အတားအဆီးများနဲ့မောင့်ပင်လယ်(C...
By Pluviophile-K744
171K 5.1K 41
BL Story More
အမှာစာ
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Psat-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44(Final)
Part-14
3.2K 112 0
By Pluviophile-K744
"Bossမယားပါလား ဘာလိုချင်လို့လဲ"
"ဘာမယားလဲ။ အဲ့လူရော"
"အလုပ်ကိစ္စနဲ့ အပြင်သွားပါတယ်"
"ကြာမှာလား"
"မပြောတတ်ပါဘူး"
"အင်းးးးးး"
"ဘယ်ကိုသွားမလို့လဲ Bossမယား"
ခေါင်းတဆက်ဆက်ငြိမ့်လို့ အိမ်အပြင်ထွက်သွားသူအား လှမ်းအော်ကာပြေးလိုက်ရသည်။
"အဝေးကြီးမဟုတ်ပါဘူး ပျင်းလို့စာအုပ်လေးသွားဝယ်ချင်လို့ ချက်ချင်းပြန်ခဲ့မယ် ဟုတ်ပြီလား"
"မရဘူး ဘယ်မှမသွားဖို့ပြောထားပါတယ်"
"မကြာပါဘူးဆိုဗျာ"
"စိတ်မရှိပါနဲ့ Bossမယား အိမ်ထဲပြန်ဝင်ပါ"
"ရွှတ် ဟင့်မင်းလေ မင်းပဲစဥ်းသားကြည့်ပါဟာ။ ဟင့်ငါ ငါတစ်ယောက်တည်းအထီးကျန်ပြီး ပျင်းလို့သေတော့မယ်"
"အီးဟီး ငါဘဝကြီးက ဆိုးပါရောလားဟင့်ဟီး"
"မ မငိုပါနဲ့ ကျွန်တော်တို့လည်ပင်းပြတ်လိမ့်မယ်။ ကျွန်တော်တို့လည်းကြောက်လို့ပါ စကားနားထောင်ပါနော်"
"အီးငါမကြာဘူးလေ အမြန်ပြန်လာမှာပါ။ ငါဒူးထောက်ပြီးတောင်းပန်ပါတယ်ကွာ ခဏလေးသွားပါရစေ"
"မလုပ်ပါနဲ့ ကျွန်တော်လည်း ဒူးထောက်ပြီးလက်အုပ်ချီးပြီးတောင် တောင်းပန်ပါတယ် ပြောသလိုလေးနေပေးပါ"
ဂိုဒေါင်တွင်းမှလူသုံးယောက်မှာ ပိုကာဆွဲနေရာမှအပြင်ကအသံတွေကြောင့် သေနတ်ဆွဲလို့ပြေးထွက်လာကြသည်။ ထင်ထားသလိုမဟုတ်ဘဲ Bossရဲ့အသည်းကျော်နဲ့ ​ကတုံးတို့မှာမြေကြီးပေါ် မျက်နှာချင်းဆိုင်ဒူးထောက်ပြီး အပြိုင်ဆိုင်ငိုနေကြ၏။
"ကတုံးမင်းဘာလုပ်လိုက်တာလဲ အသတ်ခံချင်လို့လား"
"ကျွန်တော်ဘာမှမလုပ်ရပါဘူးအကိုကြီးရယ် ကယ်ပါအုံးဗျာ"
"Bossမယားလေး ဘာဖြစ်လို့လဲ"
"အီးဟီး ဟင့်လူတစ်ယောက်ကို အတင်းအကြပ်ချုပ်နှောင်ထားတာကို ဝမ်းနည်းတာပေါ့။ ဒီနားလေးခဏလေးသွားမှာပါ မကြာစေရပါဘူး သွားပါရစေနော်အီးဟီး"
လေးယောက်သားအကြပ်ရိုက်လို့ အမွှေးမရှိတဲ့ခေါင်းကလည်းယားနေပြီ။ ချွေးဒီးဒီးကျလို့ ပစ်ခတ်တိုက်ခိုက်ပြီး လူသတ်နှိပ်စက်တာတောင် အခုလောက်မပင်ပန်းဘူး။
"ဒီလိုလုပ်ပါလား မကြာဘူးဆိုရင်လေ ကျွန်တော်တို့ လိုက်ပို့ပါရစေ"
"ဟမ် ရွှတ် တစ်ယောက်တည်းလည်းရပါတယ် အမြန်ပြန်လာမှာပါ"
"မဖြစ်နိုင်ဘူးBossမယားရဲ့။ ဒီကနေ ကားငှားဖို့လမ်းလျှောက်မယ်ဆိုရင်တောင် တစ်ရက်လောက်ကြာလိမ့်တယ်"
"ဟုတ်တယ် ပြီးတော့Bossသိသွားခဲ့လို့ တစ်ယောက်တည်းလွှတ်လိုက်တယ်ဆိုရင် ဟာဗျာမတွေးရဲဘူး"
"ဒါဆိုအများကြီးမလိုက်နဲ့ လက်နက်တွေမယူခဲ့နဲ့ အိင်္ကျီကိုလည်း အဲ့လိုဆင်တူကြီးတွေမဝတ်လာနဲ့"
သဘောတူညီချက်တွေပြီးဆုံးလို့ သက်တော်စောင့်အနေနဲ့ သုံးယောက်လိုက်ခဲ့သည်။ လူတော်တော်များနဲ့တစ်ညတာဆက်ဆံရေးသာရှိခဲ့ပေမယ့် အခုလူသားလေးအား အခွင့်ပေးဆက်ဆံနေပုံက တန်ဖိုးထားမှန်းသိသာတာမို့ ဂရုစိုက်ရမည်။ အလုပ်တွေဖယ်ပြီး တစ်ပတ်တိတိနားရတဲ့အကြောင်းက ပေါ့သေးသေးတော့မဟုတ်ဘူးမလား။
"တအားမမောင်းနဲ့လေ လမ်းကရှုပ်နေတာကို"
"အလုပ်သဘောအရ အမြန်မောင်းနေကျမို့ အကျင့်ပါနေလို့ပါ"
"အဲ့လိုဆိုပေမဲ့ အရှိန်လေးကိုတော့လျှော့လျှော့ အား ငကြွားကြီးရှေ့မှာ ရှေ့မှာ"
"ကျွီ....ဝူး....ဝုန်းဒုန်း"
"Boss မယား Bossမယား"
နားထဲကြားရသောခေါ်သံကြောင့် အသက်ရူသံတွေမြန်ဆန်လို့ အတင်းကျပ်မှိတ်ထားသောမျက်လုံးတို့မှာ အသာယာဖွင့်လိုက်သည်။
"ဘာ ဘာမှမဖြစ်သွားဘူးလား"
"ဒါပေါ့ ဒီအခြေနေလောက်က အသာလေးရှောင်နိုင်တယ်"
လမ်းကြားမှထွက်လာကာ ထိပ်တိုက်တွေ့သော ကားနှစ်စီးကအလွန်နီးနေပြီ။ မောင်းနေတဲ့သူရဲ့ကျွမ်းကျင်မှုကြောင့် အထိခိုက်မရှိဘဲ တစ်ဖက်ကလမ်းသို့အလွယ်တကူရှောင်ထွက်လိုက်နိုင်ခြင်းပင်။
"အဆင်ပြေပြီဆို ဆက်သွားကြမယ်"
"နေအုံး"
သတိရလာလို့ အနောက်ကိုလှည့်ကြည့်တော့ တစ်ဖက်ကားမှာ အုတ်နံရံတစ်ခုဝင်တိုက်လို့ အတော်အခြေနေဆိုးပုံပေါ်သည်။ လမ်းရှိလူများလည်း ဝိုင်းကာကြည့်နေတာတောင် ဘာမှမဖြစ်သလိုဆက်သွားဖို့ပြင်နေကြတာမို့ ဆူငေါက်ပြီးဆွဲခေါ်လာတော့ ပါလာကြတယ်။
"အဆင်ပြေကြရဲ့လား"
"ဟာ ဘုရားရေထိခိုက်မိတဲ့သူတွေရှိတယ် အမြန် အမြန်ဆေးရုံကိုအကြောင်းကြား"
"Bossမယားအဲ့လောက်ထိလုပ်ပေးရင် ကြာလိမ့်မယ်။ လျော်​ကြေးပေးပြီးထားခဲ့လိုက်"
"ဘာ လူမဆန်တဲ့ကောင်တွေ ဖုန်းဆက်လို့အမြန်ဆက်"
နီးစပ်ရာဆေးရုံတွင် ပါလာသူငါးဦးမှ တစ်ဦးသာပွန်းပဲ့ရုံထိခိုက်ပြီး ကျန်လေးဦးမှာ ကြီးကြီးမားမားထိခိုက်သွားသည်။ အသက်အန္တရာယ်တော့မစိုးရိမ်ရ။
"မားသက် နာနေလားဟင်"
"နည်းနည်းပါ မီးလေးရယ်။ မားတော့ ကလေးတွေဆီမသွားနိုင်မှာပိုစိုးရိမ်တယ်"
"စိတ်မပူနဲ့မားသက် မီးလေးရအောင်သွားမယ် ဟုတ်ပြီလား"
"Bossမယားထားလိုက်တော့ သွားရအောင်"
"အမလေး တစ်ကယ်တည်း ဘယ်လိုဖြစ်နေတာလဲ။ အစတည်းက သွားမယ်ချည်းပြောနေကြတယ်။"
"တာဝန်ယူစိတ်မရှိလိုက်တာ ယောကျာ်းရင့်မာကြီးတွေဖြစ်ပြီး။ ရုပ်ကြမ်းကြီးတွေနဲ့"
နစ်နာသူငါးဦးမှာ Lady boyများဖြစ်ကြသည်။ အစောတည်းက ကိုယ့်လူသုံးယောက်အားမကျေနပ်ဟန် တစ်ချက်တစ်ချက်ရန်ထတွေ့တတ်သည်။
"ရှင်တို့တွေလုပ်ရက်က တရားစွဲထောင်ချလိုက်လို့ရတယ်နားလည်လား"
"ကျွန်တော်တောင်းပန်ပါတယ် ဒီတိုင်းမထားခဲ့ပါဘူး။ ကျေနပ်တဲ့အထိ ကျွန်တော်တို့လုပ်ပေးပါ့မယ်နော်"
"ရှင်လေးကြောင့်ပေါ့ မဟုတ်ရင်ပြတ်ပြတ်သားသားလုပ်ထည့်လိုက်ပြီ"
"မရပါဘူး Bossမယား ကျွန်တော်တို့ အမြန်ဆုံးပြန်ဖို့သဘောတူထားတယ်လေ"
"ဟိုဘက်က ခင်ဗျားတို့လိုချင်သလောက်လျော်ကြေးပေးနိုင်တယ်။ ဒါမှမကျေနပ်လို့တိုင်လည်း အဆင်ပြေတယ်။ အရေးကြီးကိစ္စရှိလို့ သွားရတော့မယ်"
"ဘာပြောတယ်"
ဒေါသထွက်ကာအော်လိုက်သော အသံစူးစူးက ဆေးရုံတစ်ခုလုံး ကျယ်လောင်သွားသည်။ ကိုယ်သာဝင်မထိန်းရင် ပြဿနာကြီးမှာသေချာသည်။
"မင်းတို့တွေ ကိုယ်ကျူးလွန်တဲ့လုပ်ရပ်ကို တာဝန်ယူရမယ်။ ပေါ့ပေါ့လေးမပြောနဲ့ တအားရိုင်းတယ်သိလား"
"ဟိုလေဒီကအမတွက် ကျွန်တော်ကျေနပ်အောင်ဘာများလုပ်ပေးရမလဲ။ ပြောပါလုပ်ပေးပါ့မယ်"
"တို့နာမည် မီးမီးချစ်ပါ"
"ဟုတ်ကဲ့ပါ အမမီးမီးချစ်"
"မီးမီးချစ်ပဲခေါ်ပါ တို့ဘာပြောပြောလုပ်ပေးမှာသေချာလား"
"ဟုတ်ကဲ့ အဆင်ပြေရင် ဘာမဆိုလုပ်ပေးပါ့မယ်"
မီးမီးချစ်မှ ကိုယ်တွေလေးယောက်အား အသေချာတစ်ချက်ကြည့်ပြီး
"ရှင်တို့သိလား ကိုယ်တွေကအခုတစ်နေရာကိုသွားနေကြတာ။ အဲ့နေရာက မိဘမဲ့ဂေဟာလေးလေ"
"မားသက်က တို့တွေကိုစုပြီး မကြာမကြာအဲ့ဂေဟာလေးကိုသွားပြီး ထောက်ပဲ့လှူတန်းတာ ကလေးငယ်တွေရဲ့ဝေယာဝစ္စလေးတွေလုပ် သေးသေးလေးတွေကိုထိန်းကြောင်းပေးပြီး ကူဆော့ပေးကြတာ"
"မားသက်နဲ့ ကျန်တဲ့သူတွေရဲ့အခြေနေက သွားဖို့လုံးဝမဖြစ်နိုင်ဘူး။ မားသက်တွက် သူ့ဒဏ်ရာတွေထက် ကလေးတွေ သူ့ကိုမျှော်နေမဲ့အရာကပိုနာကျင်စေတဲ့ပုံပဲ"
မိတ်ကပ်ပါးပါးအုပ်လို့ ကာလာခြယ်မျက်ဝန်းတို့မှ ဝမ်းနည်းရိပ်တို့ပြည့်နေသည်။ အမျိုးသမီးတစ်ဦးလိုဝတ်စားထားပြီး ပိန်းပိန်းပါးပါးကိုယ်လေးနဲ့ အမှတ်တမဲ့ကြည့်မိလျှင် မိန်းကလေးနဲ့မှားနိုင်သူ။
"မီးမီးချစ်ရယ် ကျွန်တော်လေ ကျွန်တော် မီးမီးချစ်တောင်းဆိုတာမရရအောင်လုပ်ပေးမယ်သိလား။ အဲ့တွက်ကျွန်တော်တို့ဘာလုပ်ပေးရမလဲ အားမနာတမ်းပြောပါနော်"
"တို့သဘောကတော့ တို့နဲ့အတူ ရှင်တို့အကုန်လုပ်အားပေးလိုက်ခဲ့ပေးပါ"
"မရဘူးနော် Bossမယား။ အဲ့လောက်အချိန်မရှိဘူး ငြင်းလိုက်ပါ"
"ခင်ဗျားတို့အသာနေ မီးမီးချစ်ပြောတာသဘာဝကျတယ်။ ကျွန်တော်တို့လုပ်ပေးသင့်တယ်"
"စိတ်ချနော်မီးမီးချစ် ကျွန်တော်တို့အကုန်လိုက်ခဲ့မယ်သိလား"
"ဒါပေမဲ့တစ်ခုတော့ရှိတယ်"
"ဟုတ်"
တစ်ဖန် အကုန်လုံးကို ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်လာပြီး
"ကလေးတွေက အသည်းနုနုလေးတွေ အဲ့လိုရုပ်ရည် ဝတ်ပုံစားပုံတွေနဲ့ ကြောက်ကုန်ကြမှာသေချာတယ်"
"အဲ့တော့ခင်ဗျားကဘာဖြစ်ချင်တာလဲ ဘာလုပ်ပေးရအုံးမှာပဲ"
"တို့ပေးတဲ့အဝတ်စားတွေပဲဝတ်လာရမယ်"
သေချာမသိရသေးပေမယ့် မျက်ခုံးတို့လှုပ်လို့ ကြက်သည်းတွေတောင်ထလာသည်။ ပြောပြီးထွက်သွားသူက တစ်အောင့်နေတော့အဝတ်စားတွေပိုက်လို့ပြန်ရောက်လာပြီး
"ကဲ ဒါရှင်တို့ဆိုဒ်တွေ ကြိုက်တာရွေးဝတ်ပေတော့"
"ဘာ ဂါဝန်ကြီးတွေလေ"
"အခြောက်မ ခင်ဗျားသက်သက်လုပ်တာမှတ်လား"
"အိုး စေတနာပါနော် ကလေးတွေကိုမကြောက်စေချင်ဘူး။ ရှင်တို့ပုံက နူးညံ့နေမှဖြစ်မှာ"
"ဟို မီးမီးချစ် ကျွန်တော်ရောလားဟင်"
"ဒါပေါ့ လှိုင်းလေးတွက် တို့ကအထူးရွေးပေးထားတယ်"
ပေးလာသောအဝတ်ကိုယူကြည့်တော့ ပုခုံးကျနေတဲ့လက်ကို ကြိုးသေးသေးနဲ့ဆွဲထားသည့် အဖြူရောင်အိင်္ကျီနဲ့ သေးလွန်းတဲ့ မိုးပြာရောင်စကက်ကားကားက ဘယ်လောက်တောင်တိုလည်းမသိ။
"ဘယ်ကဟာတွေလဲဟင်"
"တို့တွေအပိုင်ပါ အလုပ်ကိစ္စကြောင့် အမြဲသွားလေရာ ထည့်ထားရတာ။ ကဲအမြန်သွားလဲကြတော့ နောက်ကျနေပြီ"
အကူအညီတောင်းလို့ အဆင်ပြေရာအခန်းတွင်း လဲဝတ်လိုက်ကြသည်။ ပြတင်းပေါက်မှန်မှ မြင်ရသော ကိုယ့်ပုံရိပ်အား ကြာကြာမကြည့်နိုင်။ယုံကြည်ချက်တွေပျောက်ကာ စိတ်ဓာတ်တွေအကြီးအကျယ်ကျနေသလို ခံစားရတယ်။နောက်တော့ ဘေးဘီကြည့်ပြီးမလုံမလဲနဲ့ပြေးထွက်လာခဲ့ရသည်။
"ဘုရားရေ"
ညစ်နေတဲ့စိတ်တွေတာရှည်မခံ အရှေ့မှ လူသတ်တော့မယ့်ပုံစံတွေနဲ့ ဝတ်ထားသောဇာတွေ အပွင့်ခက်တွေကြားမှ ကျစ်လစ်တဲ့မာဆယ်တွေကထွက်နေလေရဲ့။ ဆူပုတ်ပုတ်ရုပ်တွေက အရင်ကထက်ပိုတောင်ကြောက်ဖို့ကောင်းနေသေးတယ်။
မတတ်သာသောအခြေနေမို့ ထိုပုံစံတွေနဲ့သာသွားလိုက်ကြသည်။ ဂေဟာကအတော်ကျယ်တာမို့ ကလေးအရေအတွက်လည်းများလွန်းသည်။ ကားပေါ်မှဆင်းကာ မီးမီးချစ်အားမြင်သည်နှင့် ကလေးအများကြီးပြေးလာကြတယ်။
"နတ်သမီးလေးတို့လာပြီ ရေး"
တက်ကြွစွာပြေးလာသောကလေးငယ်တို့မှာ ကားနားရှိလူတွေအနားရောက်တော့ ငြိမ်ကျသွားကြပြီး ထိုလူတွေအား အသေအချာကြည့်လာကြ၏။
"နတ်သမီးလေး ဒါဟိုနတ်သမီးတွေလည်းမဟုတ်ဘူး။ ကြောက်စရာကြီးတွေ"
မူလတန်းအရွယ်ကလေးတစ်ယောက်မှ မီးမီးချစ်နားကပ်ကာ လက်လေးဆွဲလို့မေးလာသည်။
"ဪ ဒီဒီလေးရဲ့ ဒီလို ဒီနတ်သမီးတွေကအခုမှနတ်သမီးဖြစ်ခါစမို့ အဲ့လိုပုံဖြစ်နေတာ။ ကြာသွားမှ လှလှလေးတွေဖြစ်လာမှာ"
"တားတို့ကို ရိုက်ရင် ဘိုရုပ်မရဲ"
"ရိုက်စရာလား အသက်ကလေးရဲ့။ နတ်သမီးလေးတွေက ကလေးလေးတွေကိုချစ်တဲ့ဟာကို ရိုက်ဖူးနော်"
သူတို့လေးတွေကြည့်ပြီး ကိုယ့်ရဲ့ပုံစံကိုတောင်မေ့သွားတယ်။ အတန်းကြီးလေးတွေကအလိုက်တသိ ကူညီလုပ်ပေးနေတာမို့ နတ်သမီးလို့ခေါ်တဲ့ပေါက်စလေးတွေကို ထိန်းခြင်းသာလုပ်ပေးရတယ်။
"ဒီနတ်သမီးလေးက လှလိုက်တာမီးနဲ့လာဆော့ပါလားဟင်"
"ဒါပေါ့ ကိုကိုဆော့ပေးမယ်နော်"
သတိရလို့ စိတ်ပူပူနဲ့ဟိုသုံးယောက်အားလှမ်းကြည့်တော့
"နတ်သမီးကြီးရဲ့လက်တွေကအကြီးကြီးပဲ"
"ဒါပေါ့ မင်းတို့ခိုစီးချင်လား"
"ဟုတ်"
ကြောက်ဖို့ကောင်းတဲ့ရုပ်တွေနဲ့မဟုတ်တော့ပဲ စိတ်ပါလက်ပါကူညီနေတာတွေ့ရတယ်။ ဂါဝန်တစ်ကားကားနဲ့ အလေးပစ္စည်းတွေရွေ့တဲ့သူကရွေ့ ကလေးတန်းလန်းလေးတွေနဲ့ဆော့ပေးတဲ့သူကဆော့ အနောက်မှာကြက်သွန်သွားနွှာပေးတဲ့သူကရှိသေး။ ဒီပုံစံတိုင်းဆို ပြန်ဖို့လာပြောတော့မယ်မထင်။
"လှိုင်း ဘာတွေတွေးနေတာလဲ"
အချိန်ကြာဆော့လို့မောသွားသောကလေးငယ်တို့မှာ အချို့ကအိပ်ပြီး အချို့ကနားနေကြ၏။ အဆောင်တစ်ခုနားက အပင်ရိပ်အောက်ရှိခုံတန်းဆီကို တစ်ဦးတည်းလာထိုင်နေတုန်း မီးမီးချစ်ရောက်လာခြင်း
"သူတို့လေးတွေအတွက်တွေးမိလို့ပါ"
"မီးမီးချစ် ကျွန်တော်ကလေ ငယ်ငယ်လေးတည်းကအဖေရောအမေရောဆုံးရှုံးခဲ့ရတယ်"
"လှိုင်း"
"ကျွန်တော်က တော်ပါသေးတယ်။ ညီမလေးဆိုရင် သူ့မိဘတွေကို မြင်တောင်မမြင်လိုက်ရဘူး"
"မတူညီတဲ့ ဒုက္ခတွေပေါ့လှိုင်းရယ်"
"တို့မှာက မိဘနှစ်ပါးလုံးတော့ရှိပါတယ်။ ဒါပေမယ့် တို့ရဲ့ဖြစ်တည်မှုကို လက်သင့်မခံလို့ ခက်ခဲတဲ့အချိန်တွေ အများကြီးကြုံခဲ့ရတယ်"
"လူတကာရဲ့ လှောင်ရယ်သံ ကဲ့ရဲ့သံ မတူသလိုဆက်ဆံမှုတွေကို နေသားကျအောင်ကြိုးစားခဲ့ရသေးတယ်"
"ကျွန်တော်နားလည်ပါတယ်။ အရင်ကမီးမီးချစ်လိုလူမျိုးတွေ့ရင် ခုနကပြောသလိုတော့မလုပ်ပေမဲ့ နည်းနည်းတော့ ခွဲခြားပြီးမြင်ခဲ့ဖူးတယ်"
"အခုမီးမီးချစ်ကိုတွေ့တော့ နောင်တရမိတယ်သိလား"
"ဟမ် ဘာလို့"
"လူဆိုတာ ဘယ်လိုလူမျိုးဘဲဖြစ်ဖြစ် သူတို့ရဲ့တန်ဖိုးက သူတို့စိတ်ဓာတ်နဲ့ပဲဆိုင်တယ်။ အခုလိုလေးတွေလုပ်နေတဲ့မီးမီးချစ်တို့ကို ပျက်ရယ်ပြုတဲ့သူတို့တွေကမှ ပိုပြီးရှက်သင့်တာ"
"ကောင်မွန်မြင့်မြတ်တဲ့အလုပ်မျိုး သူတို့ကိုယ်တိုင်တောင်မလုပ်နိုင်ဘဲ လူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီးဝေဖန်နေတာ။ ဘယ်လိုပဲသူတို့ကိုသူတို့ကောင်းတယ်ထင်ထင်ဆိုးရွားတဲ့အချက်ကိုတော့ငြင်းလို့မရဘူးလေ"
"ဟီးဟီး လှိုင်းလေရယ်။ စိတ်ထားကောင်းသူမှန်းအစတည်းကသိပေမယ့် အခုလိုလေးတွေ တွေးပြီးပြောနေတာ ချစ်ဖို့ကောင်းရောပဲ"
"ချစ် ချစ်ဖို့ကောင်းတယ်။ ကျွန်တော်ကိုအဲ့လိုကြည့်ပြီးမပြောပါနဲ့"
ဂုတ်လေးကို လက်နဲ့ပွတ်လို့တစ်ဖက်လှည့်သွားသူမှာ လှို့ဝှက်ထားတဲ့အကြောင်းအရင်းရှိနေကြောင်း ပြောပြနေသလိုပဲ။
"မီးမီးချစ်"
"ရှင့်"
"ဟိုလေ ဟို ကျွန်တော်လေ ဟို"
"အမလေးလှိုင်းရယ် တဟိုဟိုနဲ့ ပြောစမ်းပါ"
"ဟို ကျွန်တော် မီးမီးချစ်ကို မေးစရာလေးရှိလို့လေ အဲဒါ"
"မေးစမ်းပါ ရဲရဲကြီးမေးလိုက်။ မေး ဘာမေးချင်လဲ"
"ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပါ"
"ဟို သူကလေမီးမီးချစ်တို့လို မိန်းကလေးပုံမျိုးလည်းမနေဘူးဗျာ ဟို မိန်းကလေးဖြစ်ချင်တာ မိန်းမစိတ်ဝင်တာတွေလည်းမရှိဘူး"
"အင်း"
"ယောကျာ်းစစ်တစ်ယောက်ပဲ။ ဒါပေမယ့် သူကလေ တစ်ခြားယောကျာ်းတစ်ယောက်အပေါ် ဘယ်လိုပြောရမလဲ"
"ဟို အဲ့တစ်ယောက်ကလည်း ယောကျာ်းစစ်ပဲဗျာ။ သူ့အပေါ်ပုံမှန်မဟုတ်တဲ့ ခံစားချက်တွေဖြစ်နေရင်"
"အဲ့လိုလူမျိုးကို မီးမီးချစ်ဘယ်လိုမြင်လဲ"
"အဲ့တော့ လှိုင်းလေးကသူ့အပေါ်ကိုဘယ်လိုခံစားချက်မျိုးဖြစ်လို့လဲ"
"ဘယ်လိုမျိုးလည်းဆိုတော့ သူ့ကိုကြည့်ကောင်းတယ်လို့မြင်တယ် သူ့အပေါ်အားကိုးချင်နေသလိုမျိုး သူ့အနားမှာနေရတာကြိုက်သလိုမျိုး"
"သူကြောင့်ဝမ်းနည်းပြီးငိုရတာလည်း ခဏခဏပဲ။ တစ်ခါတစ်ခါရင်ထဲတစ်မျိုးကြီး တအားခုန်တာမောနေရောပဲ။"
"အွန်းးးးး"
"အယ် မဟုတ် ကျွန်တော်မဟုတ်ဘူးလေ။ အဲဒါ ဟိုဗျာ"
"လုပ်မနေပါနဲ့တော့လှိုင်းရယ် ဒီလောက်သိသာနေတာကို"
"သိသာတယ် အစောကြီးတည်းကသိနေတာလား"
"ဒါပေါ့ ဟိုဝိတ်ပေါကြီးတွေက Bossမယား Bossမယားနဲ့ဖြစ်နေတာကို။အဲ့ထဲက ဪ..အလှလေးက လင်ကြီးနဲ့ပါလားဆိုပြီးပေါ့"
"ဘာအလှလေးလဲဗျာ"
"ကိုယ့်ထက်အများကြီးလှနေတာကို ခေါ်မှာပဲ အလှလေး"
"တော်ပါဗျာ ရှက်စရာကြီးကို"
"အီးးး အသည်းယားလိုက်တာနော် လှိုင်းလေးရယ်"
"ဟင် လှိုင်းလေး အရှေ့မှာဆူညံနေပါလား"
"အင်း ကျွန်တော်လည်းကြားတယ်"
ဂေဟာရဲ့ခြံတွင်း မျက်နှာစာတွင် အနက်ရောင်ကားနှစ်စီးရပ်ထားလို့ ထိုဘေးတွင်တော့ အော်ဟစ်သောင်းကျန်းနေသူရှေ့ မျက်နှာတွေညိုမဲစွဲလို့လူသုံးယောက်မှာဒူးလေးထောက်လျက် အနောက်မှာပါလာသူများက ကြိတ်ကာအကြီးအကျယ်ရယ်နေကြသည်။
"တိုးတိုးပြောပါလား Bossရယ် ကလေးတွေအိပ်နေတာနိုးမှာဆိုးလို့ပါ"
"-ီးကိုပဲ ဆိုးနေလိုက်"
"ဟမ် စောက်ရူးတွေ အဲ့ဒါဘာပုံစံတွေလဲ။ ဘာလဲ မင်းတို့အချောင်းတွေဖြုတ်လိုက်ကြပြီလား။ ရာထူးပြောင်းပြီးငါ -ာတန်းပို့ပေးရမလား ပြော"
"ရှင်းပြပါရစေ လောလောဆယ်တော့ကျွန်တော်တို့တောင်းပန်ပါတယ်နော် Boss"
"စောက်ပါးစပ်တွေပိတ်ထား လူကြည့်တော့နှုတ်ခမ်းမွှေးတွေနဲ့ ကတုံး​နဲ့ တတ်တူးနဲ့ ရုပ်တွေကိုက ဘင်္ဂလားအခြောက်မီးကင်ထားတဲ့ရုပ်တွေနဲ့"
"ဖွီးးးးခွီးးးးးဟားဟားးးဟွန့်"
"ရီမနေကြနဲ့ သွားကြစမ်း ဟိုတစ်ယောက်ကိုသွားရှာ။ မတွေ့တွေ့အောင် ဒီနေရာကိုမြေလှန်ပြီးရှာခဲ့"
"ဟုတ်ကဲ့ Boss"
ဟုတ်သာကဲ့ပေမယ့် ချက်ချင်းမသွားကြသေးပေ။ မရှည်တဲ့စိတ်မှ ဒေါသကထောင်းကနဲထလို့
"ခွေးသတောင်းစားတွေ မသွားသေးဘဲဘာလုပ်နေတာလဲ ဟမ်"
"Boss ဟို ဟိုမှာလေBossကတော်က"
"ဘာမယားလဲ။ အဲ့လူရော"
"ကြာမှာလား"
"မပြောတတ်ပါဘူး"
"အင်းးးးးး"
"မကြာပါဘူးဆိုဗျာ"
"ကျွီ....ဝူး....ဝုန်းဒုန်း"
"Boss မယား Bossမယား"
နားထဲကြားရသောခေါ်သံကြောင့် အသက်ရူသံတြွေမန်ဆန်လို့ အတင်းကျပ်မှိတ်ထားသောမျက်လုံးတို့မှာ အသာယာဖွင့်လိုက်သည်။
"နေအုံး"
"အဆင်ပြေကြရဲ့လား"
"မားသက် နာနေလားဟင်"
"တာဝန်ယူစိတ်မရှိလိုက်တာ ယောကျာ်းရင့်မာကြီးတြွေဖစ်ပြီး။ ရုပ်ကြမ်းကြီးတွေနဲ့"
"ဘာပြောတယ်"
"ဟုတ်"
"ဘာ ဂါဝန်ကြီးတွေလေ"
"ဘယ်ကဟာတွေလဲဟင်"
"ဘုရားရေ"
"ဟုတ်"
"လှိုင်း"
"ဟမ် ဘာလို့"
"မီးမီးချစ်"
"ရှင့်"
"အင်း"
"အွန်းးးးး"
"ဘာအလှလေးလဲဗျာ"
"-ီးကိုပဲ ဆိုးနေလိုက်"
"ဟုတ်ကဲ့ Boss"
Continue Reading
You'll Also Like
823K 69K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.1M 60.2K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
183K 17.3K 31
BL 𝙲𝚘𝚟𝚎𝚛 𝚊𝚛𝚝 𝚋𝚢 𝙱𝚛𝚘𝚠𝚗𝚒𝚎 🤎
4.1M 262K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...