အချစ်ထက်သာလွန်သော[Completed]

بواسطة Ta_yaw2006

904K 50.3K 3.2K

"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြ... المزيد

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
ဇာတ်သိမ်းပိုင်း
memo
ART
Book!!

အပိုင်း(၂၁)

19.6K 1.2K 53
بواسطة Ta_yaw2006

Unicode

"Some others branches of biology are Morphology:study of forms...."

အိပ်နေစဥ် နံဘေးက တတွက်တွက်စာရွတ်သံက ကျွန်တော်ကျက်ရမှာ ပျင်းတဲ့ Bioတွေ လွတ်ဆိုနေသည့် ချစ်ငယ်အသံမှန်းသိလိုက်ပြီး ကျွန်တော့် အိပ်ချင်စိတ်က တဖြည်းဖြည်းပျောက်ပျက်သွားကာ နိုးသွားတော့သည်။ တစ်ကိုယ်လုံးက ရှိတဲ့အကြောတွေဆန့်ရင်း တစ်ချက်သမ်းလိုက်စဥ် စာကိုမျက်စိမှိတ်ဆိုနေတဲ့ ချစ်ငယ်က သတိပြုမိသွားကာ ကျွန်တော့်ဘက်လှည့်လာပြီး

"ဩ နှိုးပြီလား"

"အွန်း ဘယ်နှစ်နာရီရှိပြီလဲ"

"ရှစ်မတ်တင်းနေပြီ ပြန်အိပ်ဖို့စိတ်မကူးနဲ့ ထတော့"

ပြန်အိပ်ဖို့ စိတ်ကူးနေတဲ့ ကျွန်တော့်မှာ ချစ်ငယ်စကားကြောင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။ ကျောင်းသွားဖို့ အစောကြီးလိုသေးတာကို။

ဆံပင်ကိုတစ်ချက်ဖွလိုက်ရင်း ဘဲနှုတ်သီးလေးလို စာတွတ်တွတ်ဆိုနေတဲ့ ချစ်ငယ်ကိုကြည့်ရင်း  ကျွန်တော် ပြုံးမိသွား၏။ပြောလို့ပြောတာမဟုတ် ချစ်ငယ်က စာကျက်တဲ့ အချိန်ဆို ဘယ်လိုလေးမှန်းမသိ တခါတလေ ကျွန်တော်ကြည့်နေရင်း အသည်းယားပြီး သဘောတကျရီမိတဲ့အထိ။

မုံရွာပြန်ရောက်နေသည်မှာ ၃လပင် ရှိပြီ။ရက်လည်အပြီး ရန်ကုန်ကို ၁ပတ်အကြာ နေပြီး အပြန် မုံရွာကို ချစ်ငယ်ပါ အပါခေါ်လာခဲ့သည်။ အရင်လို ကျွန်တော်နဲ့အခန်းထဲတွင်သာ အတူတူနေစေ၏။ခန္တီးဘက် ရွှေမြောလိုက်တဲ့ အဖေ့ကြောင့် ရွှေမြောအောင်တဲ့အချိန်တွေရှိတာမို့ လူတစ်ယောက်စာတင်ကျွေးဖို့ အသာလေးပင်။ဒါကို မာနခဲလေးက ရန်ကုန်က ဝန်းကိုရောင်းပြီး အဲ့ကစရိတ်နဲ့ဘဲကျောင်းတတ်မယ်ချည်း ပြောနေလို့ အမေတို့ အန်တီဆွေတို့က ချစ်ငယ်စိတ်ချမ်းသာအောင် အိမ်ဝန်းကိုရောင်းပြီး ရတဲ့ငွေကို အမေက ချစ်ငယ် အနာဂတ် အတွက် ဖြည့်တွေးပြီး ဘဏ်မှာအကုန် အပ်ထားလိုက်၏။ကျောင်းစရိတ် စားစရိတ် ကျူရှင်စရိတ်တွေကို အခုထိ အမေ့ဘက်ကသာ တာဝန်ယူပေးခဲ့သည်။ဒါတွေကို ချစ်ငယ်က မသိသူပီပီ ယခု အသုံးစရိတ်တွေသည် သူ့ပိုက်ဆံတွေသာ သုံးနေသည်ဟု ထင်နေသည်သာ။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် တစ်ခွန်းမျှ ဝင်မစွတ်ဖတ်ခဲ့ အဓိကသည် ချစ်ငယ်အနား ကျွန်တော် နေဖို့ရန်သာ ဖြစ်သည်။

ကုတင်ပေါ်ကထကာ မျက်နှာသစ်ဖို့ တဘတ်ရှာတော့  တော်တော်နဲ့ရှာမတွေ့။ဘယ်ရောက်သွားတာလဲ။ မနေ့က တန်းပေါ်တင်ထားတာကို။

"ချစ်ငယ်"

"ဟေ"

"ငါ့တဘတ်ကော မနေ့က ဒီတန်းပေါ်တင်ထားတာ"

"ငါလျှော်ထားတယ်"

"ဟာ ယူယူမလျှော်နဲ့ဆိုကွာ"

"ငါမှမလျှော်ရင် မင်းတစ်သက်လုံး မလျှော်ဘဲပစ်ထားမှာလေ "

ချစ်ငယ်ပြောတာမှန်နေတာမို့ ကျွန်တော် ကြက်ကြီးလည်လိမ်သလို ဖြစ်သွား၏။ကျွန်တော် အပျင်းထူနေခြင်း မဟုတ်ဘဲ လျှော်ဖို့ မေ့သွားရုံသာ ဖြစ်သည်။စာတွေနဲ့လုံးပန်းနေမိသည်မှာ ၉တန်းစာဖြစ်တဲ့ ဘောဂတွဲနဲ့bioတွဲမှာ ဘောဂတွဲကိုယူမဲ့အစား ကျွန်တော်က ချစ်ငယ်ယူတဲ့ bioတွဲကိုသာ ယူခဲ့၏။

အမှတ်နဲ့အခန်းခွဲသည်မို့ အခန်းမတူတော့ဘဲ ချစ်ငယ်မှာ စာတော်သည့်သူမို့ Aခန်းမှာနေရပြီး ကျွန်တော်က  Aခန်းရဲ့ ဘေးချင်းကပ် Bခန်းတွင်သာ နေရာကျ၏။အတန်းချိန်တစ်ခု ပြီးတိုင်း Bခန်းရဲ့မော်နီတာ ဖြစ်တဲ့ကျွန်တော်က ဆရာမတွေကို နားနေခန်းဆီလိုက်လိုက်ပို့ပေးရသည်မို့ Aခန်းရှေ့ဖြတ်သွားချိန်တိုင်း  ကိုယ့်ကလေးလေးကို ချောင်းကြည့်ရတာအမော။ဒါတွေကို ချစ်ငယ် သိမှာမဟုတ်ချေ။

စက်ဘီးကို အိမ်ရှေ့ထုတ်ရင်း ချစ်ငယ်ရဲ့ လွယ်အိတ် အနီလေးကိုယူရင်း ရှေ့ခြင်းထဲသို့ ကျွန်တော့် လွယ်အိတ်နဲ့ အတူတူထည့်လိုက်၏။စက်ဘီးနင်းနေရင်း နောက်ကျောကနေစာကို rapရွတ်သလိုဆိုနေတော့ ဘဲနှုတ်သီးလေးနဲ့ချစ်ငယ်ကို အသံကြားပြီးရုပ်မြင်သွားမိတာမို့ သဘောတကျရယ်မိလိုက်၏။တကယ်ကို ချစ်စရာကောင်းတာ။

"ဘာရယ်တာလဲ"

ကျွန်တော့်ပုခုံးကို ခပ်ဆက်ဆက်ရိုက်ပြီး သူစာကျက်ဖတ်သွားလို့ မကျေနပ်သည်အသံ နဲ့ မေးလာ၏။ထိုအခါ ကျွန်တော် ရီနေတာအတောသက်လိုက်ပြီး

"ဘာမှမဟုတ်ပါဘူးကွာ"

"မနေ့ကရှင်းပြထားတဲ့ physicတွေရပြီလား"

"သိပ်နားမလည်သေးဘူး"

"အေး ညကျ ထပ်ရှင်းပြမယ်"

၉တန်းစတတ်ကတည်းက physicမှာလည်နေတဲ့ ကျွန်တော့်မှာ အားကိုးစရာဆိုလို့ ချစ်ငယ်သာ ရှိသည်။သို့သော် ကျွန်တော်က နားလည်သည့် စာအား  မလည်သလိုဟန်ဆောင်ရင်း စာရှင်းပြခိုင်းတတ်သေးသည်။ကျွန်တော်လေ ခေါင်းလေးငုံ့ပြီး လေးလေးနက်နက်နဲ့ကို စာရှင်းပြတတ်တဲ့ ချစ်ငယ်ရဲ့ အပြုအမူလေးတွေကို ငေးကြည့်ချင်လို့။ လက်ရေးလှလှလေးတွေကို ငေးကြည့်ချင်လို့။လက်လှလှလေးကိုလည်း ငေးကြည့်ချင်လို့။ဘေးတစ်စောင်းမြင်ရတဲ့ နားသယ်စပ်လေးကို ငေးကြည့်ချင်လို့။ချွေးလေးတွေစီးကျရင် ကျွန်တော် မြတ်မြတ်နိုးနိုးသုတ်ပေးမယ်။
ငယ်ချစ်ဦးဆိုတဲ့လူသားလေးကို မြတ်မြတ်နိုးနိုး ငေးကြည့်ချင်တယ်။ဒီလောက်ပဲ ကျွန်တော့်အတွက်လုံလောက်တယ်။

ကျောင်းသွားတိုင်းလမ်းကြုံ မနက်စာအဖြစ်ဝယ်ဝယ်စားတဲ့ ပြင်ဦးလွင် ကဖေးဆိုင်။ ဝက်ပေါက်နှစ်လုံးကို မှာလိုက်ပြီး ပါဆယ်သာဆွဲလိုက်၏။ခါတိုင်းဆို ဆိုင်ထိုင်ပြီး စားသော်ငှား ဒီနေ့က အသင်းနေ့မို့ အေးအေးဆေးဆေး ထိုင်စားလို့ မရပေ။ ချစ်ငယ်က စက်ဘီးနောက်ကနေ ထိုင်လိုက်သည့်သူမို့ ထိုင်စားလို့ရပေမဲ့ စက်ဘီးနင်းရတဲ့ ကျွန်တော်ကစားလို့မရ။ကျောင်းကျမှပဲ စားလိုက်တော့မယ်။

"အင့်"

"ဟင်"

"စားလေ"

ကျွန်တော်ရှေ့ ရောက်ချလာသည့်က ချစ်ငယ်လက်နဲ့အတူ လက်ထဲက ဖဲ့ထားတဲ့ပေါက်စီလေး။ကျွန်တော့်မျက်နှာပေါ် ထိန်းမနိုင်စွာ အပြုံးကြီးတစ်ခု နေရာယူသွား၏။ဘုရားရေ....ဒါက ချစ်ငယ် ကျွန်တော့်ကိုခွံ့ကျွေးတာပေါ့။ချစ်ငယ်ကလေ။

"စားပါဆို ငါလက်ညောင်းလာပြီ"

ကျွန်တော်ပြုံးပြုံးကြီးနဲ့ပင် ချစ်ငယ် လက်ထဲကပေါက်စီကို ငုံ့စားလိုက်၏။ဘဝမှာ အနူးညံ့ဆုံး ဂျုံးသားကို ကိုက်စားလိုက်ရသလို အရသာအရှိဆုံးတန်ဖိုးအရှိဆုံး မုန့်ကိုစားလိုက်ရသလို။ဘယ်သူထင်မှာလဲ ၅၀၀တန်ပေါက်စီက ကျွန်တော့်အတွက်အဖိုးတန်ဆုံးအစားစာဖြစ်နေမယ် ဆိုတာ။

ကျောင်းထဲရောက်တော့ စက်ဘီးစတန်းဆီ စက်ဘီးထားခဲ့ပြီး ချစ်ငယ်နဲ့အတူတူ စာသင်ဆောင် ၄ဆီသွားလိုက်၏။စာသင်ဆောင်က၂ထပ်ဖြစ်ပြီး အောက်ထပ်က ညာဘက်ဘေးဆုံးက စာသင်ခန်းက ချစ်ငယ်တို့စာသင်ရတဲ့အခန်းဖြစ်ပြီး ဘေးကအခန်းက ကျွန်တော် စာသင်ရတဲ့အခန်းဖြစ်သည်။အခန်းထဲဝင်ပြီး တိုင်ကပ်နာရီကြည့်မိတော့ ၉မတ်တင်း။အခန်းထောင့်က ထောင်ထားတဲ့ အမွှေးအနည်းငယ်တုံးနေတဲ့ တံမြတ်စည်းကို ယူလိုက်ပြီး အခန်းရှေ့ထွက်ကာ လှည်းနေလိုက်၏။ မကြာပါ ဘေးခန်းက ချစ်ငယ်ကပါ တံမြက်စည်းတစ်ချောင်း ကိုင်ပြီးထွက်လာသည်။
တံမြက်စည်းလှည်းနေရင်း တစ်ချက်ချက်ခိုးခိုးကြည့်မိသေး၏၊ထိုအခိုက်တွင် ရုတ်တရက် ချစ်ငယ်နဲ့မျက်လုံးချင်းစုံသွားသည်မို့ ချောင်းတစ်ချက်ဆိုးရင်း ရှက်ရှက်နဲ့ မျက်နှာလွဲရသေးသည်။

"ကဲ ဟိုကောင် မင်း ဟိုဘက်အခန်းဘက်သာ သွားလှည်းလိုက်ပါတော့လား"

အသင်းသားဖြစ်တဲ့ ကျော်ဇေယျာက အခန်းထဲ တံမြက်စည်းလှည်းနေရင်း ပြတင်းပေါက်ကနေတစ်ဆင့် မကျေမနပ်လှမ်းပြောသည်။ ချစ်ငယ်တို့ အခန်းဘက်ပါ နယ်ကျူးပြီး လှည်းနေတဲ့ ကျွန်တော်က သူပြောလည်းပြောချင်စရာ ဖြစ်သည်။ဂုတ်ပိုးကို တစ်ချက်ပွတ်ကာ ရှယ်ရယ်ရယ်ရင်း ကျွန်တော့်ဘေးက ချစ်ငယ်ကို တစ်ချက် ပြုံးပြလိုက်ပြီး ကိုယ့်အခန်းရှေ့ကိုသာ တံမြက်စည်းလှည်းနေလိုက်တော့၏။

မနက်ခင်းပိုင်းအချိန်တွေပြီးဆုံးကာ ထမင်းစားချိန်ရောက်လာခဲ့သည်။ ကိုယ့်ထမင်းချိုင့်ကိုဆွဲ၊ ဦးတည်ရာက ချစ်ငယ် အခန်းဘက်ဆီသာဖြစ်သည်။

အခန်းထဲဝင်ဝင်ချင်း မြင်လိုက်ရတာက ချစ်ငယ်အပြင် ချစ်ငယ်ဘေးက ကောင်လေးတစ်ယောက်။ထိုစဥ် ကျွန်တော် အလိုမကျစွာ မျက်မှောင်ကကြုတ်ကနဲ။ဘယ်သူလဲ။အဲ့လောက် ကပ်နေစရာလိုလို့လား။ဘာတွေပြောနေကြတာလဲ။သို့လော သို့လော မေးခွန်းတွေမှာ မပြီးဆုံးတော့ စိတ်ကရှုတ်လာသည်မို့ ပူးကပ်နေတဲ့နှစ်ယောက်ဆီသွား၊ ကျွန်တော့လက်ထဲက ချိုင့်အား နှစ်ယောက်သားကြား ဝုန်းကတည်းချပစ်လိုက်၏။

"အမလေး"

"အမေ့"

ချစ်ငယ်ဘေးက ကောင်လေးအား မကြည်စွာ တစ်ချက်ကြည့်လိုက်ရင်း

"ထမင်းစားမယ်လေ ဘာလုပ်နေတာလဲ"

"ခဏ လွမ်းစေသော် စာမေးနေလို့ ငါစာရှင်းပြလိုက်ဦးမယ်"

ဒါကဘာလဲ။ကျွန်တော့်ကို ဂရုမစိုက်တာလား။ကျွန်တော့်ကိုလေ။အခုမှခင်တဲ့ကောင်ကြောင့် ကျွန်တော့်ကို အခုလို။ဟား ရတယ်လေ။

"ဟိုကောင်လေး ဒီအချိန်က ထမင်းစားမဲ့အချိန် စာရှင်းပြနေတုန်း ချစ်ငယ် ဗိုက်ဆာနေမယ်ဆိုတာ မင်းမတွေးဘူးလား မင်းစာနားမလည်ရင် ဆရာမ သွားမေးလေ "

"လွမ်းစေသော် ဘယ်လိုတွေပြောနေတာလဲ"

ချစ်ငယ်က ကျွန်တော့်အား မျက်မှောင်ကြုတ်က အနည်းငယ်မာသည့် အသံဖြင့် ဟန့်၏။ထိုအချိန်တွင် ကျွန်တော်နဲ့ ချစ်ငယ်ကြား လေထုမှာ အနည်းငယ် တင်းမာနေ၏။မလျော့နိုင်။ဘာလဲ ထမင်းစားချိန်တန် စားရမှာပေါ့။

"အာ ဟို ဟို ငါတောင်းပန်ပါတယ် မင်းဗိုက်ဆာနေမှာပေါ့ ရတယ် ငါပြီးမှ ဆရာမသွားမေးလိုက်မယ်"

"ရပါတယ် အဆင်ပြေရဲ့လား မဟုတ်လည်း ထမင်းစားပြီးရင် ငါရှင်းပြမယ်လေ",

တစ်ဖက်က ငြင်းနေတာတောင် စာရှင်းပြဖို့ ဆန္ဒတွေပြင်းပြနေသူအား ကျွန်တော်အမြင်ကတ်စွာ ခြင်းထဲကထမင်းချိုင့်ကိုထုတ်ပြီး ထပ်မံ အားနဲ့ဆောင့်ချလိုက်၏။ဟုတ်တယ် ကျွန်တော်စိတ်မရှည်တော့ဘူး။မကြိုက်ဘူးဆိုတာကို သူမသိဘူးလား။

ဝုန်း

"အာ အာ  ဟို ရတယ် ရတယ် ငါ့ဘာသာ ဆရာမသွားမေးတော့မယ်"

"ဩ အဲ့တာဆိုလည်း သဘော"
...

"အဲ့လောက် စာရှင်းပြချင်နေတယ်ပေါ့"

ထမင်းချိုင့်ထဲက ထမင်းခဲကို မကျေမနပ်နဲ့ ဇွန်းနဲ့ ထိုးထိုးချရင်း ကျွန်တော် ဘူတောတော မေးလိုက်၏။

"ဘာလဲ သူကစာလာမေးတာလေ"

"မင်းဘဲမေးစရာရှိတာလား အခြားသူတွေမေးလည်းရတာကို ချစ်ငယ် မင်းကလည်းနော် ဟိုကရတယ် ပြောနေတာတောင် အတင်းရှင်းပြချင်နေတော့တာပဲ"

"ကဲ လွမ်းစေသော် ထမင်းလေးတော့ ကောင်းကောင်းစားပါရစေဦး ဟုတ်ပြီလား"

ချစ်ငယ်က ထိုကဲသို့ပြောပြီး ထမင်းဆက်စားနေ၏။ ဆက်ပြောမဲ့ ကျွန်တော်က မကျေမနပ်ဖြင့်သာ ငြိမ်နေရသည်။ဒါလေးပြောတာကို။

ထမင်းစားပြီးချိန်၌ အခန်းမပြန်သေးဘဲ ထမင်းကိုယုန်ပေါက်လေးလို တမြုံမြုံနဲ့စားနေတဲ့ ချစ်ငယ်ကို မသိမသာလေး ခိုးကြည့်လိုက်သည်။ချစ်စရာကောင်းနေတာမို့ ပြုံးလိုက်ရင်း စာရေးခုံအောက်မှာ ထားထားတဲ့ ချစ်ငယ်စာအုပ်ကို ဆွဲယူလိုက်ပြီး လှန်ကြည့်လိုက်တော့ မြန်မာစာအုပ်။မှင်ပြာလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ စာလုံးလှလှလေးတွေ။ထိုစာရွက်လေးပေါ် လက်နဲ့ ခပ်ဖွဖွလေးပွတ်သပ်နေမိ၏။လက်ရေးကဝိုင်းစက်နေအောင်လှသည်။ချစ်ငယ်က အရာရာပြည့်စုံလွန်းသည်။

"ဟာ သေပြီ"

"ဘာဖြစ်တာလဲ"

ကျွန်တော့်အမေးအား မဖြေဘဲ လွယ်အိတ်ထဲခေါင်းဝင်မတက် ရှာနေတဲ့ ချစ်ငယ် မျက်နှာမှာ စိုးရိမ်မှုတွေကအတိုင်းသား။

"Bioပုံနှိပ် မေ့ကျန်နေခဲ့ပြီ"

"ဟမ် သေချာရှာပါဦး"

Bioဆရာမအကြောင်း ကျွန်တော်သိသည်။ကျောင်းစတတ်ကတည်းက သူသင်တဲ့Bioပုံနှိပ်ကို သေချာယူလာခဲ့ဖို့ မေ့ကျန်ခဲ့ရင် ရိုက်မယ်ဟု မှာထားသည်။ကျွန်တော် မနေနိုင်စွာ ချစ်ငယ်လက်ထဲက လွယ်အိတ်ကို ယူပြီး စာအုပ်တွေကို လှန်လောရှာလိုက်၏။တကယ်ပါ မလာဘူးပဲ။

"ပါ..ပါမလာဘူး မနက်ကစာပြန်နွေးရင်းနဲ့ မေ့ကျန်ခဲ့တာ"

လွယ်အိတ်ကိုကြည့်ကာ ကျွန်တော့်ကိုပြောပြနေတဲ့ချစ်ငယ်မျက်နှာမှာ မိုးပြိုတော့မဲ့အလား။ကျွန်တော် သက်ပြင်းတစ်ချက်ချကာ မကြည့်ရက်သလို မျက်နှာလွဲလိုက်ပြီး တွေဝေမနေဘဲ အခန်းဘက်ပြန်သွားကာ ကျွန်တော့်လွယ်အိတ်ထဲက Bioပုံနှိပ်ကို ယူလိုက်ပြီး ချစ်ငယ်ရှိရာ အခန်းဘက်သွားလိုက်၏။

"ရော့ ငါ့ပုံနှိပ်ယူသုံးလိုက်"

"မင်းအတန်းချိန်မပါဘူးလား"

"မပါဘူး"

"ကျေးဇူးပဲ လွမ်းစေသော်"

ထိုအခါမှသာ ပျက်ယွင်းသွားတဲ့မျက်နှာလေးက ပြုံးရွင်လာသည်မို့ ကျွန်တော်သက်ပြင်းချလိုက်မိသည်။တော်သေးတာပေါ့။မငိုလို့။

"ချစ်ငယ် ငါသွားပြီ"

ခေါင်းလောင်းထိုးနေပြီမို့ ချစ်ငယ်ကို နှုတ်ဆက်လိုက်ပြီး ကိုယ့်အခန်းဆီသာ ပြန်လာခဲ့လိုက်၏။အခန်းထောင့်က ကပ်ထားတဲ့ Time table စာရွက်ကြီးကို ကျွန်တော်ကြည့်မိရင်း ခပ်သာသာလေးပြုံးရင်း လျစ်လျှူရှူလိုက်သည်။အင်္ဂါနေ့ရဲ့နောက်ဆုံးအတန်းချိန်ကBio။ထားပါ။ဒါတွေ အရေးမကြီးဘူး။ကျွန်တော့်အသားမနာဖို့ထက် ချစ်ငယ်အသားမနာဖို့က အရေးကြီးတယ်။ပြီးတော့ ချစ်ငယ်မငိုဖို့အရေးကြီးတယ်။

.....
Ta_yaw
Words_2213
ကြိုက်ရင်voteလေးပေးခဲ့နော်😁(9တန်းbioဆရာမက ပုံနှိပ်မပါရင် ရိုက်တာ စိတ်ကူးယဥ်သပ်သပ်ပါ အပြင်က9တန်းဆရာမကိုထိခိုက်လိုစိတ်မရှိပါဘူးရှင့် ၄တန်းတုန်းပုံနှိပ်မပါလို့ရိုက်တဲ့ဆရာမကိုသတိရလို့ထည့်ရေးမိတာလေး)


Zawgyi

"Some others branches of biology are Morphology:study of forms...."

အိပ္ေနစဥ္ နံေဘးက တတြက္တြက္စာ႐ြတ္သံက ကြၽန္ေတာ္က်က္ရမွာ ပ်င္းတဲ့ Bioေတြ လြတ္ဆိုေနသည့္ ခ်စ္ငယ္အသံမွန္းသိလိုက္ၿပီး ကြၽန္ေတာ့္ အိပ္ခ်င္စိတ္က တျဖည္းျဖည္းေပ်ာက္ပ်က္သြားကာ နိုးသြားေတာ့သည္။ တစ္ကိုယ္လုံးက ရွိတဲ့အေၾကာေတြဆန့္ရင္း တစ္ခ်က္သမ္းလိုက္စဥ္ စာကိုမ်က္စိမွိတ္ဆိုေနတဲ့ ခ်စ္ငယ္က သတိျပဳမိသြားကာ ကြၽန္ေတာ့္ဘက္လွည့္လာၿပီး

"ဩ ႏွိုးၿပီလား"

"အြန္း ဘယ္ႏွစ္နာရီရွိၿပီလဲ"

"ရွစ္မတ္တင္းေနၿပီ ျပန္အိပ္ဖို႔စိတ္မကူးနဲ႕ ထေတာ့"

ျပန္အိပ္ဖို႔ စိတ္ကူးေနတဲ့ ကြၽန္ေတာ့္မွာ ခ်စ္ငယ္စကားေၾကာင့္ ႏွာေခါင္းတစ္ခ်က္ရႈံ႕လိုက္၏။ ေက်ာင္းသြားဖို႔ အေစာႀကီးလိုေသးတာကို။

ဆံပင္ကိုတစ္ခ်က္ဖြလိုက္ရင္း ဘဲႏႈတ္သီးေလးလို စာတြတ္တြတ္ဆိုေနတဲ့ ခ်စ္ငယ္ကိုၾကည့္ရင္း ကြၽန္ေတာ္ ၿပဳံးမိသြား၏။ေျပာလို႔ေျပာတာမဟုတ္ ခ်စ္ငယ္က စာက်က္တဲ့ အခ်ိန္ဆို ဘယ္လိုေလးမွန္းမသိ တခါတေလ ကြၽန္ေတာ္ၾကည့္ေနရင္း အသည္းယားၿပီး သေဘာတက်ရီမိတဲ့အထိ။

မုံ႐ြာျပန္ေရာက္ေနသည္မွာ ၃လပင္ ရွိၿပီ။ရက္လည္အၿပီး ရန္ကုန္ကို ၁ပတ္အၾကာ ေနၿပီး အျပန္ မုံ႐ြာကို ခ်စ္ငယ္ပါ အပါေခၚလာခဲ့သည္။ အရင္လို ကြၽန္ေတာ္နဲ႕အခန္းထဲတြင္သာ အတူတူေနေစ၏။ခႏၱီးဘက္ ေ႐ႊေျမာလိုက္တဲ့ အေဖ့ေၾကာင့္ ေ႐ႊေျမာေအာင္တဲ့အခ်ိန္ေတြရွိတာမို႔ လူတစ္ေယာက္စာတင္ေကြၽးဖို႔ အသာေလးပင္။ဒါကို မာနခဲေလးက ရန္ကုန္က ဝန္းကိုေရာင္းၿပီး အဲ့ကစရိတ္နဲ႕ဘဲေက်ာင္းတတ္မယ္ခ်ည္း ေျပာေနလို႔ အေမတို႔ အန္တီေဆြတို႔က ခ်စ္ငယ္စိတ္ခ်မ္းသာေအာင္ အိမ္ဝန္းကိုေရာင္းၿပီး ရတဲ့ေငြကို အေမက ခ်စ္ငယ္ အနာဂတ္ အတြက္ ျဖည့္ေတြးၿပီး ဘဏ္မွာအကုန္ အပ္ထားလိုက္၏။ေက်ာင္းစရိတ္ စားစရိတ္ က်ဴရွင္စရိတ္ေတြကို အခုထိ အေမ့ဘက္ကသာ တာဝန္ယူေပးခဲ့သည္။ဒါေတြကို ခ်စ္ငယ္က မသိသူပီပီ ယခု အသုံးစရိတ္ေတြသည္ သူ႕ပိုက္ဆံေတြသာ သုံးေနသည္ဟု ထင္ေနသည္သာ။ ထိုကိစၥနဲ႕ ပတ္သက္ၿပီး ကြၽန္ေတာ္ တစ္ခြန္းမွ် ဝင္မစြတ္ဖတ္ခဲ့ အဓိကသည္ ခ်စ္ငယ္အနား ကြၽန္ေတာ္ ေနဖို႔ရန္သာ ျဖစ္သည္။

ကုတင္ေပၚကထကာ မ်က္ႏွာသစ္ဖို႔ တဘတ္ရွာေတာ့ ေတာ္ေတာ္နဲ႕ရွာမေတြ႕။ဘယ္ေရာက္သြားတာလဲ။ မေန႕က တန္းေပၚတင္ထားတာကို။

"ခ်စ္ငယ္"

"ေဟ"

"ငါ့တဘတ္ေကာ မေန႕က ဒီတန္းေပၚတင္ထားတာ"

"ငါေလွ်ာ္ထားတယ္"

"ဟာ ယူယူမေလွ်ာ္နဲ႕ဆိုကြာ"

"ငါမွမေလွ်ာ္ရင္ မင္းတစ္သက္လုံး မေလွ်ာ္ဘဲပစ္ထားမွာေလ "

ခ်စ္ငယ္ေျပာတာမွန္ေနတာမို႔ ကြၽန္ေတာ္ ၾကက္ႀကီးလည္လိမ္သလို ျဖစ္သြား၏။ကြၽန္ေတာ္ အပ်င္းထူေနျခင္း မဟုတ္ဘဲ ေလွ်ာ္ဖို႔ ေမ့သြား႐ုံသာ ျဖစ္သည္။စာေတြနဲ႕လုံးပန္းေနမိသည္မွာ ၉တန္းစာျဖစ္တဲ့ ေဘာဂတြဲနဲ႕bioတြဲမွာ ေဘာဂတြဲကိုယူမဲ့အစား ကြၽန္ေတာ္က ခ်စ္ငယ္ယူတဲ့ bioတြဲကိုသာ ယူခဲ့၏။

အမွတ္နဲ႕အခန္းခြဲသည္မို႔ အခန္းမတူေတာ့ဘဲ ခ်စ္ငယ္မွာ စာေတာ္သည့္သူမို႔ Aခန္းမွာေနရၿပီး ကြၽန္ေတာ္က Aခန္းရဲ႕ ေဘးခ်င္းကပ္ Bခန္းတြင္သာ ေနရာက်၏။အတန္းခ်ိန္တစ္ခု ၿပီးတိုင္း Bခန္းရဲ႕ေမာ္နီတာ ျဖစ္တဲ့ကြၽန္ေတာ္က ဆရာမေတြကို နားေနခန္းဆီလိုက္လိုက္ပို႔ေပးရသည္မို႔ Aခန္းေရွ႕ျဖတ္သြားခ်ိန္တိုင္း ကိုယ့္ကေလးေလးကို ေခ်ာင္းၾကည့္ရတာအေမာ။ဒါေတြကို ခ်စ္ငယ္ သိမွာမဟုတ္ေခ်။

စက္ဘီးကို အိမ္ေရွ႕ထုတ္ရင္း ခ်စ္ငယ္ရဲ႕ လြယ္အိတ္ အနီေလးကိုယူရင္း ေရွ႕ျခင္းထဲသို႔ ကြၽန္ေတာ့္ လြယ္အိတ္နဲ႕ အတူတူထည့္လိုက္၏။စက္ဘီးနင္းေနရင္း ေနာက္ေက်ာကေနစာကို rap႐ြတ္သလိုဆိုေနေတာ့ ဘဲႏႈတ္သီးေလးနဲ႕ခ်စ္ငယ္ကို အသံၾကားၿပီး႐ုပ္ျမင္သြားမိတာမို႔ သေဘာတက်ရယ္မိလိုက္၏။တကယ္ကို ခ်စ္စရာေကာင္းတာ။

"ဘာရယ္တာလဲ"

ကြၽန္ေတာ့္ပုခုံးကို ခပ္ဆက္ဆက္ရိုက္ၿပီး သူစာက်က္ဖတ္သြားလို႔ မေက်နပ္သည္အသံ နဲ႕ ေမးလာ၏။ထိုအခါ ကြၽန္ေတာ္ ရီေနတာအေတာသက္လိုက္ၿပီး

"ဘာမွမဟုတ္ပါဘူးကြာ"

"မေန႕ကရွင္းျပထားတဲ့ physicေတြရၿပီလား"

"သိပ္နားမလည္ေသးဘူး"

"ေအး ညက် ထပ္ရွင္းျပမယ္"

၉တန္းစတတ္ကတည္းက physicမွာလည္ေနတဲ့ ကြၽန္ေတာ့္မွာ အားကိုးစရာဆိုလို႔ ခ်စ္ငယ္သာ ရွိသည္။သို႔ေသာ္ ကြၽန္ေတာ္က နားလည္သည့္ စာအား  မလည္သလိုဟန္ေဆာင္ရင္း စာရွင္းျပခိုင္းတတ္ေသးသည္။ကြၽန္ေတာ္ေလ ေခါင္းေလးငုံ႕ၿပီး ေလးေလးနက္နက္နဲ႕ကို စာရွင္းျပတတ္တဲ့ ခ်စ္ငယ္ရဲ႕ အျပဳအမူေလးေတြကို ေငးၾကည့္ခ်င္လို႔။ လက္ေရးလွလွေလးေတြကို ေငးၾကည့္ခ်င္လို႔။လက္လွလွေလးကိုလည္း ေငးၾကည့္ခ်င္လို႔။ေဘးတစ္ေစာင္းျမင္ရတဲ့ နားသယ္စပ္ေလးကို ေငးၾကည့္ခ်င္လို႔။ေခြၽးေလးေတြစီးက်ရင္ ကြၽန္ေတာ္ ျမတ္ျမတ္နိုးနိုးသုတ္ေပးမယ္။
ငယ္ခ်စ္ဦးဆိုတဲ့လူသားေလးကို ျမတ္ျမတ္နိုးနိုး ေငးၾကည့္ခ်င္တယ္။ဒီေလာက္ပဲ ကြၽန္ေတာ့္အတြက္လုံေလာက္တယ္။

ေက်ာင္းသြားတိုင္းလမ္းႀကဳံ မနက္စာအျဖစ္ဝယ္ဝယ္စားတဲ့ ျပင္ဦးလြင္ ကေဖးဆိုင္။ ဝက္ေပါက္ႏွစ္လုံးကို မွာလိုက္ၿပီး ပါဆယ္သာဆြဲလိုက္၏။ခါတိုင္းဆို ဆိုင္ထိုင္ၿပီး စားေသာ္ငွား ဒီေန႕က အသင္းေန႕မို႔ ေအးေအးေဆးေဆး ထိုင္စားလို႔ မရေပ။ ခ်စ္ငယ္က စက္ဘီးေနာက္ကေန ထိုင္လိုက္သည့္သူမို႔ ထိုင္စားလို႔ရေပမဲ့ စက္ဘီးနင္းရတဲ့ ကြၽန္ေတာ္ကစားလို႔မရ။ေက်ာင္းက်မွပဲ စားလိုက္ေတာ့မယ္။

"အင့္"

"ဟင္"

"စားေလ"

ကြၽန္ေတာ္ေရွ႕ ေရာက္ခ်လာသည့္က ခ်စ္ငယ္လက္နဲ႕အတူ လက္ထဲက ဖဲ့ထားတဲ့ေပါက္စီေလး။ကြၽန္ေတာ့္မ်က္ႏွာေပၚ ထိန္းမနိုင္စြာ အၿပဳံးႀကီးတစ္ခု ေနရာယူသြား၏။ဘုရားေရ....ဒါက ခ်စ္ငယ္ ကြၽန္ေတာ့္ကိုခြံ႕ေကြၽးတာေပါ့။ခ်စ္ငယ္ကေလ။

"စားပါဆို ငါလက္ေညာင္းလာၿပီ"

ကြၽန္ေတာ္ၿပဳံးၿပဳံးႀကီးနဲ႕ပင္ ခ်စ္ငယ္ လက္ထဲကေပါက္စီကို ငုံ႕စားလိုက္၏။ဘဝမွာ အႏူးညံ့ဆုံး ဂ်ဳံးသားကို ကိုက္စားလိုက္ရသလို အရသာအရွိဆုံးတန္ဖိုးအရွိဆုံး မုန့္ကိုစားလိုက္ရသလို။ဘယ္သူထင္မွာလဲ ၅၀၀တန္ေပါက္စီက ကြၽန္ေတာ့္အတြက္အဖိုးတန္ဆုံးအစားစာျဖစ္ေနမယ္ ဆိုတာ။

ေက်ာင္းထဲေရာက္ေတာ့ စက္ဘီးစတန္းဆီ စက္ဘီးထားခဲ့ၿပီး ခ်စ္ငယ္နဲ႕အတူတူ စာသင္ေဆာင္ ၄ဆီသြားလိုက္၏။စာသင္ေဆာင္က၂ထပ္ျဖစ္ၿပီး ေအာက္ထပ္က ညာဘက္ေဘးဆုံးက စာသင္ခန္းက ခ်စ္ငယ္တို႔စာသင္ရတဲ့အခန္းျဖစ္ၿပီး ေဘးကအခန္းက ကြၽန္ေတာ္ စာသင္ရတဲ့အခန္းျဖစ္သည္။အခန္းထဲဝင္ၿပီး တိုင္ကပ္နာရီၾကည့္မိေတာ့ ၉မတ္တင္း။အခန္းေထာင့္က ေထာင္ထားတဲ့ အေမႊးအနည္းငယ္တုံးေနတဲ့ တံျမတ္စည္းကို ယူလိုက္ၿပီး အခန္းေရွ႕ထြက္ကာ လွည္းေနလိုက္၏။ မၾကာပါ ေဘးခန္းက ခ်စ္ငယ္ကပါ တံျမက္စည္းတစ္ေခ်ာင္း ကိုင္ၿပီးထြက္လာသည္။
တံျမက္စည္းလွည္းေနရင္း တစ္ခ်က္ခ်က္ခိုးခိုးၾကည့္မိေသး၏၊ထိုအခိုက္တြင္ ႐ုတ္တရက္ ခ်စ္ငယ္နဲ႕မ်က္လုံးခ်င္းစုံသြားသည္မို႔ ေခ်ာင္းတစ္ခ်က္ဆိုးရင္း ရွက္ရွက္နဲ႕ မ်က္ႏွာလြဲရေသးသည္။

"ကဲ ဟိုေကာင္ မင္း ဟိုဘက္အခန္းဘက္သာ သြားလွည္းလိုက္ပါေတာ့လား"

အသင္းသားျဖစ္တဲ့ ေက်ာ္ေဇယ်ာက အခန္းထဲ တံျမက္စည္းလွည္းေနရင္း ျပတင္းေပါက္ကေနတစ္ဆင့္ မေက်မနပ္လွမ္းေျပာသည္။ ခ်စ္ငယ္တို႔ အခန္းဘက္ပါ နယ္က်ဴးၿပီး လွည္းေနတဲ့ ကြၽန္ေတာ္က သူေျပာလည္းေျပာခ်င္စရာ ျဖစ္သည္။ဂုတ္ပိုးကို တစ္ခ်က္ပြတ္ကာ ရွယ္ရယ္ရယ္ရင္း ကြၽန္ေတာ့္ေဘးက ခ်စ္ငယ္ကို တစ္ခ်က္ ၿပဳံးျပလိုက္ၿပီး ကိုယ့္အခန္းေရွ႕ကိုသာ တံျမက္စည္းလွည္းေနလိုက္ေတာ့၏။

မနက္ခင္းပိုင္းအခ်ိန္ေတြၿပီးဆုံးကာ ထမင္းစားခ်ိန္ေရာက္လာခဲ့သည္။ ကိုယ့္ထမင္းခ်ိဳင့္ကိုဆြဲ၊ ဦးတည္ရာက ခ်စ္ငယ္ အခန္းဘက္ဆီသာျဖစ္သည္။

အခန္းထဲဝင္ဝင္ခ်င္း ျမင္လိုက္ရတာက ခ်စ္ငယ္အျပင္ ခ်စ္ငယ္ေဘးက ေကာင္ေလးတစ္ေယာက္။ထိုစဥ္ ကြၽန္ေတာ္ အလိုမက်စြာ မ်က္ေမွာင္ကၾကဳတ္ကနဲ။ဘယ္သူလဲ။အဲ့ေလာက္ ကပ္ေနစရာလိုလို႔လား။ဘာေတြေျပာေနၾကတာလဲ။သို႔ေလာ သို႔ေလာ ေမးခြန္းေတြမွာ မၿပီးဆုံးေတာ့ စိတ္ကရႈတ္လာသည္မို႔ ပူးကပ္ေနတဲ့ႏွစ္ေယာက္ဆီသြား၊ ကြၽန္ေတာ့လက္ထဲက ခ်ိဳင့္အား ႏွစ္ေယာက္သားၾကား ဝုန္းကတည္းခ်ပစ္လိုက္၏။

"အမေလး"

"အေမ့"

ခ်စ္ငယ္ေဘးက ေကာင္ေလးအား မၾကည္စြာ တစ္ခ်က္ၾကည့္လိုက္ရင္း

"ထမင္းစားမယ္ေလ ဘာလုပ္ေနတာလဲ"

"ခဏ လြမ္းေစေသာ္ စာေမးေနလို႔ ငါစာရွင္းျပလိုက္ဦးမယ္"

ဒါကဘာလဲ။ကြၽန္ေတာ့္ကို ဂ႐ုမစိုက္တာလား။ကြၽန္ေတာ့္ကိုေလ။အခုမွခင္တဲ့ေကာင္ေၾကာင့္ ကြၽန္ေတာ့္ကို အခုလို။ဟား ရတယ္ေလ။

"ဟိုေကာင္ေလး ဒီအခ်ိန္က ထမင္းစားမဲ့အခ်ိန္ စာရွင္းျပေနတုန္း ခ်စ္ငယ္ ဗိုက္ဆာေနမယ္ဆိုတာ မင္းမေတြးဘူးလား မင္းစာနားမလည္ရင္ ဆရာမ သြားေမးေလ "

"လြမ္းေစေသာ္ ဘယ္လိုေတြေျပာေနတာလဲ"

ခ်စ္ငယ္က ကြၽန္ေတာ့္အား မ်က္ေမွာင္ၾကဳတ္က အနည္းငယ္မာသည့္ အသံျဖင့္ ဟန့္၏။ထိုအခ်ိန္တြင္ ကြၽန္ေတာ္နဲ႕ ခ်စ္ငယ္ၾကား ေလထုမွာ အနည္းငယ္ တင္းမာေန၏။မေလ်ာ့နိုင္။ဘာလဲ ထမင္းစားခ်ိန္တန္ စားရမွာေပါ့။

"အာ ဟို ဟို ငါေတာင္းပန္ပါတယ္ မင္းဗိုက္ဆာေနမွာေပါ့ ရတယ္ ငါၿပီးမွ ဆရာမသြားေမးလိုက္မယ္"

"ရပါတယ္ အဆင္ေျပရဲ႕လား မဟုတ္လည္း ထမင္းစားၿပီးရင္ ငါရွင္းျပမယ္ေလ",

တစ္ဖက္က ျငင္းေနတာေတာင္ စာရွင္းျပဖို႔ ဆႏၵေတြျပင္းျပေနသူအား ကြၽန္ေတာ္အျမင္ကတ္စြာ ျခင္းထဲကထမင္းခ်ိဳင့္ကိုထုတ္ၿပီး ထပ္မံ အားနဲ႕ေဆာင့္ခ်လိဳက္၏။ဟုတ္တယ္ ကြၽန္ေတာ္စိတ္မရွည္ေတာ့ဘူး။မႀကိဳက္ဘူးဆိုတာကို သူမသိဘူးလား။

ဝုန္း

"အာ အာ  ဟို ရတယ္ ရတယ္ ငါ့ဘာသာ ဆရာမသြားေမးေတာ့မယ္"

"ဩ အဲ့တာဆိုလည္း သေဘာ"
...

"အဲ့ေလာက္ စာရွင္းျပခ်င္ေနတယ္ေပါ့"

ထမင္းခ်ိဳင့္ထဲက ထမင္းခဲကို မေက်မနပ္နဲ႕ ဇြန္းနဲ႕ ထိုးထိုးခ်ရင္း ကြၽန္ေတာ္ ဘူေတာေတာ ေမးလိုက္၏။

"ဘာလဲ သူကစာလာေမးတာေလ"

"မင္းဘဲေမးစရာရွိတာလား အျခားသူေတြေမးလည္းရတာကို ခ်စ္ငယ္ မင္းကလည္းေနာ္ ဟိုကရတယ္ ေျပာေနတာေတာင္ အတင္းရွင္းျပခ်င္ေနေတာ့တာပဲ"

"ကဲ လြမ္းေစေသာ္ ထမင္းေလးေတာ့ ေကာင္းေကာင္းစားပါရေစဦး ဟုတ္ၿပီလား"

ခ်စ္ငယ္က ထိုကဲသို႔ေျပာၿပီး ထမင္းဆက္စားေန၏။ ဆက္ေျပာမဲ့ ကြၽန္ေတာ္က မေက်မနပ္ျဖင့္သာ ၿငိမ္ေနရသည္။ဒါေလးေျပာတာကို။

ထမင္းစားၿပီးခ်ိန္၌ အခန္းမျပန္ေသးဘဲ ထမင္းကိုယုန္ေပါက္ေလးလို တၿမဳံၿမဳံနဲ႕စားေနတဲ့ ခ်စ္ငယ္ကို မသိမသာေလး ခိုးၾကည့္လိုက္သည္။ခ်စ္စရာေကာင္းေနတာမို႔ ၿပဳံးလိုက္ရင္း စာေရးခုံေအာက္မွာ ထားထားတဲ့ ခ်စ္ငယ္စာအုပ္ကို ဆြဲယူလိုက္ၿပီး လွန္ၾကည့္လိုက္ေတာ့ ျမန္မာစာအုပ္။မွင္ျပာေလးေတြနဲ႕ ဖြဲ႕စည္းထားတဲ့ စာလုံးလွလွေလးေတြ။ထိုစာ႐ြက္ေလးေပၚ လက္နဲ႕ ခပ္ဖြဖြေလးပြတ္သပ္ေနမိ၏။လက္ေရးကဝိုင္းစက္ေနေအာင္လွသည္။ခ်စ္ငယ္က အရာရာျပည့္စုံလြန္းသည္။

"ဟာ ေသၿပီ"

"ဘာျဖစ္တာလဲ"

ကြၽန္ေတာ့္အေမးအား မေျဖဘဲ လြယ္အိတ္ထဲေခါင္းဝင္မတက္ ရွာေနတဲ့ ခ်စ္ငယ္ မ်က္ႏွာမွာ စိုးရိမ္မႈေတြကအတိုင္းသား။

"Bioပုံႏွိပ္ ေမ့က်န္ေနခဲ့ၿပီ"

"ဟမ္ ေသခ်ာရွာပါဦး"

Bioဆရာမအေၾကာင္း ကြၽန္ေတာ္သိသည္။ေက်ာင္းစတတ္ကတည္းက သူသင္တဲ့Bioပုံႏွိပ္ကို ေသခ်ာယူလာခဲ့ဖို႔ ေမ့က်န္ခဲ့ရင္ ရိုက္မယ္ဟု မွာထားသည္။ကြၽန္ေတာ္ မေနနိုင္စြာ ခ်စ္ငယ္လက္ထဲက လြယ္အိတ္ကို ယူၿပီး စာအုပ္ေတြကို လွန္ေလာရွာလိုက္၏။တကယ္ပါ မလာဘူးပဲ။

"ပါ..ပါမလာဘူး မနက္ကစာျပန္ႏြေးရင္းနဲ႕ ေမ့က်န္ခဲ့တာ"

လြယ္အိတ္ကိုၾကည့္ကာ ကြၽန္ေတာ့္ကိုေျပာျပေနတဲ့ခ်စ္ငယ္မ်က္ႏွာမွာ မိုးၿပိဳေတာ့မဲ့အလား။ကြၽန္ေတာ္ သက္ျပင္းတစ္ခ်က္ခ်ကာ မၾကည့္ရက္သလို မ်က္ႏွာလြဲလိုက္ၿပီး ေတြေဝမေနဘဲ အခန္းဘက္ျပန္သြားကာ ကြၽန္ေတာ့္လြယ္အိတ္ထဲက Bioပုံႏွိပ္ကို ယူလိုက္ၿပီး ခ်စ္ငယ္ရွိရာ အခန္းဘက္သြားလိုက္၏။

"ေရာ့ ငါ့ပုံႏွိပ္ယူသုံးလိုက္"

"မင္းအတန္းခ်ိန္မပါဘူးလား"

"မပါဘူး"

"ေက်းဇူးပဲ လြမ္းေစေသာ္"

ထိုအခါမွသာ ပ်က္ယြင္းသြားတဲ့မ်က္ႏွာေလးက ၿပဳံး႐ြင္လာသည္မို႔ ကြၽန္ေတာ္သက္ျပင္းခ်လိဳက္မိသည္။ေတာ္ေသးတာေပါ့။မငိုလို႔။

"ခ်စ္ငယ္ ငါသြားၿပီ"

ေခါင္းေလာင္းထိုးေနၿပီမို႔ ခ်စ္ငယ္ကို ႏႈတ္ဆက္လိုက္ၿပီး ကိုယ့္အခန္းဆီသာ ျပန္လာခဲ့လိုက္၏။အခန္းေထာင့္က ကပ္ထားတဲ့ Time table စာ႐ြက္ႀကီးကို ကြၽန္ေတာ္ၾကည့္မိရင္း ခပ္သာသာေလးၿပဳံးရင္း လ်စ္လ်ႉရႉလိုက္သည္။အဂၤါေန႕ရဲ႕ေနာက္ဆုံးအတန္းခ်ိန္ကBio။ထားပါ။ဒါေတြ အေရးမႀကီးဘူး။ကြၽန္ေတာ့္အသားမနာဖို႔ထက္ ခ်စ္ငယ္အသားမနာဖို႔က အေရးႀကီးတယ္။ၿပီးေတာ့ ခ်စ္ငယ္မငိုဖို႔အေရးႀကီးတယ္။

.....
Ta_yaw
Words_2213
ႀကိဳက္ရင္voteေလးေပးခဲ့ေနာ္😁(9တန္းbioဆရာမက ပုံႏွိပ္မပါရင္ ရိုက္တာ စိတ္ကူးယဥ္သပ္သပ္ပါ အျပင္က9တန္းဆရာမကိုထိခိုက္လိုစိတ္မရွိပါဘူးရွင့္ ၄တန္းတုန္းပုံႏွိပ္မပါလို႔ရိုက္တဲ့ဆရာမကိုသတိရလို႔ထည့္ေရးမိတာေလး)

واصل القراءة

ستعجبك أيضاً

1.4M 235K 123
Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသားဆိုး အေယာင္ေဆာင္) / (ကျောင်းသားဆိုး အယေ...
459K 18.3K 94
မင္းဆိုးတာေတြ ကိုယ္သိတယ္ ဒါေပမဲ့ ကိုယ္ပဲမင္းကိုနားလည္တယ္..... ဘာလို႔လဲဆိုေတာ့ လူဆိုးတစ္ေယာက္ရဲ႕ ႏွလုံးသားကို လူဆိုးအခ်င္းခ်င္းပဲ နားလည္နိုင္လို႔ေပါ့...
946K 81.1K 89
ခ်စ္ျခင္းေမတၲာစစ္စစ္ေတြက ဘ၀မွာ ႏွစ္ခါရိွႏိုင္လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??
161K 8.5K 20
ဘယ်လိုပြိုင်ပြိုင် ကိုကို အနိုင်ပါ.. ဒီလူသားက ခေါင်းကျကျ ပန်းကျကျ အရှုံးပေးနေပြီးသားမို့ နိုင်တော်မူပါ ကိုကိုရယ်..... Start date-June 10.2021 End dat...