ကိုဝဿန်ဦးနဲ့ သူက ကျောင်းတုန်းကသူငယ်ချင်းတွေဆိုတာ သိလိုက်ရတယ်။ လုပ်ချင်သလိုလုပ်နေပုံကြည့်ရတာ သူ့မိဘတွေက အတော်လေးချမ်းသာကြွယ်ဝတဲ့ထဲပါလောက်မယ်။ တစ်နေ့လုံးလည်း သူ့အခန်းထဲ သူ့ဘေးမှာထိုင်ကာ ခိုင်းသမျှလုပ်နေရသည်။
"ဒေါက် ဒေါက် ဒေါက်"
"မြင်ရတာကို ခေါက်နေသေးတယ် ဝင်လာလိုက်ပါလား"
"ဂျာကြီးတို့ကရော မြင်နေရတာကို ဘာကိစ္စလက်အောက်ဝန်ထမ်းကို မဖွယ်မရာတွေလုပ်နေတာလဲ"
"ဘာလုပ်လို့လဲ"
"ကိုယ်လုပ်တာကိုသိ ဒီမှာကော်ဖီ မသောက်ဖူးတာတွေသောက်လို့"
"နေ နေမချနဲ့"
"ကိုယ့်ရဲ့လှိုင်းလေး ကော်ဖီခွက်လေးကိုယ့်ဆီ ယူခဲ့ပေးပါအုံး"
ဝဿန်ဦးမှာ အဓိပ္ပာယ်မရှိတာတွေ လုပ်နေသောသူကိုကြည့်ပြီး ဆက်မနေနိုင်တော့လို့ လက်ဖျားခါပြကာထွက်လာခဲ့လိုက်သည်။
"အ့ အား လှိုင်းရေ နာလိုက်တာကွာ"
"ဆော ဆောရီး"
"အား လှိုင်း ပူကုန်ပြီလို့"
"ဆော ဆောရီးပါဗျာ မန်နေဂျာကြီးခြေထောက်ရှိနေတာမမြင်လိုက်လို့ပါ"
မှော်ဝင်တေးမှာ ဦးစွာခြေထောက်အနင်းခံရပြီး နာကာအော်တော့ လန့်သွားသူက ကော်ဖီပူပူအား ကိုယ့််ပေါ်ကို လောင်းချလေရဲ့။ နာတာနဲ့ ပူတာကအတော်ဆိုးသော်လည်း ပေါင်ကြားထဲကနေ လက်ကိုင်ပဝါနဲ့ စိုးရိမ်တကြီးသုတ်ပေးနေသူကြောင့် အသာငြိမ်နေလိုက်သည်။
"ပြန်တော့မလို့လား စောင့်ပါကွ ကိုယ်လိုက်ပို့မယ်"
"ရတယ်မပို့ပါနဲ့ မန်နေဂျာကြီး"
"ဘယ်လို မန်နေဂျာကြီးလဲ မရင်းမနှီးနဲ့"
"မဟုတ်လို့ ဘယ်လိုခေါ်ရမှာလဲ"
"တော်ပြီပေါ့ကိုကိုဆို"
"ဟာဗျာ"
"ခဏနေအုံးလေ လှိုင်းရေ အ့ အား"
ပြောနေကြရင်း ဓာတ်လှေကားထဲဝင်သွားသူနောက် လိုက်ဝင်ရာ ကိုယ်မရောက်ခင်တံခါးနှိပ်ကာပိတ်လိုက်သူကြောင့် အတင်းဝင်တော့ ကံကောင်းစွာ အမြန်ဝင်လိုက်သည်မို့ လက်လေးသာညပ်သွားသည်။
"တောင်း တောင်းပန်ပါတယ် မန်နေဂျာကြီး အထဲရောက်နေပြီ ထင်လိုက်လို့"
"ကိုကိုဆို"
"ဗျာ"
"တော်တော်နာတာသိလား ဒီတိုင်းတော့မရဘူး။ နောက်ဆို ကိုကိုလို့ပဲခေါ်ရမယ်"
"အ အကိုဆိုရင်တော့ ရတယ်မလား။ လက်ကလည်း ဆေးထည့်ပေးပါ့မယ်"
ကြည့်လိုက်တော့ အပူလောင်ထိထားလို့ ရဲနေရတာနဲ့ တံခါးညပ်လို့ညိုနေရတာနဲ့ ခြေကောလက်ကော ဒဏ်ရာတွေချည်း။
"ဆေးရောထည့်တက်လို့လား"
"ဆေးခန်းသွားမယ်လေ"
"ဒါများပြောနေသေးတယ် လိုက်တော့ပို့ပေးရမယ်နော်"
"ကျွန်တော်မှ ကားမမောင်းတတ်တာ"
"ကိုယ်မောင်းမှာပါ"
"ဒါပေမယ့် အကို့လက်က"
"ကားတော့မောင်းလို့ရပါတယ်"
"ကိုကို"
ကြားလိုက်ရတဲ့ ခေါ်သံကလှိုင်းဆီကတော့ မဟုတ်။ အသံရှင်က ကိုယ်တို့နှစ်ယောက်ရှေ့ အမြန်လာကာရပ်ပြီး ကိုယ့်အား ဘုကြည့်လာကြည့်နေသည်။
"လာကြိုတာ ပြန်မယ်ကိုကို"
"လာမကြိုနဲ့တော့လို့ဆို စစ်လေးရာ။ ပြီးတော့ ကိုကိုအခု ဒီက အကိုကိုဆေးခန်းသွားပို့ရအုံးမယ်"
"ဘာလို့လဲ ခင်ဗျားကသေတော့မို့လား။ တခြားသူခေါ်သွားလေ ကိုကိုကကျွန်တော်နဲ့ ဒိတ်ဖို့ရှိတယ် မအားဘူး"
"ငါတို့ကလည်း ဆေးခန်းမှာ သွားဒိတ်မလို့။ ခွေးရုပ်နဲ့ ကလေးတွေ ဝင်မရှုပ်စေချင်ဘူး"
"ဘာဗျ"
"စစ်လေး တော်တော့။ ကိုကိုကြောင့်ဖြစ်သွားတာမို့ ခဏလိုက်ပို့လိုက်အုံးမယ် ပြန်နှင့်နော်"
"ကျွန်တော်လည်း လိုက်မယ်ကိုကို"
"မင်းကဘာကိစ္စလိုက်မှာလဲ"
"ကိုကို့(ကို)စိတ်မချလို့။ နောက်ပိုင်းတွေ့ရှိချက်တွေအရ ပေါက်သင်ညိုတွေက အဆိပ်ရှိတယ်တဲ့။ ကျွန်တော့်ကိုကို ကိုတော့အဆိပ်မိမခံနိုင်ဘူး"
"ခွေးရူးပြန်နေတဲ့ ကောင်ကများ"
"တော်ကြပါတော့ဗျာ။ ပြီးရင်စစ်လေးနဲ့က အတူတူပြန်လို့ရတော့ ခေါ်လာလိုက်မယ်နော်အကို"
ဆေးခန်းပြပြီးရင် အိမ်လိုက်ပို့နေမှာဆိုးလို့ စစ်လေးကိုခေါ်လာတာမမှားလောက်ဟုထင်ခဲ့ပေမယ့် တစ်လမ်းလုံး ရန်ဖြစ်နေကြလို့ မနည်းထိန်းရသည်။ ဒါတောင် ပြန်ရင်အိမ်ထိလိုက်ပို့ပေးမယ်လို့ ဆိုလာလို့ နာရီဝက်လောက်အခြေအတင်ဖြစ်နေကြသေးတယ်။
အိမ်အပြန်လမ်းလေးက မှောင်ရိပ်ပျိုးနေပြီ။ အလိုမကျဖြစ်နေတဲ့ကောင်လေးကတော့ ကိုယ့်အိတ်နဲ့ထမင်းချိုင့်လေးသယ်လို့ ဘေးကနေတိတ်တဆိတ်ပါလာတယ်။ ခဏကြာတော့ အကိုမှော်ဝင်က အလုပ်ကအထက်လူကြီးဖြစ်နေလို့ အလုပ်မလုပ်တော့ဖို့စပြီးပြောလာတယ်။
"ကိုကို"
"ဗျာ"
"လုပ်မယ်ဆိုလည်းသဘောပါဗျာ။ ကျွန်တော်စိတ်တော့ချမယ်နော်။ တစ်ခုခုဆို ကျွန်တော့်ကိုလှမ်းခေါ်လိုက် ဘယ်မှာနေနေရအောင်လာခဲ့မယ်"
"ကာကွယ်ပေးပါရစေ မပိုင်ရပေမဲ့လည်း တန်ဖိုးထားတဲ့သူမို့ နည်းနည်းလေးတောင်ထိခိုက်မခံနိုင်ဘူး"
"စစ်လေး ကိုကိုအဆင်ပြေတယ်။ မစိုးရိမ်နဲ့ဆို ဟုတ်ပြီလား"
"စိုးရိမ်ရမှာ ကျွန်တော့်အလုပ်ပါ။ စိုးရိမ်ပေးမယ်။ကာကွယ်ပေးမယ်။ ချစ်ပေးမယ်။ ပြီးရင် ကိုကိုက ကျွန်တော့်ကို အားကိုးလာမယ့်အချိန်ကိုစောင့်မယ်"
"စစ်လေး ကိုကိုက မင်းအဲ့လိုတွေလုပ်ပေးဖို့မထိုက်တန်ပါဘူး။ ကိုကိုက"
"ကိုကို လူတိုင်းမှာ တန်ဖိုးရှိတယ်ဆိုရင်လေ ကျွန်တော်သတ်မှတ်ထားတဲ့ ကိုကို့တန်ဖိုးက ကျွန်တော့် အသက်ပေးဖို့တောင်ထိုက်တန်တယ်"
"မသင့်တော်ဘူး မထိုက်တန်ဘူးဆိုတာတွေ မတွေးနဲ့။ ကိုကို့အနားမှာ ကျွန်တော်အမြဲရှိတယ်ဆိုတာလေးသိထား"
"ကိုကိုမင်းကိုမမေ့ပါဘူး ဒါပေမယ့်စစ်လေး မင်းပြောသလို လက်ခံဖို့က နည်းနည်းခက်ခဲတယ်။ အချိန်ယူပြီးစဥ်းစားကြရအောင် မင်းအတွက်ရော ကိုကို့အတွက်ရော"
"ကျွန်တော်မစောင့်ဘူးမပြောပါဘူး။ နောက်ဘယ်နှနှစ်ကြာမလဲ ကြာပါစေ စောင့်နေမယ်"
"ရောက်ပြီပဲ ဝင်တော့နော်။ ကျွန်တော်ပြောတာတွေက ကိုကို့ကို စိတ်ညစ်စေရင် မေ့လိုက် ဒီညတော့ ဘာမှမစဥ်းစားပဲအနားယူပြီး အိပ်တော့ဟုတ်ပြီလား"
ဆုံးဖြတ်ရခက်နေသူလို ညှိုးနွမ်းနေသောမျက်နှာလေးက ကိုယ့်အားနာကျင်စေတာမို့ ပြောချင်တာတွေဆက်မပြောဖြစ်တော့။ ချစ်တဲ့သူရဲ့ကျောပြင်ငယ် မြင်ကွင်းမှပျောက်ကွယ်တဲ့အထိ ငေးကြည့်ပြီးမှပြန်လာခဲ့သည်။
စောင့်ပါ့မယ်ပြောလိုက်ပေမယ့် အမှန်တော့ကျွန်တော့မှာလည်း လောဘဆိုတာရှိပါတယ်။ ချစ်ရသူကို အမြန်ဆုံးပိုင်ဆိုင်ချင်တာပေါ့။ ကျွန်တော်ကချစ်တယ်ဆိုရုံနဲ့ တွယ်ကပ်နေမယ့်သူမဟုတ်ဘူးကိုကို။ မြတ်နိုးမှုနဲ့အစပျိုးထားတဲ့ခံစားချက်နဲ့ ချစ်တာကြောင့်ကျွန်တော့်လောဘထက် ကိုကို့ခံစားချက်တွေကိုပဲဦးစားပေးထားပါတယ်။
° ° ° ° ° ° ° ° ° °
"ဘယ်ကိုလဲ လှိုင်းလေး"
ဂိုဒေါင်ဘက်သွားဖို့ ထွက်လာစဥ် အခန်းဝမှာ ကိုဝဿန်ဦးနှင့်ဆုံ၍မေးလာသည်။
"ဆိုင်ဘက်ပို့ဖို့ ဂိုဒေါင်ကပစ္စည်းတွေ သွားထုတ်ပေးဖို့ပါ အကို"
"အင်း ဒါနဲ့မင်းရဲ့မူပိုင်ကြီး ဒီနေ့နောက်ကျပါလား"
"ဘာမူပိုင်လည်းအကိုရာ"
"ဘာရမှာလဲ အလုပ်လာလုပ်ဖို့မဟုတ်ဘဲ မင်းအတွက်သာ သီးသန့်ရုံးလာဆင်းတဲ့သူမို့ပေါ့ကွ ဟားဟား"
"မစပါနဲ့ဗျာ။ မဟုတ်တောင် တခြားသူတွေ လာမေးနေလို့ နေရခက်နေရတဲ့ကြားထဲ အကိုကပါ"
"အင်းပါ မစနဲ့ဆိုလည်းမစတော့ဘူး။ ပြန်တော့မတိုင်နဲ့နော်"
"တိုင်စရာလားဗျ။ တော်ပြီဗျာ အောက်မှာပစ္စည်းတင်ဖို့ ကားစောင့်နေတာ ကျွန်တော်သွားတော့မယ်"
ကိုဝဿန်ဦးပြောသလိုပင်။ ဘယ်တုန်းကမှ အလုပ်မလာသောသူက ကိုယ်ရောက်တာနဲ့ရုံးရောက်လာတယ်။ အမြဲလိုလို သူ့အနားမှာနေခိုင်းပြီး ကိုယ်အလုပ်လုပ်ရင်လည်း အနားမှာလာနေသည်။ တစ်ရုံးလုံးရဲ့ပါးစပ်ဖျားမှာပြောစရာဖြစ်နေတယ်။ ဒီနေ့တော့ ထူးထူးဆန်းဆန်းအခုထိရောက်မလာသေးလို့။
"ဒီတစ်ခုဆို ပြီးပြီ စာရွက်ပေးအကိုလက်မှတ်ထိုးပေးလိုက်မယ်"
"ဟုတ်ကဲ့"
ပစ္စည်းတင်လို့ပြီးတော့ ရုံးဘက်ပြန်လာခဲ့တယ်။ ပါကင်မှာတွေ့လိုက်တဲ့ ကားကြောင့် ဟိုတစ်ယောက်ရောက်နေပြီဆိုတာသိလိုက်ပြီ။ ဓာတ်လှေကားကတစ်ဆင့်တက်လာလို့ အခန်းဘက်မသွားခင် ကိုယ့်နာမည်ပါလာသော စကားသံတို့ကို လှေကားဘက်ထောင့်နေရာမှကြားရ၍ အနားသို့သွားကာနားထောင်မိသည်။
"မင်းရဲ့ခံစားချက်အမှန်ကို မေးကြည့်တာပါ လှိုင်းကလူကောင်းလေး။ မင်းကြောင့်ဒုက္ခရောက်မှာတော့ ငါမမြင်ချင်ဘူး မှော်ဝင်"
"ငါနားလည်တယ်။ အစကတော့ မင်းပြောသလိုရည်ရွယ်ချက်တစ်ခုကြောင့် ငါချည်းကပ်ခဲ့တာ"
"ဘာလဲ မင်းအဖေနဲ့အမေကြောင့်ပဲလား။ မင်းဘယ်ချိန်ထိ သူတို့ကိုကန့်လန့်တိုက်နေမှာလဲ"
"ကန့်လန့်တိုက်တယ်။ မင်းသိလား ငါအလိမ္မာဆုံးလည်းနေခဲ့ပြီးပြီ အဆိုးဆုံးလူတစ်ယောက်လည်းဖြစ်လာခဲ့ပြီးပြီ"
"ဒါတောင် ငါဆိုတာအခုချိန်ထိသူတို့တွက်မရှိသလိုဘဲ။ သူတို့ရဲ့အာဏာ သူတို့ရဲ့စည်းစိမ်လောက်တောင် ငါဘောင်မဝင်ခဲ့ဘူး"
"ငါသိချင်ခဲ့တယ် အရေးပါတဲ့ဗိုလ်မှူးကြီးနဲ့ ကျော်ကြားတဲ့ လုပ်ငန်းရှင်မကြီးတို့ရဲ့ တစ်ဦးတည်းသောသားက လိင်တူလက်ထပ်လိုက်ပါတယ်ဆိုတဲ့သတင်းက သူတို့တွက်ဘယ်လောက်ထိရောက်မှုရှိမလဲလို့"
"အဲ့သဘောဆိုရင်တော့ မင်းဒီရေလှိုင်းကိုအသုံးချနေသလိုဖြစ်သွားပြီနော် မှော်ဝင်"
မရည်ရွယ်ဘဲနားထောင်မိတဲ့အတွက် အားနာမိပါတယ်။ သူဘယ်လိုရည်ရွယ်ချက်နဲ့ ကိုယ့်နားရောက်လာသည်ဖြစ်စေအဲ့အတွက် ထွေထွေထူးထူး ခံစားချက်တို့တော့မရှိ။
အခုလိုသိလိုက်တဲ့အကြောင်းရင်းကြောင့် စိတ်ထဲသက်သာသွားသလိုမျိုးပဲ။ မသိအောင်နားထောင်နေရတာမကောင်းသလိုခံစားမိသလို အလုပ်ချိန်လည်းဖြစ်တာမို့ ထိုနေရာကနေထွက်လာခဲ့လိုက်တယ်။
"မင်းသိသလို ငါသူ့ကိုအသုံးချဖို့ ရည်ရွယ်ခဲ့ပေမယ့် မသိလိုက်ခင်ပဲ ငါလှိုင်းအပေါ်ခံစားချက်ဖြစ်နေပြီထင်တယ်"
"အဲ့လိုဆိုရင်ကောင်းတာပေါ့။ ဒါပေမယ့် အခုချိန်ထိအရာရာအလွယ်လေးလုပ်ပြီး ပေါ့ပေါ့တန်တန်နေတဲ့မင်းအတွက် အဲ့ခံစားချက်ကရောမှန်ရဲ့လား"
"သေချာမသိပေမယ့် ပထမဆုံးအတွေ့အကြုံပဲ။ သူ့အနားရှိနေရတာ ငါသဘောကျတယ်။ အသုံးချနေရုံလောက်နဲ့ ငါအခုလိုတွေလုပ်နေမယ်လို့မင်းထင်လား"
"ငါလည်း မင်းသူနဲ့ပတ်သတ်ရင် ထူးဆန်းနေတယ်လို့တွေးမိပါတယ်။ အလိုလိုဆိုမင်းက လူတစ်ယောက်အပေါ် စိတ်ရှည်တာ သည်းခံတာ နားလည်ပေးတာတို့ရှိတဲ့အကောင်မှမဟုတ်တာ"
"ကိုယ့်အသားနာအောင်လုပ်ရင် လက်တုံ့ပြန်လိုက်ရမှဆိုတဲ့လူမျိုး။ အခုကျ ဒဏ်ရာဒဏ်ချက်တွေနဲ့တောင် တစ်လှိုင်းထဲလှိုင်းနေတာ"
"အင်း ငါချစ်မိပြီထင်တယ်"
ရုံဆင်းချိန်အဆောက်ဦးရှေ့တွင်
"ကိုယ့်လှိုင်း နေအုံးလေးကွာ အိမ်ကထွက်ပြေးမှာကျနေတာပဲ ရုံးဆင်းတာနဲ့ပြေးတော့တာပဲ"
"အကို မပြန်သေးဘူးလား"
"ခင်ဗျားလေးကိုစောင့်နေတာလေ။ တစ်နေ့လုံးအလုပ်ရှုပ်နေတာပဲ။ အနားလာတာတောင်အဖတ်မှမလုပ်တာ"
သူနဲ့ရှိနေရတာ စိတ်ထဲအဆင်မပြေလို့ အကြောင်းအမျိုးမျိုးပြလို့ရှောင်နေမိတယ်။ နေ့လည်လောက်ထဲကမတွေ့ရတော့လို့ ပြန်သွားပြီလို့ထင်လိုက်ပေမယ့် အလုပ်ဆင်းလို့ရုံးရှေ့ရောက်တော့ အနောက်ကပြေးလိုက်လာတယ်။
"ဒီနေ့ ဟိုခွေးဘီလူးလာမကြိုဘူးလား"
"အင်း အဖွဲ့လိုက်လုပ်ဆောင်ချက်ရှိလို့ သူ့သူငယ်ချင်းတွေဆီရောက်နေတယ်"
"ဒါဆို ကိုယ်လိုက်ပို့မယ်လေ"
"အကို"
"အွန်း"
"ဘာလို့လဲ ပို့လို့မရဘူးလား။ ကိုယ်ဘက်ကအဲ့လို လုပ်ခွင့်တောင်မရှိတာလား"
"အဲ့လိုမဟုတ်ပါဘူး ကျွန်တော်အကို့ကိုပြောစရာလေး ရှိလို့"
"ဘယ်လို ကိုယ့်ကိုလား"
"အင်း"
ပြောမည့်ကိစ္စကို အခုထိမပြောသေးပဲ အိမ်အပြန်လမ်းရဲ့ ကားပေါ်တွင်အချိန်တော်ကြာတိတ်ဆိတ်လျက်။
"လှိုင်း မင်းဘာလို့တိတ်နေတာလဲ ကိုယ့်ကိုပြောစရာရှိတယ်ဆို"
"ကျွန်တော်ကြားလိုက်တယ်"
"ဟမ်"
"မနက်က အကိုဝဿန်နဲ့ အကိုနဲ့ပြောနေကြတာကို ကျွန်တော်ကြားလိုက်တယ်"
သူစကားကိုကြားတော့ ရုတ်တရက် ရင်ထဲထိတ်လန့်သလို ဖြစ်သွားလို့ ကားကိုလမ်းဘေးထိုးရပ်လိုက်သည်။
"လှိုင်း ကိုယ်က"
"ကျွန်တော်နားလည်ပါတယ်"
"ဘာ ဘာကိုလဲ"
"အကို ကျွန်တော့်ကိုအသုံးချဖို့တွေးတာကို နားလည်ပေးနိုင်ပါတယ်"
"မဟုတ်သေးဘူးလှိုင်း အဲ့ဒါက မှားနေတာ ကိုယ်မင်းကို"
မဟုတ်ဘူးလို့ငြင်းဖို့ရာကလည်း အမှန်တကယ်လုပ်ဖို့ရည်ရွယ်မိခဲ့တာပဲ။ နောက်မှ မင်းကိုတကယ်ချစ်မိသွားတယ်ပြောရင် မင်းယုံပါ့မလား။
"အဲ့အတွက် ကိုယ်တောင်းပန်ပါတယ် ဒါပေမယ့် မင်းအပေါ်ကိုယ့်ခံစားချက်တွေက အမှန်တွေပါ။"
"ကိုယ့်ကိုယုံပေးပါလှိုင်း ကိုယ်တကယ်မင်းအပေါ်"
"လက်လျော့ပေးပါလားအကို"
"ကျွန်တော် အကို့ကိုလက်လည်းမခံချင်သလို အသုံးချတာလည်းမခံချင်ဘူး။ ကျွန်တော့်ဘက်ကိုနားလည်ပေးပါ"
သူတကယ်ကိုမယုံတော့ဘူးပဲ။ တဇွတ်ထိုးလုပ်ခဲ့မိတာတွေအတွက် ငါ့နှလုံးသားလေးတော့ဒဏ်ခတ်ခံရပြီထင်တယ်။
"အကိုက ဆိုးတယ်ထင်ရပေမဲ့ လူကောင်းတစ်ယောက်လို့ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ဘက်ကိုလည်း တွေးပေးပါလားအကို"
"ဟား....လှိုင်း။ အမှန်တကယ်လည်း ကိုယ်က သူများတွေထင်နေသလို မကောင်းတဲ့အကောင်ပါပဲ"
"အခုချိန်ထိကိုယ်လေ ဘယ်သူ့အတွက်မှမတွေးပေးဖူးဘူး။ ချစ်တာ ကြင်နာတာတွေလည်းကိုယ်မသိဘူး။ လူတစ်ချို့ကိုလည်း လှည့်စားခဲ့မိသေးတယ်။ အကောင်းမြင်စိတ်မရှိဘဲ ဆိုးရွားတဲ့လုပ်ရပ်တွေကိုပဲ ကိုယ်ရွေးလုပ်ခဲ့တယ်"
"ဒါပေမယ့် အခုတော့မင်းနဲ့ပတ်သတ်ပြီး အဲ့အရာတွေနဲ့ဆန့်ကျင်ဘက်တွေပဲကိုယ်လုပ်နေမိတယ်။ ကိုယ့်ဘဝတစ်လျှောက် မတူညီခဲ့ခံစားချက်တွေကို မင်းနဲ့မှ ပထမဆုံးအကြိမ်ကိုယ်ခံစားမိလာတာ"
"ယုံပေးဖို့တော့ အတင်းမတောင်းဆိုပါဘူး။ အခွင့်ရေးလေးပေးပြီး ကိုယ့်ကိုပြန်စဥ်စားပေးလို့တော့ရတယ်မလား"
"ကျွန်တော်ကယောကျာ်းတစ်ယောက်ပါအကို။ အကို့လုပ်ရပ်တွေက အတော်လေးနေရခက်တယ်။ ကျွန်တော်"
"ကိုယ်သိပါတယ်။ မင်းအတွက်စဥ်းစားပေးနိုင်အောင် ကိုယ်ကြိုးစားပါ့မယ်။ အဲ့အစား ကိုယ့်ကိုမျှော်လင့်ခွင့်တော့ပေးမယ်မလား"
"ကျွန်တော့်အနေနဲ့ အကို့ကိုတားပိုင်ခွင့်တော့မရှိပါဘူး။ ဒါပေမယ့်အကို ကျွန်တော့်ကို အများကြီးမမျှော်လင့်ပါနဲ့"
"ကျွန်တော့်ကြောင့် ဘယ်သူ့ကိုမှမထိခိုက်စေချင်ဘူး"
"အင်း..အင်းပါ"
အိမ်ထိမပို့ခိုင်းလို့ လမ်းဆုံမှာသာရပ်ခိုင်းပြီး ဆင်းသွားတယ်။ အခုက ဘယ်လိုပြောရမလဲ အမြတ်နိုးဆုံးအရာတစ်ခု ဆုံးရှုံးရတော့မလိုပဲ။ ဝမ်းနည်းတာလား နာကျင်တာလား။ သူ့ရဲ့ပြတ်သားတဲ့ ငြင်းဆိုမှုလေးက ကိုယ့်အတွက်အဲ့လောက်ထိ စိတ်ထိခိုက်စေတယ်တဲ့လား။
* * * * * * * * * * *
"ဘယ်သူများလဲလို့ သားတော်မောင်က အိမ်ရှိတယ်ဆိုတာ မှတ်မိသေးတာပဲ"
အထက်တန်းပြီးတည်းက အိမ်ကထွက်ပြီး သီးသန့်နေခဲ့တာ ဒီအိမ်ကိုပြန်လာမိတဲ့အခေါက်ရေက ရေတွက်လို့ရတယ်။ အထူးသဖြင့် အခုလိုခံစားချက်အဆင်မပြေတဲ့အချိန်တွေ လာဖြစ်တာများတယ်။အခုခံစားချက်တွေက မကောင်းတဲ့အမှတ်တရတွေရှိတဲ့ ဒီနေရာနဲ့ယှဥ်ရင်တော့ဘာမှမဟုတ်တော့သလိုပဲမို့။
"ခဏနေအုံး။ အမေမင်းကိုပြောစရာရှိတယ်"
ဧည့်ခန်းမှာ အခန့်သားထိုင်လို့ လေသံမာမာနဲ့ပြောလာသူမှာ ကြည့်ရုံနဲ့တင် မာနကြီးပြီး ထက်မြတ်သူမှန်းသိသာသည်။ ပုံမှန်ဆို စကားမပြော မရှိသလိုနေသူက တကူးတကကမ်းလှမ်းလာသည်မှာ တော်ရုံကိစ္စမဟုတ်မှန်း သေချာသည်။ အနားမှခုံသို့ သွားထိုင်လိုက်ပြီး
"ပြောပါအုံး ဘယ်လိုကိစ္စက အမေ့ကိုအသံထွက်လာစေတာလဲ"
"မင်းကို ခေါ်ခိုင်းထားတာကြာပြီ။ ဘယ်လိုသတ္တိနဲ့ လျစ်လျူရူရဲတာလဲ"
"ငါပြောမယ် မှော်ဝင်တေး။ ဒီချိန်ထိ မင်းလုပ်ချင်တာစိတ်တိုင်းကျလုပ်ခိုင်းပြီးပြီ မင်းကန့်လန့်တိုက်နေတာလောက်တော့ ငါလိုမိန်းမ မဖြုံဘူး"
"မင်းငါ့အကြောင်းသိပါတယ် ငါ့ကိုထိခိုက်စေတဲ့ ဘယ်အရာကိုမှခွင့်မလွှတ်တက်ဘူးဆိုတာ"
"ဘာအကြောင်းပြောချင်တာလဲ လိုရင်းကိုပဲပြောပြီး အဆုံးသတ်ပေးလို့ရမလား"
ပြောလာသောစကားကို အလိုမကျကြောင်း မျက်ခုံးများတွန့်ချိုးပြီး နှုတ်ခမ်းမဲ့လို့တုံ့ပြန်လာသည်။
"မင်းအလုပ်မှာ ယောကျာ်းတစ်ယောက်နဲ့ရှုပ်နေတဲ့အကြောင်းပဲ"
"တစ်လောကလုံးပြောလို့ငါ့ဆီရောက်လာတာ။ မင်းဆိုးတာသည်းခံပေးလို့ရတယ် ရူးတာတော့ငါလက်မခံနိုင်ဘူး။ ငါဘယ်တုန်းကမှ အရူးတစ်ယောက်မမွေးထားဘူးမှော်ဝင်တေး"
"ဟုတ်လား ဘယ်လိုလုပ်မလည်း ကျွန်တော်ကအခု လင်တရူးနေပြီ"
"မှော်ဝင်တေး"
"ကျွန်တော့်ကိုအမေ့သားလို့သတ်မှတ်နေသ၍ သူကတစ်ချိန် အမေ့သမက်ဖြစ်လာတော့မှာ"
"မင်းပါးကိုစပ်ပိတ်တော့ ငါမင်းနဲ့ညှိနှိုင်းနေတာမဟုတ်ဘူး။ မင်းငါ့အကြောင်းသေချာမသိသေးတာလား"
"ငါသဘောထားကိုပြောပြီးသွားပြီ။ မင်တို့ပတ်သတ်မှုကို မရပ်ရင် မင်းရောမင်းအကောင်ရောငါ့အကြောင်းသိစေရမယ်"
စကားအပြတ်ပြောပြီး သူ့အခန်းဆီသို့ ထွက်ကာသွားသည်။ သူသတိပေးခြင်းအပေါ် စိုးရိမ်မိပေမယ့် လှိုင်းကိုတော့လက်မလွှတ်ချင်ဘူး။ ဘာတွေဖြစ်လာပါစေ ရင်ဆိုင်လိုက်ချင်တယ်။
မြေအောက်ထပ်က ဝိုင်တွေသိုလှောင်ခမ်းဆီဆင်းသွားပြီး Italian wine တစ်မျိုးထုတ်လာကာ လသာဆောင်ဆီထွက်လာခဲ့သည်။
အထီးကျန်မှုတွေခံစားရပြီး အရွယ်နဲ့မလိုက်အောင် နာကျင်ဝမ်းနည်းမှုတွေဖြစ်လာတိုင်း ညဥ့်နက်ချိန်ထိ ရှိနေတတ်တဲ့ဒီနေရာက လမင်းသာသိတဲ့ ငိုကြွေးခြင်းအဆောင်ပေါ့။
* * * * * * * * *
"ဘယ်လိုဖြစ်တာလဲလှိုင်းလေး"
မျက်နှာလေးညှိုးလို့ အခန်းတွင်းဝင်လာသူအား လုပ်ဖော်ကိုင်ဖက်အမမှ အနားသွားကာမေးလိုက်သည်။
ဒီမနက် သူဌေးရဲ့အတွင်းရေးမှူးမှ ရုတ်တရက်ရောက်လာကာ ခေါ်တွေ့ပြီး ကိုယ်အလုပ်လုပ်တာကို သဘောမကျဘူးလို့ပြောလာတယ်။ နောက်တော့ သုံးလစာငွေထုတ်ပေးပြီးနောက်နေ့ကစပြီး အလုပ်ဆင်းဖို့ မလိုတော့ဘူးတဲ့။ အကြောင်းရင်းကိုတော့ အတိအကျပြောမလာ။
"ကျွန်တော်လည်းသေချာမသိရဘူး အမ။ သူတို့မှသဘောမကျတာ ဘယ်တတ်နိုင်မလဲ"
"လှိုင်း"
အနောက် အကိုဝဿန်ခေါ်လာလို့ လှည့်ကြည့်လိုက်သည်။ ဂရုဏာသက်သလို အားနာနာနဲ့ကြည့်နေသူအား ပြန်လည်ထူးဖို့ရန်ပင် အသံတို့ကထွက်မလာတော့။
"အကိုနဲ့စကားပြောရအောင် ခဏလိုက်ခဲ့ပေး"
မျက်နှာလေးညှိုးနေတာ ရင်ထဲတောင်မကောင်းဘူး။ မှော်ဝင်ပြောပြလာတဲ့စကားတွေအရ ဒါတွေဖြစ်တော့မယ်လို့ထင်သား။
"ဒေါက် ဒေါက် ဒေါက်"
"ဘာလုပ်လို့လဲ"
"နေ နေမချနဲ့"
ဝဿန်ဉီးမှာ အဓိပ္ပာယ်မရှိတာတွေ လုပ်နေသောသူကိုကြည့်ပြီး ဆက်မနေနိုင်တော့လို့ လက်ဖျားခါပြကာထွက်လာခဲ့လိုက်သည်။
"ဆော ဆောရီး"
"ဟာဗျာ"
"ကိုကိုဆို"
"ဗျာ"
"ဆေးခန်းသွားမယ်လေ"
"ကိုယ်မောင်းမှာပါ"
"ဒါပေမယ့် အကို့လက်က"
"ကိုကို"
"ဘာဗျ"
"ကိုကို"
"ဗျာ"
° ° ° ° ° ° ° ° ° °
"ဘယ်ကိုလဲ လှိုင်းလေး"
ဂိုဒေါင်ဘက်သွားဖို့ ထွက်လာစဉ် အခန်းဝမှာ ကိုဝဿန်ဉီးနှင့်ဆုံ၍မေးလာသည်။
"ဘာမူပိုင်လည်းအကိုရာ"
"ဟုတ်ကဲ့"
"ငါသိချင်ခဲ့တယ် အရေးပါတဲ့ဗိုလ်မှူးကြီးနဲ့ ကျော်ကြားတဲ့ လုပ်ငန်းရှင်မကြီးတို့ရဲ့ တစ်ဉီးတည်းသောသားက လိင်တူလက်ထပ်လိုက်ပါတယ်ဆိုတဲ့သတင်းက သူတို့တွက်ဘယ်လောက်ထိရောက်မှုရှိမလဲလို့"
ရုံဆင်းချိန်အဆောက်ဉီးရှေ့တွင်
"အကို မပြန်သေးဘူးလား"
"အကို"
"အွန်း"
"ဘယ်လို ကိုယ့်ကိုလား"
"အင်း"
"ဟမ်"
"လှိုင်း ကိုယ်က"
"ဘာ ဘာကိုလဲ"
"အင်း..အင်းပါ"
* * * * * * * * * * *
"မှော်ဝင်တေး"
အထီးကျန်မှုတွေခံစားရပြီး အရွယ်နဲ့မလိုက်အောင် နာကျင်ဝမ်းနည်းမှုတြွေဖစ်လာတိုင်း ညဥ့်နက်ချိန်ထိ ရှိနေတတ်တဲ့ဒီနေရာက လမင်းသာသိတဲ့ ငိုကြွေးခြင်းအဆောင်ပေါ့။
* * * * * * * * *
"လှိုင်း"