(Complete)အေးစက်တဲ့မြွေဘုရင်က...

Par Kyiphyuswe

238K 31.4K 744

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... Plus

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (41.1)

1.6K 243 6
Par Kyiphyuswe

(41.1)

'' ယွမ်ယွမ် ငါတို့ကို ကယ်ပါအုံး ။ ဒီမြွေမကောင်း ဆိုးဝါး က ငါတို့ကို သတ်ချင်နေတာ။  နင့်ဆီ ကနေ မျက်နှာသာ ရဖို့ အတွက် ငါတို့က ကူညီ သရုပ်မဆောင် ပေးရင် ငါတို့ကို အရေခွံနွှာ ပြီး အရိုးထုတ်မယ် လို့ ခြိမ်းခြောက်ခဲ့တယ် ''

ရှောင်ယွဲ့ က ပြောရင်း နဲ့ ချက်ချင်း ပဲ စုယွမ်ရဲ့ ရင်ခွင်ထဲကို ပစ်ဝင် လိုက်ပြီးတော့ သူမရဲ့ အသံမှာ အရမ်းကို တုန်ခါ နေခဲ့လေတယ်။

ထို တစ်ခဏ မှာတော့ ဟဲလျန်ချန်း တစ်ယောက် သူ့တစ်ကိုယ်လုံး က သွေးတွေ က နဖူးဆီကို ပြေးပြီး ဝင်ဆောင့် နေတယ် လို့သာ ခံလိုက် ရလေတယ်။

ပထမ တစ်ချက် ကတော့ ရှောင်ယွဲ့ ရဲ့ ပြောတဲ့ စကားကြောင့် ဖြစ်ပြီးတော့ နောက်တစ်ချက် ကတော့ ရှောင်ယွဲ့ ရဲ့ လှုပ်ရှား မှုကြောင့်  ဖြစ်လေတယ်။

သူက အမြဲတမ်း ပဲ သူများ အတွေ အပေါ် တွက်ချက် ခဲ့ ပေမယ့် ဒီနေ့တော့ မမျှော်လင့် ထားစွာ နဲ့ပဲ  သူများ က သူ့အပေါ်ကို တွက်ချက် သွားခဲ့ ပါပြီ။ ထိုအချိန်ရောက် မှတော့ အဲ့လူ နှစ်ယောက် က အစောကတည်း က အဆင်ပြေ နေတယ် ဆိုတာကို ဟဲလျန်ချန်း တစ်ယောက် သိသွားပါပြီ။

သူတို့က သူနဲ့ အတူ လိုက်ပြီး တော့ ပူးပေါင်းကာ ဟန်ဆောင် နေတာ သာ ဖြစ်ပြီးတော့ အခုလို အကျပ်အတည်း အခြေအနေ ကို ရောက်တော့မှသာ သူ့ကို သူတို့က ပြန်ကိုက် ကြတာ ပဲ ဖြစ်လေတယ်။

သူက တော့ ဖြင့် သူ့ကိုယ်သူ အဆိပ်ပြင်း လှချည်ရဲ့ ဆိုပြီးတော့ အောင်းမေ့ နေတာ သူ့ထက် ပိုပြီး အဆိပ် ပြင်းတဲ့ တစ်စုံတစ်ယောက် ရှိနေ သေးတယ် ဆိုတာကို ရှိဖို့ သူမျှော်တောင် မမျှော်လင့် ထား မိပါပေ။

ရှောင်ယွဲ့ရဲ့ စကားတွေက သူ့ကို အနောက်ဆုတ် သွား စေကာ အနာဂတ်မှာ သူ့ထက်ပိုတဲ့ ဆိုးယုတ်မှု လုပ်နိုင်တဲ့ လူရှိမယ်လို့ မထင်ထား လေဘူး။

အိပ်ယာပေါ် က နေ ထိုအမျိုးသမီး လေးက  ထလာကာ ဘာမှ မပြောပဲ စုယွမ်ရဲ့ လက်မောင်း တွေကြား ထဲ အမြန် ပဲ အပွေ့ဖက် ခံနေကာ စုယွမ် ကလည်း အရှားပါး ဆုံး ရတနာ တွေကို ကိုင်ထား ရတဲ့ အလား သေချာ ဂရုတစိုက်လေး ပွေ့ဖက်ထား လေတယ်။

တစ်ဖက်လူရဲ့ ဆံပင်လေး ကို အသာလေး ငြင်သာစွာ သပ်ပြီးတော့ သူတောင် တစ်ခါမှ မကြားရ ဘူးတဲ့ လေသံ မျိုးလေး နဲ့ ချော့မော့ နေခဲ့တယ်လေ။

'' အဆင်ပြေ သွားပါပြီ။ အဆင်ပြေ သွားပြီနော်။ ငါ ဒီမှာ ရှိတယ်။ ငါ ဒီမှာရှိတယ် နော် ''

ရှောင်ဟွေးဟွေး ကလည်း အချိန်မှန် မှာပဲ နိုးထ လာခဲ့ လေတယ်။ သူက မငိုနိုင် ပေမယ့် သူက စုယွမ်ရဲ့ လက်မောင်းကို ထိကာ ရင်ခွင်ထဲ ဝင်ဖို့ လုပ်လိုက် လေတယ်။

ကံမကောင်း စွာနဲ့ပဲ သူ ကဝင်လို့ မရဘူး ဖြစ်နေတယ်လေ။

အဲ့တာ က ဖေဖေစုယွမ် ကိုယ်တိုင် မွေးထားတဲ့ သူမရဲ့ အမွှာမောင်ငတုံးလေး ဖြစ်နေလို့သာ ရှောင်ယွဲ့က အခွင့်အရေး ပေးတာ ​ပဲ ဖြစ်တယ်။ တစ်ခြားလူသာ ဆိုရင်တော့ သူမ က လုံးဝ အနားတောင် အကပ်ခံ မှာ မဟုတ် ပါပေ။

ရှောင်ဟွေးဟွေး က အရမ်းကြီးတဲ့ အတွက် သူ့ဖေဖေ က မဖက် နိုင်တာ သိတော့ ရှောင်ဟွေး ကပဲ သူ့ဖေဖေ ကို ဖက်လိုက် လေတယ်။ အခုတော့  ရှောင်ဟွေးဟွေးရဲ့ လက်မောင်း တွေထဲမှာ စုယွမ် မြုပ်နေကာ စုယွမ်ရဲ့ လက်မောင်း ထဲမှာတော့ ရှောင်ယွဲ့ ရှိနေ လေတယ်။

ဒါပေမယ့် ရှောင်ဟွေးဟွေး ကတော့ မကျေနပ် နိုင်ပါပေ။ သူ့ရဲ့ ပါးစပ်ကို ကျဥ်း​မြောင်းပြီးတော့ ချွဲနွဲနေတာ ကြောင့် နောက်ဆုံးမှာတော့ သူ့ထက် ခေါင်း တစ်လုံး ပိုမြင့်နေတဲ့ သားကို စုယွမ် ခမျာ ကျန် လက် တစ််ဖက် နဲ့ ပွေ့ဖက် လိုက် ရပြီးတော့ ရှောင်ဟွေးဟွေး ကလည်း ရှောင်ယွဲ့လို မျိုး ညီးတွားသံ တွေ ထုတ် နေ ခဲ့လေတယ်။

အစကတည်း က အရမ်းကို လှပတဲ့ နတ်သမီးလေး လို လှပတဲ့ ရှောင်ယွဲ့ က ငိုတာ တောင် သစ်တော်ပန်းပွင့် လေးပေါ် မိုးစက်လေး တွေ ရွာကျသလို လှပနေကာ အကျိုးသက်ရောက် မှု ကလည်း အရမ်းကို ပြင်းထန် ပါတယ်။

ဒါပေမယ့် ရှောင်ဟွေး လို လူသန် ကြီးက ရှောင်ယွဲ့ကို အတုခိုးပြီးတော့ ပန်းပွင့်လေး လို ငိုနေတာ ကတော့ ဒါက လုံးဝကို ကျိုးကြောင်း မသင့်တော့ လေဘူး။

အစပိုင်း တုံး က အရမ်းကို ဝမ်းနည်းဖွယ်ရာ ဖြစ်နေတဲ့ လေထု က ထို တစ်ခဏ မှာပဲ အကုန် ပြောင်စင် အောင် ဆေးကြော ခံလိုက် ရ​လေတယ်။

စုယွမ် လက်မောင်းထဲမှာ ငိုနေတဲ့ ရှောင်ယွဲ့ တောင်မှ မထိန်းနိုင်ပဲ နှုတ်ခမ်းတွေ တွန့်သွားလေ တယ်။

ဟဲလျန်ချန်း က သူ့ဘာသာ သူ ကယ်တင် နိုင်လောက် အုံးမယ် ဆိုတာကို တွေ့တော့ သူက အမြန်ပဲ ရှင်း ပြလိုက်လေတယ်။

'' အားယွမ် ၊ အဲ့တာ က အဲ့လိုမျိုး မဟုတ်ပါဘူး ။ ကိုယ် က သူတို့ကို နာကျင် စေဖို့ ဆန္ဒ မရှိပါဘူး ''

စုယွမ်က ထိုစကား ကို ပြောလိုက် တဲ့ အခါ သူက ရုတ်တရက် ပဲ စိတ်အနှောင့် အယှက် ဖြစ်သွား လေတယ်။

ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး တို့က သူ့ တစ်ယောက် ထဲရဲ့ ပိုင်ဆိုင် မှုသာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရှောင်ယွဲ့ကို နှစ်သိမ့်ပေး နေတုံး သူ့ကိုယ်သူ အဖေ တစ်ယောက် လို့ မဖော် ပြခဲ့တာ ပဲ ဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ အဖြေ က ရှင်းပါတယ်။ ဟဲလျန်ချန်း ကို ကလေး တွေရဲ့ တည်ရှိမှု နဲ့ ဆက်နွယ် မှု အကြောင်း ကို မသိစေ ချင် သလို သူ့ဆီက ရတနာ လေး နှစ်ခုကို လည်း ဆွဲထုတ် သွားမှာ ကို မလိုချင် လို့ပဲ ဖြစ်လေတယ်။

ဒီကလေး တွေ မွေးလာဖို့ အတွက် သူက အများကြီး အနစ်နာခံ ခံစား ခဲ့ရတာ လေ။ ဒါကြောင့် ကလေး တွေက သူ့ပိုင်ဆိုင် မှုသာ ​ဖြစ်ရမှာပေါ့။

( သုတ်ကလည်း သူ့ဟာ ၊ လက်စွပ်က ရောင်းစား တဲ့ ပစ္စည်းတွေ ကလည်း သူ့ဟာ ၊ နင်က လည်း သူ့ဟာ ပဲလေ 🤣)

'' အရင်က ဘာကိစ္စ တွေ ဖြစ်ခဲ့ သလဲ ဆိုတာကို ငါဂရုမစိုက်ဘူး ။ အခု ငါ ဒီနှစ်ယောက် ကို အဝေးဆီ ခေါ်သွား ချင်တယ်။ ရနိုင်မလား? ''

တစ်ဖက် လူဆီ ကနေ တောင်းဆို နေတဲ့ မျက်ဝန်း လေးကို တွေ့လိုက် ရတော့ ဟဲလျန်ချန်း ခမျာ တစ်ဖက်က တောင်းဆို နေတာက လမင်းကြီး ကို ဖြစ်ရင်တောင် မှ သူ က တုံ့ဆိုင်း မှု မရှိ ချက်ချင်း သဘော တူမှာ ဖြစ်ပြီး ရအောင် ယူပေး မှာပဲ ဖြစ်လေတယ်။ ဒါပေမယ့် တစ်ဖက်လူက သူ့ဆီ ကနေ ထွက်သွားခွင့် တောင်းတဲ့ အချိန်မှာတော့ သူက ဘယ်လိုလုပ် ခေါင်းငြိမ့် ပေးနိုင်ပါ့မလဲ။

သူက ဆက်ပြီးတော့ ခေါင်းမငြိမ့် ပေးနိုင်ဘူး လေ။

စုယွမ် ဒီလို လုပ်တာ က သူ့အတွက်တော့ ဓားတစ်လက်ကို ကိုင်ထား ရသလို ပါပဲ။ သူ့ရဲ့ နှလုံးသား ကို ထိုးစိုက်မယ့် ဓားတစ်ချောင်းပေါ့။

ဟဲလျန်ချန်း က တိတ်ဆိတ်နေတာ ကိုတွေ့တော့ စုယွမ် က ထပ်ပြီးတော့ ထည့်ပေါင်း ပြောလိုက် လေတယ်။

'' ခများကြီး ကို ကျုပ် မုန်းအောင် လုပ်ချင် နေတာလား? ''

အမုန်းတရား ဆိုတဲ့ စကားရဲ့ အလေးချိန် က အရမ်းကို လေးလံ ပါတယ်။ ဟဲလျန်ချန်း ခမျာ အနောက်ကို ခြေတစ်လှမ်း ဆုတ် သွား ပြီးတော့ လူ တစ်ကိုယ်လုံး ခမျာ ကျဥ်းထဲ ကျပ်ထဲ ကို ရောက်သွား တော့လေတယ်။

သူနဲ့ စုယွမ် ကြား က ဆက်ဆံရေး က ဘာကြောင့် ဒီလို မျိုး ဖြစ်သွား ရတာ လဲ။ သူက စုယွမ် နဲ့ အတူတူ နှစ်ထောင်ပေါင်း ၁၀ သောင်းလောက် အထိ အတူတူ နေချင်ယုံလေးပါ။

ဒီဆန္ဒလေး က ဒီလောက် အထိတောင် ရိုးရှင်းတာ ပဲကို ဘာလို့များ အဲ့တာ မပြည့် နိုင် ရတာ လဲ?

မင်း က စုယွမ်ကို တွန်းအား ပေးလို့ မရဘူး လား?

ဟဲလျန်ချန်း က စိတ်ထဲမှာ သူ့ကိုယ်သူ ပြန်မေး နေခဲ့ ပြီးတော့ မကြာခင် မှာပဲ ကြီးမားတဲ့ ဆုံးဖြတ်ချက် ကြီး တစ်ခုကို ချကာ အဲ့တာ က ဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး လို့ သူ့ကိုယ်သူ ပြော မိနေလေတယ်။

သူ အသက်ရှင် နေ သမျှ ကာလ ပတ်လုံး စုယွမ် က သူ့ကို ထားသွား ခွင့်လည်း မပြုနိုင် သလို စုယွမ် ကိုလည်း သူ လုံးဝ အလွတ် မပေး နိုင် ဘူး။

ဟဲလျန်ချန်း က လက်အနားစ အောက်ကို အသာလေး ဆုတ်ကိုင် ပြီးတော့ သူ့ရဲ့ ခေါင်းကို မော့လာ လေတယ်။

သူက လုပ်မယ် လို့ ဆုံးဖြတ်ချက် ချပြီး မှတော့ နောက်ထပ် ဘာပြဿနာ မှ ထပ်ပြီး မဖြစ်လာ စေဖို့ရာ အတွက်  သူပြုလုပ် မှ ရတော့ မှာပဲ ဖြစ်လေတယ်။

ဒီနေရာမှာ ရှိနေတဲ့ လူတွေက မပေါ်လာသင့် တော့တဲ့ လူတွေ ဖြစ်နေမှတော့ နောက်ထပ် စုယွမ် ရဲ့ မျက်စိ ရှေ့ကို ဘယ်တော့မှ အဲ့လူ တွေ ပေါ်မလာ တော့တာ က အကောင်း ဆုံးပဲလေ။

အဲ့တာ ကြောင့် စုယွမ် သူ့ကို မုန်းတီးမယ် ဆိုရင်လည်း သူ အဲ့တာ ကို ကျေကျေ နပ်နပ်ကြီး လက်ခံဖို့ ဆန္ဒရှိပါတယ်။

ဟဲလျန်ချန်း ရဲ့ မျက်ဝန်း တွေက အမှန်တကယ် ကို မှုန်မှိုင်း လာပြီးတော့ သူ့နှလုံးခုန်နှုန်း ကလည်း အရမ်းကို မြန်ဆန် လာခဲ့ လေတယ်။

သူက ကျန်တဲ့ သူတွေကို ဘယ်လို အကုန် သတ်ရမယ်၊ တစ်ချက်ထဲ ဘယ်လို ကိစ္စ တုံးရ မလဲ ဆိုတာကို တွေးထား ပြီးသား ဖြစ်ပြီးတော့ ဒီလို သွေးသံ တရဲရဲ မြင်ကွင်း တွေကို စုယွမ် မမြင်ရစေ ဖို့ ရာ အတွက် သူ့ရဲ့ စိတ်ဝိဉာဥ် နယ်ပယ် ထဲကို ထည့်ပြီး ကာကွယ်ဖို့ ကိုလည်း တွေးထား ပြီးသား ဖြစ်လေတယ်။

'' အဲ့တာ က ဘာကြီးလဲ? ''

ရှောင်ဟွေးဟွေး ရဲ့ ထူးဆန်း တဲ့ အသံက ထွက်ပေါ် လာခဲ့ လေတယ်။

လူတိုင်း က ချက်ချင်း ပဲ ရှောင်ဟွေးဟွေး ကို ကြည့်လိုက်ပြီး သူညွှန်ပြတဲ့ နေရာကို ကြည့်လိုက် ကြကာ အဲ့တာက စုယွမ်ရဲ့ အနောက်က နေရာ တစ်ခု ဆိုတာ ကို သိသွား ကြလေတယ်။

လူတိုင်း က စုယွမ် ကို အမြန်ပဲ ကြည့်လိုက် ကြလေတယ်။

စုယွမ်ရဲ့ ခေါင်းပေါ်မှာ ကြားခံနယ် အလွှာ အပေါက် တစ်ခု ပေါ်လာ ပြီးတော့ အဲ့ထဲ က ထုတ်လွှင့် နေတဲ့ အငွေ့အသက်တွေ က ထူးခြားဆန်းကြယ်ပြီးတော့ ကြောက်ဖို့ ကောင်း တဲ့ အရှိန်အဝါ တွေ ရှိနေ လေတယ်။

လူတိုင်းက ချက်ချင်း ဆိုသလို အကြောက် တရားတွေ ထွက်ပေါ်လာကာ သူတို့ရဲ့ လက်တွေကို ဆန့်ထုတ် ပြီးတော့ စုယွမ် ကို အဲ့နေရာ ကနေ အဝေးဆီ ဆွဲဖို့ ကြိုးစား ခဲ့ ကြလေတယ်။

စုယွမ် က ဟဲလျန်ချန်း နဲ့ မျက်နှာချင်းဆိုင် ပြီး ရပ်နေ ကြတဲ့ အတွက်ကြောင့် သူတို့ နှစ်ယောက် က အနီးကပ်ဆုံး မှာ ရှိနေ လေတယ်။

ဟဲလျန်ချန်း ကလည်း အရမ်းကို ပြင်းထန်ပြီး ကြမ်းတမ်း တဲ့ စွမ်းအား တစ်ခုကို ခံစား မိတဲ့ အခါ မှာတော့ သူ့ရဲ့ မသိစိတ် ကနေ စုယွမ်ရဲ့ လက်ကို ချက်ချင်း ပဲ သူ့ဆီ ရောက်အောင် ဆွဲလိုက် လေတယ်။

ထို တစ်ခဏတာ ဆုပ်ကိုင်မှု အပြီးမှာတော့ ထို ဝဲဂယက် အပေါက်က စုယွမ်ကို အားပြင်းပြင်း နဲ့ စုပ်ယူ မှု  အဖြစ် ပြောင်းလဲ သွားလေတယ်။

စုယွမ် က အရမ်းကိုပဲ ကြောက်လန့် သွားခဲ့ လေတယ်။ သူ့လက်ကို အဲ့အချိန်မှာ တစ်ယောက် ယောက်က ကိုင်ဆွဲ ထားမှန်း သိလိုက် ရတဲ့ အခါ မှာတော့ စုယွမ် က ထိုလူရဲ့ လက်ကို ခပ်တင်းတင်း ပဲ ဆုပ်ကိုင်လိုက် လေတယ်။

နောက်တော့ စုယွမ် ကော ဟဲလျန်ချန်း ပါ နှစ်ယောက် စလုံး ပျောက်ကွယ် သွားကြ လေတယ်။

..........................................

ဒီနေ့ ကစပြီး ၁၂၀၀ ဖြစ်သွားပါပြီ။ အပြီးထိ တင်ပြီးသမျှ နှုတ်ပြီးပါ။

Continuer la Lecture

Vous Aimerez Aussi

49.2K 6.6K 11
ကျွန်တော်မနေ့က body check upသွားလုပ်ခဲ့တယ်။ DRE test စစ်ပေးတဲ့လူက ကျွန်တော့်အထက်တန်းတုန်းက အတန်းဖော်ဟောင်းကြီးဖြစ်နေတယ်ဗျာ။ ပြီးတော့ သူကကျွန်တော့်ကို...
14.9K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
248K 14.8K 40
My priority /property/privacy
456K 6.1K 6
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke