Doctor Husband (Complete)
By khatKhat396
1.6M 63.3K 1.8K
စိုင်းတည်တံ့ဉီး + နှိုင်းမြတ်ဘုန်း More
intro💙
အပိုင်း(1)U/Z
အပိုင်း(2)U/Z
အပိုင်း(3)U/Z
အပိုင်း(4)U/Z
အပိုင်း(5)U/Z
အပိုင်း(6)U/Z
အပိုင်း(7)U/Z
အပိုင်း(8)U/Z
အပိုင်း(9)U/Z
အပိုင်း(10)U/Z
အပိုင်း(11)U/Z
အပိုင်း(13)U/Z
အပိုင်း( 14 ) U / Z
အပိုင်း( 15)U/Z
အပိုင်း(16)U/Z
အပိုင်း(17)U/Z
အပိုင်း(18)U/Z
အပိုင်း(19)U/Z
အပိုင်း(20)U/Z
အပိုင်း(21)U/Z
အပိုင်း(22)U/Z
အပိုင်း(23)U/Z
အပိုင်း(24)U/Z
အပိုင်း(25)U/Z
အပိုင်း(26)U/Z
အပိုင်း(27)U/Z
အပိုင်း(28)U/Z
အပိုင်း(29)U/Z
အပိုင်း(30)U/Z
အပိုင်း( 31)U/Z
အပိုင်း(32) U/Z (End )
💙
Extra (1)U/Z
Hapi 💙
Extra (2) U/Z
Book 💙
💙💙
အပိုင်း(12)U/Z
43.1K 1.8K 78
By khatKhat396
အရေးပေါ်လူနာရောက်လာတာကြောင့် ခွဲခန်းဝင်ခဲ့ရသည်။ ခွဲခန်းထဲကပြန်ထွက်လာတော့ သူငယ်ချင်းသုံးယောက် ဗိုက်ဆာနေပြီဖြစ်တာကြောင့် ကန်တင်းကိုထွက်လာကြသည်။
နေ့လည်စာအတွက် စားစရာတချို့ကိုမှာပီး ထိုင်စောင့်နေလိုက်ကြ၏။
" နှိုင်း ..."
"အင်း..."
အအေးခံထားရန် ရေနွေးငှဲ့နေသည့်အချိန် သစ္စာခေါ်သံကြောင့် နှိုင်းပြန်ထူးလိုက်သည်။ စကားဆက်မပြောလာတာကြောင့် သစ္စာကိုကြည့်လိုက်၏။ တခြားတစ်ဖက်ကိုစိုက်ကြည့်သော သစ္စာကြောင့် နှိုင်းပါလိုက်ကြည့်မိသည်။ နှိုင်းတို့၏ 2 ဝိုင်းကျော်တွင်ထိုင်နေသော ဒါလီဆွေနှင့် သူနာပြုတစ်ချို့ကိုမြင်ရသည်။
" ဘာပြောမလို့လဲ...သစ္စာ.."
"အဲ့ကောင်မကိုငါပါးတွေဆွဲရိုက်ချင်နေတာ..."
"အင်း..."
"ရုပ်ကိုက ...ကလိမ်ကကျစ်ရုပ်နဲ့.."
"အင်း..."
"နင်အတိတ်ကိုနောင်တမရဘူးလား..."
"မရဘူး..."
"ဘာ... .ဒေါက်...အ.."
' ဘာ ' ဆို၍ အော်လိုက်တာသည် နှိုင်းနှင့်သစ္စာပြောသမျှကို ငြိမ်၍ နားထောင်နေသော တိမ်ယံဆီကဖြစ်သည်။ ' ဒေါက်..အ 'ဆိုသည့်အသံမှာ ရေနွေးခွက်ဖြင့် နှိုင်း၏ ခေါင်းကို ခေါက်သံနှင့် နာသွားသောကြောင့်ထွက်ပေါ်လာသောအသံဖြစ်သည်။
တိမ်ယံတစ်ယောက် ရေနွေးသောက်၍ သူငယ်ချင်းနှစ်ယောက်ပြောနေသည့်ကို ငြိမ်၍ နားထောင်နေသည်။ ထိုအချိန် သစ္စာက နောင်တရလား မေးသည့်ကို မရဘူး ဟု ဖြေလာသော နှိုင်းကိုစိတ်တိုတာကြောင့်ခေါက်ထည့်လိုက်သည်။
" မင်းက....ခုထိ နောင်တမရဘူးပေါ့လေ...ဟုတ်လား..."
"အေးလေ...ငါတို့ကတော့ .."
"မင်းတို့ငါပြောတာကိုဆုံးအောင်နားထောင်ကြပါဦး.."
နှိုင်းမှာ စကားကိုဆုံးအောင်ပြောခွင့်မပြုဘဲ ရှေ့ကြိုရောက်၍ အပစ်မြင်နေသော သူငယ်ချင်းနှစ်ယောက်ကို မျက်စောင်းထိုးလိုက်သည်။
" ပြောစမ်းပါဉီး..."
"ပြောပါမယ် ..အကိုတော်ခင်ဗျ ဆုံးအောင်နားထောင်ပါ.."
"အင်း..."
တိမ်ယံလည်း ရေနွေးခွက်ကိုအသင့်ချထားလိုက်သည်။ တစ်ခုခုဆို ခေါက်ရအောင်ဖြစ်၏ ။ ထို့နောက် နှိုင်းပြောတာကို နားစွန့်ထားလိုက်သည်။
"ငါပြောမယ် ငါကလေ..ငါ့အတိတ်ကိုနောင်တမရဘူး... တစ်ခုတော့ရှိတယ် ငါကိုနာကြင်အောင်လုပ်တဲ့သူနဲ့ အချိန်ဖြုန်းမိတာကို နောင်တရတယ်.."
"တူတူပဲမဟုတ်ဘူးလား.."
"မတူဘူး သစ္စာ အတိတ်ဆိုတဲ့အရာတွေထဲမှာ နင်တို့လည်းရှိတယ်လေ ပြီးတော့ငါသူကိုချစ်ခဲ့တုန်းကလည်းအရူးအမူးဆိုတာနင်တို့သိမှာပါ..."
"ရူးတာထက်ပိုတယ်..."
သစ္စာစကားကြောင့် နှိုင်းအရှက်သည်းစွာ ပြုံးလိုက်မိသည်။ သူပြောသလိုပါပဲ ရူးတာထက်ပိုခဲ့တာတကယ်ပါ။
"အင်းလေ...ငါအတတ်နိုင်ဆုံးချစ်ခဲ့တာပဲ အဲ့တာအတွက်ငါနောင်တရမဘူး..သူသာနောင်တရနေမှာ...ငါ့လိုရုပ်ချောသဘောကောင်းပြီး တော်တဲ့သူကို ထားခဲ့တာလေ..."
"ငါ့ညီကတော့ ကံကောင်းသွားတာပေါ့..."
"ဘာလို့..."
" မင်းပဲ ရုပ်ချော ..သဘောကောင်းပြီး..တော်တဲ့သူဆို...အဲ့လိုလူကိုငါ့ညီက ရထားတာလေ..."
"မင်းညီကတော့ပြောမနေနဲ့ ..ကံအကောင်းဆုံးလူပဲ..."
" မင်းကိုရလို့လား..."
"ဟုတ်တယ်...ဟားဟား "
"ဒါနဲ့ ...နှိုင်း..တည်တံ့ဆီက အဆက်သွယ်ရလား..."
"အင်း...ဟိုတစ်လောက တစ်ခါရတယ်..."
" ဘာပြောသေးလဲသူက .."
"ဘာမှမပြောပါဘူး..."
"ဟုတ်လို့လား...လွမ်းတဲ့အကြောင်းတွေပြောတာမလား..."
"သစ္စာ..."
"ဘာလို့ဇွတ်အော်နေတာလဲ..."
"တော်ဟာ...မစနဲ့..."
"မှန်တာပြော...ရွာအပြင်ထုတ်ခံတယ်ဆိုတာဒါမျိုး..."
"နင်နော်...တိမ်ယံတားစမ်းပါ..."
"no ...ငါကိစ္စမဟုတ်ဘူး....နေပါဦး...တည်တံ့ကတစ်နှစ်ပဲကျန်တော့တာမလား..."
"ငါမသိဘူး..."
"ဟမ်...မင်းမမေးဘူးလား.."
"မမေးဖြစ်ဘူး...ငါကိုစိတ်ဆိုးသွားတာလည်းမင်းသိသားနဲ့..."
"ဟိုနေ့ကအဆက်သွယ်ရတယ်ဆိုပြီး..."
" ငါက...ကွာရှင်းပေးဖို့ပြောလို့..မာမီကဖုန်းဆက်လို့ရတာပါ..."
"ကွာရှင်းဖို့ဟုတ်လား..."
"အင်း..."
"နင်ကဘာလို့ကွာရှင်းဖို့လဲ..."
သစ္စာအမေးကို သူတို့နှစ်ယောက်နားလည်အောင် ဇွဲig ကဘvideo တွေ့သည်ကနေစ၍ နှိုင်းလည်း ဖြစ်ခဲ့သမျှ အကြောင်းတွေကိုပြန်ပြောပြလိုက်သည်။ နှိုင်းအားလုံးပြောပြလိုက်တော့ တိမ်ယံကမေးလာသောစကားကြောင့် ပြုံးလိုက်မိသည်။
"မင်းတို့ ..ဒီပုံစံဆို ဘယ်နေ့ကွဲမယ်မသိဘူး...ရှေ့လျှောက်အဆင်ပြေပါ့မလား...မင်းဘက်က ပွင့်ပွင့်လင်းလင်းမေးသင့်တယ်ထင်တယ် ဘာနေနေပေါ့....ယူလည်းယူထားပြီးပြီ..သူစိမ်းမှမဟုတ်တော့တာ..."
"အဆင်ပြေမလားမပြေဘူးလားဆိုတာငါလည်းမသိဘူး တိမ်ယံ...ငါတို့အိမ်ထောင်ရေး ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ နှစ်ယောက်လုံးပေါ်မူတည်တယ်လေ ....အိမ်ထောင်ရေးဆိုတာက စိတ်ကူးယဉ်မှုနဲ့ တည်ဆောက်လို့မှမရတာ လက်တွေ့ကျတဲ့ ဘာသာရပ်တစ်ခုလိုပဲ ငါပွင့်လင်းနိုင်အောင်ကြိုးစားရမယ် ...ငါကအကြီးဆိုတော့လဲငါကတတ်နိုင်သလောက် တည်မြဲအောင်ကြိုးစားမှာပါ..."
"အေးပါ ..ငါ့ညီအကြောင်းလဲသိတယ် ...သူကဆိုးတယ်ကွ..."
"သိပ်မဆိုးပါဘူး..."
"လင်ထိတော့လဲ မကြိုက်ပြန်..."
"တိတ်စမ်း..."
" ဆရာနှိုင်း...."
"ဟုတ်ကဲ့....ဒေါက်တာ.."
နှိုင်းကို တိမ်ယံ စနေသည့်အချိန် ဒေါက်တာ မြမင်းချို က ခေါ်လာတာကြောင့်ပြုံးပြ၍ ပြန်ထူးလိုက်သည်။ နှိုင်းတို့ ဌာနှင့်မတူတာကြောင့် အရမ်းတော့မရင်းနှီးပါ။
"ဟိုကျွန်မအပြင်ကပြန်လာတော့ အမျိုးသားတစ်ယောက်က ဒေါက်တာကိုမေးလို့ပါ..."
" ဟုတ်...ဘယ်သူလို့ပြောလဲဗျ..."
"အဲ့တာတော့မပြောဘူး ..နှိုင်းကိုစောင့်နေတယ် ထွက်ခဲ့ပါလို့ပြောပေးဆိုလို့...လာပြောပေးတာ..ဆရာတို့ဌာနကို သွားရှာတာ ..ဒီသွားတယ်ဆိုလို့..."
"ဗျာ ..အားနာစရာကြီးဆရာမရယ်.."
"မဟုတ်တာ အချင်းချင်းတွေဘယပဲ.."
"ဟုတ်ကဲ့ပါဗျာ..."
နှိုင်းမှာ အားနာ၍ ပြုံးပြရသည်။ ဘယ်လိုဧည့်သည်ရယ် မသိပါ တွေ့ချင်တာကို အထဲဝင်လာမရှာပဲဒေါက်တာမြကို ပြောခိုင်းတယ် မသိ။
" ဒါဆိုသွားလိုက်ကြည့်လိုက်ပါဦး...တော်ကြာ ကျွန်မကမပြောဘူးဖြစ်နေမယ်..."
"ဟုတ်ကဲ့ပါဗျ...သစ္စာ ..တိမ်ယံငါသွားကြည့်ဦးမယ်..."
"ဘယ်သူကြီးလဲသိလား နှိုင်း . "
"ငါမသိဘူးဟ..."
"ဖြစ်ပါ့မလား...."
"ဖြစ်ပါတယ်...သွားကြည့်ဦးမယ်.."
နှိုင်းလည်း ကန်တင်းကနေထွက်လာလိုက်သည်။ ဘယ်နေရာမှာ စောင့်နေမယ်ဆိုတာကို မမေးလိုက်ရတာကြောင့် နှိုင်းမှာ ကောင်တာထိုင်သည့် ဆရာမလေးတွေကိုမေးရသည်။
" ဆရာမတို့...ဒေါက်တာကိုလာရှာတဲ့သူရှိလား..."
"မရှိဘူးဒေါက်တာ..."
"ဪ .."
နှိုင်းမှာ စိတ်နည်းနည်းတိုသွားရသည်။ ဘယ်သူဘယ်ဝါ လာရှာတယ်ဆိုတာလည်း မသိတာကြောင့်ပင်ဖြစ်သည်။ ဆေးရုံရှေ့ကိုထွက်လာ၍ မျက်လုံးကိုဝေ့ဝိုက်ကြည့်လိုက်သည်။ နှိုင်းရှာနေသည့်အချိန် မျက်လုံးထဲတွင် မတော်တဆ တွေ့လိုက်ရသည့်သူကြောင့် အံ့သြသွားရသည်။
ကားကိုမှီ၍ လက်ပိုက်ခါ နှိုင်းကိုစိုက်ကြည့်နေသည်။ ဂုတ်ထောက်နေသော ဆံပင်တွေကိုညှပ်ချထား၍ ဆေးဆိုးထားသောကာလာအရောင်တွေမဟုတ်တော့ပဲအနက်ရောင်တွေဖြစ်နေသည်။ ဘောင်းဘီအတိုအနက်ကို Tရှပ်အပြာနှင့် တွဲဖက်၍ ဝတ်ဆင်ထားသည်။
ရုတ်တရက်ပြန်ရောက်လာသည်ကို နှိုင်းမသိပါ။ ဟိုတစ်လောက အဆက်သွယ်ရသောလည်း ပြန်လာမည်ဟု နှိုင်းကိုမပြောခဲ့ပါ။မျှော်နေခဲ့တာတော့ အမှန်တရားဖြစ်သည်။ ခုလိုရောက်ချလာသည့်အခါ ပြေးဖက်ရအောင်လည်း ချစ်လွန်းလို့ ယူခဲ့ကြသည်မဟုတ်။
တည်တံ့မှာ ဆေးရုံထဲက ထွက်လာသောသူကိုမြင်နေရသည် ။ ဟိုကိုကြည့်လိုက်ဒီကိုကြည့်လိုက်ဖြင့်လိုက်ရှာနေသည်။ တည်တံ့ကိုမြင်သည့်အချိန် အံ့သြသွားသည့်မျက်နှာဖြစ်သွား၏။ အချိန်အတော်ကြာသည့်အထိ ရပ်ကြည့်နေတာကြောင့် လက်ဖြင့်လာခဲ့ဖို့ခေါ်ရသည်။ တည်တံ့ခေါ်လိုက်တော့ လှုပ်တုတ်လှုပ်တုတ်ဖြင့် လျှောက်လာသည်။ ဂျူတီကုတ်ဖြင့် လိုက်ဖက်နေသောသူမှာ တကယ်ကြည့်ကောင်းနေသည် ။
" ဘာလို့ရပ်နေတာလဲ ..လူကိုမြင်တာမလာပဲနဲ့..."
"အံ့သြသွားတာကို...."
"ဪ...ခင်ဗျားယောက်ျားချောလာလား..."
"အင်းချောပါတယ်..."
"ဘာကိုချောပါတယ်လဲ...ချောတယ်ဆိုချောတယ်ပေါ့....ခဏလောက်ဖက်ရအောင်.."
ဖက်ရအောင်ဆို၍ နှိုင်းကိုတင်းကျပ်စွာဖတ်လာသည်။ နှိုင်းကိုယ်တိုင်လည်း လွမ်းနေခဲ့တာကြောင့် ကျောပြင်ကိုပြန်လည်ဖက်တွယ်လိုက်သည်။ အချိန်တော်ကြာသည်ထိ လွှတ်မပေးတာကြောင့် တားရတော့သည်။
" လွှတ်ဦးတည်တံ့...ဆေးရုံရှေ့ကြီး.."
"ဘာဖြစ်လဲ .."
"မကောင်းဘူးလေ..."
"ဘာမကောင်းတာရှိလဲ ကိုယ်ယောက်ျားကိုဖက်တာကို .."
"လွတ်ပါဦး ...မေးစရာရှိသေးတယ်..."
"ဖက်ထားရင်းနဲ့ မေးလို့ရတာပဲကို..."
" မဆိုးပါနဲ့တည်တံ့ရယ်..."
မျက်နှာကြီး အိုပုတ်၍ပြန်လွှတ်ပေးလာသူကြောင့် နှိုင်းမှာပြုံးရသည်။ ခုပဲရောက် ခုပဲစိတ်ဆိုးနေတာတော့မဖြစ်သင့်ဘူးလေ။
" မေးမှာဆိုမြန်မြန်မေး...ပြီးကြ ပြန်ဖက်မှာ..."
" ပြန်လာတာလဲ ကြိုမပြောဘူး...လာကြိုမှာပေါ့..."
"စပရိုက်လေ..."
"ဖျော်ရည်လား..."
"မစနဲ့...အံ့သြသွားတဲ့မျက်နှာလေးမြင်ချင်လို့လေ.."
" ပြန်သွားဦးမှာလား..."
"မသွားတော့ဘူး...ဟိုကကောင်မလေးတွေထားရတာ ငြီးငွေ့လာလို့...ဒီကကောင်မလေးတွေပဲ ထားတော့မလို့..."
"အင်း..."
"မအင်းနဲ့ ...ထားရမလား.."
"သဘောပါ...ငါဂျူတီရှိသေးတယ်...အိမ်ကိုပြန်နှင့်လေ..."
တည်တံ့စလိုက်သည်ကို တကယ်ထင်သွား၍ ပြန်ဝင်တော့မည့်သူရဲ့လက်ကိုဆွဲထားရသည်။ စလို့ စမှန်းမသိပဲ အတည်ကြီးထင်သွားသောသူကို ခေါင်းသာပိတ်ထုလိုက်ချင်သည်။
" ဘယ်လိုဖြစ်နေတာလဲ ..ပြန်လိုက်ခဲ့တော့..အိမ်ကို...ကိုယ့်ယောက်ျားပြန်လာတာကို အနားမှမနေပဲ ဆေးရုံမှာ နေခဲ့ဦးမယ်ပေါ့...."
" ဂျူတီရှိသေးတယ်..."
"ဖုန်းဆက်လိုက်လေ..."
"ဟို..."
"ဟိုတွေဒီတွေလုပ်မနေနဲ့ ညောင်းကိုက်နေပြီ အိမ်ကိုမပြန်ရသေးဘူး ခင်ဗျားဆီ တန်းလာရတာနော်..."
"ဟင် အိမ်မပြန်ရသေးဘူးလား..အဲ့ဒါဆို မာမီလည်းမသိသေးဘူးပေါ့..."
"ဟုတ်တယ်...ခင်ဗျားလေးဆီအရင်လာတာပါဗျ..."
"ဟိုတ်ိမ်ယံကိုဖုန်းဆက်လိုက်မယ်..."
"အိမ်ရောက်မှဆက်.."
"အင်းပါ...."
"ကားပေါ်တက်..."
နှိုင်းလည်း ပြန်လိုက်ခဲ့ဆိုသည့် အဆိုးလေးကြောင့် ကားပေါ်ကိုတက်လာလိုက်သည်။ ကားမောင်းဖို့ ပြင်နေသောသူကို လှည့်ကြည့်နေမိသည်။ ဘေးတိုက်မြင်နေရသောမျက်နှာတောင် ပြေပြစ်လွန်းလှသည်။ အကြာကြီးငေးကြည့်နေမိ၏။
ဒါလီဆွေတစ်ယောက် အသိသူနာပြုတစ်ချို့နှင့် ထမင်းစားနေသည့်အချိန် နှိုင်းကိုကြည့်နေမိသည်။ သူ့ သူငယ်ချင်းတွေနှင့် စကားပြောနေသည့်အချိန် ဒေါက်တာမြကရောက်လာ၍ စကားပြောနေသည်။ ဒေါက်တာမြနှင့်ပြော၍ အပြင်ကိုထွက်သွားသူနောက်ကို သူနာပြုအသိတစ်ယောက်ခေါ်၍ လိုက်လာလိုက်သည်။
ဆေးရုံရှေ့တွင် ယောက်ျားတစ်ယောက်နှင့်အကြာကြီးဖက်နေသည်။ အချိန်တော်ကြာမှ ဖက်နေတာကိုရပ်လိုက်၍ စကားပြောနေကြသေးသည်။ နှိုင်းဘာလုပ်မလဲဟု စိတ်ဝင်စား၍ လိုက်လာခဲ့သောဒါလီဆွေမှာ နှိုင်းကိုစိတ်မဝင်စားတော့ပဲ နှိုင်းနှင့်ဖက်နေသောသူကိုသာစိတ်ဝင်စားလာသည်။ ထိုအမျိူးသားဘယ်သူဆိုတာ ဆွေ သိချင်သည်။ အကြာကြီး ငေးကြည့်ရလောက်အောင်ထိ ထိုသူမှာ ဆွဲဆောင်နေ၏။ထိုသူကို ဆွေ၏ အပိုင်လည်းဖြစ်လာစေချင်သည်။
" ဒေါက်တာနှိုင်းနဲ့ဖက်နေတာဘယ်သူလဲသိလား..."
"ဒေါက်တာတိမ်ယံရဲ့ညီလို့တော့ကြားဖူးတယ်...သေချာတော့မသိဘူး.."
"ဪ..."
ထိုအမျိုးသား ဘယ်သူဆိုတာသိချင်တာကြောင့် ပါလာသောအသိသူနာပြုကိုမေးလိုက်သည်။ တိမ်ယံ့ညီဆိုတော့ နှိုင်းနဲ့ယူထားသောသူပင်ဖြစ်မည်။ ဟွန့် နှိုင်းမြတ်ဘုန်းနဲ့ ဒါလီဆွေက ရေစက်အတည်မကုန်သေးတာပဲ။ ဒီတစ်ခါတော့ ရည်စားဟောင်းရဲ့ယောက်ျားကို အပိုင်သိမ်းပစ်မည် ဟု တွေးလိုက်သည်။ ကားပေါ်တက်သွားတာမြင်သည်နှင့် ဆေးရုံထဲကိုပြန်ဝင်လာလိုက်သည်။
........................................................................
မြတ် တစ်ယောက် ဧည့်ခန်းထဲတွင် စာရင်းတစ်ချ်ို့ကိုလုပ်နေတာဖြစ်သည်။ ထိုအချိန်တွင် ကားသံကြားတာကြောင့် နှိုင်းလေးပြန်လာသည်ဟုထင်လိုက်သည်။ မြတ်ထင်ထားသလို နှ်ိုင်းလေးပင်ဖြစ်၏။
" သားနေမကောင်းလို့ပြန်လာတာလား..."
"မဟုတ်ဘူး..မာမီ ..လာခေါ်တဲ့သူကြောင့်..."
"ဘယ်သူလာ..."
မြတ်၏ စကားမဆုံးသေးဘူး အထဲကိုဝင်လာသော သားဖြစ်သူကြောင့် အနည်းငယ်အံ့သြရသည်။ အဲ့တာကြောင့် နှိုင်းလေးကပြောတာကို လာခေါ်တဲ့သူကြောင့်ပြန်လာတာလို့။
" စပရိုက်မာမီ..."
"ပြန်လာနေသေးတယ်..ဟိုမှာပဲ
တသက်လုံးအပြီး မနေဘူး .."
"ဟာဗျာ ...ဇာတ်ကားတွေထဲကလို.. ကိုယ်သားလေးပြန်လာလို့ ..အံ့သြပြီးပြေးဖက်မယ်မရှိဘူး...ပြန်လာနေသေးတယ်တဲ့ ....ရင်ဝကို ဖိနပ်နဲ့‌ဆောင့်ကန်လိုက်သလိုပဲ ..မာမီရာ ရက်စက်လိုက်တာ..."
"အပိုတွေပြောမနေနဲ့ ပြန်လာလဲ အေးဆေးနေ..."
"နေမှာပါဗျာ...ကိုယ့်ယောက်ျားလေးနဲ့ အေးဆေး တက်နှပ်တော့မှာ.."
"နင့်ဘာသာတစ်ယောက်ထဲနှပ်...နှိုင်းလေးကိုဒုက္ခမပေးနဲ့..."
"ပေးမှာပဲဗျာ...အပေါ်တက်မယ်..."
" မာမီသား ..အပေါ်တက်တော့မယ်နော် .."
"အေးအေး...အဲ့ကောင်အနိုင့်ကျင့်တာမခံနဲ့နော်..."
နှိုင်းမှာ အပေါ်တက်မည်ဆို၍ လက်ကိုဆွဲကာ ခေါ်လာသူကြောင့် မာမီကို အသံနည်းနည်းကျယ်၍ ပြောရတော့သည်။အခန်းထဲရောက်တော့ နှိုင်းလက်ကိုလွှတ်၍ ကုတင်ပေါ်ကို ကန့်လန့်ဖြတ်၍ ဝင်လှဲသည်။
" အဝတ်အစားလဲမှာမလား..."
" အင်း..."
နှိုင်းလဲ အဝတ်ထားသည့်ဘက်ကို လျှောက်လာ၍ ပေါ့ပါးသော အဝတ်အစားကိုယူလာလိုက်သည်။ နှိုင်းအဝတ်တွေယူလာပြီး ထိုင်ချခါ နှိုင်းတို့တက်လာတော့ နောက်ကနေမင်းမင်းယူလာပေးသည့် ခရီးဆောင်အိတ်ထဲက အဝတ်တွေကို ပြန်ထုတ်နေလိုက်သည်။ လှဲနေသူကိုလဲ ပြောရသည်။
"ရေချိုးဦးမှာလား..."
"အင်းတူတူချိုးမယ်...."
"မချိုးချင်ပါဘူး ..."
"တူတူချိုးမှာလို့..."
"မချိုးချင်ဘူး..."
"ချိုးမှာပဲဗျာ..."
တူတူချိုးမှာ မချိုးဘူး ငြင်းနေသည့်အချိန် နှိုင်းဖုန်းက မြည်လာတာကြောင့်ကိုင်လိုက်သည်။ ကုတင်ပေါ်တွင်လှဲနေသူမှာလည်း နှိုင်းအနားကိုလာ၍ ထိုင်သည်။
"နှိုင်းမင်းဘယ်မှာလဲ ထွက်သွားတာကြာလို့ လိုက်လာတာ မင်းကိုဘယ်မှာမှမတွေ့လို့..."
"အိမ်မှာ..."
"တည်တံ့အသံကြီး .ဘာလဲပြန်ရောက်နေပြီလား..."
"အင်းဟုတ်တယ် ...စိတ်မပူနဲ့ငါ့ကိုလာရှာတာမင်းညီ..."
"ဪ ငါကတော့ စိတ်ပူနေတာ ...မင်းကတော့ လင်ခေါ်တာနဲ့ တန်းလိုက်သွားတာ ဖုန်းတောင်မဆက်ဘူး..."
"ငါဆက်မလို့ပဲမေ့သွားတာ..."
" အကျိုးအကြောင်းဝင်မပြောတောင် ဖုန်းမဆက်ဘူးခွေးကောင်..."
"မင်းညီအကြောင်းလည်းသိရဲ့သားနဲ့..."
"သိတယ်...သိလို့ပဲ..."
"မနက်ဖြန်လဲ...သူဆေးရုံမလာဘူးနော်..တစ်ပတ်နားပီးမှ လာလိမ့်မယ်..."
"ဘာတွေပြောနေတာလဲ..."
" ဟုတ်တယ်လေ..ကိုယ့်ယောက်ျားပြန်လာတုန်း အနားမှာနေသင့်တာပေါ့..."
"မင်းတို့ဘာသာ လာချင်လာမလာချင်နေ ဒါပဲ..."
"တည်တံ့..ဒီနေ့တောင်ပြန်လာတာလေ...."
"မသိဘူး...မသွားရဘူးတစ်ပတ်... အစားပြန်ယူတာ ကျွန်တော် မသွားခင်က သွားတဲ့ တစ်ပတ်အစား..."
"မဟုတ်ဘူးလေတည်တံ့ရယ်..."
"နှစ်ခါမပြောချင်ဘူး...အထွန့်မတက်နဲ့ "
နှိုင်းမှာ ရေချိုးခန်းထဲဝင်သွားသော ကျောပြင်ကိုကြည့်၍ ခေါင်းခါမိသည်။ ခုမှရောက်ခါရှိသေး နှိုင်းကိုအနိုင်ကျင့်နေပါပြီ။တစ်ရက်နှစ်ရက်ဆိုတော်သေး၏ တစ်ပတ်ကြီးက မဖြစ်သင့်ပါ။ ညမှ အေးဆေး နားလည်အောင်ပြောပြရမည်ဖြစ်သည်။
........................................................................
( ဖတ်ရတာအဆင်ပြေမလားတော့မသိဘူး ကြိုးစားပြီးတော့ရေးထားပါတယ် ဖတ်ပေးတဲ့တစ်ယောက်ဆီကိုကျေးဇူးတင်ပါတယ် မျှော်နေတဲ့သူရှိတာသိပါတယ် )
........................................................................
" နှိုင်း ..."
"အင်း..."
" ဘာပြောမလို့လဲ...သစ္စာ.."
"အင်း..."
"အင်း..."
"မရဘူး..."
"ဘာ... .ဒေါက်...အ.."
"အေးလေ...ငါတို့ကတော့ .."
" ပြောစမ်းပါဉီး..."
"အင်း..."
"တူတူပဲမဟုတ်ဘူးလား.."
"ရူးတာထက်ပိုတယ်..."
"ဘာလို့..."
" မင်းကိုရလို့လား..."
"ဟုတ်တယ်...ဟားဟား "
" ဘာပြောသေးလဲသူက .."
"ဘာမှမပြောပါဘူး..."
"သစ္စာ..."
"တော်ဟာ...မစနဲ့..."
"ငါမသိဘူး..."
"ဟမ်...မင်းမမေးဘူးလား.."
"ကွာရှင်းဖို့ဟုတ်လား..."
"အင်း..."
"သိပ်မဆိုးပါဘူး..."
"တိတ်စမ်း..."
" ဆရာနှိုင်း...."
"ဟုတ်ကဲ့....ဒေါက်တာ.."
"ဟုတ်ကဲ့ပါဗျာ..."
"ငါမသိဘူးဟ..."
"ဖြစ်ပါ့မလား...."
"မရှိဘူးဒေါက်တာ..."
"ဪ .."
"အံ့သြသွားတာကို...."
"အင်းချောပါတယ်..."
"ဘာဖြစ်လဲ .."
"မကောင်းဘူးလေ..."
" မဆိုးပါနဲ့တည်တံ့ရယ်..."
"စပရိုက်လေ..."
"ဖျော်ရည်လား..."
" ပြန်သွားဦးမှာလား..."
"အင်း..."
"မအင်းနဲ့ ...ထားရမလား.."
" ဂျူတီရှိသေးတယ်..."
"ဖုန်းဆက်လိုက်လေ..."
"ဟို..."
"ဟိုတိမ်ယံကိုဖုန်းဆက်လိုက်မယ်..."
"အိမ်ရောက်မှဆက်.."
"အင်းပါ...."
"ကားပေါ်တက်..."
"ဪ..."
........................................................................
"ဘယ်သူလာ..."
" စပရိုက်မာမီ..."
တသက်လုံးအပြီး မနေဘူး .."
" အဝတ်အစားလဲမှာမလား..."
" အင်း..."
"ရေချိုးဦးမှာလား..."
"အင်းတူတူချိုးမယ်...."
"မချိုးချင်ပါဘူး ..."
"တူတူချိုးမှာလို့..."
"မချိုးချင်ဘူး..."
"ချိုးမှာပဲဗျာ..."
"အိမ်မှာ..."
"သိတယ်...သိလို့ပဲ..."
"ဘာတွေပြောနေတာလဲ..."
"မဟုတ်ဘူးလေတည်တံ့ရယ်..."
........................................................................
........................................................................
Continue Reading
You'll Also Like
19.9K 1.8K 74
Greetings dear readers! This is my first ever poems book. And um I wrote these all based on my personal experiences. As you may journey through chapt...
8.9K 364 35
Highest ranks #1 Poetry (Feb, May 2024) #1 sadpoems (Feb2024) #2 darkpoems (May2024) #2 sonnet (June2024) Welcome to my world~ You are about to dive...
1.7K 48 12
❝ I wonder, why do people love? It is quite pointless. Love feels like a rubber glove, clingy, uncomfortable and jointless.❞ #1 in poetry (2/6/2024...
11.8K 307 42
Just a few bits and pieces of poetry I've written over the years. |On-going|