(Complete)အေးစက်တဲ့မြွေဘုရင်က...

By Kyiphyuswe

230K 30.9K 743

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (40)

1.8K 253 6
By Kyiphyuswe

(40)

ည အချိန်မှာ မြွေဘုရင် ကြီး  ဟဲလျန်ချန်း က လာလေတယ်။

ရှောင်ယွဲ့ ကလည်း စောင့်နေ ပြီးသား ဖြစ်လေတယ်။

သူမက မြွေဘုရင်ကြီး ရဲ့ သမီး အရင်း ဖြစ်ပြီးတော့ သူမရဲ့ သွေးလိုင်း ကလည်း အကောင်းဆုံး ဖြစ်လေတယ်။ သူမရဲ့ ကိုယ်ထဲမှာ မြွေဘုရင်ကြီး လိုပဲ အေးစက်တဲ့ သွေးတဲ့ နဲ့ ပြည့်နေ ပြီးတော့ အကျင့်စရိုက် ကလည်း ရာနှုန်းပြည့် တူလေတယ်။

မနေ့ က မြွေဘုရင် ကြီး က သူတို့ကို ဘာမှ မလုပ် လိုက် နိုင်ပဲ ပြန်သွား ခဲ့ရ ပေမယ့် သေချာပေါက် မြွေဘုရင် ကြီး က အရှုံး ပေးမှာ မဟုတ်ဘူး ဆိုတာ ကို သူမ သိလေတယ်။

ဟဲလျန်ချန်း က လူသား ပုံစံကို ပြန်ပြောင်း လိုက် ပြီးတော့ ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး တို့ကို အေးစက်တဲ့ မျက်ဝန်း တွေနဲ့ စိုက်ကြည့် နေခဲ့ လေတယ်။

ဟဲလျန်ချန်း ရဲ့ မျက်လုံး ထဲမှာတော့ စုယွမ် တစ်ယောက် သာပဲ အသွေးအ သား ရှိတဲ့ လူသား တစ်ယောက် ဖြစ်ပြီးတော့ ကျန်တဲ့ သူတွေ အားလုံး က ဘာတွေ ပဲ ဖြစ်နေ ပါစေ အရေးမပါ တဲ့ အရာဝတ္တုများ သာ ဖြစ်တယ် လို့ ယူဆ ထားတာ ပဲဖြစ် လေတယ်။

တကယ်လို့ အဲ့ပစ္စည်းတွေ ကို သူလိုရင် ခေါ်ထား လိုက်မယ်။ သူ့အတွက် အသုံးမလိုရင်တော့ အဲ့ပစ္စည်းတွေ ကို သူ ဖျက်ဆီး လိုက်မှာ ပဲ ဖြစ်လေတယ်။

ပြီးတော့ သူ့ရဲ့ အရှေ့မှာ ရှိနေတဲ့ အမျိုးသား နဲ့ အမျိုးသမီး တို့က သူ့ရဲ့ ချစ်လှစွာသော အသည်းအသက် ကလေးလေး ကို သူ့ဆီ ကနေ လုယူ သွားတာ ဖြစ်တဲ့ အတွက်ကြောင့် သူ့အတွက် တော့ ရိုးရှင်းစွာ ပဲ ဒါဟာ လုံးဝ ကို ခွင့်လွှတ် ပေးနိုင်ဖွယ် မရှိပါပေ။

မနေ့က သူက တွေးတော့ ချင့်ချိန် စွာနဲ့ တိုက်ခိုက် ဒဏ်ရာ ရဖို့ အတွက် ငြင်သာတဲ့ နည်းလမ်း ကို သာ သုံးခဲ့ ပေမယ့် ဒီနေ့  တော့  အဲ့တာ က မလို အပ်တော့ ပါပေ။

ဟဲလျန်ချန်း က လှုပ်ရှား မှု တစ်ခု လုပ်လိုက် ပြီးတော့  သူ့ရဲ့ လက် နှစ်ဖက်လုံး ကို ဆန့်ထုတ်ကာ တစ်ဖက် ဆီကို ရှောင်ယွဲ့နဲ့ ရှောင်ဟွေး ဟွေး တို့ အရှေ့မှာ ချက်ချင်း ပဲ အတူ တကွ ထား လိုက် လေ တယ်။

တစ်ခါ တည်းနဲ့ လူသတ်မယ့် အနေအထား ဖြစ်လေတယ်။

ဒါအတွက် ကိုလည်း ရှောင်ယွဲ့ က အချိန်အကြာ ကြီး ကတည်း က ပြင်ဆင် ထားပြီးသား ဖြစ်တဲ့ အတွက်ကြောင့် ရုတ်ချည်း ဆိုသလိုပဲ သူမနဲ့ ရှောင်ဟွေးဟွေး တို့ရဲ့ အရှေ့မှာ အကာအကွယ် ဒိုင်းတွေ ချက်ချင်း ပဲ ပေါ်လာ ခဲ့လေတယ်။ ပြီးတော့ သူမက အကာအကွယ် အလွှာ ထဲကို သွေးမျိုးဆက် အသန့်စင်ဆုံး သွေးကိုတောင် ထည့်သွင်း ထားခဲ့ တာ ပဲ ဖြစ်လေတယ်။

ထို သွေးမျိုးဆက် အမှတ်အသား​ ကြောင့် ဟဲလျန်ချန်း ရဲ့ တိုက်ခိုက် မှုက သူတို့ အပေါ်ကို ကျရောက် သွားတဲ့ အခါ စွမ်းအား က ဆယ်ပုံ တစ်ပုံတောင် မရှိတော့ ပါပေ။

ရှောင်ယွဲ့ က တိတ်တိတ်လေး နဲ့  ရှောင်ဟွေးဟွေး ဆီကို စိတ်ချင်း ဆက်သွယ် ပြီးတော့ သတင်းစကား ပြော လိုက်တယ်။

ထိုနေ့ မနက်က ရှောင်ယွဲ့ က ရှောင်ဟွေးကို ပြော  ပြီးသား ပဲဖြစ် လေတယ်။

'' အဲ့လို နေ့ရက် မျိုး ရောက်လာ ရင် နင် ဆက်ပြီးတော့ အိပ်ချင်ယောင် ဆောင်နေ လို့ ရတယ်။ နင် ဘာပဲ လုပ်ချင် နေပါစေ ငါနင့်ကို စိတ်ချင်း ဆက်သွယ် ပြီးတော့  သတိ ပေးလိုက်တဲ့ အခါ ကျတော့မှ နင်ကြိုက်တာ လုပ်လို့ ရနိုင်မယ် ။ ''

'' ဘာလို့လဲ? ''

ရှောင်ဟွေးရဲ့ မျက်လုံး တွေက အံ့သြ မှုကြောင့် ပြူးကျယ် သွား လေတယ်။ ဒါပေမယ့် ရှောင်ယွဲ့ သုတ်သင် မယ် ဆိုတဲ့ လူဆိုးကြီး ကိုတော့ သူ့စိတ် ထဲမှာ သေချာပေါက် ရက်စက်စွာနဲ့ ပြန်ထိုးနှက် ဖို့ကို သူရည်ရွယ် ထားပြီးသား ဖြစ်လေတယ်။

ရှောင်ဟွေးဟွေး က ရိုးသား တဲ့ ကောင်လေး ပါ။ သူ့အမ က ထို လူဆိုးကြီးဟာ သူတို့ရဲ့ အသိစိတ် နယ်ပယ်ကို ခွဲခြား ဖို့ လုပ်ခဲ့ တယ်ဆိုတာ ကိုလည်း သိရော တုန်ရီစွာနဲ့ ထောင့်နားလေးကို ​ကျုံ့ကျုံ့လေး တိုးဝင် သွားလေတယ်။

( ကလေးတွေ က တစ်နှစ် လောက်ပဲ ရှိကြသေးတာပါ။)

သူ့ရဲ့ မမ က လှပပြီးတော့ နတ်သမီးလေး နဲ့ တူပေမယ့် သူမရဲ့ စွမ်းအား ကတော့ အလွန်အမင်း ကြောက်ဖို့ ကောင်းအောင် မြင့်နေ ပါပြီ။ သူမရဲ့ စွမ်းအား က ရုပ်ပိုင်း ဆိုင်ရာ စွမ်းအား မဟုတ်ပေမယ့် စိတ်ဝိဉာဥ်ထဲက အသိစိတ်ပင်လယ် ထဲမှာတော့ ချီတွေ အများကြီး ရှိကာ စွမ်းအားကြီးတဲ့ ပါးစပ်လည်း ရှိနေ ပါသေးတယ်။

ဒီလောက် တုံးအတဲ့ မောင်လေး ကို ဘယ်လို လုပ်ရမလဲ ဆိုတာ ကို သင်ပေး ပြီးတဲ့နောက် ရှောင်ယွဲ့ က ဟဲလျန်ချန်း ရဲ့ တိုက်ခိုက်မှု အောက်မှာ အချိန်ကြာ လာတာ နဲ့ ပါးစပ်ထောင့် ကနေ သွေးတွေ စီးကျ လာဟန် လုပ်လိုက်တယ်။

သူမရဲ့ ငတုံးမောင်လေး  ကတော့ ပါးစပ်ထဲ ကနေ သွေးတွေ  အန်ထုတ် လိုက်ပြီး ပြန်အိပ်နေတယ်တဲ့။

ဒီ သောက်ထုံလေး ကတော့!

ဟဲလျန်ချန်း က သူမတို့ရဲ့ ဖြစ်တည် မှုကို နားမလည် ရုံတင် မကဘူး သူမ တို့က လည်း ဟဲလျန်ချန်း ရဲ့ တည်ရှိမှုကို လုံးဝ နားမလည်နိုင် ပါပေ။

အစကတော့ သူတို့ မိသားစု ၃ ယောက် က ဖုန့်ကလန် မှာ ပျော်ရွှင် အေးချမ်းစွာ နဲ့ နေနေ ခဲ့တာ လေ။ အဲ့တာ ကို ဒီမြွေကြီး က သူတို့ ဖေဖေ နဲ့ သူတို့ကို ကွဲသွား စေတယ်လေ။ ဒီအတွက် ဟဲလျန်ချန်း အား သူတို့က လုံးဝ ကို ခွင့်လွှတ်ပေး နိုင်ဖွယ် မရှိပါပေ။

ဟဲလျန်ချန်း က စစ်ဆေး လိုက်တော့ နှစ်ယောက် လုံးဟာ သူ့ရဲ့ စွမ်းအား တွေ အောက်မှာ အကျဥ်းကျ သွားပြီ ဖြစ်ပြီးတော့ သူတို့က အသီးအရွက် ( ကိုမာ) အခြေအနေ ကို ရောက်သွား ပြီ ​ဆိုတာ တွေ့လိုက် ရလေတယ်။

မနေ့က သူဟာ သူတို့ရဲ့ စိတ်ဝိဉာဥ် ပင်လယ် ကို ခွဲခြမ်း တိုက်ခိုက် ဖို့ ကြိုးစား ခဲ့ပေမယ့် ကျရှုံး ခဲ့လေတယ်။ ဒါပေမယ့် ဒီနေ့ မှာတော့ သူက သူတို့ရဲ့ အသိစိတ်တွေ ကို အကျဥ်းချ ထားဖို့ လုပ်လိုက်တဲ့ အခါ မှာတော့ ဘာမှ အတား အဆီး မရှိပါ ပဲနဲ့ အောင်မြင် သွားတယ်လေ။

ဟဲလျန်ချန်း ရဲ့ ပါးစပ် ထောင့်က အသာလေး တွန့်သွားတယ်။

စုယွမ် ပြန်လာဖို့ အတွက်ဆိုရင် သူက ထို နှစ်ယောက် ကို ဘယ်လို အသုံးချ ရမလဲ ဆိုတာ ကို တွေးနေခဲ့တယ်။   သူနဲ့ စုယွမ် အကြား မှာတော့ မပြေလည် နိုင်တဲ့ ပြဿနာ ရပ်ကြီး တော့ ရှိမသွား စေချင်တာ ကြောင့် မသတ်လိုက်တာ ပဲ ဖြစ်လေတယ်။

သိပ်မကြာခင် မှာပဲ ဟဲလျန်ချန်း က သူ့ရဲ့စိတ် ထဲမှာ ပြီးပြည့်စုံ တဲ့ အစီအစဥ် တစ်ခု ကို ချ ပြီး သွားပြီ ပဲ ဖြစ်လေတယ်။

သူက လမ်းမှာ ဒဏ်ရာ အပြင်းအထန် ရနေ တဲ့ ထို နှစ်ယောက် ကို တွေ့သွားကာ  ကယ်ဆယ် ခဲ့ ပြီးတော့ မြွေနန်းတော် ဆီကို ခေါ်လာ ပေးတယ် ဆိုပြီး မနက်ဖြန် ကျရင် ထို သတင်း တွေကို လွင့်လိုက် တော့မှာ ပဲ ဖြစ်လေတယ်။

ဒီလို နည်းလမ်း နဲ့သာ ဆိုရင် စုယွမ် က သတင်းကြား ကြားချင်း ပဲ ဒီနေရာ ​ဆီကို အပြေးလေး ပြန်လာမှာ သေချာ ပါတယ်။ အဲ့အခါ ကျရင် သူက စုယွမ် အရှေ့မှာ ဒီလူ နှစ်ယောက် ကို အကြင်နာဆုံး အာရုံစိုက်ထား ပြီးတော့ ပုံရိပ် ကောင်းကောင်းလေး ရဖို့  ဆက်ဆံပေး ပြလိုက်မှာ ပဲ ဖြစ်လေတယ်။

အဲ့တာ တွေက သူ့ရဲ့ အချစ်ပြိုင် ဘက်တွေ ဖြစ်ကြ ပေမယ့် သူကတော့ စုယွမ် ကို ချစ်လွန်းလို့ အပြစ်မယူပဲ ကယ်ဆယ် ထားတယ် ဆိုတာကို ပြသ ရမယ်။ သူတို့ကို စုယွမ် က ဂရုစိုက် တဲ့ အတွက်ကြောင့် သူကလည်း စိတ်ထွေပြား နေပေမယ့် ကယ်ရတယ်ပေါ့လေ။

အဲ့တာ ပြီးရင်တော့  ဟဲလျန်ချန်း က ဒီလူ တွေရဲ့ စိတ်ဝိဉာဥ် တွေကို ကိုးရက် အကြာမှာ ပြန်လွတ်ပေး ဖို့ အခွင့်အရေး တစ်ခု ရှာရန် စီစဥ်ထား ပြီးသား ပဲ ဖြစ်လေတယ်။

စုယွမ် က အစပိုင်း မှာတော့ သေချာပေါက် ကို ဝမ်းနည်း နေလိမ့်မယ်။ အဲ့အတော အတွင်း သူက စုယွမ်ကို အဖော်ပြု နှစ်သိမ့်ပြီးတော့ နှလုံးသား ကို ရစေ နိုင်မယ်။

တစ်နေ့ ကျရင်တော့ စုယွမ် က သူ့ရဲ့ အချစ်ကို ခံစား မိတဲ့ အခါ သူနဲ့ တစ်သက်လုံး နေသွား ရတော့ မှာပဲ ဖြစ်လေတယ်။

အဲ့အကြောင်းတွေ ကို တွေးမိလေလေ ဟဲလျန်ချန်း က သူလုပ်တဲ့ အစီအစဉ် က ပိုပြီး ကောင်းတယ် ဆိုတာ ကို ထင်လာ လေလေ ပဲ ဖြစ်လေတယ်။

ဒီလို နည်းနဲ့ပဲ ဟဲလျန်ချန်း က ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး အပေါ်ကို စွမ်းအား အနည်းငယ် နဲ့ အကျိုးအကြောင်း မသင့်စွာ စည်းတံဆိပ်တွေ ထပ်ချ ထားလိုက် ပြန်လေတယ်။

........

ပြောရရင် တော့ တစ်စုံ တစ်ယောက် ကို ရှာဖို့ အတွက် စုယွမ် က ဖုန့်ဝူယိုး နဲ့ ဖုန့် ရှီးရှီး တို့ရဲ့ အနောက်ကနေ လိုက်သွား ခဲ့တာ ပဲ ဖြစ်လေတယ်။ ဒါပေမယ့် သူက ဘာကို မှ ရှာမတွေ့ ခဲ့တဲ့ အပြင် ကလေး နှစ်ယောက် ရဲ့ လမ်းကြောင်း ကိုတောင် ရှာမရ ခဲ့ ပါပေ။

သူက လူပေါင်း များစွာကို အကြိမ်တွေ အများကြီး မေးခဲ့ ပေမယ့် ဘယ်သူ ကမှ ထို ကလေး နှစ်ယောက် ကို မတွေ့ဘူး ကြ ပါပေ။

ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး လို ကလေး မျိုး က ထင်ရှားတဲ့ ရုပ်သွင် ပြင် တွေ ရှိ နေတာ ဖြစ်လို့ တစ်ခါမြင်ဘူး ရင် တစ်သက်မမေ့ နိုင်မယ့် သူမျိုးတွေ ဖြစ်ကြလေတယ်။

အခုတော့ ဒီနေရာမှာ ဘာမှ မရှိသလို လမ်းကြောင်း တွေမှာလည်း သူတို့ရဲ့ ခြေရာ လက်ရာ တွေ မကျန်ခဲ့ ပါပေ။

'' ဒီကိစ္စမှာ ဖြစ်နိုင်စွမ်း နှစ်ခု ရှိတယ်။ ''

ဖုန့်ဝူယိုး က ပြောလိုက်တယ်။

'' ဟုတ်ပြီ? ''

စုယွမ် နဲ့ ဖုန့်ရှီးရှီးတို့ က ရုတ်တရက် ပဲ ဖုန့်ဝူယိုး ဘက်ကို လှည့်ကြည့်ကာ သူ့ရဲ့ အဖြေကို စောင့်ဆိုင်း နေခဲ့လေတယ်။

'' ပထမ ဖြစ်နိုင်ချေ က ရှောင်ယွဲ့ နဲ့ ရှောင်ဟွေး ဟွေး တို့က ဒီလမ်းကို အသုံး မပြုခဲ့ ကြတာ ဖြစ်လို့ သူတို့ကို ဘယ်သူမှ မတွေ့ခဲ့တာ ''

ဒါက ဖြစ်နိုင်ချေ ရှိတဲ့ ကိစ္စပဲ ။

'' ဒုတိယ တစ်ချက် က ရှောင်ယွဲ့နဲ့ ရှောင်ဟွေးဟွေး တို့က ဖြတ်သွား ခဲ့ပေမယ့် တစ်ခြား သူတွေက သူတို့ကို မှတ်မိမှာ မဟုတ်ဘူး ''

'' မြင်တွေ့ ခဲ့ရတဲ့ လူကို သူများ တွေက မမှတ်မိ ကြဘူး။ ဟုတ်လား ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာ တဲ့လဲ''

ဒီလောက် ကွဲပြားနေတဲ့ ရုပ်သွင် တွေက တစ်ချက်ကြည့်ရုံ နဲ့တင်ကို တစ်သက် မှတ်မိနိုင်တာ မျိုးတွေလေ။

'' သူတို့က သူတို့ရဲ့ ရုပ်သွင်း ကို ​ပြောင်းလဲ သွားတာ ပဲ ဖြစ် ရမယ် ''

ဖုန့်ဝူယိုး က ရှင်းပြ လိုက်တယ်။

စုယွမ်က ချက်ချင်း ပဲ သူ့ရဲ့ လက်ကို ခပ်တင်းတင်း ဖြစ်ညှစ် ထား လိုက် မိလေတယ်။

ဒီလိုသာဆို ကလေးတွေကို ရှာရတာ ပိုပြီး ခက်ခဲ သွားပြီလေ။

သူတို့က လတစ်ဝက်လောက် ရှာပြီး ဖြစ်ပေမယ့် ဘာသတင်း အစအန ကိုမှ ရှာမတွေ့ ခဲ့ဘူးလေ။ စုယွမ် က ဟော့ပေါ့ အိုးထဲ က ပုရွက်ဆိတ် ကောင် လိုမျိုး ပြာယာ တွေ ခပ်နေ ပါပြီ။

ကလေးတွေ က အတော်လေး ငယ်သေးတာ ကို ။ တကယ်လို့ သူတို့သာ တစ်ခုခု ဖြစ်လို့ ကတော့ အဖေ အိုကြီး ဖြစ်တဲ့ သူ့ ခမျာ ဘယ်လို တွေလုပ်ရ မလဲတောင် မသိတော့ဘူး ။

သူ့ရဲ့ ခမျာ စိတ်ဓာတ်ကျ မှုကို ခံစား နေရစဥ် ဖုန့်ဝူယိုး နဲ့ နားက အနည်းငယ် လှုပ်ခတ် သွားကာ သူ့ရဲ့ မျက်နှာပေါ်မှာလဲ အရမ်းကို ထူးဆန်း အံသြတဲ့ အ
မူအရာ တစ်ခု ပေါ်လာ လေတယ်။

စုယွမ် က သူ့ရဲ့ အမူ အရာကို တွေ့တော့ ချက်ချင်းပဲ မေးလိုက် လေတယ်။

'' မင်း က ရှောင်ယွဲ့နဲ့ ရှောင်ဟွေးဟွေး တို့ အကြောင်း သိလိုက် ရတာလား? ''

ဖုန့်ဝူယိုး က ခေါင်းငြိမ့် ပြလိုက်တယ်။

'' သူတို့က အခုဘယ်မှာ တဲ့လဲ''

'' သူတို့က ရွယ်ပင်း နယ်မြေ ငွေမြွေကလန် ရဲ့ နန်းတော် ထဲမှာ တဲ့''

ထိုမြွေနန်းတော် က အခုချိန်မှာ စုယွမ် အတွက်ကတော့ ကျားသားရဲ တွင်း ပါပဲ။

ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး တို့က သူ့ရဲ့ ပိုင်ဆိုင် မှုသာ ဖြစ်တယ်။ ဟဲလျန်ချန်း က အဲ့တာ က သူ့ကလေးတွေ ဆိုတာ ကို သူမသိသွားစေ ချင်ပေ ပြီးတော့ ဟဲလျန်ချန်း က သူ့ဆီ ကနေ တိုက်ခိုက် ပြီး လုယူ သွားတာ မျိုးကို မလိုချင် ပါပေ။

'' သူတို့က အခု ဘယ်လို ဖြစ်နေ ပြီတဲ့လဲ?''

'' အဲ့ သတင်း က မြွေနန်းတော် ဆီကနေ လာတာပဲ ။ မြွေဘုရင်ကြီး က လမ်းမှာ လူနှစ်ယောက် ကို ကယ်ဆယ် ခဲ့တယ်တဲ့ ။ တစ်ယောက် က ရှောင်ယွဲ့လို့ ခေါ်ပြီး ကျန်တစ်ယောက် ကိုတော့ ရှောင်ဟွေးဟွေး လို့ ခေါ်တယ်တဲ့လေ။ နှစ်ယောက် လုံး က အပြင်းအထန် ဒဏ်ရာ ရထားတာ ဖြစ်ပြီးတော့ သူတို့ကို ကုသ ဖို့အတွက် လောလော ဆယ်တော့ သူတို့ကို မြွေနန်းတော်​ ဆီကို ခေါ်သွား ပြီတဲ့လေ။ နန်းတော်က သမားတော် တွေက အကောင်းဆုံး ကြိုးစား ပြီးတော့ ကုသ နေပေမယ့် ဘာမှ တိုးတက်မှု ရှိမလာဘူးတဲ့။ အခုချိန်မှာ သူတို့ရဲ့ ဆွေမျိုး ဖြစ်သူ တွေကို ကျယ်ကျယ် ပြန့်ပြန့် လိုက်ရှာ နေတယ်တဲ့လေ။ ပြီးတော့ ဆေးပညာ စွမ်းရည် မြင့်မားတဲ့ သမားတော် တွေကိုလည်း ကုသ မှု အတွက် ရှာဖွေ နေ သေးတယ်။ ''

'' ငါတို့ အဲ့ကို ပဲ တိုက်ရိုက် သွားလိုက် ကြတာ ပေါ့ ''

သူ့ကလေး​ တွေဒဏ်ရာ အပြင်းအထန် ရထားတယ် ဆိုတာကို ကြား ပြီးတဲ့နောက် စုယွမ် က သူ့ကို တောင်ပံတပ် ပြီး ပျံသွား ဖို့ကို  မစောင့်နိုင် တော့ ပါပေ။

သူက အလျင် လို​နေတာ ကိုတွေ့တော့ ဖုန့်ဝူယိုး နဲ့ ဖုန့်ရှီးရှီး ကလည်း သူ့ကို အချိန်တွေ အများကြီး မနှောင့်နှေး စေ ပါပေ။ ပြီးတော့ စုယွမ်ကို ခေါ်ကာ မြွေကလန် ဆီ တိုက်ရိုက် ပြန်သွား တော့တယ်။

သုံးရက်လုံး မရပ်မနား ပျံသန်း ပြီးတဲ့နောက် သူတို့တွေက မြွေကလန် ဆီကို နောက်တစ်ခေါက် ပြန်ရောက် လာကြ ကာ မြွေနန်းတော် ဆီကို တိုက်ရိုက် ချက်ချင်း ပဲ သွား လိုက်ကြတယ်။

ဟဲလျန်ချန်း က ထိုလူတွေကို မြွေနန်းတော် ဆီဘာ သတင်းမှ ပို့စရာ မလိုပဲ တိုက်ရိုက် ခေါ်လာ ခဲ့ ဖို့ အမိန့်ပေး ထား ပြီးသားပဲ ဖြစ်လေတယ်။

ဟဲလျန်ချန်း က စုယွမ်ကို နောက်တစ်ခါ ထပ်တွေ့ လိုက်ရတော့ သူ့ရဲ့ နှလုံးသား က အပျော်တွေ နဲ့ ပြည့်နေကာ ကပ်တွယ်လိုမျိုး တွေ နဲ့ ကြည့်နေ ခဲ့လေတယ်။

သူက စုယွမ်ကို ပြန်တွေ့ ရတာ သိပ်ကို ပျော်တာ ပဲ။

စုယွမ်က တစ်ခြား လူတွေကို ပြန်ခေါ် ဖို့ အတွက် လာတယ် ဆိုတာကို သိပေမယ့် လို့ပေါ့လေ။

''ရှောင်ယွဲ့နဲ့ ရှောင်ဟွေးဟွေး တို့က ဘယ်မှာလဲ ''

ဟဲလျန်ချန်း ရဲ့ မျက်လုံးတွေ က မှိုင်း သွား ပေမယ့် အဲ့တာကို မျက်နှာပေါ်မှာ မပြသ ခဲ့ပါပေ။ ပြီးတော့ သူ့အသံ က အတော်လေး ကို အေးချမ်း နေလေတယ်။

'' ဒါက တကယ့်ကို ကံတရားပဲ။ ကိုယ် က  သူတို့ နှစ်ယောက် ကို မင်းရဲ့ သူငယ်ချင်း တွေလို့တောင် မထင်မိ ခဲ့ဘူး။ ကိုယ် သူတို့ ရှိတဲ့ နေရာကို ခေါ်သွား ပေးပါ့မယ် ''

ဟဲလျန်ချန်း က စုယွမ် တို့အုပ်စု ကို ဦးဆောင်ကာ ရှောင်ယွဲ့နဲ့ ရှောင်ဟွေးဟွေး ရှိတဲ့ အခန်းဆီကို ခေါ်သွား လိုက်လေတယ်။

စုယွမ် က အိပ်ယာဘေး ဆီကို တစ်လှမ်းချင်း အမြန်လျောက် သွားလိုက်တယ်။

ထို နှစ်ယောက် က အရွယ်ရောက် ပုံစံတွေနဲ့ ဖြစ်ပေမယ့် စုယွမ် က သူတို့ကို အကြည့် တစ်ချက် ထဲနဲ့တင် မှတ်မိ လေတယ်။

ဒါက သူ့ရဲ့ ကလေး နှစ်ယောက် အစစ် ပါပဲ။

'' ရှောင်ယွဲ့ ၊ ရှောင်ဟွေးဟွေး ''

စုယွမ် ရဲ့အသံ ထဲမှာ တုန်ခါ မှုတွေနဲ့ စိုးရိမ် ထိတ်လန့် မှုတွေ ပြည့်နေ ခဲ့လေတယ်။

'' အားယွမ် စိတ်မပူပါနဲ့ ။ သူတို့ကို ကုသဖို့ ရာ ကိုယ် က ဆေးပစ္စည်း တွေ၊ လူအင်အား တွေနဲ့ ရတနာ ပစ္စည်းတွေ ကိုတောင် မှ ဘယ်လောက်ပဲ ကုန်ကုန် ပြန်ကောင်း လာဖို့ အတွက် ကူညီ​ပေးပြီး ကိုယ်ကု ပေးမှာပါ ''

စုယွမ်ရဲ့ နှလုံးသား က လှုပ်ရှား သွားရကာ သူ့ခေါင်းကို လှည့်ကြည့် လိုက်တယ်။ ပြီးတော့ သူ့ကို ကျေးဇူး တင်တော့ မလို့ပဲ ဖြစ်လေတယ်။

ဒါပေမယ့် အဲ့အချိန်မှာပဲ ရှောင်ယွဲ့ က ရုတ်တရက်ကြီး အိပ်ယာပေါ်မှာ ထ ထိုင်လာပြီးတော့ စုယွမ်ကို ငိုပြီး အော်ပြော လိုက်လေတယ်။

'' ယွမ်ယွမ် ငါတို့ကို ကယ်ပါအုံး ။ ဒီမြွေမကောင်း ဆိုးဝါး က ငါတို့ကို သတ်ချင်နေတာ။  နင့်ဆီ ကနေ မျက်နှာသာ ရဖို့ အတွက် ငါတို့က ကူညီ သရုပ်မဆောင် ပေးရင် ငါတို့ကို အရေခွံနွှာ ပြီး အရိုးထုတ်မယ် လို့ ခြိမ်းခြောက်ခဲ့တယ် ''

( အော် အဖေ ကို အစူးနဲ့ ​ပြန်ဆောင့်ထိုးတဲ့ သမီးလိမ္မာလေး 🤣🤣)

.........................

Continue Reading

You'll Also Like

507K 34.2K 31
story description>>>>> start-5/10/2021 end-1/1/2022
456K 6.1K 6
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
14.4K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
23.5K 964 4
Growl company ရဲ့သူဌေးဖြစ်တဲ့ Oh Sehun နဲ့ Growl company ကိုအလုပ်လာလျှောက်တဲ့ သာမန်မိန်းကလေးတစ်ဦးဖြစ်တဲ့ LuHan