"သားလေးရောက်ပြီလား"
"ဟုတ်ကြီးကြီး သားစာကြည့်ခန်းကပဲ စောင့်နေလိုက်မယ်နော်"
တနေကုန်ကျုပ်မအားတဲ့အတွက် ညနေလေးနာရီမှလာခဲ့လို့ ဆိုသောအမိန့်ကြောင့် ညနေပိုင်းရောက်လာခြင်း။ အခန်းတံခါးဖွင့်၍ မြင်လိုက်ရသောသူကြောင့် ကိုယ့်မျက်လုံးကိုယ်မယုံနိုင်။
"ဘာလုပ်နေတာလဲ ဝင်လာလေ"
"မင်း မင်း"
"ဘာမင်းလဲ သေမင်းလား။ ပြူးကြောင်ကြောင်နဲ့"
"ဇီးကွက်ကြီးအစာနင်နေသလို ကလယ်ကလယ်လုပ်မနေနဲ့ ဝင်မလာလည်းလစ်တော့"
ပြောလိုက်တာများ သူ့ညီသူ့သားကျနေရောပဲ။ အရင်ကိုယ်ကစောင့်နေရတာချည်း။ သူအရင်ရောက်လို့ အံ့သြနေရုံကို။
"မင်းကစာလုပ်ဖို့စောင့်နေတာလား"
"ခင်ဗျားကိုလုပ်ဖို့စောင့်နေတာ"
"အကြီးကိုပြောရင် ကောင်းကောင်းပြော"
"ကောင်းကောင်းက ခင်ဗျားလင်လား"
"မင်း မင်းတော့ကွာ။ ထားလိုက်တော့ စာသင်မယ်"
"မလုပ်ချင်ဘူး"
"ဘာကြီး"
ဒီကောင် ဘာလဲဟ စိတ်ရှိတိုင်းသာဆို ခေါင်းတွေခေါက်ပြီး ပါးတွေချည်းဆွဲလိမ်လို့ ရူးနေလားလို့မေးလိုက်ချင်တယ်။ ဒီလိုလူမျိုးတွေလောကမှာရှိပေမဲ့ သူနဲ့လာဆုံတာကိုက ငါကံဆိုးတာ။
"ဟား မာန်ရိပ်ရာ ငါကစာသင်ဖို့လာတာလေ မင်းကစာမလုပ်ချင်ဘူးဆိုတော့ ငါကဘာလုပ်ရမှာလဲ"
"ထိုင်နေ"
"ဘာ"
"နားပါ လေးနေတာလား။ ပြန်မမေးနဲ့ သိပ်သင်ချင်နေရင် နောက်မှသင်။ အခုအဲ့တိုင်းထိုင်နေ လုံးဝမလှုပ်နဲ့ ok"
ဆုတောင်းခွင့်သာရှိရင် ဒီကလေးကို စိတ်ရှိတိုင်း ထုရိုက်လို့ရတဲ့သူသာ ဖြစ်လိုက်ချင်တယ်။ အခုကတော့ လက်နဲ့ရွယ်လိုက်တာနဲ့ ကိုယ့်အသက်ပျောက်ရမယ့်ကိန်း။
"မင်းတွေးပါအုံးလား။ အခုပဲငါးနာရီကျော်နေပြီ။ ဘယ်ချိန်သင်လို့ ငါဘယ်ချိန်ပြန်ရမလဲ"
"အဲ့ဒါခင်ဗျားစောက်ကြောင်းလေ။ အခုတော့ပြောတဲ့အတိုင်းနေ"
"မကျေနပ်ဘူးလား ခင်ဗျားက"
"ဟင့်အင်း ကျေနပ်တယ်သိလား"
ကျေနပ်စရာလား အချိုးမှပြေမနေတာကို။ ခြောက်နှစ်ငယ်တဲ့ ကလေးဆိုတာ မယုံချင်စရာ။ ပုံကိုက ဘဝင်လေဟပ်နေတဲ့ မျောက်ရုပ်နဲ့။
အကြည့်တစ်ချက်မလွှဲ အချိန်ကြာစိုက်ကြည့်ကာနေသည်။ အခန်းတွင်းလည်းတိတ်ဆိတ်လို့ နေရခက်နေ၏။
"အဲ့မျက်မှန်က ဘာကိစ္စ ခဏခဏပင့်တင်နေတာလဲ"
"လျှောကျနေလို့လေ"
"ချွတ်ထား။ ကြည့်ရတာ စောက်လုပ်ရှုပ်တယ်"
"ဘာပြောတယ်မင်း။ ဘယ်သူကရောကြည့်ခိုင်းလို့လဲ ချွတ်ထားရင် ငါမှမမြင်ရတာ"
"အစတည်းကမကန်းအောင်နေလေ"
"ဘာ"
မရှိတော့ဘူး မရှိတော့ဘူး။ ပြောစရာစကားမရှိတော့ဘူး။ ပြောရင်လည်း သူပြန်ပြောတဲ့စကားလုံးတွေကြောင့် အသက်တိုတာပဲအဖက်တင်တယ်။
"ဒါ ဘယ်နှချောင်းလဲ"
"မာန်ရိပ်သွေး မင်းကတော့"
ဆက်အပြောမခံချင်တာရယ် သူကြည့်လိုက်ရင်ကြောက်နေမိတာရယ်ကြောင့် ပြောတဲ့အတိုင်းမျက်မှန်ချွတ်လို့ စားပွဲပေါ်တင်လိုက်တယ်။မျက်နှာချင်းဆိုင်ထိုင်ရပြီး အလယ်မှာစားပွဲအကြီးကြီးခြားထားလို့ သူ့နေရာကနေလက်ခလယ်ထောင်ကာမေးလာသူကြောင့် ဆောင့်တက်လာသောဒေါသက ငယ်ထိပ်ရောက်နေပြီ။
"မာန်ရိပ် ငါကအနီးမှုန်။ အဲ့နေရာကမင်းထောင်ပြနေတဲ့အချောင်းကို ငါမြင်ရတယ်"
"အို အဲ့လိုလား"
"ဒီလိုဆိုရင်ရော"
ထိုင်ရာကနေ ကိုယ့်ဆီထလာပြီး အရှေ့က စားပွဲပေါ်တက်ထိုင်၍ ခါးကိုကိုင်းလို့မျက်နှာနားကပ်လာ၏။ နီးလွန်းလို့သူအသက်ရူတဲ့လေကအစ မျက်နှာကိုလာထိနေပြီ။
"မြင်ရလား"
"သေ သေချာမမြင်ရဘူး ဝါးနေတယ်"
"ဟုတ်လား။ တကယ်လို့ ကျုပ်ဒီနေရာကနေအချောင်းတစ်ချောင်းထောင်ပြရင် ဘာအချောင်းလဲခင်ဗျားပြောနိုင်လား"
"မပြောနိုင်ဘူး"
"ဒါဆိုကိုင်ကြည့်လိုက်လေ ဆိုဒ်ကွာရင်ခင်ဗျားခွဲတတ်မှာပါ ကျုပ်ဘက်ကလည်းHintပေးလိုက်မယ်"
"အဲ့ဒါကတစ်ခြားအချောင်းတွေထက်ပိုပူတယ် ပြီးတော့ပိုကြီးတယ်"
"ဘာပြောတယ်မင်း။ တစ်ကယ်ကွာ မင်းအသက်ရွယ်လေးနဲ့ စာအကြောင်းမတွေးဘဲ အတတ်ကောင်းတွေပဲတတ်နေတာလား"
"အတတ်ကောင်းပါဆိုမှ တတ်နေရမှာပေါ့"
"တော်တော့ ငါသွားတော့မယ်"
"မလှုပ်နဲ့လို့ပြောထားတယ်မလား။ ပြန်ထိုင်လိုက်အခု"
အမိန့်ပေးလိုက် အာဏာပြလိုက်နဲ့ စိတ်ကြိုက်လုပ်နေသူ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ အသက်တောင်မပြည့်တဲ့ ဒီကလေးက အသံမာမာနဲ့ ပြောလိုက်ရင် ခန္ဓာကိုယ်ကပြောတဲ့အတိုင်းလုပ်နေမိတယ်။
"မင်း ဘယ်ချိန်ထိ အဲ့လိုပဲကြည့်နေတော့မှာလဲ"
"ပါးစပ်ပါပိတ်ထား"
ငါ ငါတော့လုပ်မိတော့မယ်။ ဒီအရူးကိုတော့ ငါလေစိတ်ရှိတိုင်းလုပ်မိတော့မယ်။ အဖွားရေ မြေးအဖြစ်ကိုကြည့်ပါအုံး
"ခင်ဗျားမှာ ရည်းစားရှိလား"
"ဟင့်အင်း မရှိဘူး"
"မိန်းမတွေကြိုက်လား ယောကျာ်းတွေကြိုက်လား"
"ဘာတွေမေးနေတာလဲ။ ငါကယောကျာ်းလေ မိန်းမပဲကြိုက်တာပေါ့"
"အို ဟုတ်လား။ ခင်ဗျားပုံက ယောကျာ်းတွေနဲ့ လူသူမရှောင် လမ်းမမရှောင်ပလူးမယ့်ပုံပေါ်နေတော့"
"မင်းဘာစကားပြောတာလဲ။လွန်လာပြီထင်တယ်နော် မာန်ရိပ်"
အဓိပ္ပာယ်မရှိတဲ့စကားတွေနဲ့ ထပ်ပြီးစော်ကားလာလို့ မနေနိုင်တော့အော်လိုက်မိတယ်။ ဒါကို စူးစိုက်ကြည့်လာတာ လန့်ဖို့ကောင်း၏။ နောက်တော့တစ်ဖက်ခုံမှာ ပြန်သွားထိုင်လိုက်ပြီး
"ပြန်တော့"
"ဘာ"
"ခင်ဗျားကိုပြန်လို့ ပြောနေတာ။ မဟုတ်ရင် သတ်မိလိမ့်မယ်"
"သတ် သတ်မယ်။အဲ့ဒါကလေးတစ်ယောက်ပြောရမဲ့ စကားလား"
"အဲ့လေသံနဲ့လာမပြောနဲ့။ ကျုပ်ကို စောက်ကြောလာတင်းလို့ ကောင်းတာမရှိဘူး"
"ဘာဖြစ်ဖြစ် မပြန်ဘူး။ မင်းပြီးရင်စာလုပ်မယ်လို့ ပြောထားတယ်လေ"
"ခင်ဗျားက မျက်စိတွေ နားတွေမပါတဲ့အပြင် ဦးနှောက်လည်းပါမလာဘူးထင်တယ်"
"ဘာ"
"ခရုခွံကြီးနဲ့တောင်တူတယ်။ လူ့ဗလာကြီး"
"အို ဟုတ်သား ဒုက္ခရောက်မဲ့ပါးစပ်တော့ခင်ဗျားမှာပါတယ်"
အရှေ့က အရွယ်နဲ့မလိုက်အောင်စော်ကားပြောနေသည်က ဝမ်းနည်းလို့ဒေါသထွက်မိသည်။သာမာန်ကလေးတွေလို အပေါင်းအသင်းတွေနဲ့ စာလုပ်လိုက် ဆော့နေလိုက်နေရမယ့်အရွယ်က အသက်နဲ့မလိုက်အောင်ကြမ်းတမ်းရိုင်းစိုင်း၏။
သူရှေ့တည့်တည့်သို့သွားလိုက်ပြီး ပုခုံးလေးကိုအသာကိုင်လို့ သေချာကြည့်လိုက်ရင်း
"မာန်လေး ကျောင်းသားဆိုတာ စာလုပ်ရမယ်။ အဲ့ဒါမှ ပညာတတ်ကြီးဖြစ်မှာ။ ပညာမတတ်ရင် မာန်လေးကြီးတော့ ဘာလုပ်စားမှာလဲမာန်လေးရဲ့"
"ကြီးရင်လား"
"အင်း"
"ဘိန်းစိုက်မယ်။ လူကုန်ကူးမယ်။ လက်နက်မှောင်ခိုလုပ်မယ်။ အို့ ပြီးရင်ကလပ်ဖွင့်ပြီး ဖာတန်းလည်းထောင်ဦးမှာ"
"ဟမ် ဘာကြီး"
ဘုရားဘုရား ဘာကြားလိုက်တာလဲ သူဘာပြောလိုက်တာလဲ တစ်ယောက်ယောက်လာရှင်းပြပေးပါ။ ကလေးတစ်ယောက်နဲ့ပြောနေရတာမှ ဟုတ်ရဲ့လား။ မောင်မင်းကြီးသားက ဘယ်လိုဗီဇနဲ့ မွေးလာတာလဲ
"ခင်ဗျားက စောက်ရမ်းစာသင်ချင်နေတာလား"
"ဘာကြီး"
"ခင်ဗျားသင်ချင်ရင်တော့ သင်ခွင့်ပေးမယ်။ဒါပေမယ့် ကျွန်တော်ပြောတာ ခင်ဗျားလုပ်ပေးရမယ်"
"အခုလည်းမင်းပြောတဲ့အတိုင်းလိုက်လုပ်ပေးနေရတာပဲကို"
"ဒါဆိုလုပ်မယ်ပေါ့"
အင်းအဲမလုပ်ပဲ မသိမသာ မျက်စောင်းထိုးလာပြီး ငြိမ်နေတာမို့
"ရီပြ"
"ဘာကြီး"
"ခင်ဗျားစောက်ခွက်ကြီးကိုရီလို့ပြောနေတာ"
ပြောလာပုံက ဒေါသအလိပ်လိုက်ထွက်လို့ ထရိုက်ချင်စရာ။ ဘယ်လိုစိတ်နဲ့ရီပြရမှာလည်း။ အရူးတွေထဲမှာ ဒီအရူးကိုလက်အလန်ဆုံးပဲ။
"ဇီးကွက်ရုပ်နဲ့ ပြူးကြည့်မနေနဲ့။ သူများတွေနဲ့ကျပြုံးဖြီးနေတာပဲကို"
"မလုပ်ချင်လည်းဂျောင်းဗျာ။ ဘယ်တော့မှပေါ်မလာနဲ့"
"လုပ်မယ် လုပ်မယ်။ ရီတာများ ဘာခက်လို့လဲ။ ဒီမှာကြည့် ဟီးဟီး"
"စောက်ခွက်လာပြောင်နေတာလား။ ကျုပ်ကို နွားဝယ်နေတယ်များမှတ်နေလား"
"ဘာပြောတယ် မင်း"
"ဒေါက် ဒေါက် ဒေါက်"
ဇီးကွက်ဖြစ်လိုက် နွားဖြစ်လိုက်နဲ့။ ကြားရသမျှက ရင်ထဲမှာတစ်စစ်စစ်။ တံခါးခေါက်သံကြားလာတော့ သကောင့်သားလေးကဂရုစိုက်ပုံတောင်မပေါ်။ ဖွင့်ပေးလိုက်တော့ အန်တီနွေပြန်ရောက်လာတာဖြစ်သည်။
"လှိုင်းလေးတို့ စာသင်ချိန်ပြီးပြီလား"
"ဟုတ် ဟို"
"သင်ကို မသင်ရသေးတာ"
ရှင်းပြရန်စကားလုံးစီနေတုန်း ဝစီဆိုးတဲ့ ကိုယ်တော်ကြီးက ထုံးစံတိုင်း ဒဲ့တရားဝင်ဟောလေတယ်။
"ဘယ်လို ၇နာရီတောင်ကျော်နေပြီလေ"
"အဲဒါကလေအန်တီနွေ စာမသင်ခင်အပြန်လှန်ဆွေးနွေးစရာလေးရှိတော့ ပြောနေရင်းကြာသွားတာ"
"အန်တီသဘောပေါက်ပြီ။ လှိုင်းလေးတော့ ဒုက္ခများနေမှာပဲ။ စကားနားမထောင်တက်သူကိုတော့ အများကြီးနားချနေရမှာပေါ့"
"ဟုတ် အဲ့ဒါက"
"သားကသည်းခံပေးပါနော် သားညီလေးက စကားကိုလည်း ပြောချင်မှပြောတဲ့သူသားရဲ့"
"ဗျာ ဟုတ်"
သိပ်မပြောရှာပါဘူး။ ဘုနဲ့ဘောက်တွေကြီးပါပဲအန်တီ။
"သူသာမလုပ်ချင် မသိချင်ဘူးဆိုရင်လည်း ဘာကိုမှစိတ်ဝင်စားတာမဟုတ်ဘူး"
ဟုတ်လို့လား ငါ့ကိုကျ ပေါက်ကရတွေလာမေးနေတယ်။
"အရာရာသူသိသူတတ်မို့ ရိုင်းလည်းရိုင်းသေးတယ်သားရယ်"
အဲတာတော့အပြည့်အဝထောက်ခံတယ်။
"သားဘက်ကပဲ သည်းခံပေးပြီး လူကောင်းဖြစ်လာအောင်ပါ သွန်သင်ပေးဖို့ အန်တီတောင်းဆိုပါတယ်"
"ခက်ခဲတယ်မလား အန်တီသိပါတယ်။ ဒါပေမယ့်အန်တီက"
"ကျွန်တော်စာသင်ရအုံးမယ်မာမီ"
"လူကြီးစကားကို ဖြတ်မပြောနဲ့လေ မာန်လေး"
စာသင်ပေးနေကျဆရာမို့ သတိလွတ်ဆူမိလိုက်ပေမဲ့ တစ်ဖက်ကလူအကြောင်းတွေးမိတော့မှ လန့်နေရသည်။
ညစ်တီးညစ်ပတ် ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်မယ်လို့ ထင်ထားပေမယ့် ထူးထူးဆန်းဆန်း စကားနားထောင်ကာ ငြိမ်သွားသည်မို့ အန်တီနွေမှာတောင်မယုံနိုင်သလို အံ့သြဝမ်းသာနေဟန်။ အမှန်က ကိုယ်တိုင်တောင် မယုံနိုင်သေးပေ။
"စာသင်ဦးမို့လား နောက်ကျနေပြီလေသားရယ်။ အန်တီက မပြန်ခင်ညစာစားသွားဖို့ လာပြောတာ"
"ရပါတယ်ဗျ နောက်တစ်နာရီနှစ်နာရီလောက်ပါပဲ။ ညစာလည်း သားအိမ်ရောက်မှစားပါ့မယ်"
"မဟုတ်တာသားရယ် စာဆက်သင်မယ်ဆိုလည်း ထမင်းလေးစားပြီးမှသင်ပါလား။ ပြီးတော့ တအားနောက်ကျပြီဆိုတော့ ပြန်မနေပါနဲ့။ ဒီမှာပဲတစ်ခါတည်း အိပ်လိုက်တော့"
"အဲ့လိုမလုပ်ပါနဲ့ အန်တီနွေ။ သားပြန်လို့ရပါတယ်"
"အားနာနေတာဆိုမနာပါနဲ့။ တအားမိုးချုပ်နေလိမ့်မယ်။ ယောကျာ်းလေးဖြစ်စေဦး အန်တီတော့စိတ်မချနိုင်ပါဘူး"
"ကျွန်တော်တော့ဗိုက်ဆာပြီ။ စားမလို့ ဆင်းပြီ"
"ကဲ သားလည်းတစ်ခါတည်းလာစား။ အန်တီပြောတဲ့တိုင်း လုပ်လိုက်ပါတော့နော်"
ဗိုက်ဆာပြီဆိုကာ ဆင်းသွားသူကြောင့် ကိုယ့်မှာလည်း ရွေးချယ်ဖို့မရှိတော့။ သူ့ဆရာဘဝက လုံးဝမလွယ်ကူဘူးလို့သာ ကြိုတွေးထားလိုက်တော့သည်။
"သားေလးေရာက္ၿပီလား"
"ဟုတ္ႀကီးႀကီး သားစာၾကည့္ခန္းကပဲ ေစာင့္ေနလိုက္မယ္ေနာ္"
တေနကုန္က်ဳပ္မအားတဲ့အတြက္ ညေနေလးနာရီမွလာခဲ့လို႔ ဆိုေသာအမိန္႔ေၾကာင့္ ညေနပိုင္းေရာက္လာျခင္း။ အခန္းတံခါးဖြင့္၍ ျမင္လိုက္ရေသာသူေၾကာင့္ ကိုယ့္မ်က္လံုးကိုယ္မယံုႏိုင္။
"ဘာလုပ္ေနတာလဲ ဝင္လာေလ"
"မင္း မင္း"
"ဘာမင္းလဲ ေသမင္းလား။ ျပဴးေၾကာင္ေၾကာင္နဲ႔"
"ဇီးကြက္ႀကီးအစာနင္ေနသလို ကလယ္ကလယ္လုပ္မေနနဲ႔ ဝင္မလာလည္းလစ္ေတာ့"
ေျပာလိုက္တာမ်ား သူ႔ညီသူ႔သားက်ေနေရာပဲ။ အရင္ကိုယ္ကေစာင့္ေနရတာခ်ည္း။ သူအရင္ေရာက္လို႔ အံ့ၾသေနရံုကို။
"မင္းကစာလုပ္ဖို႔ေစာင့္ေနတာလား"
"ခင္ဗ်ားကိုလုပ္ဖို႔ေစာင့္ေနတာ"
"အႀကီးကိုေျပာရင္ ေကာင္းေကာင္းေျပာ"
"ေကာင္းေကာင္းက ခင္ဗ်ားလင္လား"
"မင္း မင္းေတာ့ကြာ။ ထားလိုက္ေတာ့ စာသင္မယ္"
"မလုပ္ခ်င္ဘူး"
"ဘာႀကီး"
ဒီေကာင္ ဘာလဲဟ စိတ္ရိွတိုင္းသာဆို ေခါင္းေတြေခါက္ၿပီး ပါးေတြခ်ည္းဆြဲလိမ္လို႔ ရူးေနလားလို႔ေမးလိုက္ခ်င္တယ္။ ဒီလိုလူမ်ိဳးေတြေလာကမွာရိွေပမဲ့ သူနဲ႔လာဆံုတာကိုက ငါကံဆိုးတာ။
"ဟား မာန္ရိပ္ရာ ငါကစာသင္ဖို႔လာတာေလ မင္းကစာမလုပ္ခ်င္ဘူးဆိုေတာ့ ငါကဘာလုပ္ရမွာလဲ"
"ထိုင္ေန"
"ဘာ"
"နားပါ ေလးေနတာလား။ ျပန္မေမးနဲ႔ သိပ္သင္ခ်င္ေနရင္ ေနာက္မွသင္။ အခုအဲ့တိုင္းထိုင္ေန လံုးဝမလႈပ္နဲ႔ ok"
ဆုေတာင္းခြင့္သာရိွရင္ ဒီကေလးကို စိတ္ရိွတိုင္း ထုရိုက္လို႔ရတဲ့သူသာ ျဖစ္လိုက္ခ်င္တယ္။ အခုကေတာ့ လက္နဲ႔ရြယ္လိုက္တာနဲ႔ ကိုယ့္အသက္ေပ်ာက္ရမယ့္ကိန္း။
"မင္းေတြးပါအံုးလား။ အခုပဲငါးနာရီေက်ာ္ေနၿပီ။ ဘယ္ခ်ိန္သင္လို႔ ငါဘယ္ခ်ိန္ျပန္ရမလဲ"
"အဲ့ဒါခင္ဗ်ားေစာက္ေၾကာင္းေလ။ အခုေတာ့ေျပာတဲ့အတိုင္းေန"
"မေက်နပ္ဘူးလား ခင္ဗ်ားက"
"ဟင့္အင္း ေက်နပ္တယ္သိလား"
ေက်နပ္စရာလား အခ်ိဳးမွေျပမေနတာကို။ ေျခာက္ႏွစ္ငယ္တဲ့ ကေလးဆိုတာ မယံုခ်င္စရာ။ ပံုကိုက ဘဝင္ေလဟပ္ေနတဲ့ ေမ်ာက္ရုပ္နဲ႔။
အၾကည့္တစ္ခ်က္မလႊဲ အခ်ိန္ၾကာစိုက္ၾကည့္ကာေနသည္။ အခန္းတြင္းလည္းတိတ္ဆိတ္လို႔ ေနရခက္ေန၏။
"အဲ့မ်က္မွန္က ဘာကိစၥ ခဏခဏပင့္တင္ေနတာလဲ"
"ေလ်ွာက်ေနလို႔ေလ"
"ခြၽတ္ထား။ ၾကည့္ရတာ ေစာက္လုပ္ရႈပ္တယ္"
"ဘာေျပာတယ္မင္း။ ဘယ္သူကေရာၾကည့္ခိုင္းလို႔လဲ ခြၽတ္ထားရင္ ငါမွမျမင္ရတာ"
"အစတည္းကမကန္းေအာင္ေနေလ"
"ဘာ"
မရိွေတာ့ဘူး မရိွေတာ့ဘူး။ ေျပာစရာစကားမရိွေတာ့ဘူး။ ေျပာရင္လည္း သူျပန္ေျပာတဲ့စကားလံုးေတြေၾကာင့္ အသက္တိုတာပဲအဖက္တင္တယ္။
"ဒါ ဘယ္ႏွေခ်ာင္းလဲ"
"မာန္ရိပ္ေသြး မင္းကေတာ့"
ဆက္အေျပာမခံခ်င္တာရယ္ သူၾကည့္လိုက္ရင္ေၾကာက္ေနမိတာရယ္ေၾကာင့္ ေျပာတဲ့အတိုင္းမ်က္မွန္ခြၽတ္လို႔ စားပြဲေပၚတင္လိုက္တယ္။မ်က္ႏွာခ်င္းဆိုင္ထိုင္ရၿပီး အလယ္မွာစားပြဲအႀကီးႀကီးျခားထားလို႔ သူ႔ေနရာကေနလက္ခလယ္ေထာင္ကာေမးလာသူေၾကာင့္ ေဆာင့္တက္လာေသာေဒါသက ငယ္ထိပ္ေရာက္ေနၿပီ။
"မာန္ရိပ္ ငါကအနီးမႈန္။ အဲ့ေနရာကမင္းေထာင္ျပေနတဲ့အေခ်ာင္းကို ငါျမင္ရတယ္"
"အို အဲ့လိုလား"
"ဒီလိုဆိုရင္ေရာ"
ထိုင္ရာကေန ကိုယ့္ဆီထလာၿပီး အေရ႔ွက စားပြဲေပၚတက္ထိုင္၍ ခါးကိုကိုင္းလို႔မ်က္ႏွာနားကပ္လာ၏။ နီးလြန္းလို႔သူအသက္ရူတဲ့ေလကအစ မ်က္ႏွာကိုလာထိေနၿပီ။
"ျမင္ရလား"
"ေသ ေသခ်ာမျမင္ရဘူး ဝါးေနတယ္"
"ဟုတ္လား။ တကယ္လို႔ က်ဳပ္ဒီေနရာကေနအေခ်ာင္းတစ္ေခ်ာင္းေထာင္ျပရင္ ဘာအေခ်ာင္းလဲခင္ဗ်ားေျပာႏိုင္လား"
"မေျပာႏိုင္ဘူး"
"ဒါဆိုကိုင္ၾကည့္လိုက္ေလ ဆိုဒ္ကြာရင္ခင္ဗ်ားခြဲတတ္မွာပါ က်ဳပ္ဘက္ကလည္းHintေပးလိုက္မယ္"
"အဲ့ဒါကတစ္ျခားအေခ်ာင္းေတြထက္ပိုပူတယ္ ၿပီးေတာ့ပိုႀကီးတယ္"
"ဘာေျပာတယ္မင္း။ တစ္ကယ္ကြာ မင္းအသက္ရြယ္ေလးနဲ႔ စာအေၾကာင္းမေတြးဘဲ အတတ္ေကာင္းေတြပဲတတ္ေနတာလား"
"အတတ္ေကာင္းပါဆိုမွ တတ္ေနရမွာေပါ့"
"ေတာ္ေတာ့ ငါသြားေတာ့မယ္"
"မလႈပ္နဲ႔လို႔ေျပာထားတယ္မလား။ ျပန္ထိုင္လိုက္အခု"
အမိန္႔ေပးလိုက္ အာဏာျပလိုက္နဲ႔ စိတ္ႀကိဳက္လုပ္ေနသူ။ ဒါေပမယ့္ ဘာေၾကာင့္မွန္းမသိ အသက္ေတာင္မျပည့္တဲ့ ဒီကေလးက အသံမာမာနဲ႔ ေျပာလိုက္ရင္ ခႏၶာကိုယ္ကေျပာတဲ့အတိုင္းလုပ္ေနမိတယ္။
"မင္း ဘယ္ခ်ိန္ထိ အဲ့လိုပဲၾကည့္ေနေတာ့မွာလဲ"
"ပါးစပ္ပါပိတ္ထား"
ငါ ငါေတာ့လုပ္မိေတာ့မယ္။ ဒီအရူးကိုေတာ့ ငါေလစိတ္ရိွတိုင္းလုပ္မိေတာ့မယ္။ အဖြားေရ ေျမးအျဖစ္ကိုၾကည့္ပါအံုး
"ခင္ဗ်ားမွာ ရည္းစားရိွလား"
"ဟင့္အင္း မရိွဘူး"
"မိန္းမေတြႀကိဳက္လား ေယာက်ာ္းေတြႀကိဳက္လား"
"ဘာေတြေမးေနတာလဲ။ ငါကေယာက်ာ္းေလ မိန္းမပဲႀကိဳက္တာေပါ့"
"အို ဟုတ္လား။ ခင္ဗ်ားပံုက ေယာက်ာ္းေတြနဲ႔ လူသူမေရွာင္ လမ္းမမေရွာင္ပလူးမယ့္ပံုေပၚေနေတာ့"
"မင္းဘာစကားေျပာတာလဲ။လြန္လာၿပီထင္တယ္ေနာ္ မာန္ရိပ္"
အဓိပၸာယ္မရိွတဲ့စကားေတြနဲ႔ ထပ္ၿပီးေစာ္ကားလာလို႔ မေနႏိုင္ေတာ့ေအာ္လိုက္မိတယ္။ ဒါကို စူးစိုက္ၾကည့္လာတာ လန္႔ဖို႔ေကာင္း၏။ ေနာက္ေတာ့တစ္ဖက္ခံုမွာ ျပန္သြားထိုင္လိုက္ၿပီး
"ျပန္ေတာ့"
"ဘာ"
"ခင္ဗ်ားကိုျပန္လို႔ ေျပာေနတာ။ မဟုတ္ရင္ သတ္မိလိမ့္မယ္"
"သတ္ သတ္မယ္။အဲ့ဒါကေလးတစ္ေယာက္ေျပာရမဲ့ စကားလား"
"အဲ့ေလသံနဲ႔လာမေျပာနဲ႔။ က်ဳပ္ကို ေစာက္ေၾကာလာတင္းလို႔ ေကာင္းတာမရိွဘူး"
"ဘာျဖစ္ျဖစ္ မျပန္ဘူး။ မင္းၿပီးရင္စာလုပ္မယ္လို႔ ေျပာထားတယ္ေလ"
"ခင္ဗ်ားက မ်က္စိေတြ နားေတြမပါတဲ့အျပင္ ၪီးေနွာက္လည္းပါမလာဘူးထင္တယ္"
"ဘာ"
"ခရုခြံႀကီးနဲ႔ေတာင္တူတယ္။ လူ႔ဗလာႀကီး"
"အို ဟုတ္သား ဒုကၡေရာက္မဲ့ပါးစပ္ေတာ့ခင္ဗ်ားမွာပါတယ္"
အေရ႔ွက အရြယ္နဲ႔မလိုက္ေအာင္ေစာ္ကားေျပာေနသည္က ဝမ္းနည္းလို႔ေဒါသထြက္မိသည္။သာမာန္ကေလးေတြလို အေပါင္းအသင္းေတြနဲ႔ စာလုပ္လိုက္ ေဆာ့ေနလိုက္ေနရမယ့္အရြယ္က အသက္နဲ႔မလိုက္ေအာင္ၾကမ္းတမ္းရိုင္းစိုင္း၏။
သူေရ႔ွတည့္တည့္သို႔သြားလိုက္ၿပီး ပုခံုးေလးကိုအသာကိုင္လို႔ ေသခ်ာၾကည့္လိုက္ရင္း
"မာန္ေလး ေက်ာင္းသားဆိုတာ စာလုပ္ရမယ္။ အဲ့ဒါမွ ပညာတတ္ႀကီးျဖစ္မွာ။ ပညာမတတ္ရင္ မာန္ေလးႀကီးေတာ့ ဘာလုပ္စားမွာလဲမာန္ေလးရဲ့"
"ႀကီးရင္လား"
"အင္း"
"ဘိန္းစိုက္မယ္။ လူကုန္ကူးမယ္။ လက္နက္ေမွာင္ခိုလုပ္မယ္။ အို႔ ၿပီးရင္ကလပ္ဖြင့္ၿပီး ဖာတန္းလည္းေထာင္ၪီးမွာ"
"ဟမ္ ဘာႀကီး"
ဘုရားဘုရား ဘာၾကားလိုက္တာလဲ သူဘာေျပာလိုက္တာလဲ တစ္ေယာက္ေယာက္လာရွင္းျပေပးပါ။ ကေလးတစ္ေယာက္နဲ႔ေျပာေနရတာမွ ဟုတ္ရဲ့လား။ ေမာင္မင္းႀကီးသားက ဘယ္လိုဗီဇနဲ႔ ေမြးလာတာလဲ
"ခင္ဗ်ားက ေစာက္ရမ္းစာသင္ခ်င္ေနတာလား"
"ဘာႀကီး"
"ခင္ဗ်ားသင္ခ်င္ရင္ေတာ့ သင္ခြင့္ေပးမယ္။ဒါေပမယ့္ ကြၽန္ေတာ္ေျပာတာ ခင္ဗ်ားလုပ္ေပးရမယ္"
"အခုလည္းမင္းေျပာတဲ့အတိုင္းလိုက္လုပ္ေပးေနရတာပဲကို"
"ဒါဆိုလုပ္မယ္ေပါ့"
အင္းအဲမလုပ္ပဲ မသိမသာ မ်က္ေစာင္းထိုးလာၿပီး ၿငိမ္ေနတာမို႔
"ရီျပ"
"ဘာႀကီး"
"ခင္ဗ်ားေစာက္ခြက္ႀကီးကိုရီလို႔ေျပာေနတာ"
ေျပာလာပံုက ေဒါသအလိပ္လိုက္ထြက္လို႔ ထရိုက္ခ်င္စရာ။ ဘယ္လိုစိတ္နဲ႔ရီျပရမွာလည္း။ အရူးေတြထဲမွာ ဒီအရူးကိုလက္အလန္ဆံုးပဲ။
"ဇီးကြက္ရုပ္နဲ႔ ျပဴးၾကည့္မေနနဲ႔။ သူမ်ားေတြနဲ႔က်ၿပံဳးၿဖီးေနတာပဲကို"
"မလုပ္ခ်င္လည္းေဂ်ာင္းဗ်ာ။ ဘယ္ေတာ့မွေပၚမလာနဲ႔"
"လုပ္မယ္ လုပ္မယ္။ ရီတာမ်ား ဘာခက္လို႔လဲ။ ဒီမွာၾကည့္ ဟီးဟီး"
"ေစာက္ခြက္လာေျပာင္ေနတာလား။ က်ဳပ္ကို ႏြားဝယ္ေနတယ္မ်ားမွတ္ေနလား"
"ဘာေျပာတယ္ မင္း"
"ေဒါက္ ေဒါက္ ေဒါက္"
ဇီးကြက္ျဖစ္လိုက္ ႏြားျဖစ္လိုက္နဲ႔။ ၾကားရသမ်ွက ရင္ထဲမွာတစ္စစ္စစ္။ တံခါးေခါက္သံၾကားလာေတာ့ သေကာင့္သားေလးကဂရုစိုက္ပံုေတာင္မေပၚ။ ဖြင့္ေပးလိုက္ေတာ့ အန္တီေနျြပန္ေရာက္လာတာျဖစ္သည္။
"လိႈင္းေလးတို႔ စာသင္ခ်ိန္ၿပီးၿပီလား"
"ဟုတ္ ဟို"
"သင္ကို မသင္ရေသးတာ"
ရွင္းျပရန္စကားလံုးစီေနတုန္း ဝစီဆိုးတဲ့ ကိုယ္ေတာ္ႀကီးက ထံုးစံတိုင္း ဒဲ့တရားဝင္ေဟာေလတယ္။
"ဘယ္လို ၇နာရီေတာင္ေက်ာ္ေနၿပီေလ"
"အဲဒါကေလအန္တီေနြ စာမသင္ခင္အျပန္လွန္ေဆြးေနြးစရာေလးရိွေတာ့ ေျပာေနရင္းၾကာသြားတာ"
"အန္တီသေဘာေပါက္ၿပီ။ လိႈင္းေလးေတာ့ ဒုကၡမ်ားေနမွာပဲ။ စကားနားမေထာင္တက္သူကိုေတာ့ အမ်ားႀကီးနားခ်ေနရမွာေပါ့"
"ဟုတ္ အဲ့ဒါက"
"သားကသည္းခံေပးပါေနာ္ သားညီေလးက စကားကိုလည္း ေျပာခ်င္မွေျပာတဲ့သူသားရဲ့"
"ဗ်ာ ဟုတ္"
သိပ္မေျပာရွာပါဘူး။ ဘုနဲ႔ေဘာက္ေတြႀကီးပါပဲအန္တီ။
"သူသာမလုပ္ခ်င္ မသိခ်င္ဘူးဆိုရင္လည္း ဘာကိုမွစိတ္ဝင္စားတာမဟုတ္ဘူး"
ဟုတ္လို႔လား ငါ့ကိုက် ေပါက္ကရေတြလာေမးေနတယ္။
"အရာရာသူသိသူတတ္မို႔ ရိုင္းလည္းရိုင္းေသးတယ္သားရယ္"
အဲတာေတာ့အျပည့္အဝေထာက္ခံတယ္။
"သားဘက္ကပဲ သည္းခံေပးၿပီး လူေကာင္းျဖစ္လာေအာင္ပါ သြန္သင္ေပးဖို႔ အန္တီေတာင္းဆိုပါတယ္"
"ခက္ခဲတယ္မလား အန္တီသိပါတယ္။ ဒါေပမယ့္အန္တီက"
"ကြၽန္ေတာ္စာသင္ရအံုးမယ္မာမီ"
"လူႀကီးစကားကို ျဖတ္မေျပာနဲ႔ေလ မာန္ေလး"
စာသင္ေပးေနက်ဆရာမို႔ သတိလြတ္ဆူမိလိုက္ေပမဲ့ တစ္ဖက္ကလူအေၾကာင္းေတြးမိေတာ့မွ လန္႔ေနရသည္။
ညစ္တီးညစ္ပတ္ ရိုင္းရိုင္းစိုင္းစိုင္း တံု႔ျပန္မယ္လို႔ ထင္ထားေပမယ့္ ထူးထူးဆန္းဆန္း စကားနားေထာင္ကာ ၿငိမ္သြားသည္မို႔ အန္တီေနြမွာေတာင္မယံုႏိုင္သလို အံ့ၾသဝမ္းသာေနဟန္။ အမွန္က ကိုယ္တိုင္ေတာင္ မယံုႏိုင္ေသးေပ။
"စာသင္ၪီးမို႔လား ေနာက္က်ေနၿပီေလသားရယ္။ အန္တီက မျပန္ခင္ညစာစားသြားဖို႔ လာေျပာတာ"
"ရပါတယ္ဗ် ေနာက္တစ္နာရီႏွစ္နာရီေလာက္ပါပဲ။ ညစာလည္း သားအိမ္ေရာက္မွစားပါ့မယ္"
"မဟုတ္တာသားရယ္ စာဆက္သင္မယ္ဆိုလည္း ထမင္းေလးစားၿပီးမွသင္ပါလား။ ၿပီးေတာ့ တအားေနာက္က်ၿပီဆိုေတာ့ ျပန္မေနပါနဲ႔။ ဒီမွာပဲတစ္ခါတည္း အိပ္လိုက္ေတာ့"
"အဲ့လိုမလုပ္ပါနဲ႔ အန္တီေနြ။ သားျပန္လို႔ရပါတယ္"
"အားနာေနတာဆိုမနာပါနဲ႔။ တအားမိုးခ်ဳပ္ေနလိမ့္မယ္။ ေယာက်ာ္းေလးျဖစ္ေစၪီး အန္တီေတာ့စိတ္မခ်ႏိုင္ပါဘူး"
"ကြၽန္ေတာ္ေတာ့ဗိုက္ဆာၿပီ။ စားမလို႔ ဆင္းၿပီ"
"ကဲ သားလည္းတစ္ခါတည္းလာစား။ အန္တီေျပာတဲ့တိုင္း လုပ္လိုက္ပါေတာ့ေနာ္"
ဗိုက္ဆာၿပီဆိုကာ ဆင္းသြားသူေၾကာင့္ ကိုယ့္မွာလည္း ေရြးခ်ယ္ဖို႔မရိွေတာ့။ သူ႔ဆရာဘဝက လံုးဝမလြယ္ကူဘူးလို႔သာ ႀကိဳေတြးထားလိုက္ေတာ့သည္။