန်းဆက်ပြောတဲ့နေ့။ အဲ့နေ့က အဲ့တစ်ယောက်ဘာပြောသွားတာလဲလို့"

"ဪ Bossကတော်လေး အဲလေ သူပြောသွားတာက Bossကိုပဲပေးသိချင်တဲ့အကြောင်းမို့ Bossကိုသာပြောပြချင်တာကြောင့်သူ့ကိုအမြန်လာတွေ့ဖို့ပြောခိုင်းတာပါ"

"အင်း ငါသိပြီ"

"အဲ့တုန်းကတွေ့ရတာ တော်တော်နေမကောင်းဖြစ်နေတာထင်တယ်။ အရင်ကထက်ပိုပိန်သွားတယ်။ မျက်နှာလေးလည်းချောင်ကြနေပြီး"

"တစ်ကိုယ်လုံးလည်းဖြူဖတ်ဖြူရော်နဲ့ အားမရှိသလိုပဲ။ မကြာခင်လဲပဲကျတော့မလိုနဲ့ "

"မင်းကိုငါမေးလား အပိုတွေပြောမနေဘဲထွက်သွားတော့"

"ဟုတ်ကဲ့"

အစဆုံးသူပဲစိတ်ပူနေတဲ့ရုပ်ကြီးနဲ့ နားထောင်နေပြီးတော့

"ဪ ဟိုလေBoss"

ပြောဆိုတဲ့အဓိပ္ပာယ်နဲ့မေးဆက်ပြလာသည်။

"အရက်နဲ့မြည်းဖို့ဖားကင်ရှိတယ် ယူလာပေးရမလား"

"အဲ့ဖားနဲ့ရောပြီး မင်းကိုပါထုတ်ချင်းပေါက်အောင်မထိုးခင် ထွက်သွား"

ဟုတ်ကဲ့Bossတောင်မပြောနိုင်ပဲ အမြန်နှုန်းနဲ့ထွက်သွားတော့သည်။

ဘာလဲ ခင်ဗျားပဲထားခဲ့တာလေ။ ပြန်လာတယ်တဲ့လား။ နေမကောင်းဘူးတဲ့လား။ တွေ့ချင်တယ်တဲ့လား ဟမ်

အစတည်းက ကျုပ်ဆီမှာပဲအေးဆေးနေရောပေါ့။ သစ္စာဖောက်တဲ့လမ်းခင်ဗျားလျှောက်ခဲ့တာ။ အဲ့လိုလူကြောင့်အနှောက်အယှတ်ဖြစ်နေတာတဲ့လား

ချီးပဲကွာ ခင်ဗျားတတ်လည်းတတ်နိုင်တဲ့သူပဲ ဒီရေလှိုင်း။ ဘာပဲဖြစ်ဖြစ်ကျုပ်ဆိုတဲ့ကောင်ကတော့ တခြားတစ်ယောက်နဲ့အပေါက်တစ်ပေါက်ကိုမျှမသုံးနိုင်ဘူး။ ခင်ဗျားဆိုရင်တောင်မှပေါ့။

တစ်ချိန်ကအခန်းထဲရှိအတွေးတို့ ပုံရိပ်တို့ကြောင့် စိတ်အဆင်မပြေဖြစ်လို့အောက်ထပ်ဆီဆင်းလာခဲ့သည်။

"ဟိုကတုံးမင်းဘာလုပ်နေတာလဲ"

"ဗျာBoss ဟုတ်ကဲ့အဝတ်တွေခေါက်ပြီးစီနေတာပါBoss"

"အဲ့ဒါငါမြင်တယ်။ ကိုယ့်စောက်လုပ်မဟုတ်ဘဲ မလိုက်မဖတ်နဲ့-ီးလိုလုပ်နေလို့မေးတာ"

"ဪ ဒါကBossမယားလေး အိုဘွာတေး သူရဲ့အဝတ်စားတွေပါ။ စီပြီးသိမ်းထားဖို့ခေါက်နေတာ"

"ဒါနဲ့ အဲ့အပေါ်ဆုံးကငါ့အိင်္ကျီမှတ်လား"

"ဟုတ်လား သူဝတ်တာကျွန်တော်တို့မြင်ဖူးတယ်လေ"

"Bossမှတ်မိလား အဲ့တုန်းကကျွန်တော်တို့အပြင်ကပြန်လာတော့Bossမယားလေးက ဒီအိင်္ကျီတစ်ထည်တည်းဝတ်ထားပြီး ဟိုနားလေးမှာရပ်နေတာလေ"

တံခါးဝနဲ့ ဧည့်ခန်းကြားကနေရာကို လက်ညှိုးထိုး၍ပြောလာသူ။

"စောက်ရေးမပါတာတွေမှတ်ထားတာလား။ ငါ့အိင်္ကျီလို့မင်းကိုပြောနေတယ် သွားငါ့အခန်းထဲသွားထား"

"ဟုတ်ကဲ့Boss"

"တောက်စ်"

သက်သက်ပညာပြနေကြသလိုခံစားနေရလို့ အပြင်ထွက်ရန်အလှည့် အထုတ်တွေဆွဲလို့နောက်တစ်ယောက်ဝင်လာပြန်တယ်။

"လဒတွေဇောင်းထနေကြတာလား ဟမ်။ငါလည်းတစ်ခုမှမခိုင်းဘဲမင်းတို့ကဘာလို့စောက်လုပ်ရှုပ်နေကြတာလဲ"

"ဗျာBoss"

"မင်းဘယ်ကပြန်လာတာလဲ"

"မုန့်ဆိုင်ကလေ"

"အဲ့မုန့်ဆိုင်မှာမင်းစောက်လုပ်ဘာရှိလဲ"

"Bossပဲပြောထားပြီးတော့။ ဒီအိမ်မှာ ကိတ်နဲ့ဖျော်ရည်တွေနည်းနည်းမှမလျော့စေနဲ့ အမြဲဝယ်ပြီးဖြည့်ထားပါဆိုပြီးလေ"

"ဘာ မင်းရူးနေလား။ အဲ့အချိုတွေမြိုဆို့ဖို့ ဒီအိမ်မှာဘယ်စောက်ကလေးရှိလို့လဲ သူတောင်းစားရဲ့"

"သွားကြကွာ တစ်ကောင်မှငါမမြင်ချင်ဘူး။ အကုန်ပြာချမိတော့မယ် ထွက်သွားကြ"

"အမလေး ဒေါသမီးကမိုးထိဟပ်နေပါရောလားမာန်ရိပ်သွေး"

အပြင်တည်းကကြားနေရသောအသံကို အပြစ်ဆိုရင်းနွေခတ်ငြိမ်းဝင်လာခဲ့သည်။

"ဟမ် မာမီဘယ်လိုဝင်လာတာလဲ"

"ဘာလဲ မာမီကမင်းဆီလာလို့မရတော့ဘူးလား"

"အဲ့လိုမဟုတ်ပါဘူး အချိန်မရွေးလာလို့ရတယ်။ ဒါပေမယ့်ဘယ်သူလာလာကျွန်တော့်ဆီအသိပေးရမှာဒီကောင်တွေအလုပ်လေ"

"မင်းရဲ့အမေတစ်ယောက်လုံးဝင်လာဖို့တောင်မင်းဆီအသိပေးမှရမှာလား"

"အဲ့လိုမဟုတ်ဘူး အခုကမာမီမကလို့ ဘုရားသခင်ဆိုရင်တောင်ကျွန်တော့်ဘက်ပဲရပ်တည်တဲ့သူတွေက ထူးဆန်းတာတွေလုပ်နေကြလို့ပြောနေတာ"

"အဲ့လိုလား။ ကဲ မင်းတို့ငါ့ကိုဘာလို့တံခါးဖွင့်ပေးတာလဲ"

"Bossအမေမို့လို့ပါ"

"မင်းတို့Bossပြောတော့ ငါဆိုရင်တောင် မင်းတို့ကသူပြောတဲ့အတိုင်းပဲလုပ်ကြမှာဆို"

"အဲ့ဒါက အမှန်တော့...အခုတစ်ခေါက်ကျွန်တော်တို့ကBossအမေဘက်ကမို့လို့ပါ"

"စောက်ရေးမပါတဲ့ကောင်တွေမင်းတို့ကိုငါထွက်သွားခိုင်းထားတယ်မလား။ အခုချက်ချင်းငါ့အရှေ့ကထွက်ပြီး ကြိုက်တဲ့နေရာသွားသေကြ ခွေးသတောင်းစားတွေ"

"မာန်ရိပ်သွေး ငါတစ်ယောက်လုံးရှိနေတယ်နော်"

"မင်းဟာမင်း ရာကူဇာဂိုဏ်းချုပ်မကလို့ ဘာပဲဖြစ်နေဖြစ်နေ ငါရှေ့မှာတော့မင်းကငါမွေးထားတဲ့ငါ့သားပဲ။ အဲ့လိုပုံစံငါမကြိုက်ဘူး"

"ထားဗျာ။ကျွန့်တော်ကိုပြောစရာရှိလို့လာတာမှတ်လား"

ထိုအခါမှသက်ပြင်းတစ်ချက်ချလို့ ဧည့်ခန်းတွင်းရှိခုံတွင်သွားထိုင်လေသည်။

"လှိုင်းလေးအကြောင်းသိရပြီလား"

"•••••"

"မင်းအခုထိဘာမှမလုပ်ရသေးတာလို့တော့မပြောနဲ့နော်"

"••••••"

"မာန်ရိပ် မာမီမင်းကိုမေးစရာရှိတယ်။ ဒီချိန်ထိမင်းမာမီ့စကားကိုနားမထောင်ခဲ့ဘူး။ အရာရာမင်းသိမင်းတတ် မင်းပဲဆုံးဖြတ်ခဲ့တာ"

"ဒီတစ်ခါတော့မေးတာလေးကို အမှန်တိုင်းဖြေပေးပါ"

"မင်း လှိုင်းလေးကိုဘယ်လိုမြင်လဲ။ သူ့အပေါ်ဘယ်လိုခံစားရလဲ။ ဘယ်လိုစိတ်မျိုးနဲ့မင်းသူ့ကိုစည်းကျော်ခဲ့တာလဲ"

"အဖြေကတစ်ခုတည်းကို အမျိုးမျိုးမေးနေတာပဲ"

"မေးတာပဲဖြေသား"

"မာမီကျွန်တော့်အကြောင်းသိပါတယ်။ ခံစားချက်ဆိုတာမျိုးတွေကျွန်တော်နားမလည်ဘူး။ ကျွန်တော်လိုချင်တာကိုရအောင်ယူခဲ့ရုံပဲ"

"လိမ်နေတယ်သား။ မင်းမာမီ့ကိုလိမ်ချင်လိမ်လို့ရပေမယ့် ကိုယ့်ကိုကိုတော့မလိမ်ပါနဲ့ ဒုက္ခရောက်လိမ့်မယ်"

"လှိုင်းလေးကိုတွေ့အောင်ရှာပါ။ အဖြေမှန်ကသူ့ဆီမှာ မာမီဒီလောက်ထိပဲပြောပြပေးနိုင်တော့မယ်"
* * * * * * * * * * * * * *

"ဘယ်လိုလဲ အဲ့အခြောက်သေပြီလား"

"ဒဏ်ရာတွေပြင်းတာကြောင့် မသေသေးပေမယ့် သတိရတစ်ချက်မရတစ်ချက်ပါပဲဆရာ"

"ဟမ့် ဒီလောက်အားနည်းတဲ့အကောင်က အကြောတော့တင်းသားပဲ"

အထဲသို့ဝင်လာပြီးလဲကျနေသူရှေ့ရပ်ကာ

"ရေနဲ့ပတ်ပြီးနှိုးလိုက်"

"ဗွမ်း"

"အဟွတ် အဟွတ် အဟွတ် ဟား"

"သတိရပြီလား"

ရေတွေဝင်လာလို့မွန်းကြပ်၍အသက်ရူဖို့ရန်ခက်ခဲနေသည်။ အရှေ့မှမေးလာသောအသံကြောင့်ခေါင်းတစ်ချက်ခါထုတ်ပြီး ကြည့်လိုက်သည်။

"ငါမင်းကိုနောက်ဆုံးအခွင့်ရေးပေးမယ်"

"အဲဒါမှ မင်းကငါတို့အတွက်အသုံးမဝင်ဘူးဆိုရင်"

"ပြောပြီးပြီးလေ။ ကျွန်တော်တကယ်ဘာမှမသိတာလို့"

"ကောင်း​ပြီလေ မင်းရဲ့အဖြေကိုပဲအပြစ်တင်နေလိုက်"

ထသွားလို့ ခုံပေါ်မှချိန်းကြိုးကိုယူကာ လျှောက်လာ၏။

ထိုအရာကိုကြည့်၍စိုးရိမ်နေသည်မှာ ဒီရေလှိုင်းပဲမဟုတ် အနောက်တွင်ရပ်နေသော သုတမှာဖြစ်နိုင်ရင်ဝင်တားတော့မည့်ပုံ။

"ကျွန်တော်တောင်းပန်ပါတယ် တကယ်မသိတာမို့လို့ပါ ကျွန်တော့်ကိုဘာမှမလုပ်ပါနဲ့"

"မင်းကဘာမှမပြောတော့ငါလည်းစိတ်မကောင်းပါဘူး။ ဒါပေမယ့်ဒီလိုမင်းကိုဖမ်းတာ လုံးဝအသုံးမဝင်တာလည်းမဟုတ်ဘူးကွ"

"မင်းကြောင့်ငါ မဟာမိတ်အကြီးကြီးရလို့ကျေးဇူးတင်တဲ့အနေနဲ့ ​ဒီချိန်ထိအသက်ပေးရှင်ထားတာ"

"ကြည့်ရတာ အခုတော့သတ်လိုက်သင့်ပြီထင်တယ်"

"တောင်းပန်ပါတယ် ခင်ဗျားသတ်ချင်ရင်လည်းကျွန်တော်သေပေးပါ့မယ်။ ဒါပေမယ့်"

"ဒါပေမယ့် အပြစ်မရှိတဲ့ ကျွန်တော့်ဗိုက်ထဲက ကလေးကိုတော့အရင်မွေးခွင့်ပြုပါ"

"ဘာ....ဟက် ဟား ဟားဟား ဟားဟားဟား"

"ဘာလဲ သေရတော့မှာမို့လို့ ကယောင်ကတမ်းနဲ့ရူးသွားပြီလား"

"ဘာတဲ့ ကျွန်တော့်ဗိုက်ထဲကကလေး။ ဟားဟား တကယ့်စောက်ရူးကွာ"

"ကျွန်တော်တကယ်ပြောတာပါ ယုံပေးပါဗျာ"

"ဘယ်လိုယုံရမှာလဲ ငါမင်းဗိုက်ခွဲပြီးစစ်ကြည့်လို့ရလား"

အကို့မှာကိုယ်ဝန်ရှိနေတာတဲ့လား။ ဒါဆိုထူးထူးဆန်းဆန်းပြုမူနေတာကကိုယ်ဝန်ကြောင့်လား။ ငါဘယ်လိုလုပ်ရမလဲ အကိုမထိခိုက်အောင်ငါဘာလုပ်နိုင်မလဲ။

"အရူးကွက်မနင်နဲ့ အဲ့လိုပြောလို့မသတ်ဘူးထင်နေလား"

"သူဌေး ဖုန်းလာနေတယ်"

"ဘယ်ကလဲ"

အနားကပ်လို့နှစ်ကိုယ်ကြားပြောလာ၏။

"ကြည့်ရတာ မင်းသေနေ့မစေ့သေးဘူးထင်တယ်။ မနက်ဖြန်ငါပြန်လာမယ် အဲ့အချိန်တော့မင်းတကယ်သေပြီ"

ပြောပြီးလို့လူတချို့ကိုခေါ်ကာထွက်သွားသည်။

ကံတရားကအကိုဘက်ရှိသေးတယ်ထင်။ ကံကောင်းလို့နည်းနည်းလေးတောင်မထိခိုက်ပဲပြီးသွားတာ။

အကုန်ထွက်သွားတော့ တိတ်တဆိတ်ရှိုက်ငိုနေသူနားသွားလို့ မလှမ်းမကမ်းတွင်ဒူးထောက်ထိုင်လိုက်သည်။

"အကို့မှာတကယ်ကလေးလေးရှိနေတာလား"

"အဲ့လူကတော့ကောင်းလိုက်တာ။ အကို့ကိုရော အကိုနဲ့တူပြီးချစ်ဖို့ကောင်းတဲ့ကလေးလေးကိုရောပိုင်ဆိုင်ရတော့မှာ"

"ငါ ငါမသေချင်သေးဘူး။ တောင်းပန်ပါတယ်ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ"

"အင်း"

"ကျွန်တော်လုပ်ပေးမယ်။ ကျွန်တော်သေရမယ်ဆိုရင်တောင် ဒီညအကို့ကိုဒီကလွတ်အောင်လုပ်ပေးမယ်"

"မင်း မင်းတကယ်ပြောတာလား"

"တကယ်ပေါ့ဗျ ကျွန်တော်ကတိပေးတယ်"

"ဟင့် ကူညီပေးပါ ငါသေလို့မဖြစ်သေးလို့ပါ ငါ့ကိုကယ်ပေးပါ"

"အကို ကျွန်တော့်နာမည်ကသုတပါ။အမ် တစ်ခါလောက်ခေါ်ကြည့်ပေးပါလား"

မပြောတတ်ပေမယ့် အကို့အသံနဲ့ခေါ်လာတာကိုကြားချင်နေမိတယ်။ သို့သော် နားမလည်နိုင်တဲ့ပုံနဲ့ မဝံ့မရဲသာကြည့်လို့လာ၏။

"တမျိုးကြီးဖြစ်နေတယ်မှတ်လား။ ဒီတိုင်းကြားချင်လို့ပါ"

"ဘယ်လိုပဲကူညီပေးတယ်ဆိုဦး ကျွန်တော်ကအကို့ပေါ်အမှားတစ်ခုကျူးလွန်ထားတဲ့သူပဲ"

"ဆဲဆိုပြီးတောင် လူယုတ်မာလို့ပြောပြီးရိုက်ခံသင့်တာ။ မတန်တာတွေတောင်းဆိုမိပြီထင်တယ်"

"ကတိတိုင်းကျွန်တော်တို့ဒီညထွက်ပြေးရအောင်။ လောလောဆယ်အားရှိဖို့ တစ်ခုခုစားရမယ်။ အကိုဘာစားချင်လဲ"

အားနည်းနေတဲ့ခန္ဓာကိုယ်လေးကိုပွေ့ဖက်လို့နှစ်သိမ့်ချင်တယ်။ အသားနုနုကဒဏ်ရာတွေကို ကိုယ်တိုင်ဆေးထည့်ပေးချင်တယ်။ အပြုံးလေးနဲ့အကို့နှုတ်ခမ်းပါးက ကျွန်တော့်ကိုခေါ်တာလိုချင်တယ်။ ကြည့်ရတာဘဝမှာပထဆုံးအကြိမ် လူတစ်ယောက်ကိုချစ်မိပြီထင်တယ်။





ဒီငရဲလိုေနရာမွာဆက္မေနႏိုင္ေတာ့ နာက်င္မႈေတြေၾကာင့္ေမ့ေမ်ာသြားလိုက္ နာက်င္မႈေတြနဲ႔အတူျပန္ႏိုးထလာလိုက္နဲ႔။ မလြတ္ႏိုင္တာေသခ်ာရင္ အေသသတ္ေပးဖို႔သာေတာင္းဆိုလိုက္ခ်င္သည္။

"အကိုသတိရလာၿပီလား"

အနားေရာက္လာသည့္တိုင္ေအာင္ သတိမထားမိဘဲေတြးေတာေနသူ။ ေဘးနားေလးမွာဒူးေထာက္ထိုင္လို႔ေမးလိုက္ေတာ့ အလန္႔တၾကားအေနာက္ေရြ့သြားၿပီးတုန္လႈပ္ေန၏။

"မ မလာပါနဲ႔။ ေတာင္းပန္ပါတယ္ကြၽန္ေတာ့္ကို ဘာမွမလုပ္ပါနဲ႔ ေတာင္းပန္ပါတယ္"

မ်က္ရည္မ်ားစီးဆင္းလာလို႔ လက္အုပ္ခ်ီကာေတာင္းပန္ေနသူ။ ဒူးေထာက္ကာေျမၾကီးေပၚနဖူးထိတဲ့အထိေခါင္းစိုက္လိုက္ၿပီး

"ဘာမွမလုပ္ပါဘူးဗ်ာ။ ခုနကလုပ္မိတာအတြက္ေတာင္းပန္ခ်င္လို႔ပါ။ ကြၽန္ေတာ္လည္းခိုင္းလို႔လုပ္ရတာပါ အဲ့အတြက္ေတာင္းပန္ပါတယ္"

"ဟင့္ရႊတ္ လႊတ္ေပးပါ။ ကြၽန္ေတာ့္ကိုလႊတ္ေပးပါ ကြၽန္ေတာ္ျပန္ပါရေစ"

ငိုသံစြတ္၍တုန္ယင္ေနေသာအသံတို႔ျဖင့္ေတာင္းဆိုလာသူကို မ်က္လံုးခ်င္းဆံုကာၾကည့္မိေတာ့ နာက်င္ရသည္။

"လုပ္ေပးလို႔ရရင္ကြၽန္ေတာ္လုပ္ေပးခ်င္ပါတယ္။ မတတ္ႏိုင္လို႔ပါ။ အဲ့အစားတျခားဘာလုပ္ေပးရမလဲ"

"အကိုဗိုက္ဆာေနတယ္မွတ္လား ဘာစားခ်င္လဲကြၽန္ေတာ္ရေအာင္ဝယ္ေပးမယ္ေလ"

ျပန္ေျဖမလာဘဲ ဒူးႏွစ္ဖက္ေပၚမ်က္ႏွာအပ္လို႔သာ ရိႈက္ႀကီးတငင္သာငိုလာတယ္

"မငိုပါနဲ႔ဗ်ာ။ ပိုအားကုန္ၿပီး ေမာလိမ့္မယ္ တစ္ခုခုစားေလ။ အခုခ်ိန္ထိဘာမွမစားရေသးတာကို ကြၽန္ေတာ္ထမင္းယူလာေပးမယ္ေနာ္"

"ဟင့္အင္း"

"ဘာလို႔လဲတစ္ခုခုစားခ်င္လို႔လား။ ေျပာပါဗ်ာ ကြၽန္ေတာ္ရေအာင္လုပ္ေပးမယ္"

"ရႊတ္ ဟင့္ အဲ့ အဲ့ဒါဆို ပုဇြန္ဟင္းခ်ဥ္စပ္စားခ်င္တယ္။ စပ်စ္သီးေရာပဲ"

"ဗ်ာ ဪ အင္းရတယ္။ ကြၽန္ေတာ္အျမန္ဆံုးဝယ္လာမယ္ခဏေလးပဲေစာင့္ေနာ္"

ဗိုက္ဆာေနေသာကေလးငယ္လို မ်က္လံုးအဝိုင္းသားနဲ႔မဝံ့မရဲေတာင္းဆိုလာတယ္။ ထူးဆန္းစြာေတာင္းဆိုလာလို႔အံ့အားသင့္မိေပမယ့္မခက္ခဲတာမို႔ သြားဝယ္ရန္အျမန္ထြက္လာခဲ့လိုက္သည္။

"သုတ"

"ဗ်ာ"

"ဘယ္လဲ"

"ဒီနားကစားေသာက္ဆိုင္ေလးတင္ပါကိုေဇာ္ႀကီး"

"ဒီထက္ပိုၿပီးမဟုတ္တာေတြမလုပ္နဲ႔ေတာ့"

"ဗ်ာ"

"ဟုတ္တယ္ငါ့ေကာင္။ မင္းေျပာေနတာေတြငါတို႔ၾကားတယ္"

"ဟုတ္ပ ဒီလိုအလွေလးကိုစားရတဲ့အခြင့္ေရးကရခဲတာကို မင္းေတာင္းဆိုလို႔ထိန္းၿပီးလုပ္ရေသးတယ္။ အားကိုမရဘူး"

"အကူညီေတာင္းတဲ့အတိုင္းလုပ္ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္။ ေနာက္မွအကိုတို႔ကို ဆိုင္မွာလိုက္တိုက္ပါ့မယ္"

"အဲဒါထက္မင္းသတိထားဖို႔ေျပာေနတာ။ မဆိုင္တာေတြလုပ္လိုက္ရင္ မင္းလိုေကာင္မ်ိဳးကို လူလည္ေခါင္ပစ္သတ္လိုက္လည္း သူတို႔တြက္ျပႆနာမရိွဘူးကြ"

"မဟုတ္မွ သုတ မင္းသူ႔ကိုႀကိဳက္ေနတာလား"

"အဲ့ အဲ့လိုမဟုတ္ပါဘူး"

မသကၤာစရာေကာင္းေအာင္ေျဖလို႔သြားသူ။ အဖြဲ႔ထဲမွာအငယ္ဆံုးနဲ႔ လူခ်စ္လူခင္ေပါသူေလးမို႔ တစ္ခုခု ျဖစ္သြားမွာကိုေတာ့မလိုလားေပ။

"အြန္႔ ျဖည္းျဖည္းစားေနာ္။ ၿပီးရင္ေသာက္ဖို႔ေဆးပါဝယ္လာတယ္"

"ဟင့္အင္း ေဆးမေသာက္ဘူး"

"ေဆးေသာက္တာမႀကိဳက္လို႔လား။ ဒါဆိုလိမ္းေဆးေလးေတာ့လိမ္းေလေနာ္။ ဒဏ္ရာေတြပိုဆိုးလာလိမ့္မယ္"

"ေနာက္လည္းစားခ်င္တာရိွရင္ေျပာသိလား။ ကြၽန္ေတာ္အကို႔တြက္ဝယ္ေပးမယ္"

မ်က္ရည္တို႔မခမ္းႏိုင္ေသးဘဲသြင္သြင္စီးေနတဲ့အငိုသန္ေလး ဘယ္ေလာက္ေတာင္အားငယ္တတ္လည္းမသိ။ ရိုက္ႏွက္ႏိွပ္စက္ေနတာကိုအျပစ္လံုးဝမေျပာလာဘဲ ေတာင္းပန္ၿပီးရင္းသာေတာင္းပန္လို႔ေနတယ္။

ဘယ္လိုၾကည့္ၾကည့္ ရိုးသားၿပီးမလိမ္တတ္မွန္းသိသာေနတာကို အခုလိုျဖစ္ေနေတာ့သနားစိတ္ေၾကာင့္ပဲလားမသိ အကိုနဲ႔ထပ္တူနာက်င္ေနမိတယ္။

"ေဟ့ေကာင္သုတ လာေတာ့။ ဒီေန့ ငါ့တို႔ႏွစ္ေယာက္ဆရာနဲ႔လိုက္သြားရမွာ"

"လာၿပီကိုေဇာ္ႀကီး"

အကို႔ကိုေဆးေသခ်ာထည့္ဖို႔မွာၿပီး ဆရာႀကီးရဲ့အိမ္ကိုထြက္လာခဲ့သည္။ အိမ္ေရ႔ွကားရပ္လို႔ဆင္းလိုက္သည္ႏွင့္ အထဲမွစကားမ်ားေနသံလိုလို အေျခတင္ျဖစ္ေနၾကတာကိုၾကားရသည္။

"လက္ထပ္ပြဲျဖစ္မလာေသးတည္းက ခင္ဗ်ားၿငိမ္ေနမွာမဟုတ္ဘူးဆိုတာ ကြၽန္ေတာ္သိတယ္"

"မင္းေစာက္သံုးမက်တာကိုမင္းနားလည္ရမွာ။ ငါမင္းကိုဘာမွမလုပ္တာကိုဘဲေက်းဇူးတင္ေနလိုက္"

"ခင္ဗ်ားလိႈင္းကိုေခၚထားတာမွတ္လား"

"ငါ့ကိုလာမေဟာင္နဲ႔။ ငါေမြးထားလို႔မင္းလူျဖစ္ေနတာ ေလသံကိုျပင္လိုက္"

"ခင္ဗ်ားကြၽန္ေတာ္နဲ႔ႀကိဳက္သလိုရွင္းလို႔ရတယ္။ လိႈင္းကိုလႊတ္ေပးပါ"

"မင္းရဲ့အေျခာက္ကိစၥကိုငါစိတ္မဝင္စားဘူး။ ငါ့အခ်ိန္ေတြလာမျဖဳန္းနဲ႔"

"ခင္ဗ်ားသူ႔ကိုဘယ္မွာဖြက္ထားတာလဲ။ ေက်းဇူးျပဳျပီးအျပစ္မရိွတဲ့သူကိုမထိပါနဲ႔ဗ်ာ"

အဘိုးႀကီးဆီရိွတာသာေသခ်ာရင္ လိႈင္းနာက်င္မွာကိုစဥ္းစားမိေတာ့ စိတ္ထဲမေကာင္းသလိုခံစား၍မ်က္ရည္ေတြဝဲမိသည္။

"ဟမ့္ မင္းလည္းေစာက္ေျခာက္ျဖစ္လာၿပီ။ ေယာက်ာ္းတစ္ေယာက္မ်က္ရည္စက္လက္နဲ႔ဆို ငါေစာက္ရမ္းမုန္းတာ အလကားေကာင္ေတြ"

"သူဘယ္မွာလဲလို႔"

"ငါနဲ႔မဆိုင္ဘူးလို႔မင္းကိုေျပာေနတယ္။ ငါသည္းမခံႏိုင္ရင္ ေသြသားဆိုရင္ေတာင္သက္ပစ္ဖို႔ဝန္မေလးဘူးေနာ္"

"အေရ႔ွကေကာင္ေတြလာၾကစမ္း။ ဒီေကာင္ကိုငါ့မ်က္စိေရ႔ွကေနဆြဲထုတ္သြားၾက"

ရပ္ကာနားေထာင္ေနရင္းမွ ေျပာၾကားလာေသာအမိန္႔ေၾကာင့္ အထဲသို႔ဝင္လာ၍ ပတ္တီးအျပည့္နဲ႔သူကိုဆြဲေခၚလာရသည္။

ရံုးကန္ခ်င္ေပမယ့္စိတ္ရိွတိုင္းလႈပ္ရွားမရေသာေျခလက္ေတြေၾကာင့္ အိမ္အျပင္သို႔အသာေလးပါလာခဲ့သည္။

"အကိုအထဲဝင္လိုက္ေတာ့ ကြၽန္ေတာ္ပဲေခၚသြားၿပီးၿခံတံခါးပိတ္ၿပီးမွလာခဲ့မယ္"

"ဟုတ္ၿပီေသခ်ာလုပ္ေနာ္"

"ဟက္ လႈပ္ေတာင္မလႈပ္ႏိုင္တဲ့သူဆိုၿပီး တစ္ေယာက္တည္းနဲ႔ဆြဲထုတ္လည္းရတယ္ဆိုၿပီးေလွာင္တယ္ေပါ့ေလ"

"အထဲကအဖိုးႀကီး ခင္ဗ်ားဆိုတာေသခ်ာရင္ ကြၽန္ေတာ္ေသေတာင္လက္မေလ်ွာ့ဘူး။ ရေအာင္ျပန္ေခၚျပမယ္"

အၿမဲအေျခတင္ျဖစ္တတ္ၾကေပမယ့္ အခုလိုေအာ္ကာမေသာင္းက်န္းခဲ့ဘူးေပ။ ခံရခက္လြန္းလို႔ မေနႏိုင္ေတာ့။ အခုကိုယ့္အေျခေနအရ ဆြဲထုတ္ခံရတာေတာင္ျပန္လုပ္ႏိုင္စြမ္းမရိွခဲ့။

သုတတစ္ေယာက္ ထိုလူကိုၿခံအျပင္ဘက္သို႔ေခၚထုတ္လာၿပီးခ်ိန္

"အကို ကြၽန္ေတာ့္ကိုေလ ဆက္သြယ္လို႔ရေအာင္တစ္ခုခုေပးခဲ့ပါလား"

"ဟမ္"

အရင္းမရိွအျဖားမရိွ ရုတ္တရက္ေျပာလာေသာစကားေၾကာင့္ေမွာ္ဝင္ေၾကာင္သြားသည္။

"ကြၽန္ေတာ္ေလ အကို႔ကို ကူညီႏိုင္လိမ့္မယ္ထင္တယ္"

"ဘယ္လို မင္းဘာေျပာလိုက္တယ္"

"သူဘယ္မွာရိွလဲကြၽန္ေတာ္သိတယ္။ အခုကအခ်ိန္ေကာင္းမဟုတ္ေတာ့ ဆက္သြယ္ဖို႔ပဲေပးခဲ့ပါ။ကြၽန္ေတာ္ျပန္ဝင္ရေတာ့မယ္"

"သူဘယ္မွာရိွေနတာလဲ အျမန္ေျပာ။ သူအဆင္ေျပလား မင္းတို႔သူ႔ကိုဘာလုပ္ေသးလဲ အျမန္ေျပာ"

"ေျပာလိုက္လည္းအကိုတို႔ေခၚလို႔ရမွာမဟုတ္ေသးဘူး။ ေနာက္မွဆက္သြယ္ပါ့မယ္။ ကြၽန္ေတာ္ဝင္ရေတာ့မယ္"

အလ်ွင္စလိုျဖစ္ေနကာျပာယာေနတာမို႔ ဆက္မေမးျဖစ္ေတာ့ဘဲ ဖုန္းနံပါတ္သာေပးခဲ့လို႔ ျပန္လာခဲ့လိုက္သည္။
* * * * * * * * * * * * * *

မာန္ရိပ္ေသြးတစ္ေယာက္အခန္းထဲအေမွာင္ခ်လို႔ အရက္ခြက္ကိုင္ရင္းအေတြးတို႔နယ္ခ်ဲ့ေနစဥ္

"ေဒါက္ ေဒါက္ ေဒါက္ Boss"

"ဝင္ခဲ့"

ခြင့္ျပဳခ်က္ရလာလို႔ အခန္းတံခါးဖြင့္ကာ ယူလာေသာဖိုင္ကိုအေရ႔ွမွစားပြဲေပၚတင္ေပးလိုက္သည္။

"ဒါကဒီလရဲ့ တရုတ္ဘက္ကိုတင္ပို႔ထားတဲ့ပစၥည္းစာရင္းပါ"

"ထားခဲ့"

"ဟုတ္ကဲ့Boss"

"ေနၪီး"

ထြက္ေတာ့မည့္အခ်ိန္ တားဆီးလာတာမို႔တစ္ဖက္ျပန္လွည့္ကာရပ္ေနလိုက္ၿပီး

"အဲ့ေန့က သူဘာေျပာသြားတာလဲ"

"ဘာ ဘာကိုလဲမသိဘူးBoss"

"မင္းတို႔ငါ့ကိုဖုန္းဆက္ေျပာတဲ့ေန့။ အဲ့ေန့က အဲ့တစ္ေယာက္ဘာေျပာသြားတာလဲလို႔"

"ဪ Bossကေတာ္ေလး အဲေလ သူေျပာသြားတာက Bossကိုပဲေပးသိခ်င္တဲ့အေၾကာင္းမို႔ Bossကိုသာေျပာျပခ်င္တာေၾကာင့္သူ႔ကိုအျမန္လာေတြ့ဖို႔ေျပာခိုင္းတာပါ"

"အင္း ငါသိၿပီ"

"အဲ့တုန္းကေတြ့ရတာ ေတာ္ေတာ္ေနမေကာင္းျဖစ္ေနတာထင္တယ္။ အရင္ကထက္ပိုပိန္သြားတယ္။ မ်က္ႏွာေလးလည္းေခ်ာင္ၾကေနၿပီး"

"တစ္ကိုယ္လံုးလည္းျဖဴဖတ္ျဖဴေရာ္နဲ႔ အားမရိွသလိုပဲ။ မၾကာခင္လဲပဲက်ေတာ့မလိုနဲ႔ "

"မင္းကိုငါေမးလား အပိုေတြေျပာမေနဘဲထြက္သြားေတာ့"

"ဟုတ္ကဲ့"

အစဆံုးသူပဲစိတ္ပူေနတဲ့ရုပ္ႀကီးနဲ႔ နားေထာင္ေနၿပီးေတာ့

"ဪ ဟိုေလBoss"

ေျပာဆိုတဲ့အဓိပၸာယ္နဲ႔ေမးဆက္ျပလာသည္။

"အရက္နဲ႔ျမည္းဖို႔ဖားကင္ရိွတယ္ ယူလာေပးရမလား"

"အဲ့ဖားနဲ႔ေရာၿပီး မင္းကိုပါထုတ္ခ်င္းေပါက္ေအာင္မထိုးခင္ ထြက္သြား"

ဟုတ္ကဲ့Bossေတာင္မေျပာႏိုင္ပဲ အျမန္ႏႈန္းနဲ႔ထြက္သြားေတာ့သည္။

ဘာလဲ ခင္ဗ်ားပဲထားခဲ့တာေလ။ ျပန္လာတယ္တဲ့လား။ ေနမေကာင္းဘူးတဲ့လား။ ေတြ့ခ်င္တယ္တဲ့လား ဟမ္

အစတည္းက က်ဳပ္ဆီမွာပဲေအးေဆးေနေရာေပါ့။ သစၥာေဖာက္တဲ့လမ္းခင္ဗ်ားေလ်ွာက္ခဲ့တာ။ အဲ့လိုလူေၾကာင့္အေနွာက္အယွတ္ျဖစ္ေနတာတဲ့လား

ခ်ီးပဲကြာ ခင္ဗ်ားတတ္လည္းတတ္ႏိုင္တဲ့သူပဲ ဒီေရလိႈင္း။ ဘာပဲျဖစ္ျဖစ္က်ဳပ္ဆိုတဲ့ေကာင္ကေတာ့ တျခားတစ္ေယာက္နဲ႔အေပါက္တစ္ေပါက္ကိုမ်ွမသံုးႏိုင္ဘူး။ ခင္ဗ်ားဆိုရင္ေတာင္မွေပါ့။

တစ္ခ်ိန္ကအခန္းထဲရိွအေတြးတို႔ ပံုရိပ္တို႔ေၾကာင့္ စိတ္အဆင္မေျပျဖစ္လို႔ေအာက္ထပ္ဆီဆင္းလာခဲ့သည္။

"ဟိုကတံုးမင္းဘာလုပ္ေနတာလဲ"

"ဗ်ာBoss ဟုတ္ကဲ့အဝတ္ေတြေခါက္ၿပီးစီေနတာပါBoss"

"အဲ့ဒါငါျမင္တယ္။ ကိုယ့္ေစာက္လုပ္မဟုတ္ဘဲ မလိုက္မဖတ္နဲ႔-ီးလိုလုပ္ေနလို႔ေမးတာ"

"ဪ ဒါကBossမယားေလး အိုဘြာေတး သူရဲ့အဝတ္စားေတြပါ။ စီၿပီးသိမ္းထားဖို႔ေခါက္ေနတာ"

"ဒါနဲ႔ အဲ့အေပၚဆံုးကငါ့အိက်ႌမွတ္လား"

"ဟုတ္လား သူဝတ္တာကြၽန္ေတာ္တို႔ျမင္ဖူးတယ္ေလ"

"Bossမွတ္မိလား အဲ့တုန္းကကြၽန္ေတာ္တို႔အျပင္ကျပန္လာေတာ့Bossမယားေလးက ဒီအိက်ႌတစ္ထည္တည္းဝတ္ထားၿပီး ဟိုနားေလးမွာရပ္ေနတာေလ"

တံခါးဝနဲ႔ ဧည့္ခန္းၾကားကေနရာကို လက္ၫွိုးထိုး၍ေျပာလာသူ။

"ေစာက္ေရးမပါတာေတြမွတ္ထားတာလား။ ငါ့အိက်ႌလို႔မင္းကိုေျပာေနတယ္ သြားငါ့အခန္းထဲသြားထား"

"ဟုတ္ကဲ့Boss"

"ေတာက္စ္"

သက္သက္ပညာျပေနၾကသလိုခံစားေနရလို႔ အျပင္ထြက္ရန္အလွည့္ အထုတ္ေတြဆြဲလို႔ေနာက္တစ္ေယာက္ဝင္လာျပန္တယ္။

"လဒေတြေဇာင္းထေနၾကတာလား ဟမ္။ငါလည္းတစ္ခုမွမခိုင္းဘဲမင္းတို႔ကဘာလို႔ေစာက္လုပ္ရႈပ္ေနၾကတာလဲ"

"ဗ်ာBoss"

"မင္းဘယ္ကျပန္လာတာလဲ"

"မုန္႔ဆိုင္ကေလ"

"အဲ့မုန္႔ဆိုင္မွာမင္းေစာက္လုပ္ဘာရိွလဲ"

"Bossပဲေျပာထားၿပီးေတာ့။ ဒီအိမ္မွာ ကိတ္နဲ႔ေဖ်ာ္ရည္ေတြနည္းနည္းမွမေလ်ာ့ေစနဲ႔ အၿမဲဝယ္ၿပီးျဖည့္ထားပါဆိုၿပီးေလ"

"ဘာ မင္းရူးေနလား။ အဲ့အခ်ိဳေတြၿမိဳဆို႔ဖို႔ ဒီအိမ္မွာဘယ္ေစာက္ကေလးရိွလို႔လဲ သူေတာင္းစားရဲ့"

"သြားၾကကြာ တစ္ေကာင္မွငါမျမင္ခ်င္ဘူး။ အကုန္ျပာခ်မိေတာ့မယ္ ထြက္သြားၾက"

"အမေလး ေဒါသမီးကမိုးထိဟပ္ေနပါေရာလားမာန္ရိပ္ေသြး"

အျပင္တည္းကၾကားေနရေသာအသံကို အျပစ္ဆိုရင္းေနြခတ္ၿငိမ္းဝင္လာခဲ့သည္။

"ဟမ္ မာမီဘယ္လိုဝင္လာတာလဲ"

"ဘာလဲ မာမီကမင္းဆီလာလို႔မရေတာ့ဘူးလား"

"အဲ့လိုမဟုတ္ပါဘူး အခ်ိန္မေရြးလာလို႔ရတယ္။ ဒါေပမယ့္ဘယ္သူလာလာကြၽန္ေတာ့္ဆီအသိေပးရမွာဒီေကာင္ေတြအလုပ္ေလ"

"မင္းရဲ့အေမတစ္ေယာက္လံုးဝင္လာဖို႔ေတာင္မင္းဆီအသိေပးမွရမွာလား"

"အဲ့လိုမဟုတ္ဘူး အခုကမာမီမကလို႔ ဘုရားသခင္ဆိုရင္ေတာင္ကြၽန္ေတာ့္ဘက္ပဲရပ္တည္တဲ့သူေတြက ထူးဆန္းတာေတြလုပ္ေနၾကလို႔ေျပာေနတာ"

"အဲ့လိုလား။ ကဲ မင္းတို႔ငါ့ကိုဘာလို႔တံခါးဖြင့္ေပးတာလဲ"

"Bossအေမမို႔လို႔ပါ"

"မင္းတို႔Bossေျပာေတာ့ ငါဆိုရင္ေတာင္ မင္းတို႔ကသူေျပာတဲ့အတိုင္းပဲလုပ္ၾကမွာဆို"

"အဲ့ဒါက အမွန္ေတာ့...အခုတစ္ေခါက္ကြၽန္ေတာ္တို႔ကBossအေမဘက္ကမို႔လို႔ပါ"

"ေစာက္ေရးမပါတဲ့ေကာင္ေတြမင္းတို႔ကိုငါထြက္သြားခိုင္းထားတယ္မလား။ အခုခ်က္ခ်င္းငါ့အေရ႔ွကထြက္ၿပီး ႀကိဳက္တဲ့ေနရာသြားေသၾက ေခြးသေတာင္းစားေတြ"

"မာန္ရိပ္ေသြး ငါတစ္ေယာက္လံုးရိွေနတယ္ေနာ္"

"မင္းဟာမင္း ရာကူဇာဂိုဏ္းခ်ဳပ္မကလို႔ ဘာပဲျဖစ္ေနျဖစ္ေန ငါေရ႔ွမွာေတာ့မင္းကငါေမြးထားတဲ့ငါ့သားပဲ။ အဲ့လိုပံုစံငါမႀကိဳက္ဘူး"

"ထားဗ်ာ။ကြၽန္႔ေတာ္ကိုေျပာစရာရိွလို႔လာတာမွတ္လား"

ထိုအခါမွသက္ျပင္းတစ္ခ်က္ခ်လို႔ ဧည့္ခန္းတြင္းရိွခံုတြင္သြားထိုင္ေလသည္။

"လိႈင္းေလးအေၾကာင္းသိရၿပီလား"

"•••••"

"မင္းအခုထိဘာမွမလုပ္ရေသးတာလို႔ေတာ့မေျပာနဲ႔ေနာ္"

"••••••"

"မာန္ရိပ္ မာမီမင္းကိုေမးစရာရိွတယ္။ ဒီခ်ိန္ထိမင္းမာမီ့စကားကိုနားမေထာင္ခဲ့ဘူး။ အရာရာမင္းသိမင္းတတ္ မင္းပဲဆံုးျဖတ္ခဲ့တာ"

"ဒီတစ္ခါေတာ့ေမးတာေလးကို အမွန္တိုင္းေျဖေပးပါ"

"မင္း လိႈင္းေလးကိုဘယ္လိုျမင္လဲ။ သူ႔အေပၚဘယ္လိုခံစားရလဲ။ ဘယ္လိုစိတ္မ်ိဳးနဲ႔မင္းသူ႔ကိုစည္းေက်ာ္ခဲ့တာလဲ"

"အေျဖကတစ္ခုတည္းကို အမ်ိဳးမ်ိဳးေမးေနတာပဲ"

"ေမးတာပဲေျဖသား"

"မာမီကြၽန္ေတာ့္အေၾကာင္းသိပါတယ္။ ခံစားခ်က္ဆိုတာမ်ိဳးေတြကြၽန္ေတာ္နားမလည္ဘူး။ ကြၽန္ေတာ္လိုခ်င္တာကိုရေအာင္ယူခဲ့ရံုပဲ"

"လိမ္ေနတယ္သား။ မင္းမာမီ့ကိုလိမ္ခ်င္လိမ္လို႔ရေပမယ့္ ကိုယ့္ကိုကိုေတာ့မလိမ္ပါနဲ႔ ဒုကၡေရာက္လိမ့္မယ္"

"လိႈင္းေလးကိုေတြ့ေအာင္ရွာပါ။ အေျဖမွန္ကသူ႔ဆီမွာ မာမီဒီေလာက္ထိပဲေျပာျပေပးႏိုင္ေတာ့မယ္"
* * * * * * * * * * * * * *

"ဘယ္လိုလဲ အဲ့အေျခာက္ေသၿပီလား"

"ဒဏ္ရာေတျြပင္းတာေၾကာင့္ မေသေသးေပမယ့္ သတိရတစ္ခ်က္မရတစ္ခ်က္ပါပဲဆရာ"

"ဟမ့္ ဒီေလာက္အားနည္းတဲ့အေကာင္က အေၾကာေတာ့တင္းသားပဲ"

အထဲသို႔ဝင္လာၿပီးလဲက်ေနသူေရ႔ွရပ္ကာ

"ေရနဲ႔ပတ္ၿပီးႏိႈးလိုက္"

"ဗြမ္း"

"အဟြတ္ အဟြတ္ အဟြတ္ ဟား"

"သတိရၿပီလား"

ေရေတြဝင္လာလို႔မြန္းၾကပ္၍အသက္ရူဖို႔ရန္ခက္ခဲေနသည္။ အေရ႔ွမွေမးလာေသာအသံေၾကာင့္ေခါင္းတစ္ခ်က္ခါထုတ္ၿပီး ၾကည့္လိုက္သည္။

"ငါမင္းကိုေနာက္ဆံုးအခြင့္ေရးေပးမယ္"

"အဲဒါမွ မင္းကငါတို႔အတြက္အသံုးမဝင္ဘူးဆိုရင္"

"ေျပာၿပီးၿပီးေလ။ ကြၽန္ေတာ္တကယ္ဘာမွမသိတာလို႔"

"ေကာင္း​ၿပီေလ မင္းရဲ့အေျဖကိုပဲအျပစ္တင္ေနလိုက္"

ထသြားလို႔ ခံုေပၚမွခ်ိန္းႀကိဳးကိုယူကာ ေလ်ွာက္လာ၏။

ထိုအရာကိုၾကည့္၍စိုးရိမ္ေနသည္မွာ ဒီေရလိႈင္းပဲမဟုတ္ အေနာက္တြင္ရပ္ေနေသာ သုတမွာျဖစ္ႏိုင္ရင္ဝင္တားေတာ့မည့္ပံု။

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ တကယ္မသိတာမို႔လို႔ပါ ကြၽန္ေတာ့္ကိုဘာမွမလုပ္ပါနဲ႔"

"မင္းကဘာမွမေျပာေတာ့ငါလည္းစိတ္မေကာင္းပါဘူး။ ဒါေပမယ့္ဒီလိုမင္းကိုဖမ္းတာ လံုးဝအသံုးမဝင္တာလည္းမဟုတ္ဘူးကြ"

"မင္းေၾကာင့္ငါ မဟာမိတ္အႀကီးႀကီးရလို႔ေက်းဇူးတင္တဲ့အေနနဲ႔ ​ဒီခ်ိန္ထိအသက္ေပးရွင္ထားတာ"

"ၾကည့္ရတာ အခုေတာ့သတ္လိုက္သင့္ၿပီထင္တယ္"

"ေတာင္းပန္ပါတယ္ ခင္ဗ်ားသတ္ခ်င္ရင္လည္းကြၽန္ေတာ္ေသေပးပါ့မယ္။ ဒါေပမယ့္"

"ဒါေပမယ့္ အျပစ္မရိွတဲ့ ကြၽန္ေတာ့္ဗိုက္ထဲက ကေလးကိုေတာ့အရင္ေမြးခြင့္ျပဳပါ"

"ဘာ....ဟက္ ဟား ဟားဟား ဟားဟားဟား"

"ဘာလဲ ေသရေတာ့မွာမို႔လို႔ ကေယာင္ကတမ္းနဲ႔ရူးသြားၿပီလား"

"ဘာတဲ့ ကြၽန္ေတာ့္ဗိုက္ထဲကကေလး။ ဟားဟား တကယ့္ေစာက္ရူးကြာ"

"ကြၽန္ေတာ္တကယ္ေျပာတာပါ ယံုေပးပါဗ်ာ"

"ဘယ္လိုယံုရမွာလဲ ငါမင္းဗိုက္ခြဲၿပီးစစ္ၾကည့္လို႔ရလား"

အကို႔မွာကိုယ္ဝန္ရိွေနတာတဲ့လား။ ဒါဆိုထူးထူးဆန္းဆန္းျပဳမူေနတာကကိုယ္ဝန္ေၾကာင့္လား။ ငါဘယ္လိုလုပ္ရမလဲ အကိုမထိခိုက္ေအာင္ငါဘာလုပ္ႏိုင္မလဲ။

"အရူးကြက္မနင္နဲ႔ အဲ့လိုေျပာလို႔မသတ္ဘူးထင္ေနလား"

"သူေဌး ဖုန္းလာေနတယ္"

"ဘယ္ကလဲ"

အနားကပ္လို႔ႏွစ္ကိုယ္ၾကားေျပာလာ၏။

"ၾကည့္ရတာ မင္းေသေန့မေစ့ေသးဘူးထင္တယ္။ မနက္ျဖန္ငါျပန္လာမယ္ အဲ့အခ်ိန္ေတာ့မင္းတကယ္ေသၿပီ"

ေျပာၿပီးလို႔လူတခ်ိဳ႕ကိုေခၚကာထြက္သြားသည္။

ကံတရားကအကိုဘက္ရိွေသးတယ္ထင္။ ကံေကာင္းလို႔နည္းနည္းေလးေတာင္မထိခိုက္ပဲၿပီးသြားတာ။

အကုန္ထြက္သြားေတာ့ တိတ္တဆိတ္ရိႈက္ငိုေနသူနားသြားလို႔ မလွမ္းမကမ္းတြင္ဒူးေထာက္ထိုင္လိုက္သည္။

"အကို႔မွာတကယ္ကေလးေလးရိွေနတာလား"

"အဲ့လူကေတာ့ေကာင္းလိုက္တာ။ အကို႔ကိုေရာ အကိုနဲ႔တူၿပီးခ်စ္ဖို႔ေကာင္းတဲ့ကေလးေလးကိုေရာပိုင္ဆိုင္ရေတာ့မွာ"

"ငါ ငါမေသခ်င္ေသးဘူး။ ေတာင္းပန္ပါတယ္ေက်းဇူးျပဳျပီး ငါ့ကိုလႊတ္ေပးပါ"

"အင္း"

"ကြၽန္ေတာ္လုပ္ေပးမယ္။ ကြၽန္ေတာ္ေသရမယ္ဆိုရင္ေတာင္ ဒီညအကို႔ကိုဒီကလြတ္ေအာင္လုပ္ေပးမယ္"

"မင္း မင္းတကယ္ေျပာတာလား"

"တကယ္ေပါ့ဗ် ကြၽန္ေတာ္ကတိေပးတယ္"

"ဟင့္ ကူညီေပးပါ ငါေသလို႔မျဖစ္ေသးလို႔ပါ ငါ့ကိုကယ္ေပးပါ"

"အကို ကြၽန္ေတာ့္နာမည္ကသုတပါ။အမ္ တစ္ခါေလာက္ေခၚၾကည့္ေပးပါလား"

မေျပာတတ္ေပမယ့္ အကို႔အသံနဲ႔ေခၚလာတာကိုၾကားခ်င္ေနမိတယ္။ သို႔ေသာ္ နားမလည္ႏိုင္တဲ့ပံုနဲ႔ မဝံ့မရဲသာၾကည့္လို႔လာ၏။

"တမ်ိဳးႀကီးျဖစ္ေနတယ္မွတ္လား။ ဒီတိုင္းၾကားခ်င္လို႔ပါ"

"ဘယ္လိုပဲကူညီေပးတယ္ဆိုၪီး ကြၽန္ေတာ္ကအကို႔ေပၚအမွားတစ္ခုက်ူးလြန္ထားတဲ့သူပဲ"

"ဆဲဆိုၿပီးေတာင္ လူယုတ္မာလို႔ေျပာၿပီးရိုက္ခံသင့္တာ။ မတန္တာေတြေတာင္းဆိုမိၿပီထင္တယ္"

"ကတိတိုင္းကြၽန္ေတာ္တို႔ဒီညထြက္ေျပးရေအာင္။ ေလာေလာဆယ္အားရိွဖို႔ တစ္ခုခုစားရမယ္။ အကိုဘာစားခ်င္လဲ"

အားနည္းေနတဲ့ခႏၶာကိုယ္ေလးကိုေပြ့ဖက္လို႔ႏွစ္သိမ့္ခ်င္တယ္။ အသားႏုႏုကဒဏ္ရာေတြကို ကိုယ္တိုင္ေဆးထည့္ေပးခ်င္တယ္။ အၿပံဳးေလးနဲ႔အကို႔ႏႈတ္ခမ္းပါးက ကြၽန္ေတာ့္ကိုေခၚတာလိုခ်င္တယ္။ ၾကည့္ရတာဘဝမွာပထဆံုးအႀကိမ္ လူတစ္ေယာက္ကိုခ်စ္မိၿပီထင္တယ္။

Okumaya devam et

Bunları da Beğeneceksin

13.9K 534 56
အချစ်ဆိုတဲ့ဝေါဟာရအနောက်မှာအတ်တတွေ အမုန်းတွေ သဝန်တိုမှုနဲ့ ရန်ငြိုးဖွဲ့ကလဲ့စားချေမှုတွေဆိုတာဟာ အလိုလိုကပ်ပါလာတတ်တယ်လေ... တို့နေထိုင်တဲ့လောကကြီးမှာ...
1.4M 34.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
6K 365 26
A office family trip to singapore which connects 4 souls Dhruv Malhotra and Arohi saxena Rishi Malhotra and Aaran saxena Their connection started w...
4.5M 285K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...