(37)
ဦးဦး က မေ့လဲ သွားတာ ကို တွေ့တော့ ရှောင်ဟွေးဟွေး လေးက သူ့ရဲ့ မြွေလျှာလေး ကို အံ့သြ စွာနဲ့ ထုတ်လိုက်တယ်။ ပြီးတော့ သူ့အမ ဆီကို ခေါင်းလှည့်ကာ မေးလိုက်တယ်။
'' ကျဲကျဲ သူက ဘာလို့ မေ့လဲ သွားရတာ လဲ။ သူက ဖေဖေ့ ဆီကို ငါတို့ကို ခေါ်သွား ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူး လား။ ပြီးတော့ ငါလည်း ဗိုက် အရမ်း ဆာနေပြီရယ် ''
သူမေးချင်တာ ကို မေးပြီးတဲ့နောက် ရှောင်ဟွေးဟွေး က သူ့ရဲ့ ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက် ကို သူ့အမ အား ပြောပြ ဖို့ မမေ့ခဲ့ ပါပေ။
ရှောင်ယွဲ့ က ရှောင်ဟွေးဟွေး ကို အထင်သေးစွာ နဲ့ ကြည့်လိုက်လေတယ်။
'' နင် အကြည့် တစ်ချက် ထဲနဲ့တောင် မသိဘူးလား ။ အဲ့လူ ရဲ့ မျက်ခုံးတွေ မျက်လုံးတွေ ထဲမှာ ဆိုးယုတ် မှုတွေ ရှိနေတာ လေ။ သူက ငါတို့ကို လာပြီးတော့ လှည့်စား ပြီး ကလေး ကုန်ကူးကာ ရောင်းချ မလို့ လာတာဟဲ့ ''
ရှောင်ဟွေးဟွေး ရဲ့ မြွေမျက်လုံးလေး ခမျာ ပြူးကျယ် သွားလေတယ်။ ထို မျက်လုံးလေး တွေ က ဟဲလျန်ချန်း နဲ့ တစ်ပုံစံတည်း ဖြစ်ပေမယ့်လို့ ထိုမျက်ဝန်းလေး တွေထဲမှာ တုံးအ စွာနဲ့ တုန်လှုပ် မှုလေး တွေ ရှိနေ လေတယ်။
'' ကျဲကျဲ က အရမ်းကို အံသြ စရာ ကောင်းတာပဲ ''
ရှောင်ယွဲ့ က ရှောင်ဟွေးဟွေး ရဲ့ မြောက်ပင့်ဖားယား မှုကို နေသားကျ နေပြီ ဆိုပေမယ့်လည်း သူမလေး ရဲ့ မေးစေ့ကို မော်ပြီးတော့ ပင့်ထားဆဲ ပဲ ဖြစ်လေတယ်။
'' ကောင်းပြီ။ ငါတို့ မောင်နှမ နှစ်ယောက် ရဲ့ ရုပ်သွင်နဲ့ ဆိုရင် လမ်းမှာ ခရီးသွားလို့ ကတော့ ပြဿနာ တွေကို လွယ်လွယ် နဲ့ ဆက်ဖြစ် နေစေ မှာပဲ။ ဒီလိုသာ ဆို ငါတို့က အလှလှည့်စား မှုကို သုံးပြီးတော့ ငါတို့ အရွယ်ရောက် လာမယ့် ပုံစံကို ပြောင်းလိုက် ကြစို့။ အဲ့အခါ ကျရင် ငါတို့ နှစ်ယောက် က အရွယ်ရောက် ပြီးသား လူတွေနဲ့ တူမှာ ဖြစ်ပြီးတော့ ပြဿနာ တွေလည်း ရှောင်ရှား ပြီးသား ဖြစ်သွား လိမ့်မယ် ''
'' ကောင်းပြီ ''
ရှောင်ဟွေးဟွေး က ခေါင်းလေး ကိုသာ ငြိမ့် ပြလိုက်လေတယ်။ ဘာပဲဖြစ်ဖြစ် သူ့အမ က အမှန်ဆုံးပဲ။ သူ့ရဲ့ ကိုယ်ပိုင် ခေါင်းကတော့ သူ့ဖေဖေ ပြောသလိုပဲ မုန့်နှစ် တွေနဲ့ ပြည့်နေတယ် လို့ပဲ သူခံစား နေရတယ်။ အဲ့ဒါက အရမ်း မကောင်းဘူး။ ဆိုတော့ ခေါင်းကျောမမာ လျှာမရှည်ပဲ သူက နာနာခံခံလေး နေရင် ရပြီပဲ။
ဖေဖေ က ဘေးနားမှာ ရှိရင် ဖေဖေ့ စကားကို နားထောင် ရမယ်။ ဖေဖေ က အဝေးကို ရောက်နေ ရင်တော့ မမရဲ့ စကားကို နားထောင် ရမယ်။
ဘာပဲဖြစ်ဖြစ် သူက တစ်ယောက် ထဲ ဗိုက်ထဲက ထွက်လာတာ မှ မဟုတ်တာ ။
ရှောင်ဟွေးဟွေး ရဲ့ အဖြေ ကို ရတဲ့ အခါ မှာတော့ နှစ်ယောက် စလုံး သူတို့မွေး ကတည်း က အမွေဆက်ဆံ လို့ ရလာတဲ့ အစွမ်းတွေနဲ့ စတင်ပြီးတော့ ပြောင်းလဲ မှုတွေ ကို လုပ်ဆောင် တော့တယ်။
ရှောင်ယွဲ့ က တကယ့်ကို တော်တဲ့ မှော်ဆရာမ လေးပါ။ သူမလေး က လက်ဖက်ရည် တစ်ခွက် ကြာချိန်မှာ ပဲ အောင်မြင်စွာ ပြောင်းလဲ ပြီးသွားပြီ ပဲ ဖြစ်လေတယ်။
သူမ က ရုတ်တရက် ပဲ သူမရဲ့ မျက်လုံး တွေကို ဖွင့်လိုက် ပြီးတော့ သူမရဲ့ လက်ကို ဆန့်ထုတ်ကာ အရှေ့မှာ ရေကြေးမုံ တစ်ခုကို ဖန်ဆင်း လိုက် ပြီးတော့ ကြည့်လိုက် လေတယ်။ ထို ရေကြေးမုံ ထဲမှာ သူမရဲ့ အခု အသွင်အပြင် ကို ရှင်းလင်း စွာ မြင်ရ လေတယ်။
ငွေပိုးသား လို ဆံနွယ် တွေက သူမရဲ့ နောက်ကျောမှာ ကျဆင်း နေပြီးတော့ ဆံနွယ်တွေက ရှည်ကာ သူမရဲ့ ခါးအထိ ကို ကျဆင်း နေခဲ့လေတယ်။ အနက်ရောင် မျက်ဝန်း တစ်စုံ က တောက်ပ နေပြီးတော့ နှုတ်ခမ်းလေး တွေက ပန်းပွင့်ဖက် လေးတွေ နဲ့တောင် တူနေ ပါ သေးတယ်။
အသွင်အပြင် တစ်ခုလုံး က ကျက်သရေ ရှိမှု နဲ့ အလွန်အမင်း လှပ နေပြီးတော့ ဆွဲချက်တစ်ခု စီ တိုင်း က ကောင်းကင် က အထူးလက်ရာ တစ်ခု လို ဖြစ်နေ ခဲ့လေတယ်။
တောက်ပ လွန်းလို့ မူးမေ့ စေတယ်။ အလှတရား က လုံးဝ ကို နှိုင်းယှဥ်လို့ မရဘူး။ ဘုံကိုးဆင့် က နတ်သမီးလေး လိုပဲ။
ရှောင်ယွဲ့ က သူမကိုယ် သူမ ကြည့်ပြီးတော့ အရမ်းကိုပဲ စိတ်ကျေနပ် နေခဲ့လေတယ်။
သူမရဲ့ ရုပ်သွင်ကို ကျေနပ် အားရ ပြီးတဲ့ နောက်မှာတော့ ရှောင်ယွဲ့ က ခေါင်းကို လှည့်ကာ ရှောင်ဟွေးဟွေး ကို ကြည့်လိုက်လေတယ်။
ပြီးတဲ့နောက် မတက်နိုင်ပဲ သူမရဲ့ နှစ်ခမ်းထောင့်ကို နှစ်ကြိမ် တွန့်လိုက် မိလေတယ်။
သူမ မောင်လေး က ပြောင်းလဲ ပြီးပြီပဲ ဖြစ်တယ်။ မြွေခေါင်း ၊ လူခေါင်း ၊ မြွေကိုယ်၊ လူကိုယ်၊ မြွေမြီး ၊ လူခြေထောက် တွေ အကုန် ပါလေတယ်။ ပြောရရင်တော့ အဲ့တာက ပြောင်းလဲ တာမျိုး မဟုတ်ပဲနဲ့ ပေါင်းစပ်တာ လို့ပဲ ပြောရ မယ်။
ထိုလက်ဖက်ရည် ခွက်တစ်ဝက်စာ အတွင်းမှာ ပဲ ရှောင်ယွဲ့ ခမျာ ရှောင်ဟွေးဟွေး တစ်ယောက် ရဲ့ ကိုယ်ပေါ်က ထူးဆန်းတဲ့ အလှအပ တွေ အကုန် မြင်တွေ့ လိုက်ရ လေတယ်။
ဒီမောင်ငယ်လေး က တကယ်ကို အရည်အချင်း ရှိတာ ပဲကိုး။ သူလိုမျိုး လူအများစု က တကယ် လိုက် မလုပ် နိုင်မှာ အသေအချာပါပဲ ။
ရှောင်ယွဲ့ က တကယ်ပဲ ဆက်သည်း မခံ နိုင်တော့ ပါပေ။ ရှောင်ဟွေးဟွေး ရဲ့ တုံးအတဲ့ အသိမြင်နဲ့ဆို တစ်နေကုန် သွားရင်တောင် ဒါကို နားလည် လာမှာ မဟုတ်တာ ကို ကြောက် မိလေတယ်။
သူမ က ရှောင်ဟွေးဟွေး ဆီကို လျောက်သွား လိုက်ပြီးတော့ ထိုင်ချကာ ရှောင်ဟွေးဟွေး ရဲ့ နောက်ကျောကို သူမရဲ့ လက်ဖဝါး နဲ့ ဖိလိုက်တယ်။ သူမရဲ့ မျက်လုံး တွေကို မှိတ်လိုက် ပြီးတော့ သူမရဲ့ စိတ်ကို လက်ဖဝါးဆီ တွန်းပို့ လိုက်တယ်။
အဲ့နောက်တော် အသွင်းပြောင်း မှု က ပိုပြီးတော့ ချောမွေ့လာကာ အောင်မြင်မှု ရလုနီးနီး ဖြစ်လာ ခဲ့လေတယ်။ သေချာတာ ပေါ့ သူမ ခမျာ ဆက်ပြီး ကူပေး နေရတယ်လေ။
လက်ဖက်ရည် တစ်ခွက် ကြာချိန်မှာတော့ အောင်မြင် သွားလေတယ်။ ယ
ရှောင်ဟွေးဟွေး က သူ့ရဲ့ ခြေထောက် တုတ်တုတ် ကြီးတွေကို ငုံ့ ကြည့်ကာ ယပ်တောင်လို သူ့လက်ဖဝါး တွေလည်း တွေ့လိုက် ရရော သူက အတော်လေး ကို တုန်လှုပ် သွားလေတယ်။
'' ဒါက ငါ့ခြေထောက် တွေနဲ့ ငါ့လက်တွေလား ဟင်? ''
နောက်တော့ သူက ထရပ်ကာ အရှေ့နဲ့ အနောက် ပတ်ကြည့် နေလေတယ်။
သူက ခြေတစ်လှမ်း လှမ်းရင် ' ဘုတ် ' ဆိုတဲ့ အသံ တစ်ခု ကို ကြားရတယ်။ အဲ့ဒါက ခြေသံ ပဲ ဖြစ်လေတယ်။
( ကလေးရယ် 🤣😇)
ဒီမောင်ငယ်လေး ကတော့ အရွယ်ရောက်လာ တဲ့ အချိန်မှာ ဒီလို စွမ်းအားကြီး တဲ့ အရည်အချင်း တွေ ရလာမှာကိုး။
'' ငါ့မျက်နှာ ကရော ဘယ်လိုလဲ၊ ငါ့မျက်နှာ ကရော ဘယ်လို လဲလို့ ''
ရှောင်ဟွေးဟွေး က သူ့မျက်နှာ လေးကို ကိုင်ထား ပြီးတော့ ပတ်လည် လှည့် နေခဲ့တယ်။ သူက အခု ဘယ်လို မျက်နှာ ရှိနေ ပြီလဲ ဆိုတာကို ကြည့်လို ပေမယ့် သူမမြင်ရဘူးလို့ ။
ရှောင်ယွဲ့ ခမျာ သူမ မောင်ငနုံလေး ကို သနားတဲ့ အကြည့် တစ်ချက် ကြည့်ကာ သူမ လက်ကို ဆန့်ထုတ် ပြီးတော့ ရေကြေးမုံ တစ်ချက်ကို ရှောင်ဟွေးဟွေး ရှေ့မှာ ဖန်တီး ပေးလိုက် လေတယ်။
ရှောင်ဟွေးဟွေး က သူ့မျက်နှာကို ရေကြေးမုံမှာ မြင်တွေ့ လိုက်ရတယ်။ သူ့ရဲ့ ကြီးမားတဲ့ ခေါင်းက ရှောင်ယွဲ့ထပ် နှစ်ဆ လောက် ကြီးတဲ့ ပုံ ပေါ်တယ်။ အရပ်ရှည် ပြီးတော့ သန်မာတဲ့ ပုံရိပ် က အရမ်း ကောင်းတဲ့ လူပုံပေါ် နေလေတယ်။
ရှောင်ဟွေးဟွေး က သူ့မျက်နှာ ကို ထိလိုက် ပြီးတဲ့နောက် ရေကြေးမုံ ထဲက လူကြီး ကလည်း သူ့မျက်နှာ ကို ထိလိုက် လေတယ်။
သူက ချက်ချင်း ပဲ အံ့သြ တကြီး ဖြစ်သွားလေတယ်။
'' ဒါက တကယ်ကြီး ငါပဲလား ။ ငါ အရွယ်ရောက် လာရင် အရမ်းကို ကြီးမြတ် ပြီးတော့ သန်မာ စွမ်းအား ကြီးမားလာ ဟင် ''
ရှောင်ဟွေးဟွေး က အရမ်း ပဲ ပျော်ရွှင် သွားပြီးတော့ သူ့ရဲ့ ကြီးမြတ်လှတဲ့ ကိုယ်ကြီး က ရုတ်တရက် ခုန်လိုက်တယ်။
ဘုန်း !
နောက်တော့ ရှောင်ယွဲ့ ခမျာ ရှောင်ဟွေးဟွေး ခြေထောက် အောက်က နက်ရှိုင်း တဲ့ ခြေရာကြီး ကို အလန့်တကြား နဲ့ ကြည့်လိုက် မိလေတယ်။
ပြီးတော့ ရှောင်ဟွေးဟွေး ရဲ့ ခြေထောက် ကလည်း အဲ့ခြေရာ ထဲမှာ ကွက်တိ ပဲ ကျ ဆင်း နေလေတယ်။
ရှောင်ဟွေးဟွေး က အစကတော့ သူဟာ မျက်မှောင်ကြုတ် ထားပြီး တော့ အလေးအနက် တွေးနေကာ နောက်တော့ စတင်ပြီး မြေပေါ်မှာ ပြေးလွှား ခုန်ပေါက် နေတော့လေတယ်။
ရှောင်ယွဲ့ က အကွာအဝေး တစ်ခု စီမှာ သစ်ပင် ကြီးကို တွေ့လိုက် ရတော့ အဲ့အောက်ကို သွားပြီးတော့ ထိုင်နေ ခဲ့လေတယ်။
နောက်ထပ် ဘယ်လို ခရီးဆက် ကြမလဲ ဆိုတာကို မဆွေးနွေးခင် မှာ သူမရဲ့ ငတုံးမောင်လေး တစ်ယောက် စိတ်တည်ငြိမ် သွားအောင် စောင့်ဆိုင်း နေခဲ့ လေတယ်။
၃ နာရီ ကြာပြီးတဲ့နောက် နောက်ဆုံးမှာတော့ ရှောင်ဟွေးဟွေး တစ်ယောက် ပျော်ရွှင်စွာနဲ့ သူ့ရဲ့ အင်အား အား စမ်းသပ် ပြီးသွားလေတယ်။ သူက ခုန်ပေါက်ရင်း ပျော်ရွှင်တက် ကြွစွာနဲ့ ရှောင်ယွဲ့ နားကို လာလေတယ်။
သူက ရှောင်ယွဲ့ရဲ့ လှပတဲ့ မျက်နှာကို မြင်တော့ လက်ကို ဆန့်ထုတ်ကာ သူ့ရဲ့ သန်မာတဲ့ ရင်ဘက်ကို ပုတ်ပြီးတော့ ပြောလိုက် လေတယ်။
'' မမ နင့်ကို အခုချိန် က စပြီးတော့ ငါကာကွယ် ပေးမယ် ''
ကောင်းပြီ ရှောင်ယွဲ့ခမျာ မွေးကတည်း ကနေ အခုချိန်ထိ သာ မက နောင်လည်း သူမ ရဲ့ ငတုံးမောင်လေး ကို စောင့်ရှောက် ရမယ့် တာဝန် ရှိပေမယ့် သူမရဲ့ ငတုံး မောင်လေး က သူမ ကို ကာကွယ်ပေး မယ်လို့ ပြောလာမှတော့ ရှောင်ယွဲ့ က ပျော်ရွှင်စွာ နဲ့ ခေါင်းငြိမ့် လိုက်လေတယ်။
'' ဟုတ်ပြီလေ ''
မောင်နှမ နှစ်ယောက် က လမ်းပေါ်မှာ ဆက်ပြီးတော့ ခရီးဆက်ကြ ပြန်တယ်။ အဆုံးမှာတော့ သူတို့ အရွယ်ရောက် ပုံစံကို ပြောင်း လာပေမယ့် လည်း ပြဿနာ တွေကတော့ လျော့ပါး မသွားပါပေ။ ဘာလို့လဲ ဆိုတော့ ရှောင်ယွဲ့လေး အရွယ်ရောက် အလှ က ပိုလို့တောင် ပြဿနာ တွေကို များစေ ပါတယ်။
ဘယ်လောက်ပဲ ရှောင်ထွက် ပါစေ နှစ်ယောက် စလုံး ပြဿနာ တွေနဲ့ ကြုံတွေ့ရ စမြဲပဲ။
အဆုံးမှာတော့ ရှောင်ယွဲ့ က သူမ လက်ထဲမှာ မှော်လက်နက် တစ်ခု ကို ကိုင်ထား ပြီးတော့မှသာ နှစ်ယောက် လုံး လုံခြုံစွာ ဆက်ပြီး ခရီးဆက်လို့ ရလေတယ်။
နောက်တစ်လမ်း မှာတော့ ရှောင်ဟွေးဟွေး က သူတို့ကို ပြဿနာ လာရှာတဲ့ သူမှန်သမျှ စားနိုင် သရွေ့ ကတော့ သူတို့က ဘာ ပြဿနာ နဲ့မှ မကြုံတော့ပါပေ။
( အဖတ် မမှားပါဘူး ရှောင်ဟွေး က လမ်းလာတားရင် သူ့အဖေ လို မြိုချ ပစ်တာပါ)
မကြာခင်မှာ ပဲ သူတို့ နှစ်ယောက် က ရေခဲမြွေကလန် ကို ရောက်ပြီးတော့ အဲ့အချိန်မှာ စုယွမ် တို့က ရေခဲမြွေကလန် ကနေ ထွက်သွား ပြီ ဖြစ်ကာ အုပ်စု နှစ်ခု က လုံးဝ ကို လွဲချော် သွားခဲ့ လေတော့တယ်။
သူတို့လည်း မြွေကလန် ကို ရောက်တော့ နေရာတိုင်းမှာ ကြီးကျယ်တဲ့ မကောင်းဆိုးဝါး အကြောင်းကို နေရာ တိုင်းမှာ ကြားနေ ရလေတယ်။
ရှောင်ဟွေးဟွေး က စကား တွေကို ကြား ပြီးတဲ့နောက် အရမ်းတွေ စိတ်လှုပ်ရှား နေခဲ့လေတယ်။
'' အဲ့ ဟဲလျန်ချန်း က အရမ်း ကို စွမ်း အားကြီးတာ ပဲနော် ''
ရှောင်ယွဲ့ မျက်လုံး ထဲ က အလင်းရောင် တွေက မှေးမှိန် သွားလေတယ်။ သူမက မျိုးဆက် ၇ ဆက် ရဲ့အသိဉာဏ်တွေ ကို ဆက်ခံ ရခဲ့တာ မျိုး မဟုတ်ပေမယ့် သူမရဲ့ ဉာဏ်က အရမ်းကို ထက်မြတ် လွန်းတဲ့ အတွက်ကြောင့် လူတစ်ယောက် ကို ကြည့်လိုက် တာနဲ့ ထိုလူ ရဲ့ စိတ်ထဲမှာ ဘယ်လို ရှိသလဲ ဆိုတာ ကို တွေးနိုင်တဲ့ အဆင့်ထိ ရောက်နေ ခဲ့လေတယ်။
ဒါကြောင့် မလို့ သူမရဲ့ အချိန်အတော်ကြာ ခန့်မှန်း မှုက တော့ သူမတို့ရဲ့ တစ်ခြား အဖေက ရေခဲမြွေ ကလန်ရဲ့ အရှင်သခင် မြွေဘုရင်ကြီး ဟဲလျန်ချန်း ဖြစ်လောက် တယ်ဆိုပြီးတော့ ပေါ့လေ။
အဲ့နေရာမှာ ဖေဖေ ရှိနေ သလားတော့ သူမ မသိပါပေ။ သူမ ရဲ့ ခန့်မှန်းချက် က မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ သူမတို့ မောင်နှမ နှစ်ယောက် က ဒီနေရာကို ရောက်လာ ပြီးမှတော့ သူတို့ဖေဖေနဲ့ တွေ့ရဖို့ သူမတို့ က အကောင်းဆုံး အခွင့်အရေး ရအောင် ကြိုးစား ရတော့မှာ ပဲ ဖြစ်လေတယ်။
.......
ထိုစဥ် မြွေနန်းတော်ထဲ မှာ တော့ ဟဲလျန်ချန်း က အနက်ရောင် ဝတ်စုံ ကို ဝတ်ထားကာ သူ့ရဲ့ ငွေရောင် ဆံနွယ်ရှည် တွေက သူ့ပုခုံးပေါ်ကို နှင်းတွေလို ဖြာကျ နေခဲ့လေတယ်။
သူက အိပ်ယာပေါ်မှာ ထိုင်နေကာ လက်တစ်ဖက်ကို နဖူးဆီ ထောက်ထားရင်း တစ်ခုခု ကိုတွေး နေဟန် ပေါ်လေတယ်။
မကြာခင်မှာပဲ သူက ဆုံးဖြတ်ချက် တစ်ခု ချ လိုက်လေတယ်။ အဲ့တာရဲ့ အကျိုးဆက် ရလဒ် က ဘယ်လိုပဲ ဖြစ်နေ ပါစေ အဲ့တာ တွေက ကိစ္စ မရှိပါပေ။ သူ လိုအပ်တာ တစ်ခု ထည်း ကတော့ စုယွမ် ပဲ ဖြစ်လေတယ်။
အဲ့တာ တစ်ခု ထည်းသာ သူ့ရဲ့ စိတ်ထဲ စွဲမြဲ နေခဲ့တာ ပဲ ဖြစ်လေတယ်။
သူက ချက်ချင်းပဲ ထလိုက် ပြီးတော့ သူ့ကိုယ်သူ သပ်ရပ်အောင် လုပ်ကာ သူ့မျက်လုံး တွေက အေးစက် သွားလေတယ်။
သူက အခန်းထဲ ကနေ ပျံသန်း ထွက်လိုက် ပြီးတော့ လေထဲမှာ ရပ်လိုက် လေတယ်။
ခဏနေတော့ ရုတ်တရက်ကြီး အရှိန်အဝါ တွေက လွင့်ပျံ လာကာ မြွေနန်းတော် တစ်ခု လုံး ဖိအား ကို သိသိသာသာ ပဲ ခံစား လိုက်ရ လေတယ်။
မရေမတွက်နိုင်တဲ့ မြွေမကောင်းဆိုးဝါး တွေ အကုန်လုံး ဒူးထောက်ချ လိုက်တယ်။ မြွေဘုရင် ဟဲလျန်ချန်း ရဲ့ အရှိန်အဝါအောက် မှာ ဘယ်သူကမှ မခုခံ ရဲပါပေ။ ကျင့်ကြံဆင့် နိမ့်တဲ့ သူတွေ ခမျာ ပိုလို့တောင် တုန်ရီ လာခဲ့လေတယ်။ မြွေဘုရင် ဟဲလျန်ချန်း ရဲ့ ဖိအား က အရင်က ထက်တောင် ပိုပြီးတော့ ကြောက်စရာ ကောင်းလာ တာပဲ ဖြစ်လေတယ်။
ဟဲလျန်ချန်း က သူတို့တွေ အကုန်လုံး ကို ဝေ့ဝိုက် ကြည့်ကာ ဗုံးတစ်လုံး လို စကားကို ပစ်ချ လိုက်လေတယ်။
'' စုဝေးပြီးတော့ အသင့်ပြင်လိုက်။ အနောက်တိုက် က ဖုန့်ကလန် ဆီကို သွားကြ မယ် ''
...........................................