အတားအဆီးများနဲ့မောင့်ပင်လယ်(C...
By Pluviophile-K744
173K 5.1K 41
BL Story More
အမှာစာ
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Psat-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44(Final)
Part-16
3.2K 93 1
By Pluviophile-K744
"သိပြီ အန်တီနဲ့ထားခဲ့ တခြားသွားလုပ်တော့နော်"
"သားကမျက်မှန်မတပ်ဘူးထင်တယ်။ လက်ဆောင်ပေးချင်လို့လား"
"ဟုတ် မှန်ပါတယ်"
အသက်သုံးဆယ်ကျော်ဝန်းကျင်သာရှိအုံးမည့် ကျက်သရေရှိတဲ့ အမျိုးသမီးမှာ အပြောအဆိုအမူအရာတိုင်းသိမ်မွေ့လွန်းလှသည်။
"ရတယ်မလားဗျ"
"ရတာပေါ့ သားသာလိုချင်ရင် အန်တီရအောင်လုပ်ပေးပါ့မယ်"
"ကျေးဇူးပါဗျာ။ ကိုကိုဒီရေလှိုင်းသာ အဲ့မျက်မှန်လေးရရင် သိပ်ပျော်သွားမှာ"
"ဟင် ဘယ် ဘယ်သူသား"
"ကျွန်တော့်အကိုလေ။ အခုကသူ့အတွက်လာဝယ်တာဗျ"
"သားက ဒီရေလှိုင်းရဲ့ညီလေးလား"
"အရင်းတော့မဟုတ်ပါဘူး ကိုကိုက ကျွန်တော့်ကိုစာပြပေးရင်းနဲ့ ခင်သွားကြတာ"
"ဟို အန်တီက ကိုကို့ကိုသိလို့လား"
"သိပ်သိတာပေါ့။ တစ်ချိန်ကအန်တီ့သားအတွက် မျှော်လင့်ချက်လေးတောင်ဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် ကံကြမ္မာကမျက်နှသာမပေးခဲ့ပါဘူးသားရယ်"
ရည်ရည်မွန်မွန်နဲ့ပြုံးလို့ပြောနေသောသူမှာ ဟန်တောင်မဆောင်နိုင်ဘဲ ရုတ်တရက်မှိုင်သွားပြီး မျက်ရည်တွေတောင်ဝဲတက်လို့လာသည်။
"ဗျာ အန်တီ့သားကဘာဖြစ်သွားလို့လဲ"
"ဟွန်...ဪဒီလိုပါပဲ သားကဆိုးတော့သူ့ဦးလေးနဲ့နိုင်ငံခြားလွှတ်လိုက်ရတယ်လေ"
"ဪ ဒါဆိုအန်တီ့ဆီပြန်မလာတော့ဘူးပေါ့"
"အခုချိန်ထိဆိုပါတော့။ အန်တီအနေနဲ့ သားတစ်ယောက်ရှိတာ လိမ်လိမ်မာမာနဲ့ အန်တီ့အနားမှာပဲထားချင်တာ။ မိခင်တစ်ယောက်အနေနဲ့အန်တီကံမကောင်းခဲ့ပါဘူးကွယ်"
ရင်ထဲကလာတဲ့အတိုင်း ခံစားချက်အမှန်တွေနဲ့ပြောနေတာမို့ အလိမ်ညာတွေပါမယ်မထင်။ ဟိုလူအမှန်တကယ် မကောင်းတာတွေလုပ်ရင်တောင် အမေဖြစ်သူက သိခွင့်မရတဲ့ပုံမျိုး။
ဆက်ပြီးပြောလာတဲ့စကားတွေအရ မိဘကထိန်းချုပ်ထားသူမဟုတ်ဘဲ သူကမိဘကိုပြန်ထိန်းချုပ်နေပုံတောင်ပေါ်သည်။ ထိုလူ့ဆီကိုကိုရှိနိုင်ခြေ ပိုများလာပြီမို့ သူ့အကြောင်းထပ်ပြီးစုံစမ်းရမည်။
* * * * * * * * * * * * *
မှော်ဝင်တေး သူ့ရဲ့ကွန်ဒိုတိုက်ခန်းအတွင်း ပုလင်းချ၍ ဖန်ခွက်ထဲထည့်မော့ကာ စုံစမ်းထားတဲ့အချက်လက်တွေကိုထုတ်ကြည့်နေသည်။ စိတ်ရှုပ်သွားပုံပေါ်သည့်သူက လက်ထဲကဖန်ခွက်အား ပစ်ပေါက်လိုက်ရင်း တစ်ယောက်တည်းစကားတွေပြောနေလေ၏။
"မာန်ရိပ်သွေး မင်းကMr-မာန်ပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အမေရိကန်မှာတောင် ဒီပလိုမာကိုအသာလေးယူထားတဲ့ကောင်။ဟက် မိုးမခမြေရဲ့ အသေရရအရှင်ရရအဖိုးတန်ပစ္စည်းကြီးကို။"
"လှိုင်းကတကယ်ပဲမင်းဆီမှာလား။ ဟုတ်နေခဲ့ရင်ရော ဘာလို့မင်းလဲ။ အဲ့လူကဘာလို့မင်းလည်းကွာ တောက်စ်"
"ဟိုစောက်အဖိုးကြီးနဲ့ ရင်ဆိုင်နေရတာတောင် ငါ့မှာခက်ခဲနေတာကို။ အဲ့ငရဲလိုလူတွေရဲ့ဘုရင်နေရာမှာရှိတဲ့မင်းက မင်းက ဟာကွာ"
ထိုစဥ်အနားရှိ ဖုန်းဆီမှအသံမြည်လာလို့ သက်ပြင်းချကာ အသက်ဝဝရူရင်း ကိုင်ကာပြောလိုက်သည်။
"မှော်ဝင်လား"
"ပြောမဂ္ဂ"
"အေး မင်းပေးတဲ့နံပါတ် ငါhakလို့ရပြီ။ Programတစ်ခုပို့လိုက်မယ် အဲ့တာသုံးပြီးမင်းခေါ်လို့ရပြီ"
"မင်းတော်တယ် ကျေးဇူးပဲ။ ငါငွေလွှဲပေးလိုက်မယ်"
"Ok ဒါဆိုဒါပဲနော်"
"အင်း"
* * * * * * * * * * * *
"ဘာလုပ်နေကြတာလဲဟင်"
ဂိုဒေါင်တွင်း Poker ဆွဲနေသူတို့မှာ အသံမပေးဘဲ အနားရောက်မှမေးလာသောBossကတော်ကြောင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။
"ဘာ ဘာမှမလုပ်ပါဘူး Bossကတော်က ဘာကိစ္စရှိလို့လဲ"
"မဟုတ်မှ အပြင်ထွက်အုံးမို့လား။ မလုပ်ပါနဲ့ Bossက ခဏလေးသွားတာ မကြာခင်ပြန်ရောက်လာတော့မှာနော်"
"ဟောဗျာ ကျွန်တော်မသွားပါဘူး။ မှာထားတဲ့စာအုပ်တွေရပြီလားလာမေးတာ"
"ဪ အဲ့တာလားရပြီရပြီ ကျွန်တော်ဆီမှာ"
ထုတ်ယူကာပေးလာသော စာအုပ်များကိုယူလိုက်သည်။ ထိုအချိန် အိမ်ဘက်မှကားသံကြားရသည်မို့ အရှေ့ကလူတွေ ခဏတွင်းပျောက်သွားကြ၏။
ကိုယ်လည်းနောက်မှလိုက်၍ထွက်လာတော့ လူအုပ်ကြား ကားပေါ်ကဆင်းလာသူမှာကိုယ့်အားမြင်ပြီး အထဲမဝင်ဘဲစောင့်နေ၏။ အရှိန်နည်းနည်းတင်လို့အနားသွားလိုက်တော့
"ဘက်ကထွက်လာတာလဲ"
"ဟိုထဲက"
"မြင်တယ် ဘာသွားလုပ်တာလဲမေးတာ"
"စာအုပ်သွားတောင်းတာ"
လက်ထဲကစာအုပ်တွေကို မကျေနပ်သလိုတစ်ချက်ကြည့်ရင်း သူ့လူတွေဘက်လှည့်လို့
"ဘာကိစ္စအဲ့ဟာတွေကို မင်းတို့သွားမပေးပဲ သူကလာတောင်းရတာလဲ"
"အဲဒါက ကျွန်တော်တို့ဆီလည်း ခုနကမှရောက်လို့ပါ Boss"
"ဘယ်ချိန်ရောက်ရောက် ခက်ချင်းသွားမပေးနိုင်ရအောင် ဘာလဲမင်းတို့အဲ့ထဲမှာ ခွက်ပုန်းချနေကြတာလား ဟမ်"
"လုံးဝမဟုတ်ပါဘူး Boss"
"မှန်တယ် သူတို့အရက်သောက်နေတာမဟုတ်ဘူး"
ပြောပြလိုက်စမ်းပါ Bossကတော်ရယ်။ မဟုတ်ရင်သူပြောချင်တာပြောပြီး စွပ်စွဲတော့မှာ။
ဟူးတော်သေးတယ်Bossကတော်ရှိလို့
စိတ်ထဲကျေနပ်လို့ ကြိတ်ကာကျေးဇူးတင်နေသူတို့မှာ ဆက်ပြောလိုက်သောစကားကြောင့် မိုးကြိုးအတောင့်လိုက်ပစ်ခံလိုက်ရသည်။
"သူတို့ကအရက်သောက်နေတာမဟုတ်ဘူး ဖဲလေးပဲရိုက်နေတာ။ မင်းသူများကိုမဟုတ်တာတွေသွားမစွပ်စွဲနဲ့"
ထိုစကားကြောင့် လန့်ဖျန့်ကာမော့ကြည့်လာသူတို့မှာ မျက်လုံး၌ သင်္ချိုင်းမှလွဲ၍ ဘာမှမမြင်ရ။
"ဟက် အဲ့လိုလား။ သိပြီ ခင်ဗျားအခန်းထဲသွားနှင့်တော့။ ကျွန်တော်ခင်ဗျားနဲ့ရှင်းဖို့ရှိသေးတယ်လေ"
"အခုတော့ အလောင်းမျှော်သူတို့နဲ့အရင်ရှင်းလိုက်အုံးမယ်"
နားမလည်နိုင်တဲ့စကားတွေပြောနေတာမို့ ကမ်းပေးလာသောသူ့လက်ထဲကအထုပ်တွေကိုသာ ယူလိုက်ပြီး ပြောတဲ့အတိုင်းအခန်းဆီသာသွားလိုက်သည်။
"Bossအဲ့ဒါကလေ"
"ပါးစပ်ပိတ်ထား။ လက်ရဲဇက်ရဲနဲ့ အရည်အချင်းရှိလို့သာအားကိုးထားတာ ကျန်တဲ့နေရာကျစောက်တလွဲကြီးပဲ"
"မင်းတို့လည်း ဟိုတစ်ယောက်နဲ့ တော်တော်တူတယ်။ အူကြောင်ကြောင်တလွဲလုပ်တဲ့သူနဲ့ကြောင်တောင်တောင်ဂေါက်သီးတွေနဲ့ လိုက်လည်းလိုက်ကြတယ်"
"မင်းတို့အပြစ်ကိုသိရင် ဒီနေ့ Starကလပ်ကငွေယူဖို့ကိစ္စ မင်းတို့ကိုလွှတ်မယ်။ ကံကောင်းရင်အသက်ရှင်ပြီးပြန်လာကြ"
စကားအပြတ်ပြောလို့ ထွက်သွားသည်။ ခိုင်းတဲ့ကိစ္စက သူ့ရာဇဝင်မှာတော့ အသက်သာဆုံးအပြစ်ပေးခြင်းပင်။ ပြောလည်းပြောတယ်ပြီးရင် သူ့မယားကိုကြည့်ဖို့ ငါတို့ကိုပဲထားတယ်။
"ဘာတွေဖွက်လိုက်တာလဲ"
"အဲ့ အဲ့တာတွေက မင်းဘာလုပ်ဖို့ ဝယ်လာတာလဲ"
"မမှတ်မိဘူးလား ခင်ဗျားပဲအပြစ်ပေးပါလို့ပြောထားတာလေ။အဲ့တာတွေဝတ်ပြီး ခင်ဗျားကျွန်တော်နဲ့လုပ်ရမယ်"
"ဒါ ဒါဆိုလည်း ညမှလေ။ ငါအခု စာအုပ်လေးဖတ်ချင်လို့"
"စာအုပ်က ဘာကိစ္စဖတ်တာလဲ"
"ဗဟုသုတရအောင်ပေါ့။ မင်းမကြားဖူးဘူးလား စာအုပ်စာပေလူ့မိတ်ဆွေတဲ့။ မင်းလိုပေါက်ကရတွေ ဝယ်နေတဲ့သူမဟုတ်ဘူး"
"ဘယ်ဟာက ပေါက်ကရလဲ။ ဒါတွေကခင်ဗျားနာတာ သက်သာအောင်လည်းလုပ်ပေးတယ်။ ခင်ဗျားပိုပြီးခံစားလို့ကောင်းအောင်လည်းလုပ်ပေးနိုင်တယ်"
"အခုဝယ်လာတဲ့ ပစ္စည်းအကုန်လုံးက -ီးမိတ်ဆွေတွေပဲလေ။ ကျုပ်လည်းဗဟုသုတရှာဖို့ပေါ့"
"မဟုတ်တာတွေမပြောနဲ့။ မင်း အဲ့ဒါတွေက ရှက်စရာကြီး"
"ဘာ ရှက်စရာကြီး။ဟမ့် ခင်ဗျား ဂန္ဓမာက -ီးအမြဲဝင်နေတာကိုအားမနာ ရှက်နေသေးတယ်။ ညဆိုလည်းညပေါ့"
"အဲ့တာတွေအကုန်ဝတ်ပြီးစောင့်နေ။ အိပ်ရေးမဝမှာဆိုးရင် အခုတည်းကအိပ်ထား။ တစ်ညလုံးလုပ်မှာ ရပ်ဖို့လာမပြောနဲ့"
သူထွက်သွားတော့ အနောက်ကပစ္စည်းတွေ ထုတ်ယူကြည့်လိုက်သည်။ ​ကြောင်နားရွက်ပုံစံ ဘီးကုတ်နဲ့ ထိပ်ချွန်နေတဲ့အလုံးလိုဟာမှာအမြှီးလိုအမွှေးတွေပါတယ်။
မိန်းမတွေဝတ်တဲ့ ဘရာစီယာကို ဇာတွေချည်းနဲ့အနက်ရောင်လေး အောက်ခံပင်တီကလည်း ကြိုးတွေချည်းသာပါတယ်။ ခြေအိတ်ရှည်ရော ဘာမှန်းမသိတဲ့အရုပ်တွေရော တကယ်ဘာလုပ်ခံရမယ်မှန်းမစဥ်းစားတတ်တော့။
"အမယ်လေး"
အတွေးလွန်ချိန် ဖုန်းမြည်လာလို့ လန့်လို့သွားသည်။ ကိုင်တော့မည့်အချိန် စဥ်းစားကြည့်တော့ သူပေးထားတဲ့ဒီဖုန်းက ဘယ်သူမှကိုယ့်ဆီစပြီးဆက်လို့မရ အဖွားဆီဆက်ဖို့သာပေးထားသည်။
"ဟယ်လို"
ဆက်တိုက်မြည်နေတာမို့ သူမရှိချိန်ပြောရန်ကိုင်လိုက်၏။
"လှိုင်း"
"ဘယ်သူလဲ"
"ကိုယ်ပါ။ လှိုင်းရဲ့မှော်ဝင်လေ"
"ခင် ခင်ဗျားဘယ်လိုလုပ်"
"ရှုး....။ ကိုအကုန်သိပြီးပြီ"
"လှိုင်းအခု မာန်ရိပ်သွေးဆီမှာမှတ်လား"
"ဗျာ"
"ကိုယ်ပြောတာနားထောင် လှိုင်းအဖွားကလွဲပြီး ကိုယ်အပါအဝင်အကုန်လုံးမင်းကိုလိုက်ရှာနေတာ။ဒါပေမယ့် သူဘယ်လိုလူလည်းဆိုတာတော့ ကိုယ်ပဲသိသေးတယ်။"
"လှိုင်းလည်းသိမှာပါ သူ့ဆီကနေမင်းကိုလာခေါ်ရင် အဲ့လူတွေ ဘာလုပ်ခံရမလဲဆိုတာ"
"ခင် ခင်ဗျားက နိုင်ငံခြားမှာမဟုတ်ဘူးလား"
"ပြန်ရောက်နေတာကြာပြီ။ ပြောချင်တာက ကိုယ်သာပြောလိုက်ရင် မကြာခင်အကုန်လုံးသိတော့မှာ"
"အဲ့ အဲ့လိုမလုပ်နဲ့ ဒီနေ့နဲ့ဆို ဒီအိမ်မှာနေတာလေးရက်ရှိပြီ။ နောက်သုံးရက်နေရင်တစ်ကယ်ပြန်လာမှာ။ ခဏလောက်ပဲစောင့်ပေးပါ"
"လှိုင်းသိထားတာသေချာရဲ့လား။ တကယ်ပဲ တစ်ပတ်ပြည့်တာနဲ့သူမင်းကို အမှန်တကယ်လက်လွှတ်ပေးမှာတဲ့လား"
"အဲ့ အဲဒါက"
"ခင်ဗျားဘယ်သူနဲ့ပြောနေတာလဲ"
အခန်းဝမှ ကြားလိုက်တဲ့အသံကြောင့် တစ်ကိုယ်လုံးကိုင်လှုပ်လိုက်သလို တုန်သွားသည်။ ရင်ထဲထိတ်နေလို့ အတော်ကြာကြောင်ကြည့်နေမိပြီး ​ဖုန်းကိုင်ထားတဲ့လက်တွေကလည်း တုန်ယင်နေပြီ။
"အ အဖွား အဖွားနဲ့"
"လှိုင်းကိုယ်ပြောတာပဲနားထောင်တော့။ ဘယ်သူကိုမှမသိစေချင်ရင် ကိုယ်နဲ့အပြင်မှာရအောင်လာတွေ့။ နောက်ကျကိုယ်ထပ်ဆက်လိုက်မယ်"
"ဒါ ဒါဆို ဒါပဲနော်။ သူငယ်ချင်း ရောက်လာလို့ ဖုန်း ဖုန်းချလိုက်ပြီနော်အဖွား"
ဖုန်းပြောပြီးသည့်တိုင် ရပ်ကာစိုက်ကြည့်နေသည်။ သူ့မျက်နှာကိုမကြည့်ရဲတာမို့ မျက်နှာလွှဲကာငြိမ်ပြီးထိုင်နေလိုက်၏။
"ပြောပြီးရင်လည်းဆင်းခဲ့။ မုန့်လာစား"
"ဟု ဟုတ်"
"ဟက် ယဥ်ကျေးနေပါလား"
အောက်ရောက်တော့ စားပွဲပေါ်တွင် ကိုယ်ကြိုက်တယ်လို့ပြောထားသော ကိတ်များအကုန်ရှိနေသည်။ ဖျော်ရည်အစုံလည်းချပေးထာပြီး ခုံမှာထိုင်နေသူကတော့ အရက်ခွက်ကိုရေခဲထည့်လို့ အရသာခံသောက်နေ၏။
အချိန်အတော်ကြာအောင် စကားတစ်ခွန်းမပြော။ ရောက်ထဲကအကြည့်မလွှဲပဲ စိုက်ကြည့်နေတာမို့ စိုးရိမ်စိတ်တို့ကြောင့် အဲကွန်းခန်းထဲ ချွေးတွေရွဲနေပြီ။ ပြောစရာမရှိပေမယ့် ဒီအခြေနေကို ဖြိုခွဲဖို့တော့ကြံရမည်။
"မုန့်တွေကအများကြီး ငါမှမကုန်တာ။ အများကြီးဝယ်မထားနဲ့လေ"
"အဲ့တစ်ဝက်လောက်တော့ ခင်ဗျားကုန်အောင်စားပါတယ်"
"အဲ့ အဲ့ဒါက ငါကြိုက်တာကို"
"ခင်ဗျားတစ်ပတ်ပြည့်လို့ ဒီကနေထွက်သွားရင် ဘာလုပ်မှာလဲ"
"အရင်လိုပဲပြန်နေမှာပေါ့။ ကော်ဖီဆိုင်မှာပဲအလုပ်ပြန်ဝင်မှာလေ"
"နှစ်ပဲတစ်ပြားလေးနဲ့ကို ကျုပ်ဆီမှာအလုပ်ဝင်မလား ခင်ဗျားတောင်းသလောက်ပေးမယ်"
"မလုပ်ချင်ပါဘူး။ မင်းတို့အလုပ်ကြီးလည်း ငါမကြိုက်ဘူး။ ပြီးတော့မင်းလို တင်းကျပ်ပြီးကြောက်ဖို့ကောင်းတဲ့သူလက်အောက်မှာလဲ ငါမနေချင်ဘူး"
"ငါက ကိုယ့်ဘဝလေးနဲ့ကိုယ် လွတ်လွတ်လပ်လပ်ပဲပျံသန်းချင်တာ"
"အို ဟုတ်လား...။ဒါနဲ့ ခင်ဗျားအဲ့လောက်စားနေရင် ပျံနိုင်ပါ့မလား"
"ဘာ"
"ခင်ဗျားအလေးချိန်ကို လေကမခံနိုင်လောက်ဘူးထင်တယ်"
"ရတယ် ငါဟာငါ လေယာဥ်စီးပြီးဖြစ်ဖြစ် ပူပေါင်းစီးပြီးဖြစ်ဖြစ် ပျံနေလိုက်မယ် စောက်ရူးရဲ့"
"အဲ့ဒါပျံတာလား"
"ဘယ်လိုပျံပျံ လေပေါ်ရောက်နေရင်ပြီးရောမှတ်လား"
"စွာလိုက်တာ"
* * * * * * * * * * * * * * * * * *
မှိန်ပြသောအလင်းရောင်သာရှိလို့ ဘားတစ်ခုအတွင်း အမျိုးသမီးတစ်ဦးဝင်လာသည်။ ရင်ဘက်ဖုံးရုံအိင်္ကျီအား ခါးသွယ်သွယ်ဗိုက်ချပ်ချပ်တို့အသားပေးဖော်ကာဝတ်လို့ထားသည်။
တိုတက်နေသောစကတ်ဖြူက ကိတ်လွန်းတဲ့တင်ပါးအားလုံးကိုအောင်မဖုံးပေးနိုင်။ အရိုင်းဆန်ဆန်အလှတို့နှင့်သူမကတော့ အာလုံးရဲ့အမြင်အာရုံကိုဖမ်းစားထားလျက်။
"ပြောတေး ဘာကိစ္စရှိလို့ခေါ်တာလဲ"
"ဒီကိုရောက်တည်းကမတွေ့ရသေးလို့လေ"
"အဟား အဲ့ဒါကြောင့်ပဲဟုတ်လို့လားတေးရဲ့"
"ယူ့အကြောင်းတို့မသိရင်ခက်မယ်နော်"
"ဆိုပါတော့Mika ကိုယ်မင်းဆီကအကူညီလေးတောင်းစရာရှိလို့"
"အဲ့လိုလား တို့ဆီချဥ်းကပ်လာတဲ့သူတွေကိုတော့မကြိုက်ပေမယ့် မင်းကိုတော့တို့သဘောကျတယ်"
"လုပ်ပေးချင်လောက်တဲ့ကိစ္စမျိုးဆိုရင် ကူညီမယ်လေ"
"အဲ့ဒါတော့စိတ်ချ Mikaဘက်ကနေ လုပ်ကိုလုပ်ပေးချင်မဲ့အရာမျိုးပဲ"
မာန်ရိပ်သွေးရဲ့အိမ်တော်တွင်
တဖြေးဖြေးမှောင်လာသောအလင်းရောင်ကြောင့် လူကဂနာမငြိမ်တော့။ ဘာကိုစိတ်လှုပ်ရှားလို့လှုပ်ရှားနေမှန်းမသိ။
ထူးဆန်းတာတွေဝတ်ရမှာကိုလား အကိုမှော်ဝင်ဖုန်းဆက်လာမှာကိုလား။ သူရောက်လာလို့ စက်ပိတ်ထားရင်ရော သံသယဝင်လောက်လား။ ရင်ထဲမှာမီးလိုပူနေပြီ။
အချိန်က၇နာရီထိုးတော့မှာမို့ ကုတင်ထက်ပစ္စည်းတို့ဖြန့်ကျဲရင်း တွန့်ဆုတ်နေမိသည်။သူရောက်မလာခင် ပြင်ဆင်ရမှမို့ အဝတ်တွေနဲ့ဘီးကုတ်ကိုအရင်ဝတ်ကြည့်လိုက်သည်။
"ဟား ဒါကဘာကြီးလည်းရှက်လိုက်တာ ငါ့ပုံကမိန်းမကြီးကျနေတာပဲ"
ကိုယ်လုံးပေါ်မှန်ရှေ့ သေးငယ်လွန်းတဲ့ရင်သားနှင့်အံဝင်ဂွင်ကျနေတဲ့ ဝတ်စုံကဘာသဘောနဲ့ထုတ်ရောင်းနေကြလည်းမသိ။ ဇာအနက်ရောင်ကြား အသီးရဲရဲကထိုးဖောက်မြင်နေရတယ်။
အောက်ကလည်း ခါးနဲ့တင်မှာကြိုးသာရှိပြီး ပစ္စည်းလေးအားဖုံးပေးထားလို့ ဘာမှမဝတ်ထားရသလိုပဲ။ ခေါင်းမှာလည်းသဘာဝအတိုင်းရှိနေသလားမှတ်ကတဲ့ နားရွက်က တကယ့်တိရိစ္ဆာန်ပုံပေါက်နေပြီ။
"📲📲📲အမယ်လေး"
အလင်းဖြဖြအခန်းထဲ မြည်လာတဲ့ဖုန်းသံက တစ္ဆေအလား။ ရင်တုန်လွန်းလို့ တစ်ကိုယ်လုံးအေးစက်နေပြီ။ အသိတစ်ချက်ဝင်လာလို့ အလျင်မြန်သွားကိုင်လိုက်တော့
"ဟယ်လို"
"အဲ့ဘက်လူကြီးမင်း အားနာပါတယ်ခင်ဗျ။ ကျွန်တော်က MMMဘားကပါ။ ဒီကဧည့်သည်ရဲ့အခြေနေကလုံးဝမကောင်းတော့လို့ ဒီကိုဆက်သွယ်ပြီးခေါ်ပေးပါဆိုလို့ပါ"
"သူကရော သူနဲ့ပဲပြောမယ် ပေး(ပေး)ပါ"
"ဟိုလေ သူကပြောနိုင်မယ့်ပုံမပေါ်"
ဘားဝန်ထမ်းလေးဆီမှပြောလက်စဖုန်းကဆွဲလုခံလိုက်ရပြီး
"လှိုင်း ကိုယ့်ဆီလာ။ ကိုယ်မင်းကိုအရမ်းလွမ်းနေပြီလေကွာ"
"ခဏလောက်လာတွေ့ပါလား ခဏလေး ခဏလေးပဲကိုယ့်ဆီလာလို့မရဘူးလား ဟင်လှိုင်း"
"အကို ကျွန်တော်အဆင်မပြေလို့ပါ။ ဖုန်းလည်းမဆက်နဲ့တော့နော် ကျွန်တော်တောင်းပန်ပါတယ် နောက်အဆင်ပြေမှတွေ့ကြမယ်လေ နော်"
"ကိုယ်မစောင့်နိုင်ဘူးလှိုင်းရယ် အခုထွက်ခဲ့ပါ။ ဟိုကောင်ကြောင့်ဆိုရင် စိတ်မပူနဲ့"
"အခုချိန်သူမရှိလောက်တော့ဘူး ပြီးတော့အဲ့အိမ်မှာလှိုင်းကိုခေါ်လာပေးမဲ့သူလဲရှိတယ် အခုအမြန်လာခဲ့"
"ဘာ ဘာတွေပြောနေတာလဲ။ ကျွန်တော်နားမလည်ဘူးအကို"
"ထွက်လာမယ်ဆိုအခုချိန်က အခွင့်ရေးပဲ။ စက္ကန့်လောက်တောင်အချိန်မဆွဲနဲ့တော့ နော်လှိုင်း"
"ဘယ်လို။ ဟယ် ဟယ်လို ဟယ်လိုအကို"
မယုံကြည်ခြင်းများစွာနဲ့ အခန်းတံခါးအသာဖွင့်လို့ ခေါင်းထွက်၍အခြေနေအကဲခတ်နေသူအားမြင်လိုက်သည်နှင့် လူတစ်ယောက်အနားသို့ပြေးလာသည်။
"ခင်ဗျားကိုခေါ်သွားမယ့်သူပါ အခုလိုက်ခဲ့ အချိန်ကြာရင်မကောင်းဘူး"
"ဟမ်ခဏခဏ ခဏနေအုံး"
"မရတော့ဘူး ဒီထက်အချိန်ပိုမရတော့ဘူး အမြန်လိုက်ခဲ့ပါ"
အဝတ်မဝတ်ရသေးတာကို တံခါးအတင်းလာဆွဲတာမို့ မနည်းပြောပြီး ညအိပ်ဝတ်စုံအနက်ကို အပေါ်ကအမြန်ထပ်ဝတ်လို့ အနွေးထည်ခြုံကာလိုက်သွားလိုက်သည်။
"ဘာ ဘာလို့အိမ်မှာ ဘယ်သူမှမရှိတော့တာလဲ"
"အရေးကြီးကိစ္စပေါ်လာလို့ အလောတကြီးထွက်သွားကြတယ်။ အခွင့်ရေးမို့အမြန်လိုက်ခဲ့ပါ"
"နေ နေပါအုံး မင်းကမာန်ရိပ်နားကလူမဟုတ်ဘူးမလား။ ဒီကိုဘယ်လိုရောက်နေတာလဲ"
"မေးမနေပါနဲ့တော့ လာပါတော့အမြန်"
မပြီးကိုင်ပေါက်ရင်တောင် ကားထဲတန်းရောက်သွားနိုင်တဲ့သူက လှသလောက်တော်တော်အရစ်ရှည်တယ်။ ခေါင်းမှာကြောင်နားရွက်နဲ့ ပါးဖောင်းဖောင်းမျက်လုံးဝိုင်းဝိုင်း ရစ်နေတာတောင်ချစ်ဖို့ကောင်းလို့။သူ့လိုမိန်းမကြောင့် ဂိုဏ်းတွေကြား စစ်ဖြစ်ရင်လည်းဖြစ်သင့်ပါရဲ့။
တစ်နေရာအရောက် ခေါ်ဆောင်လာသောကြောင်ပေါက်လေးအားချပေးရင်း လှည့်ကြည့်ချိန်တောင်မပေးပဲမောင်းထွက်သွား၏။ ကျန်ခဲ့သူမှာ အူလည်လည်နဲ့ အထဲသို့တရွေ့ရွေ့ဝင်လာသည်။
"လှိုင်းလေး ကိုယ့်လှိုင်း"
"အဲ့အကိုမူးသာမူးတာ ဒါမျိုးကျမြင်တာတန်းနေတာပဲ"
ခုနကအချိန်ထိ ဝိုင်းထိန်းနေရသောဝန်ထမ်းများမှ ပေါက်ပေါက်ဖောက်နေကြခြင်းပင်။
"လှိုင်း ဟီးဟီး ကိုယ့်ရဲ့ကြောင်ပေါက်လေး ချစ်စရာလေး ကိုယ့်ဆီလာပါအုံး"
"အကို ခင်ဗျားဘယ်လောက်တောင်သောက်ထားတာလဲဗျာ။ သေချာတောင်မရပ်နိုင်ပါလား"
"ရပါတယ် တအားကြီးသောက်လိုက်ရင် ခန္ဓာကိုယ်ကနည်းနည်းယိုင်ချင်ပေမဲ့ အသိစိတ်ကတော့ပုံမှန်ပါဗျာ"
"ဟုတ်ကဲ့ပါ တော်ပါသေးရဲ့"
"လှိုင်း ဒီနေရာကမလုံခြုံဘူး။ ကိုယ့်အိမ်ကိုသွားကြမယ်"
"မဖြစ်နိုင်လောက်ဘူး ခင်ဗျားကိုကားနဲ့တင်ပေးပြီး ကျွန်တော်ပြန်ရမယ်။ တွေ့ပြီးပြီပဲ တော်တော့လေဗျာနော်"
"မရဘူးလေ မင်းမပို့ရင် ကိုယ်ဘယ်လိုပြန်ရမလဲ"
"ကားဆရာနဲ့ပြန်လေ"
"လှိုင်းရယ် မင်းမို့လို့ကိုယ့်ကိုတစ်ယောက်ထဲလွှတ်ရဲတယ်။ မတော်လို့ ကိုယ့်ကိုသတ်သွားရင်ဘယ်လိုလုပ်မလဲ"
"ဘာလို့သတ်ရမှာလဲ ပေါက်ပေါက်ရှာရှာဗျာ"
"မသိဘူး လိုက်ပို့ကွာနော်"
"ပြီးရောဗျာ ခင်ဗျားအိမ်ရောက်တာနဲ့ ကျွန်တော်ပြန်မှာနော်"
"အင်း သဘောဟုတ်ပြီလား"
Taxiဌားရန် အမူးသမားလေးအား ငြိမ်ငြိမ်လေးရပ်စောင့်ဖို့မှာကာထားပြီး အရှေ့ထွက်ကားတားနေလိုက်သည်။ တအောင့်နေတော့ ကားတစ်စီးရပ်ကာပေးလာလို့
"ကားဌားဖို့ပါအကို"
"ဘယ်ကိုသွားမှာလဲ"
"ဘယ်ကိုလဲဆိုတော့"
လိပ်စာမေးရန်လှည့်လို့ကြည့်တော့ လူအားမတွေ့တော့။ အလန့်တကြားလှည့်ပတ်ရှာနေစဥ် ကားဆရာမှ
"ဘယ်သူ့ကိုလဲ စောနကမင်းနောက်ကသူကိုရှာတာလား"
"ဟုတ်တယ်ဗျ သူ့ကိုပို့ပေးရမှာ"
"အဲ့ဒါဆိုရင် ဟိုရှေ့မှာလမ်းကူးဖို့လုပ်နေတယ်"
"ဗျာ"
ကားဆရာပြသည့်နေရာကြည့်လိုက်တော့ မှောင်ရိပ်ကျရာ လူတချို့ကြား ယိုင်တိုင်တိုင်လျှောက်နေသည်။
"အကိုမှော်ဝင်တေး အကိုကားလာနေတယ်မသွားနဲ့အုံး အကို"
"ကျွီ"
"ဟုတ် မှန်ပါတယ်"
"ရတယ်မလားဗျ"
"ဟင် ဘယ် ဘယ်သူသား"
"ဟွန်...ဪဒီလိုပါပဲ သားကဆိုးတော့သူ့ဉီးလေးနဲ့နိုင်ငံခြားလွှတ်လိုက်ရတယ်လေ"
* * * * * * * * * * * * *
"မှော်ဝင်လား"
"ပြောမဂ္ဂ"
"Ok ဒါဆိုဒါပဲနော်"
"အင်း"
* * * * * * * * * * * *
"ဘာလုပ်နေကြတာလဲဟင်"
"ဘက်ကထွက်လာတာလဲ"
"ဟိုထဲက"
"စာအုပ်သွားတောင်းတာ"
"လုံးဝမဟုတ်ပါဘူး Boss"
"Bossအဲ့ဒါကလေ"
"ဘာတွေဖွက်လိုက်တာလဲ"
"အမယ်လေး"
"ဟယ်လို"
"လှိုင်း"
"ဘယ်သူလဲ"
"ရှုး....။ ကိုအကုန်သိပြီးပြီ"
"ဗျာ"
"အဲ့ အဲဒါက"
"အ အဖွား အဖွားနဲ့"
"ဟု ဟုတ်"
"ဟက် ယဉ်ကျေးနေပါလား"
"ဘာ"
"အဲ့ဒါပျံတာလား"
"စွာလိုက်တာ"
* * * * * * * * * * * * * * * * * *
"📲📲📲အမယ်လေး"
"ဟယ်လို"
"ဘယ်လို။ ဟယ် ဟယ်လို ဟယ်လိုအကို"
"ဟမ်ခဏခဏ ခဏနေအုံး"
"ကားဆရာနဲ့ပြန်လေ"
"အင်း သဘောဟုတ်ပြီလား"
"ကားဌားဖို့ပါအကို"
"ဘယ်ကိုသွားမှာလဲ"
"ဘယ်ကိုလဲဆိုတော့"
"ဗျာ"
"ကျွီ"
Continue Reading
You'll Also Like
4.5M 285K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.5M 130K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
2.7M 156K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...