အတားအဆီးများနဲ့မောင့်ပင်လယ်(C...
Von Pluviophile-K744
173K 5.1K 41
BL Story Mehr
အမှာစာ
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Psat-7
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44(Final)
Part-8
3.7K 144 0
Von Pluviophile-K744
"ဟင် စစ်လေး"
"ဗျာ ကိုကို"
"ဒီကို ဘယ်လိုလုပ်"
"လာကြိုတာလေ ပြန်ရအောင်"
တက်နိုင်သူကြီးက ဘယ်ချိန်တည်းက စောင့်နေလဲမသိ။ အလုပ်ဆင်းချိန်လည်း ပြောမပြမိဘဲနေရာလည်းဘယ်လိုသိတာလဲ။
"စစ်လေး လွှတ်လေကွာ လူတွေနဲ့ကို"
"ကိုကိုကလည်း လက်ကောက်ဝတ်လေးဆွဲထားတာလေးကို။ မတော်မတရားလုပ်နေတာလည်းမဟုတ်ဘဲနဲ့"
နောက်ပိုင်း ဒီကလေးလိုတာထက်ပိုပြီးအသားယူလာတယ်။ ကိုကိုပဲ ခံစားချက်တွေအဖြေရှာကြမယ်ဆိုလို့သူ့ကိုယ်သူစမ်းသပ်နေတာတဲ့။ ကိုယ့်စကားနဲ့ကိုအခုတော့အနေခက်နေပြီ။
မှတ်တိုင်ဆီ လက်ကိုဆွဲလို့ အတူလျှောက်ကာပြန်နေရတယ်။ ကိုယ့်အိတ်ကိုလည်း ယူလွယ်ပြီး တစ်ဖက်ကလည်း ထမင်းချိုင့်အိတ်ကိုင်ထားလို့ မသိရင်သူ့ကလေးကျောင်းကြိုလာတာကျနေရော။
"ကိုကိုတို့အလုပ်ကလည်း ဆင်းတာတအားနောက်ကျလိုက်တာ"
"အချိန်ကပုံမှန်ပါပဲ။ အလုပ်သမားတစ်ယောက် အလုပ်ချိန်တိုင်းပဲကို"
"ဘာဖြစ်ဖြစ်ဗျာ။ ဒီချိန်ထိအလုပ်ဝင်ရတော့ ကိုကိုပင်ပန်းတာပေါ့။ ကျွန်တော်တို့လည်း သိပ်မတွေ့ရတော့ဘူး။"
"နောက်ကျ ကျွန်တော်အလုပ်ဝင်မှဘဲ ကိကို့(ကို) ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ချွေးတစ်စက်မကျစေရအောင်ထားတော့မယ်"
"စစ်လေး"
"ချစ်လို့ပါဆိုကိုကိုရယ်။ ကျွန်တော်ချစ်လို့"
ပလီပလာတွေလည်း ထမင်းစားရေသောက်ပြောလာပြီး လေသံမာမာအော်လိုက်ရင် ချစ်လို့ဆိုပြီး အမြဲနှုတ်ပိတ်ခံရသေးတယ်။
ဘာလိုလိုနဲ့ အလုပ်ဝင်တာတောင် တစ်လကျော်သွားပြီ။ အငယ်မလေးလည်း ကျောင်းပိတ်တော့မယ်။ အဖွားကတော့ ဇရာအတော်ထောင်းနေပြီမို့ ကျန်းမာရေးလေးက နောက်ပိုင်းသိပ်မကောင်းချင်ဘူး။
စစ်လေးကတော့ နဂိုတိုင်းပဲ။ ပိုတောင်ဆိုးလာသေးတယ်။ အိမ်ကိုချောင်းပေါက်မတတ်လာတတ်နေပြီ။
"ကိုကို"
​တွေးနေတုန်းရောက်လာပါပြီ။ မနက်ခြောက်နာရီရှိသေးတာကို။
"အလုပ်သွားတော့မှာလား"
"အွန်း စစ်လေးရော ကျောင်းသွားတော့မို့လား။ မစောလွန်းဘူးလား"
"စာမေးပွဲရှိတယ်လေ ဟိုကောင်တွေနဲ့ဆွေးနွေးဖို့ရှိလို့ချိန်ထားတာ"
"ဒါဆိုလည်းသွားတော့လေ ဒီလာနေသေးတယ်"
"တစ်နေ့တစ်နေ့ ကိုကို့ကိုမှမမြင်သွားရင် ကျွန်တော်အဆင်မပြေလို့လေ"
"ပြွတ် သွားပြီနော်"
လုပ်သွားပြန်ပြီ။ သူသွားတော့မယ်ဆိုရင် နားထင်စပ်တို့ ပါးတို့ နဖူးတို့ကို လျှပ်တစ်ပြတ်နမ်းနမ်းသွားတတ်တယ်။ တစ်ခါတစ်လေ အငယ်မလေးမိလို့ ဖြေရှင်းရတဲ့အခါရှိသေး။
"ကိုကြီးဒါဘာစာအုပ်ကြီးလဲ ကိုကြီးဟာလား"
"မဟုတ်ပါဘူး"
"ဘုရားရေ ဒုက္ခဘဲ"
အဝတ်အစားလဲပြီး အလုပ်သွားဖို့ပြင်နေတုန်း အငယ်လေးပြောသောစာအုပ်ကိုကြည့်တော့ ဟိုခွေးပေါက်လေး ကျန်ခဲ့တာသေချာသည်။
"ဟယ်လို ကိုကို"
"ဘယ်မှာလည်း စစ်လေး"
"၃၁ဂိတ်မှာလေ ဘာလို့လဲခင်ဗျ"
"မင်း စာအုပ်ကျန်ခဲ့တယ်လေ"
"ဟုတ်သားပဲ ကျွန်တော့်လက်ထဲ ရှိမနေဘူး"
"အဲ့မှာစောင့်နေ စက်ဘီးစီးပြီး တစ်ခါတည်းယူလာပေးမယ်"
"ထားလိုက်တော့ကိုကို သူများဆီက အဆင်ပြေအောင်ပဲကြည့်လိုက်တော့မယ်။ အလုပ်သွားမှာကို စက်ဘီးကြီးနဲ့"
"ကိစ္စမရှိဘူး အန်တီခိုင်ဆီက တစ်ရက်ဌားပြီး အဲ့နားမှာ အပ်ထားလိုက်မယ် မင်းသာစောင့်နေပေး။ စားမေးပွဲခန်းဝင်ရမယ့်ဟာကိုကွာ"
"မ မဆူပါနဲ့ဗျာ။ ကျွန်တော်နမော်နမဲ့နိုင်လို့ ကိုကိုပင်ပန်းရပြီ ကျွန်တော်မကောင်းဘူးဗျာ ဟင့်"
"မငိုနဲ့နော် မငိုနဲ့ လူကြားထဲတော့မငိုလိုက်နဲ့။ စောင့်နေ"
အလုပ်သွားဖို့ အိတ်ဆွဲပြီး ဘေးအိမ်ကစက်ဘီးဌားကာအမြန်ထွက်လာခဲ့သူမှာတပ်နေကျမျက်မှန်ကို သတိမထားမိလိုက်။
"မိခိုင် ခုနကဒီရေလှိုင်းလား"
"ဟုတ်တယ်လေ စက်ဘီးလာဌားတာ ဘာလို့လဲ"
"ငါ့ကိုမပြောဘူးကွာ။ စက်ဘီးက ဘရိတ်ပြတ်နေတာ မပြင်ရသေးဘူး။ ကလေးတော့ ဒုက္ခပါပဲ"
"ပြောထားလေ။ ဒီရေကယူသွားတာဖြင့်ကြာပြီ ဘာမှမဖြစ်ပါစေနဲ့နော် တော်နဲ့တော့ဒုက္ခပဲ"
"ငါ့ဘာဆိုင်လဲ မင်းကရောမေးလို့လား"
* * * * * * * * * * * * * * * * * * * * *
"လွှတ်ပါ ကျွန်မကိုယ့်လမ်းကို သွားနေတာ"
"ဒီနေရာက လူပျက်တယ်လေ မင်းလေးကတစ်ယောက်ထဲမို့ လိုက်ပို့ချင်လို့ပါ"
"ကျွန်မကတော့ ရှင်တို့ကပိုကြောက်ဖို့ ကောင်းတယ်ထင်တာပဲ"
"ဘာဖြစ်နေကြတာလဲ။ ရုပ်ရှင်ရိုက်နေတာလား"
မြောက်ဒဂုံ စက်ရုံလမ်းကြားဘက် တစ်လမ်းမောင်းမို့ လူလည်းအတော်ရှင်းသည့်နေရာပင်။မှော်ဝင်တေး ကားတစီးနဲ့ အလေလိုက်နေတုန်း အရှေ့ကမြင်ကွင်းကြောင့် အနားသွားရပ်ကာ မဆိုင်ဘဲဝင်ပါနေသည်။
"မင်းအလုပ်လား ကိုယ့်လမ်းကိုသွား"
"မိန်းကလေးတစ်ယောက်ဒုက္ခရောက်နေတာကို ဒီတိုင်းကျော်သွားတာ ယောကျာ်းကောင်းတို့လုပ်ရပ်မဟုတ်ဘူးကွ"
ပြောရင်း ကားပေါ်ကဆင်းလာသူမှာသူ့ကြည့်တော့ ခြေလှမ်းတို့တောင်မမှန်ချင်။
"ဒါဆို ယောကျာ်းကောင်းကြီးကို ဆုံးမပေးရမှာပေါ့။ နောက်မဆိုင်ရင်ဝင်မပါရကောင်းမှန်းသိသွားအောင်"
"လုပ်ရဲလားမင်း။ ငါဘယ်သူလဲမင်းသိလား"
"နေအုံးကွဟေ့ရောင် သူစီးလာတဲ့ကားကြီးကိုကြည့်စမ်း"
အနားကပ်ကာ ကြိတ်ပြောနေသော တစ်ဖက်လူတွေမှာ ရုတ်တရက်မျက်နှာထားတို့ပြောင်းသွားပြီး
"ကောင်းပြီလေ ဒီကညီလေး ကိုကြီးတို့မင်းကိုဘာမှမလုပ်ဘူး။"
"မင်းရဲ့ကားရယ် ဒီမိန်းကလေးရယ် ပါလာသမျှတွေရယ် အေးဆေးထားခဲ့လိုက်။ အသက်ကအရေးကြီးတယ်မလား"
"အဟက် လာဖြဲခြောက်နေတာလား။ ဖုန်းလေးတစ်ကောလ်ထဲနဲ့ အကြောင်းရင်းမရှိ အကုန်ဂျေးထဲသွင်းလိုက်မယ် နားလည်လား"
"မနာခံတတ်ဘူးပဲ။ ငါ့ဗလတွေနဲ့ ဆုံးမရတော့မယ် သေသွားလည်း စိတ်မဆိုးနဲ့နော်"
"ဗလတဲ့လား။ အဆီပိတ်နေတဲ့ ဝက်ပြိဿာပုံနဲ့များ ဗိုက်ကလည်း ကိုယ်ဝန်လွယ်ထားတာများလား"
စကားကိုရိုးရိုးတောင်မပြောဘဲ ဗိုက်ကို လက်ညှိုးနဲ့သွားတို့ပြီး မထိတထိသွားစလေရဲ့။
"ဘာကွ ငါ-ိုးမသား"
အခုတော့ ထိုလူထိုးလိုက်လို့ လမ်းမတည့်တည့်ရောက်သွားပြီး အပေါ်မှအခွခံထားရလို့
"ကလင် ကလင် ကလင်"
"ကျေးဇူးပြုပြီး ဖယ်ပါဗျ ဘရိတ်မမိလို့ပါ"
စစ်လေးနဲ့ လွဲမှာဆိုးလို့ အရှိန်တင်ပြီး ဖြတ်လမ်းကလာခဲ့ရသည်။ ကွေ့ကွေ့လိုက်ခြင်း အရှေ့က ကုန်းကုန်းနဲ့လုံးလုံးကြီးတွေ့ရပေမဲ့ ဘာမှန်းမသဲကွဲ။ အချိန်မှီ ဘရိတ်ညစ်ပေမဲ့ ရပ်မရသောစက်ဘီးရယ်ပါ။
"ဖယ်ပေးပါဆိုဗျာ ကိုယ်ကျိုးနည်းတော့မှာပဲ"
"အားးးးးအားဖင်ကွဲပြီ ဘယ်ကခွေးသတောင်းစားလဲကွ"
​ဒီလောက်အော်နေတာကို မဖယ်တာ လူမဟုတ်လို့များလား ခွေးအကြီးကြီးထင်တယ်။ ထိန်းမရတဲ့အရှိန်ကြောင့် ဝင်ကာကြုံးမိတော့ စက်ဘီးက ဘီးတောင်ခွင်သွားပြီး လူလည်း လမ်းဘေးလွင့်သွားသည်။
အပေါ်စီးကနေ ဒုတိယမြောက်ကြိမ် လက်သီးရွယ်နေသူမှာ အသံနက်ကြီးနဲ့အော်လို့ ဘေးမှာလူးလိမ့်နေလေရဲ့။
စက်ဘီးကို ဆိုင်ကယ်စတန့်ပြသလို လုပ်ပြသွားသော သူရဲကောင်းကို ကြည့်လိုက်တော့ ကိုယ့်ရဲ့ပိုးဟပ်ဖြူလေး။ လဲကျနေသူနား အမြန်သွားကာထူလိုက်ပြီး
"ကိုယ့်ရဲ့လှိုင်းပါလား ဘယ်နားနာသွားသေးလဲ။ ဘာဖြစ်သွားသေးလဲ ပြစမ်းကိုယ့်ကို"
"ပွန်းသွားရုံပါဗျ ဟိုခွေးကြီးရော သေပြီလား"
"ဟမ် ခွေးကြီး"
လှိုင်းလေးမှ ခွေးကြီးဆိုလာသူကိုကြည့်တော့ သူ့လူတွေ တွဲထူနေရတဲ့အဖြစ်။ အစက လေးယောက်သာရှိနေတာ အခုကျဘယ်ကပေါ်လာမှန်းမသိ ရှစ်ယောက်လောက်ရှိနေသည်။
"သားကြီး မင်းရရဲ့လား"
"ကန်းနေလား စောက်ရမ်းနာတယ်။ အဲ့နှစ်ကောင်လုံးအသေသတ်ပြစ် အသေလုပ်လိုက်ကြစမ်းကွာ အား အ့"
"စိတ်လျှော့ကြလေဗျာ ဒီလိုလုပ် အဲ့မိန်းကလေးကို မင်းတို့ ကြိုက်သလိုလုပ်လိုက်တော့။ ဒီတစ်ယောက်က ငါ့ဟာမို့လို့ခေါ်သွားတော့မယ်နော်"
"-ီးလိုတွေ မပြောနဲ့။ မင်းတို့နှစ်ကောင်လုံး သေပြီမှတ်"
"လူ လူဆိုးတွေလားဟင်"
"မသိဘူး ကိုယ့်လိုလူကောင်းမဟုတ်တာတော့ သေချာတယ်"
"အရှေ့က ကားကိုတွေ့လား"
"အင်း"
"၁၂၃ဆို ဝင်ပြေးတော့"
"ဟုတ်"
"တစ် သုံး"
စနောက်လိုက်ပေမဲ့ တစ်မှာတင် ပြေးသွားသူကြောင့်အလုပ်မဖြစ်လိုက်။ ကိုယ်တွေက ကားနဲ့ပိုနီးတော့ သူနောက်ကလိုက်ပြေးလိုက်ပြီး နှစ်ယောက်လုံးလွတ်သွားသည်။
"လှိုင်းလေးသွားလေ ကားကဘာလို့မထွက်သေးတာလဲ"
"ကျွန် ကျွန်တော်မှကားမမောင်းတတ်တာ"
"ဟမ် မမောင်းတက်ဘဲဘာလို့အဲ့ဘက်မှာထိုင်နေတာလဲ"
"မသိဘူးလေ ဒီတိုင်းဝင်လိုက်တာ"
"ဟေ့ကောင်တွေဆင်းခဲ့ အခုဆင်းခဲ့ကြစမ်း"
မှော်ဝင်တို့ကို မဲနေကြသည်မို့ မိန်းကလေးကတော့ပြေးသွားလေပြီ။
"ကိုယ်ပြောမယ် ဟိုခလုတ်နှိပ် ဒါကိုဆွဲလိုက်။ ညာဘက်ခြေထောက်ကဟာကိုနင်း"
"အား "
ရုတ်တရက်အရှိန်နဲ့ ထွက်သွားသည့်ကားမှာ အရှေ့လေးတင်ပြန်ရပ်သွားသည်။
"ဘာလို့ ဘရိတ်အုပ်လိုက်တာလဲ"
"မသိဘူးဘာလုပ်လိုက်လဲလို့"
"မပြေးနဲ့မင်းတို့ ရအောင်လိုက်။ အသေဆော်အဲ့ကောင်တွေကို"
ကားရပ်သွားတာမို့ ကျန်နေခဲ့သည့်လူအုပ်မှာ ပြေးလိုက်လာပြန်သည်။
"ခုနလို ပြန်မောင်း ကိုယ်ကြည့်နေပေးမယ်"
"ဝူး...."
"ဒုန်း"
"ဘုရားရေ သွားပြီ"
အမှားလုပ်မိလို့နောက်ပြန်မောင်းလာတဲ့ကားမှာ လိုက်လာသောလူအုပ်ကိုဝင်ကြုံးတော့သည်။ နှစ်ယောက်သုံးယောက်လောက်တော့ ထိသွားတယ်ထင် သူ့လူတွေပေါ်အာရုံစိုက်နေကြတာမို့
"သေ သေကုန်ပြီလား"
"သေလည်းအေးတယ် တော်တယ် ကိုယ်ရဲ့လှိုင်း နည်းနည်းလေးကြွလိုက်"
"ဟမ်"
အူလည်လည်နဲ့ ဖင်လေးကြွပေးတော့ သူအောက်ကိုအတင်း ဝင်ထိုင်လိုက်ပြီး ရွေ့ဖို့လုပ်နေသူကို ပေါင်ပေါ်ဆွဲထိုင်စေကာဖက်ထားလိုက်သည်။
"ငြိမ်ငြိမ်နေ အချစ်မောင်နှံ ယာဥ်လေးစထွက်ပါပြီ"
"လွှတ်ဗျာ ဟိုဘက်သွားထိုင်လိုက်မယ်"
"ဒီတိုင်းနေဆို ကိုယ်မူးပြီးမောင်းရင်တောင် မင်းထက်အန္တရာယ်ကင်းတယ် မကြောက်နဲ့"
"ကျွန်တော်မနေတတ်ဘူးလို့"
ကိုယ်လေးကို လက်တစ်ဖက်နဲ့ ဆွဲသိမ်းဖက်ထားတော့ ရင်ခွင်ထဲအံဝင်ခွင်ကျ။ ဘေးကပစ္စည်းတွေ ထိမိမှာစိုးလို့ထင် အတင်းရုံးမနေ။ အရှေ့မှာဆိုကွယ်နေမှာဆိုးလို့ တစောင်းအနေအထားလှည့်ထိုင်လိုက်သေးသည်။
"အမယ်လေးဗျာ မေ့နေတာ စစ်လေး စစ်လေးစာအုပ်သွားပေးရအုန်းမှာ"
"ဘယ်သူလဲ။ ဟိုတစ်ခါတုန်းက ခွေးဘီးလူးကိုပြောတာလား"
"ဖုန်း ဖုန်း ဖုန်း ငါ့ဖုန်း ငါ့ဖုန်း"
ပြောနေတာကို လျစ်လျူရူလို့ သူအိတ်ဖြဲပြီး ရှာနေတာ ခေါင်းကြီးကဝင်နေပြီ။ မျက်စိရှေ့ကဖုန်းကို ကျော်ပြီးစမ်းနေတာ စိတ်မရှည်လို့ ယူပြီးလက်ထဲထည့်ပေးလိုက်ရတယ်။
"အများကြီးခေါ်ထားတာပဲ"
"အနီးမှုန်လား မျက်မှန်ရော"
"ကျန်ခဲ့လို့"
ဖုန်းကို လက်ဆန့်ကာကြည့်ပြီး နံပါတ်ရှာနေတာမို့ဝင်မေးလိုက်သည်။ တကယ့်တစ်လွဲလေး။
"ဟယ်လို စစ်လေး"
"ကိုကို ဘယ်ရောက်နေတာလဲ။ ဖုန်းမကိုင်တော့ စိတ်ပူနေတာ"
"မဟုတ်ဘူး ကိုကိုလာနေတာ"
"မလာနဲ့တော့ကိုကို အလုပ်ကိုတန်းသွားတော့။ကျွန်တော်သွားရတော့မယ်"
"စာမေးပွဲစတော့မှာလား။ တောင်းပန်ပါတယ် ကိုကိုကြောင့်"
"ဘာတွေတောင်းပန်နေတာလဲ ကိုကိုရယ်။ စာမေးပွဲက ကိုကို့လောက်မှအရေးမကြီးတာ။ ကိုကိုဘာမှဖြစ်မနေဘူးမှတ်လား"
"ဟမ် အင်း ဘာ ဘာမှမဖြစ်ပါဘူး"
"ကိုကို"
"တကယ်ဘာမှမဖြစ်ပါဘူး။ ကိုကို့ကြောင့် နောက်ကျကုန်ရင်sorryပါ။ စာမေးပွဲသေချာဖြေနော်"
"ကျွန်တော်အစတည်းက ရပါတယ်ပြောတယ်လေ။ မစိုးရိမ်နဲ့ ကိုကို့လူတော်လေးကိုယုံလိုက်"
"အင်း အဆင်ပြေပါစေနော်"
"bye byeကိုကို ကျွန်တော်တအားချစ်တယ်နော်"
အရှေ့ကစိတ်မကောင်းဖြစ်နေသူလေးက ကိုယ့်ပေါင်ပေါ်မှာရှိနေတာကို အသားကျနေပြီထင်ရုန်းမနေတော့။ မှိုင်နေရာမှ တစ်ခုခုသတိရသလို အချက်ပေးခေါင်းထောင်လာပြီး
"အယ် စက်ဘီး စက်ဘီး"
"ပြန်သွားယူချင်သေးလို့လား။ အသစ်ဝယ်ပေးမယ်ထားလိုက်တော့"
"အမ် ခင်ဗျား လွှတ်တော့လေ လမ်းမလမ်းရောက်နေပြီ"
"အထဲကို မမြင်ရပါဘူးကွာ အေးဆေးပေါ့"
"အရှေ့ကကြည့်ရင် တွေ့ရတယ်မလား"
"အင်း နည်းနည်းပေါ့ အလုပ်သွားမလို့ဆို ဘယ်ပို့ပေးရမလဲ"
"Daily life Company ဆူးလေရုံးခွဲဘက်"
"ဘာ"
အလန့်တကြားအော်တာ တုန်တောင်သွားတယ်။ နောက်တော့ ကိုယ့်အားစိုက်ကြည့်လာပြီး
"အဲ့မှာလုပ်တာ ဘယ်လောက်ကြာပြီလဲ"
"တစ်လခွဲလောက်ရှိပြီ"
"အရှေ့ကိုကြည့်မောင်းပါ"
ကိုယ့်မျက်နှာကိုသာစိုက်ကြည့်နေသူအား မျက်နှာကို လက်နှစ်ဖက်နဲ့ ဆွဲကိုင်လို့ ခေါင်းကိုအရှေ့လှည့်ပေးလိုက်ရတယ်
"ဟာကွာ ဟိုခွေးကောင်တွေနဲ့ပေါက်ကရခရီးလိုက်သွားလို့ မဟုတ်ရင်ကိုယ့်လှိုင်းနဲ့အစောကြီးတွေ့နေရပြီ"
"ဟမ် ဘာပြောတာလဲ"
လှိုင်းကိုသေချာကြည့်တော့မှ မိုးပြာရောင်ကော်လံရှပ်လေးကို စတိုင်ပင်အနက်ထဲ ထည့်ဝတ်ထားပြီး ရင်ဘက်မှာလည်း Logoရှိသေးတယ်။ ဒီဝတ်စုံမြင်ဖူးပါတယ်ကြည့်နေတာ။
"မှော် မှော်ဝင်တေးနော်"
"ခင်ဗျာ့ ခေါ်လိုက်တာလားဗျ"
"အရှေ့ Hilux ကလူတွေကြည့်နေတယ် ထင်တယ်"
"အတွဲချောင်းတာနေမယ်။ ကြည့်ပစေပေါ့"
"ဟင် ဓာတ် ဓာတ်ပုံရိုက်နေပြီ"
အလန့်တကြား လည်ပင်းကိုသိုင်းဖက်လာပြီး မျက်နှာကို လည်ပင်းနားဖွက်ထားလာတယ်။ ကိုယ်ကိုကျုံ့လိုက်တော့ ပုဇွန်ကွေးလေးလိုပဲ။
"ကိုယ့်လှိုင်းပြောသလိုပဲ ကိုယ်တို့တော့ နာမည်ကြီးတော့မယ် ထင်တယ်"
"စကားကိုပိတ်ထား"
"ဟမ်"
"ပြောချင်တာ ပါးစပ်ကိုပိတ်ထားလို့"
"ဟားဟားဟား"
ဝဿန်ဦး ရုံးတက်လက်ဗွေနှိပ်ပြီး အပေါ်တက်ဖို့ပြင်နေတုန်း အထဲဝင်လာသောသူအား မယုံနိုင်ဖွယ်တွေ့လိုက်ရသည်။
ဘာကိစ္စလှိုင်းလေးက သူနဲ့ပါလာရတာလဲ။ ပြဿနာများလုပ်မိထားလို့လား။
"ဘယ်သူလည်း မသိဘူးနော်အကိုဝဿန် တော်တော်ချောတယ်"
"ဘယ်သူရမှာလည်း Daily lifeရဲ့ တစ်နှစ်တစ်ခါသာပေါ်လာတဲ့ ထီးဖြူဆောင်းတဲ့မင်းလောင်းကြီးလေ"
"ဘယ်လို ဒီကဝန်ထမ်းလား"
"ဝန်မထမ်းတဲ့ ဝန်ထမ်း ငါတို့အဖွဲ့ရဲ့မန်နေဂျာကြီးပေါ့"
"ဘယ်လို သူကလား။ သွားပါပြီ အဆင်လေးဆိုပြီး မှန်းမလို့ကို ကိုယ်တွေနဲ့မိုးမြေပါလား"
နှစ်ယောက်သားကတော့ကိုယ့်အားမြင်ပုံမပေါ်ပဲ လက်ဗွေနှိပ်တဲ့ဆီ ဦးတည်သွားလေရဲ့။ လှိုင်းလေးကဟုတ်ပါပြီ ဒင်းကဘာကိစ္စသွားတာလဲ။ သူဘယ်ချိန်ရုံးလာလဲ ဘယ်သူစိတ်ဝင်စားတာမှတ်လို့။
"တအားစိုက်မကြည့်နဲ့လေ မမြင်ရလို့လား လက်ပေး ကိုယ်လုပ်ပေးမယ်"
"ရပါတယ်ဗျ မျက်မှန်က ကျန်ခဲ့တာ ဒုက္ခပဲ စာတွေ ဘယ်လိုကြည့်ရမှာလဲ"
"ကြည့်မနေနဲ့ ဒီနေ့တော့ကိုယ့်ရုံးခန်းထဲလာပြီးကိုယ့်ဘေးမှာနေ"
"ရမလားဗျ အလုပ်လာရင် အလုပ်တော့လုပ်ရမှာပဲ"
"ကိုယ့်လှိုင်းကလည်းကွာ အထက်လူကြီးက လုပ်စရာမလိုပါဘူးပြောနေတာကို"
"အထက်လူကြီးက ဘယ်လိုလုပ်အဲ့လိုပြော ဟမ် ဘာ ဘာကြီး"
စကားများတရစပ်ပြောနေရာမှ ရုတ်တရက် ပြူးကြောင်ကြောင်လေးကြည့်လာပြီး
"ဘာလူကြီး"
"လှိုင်းရဲ့လူကြီး။ မှော်ဝင်က လှိုင်းရဲ့လူကြီးလို့"
"ဗျို့ ဒို့ဂျာကြီး"
"ကျစ်"
သတိလက်လွတ်ကြောင်ကြည့်နေသူလေးအား ရုတ်တရက်များ ဖြတ်နမ်းလိုက်ရင် အငိုက်မိနိုင်တာမို့ ချောင်းနေတုန်းရှိသေး သာသနာကဝင်ဖြတ်လေသည်။
"ပုလင်းလာကြည့်တာလား"
"ဟုတ်တယ် ဘယ်ဘယ်ပုလင်းနဲ့ ရိုက်ခွဲလိုက်ရင် တစ်ချက်တည်းသေနိုင်လဲလို့"
"ကြောက်ဖို့ကောင်းတာတွေမပြောပါနဲ့။ သတိရတိုင်းအတင်းတုတ်နေ အဲလေ ဖုန်းဆက်ချင်တာမကိုင်မှာဆိုးလို့"
"ဆက်လေ ဆက်ရမှာဝဿန်ရူးရဲ့။ အထူးသဖြင့် အဖွဲ့ထဲ ဒီလိုအသစ်ရောက်တဲ့အချိန်"
"ဂျာရူးတို့က ဘယ်တုန်းကစိတ်ဝင်စားလို့လဲ"
ရင်းရင်းနှီးနှီးပြောနေကြသူနှစ်ဦး ကြားအူလည်လည်လေးတစ်ယောက်လည်း အခုထိ​လည်ကာရပ်ကြည့်နေတုန်းပင်။
"ဒီနေ့ကစပြီး မင်းဂျောင်းတော့ ငါ့ရဲ့လက်ထောက်အဖြစ် ဒီရေလှိုင်းကိုခန့်လိုက်ပြီ"
"ဟုတ်မှလုပ်ပါဂျာရူးရယ် ဝင်တာမကြာသေးတဲ့လက်ထောက်နဲ့ တစ်ခါမှအလုပ်မလာတဲ့လူကြီးနဲ့"
"ဘာလဲ နှစ်ယောက်ပေါင်းပြီး အောင်အောင်မြင်မြင် ကုမဏ္ဏီမီးရှို့မလို့လား"
"ပိတ်လိုက်တော့ မင်းပါးစပ်။ ဘာဖြစ်ဖြစ် ဒီနေ့တော့ငါ သူ့ကိုခေါ်ထားမှာ"
"ဟင် စစ်လေး"
"ဗျာ ကိုကို"
"ဒီကို ဘယ်လိုလုပ်"
"စစ်လေး"
"ကိုကို"
"အလုပ်သွားတော့မှာလား"
"ပြွတ် သွားပြီနော်"
"မဟုတ်ပါဘူး"
"ဘုရားရေ ဒုက္ခဘဲ"
"ဟယ်လို ကိုကို"
"ဘယ်မှာလည်း စစ်လေး"
* * * * * * * * * * * * * * * * * * * * *
"လုပ်ရဲလားမင်း။ ငါဘယ်သူလဲမင်းသိလား"
"ဘာကွ ငါ-ိုးမသား"
"ကလင် ကလင် ကလင်"
"ဟမ် ခွေးကြီး"
"သားကြီး မင်းရရဲ့လား"
"လူ လူဆိုးတွေလားဟင်"
"အရှေ့က ကားကိုတွေ့လား"
"အင်း"
"၁၂၃ဆို ဝင်ပြေးတော့"
"ဟုတ်"
"တစ် သုံး"
"အား "
"ဝူး...."
"ဒုန်း"
"ဘုရားရေ သွားပြီ"
"သေ သေကုန်ပြီလား"
"ဟမ်"
"ကျန်ခဲ့လို့"
"ဟယ်လို စစ်လေး"
"ကိုကို"
"အင်း အဆင်ပြေပါစေနော်"
"အယ် စက်ဘီး စက်ဘီး"
"ဘာ"
"တစ်လခွဲလောက်ရှိပြီ"
"ဟမ် ဘာပြောတာလဲ"
"အတွဲချောင်းတာနေမယ်။ ကြည့်ပစေပေါ့"
"စကားကိုပိတ်ထား"
"ဟမ်"
"ဟားဟားဟား"
ဝဿန်ဉီး ရုံးတက်လက်ဗွေနှိပ်ပြီး အပေါ်တက်ဖို့ပြင်နေတုန်း အထဲဝင်လာသောသူအား မယုံနိုင်ဖွယ်တွေ့လိုက်ရသည်။
"ဘယ်လို ဒီကဝန်ထမ်းလား"
"ဘာလူကြီး"
"ဗျို့ ဒို့ဂျာကြီး"
"ကျစ်"
"ပုလင်းလာကြည့်တာလား"
ရင်းရင်းနှီးနှီးပြောနေကြသူနှစ်ဉီး ကြားအူလည်လည်လေးတစ်ယောက်လည်း အခုထိ​လည်ကာရပ်ကြည့်နေတုန်းပင်။
Weiterlesen
Das wird dir gefallen
80.2K 2.3K 17
mizuki is a blind girl that gets thrown into the anime of akatsuki no yona (by Mizuho Kusanagi). little does she know that she'll be able to see and...
2.1K 84 9
ဒါက "ရေစက်" ရဲ့ Season 2လေးပါနော်
1.2M 66K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
113K 4.2K 55
Saving Grace: A redeeming quality, especially one that compensates for one's shortcomings